← Chapters

ကံကြမ္မာနည်းစနစ်များ သင်ကြားပေးခြင်း

Vol. 14 Ch. 198

ကံကြမ္မာနည်းစနစ်များ သင်ကြားပေးခြင်း

Vol. 14 Ch. 198

"အရှင့်ရဲ့ ကျိုးကြောင်းဆင်ခြင်မှုက အမှန်ပါပဲ...ကျောက်စိမ်းကျောင်းတော်သားရဲ့ရှောင်ယောင်ခြေလှမ်း ခြေခွင်ကျန်းရဲ့ မူးယစ်ရီဝေအင်မော်တယ်ရှစ်ပါးနည်းစနစ်နဲ့ သခင်မမြောင်လျန်ရဲ့ ကျောက်စိမ်းအပ်ဓားနည်းစနစ်တွေက ဟန်ယွမ်အင်ပါယာမှာတောင် နာမည်ကျော်ကြားတယ်.... သာမန် လေလွင့်ကျင့်ကြံသူတွေကို မပြောနဲ့ ကျွန်တော်တောင် သူတို့ထဲက တစ်ယောက်ယောက်နဲ့ ရင်ဆိုင်ရရင် မကြောက်ပေမယ့် နှစ်ယောက်လောက်နဲ့ တပြိုင်တည်း ရင်ဆိုင်ရရင်တော့ အစွမ်းကုန်သုံးရင်တောင် အနိုင်ရဖို့ ရုန်းကန်ရနိုင်တယ်... ဒါပေမဲ့ အဲ့ဒီလူခုနစ်ယောက်နဲ့ တစ်ချိန်တည်း တိုက်ခိုက်ရမယ်ဆိုရင်တော့ ခန်းမဆောင်သခင် ဟန်ရှောင်တောင် ထွက်ပြေးရလိမ့်မယ်"

ဟန်ချန်ယဲ့က ခေါင်းညိတ်လိုက်သည်။

ဤလူများသည် လူဝကြီး မှောင်ခိုဈေးမှ ထွက်ခွာသွားသည်နှင့် တိုက်ခိုက်ဝံ့သည်မှာ မထူးဆန်းတော့ချေ။ သူတို့ထံတွင် ဤကဲ့သို့ ပြုလုပ်နိုင်သော စွမ်းအားမျိုး အမှန်တကယ် ရှိနေခဲ့သည်။

စွန်းလျန်ရှန်း၏မျက်လုံးများ တောက်ပသွားသည်။

"အကြီးအကဲလင်းက မင်းသားနဲ့ ယှဉ်ပြိုင်ပြီးတဲ့နောက်မှာ ဒဏ်ရာရသွားခဲ့တယ်...အဲ့ဒီလူဝကြီးကို ကာကွယ်ဖို့ဆိုတာ သူ့အတွက် လွယ်ကူမှာမဟုတ်ဘူး"

ဟန်ချန်ယဲ့က အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ဆတ်လိုက်ပြီး စကားဆက်ပြောရန် ကြံရွယ်လိုက်သည့် အချိန်တွင် မြင်းစီးသမားတစ်ယောက်က အလျင်အမြန် ချဉ်းကပ်လာသည်။ ထို့နောက် ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်တစ်ယောက်က မြင်းပေါ်မှဆင်းကာ ဒူးထောက်လိုက်၏။

ဤလူသည် ဧကရာဇ်၏ ရွှေရောင်အစောင့်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း သူ မှတ်မိသွားသည်။ ထိုတပ်ဖွဲ့ဝင်တစ်ယောက်ချင်းစီတိုင်းသည် ကျောက်စိမ်းအရိုးနယ်ပယ် ကျင့်ကြံဆင့်များရှိကြပြီး စစ်မှန်သော ထိပ်တန်းစစ်သည်တော်များပင်။ သူတို့ အလျင်အလိုရောက်ရှိလာခြင်းသည် အရေးကြီးသော သတင်းရှိကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေပေ၏။

"အရှင်... ကျွန်တော်တို့ကို အရင်ဆုံးထွက်သွားခွင့်ပြုပါ"

"မလိုဘူး.... ဒါက လင်းပုယန်ကို ခြေရာခံဖို့ ငါစေလွှတ်ထားတဲ့လူပဲ"

ဟန်ချန်ချောင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေရောင်အစောင့်တပ်ဖွဲ့ဝင်ထံသို့ နားမလည်နိုင်သော အမူအယာဖြင့် လှည့်ကြည့်လိုက်သည်။

"ငါ မင်းကို သူ့နောက်ဆက်လိုက်နေဖို့ ပြောထားတယ် မဟုတ်လား... ဘာလို့ ဒီလောက် မြန်မြန်ကြီး ပြန်လာရတာလဲ"

အစောင့်က ထိတ်လန့်ကြောက်ရွံ့မှုအပြည့်ဖြင့် ဦးညွှတ်ပြီး ပြောဆိုသည်။

"အရှင်...ဒါက ကျွန်တော် ကျရှုံးသွားခဲ့တယ်... ကျွန်တော်က သူ့ကို မျက်ခြေပြတ်သွားခဲ့တယ်"

ဟန်ချန်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။

"အသေးစိတ် ရှင်းပြစမ်း...."

ရွှေရောင်အစောင့်တပ်ဖွဲ့ဝင်က လျင်မြန်စွာ ပြောဆိုလိုက်၏။

"အကြီးအကဲလင်းက မှောင်ခိုဈေးရဲ့ အိမ်တော်ထိန်းချန်ကို လှည့်စားနိုင်ခဲ့ပေမဲ့ ကျွန်တော်ကိုတော့ မလှည့်စားနိုင်ခဲ့ဘူး...ကျွန်တော်က အသက်အောင့်ပြီး သူ့နောက်ကို ရေအောက်ကနေ လိုက်သွားခဲ့တယ်... ကမ်းစပ်အထိ ခြေရာခံ လိုက်နိုင်ခဲ့ပေမဲ့ ခဏလောက် လမ်းလျှောက်ပြီးတဲ့နောက်မှာတော့ အကြီးအကဲလင်းက ရုတ်တရက် အရှိန်မြှင့်လိုက်တာကြောင့် ကျွန်တော်က သူ့ကို မျက်ခြေပြတ်သွားခဲ့တယ်"

ဟန်ချန်ချောင်၏မကျေနပ်မှုများ ပိုမိုနက်ရှိုင်းလာသည်။

"သူက မြို့ထဲကို ဉီးတည်ပြီးဝင်သွားမှာ သေချာတယ်...မင်း သူ့ရဲ့နောက်ကို ဆက်လိုက်နေရင် နောက်ဆုံးမှာ သဲလွန်စတွေ တွေ့လာမှာပဲ... ဘာလို့ ဒီလောက် မြန်မြန်ကြီးပြန်လာတာလဲ"

ရွှေရောင်အစောင့်တပ်ဖွဲ့ဝင်က ဆက်လက်၍ ပြောဆိုသည်။

"အရှင်မင်းကြီး...ကျွန်တော်က သူ့နောက်ကို မြို့ထဲအထိ လိုက်သွားခဲ့တယ်... ဒါပေမဲ့ သိပ်အဝေးကြီးကို မရောက်သေးခင်မှာပဲ နေရာတိုင်းမှာ သွေးကွက်တွေရှိနေတာကို တွေ့ခဲ့ရတယ်...ကျောက်စိမ်းကျောင်းတော်သား ခြေခွင်ကျန်း သခမမြောင်လျန်နဲ့ တခြားလူတွေ...သူတို့ခုနစ်ယောက်လုံး သေဆုံးနေကြပြီ.. ဒါက အရေးကြီးမှန်းသိလို့ ကျွန်တော်က သတင်းပို့ဖို့ အမြန်ပြန်လာခဲ့တာပါ"

"သေ...သေပြီလား..."

ဟန်ချန်ချောင် ကြက်သေသေသွားသည်။

"မင်း ဆိုလိုတာက လူဝတုတ်ကြီးကို တိုက်ခိုက်ခဲ့တဲ့ လေလွင့်ကျင့်ကြံသူ ခုနစ်ယောက်လုံး မအောင်မြင်တဲ့အပြင် သူတို့အားလုံး အသတ်ခံလိုက်ရတာလား"

"ဟုတ်ပါတယ်..."

ရွှေရောင်အစောင့်တပ်ဖွဲ့ဝင်က ရှင်းပြသည်။

"အကြီးအကဲလင်း ကျွန်တော်ရဲ့ အမြင်အာရုံအောက်ကနေ ပျောက်ကွယ်သွားတဲ့ အချိန်ကစပြီးတော့ သူတို့ရဲ့ အလောင်းတွေကို တွေ့ရှိတဲ့ အချိန်အထိ အသက်ရှုချိန်တစ်ရာစာတောင် မကြာလိုက်ဘူး...ကျွန်တော် သေချာစစ်ဆေးကြည့်ပြီးတဲ့နောက်မှာ ထိပ်သီးကျင့်ကြံသူ ခုနစ်ယောက်လုံးက တပြိုင်နက်တည်း အသတ်ခံခဲ့ရတာကို တွေ့ခဲ့ရတယ်.. ပထမဆုံး သေဆုံးမှုနဲ့ နောက်ဆုံး သေဆုံးမှုက အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပဲ ဖြစ်ပျက်ခဲ့တာပါ"

ဟန်ချန်ချောင်၏စိတ် ချာချာလည်သွားကာ သူ အချိန်တခဏမျှ စကားမပြောနိုင် ဖြစ်သွားပေ၏။

သူ၏နံဘေးတွင်ရှိနေသော ဟန်ချန်ယဲ့သည်လည်း ထပ်တူထပ်မျှ ထိတ်လန့်တုန်လှုပ်သွားသည်။

လွန်ခဲ့သော အချိန်တခဏတွင် သူတို့နှစ်ဦးက တိုက်ခိုက်သူ ခုနစ်ယောက်သည် သူတို့၏ ပစ်မှတ်ကို မဖမ်းနိုင်ခဲ့လျှင်တောင် အထိအခိုက်မရှိ ဆုတ်ခွာသွားနိုင်လိမ့်မည်ဟု တွေးထင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်တွင်ရှိသော ထိပ်သီးကျင့်ကြံသူ ခုနစ်ယောက်ပင်။ အကယ်၍ သူတို့သည် တော်ဝင်နန်းတော်ကို ဝင်စီးလျှင်တောင် သူတို့ကို တွန်းလှန်ရန် အနည်းဆုံး အချိန်တစ်နာရီ ယူရမည်ဖြစ်ပြီး မရေမတွက်နိုင်သော သေဆုံးမှုများ ရှိပေလိမ့်မည်။ သို့သော် သူတို့သည် ပြိုင်ဘက်၏ လက်ထဲတွင် အသက်ဆယ်ရှိုက်စာအချိန်မျှပင် တောင့်မခံနိုင်ခဲ့ကြချေ။

"လမ်းပြစမ်း...ငါကိုယ်တိုင် ဒါကိုမြင်မှ ဖြစ်မယ်"

ဟန်ချန်ချောင်က မယုံကြည်နိုင်သေးဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဟန်ချန်ယဲ့က နောက်မှ ထပ်ချပ်မကွာလိုက်ပါသွားသည်။ မကြာမီမှာပင်ပင် သူတို့သည် တိုက်ပွဲ ဖြစ်ပွားခဲ့သော လမ်းကြားသို့ ရောက်ရှိသွားပေ၏။

ဤနေရာရှိ မြေပြင်ပေါ်မှ သွေးများပင် မခဲသေးချေ။ ထိပ်သီးကျင့်ကြံသူ ခုနစ်ယောက်သည် ဖရိုဖရဲ လဲကျကာ အသက်ကင်းမဲ့နေကြပြီး သူတို့၏မျက်လုံးများအတွင်းတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏နောက်ဆုံးထွက်သက်အချိန်၌ သူတို့၏သေဆုံးသွားမှုကို လက်မခံနိုင်ကြသည့်အလားပင်။

"ဒီနှစ်ယောက်က ပခုံးနဲ့ ဝင်တိုက်ခံရပြီး သေဆုံးသွားတာ... ဒီနှစ်ယောက်က ဓားချီစွမ်းအားနဲ့ အသတ်ခံခဲ့ရတယ်...သခင်မမြောင်လျန်က သူ့ရဲ့ ကျောက်စိမ်းအပ်ဓားနည်းစနစ်ကို အသုံးပြုပြီးတဲ့နောက်မှာ ဓားချီစွမ်းအားက သူ့ရဲ့စိတ်ဝိညာဉ်ကို ထိမှန်ပြီး ဖြတ်တောက်သွားခဲ့တာပဲ"

ဟန်ချန်ချောင်က အလောင်းများအားလုံးထံသို့ ဖြည်းညှင်းစွာရွေ့လျားရင်း သေဆုံးရသည့် အကြောင်းရင်းများကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။

"အသက်ရှုဆယ်ရှိုက်စာကို မဟုတ်လောက်ဘူး...ငါ့အထင်တော့ အသက်ငါးရှိုက်စာတောင် မကြာခဲ့ဘူး...ထိပ်သီးကျင့်ကြံသူ ခုနစ်ယောက်လုံး အသတ်ခံလိုက်ရပြီ"

ဟန်ချန်ယဲ့၏ခန္ဓာကိုယ် တုန်ရီသွားသည်။

ယခင်က သူနှင့်လင်းပုယန်ကြားရှိ ကွာဟချက်သည် ပြောပလောက်အောင် မဟုတ်ဟု သူ တွေးထင်ခဲ့သည်။သူ ကြိုးစားအားထုတ်ပါက လင်းပုယန်ကို အမီလိုက်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့လေ၏။ သို့ရာတွင် ယခုချိန်၌မူ သူ၏အတွေးများ လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေပြီ။

ဤသည်မှာ သေးငယ်သောကွာဟချက် မဟုတ်ဘဲ မကျော်လွှားနိုင်သော ချောက်နက်ကြီးပင်။

"ငါတို့က အကြီးအကဲလင်းနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားမှ ဖြစ်မယ်... သူ့ကို ဘယ်တော့မှ မပြစ်မှားမိစေနဲ့"

ဟန်ချန်ချောင်သည်လည်း ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် အစောပိုင်းက ထိပ်တိုက်ရင်ဆိုင်ခဲ့ကြခြင်း မရှိချေ။ ထိုသို့မဟုတ်ပါက သူတို့သည် ပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အရေး လုံးလုံးလျားလျား ရှိတော့မည် မဟုတ်ချေ။

*****

ကျန်းရွှမ်သည် မြင်းစီးနေရင်း သူ၏ခေါင်းကို ခါယမ်းလိုက်၏။

ကျောက်စိမ်းကျောင်းတော်သားနှင့် တခြားလူများကို သတ်ဖြတ်ပြီးနောက် သူသည် သူတို့၏ အလောင်းများကို ရှာဖွေ၍ ပိုင်ဆိုင်မှုများကို ယူဆောင်ခဲ့သည်။ သို့ရာတွင် သူတို့၏ စုစုပေါင်းပိုင်ဆိုင်မှုသည် ရင်းမြစ်ဒင်္ဂါး တစ်သန်းမျှသာ ရှိသည်။ သူတို့သည် အမှန်တကယ်ကို ဆင်းရဲနွမ်းပါးပေ၏။

သူတို့သည် လုယက်မှုကို အားကိုးနေရခြင်းမှာ မဆန်းတော့ချေ။

ကျန်းရွှမ်သည် သူ၏နေအိမ်သို့ ပြန်ရောက်ချိန်၌ ပုရွှီခန်းမဆောင်မှ ရရှိခဲ့သော ဆေးပင်များကို လော့ယိုရှင်းနှင့်တခြားလူများအား ဖြန့်ဝေပေးလိုက်သည်။ ထို့နောက် သူသည် ကျန်းယန်ကို ခေါ်လိုက်၏။

ကျန်းယန်သည် ရက်အနည်းငယ်မျှသာ ကျင့်ကြံခဲ့သော်လည်း ပေါကြွယ်ဝသော အရင်းအမြစ်များကြောင့် သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိနေလေပြီ။ သူ၏ဆရာမှ သူတစ်ဦးတည်းကို ခေါ်သည်အား မြင်တွေ့ချိန်၌ သူ နားမလည်နိုင် ဖြစ်သွားသည်။

"ငါက မကြာသေးခင်က စီးဆင်းနေသောအလင်းတန်းလို့ခေါ်တဲ့ လှံနည်းစနစ်တစ်ခုကို ရထားတယ်...ငါ မင်းကို သင်ပေးမယ်"

ကျန်းရွှမ်က ကျန်းယန်၏လှံကို ဆွဲယူလိုက်ပြီး လျှင်မြန်သော လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်၏။ လှံသည် ကြယ်ပျံတစ်စင်အလား ရွေ့လျားသွားပြီး ဆီမီးအိမ်တစ်ခု၏ရှေ့တွင် အတိအကျ ရပ်တန့်သွားသည်။ ထိုလှံချက်သည် မီးတောက်ကို ငြိမ်းသွားစေခြင်း မရှိသည့်အပြင် တုန်ခါသွားစေခြင်းပင် မရှိခဲ့ချေ။

ကျန်းယန်၏မျက်လုံးများ ပြူးကျယ်သွားသည်။

သူသည် သူ၏လှံဖြင့် မီးအိမ်အတွင်းမှမီးကို ငြိမ်းသတ်နိုင်သည် သို့မဟုတ် ပစ်မှတ်တစ်ခုကို အတိအကျ ထိုးဖောက်နိုင်သည်။ သို့ရာတွင် မီးတောက်ကို မလှုပ်ခတ်စေဘဲ ဤမျှလျှင်မြန်သောအရှိန်ဖြင့် ရွေ့လျားနိုင်ခြင်းကို သူ နားလည်သဘောပေါက်နိုင်စွမ်း မရှိချေ။

ဤသည်မှာ ကောင်းကင်ဘုံနယ်မြေတွင်ဆိုလျှင် လေဟာနယ်ကို ကွေးညွှတ်စေခြင်းဖြင့် ဤကဲ့သို့တိကျမှုကို ရရှိစေနိုင်သည်။ သို့ရာတွင် သူ၏ ဆရာသည် လေဟာနယ်ဆိုင်ရာ ချိန်ညှိမှုများကို လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် သူ့ကို နားမလည်နိုင် ဖြစ်စေခဲ့သည်။

ကျန်းရွှမ်က လှံကို ပြန်ရုတ်သိမ်းလိုက်၏။

"ဒါက ကောင်းကင်ကံကြမ္မာ သိုင်းပညာနည်းစနစ်ပဲ"

ကျန်းယန်က စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။

ကျန်းရွှမ်က ရှင်းပြသည်။

"လောကကြီးကနေ တည်ရှိနေတဲ့ အရာအားလုံးက မွေးဖွားခြင်းကနေ သေဆုံးခြင်းအထိ ကံကြမ္မာနဲ့ ချည်နှောင်ထားတယ်... ဥပမာပြောရရင် မင်း တျန်ရွှမ်းမြို့မှာတုန်းက ငါ့ရဲ့စာသင်ခန်းထဲကို ဝင်မလာခဲ့ဘူးဆိုရင်...မင်းက ရင်းမြစ်ကမ္ဘာမှာ ရှိနေမယ့်အစား မြေကြီးအောက် ခြောက်ပေမှာ မြှုပ်နှံခံထားရလောက်ပြီ"

ကျန်းယန်က ခေါင်းညိတ်လိုက်သည်။

ကောင်းကင်ဘုံ၏အချိန်စီးဆင်းမှုသည် ပါမောက္ခကုန်းမြေနှင့် များစွာကွာခြားပေ၏။ ထိုနေရာတွင် ငါးနှစ်ဟု ခံစားရသောအရာသည် ဤနေရာတွင် ထောင်စုနှစ်များနှင့် ညီမျှသည်။ ကျန်းရွှမ်၏လမ်းညွှန်မှု မရှိပါက သူသည် သေကြေပျက်စီးသွားသည်မှာ အချိန်ကြာမြင့်ပြီးဖြစ်ပေမည်။

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ကံကြမ္မာဆိုတာက မမြင်နိုင်ပေမဲ့ ငြင်းလို့မရတဲ့အရာပဲ.... ကံကြမ္မာတွေကို ပုံဖော်ပြနိုင်တဲ့ အချက်တွေကတော့ တချို့က ချောက်ကမ်းပါးကနေ ပြုတ်ကျတာတောင် သာမန်ဒဏ်ရာတွေပဲရပြီး အသက်ရှင်ကြတယ်....တချို့ကတော့ သာမန် ခြေချော်မှုလေးနဲ့ သေဆုံးကြတယ်"

"ငါ လှံကို ထိုးလိုက်တဲ့အချိန်မှာ မီးခွက်ရဲ့ ကံကြမ္မာကို မငြိမ်းဖို့ ဒါမှမဟုတ် မတုန်ခါဖို့ ငါ ဆုံးဖြတ်ခဲ့တယ်...ဒါကြောင့် ငါ့ရဲ့ထိုးနှက်မှုက ဘယ်လောက်ပဲ အားပြင်းပါစေ ရလဒ်က ကြိုတင်သတ်မှတ်ပြီးသား ဖြစ်သွားတယ်"

ကျန်းယန် နားလည်သဘောပေါက်သွားသည်။

ကံကြမ္မာသည် မမြင်နိုင်သော်လည်း အမှန်တကယ်ကို တည်ရှိပေ၏။

သူ၏တပည့် နားလည်သဘောပေါက်သွားသည်ကို မြင်ချိန်၌ ကျန်းရွှမ်က စီးဆင်းနေသောအလင်းတန်း လှံနည်းစနစ်ကို သင်ကြားပေးလိုက်သည်။

ကျန်းယန်၏ကျင့်ကြံဆင့်သည် နိမ့်ကျနေသေးသော်လည်း ယခင်က အုပ်စိုးသူအရှင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သော သူ၏ အတွေ့အကြုံကြောင့် ဤနည်းစနစ်ကို နာရီဝက်အတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ခဲ့သည်။ အစပိုင်းတွင် မီးအိမ်သည် တုန်ခါနေဆဲ ဖြစ်သော်လည်း သူသည် လေ့ကျင့်မှုကို အချိန်တခဏကြာခန့် ပြုလုပ်ပြီးနောက် လုံးလုံးလျားလျား တုန်ခါခြင်း မရှိတော့ချေ။

ကျန်းယန်သည် လှံနည်းစနစ်ကို ကျွမ်းကျင်လာသည်နှင့်အမျှ ကျန်းရွှမ်သည် ကောင်းကင်ကံကြမ္မာစွမ်းအားလှိုင်းတစ်ရပ် သူ့ထံသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ ဤစီးဆင်းနေသောအလင်းတန်း စွမ်းအင်မြစ်သည် မိုတောက်စွမ်းအင်မြစ်နှင့် ယှဉ်နိုင်လောက်သည်အထိ ကြီးထွားလာပေ၏။ ထိုစွမ်းအင်မြစ်ကို ဖွဲ့စည်းရန် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းပေါင်း သောင်းနှင့်ချီ၍ လိုအပ်ခဲ့သည်။

"ဒါက ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်လား"

ကျန်းရွှမ် အံ့အားသင့်သွားသည်။ သူသည် ကျန်းယန်ကို သင်ကြားပေးခြင်းဖြင့် မမျှော်လင့်ဘဲ သူ၏ကိုယ်ပိုင်ကျင့်ကြံမှု တိုးတက်ခြင်းကို ရရှိခဲ့သည်။

ကောင်းကင်ကံကြမ္မာ ကျင့်ကြံသူများသည် တပည့်များအား လေ့ကျင့်ပေးခြင်းကို မည်သည်ကြောင့် အလေးပေးသည်ကို သူ နားလည်သဘောပေါက်သွားသည်။ ကောင်းကင်ကံကြမ္မာ သိုင်းကွက်များ သင်ကြားပေးခြင်းသည် ဆရာဖြစ်သူအတွက် တိုက်ရိုက်

အကျိုးကျေးဇူးများကို ရရှိစေပေ၏။

သူ ရရှိလာသောစွမ်းအားသည် သူ၏ ကောင်းကင်ကံကြမ္မာ စွမ်းအင်မြစ်ကို ထင်ဟပ်စေရုံသာ ဖြစ်သော်လည်း သူ၏ ခွန်အားကို သိသိသာသာ တိုးတက်စေရန် လုံလောက်သည်။

ကျန်းရွှန်သည် စိတ်လှုပ်ရှားသွားကာ တပည့်များကို ပို၍များပြားသော နည်းစနစ်များအား သင်ကြားပေးရန် ဆုံးဖြတ်လိုက်သည်။ သူ၏ စွမ်းအင်မြစ်များကို တိုးမြှင့်နိုင်ခြင်းသည် သူ့ကို လျှင်မြန်စွာတိုးတက်စေနိုင်ကာ ဓမ္မရုပ်သွင်နယ်ပယ်သို့ ရောက်ရှိသွားနိုင်ခြေ ရှိသည်။

တခြားလူများအားလုံးကို စုစည်းပြီးနောက် ကျန်းရွှမ်က မိုတောက်ကောင်းကင်ကံကြမ္မာ နည်းစနစ်ကို သင်ကြားပေးကာ မည်သူက ကျွမ်းကျင်နိုင်မည်ကို ကြည့်ရှုရန် ရည်ရွယ်ထားပေ၏။

မကြာမီမှာပင် စွန်းချန်က အခန်းအတွင်းသို့ အလျှင်အမြန် ဝင်ရောက်လာသည်။

"သခင်လေး.... ကံကြမ္မာခန်းမဆောင်ရဲ့ ခန်းမဆောင်သခင်ဟန်ရှောင်က သခင်လေးကို တွေ့ဖို့ ရောက်နေပါတယ်...သူက ဧည့်ခန်းမှာ စောင့်နေတယ်"

ကျန်းရွှမ်းက ခေါင်းညိတ်လိုက်သည်။ သူ ပြန်ရောက်လာခြင်းကို မဖုံးကွယ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သဖြင့် ဟန်ရှောင်၏ လာရောက်လည်ပတ်မှုကို သူ အံ့အားသင့်သွားခြင်း မရှိချေ။ သူသည် ဟန်ရှောင်နှင့်တွေ့ဆုံရန် ထွက်ခွာမသွားမီ သူ၏တပည့်များအား ဆက်လက်၍လေ့ကျင့်နေကြရန် ညွှန်ကြားလိုက်သည်

All Chapters