ပိုင်ယန်မြင်းဇောင်း
Vol. 5 Ch. 66
ကျောင်းတော်မှ အဖြစ်အပျက်များကို မသိရှိဘဲ ကျန်းရွှမ်သည် သောက်လီကိုစီး၍ ကြီးမားသော မြင်းဇောင်းတစ်ခု၏ရှေ့သို့ ရောက်ရှိလာသည်။
ပိုင်ယန်မြင်းဇောင်းသည် ထိပ်သီးမိသားစုကြီးသုံးစုအနက်မှ တစ်စုဖြစ်သော ချန်းမိသားစု၏ အကြီးမားဆုံးစီးပွားရေးလုပ်ငန်းပင်။
ဤမြင်းဇောင်းသည် တောင်များကို ကျောပေး၍ တည်ဆောက်ထားကာ နံဘေးတွင် ရေပြင်ကြီးရှိပြီး အနီးအနားတွင် ကျယ်ပြန့်သော မြက်ခင်းပြင်ကြီးတစ်ခု တည်ရှိသည်။ အဝေးမှကြည့်ပါက ခန့်ညားထည်ဝါသောမြင်းများ လွတ်လပ်စွာ ဒုန်းစိုင်းပြေးနေသည်ကို မြင်တွေ့နိုင်ပေမည်။
မြင်းဇောင်းဝင်ပေါက်နှင့် မလှမ်းမကမ်းတွင် အဆောက်အအုံတစ်လုံးကို မြင်တွေ့နိုင်သည်။ ထိုအရာသည် မီတာသုံးဆယ်ခန့် မြင့်မားကာ ပတ်ပတ်လည်မီတာတစ်ရာကျော် ကျယ်ဝန်းသည်။ ဤနေရာသည် မြင်းများရောင်းဝယ်ဖောက်ကားသည့် စည်ကားသောနေရာတစ်နေရာပင်။
"သခင်လေး...မြင်းကို ငါတို့နဲ့ ထားခဲ့လိုက်ပါ"
ထိုအဆောက်အအုံအနီးသို့ ချဉ်းကပ်သွားချိန်တွင် အစေခံတယောက်က အပြုံးနှင့် သူ့ကို ဆီးကြိုနှုတ်ဆက်သည်။
ဧည့်သည်များကို နေ့စဉ်နေ့တိုင်း ဆက်ဆံနေရသဖြင့် သူ့ထံတွင် အလွန်မြင့်မားသော လူကဲခတ်နိုင်စွမ်းရှိသည်။ သူ့ရှေ့ရှိလူငယ်သည် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားခြင်း မရှိသော်လည်း မြင်းကောင်းတစ်ကောင်ကို စီးနင်းလာသဖြင့် ချမ်းသာကြွယ်ဝသော ကျောထောက်နောက်ခံရှိမည်မှာ သိသသည်။
ထိုသို့မဟုတ်ပါက တစ်စုံတစ်ယောက်သည် ဤနေရာ၌ မြင်းဝယ်ရန် နေနေသာသာ မြင်းကိုထိန်းသိမ်းစောင့်ရှောက်ရန်ပင် တတ်နိုင်မည် မဟုတ်ချေ။
ထုံးတမ်းစဉ်လာများကို သိရှိသဖြင့် ကျန်းရွှမ်သည် အိတ်အတွင်းမှ ရင်းမြစ်ဒင်္ဂါးဆယ်ပြားကို ထုတ်ယူပြီး ချီတုံချတုံဖြစ်နေသည်။ထို့နောက် သူသည် ရင်းမြစ်ဒင်္ဂါးငါးပြားကို ပြန်သိမ်းပြီး ကျန်ငါးပြားကို အစေခံအား ပေးလိုက်၏။
“…”
အစေခံ၏မျက်ခွံများ တဆတ်ဆတ်တုန်သွားသည်။
သူသည် ဆုကြေးငွေပေးသည့် လူများကို မြင်တွေ့ဖူးသည့်အပြင် မပေးသည့် လူများကိုလည်း မြင်တွေ့ဖူးသည်။ သို့ရာတွင် ဆုကြေးငွေကို ထုတ်ပြီးနောက် တစ်ဝက်ပြန်သိမ်းသည့် တစ်စုံတစ်ယောက်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်သေးဘူးချေ။ ဤသည်မှာ မည်မျှထိ ကပ်စေးနှဲသူ ဖြစ်သနည်း။
အစေခံသည် သူ၏စိတ်အတွင်းမှ ညည်းတွားနေသော်လည်း သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိချေ။ သူက ဦးညွှတ်အရိုအသေပြုပြီးနောက် မေးမြန်းလိုက်သည်။
"သခင်လေး ..ငါက မင်းအတွက် ဘယ်လိုဝန်ဆောင်မှုမျိုးကို လုပ်ပေးရမလဲ"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။
"ငါက လီတစ်ထောင်မြင်းအတွက် သင့်တော်တဲ့မြင်းစာကို ဝယ်ချင်တယ်...ပြီးတော့ ငါက မြင်းတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် စာအုပ်တချို့ကို ရှာချင်တယ်"
"ဒီလို ခမ်းနားထည်ဝါတဲ့ မြင်းကောင်းတကောင်အတွက် အကောင်းဆုံးမြင်းစာ လိုအပ်တယ်....ဒီမြင်းကို အခန်းနံပါတ်တစ်ဆီ ခေါ်သွားလိုက်ပါ...အဲ့ဒီမှာ မြင်းကောင်းတွေအတွက် လိုအပ်တဲ့အရာတွေ အားလုံး ရှိနေတယ်"
သောက်လီကို နေရာချထားပြီးနောက် ထိုအစေခံသည် တခြားလူတစ်ယောက်အား မြင်းကိုဂရုစိုက်ရန် မှာကြားလိုက်၏။ ထို့နောက် သူသည် ကျန်းရွှမ်ကို လမ်းပြခေါ်ဆောင်ရင်း ဆက်လက်၍ ရှင်းပြသည်။
"မြင်းကောင်းတွေကို ပြုစုစောင့်ရှောက်ဖို့အတွက် စာအုပ်တွေက ဘယ်နေရာမှာ ရှိလဲဆိုတာ ငါ သေချာမသိဘူး... ဒါပေမဲ့ ကျားဇီရင်ပြင်မှာ မြင်းသမားတော်တွေ အများကြီး ရှိတယ်....တကယ်လို့ မင်းက အဲ့ဒီစာအုပ်တွေကို လိုအပ်တယ်ဆိုရင် အဲ့ဒီနေရာကို သွားပြီးတော့ ဆွေးနွေးလို့ရတယ်"
"အင်း..."
ကျန်းရွှမ်သည် ခေါင်းညိတ်ပြပြီးနောက် စကားထပ်မပြောတော့ဘဲ အစေခံ၏နောက်သို့လိုက်ကာ ခန်းမတစ်ခုအတွင်းသို့ ဝင်လိုက်သည်။
ဤခန်းမသည် အလွန်ကျယ်ဝန်းကာ 'နံပါတ်တစ်'ဟူသည့် ကြီးမားသောစာလုံးကို ပင်မဝင်ပေါက်၏ပြင်ပ၌ ချိတ်ဆွဲထားသည်။ သူသည် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်ပြီးနောက် ဤနေရာသို့ ရောက်ရှိလာသူများသည် ချမ်းသာကြွယ်ဝသူများ သို့မဟုတ် အဆင့်အတန်းမြင့်မားသူများ ဖြစ်သည်ကို သတိပြုမိသွားသည်။ သူတို့သည် မြင်းကောင်များ ရောင်းဝယ်ဖောက်ကားရန် ဤနေရာသို့ လာပုံရသည်။
"သခင်လေး...မင်းရဲ့မြင်းက လီတစ်ထောင်ငြင်းတကောင်ပဲ ဖြစ်မယ်....ဟုတ်တယ်မလား... ဒီလိုမြင်းမျိုးအတွက် အကောင်းဆုံးမြင်းစာနဲ့ အာဟာရဖြည့်စွက်စာအမျိုးမျိုး လိုအပ်တယ်...ဒါတွေအားလုံးကို ပြင်ဆင်ရမယ်ဆိုရင် တစ်ရက်ကို ရင်းမြစ်ဒင်္ဂါးနှစ်ရာ ကျသင့်မယ်"
ကောင်တာသို့အရောက်တွင် မိတ်ဆက်မှုနှင့်လိုအပ်ချက်များကိုကြားပြီးနောက် စာရေးက နွေးထွေးသောအပြုံးနှင့် ပြောဆိုသည်။
"တစ်ရက်ကို ရင်းမြစ်ဒင်္ဂါးနှစ်ရာ တစ်လကို ခြောက်ထောင် ကျသင့်တာလား"
ကျန်းရွှမ်က၏နှုတ်ခမ်း မဲ့ရွဲ့သွားသည်။
သူ့ထံတွင် မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့ထံမှ ရရှိထားသော ရင်းမြစ်ခြင်းဒင်္ဂါးနှစ်ရာကိုးဆယ့်ခြောက်ပြားသာ ရှိသည်။ သူသည် ယခင်ရက်များအတွင်းတွင် အစားအသောက်နှင့် နေရာထိုင်ခင်းအတွက် ရင်းမြစ်ဒင်္ဂါးတစ်ရာ့နှစ်ဆယ်ကို အသုံးပြုခဲ့ကာ မြင်းဇောင်းအစေခံကို ရင်းမြစ်ဒင်္ဂါးငါးပြား ပေးခဲ့သည်။ ထို့ကြောင့် ယခုလက်ရှိအချိန်တွင် သူ့ထံ၌ ရင်းမြစ်ဒင်္ဂါးတစ်ရာ့ခုနစ်ဆယ်ပြားသာ ကျန်တော့ပေ၏။
ဤသည်မှာ မြင်းကို တစ်ရက်စာ အစာကျွေးရန်အတွင်ပင် လုံလောက်မည် မဟုတ်ချေ။
အကယ်၍ ဤမျှထိ စျေးကြီးမည်ကို သူ ကြိုသိခဲ့ပါက ထိုစိတ်ဝိညာဥ်ကို မြင်းတစ်ကောင်၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းရန် သူ အင်အားစိုက်ထုတ်ခဲ့မည့်အစား တံခါးဘောင်တစ်ခုအတွင်းသို့ ရိုက်သွင်းကာ ပြန်ရှင်သန်စေပေမည်။
စာရေးက ကျန်းရွှမ်ကိုကြည့်ပြီး ပြောဆိုသည်။
"သခင်လေး...မင်းက ရက်ဘယ်လောက်စာ ဝယ်ချင်တာလဲ...ငါတို့ အခုချက်ချင်း ပြင်ဆင်ပေးမယ်"
ကျန်းရွှမ်က အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"အရင်ဆုံး တစ်နပ်စာဆိုရင် လုံလောက်တယ်...မြင်းကို မြည်းစမ်းခိုင်းပြီးတော့မှ ကောင်းမကောင်း သိရလိမ့်မယ်...တကယ်လို့ မြင်းက ကောင်းကောင်းစားတယ်ဆိုရင် ငါတို့ ဆက်လုပ်ကြတာပေါ့..."
“...”
စာရေးသည် ကြက်သေသေသေသွားလေ၏။
"ငါတို့....ငါတို့က အဲ့ဒီလိုမျိုး မရောင်းဘူး"
သူ၏နံဘေးတွင် ရှိနေသော အစေခံသည်လည်း ကြက်သေသေသွားသည်။
"သခင်လေးက ရယ်စရာ ပြောနေပြန်ပြီ...မင်း စီးလာတဲ့မြင်းက အနည်းဆုံး ရင်းမြစ်ဒင်္ဂါးတစ်သိန်းတန်တယ်...ဘယ်လိုလုပ်ပြီးတော့ တစ်နပ်စာပဲ ဝယ်ချင်တာလဲ"
လီတစ်ထောင်မြင်းများသည် အလွန်အမင်း ရှားပါးကာ တကောင်ချင်းစီသည် ချွင်းချက်မရှိ တန်ဖိုးကြီးသည်။ ထိုကြောင့် လျှူမင်ယွဲ့သည် မည်သူ၏မြင်းက ပို၍သာလွန်သည်ကို မိုယန်ရွှယ်နှင့် ယှဥ်ပြိုင်ရန် စိတ်အားထက်သန်နေခဲ့ခြင်း ဖြစ်သည်။
"ရင်းမြစ်ဒင်္ဂါး တစ်သိန်းလား..."
ကျန်းရွှမ် ဆွံ့အသွားသည်။
ဤမြင်းသည် ယခုလောက်ထိ တန်ဖိုးကြီးသလော...
'ငါ ဒါကို ရောင်းလိုက်ရမလား'
သူ့၏စိတ်အတွင်း၌ ထိုအတွေး ထွက်ပေါ်လာသော်လည်း သူ၏ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
ကောင်းကင်ဘုံစာကြည့်တိုက်ကို ပိုင်ဆိုင်ထားသော သူ့အနေဖြင့် ငွေကြေးရှာဖွေရန်မှာ အခက်အခဲတစ်ခု မဟုတ်နိုင်ချေ။ ဤမြင်းကို သူ တစ်ကြိမ်ရောင်းချပြီးသည်နှင့် ပြန်ဝယ်နိုင်ရန် တတ်နိုင်တော့မည် မဟုတ်ချေ။
ထို့ပြင် ဤကောင်စုတ်သည် စိတ်ဝိညာဥ်ဖန်တီးခြင်း နည်းစနစ်ဖြင့် သူကိုယ်တိုင် နိုးထလာစေခဲ့ခြင်း ဖြစ်သဖြင့် ဤမြင်း၏သစ္စာစောင့်သိမှုကို သံသယဖြစ်ဖွယ် မရှိချေ။ သူသည် ဤမြင်းအား ရင်းမြစ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲရန် အင်အားများစွာ စိုက်ထုတ်ခဲ့ရလေရာ ဤကဲ့သို့ သေးငယ်သော အကျိုးအမြတ်တစ်ခုအတွက် လက်လျှော့လိုက်ရန် မလိုအပ်ချေ။
"ထားလိုက်တော့....ငါ့အတွက် တစ်လစာမြင်းစာတွေ ပြင်ဆင်ပေးပါ"
ထိုအတွေးနှင့်အတူ ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပြီလေ...ဒါက ရင်းမြစ်ဒင်္ဂါးခြောက်ထောင် ကျသင့်မယ်...သခင်လေး မင်း ဘယ်လိုပေးချင်လဲ"
အစေခံက အပြုံးနှင့် မေးမြန်းသည်။
"ခဏနေအုံး..."
ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် သူ၏မျက်လုံးအကြည့်သည် နံဘေးရှိ လူငယ်အစေခံထံသို့ ကျရောက်သွားပေ၏။
"ဒီနေရာမှာ ငွေမြန်မြန်ရှာလို့ရတဲ့ နည်းလမ်း ရှိလား"
"ငွေရှာမလို့လား...သခင်လေးက ငွေမပေးနိုင်လို့ ဒီနေရာမှာ ငွေရှာဖို့ စဉ်းစားနေတာလား..."
အစေခံ၏မျက်လုံးများ ပြူးကျယ်သွားသည်။
ငွေကြေးပြတ်လပ်နေသည့် အချိန်ကျမှ ငွေရှာရန် စဉ်းစားတွေးတောသည်မှာ အလွန်နောက်ကျနေပြီ မဟုတ်လော....
မူလက တစ်ချိန်လုံး ပြုံးနေသော အစေခံသည် ကျန်းရွှမ်၏စကားများကို ကြားပြီးနောက် သူ၏နှုတ်ခမ်းတောင် မဲ့ရွဲ့သွားကာ သူ၏မျက်လုံးများအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။
ဤလူသည် ချမ်းသာကြွယ်ဝသော သခင်လေးတယောက် ဖြစ်မည်ဟု သူ တွေးထင်ခဲ့သော်လည်း ယခုကြည့်ကြည့်တော့မှ လူဆင်းရဲတစ်ယောက် ဖြစ်နေပေ၏။
'တကယ်လို့ မင်းမှာ ငွေမရှိဘူးဆိုရင် ဘာလို့ ဟန်ဆောင်နေတာလဲ...ဒါ့ပြင် မြင်းစာတစ်လစာကိုတောင် ပြင်ဆင်ခိုင်းသေးတယ်...တကယ်လို့ ငါက မင်းအတွက် ပြင်ဆင်ပေးပြီးမှ မင်း မပေးနိုင်ရင် ဘယ်လိုလုပ်မလဲ'
ထိုအတွေးနှင့်အတူ သူ၏စိတ်အားထက်သန်မှုများ လျော့ကျသွားသည်။
"အမှန်ပဲ..."
အစေခံ၏မျက်နှာအမူအယာ ပြောင်းလဲမှုကို သတိပြုမိသော်လည်း ကျန်းရွှမ်က ဂရုမစိုက်ချေ။
"ငါ ငွေမြန်မြန်ရှာနိုင်သရွေ့ဘယ်အလုပ်မဆို အဆင်ပြေတယ်"
ကျန်းရွှမ်၏ အလေးအနက်ထားသော မျက်နှာအမူအယာကို ကြည့်ပြီး အစေခံသည် သူ စနောက်နေခြင်း မဟုတ်ကြောင်း သိရှိသွားပေ၏။ ထိုကြောင့် သူသည် အချိန်တစ်ခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် တုံ့ပြန်အဖြေပေးလိုက်သည်။
"ဒီမြင်းဇောင်းမှာ ငွေမြန်မြန်ရှာလို့ရတဲ့ နည်းလမ်းတချို့ ရှိနေတယ်...ဒါပေမယ့် အမြန်ဆုံးနည်းလမ်းကတော့ မြင်းတွေကို ယဥ်ပါးအောင်လုပ်တာပဲ"
ကျန်းရွှမ်၏မျက်ခုံး မြင့်တက်သွားသည်။
"မြင်းတွေကို ယဥ်ပါးအောင် လုပ်တာလား"
အစေခံက ခေါင်းညိတ်ပြသည်။
"အမှန်ပဲ...ငါတို့ပိုင်ယန်မြင်းဇောင်းက နှစ်စဉ်နှစ်တိုင်း တောတောင်တွေကြားကနေ မြင်းရိုင်းတွေကို ဖမ်းခဲ့တယ်... အဲ့ဒီမြင်းတွေက သန်မာအားကောင်းပြီးတော့ ခံနိုင်ရည်မြင့်မားတယ်...တချို့မြင်းတွေဆိုရင် မူလဘူတသားရဲတွေရဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ်... ဒီမြင်းတွေကို နည်းနည်းလောက် လေ့ကျင့်ပေးလိုက်တာနဲ့ လီတစ်ထောင်မြင်းတွေအနေနဲ့ ရောင်းလို့ရတယ်...ဒါပေမဲ့ အဲ့ဒီမြင်းရိုင်းတွေကို ယဥ်ပါးအောင်လုပ်တာက အရမ်းအန္တရာယ်များတယ်...သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ မြင်းထိန်းတော်တော်များများ ဒဏ်ရာရသွားခဲ့ကြတယ်"
"အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် မြင်းဇောင်းက အရမ်းထိန်းချုပ်ရခက်တဲ့ မြင်းတွေအတွက် ဆုကြေးငွေတွေ ထုတ်ထားတယ်...အဲ့ဒီမြင်းရိုင်းတွေကို ထိန်းချုပ်နိုင်တဲ့ ဘယ်သူမဆို အရမ်းကြီးမားတဲ့ဆုလာဘ်တွေ ရလိမ့်မယ်"
ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားပြီးနောက် သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်၏။
"အဲ့ဒီလို မြင်းရိုင်းတစ်ကောင်ကို ယဥ်ပါးအောင်လုပ်နိုင်ရင် ဘယ်လောက်ရနိုင်လဲ"
အစေခံက တုံ့ပြန်အဖြေပေးသည်။
"သာမန်မြင်းရိုင်းတစ်ကောင်ဆိုရင် ရင်းမြစ်ဒင်္ဂါးတစ်ထောင် ရနိုင်တယ်...ပိုပြီးကြမ်းတမ်းတဲ့မြင်းရိုင်းတွေကတော့ ရင်းမြစ်ဒင်္ဂါးသုံးထောင်ကနေ ငါးထောင်ကြားမှာ ရှိတယ်...ထိန်းချုပ်ရအခက်ဆုံး မြင်းရိုင်းတွေကို ယဥ်ပါးအောင်လုပ်နိုင်ရင်တော့ ရင်းမြစ်ဒင်္ဂါးတစ်သောင်းကျော် ရလိမ့်မယ်"
"ရင်းမြစ်ဒင်္ဂါး တစ်သောင်းကျော်လား..."
ကျန်းရွှမ်၏မျက်လုံးများ တောက်ပသွားသည်။
"အဲ့ဒီမြင်းရိုင်းတွေကို ကြည့်ဖို့အတွက် ငါ့ကို ခေါ်သွားပေးပါ"
သူသည် ဤကဲ့သို့ မြင်းရိုင်းတကောင်ကို ယဥ်ပါးအောင် လုပ်နိုင်သရွေ့သောက်လီအတွက် တစ်လစာမြင်းစာ လုံလောက်သွားပေမည်။
"မင်းက တကယ်သွားချင်တာလား"
အစေခံသည် အချိန်တခဏကြာခန့် ချီတုံချတုံဖြစ်နေပြီးနောက် ပြောဆိုလိုက်၏။
"အဲ့ဒီမြင်းရိုင်းတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်...အထူးသဖြင့် ဆုကြေးငွေတစ်သောင်း ထုတ်ထားတဲ့ ကောင်တွေက အဆိုးဆုံးပဲ....အဲ့ဒီမြင်းတွေက အရိုင်းဆန်ရုံတင် မကဘူး အပြေးမြန်လည်းမြန်တာကြောင့် ဖမ်းဖို့အရမ်းခက်တယ်....သူတို့ကို ယဥ်ပါးအောင်လုပ်ဖို့ ကြိုးစားခဲ့တဲ့ လူတွေ အများကြီးရှိပေမယ့် အဆုံးသတ်ကျတော့ ဒဏ်ရာအပြင်းအထန် ရသွားကြတယ်...သခင်လေးရဲ့ ဂုဏ်ကျက်သရေရှိတဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားသင့်တယ်လို့ ငါ ထင်တယ်"
"ဒါက အဆင်ပြေပါတယ်...အဲ့ဒီမြင်းရိုင်းတွေကို ကြည့်ရအောင်လို့ ငါ့ကို အရင်ဆုံး ခေါ်သွားပေးပါ...တကယ်လို့ ငါက သင့်တော်တဲ့တကောင်ကို ရှာတွေ့ရင် ကြိုးစားကြည့်မယ်...တကယ်လို့ မတွေ့ဘူးဆိုရင် ငါ ဒီကိစ္စကို ထားလိုက်မယ်"
ကျန်းရွှမ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
သူ၏ခိုင်မာသောဆုံးဖြတ်ချက်ကို မြင်တွေ့ချိန်၌ အစေခံသည် ခေါင်းညိတ်ပြပြီး လမ်းပြခေါ်ဆောင်ခဲ့တော့သည်။
ကျန်းရွှမ်သည် နောက်မှထပ်ချပ်မကွာလိုက်သွားကာ ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီးနောက် မလှမ်းမကမ်းအကွာတွင် ရှိနေသည့် တခြားအစေခံတစ်ယောက်ကို ညွှန်ကြားလိုက်၏။
"ငါ့အတွက် မြင်းစာတွေကို ပြင်ဆင်ထားပေးပါ"
ထိုနောက် သူသည် နောက်မှ အလျင်စလို လိုက်ပါသွားတော့သည်။
"ဒါကတော့ မင်းမှာ ငွေရှိမရှိဆိုတာ ငါ ကြည့်ရအုံးမှာပေါ့"
ထိုအစေခံက သရော်တော်တော် ရေရွတ်လိုက်သည်။
မြင်းတွေကို ယဥ်ပါးအောင်လုပ်ခြင်းမှ ငွေရှာရန်မှာ အလွန်လွယ်ကူနေပါက သူကိုယ်တိုင်လုပ်ဆောင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီး ဖြစ်ပေမည်။ မည်သည်ကြောင့် သူသည် ဤနေရာတွင် အစေခံတစ်ယောက်အဖြစ် ဆောင်ရွက်နေမည်နည်း။
ဤလူငယ်သည် မြင်းကန်ခံရပြီးနောက် မကြာမီမှာပင် ထမ်းစင်ဖြင့် ဤနေရာသို့ ပြန်လည်ရောက်ရှိလာသည်မည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
ဤကဲ့သို့ မောက်မာထောင်လွှားကာ အရည်အချင်းမရှိသော သခင်လေးများကို သူ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။ ထို့ကြောင့် ဤတစ်ယောက်ထံတွင်လည်း ကွဲပြားခြားနားမှု မရှိနိုင်သည်မှာ သေချာပေါက်ပင်။
Note...e transမှာ room Aလို့ ရေးထားပါတယ်...သိပ်အဆင်မပြေဘူးထင်လို့ အခန်းနံပါတ်တစ်လို့ ပြောင်းထားပါတယ်