← Chapters

ကျီးလန်တောင်ကြား၏အပြင်ဘက်

Vol. 26 Ch. 316

ကျီးလန်တောင်ကြား၏အပြင်ဘက်

Vol. 26 Ch. 316

"ဟန်ဆောင်နေတာကို ရပ်လိုက်တော့... ဒီကောင်က ငါတို့ပိုက်ဆံတွေကို မောင်ပိုင်စီးထားပြီးတော့ တမင်တကာ အပြစ်ပုံချဖို တစ်ယောက်ယောက်ကို ရှာထားတာ နေမှာ..."

"ဘယ်သူက မဟုတ်ဘူးလို ပြောလိုလဲ... ငါ အဲ့ဒီကျန်းရွှမ်ကို သိတယ်... သူက အကဲဖြတ်မှု အောင်ထားတာ မကြာသေးတဲ့ ကံကြမ္မာဆရာသခင်တစ်ယောက်ပဲ... သူက ကြယ်စင်မြစ်နယ်ပယ်ကိုတောင် မရောက်သေးဘူး... သူက မင်းပုံစံမျိုး အယောင်ဆောင်ထားတယ်ဆိုတော့ မိုပိုင်ယဲ့ မင်းမှာ အရှက်ရော ရှိရဲ့လား... မင်းရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကရော သူ လုပ်တာလို မင်း ပြောလိုက်ပါလား"

မိုပိုင်ယဲ့သည် အံ့တင်းတင်းကြိတ်ထားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။

"ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက တကယ့်ကို သူ့လက်ချက်ပါ"

"ပေါက်ကရတွေ... ဘယ်လိုလုပ်ပြီးတော့ ဒီလောက် ယုတ္တိမရှိတဲ့ အကြောင်းပြချက်ကို ပေးနိုင်ရတာလဲ... အရှက်မရှိလိုက်တာ"

"မင်းက အကြွေးမဆပ်ချင်တာ မဟုတ်လား... ကောင်းပြီလေ... သူ့ကို သေအောင်သာ ဝိုင်းရိုက်လိုက်ကြစမ်း"

နာရီဝက်ကြာပြီးနောက်...

မိုပိုင်ယဲ့သည် ရင်းမြစ်သားရဲပျံ၏ရှေ့တွင် ဒဏ်ရာဗလပွဖြင့် မတ်တတ်ရပ်နေပြီး သူ၏ငိုချင်စိတ်ကို ထိန်းထားရသည်။

ကျီးလန်တောင်ကြားအတွင်းသို ရောက်ရှိပြီးနောက် လူများအားလုံးအတွက် ရှေ့မှဦးဆောင်တိုက်ခိုက်ကာ တွေ့ရှိသမျှ ရတနာများအားလုံးကို အကြွေးဆပ်ရန် ပေးအပ်မည်ဟု သူ အလျင်အမြန် ကတိမပေးခဲ့လျှင် အဓိကရုဏ်းအတွင်း၌ လူအုပ်ကြီး၏လက်ချက်ဖြင့် သူ အရိုက်ခံရပြီး သေဆုံးသွားလောက်လေပြီ။

"ကျန်းရွှမ်... ငါ မင်းကို မသတ်နိုင်ရင် လူမဟုတ်တော့ဘူးလို ကျိန်ဆိုတယ်"

သူ အံ့တင်းတင်းကြိတ်ထားပြီး သူ၏ခန္ဓာကိုယ် အနည်းငယ် တုန်ရီနေသည်။

တစ်ဖက်လူကို ကြယ်စင်မြစ်နယ်ပယ်သို့ မရောက်သေးသည့် ယင်ကောင်ငယ်လေးဟု သူ တွေးထင်ခဲ့သည်။ သူကဲ့သို ဂုဏ်သိက္ခာရှိသော ကောင်းကင်ကံကြမ္မာခန်းမ၏ ဒုခန်းမသခင်ဖြစ်ကာ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ကျင်ကြံသူတစ်ယောက်အတွက် ထိုလူငယ်ကို ပညာပေးရန် လွယ်ကူမည်ဟု ယူဆခဲ့သည်။

နေ့တစ်ဝက်ကြာမျှပညာပေးပြီးနောက် တစ်ဖက်လူသည် မည်သို့မျှမဖြစ်ဘဲ သူသာလျှင် ကျင့်ကြံဆင့် အကြီးအကျယ် ကျဆင်းသွားကာ လက်တစ်ဖက်ဆုံးရှုံးပြီး မိသားစုပိုင်ဆိုင်မှုများ ရောင်းချခံရသည့်အပြင် အကြွေးများစွာ တင်သွားမည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ဤရန်ငြိုးသည် ပြန်လည်သင့်မြတ်နိုင်ခြင်း မရှိတော့ချေ။

ကျီးလန်တောင်ကြားသည် ကျိုးယီမြိုမှ လီသုံးရာအကွာခန့်တွင် ရှိသည်။ ရင်းမြစ်သားရဲပျံဖြင့် ထိုနေရာသိုသွားလျှင် နာရီဝက်ပင် မကြာချေ။

ဤသည်မှာ အဆုံးအစမဲ့ ကျယ်ပြောသော တောင်ကြားတစ်ခု ဖြစ်ပြီး မျက်စိတစ်ဆုံး ရှည်လျားသည်။ မတ်စောက်သော ကျောက်နံရံများတွင် ထူထပ်သောသစ်ပင်များ ဖုံးလွှမ်းနေပြီး ရှေးဦးသစ်တောတစ်ခုနှင့် တူညီနေပေ၏။

မိုပိုင်ယဲ့သည် ရင်းမြစ်သားရဲပျံကို ထိန်းချုပ်ရင်း တောင်ကြားအပြင်ဘက်ရှိ တစ်ခုတည်းသော ဝင်ပေါက်တွင် ဆင်းသက်လိုက်ရာ ထိုနေရာ၌ လူများနှင့် ရင်းမြစ်သားရဲပျံအမျိုးမျိုးတိုဖြင့် ပြည့်နှက်နေလေပြီ။

အဆင့်နှစ်ဆယ့်တစ် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ဖြစ်သည့်အတွက် ဤနေရာတွင် ရတနာများစွာ ရှိနေသည်။ ယခုချိန်၌ ဤနယ်မြေ ရုတ်တရက် ပွင့်လာချိန်၌ ကျိုးယီအင်ပါယာသာမက အနီးပတ်ဝန်းကျင်ရှိ တခြားအင်ပါယာများ ထိပ်သီးအင်အားစုများနှင့် ဂိုဏ်းများကလည်း ကျင့်ကြံသူအမြောက်အများကို စေလွှတ်ကြသည်။

ခန်းမသခင်ရှစ်ယွင်ကျင်း၏အင်အားသည် တောင့်တင်းသော်လည်း ဤနေရာ၌ ထူးချွန်ပြောင်မြောက်ခြင်း မရှိပေ။ သာမန်သူတောင်းစား သို့မဟုတ် စားဖိုမှူးတစ်ယောက်ကပင် သူ့ကို သတ်နိုင်ပေမည်။

မြေပြင်ပေါ်သို ဆင်းသက်ပြီးနောက် မိုပိုင်ယဲ့က ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။ နတ်ဘုရားနယ်မြေတွင် သူ မည်သို့ ထွန်းတောက်နိုင်ပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ကို ဆွေးနွေးရန် သူ ဖိတ်ကြားထားသော ထိပ်သီးကျင့်ကြံသူများကို ရှာဖွေရန် ရည်ရွယ်လိုက်၏။ ထိုအချိန်မှာပင် ကြီးမားသော အနက်ရောင်ကြေးခွံ ဖီးနစ်လင်းယုန်ကြီးတစ်ကောင်က သူ၏ရှေ့သို့ ဆင်းသက်လာသည်ကို သူ မြင်လိုက်ရသည်။

ရင်းမြစ်သားရဲ၏ကျောပေါ်တွင် မတ်တတ်ရပ်နေသော ပုံရိပ်ကို မြင်မိသည်နှင့် မိုပိုင်ယဲ့၏မျက်လုံးများ ချက်ချင်းနီမြန်းသွားသည်။

ထိုလူသည် ကျန်းရွှမ်မှတပါး တခြားသူမဟုတ်ချေ။

"ကျန်းရွှမ်... ငါ မင်းကို သတ်မယ်..."

မိုပိုင်ယဲ့၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ၏ဒေါသများကို မထိန်းနိုင်တော့ချေ။ ကျယ်လောင်သော အော်ငေါက်သံတစ်သံနှင့်အတူ သူသည် လူငယ်ဆီသို့ ပြေးဝင်လိုက်၏။

"မိုပိုင်ယဲ့... ဘာလုပ်တာလဲ"

သူ အနီးသို့မရောက်မီမှာပင် ဖုမိသားစုမှ အကြီးအကဲတချို့က သူ၏လမ်းကို ပိတ်ဆို့ဟန့်တားလိုက်ကြပြီး မကျေနပ်သည့်ပုံစံဖြင့် မျက်ခုံးပင့်လိုက်ကြသည်။

ဖုမိသားစုသည် ကျိုးယီမြို့တွင် ထင်ရှားကျော်ကြားသော မိသားစုတစ်စုပင်။ ဤနေရာသို့ ရောက်ရောက်ချင်း သူတို့အား တားဆီးပိတ်ပင်ခံရသဖြင့် မည်သူမည်ဝါ ဖြစ်နေစေကာမူ လျစ်လျူရှုမထားနိုင်ချေ။

"ဖုချင်းယောက်... ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး... ငါက ကျန်းရွှမ်ကို ရှာနေတာ..."

မိုပိုင်ယဲ့၏မိုတောက်ဓားသည် ပြင်းထန်စွာ တုန်ခါနေပြီး ဓားချီများ ပျံ့နှံ့နေကာ အားကောင်းသော ဖိအားအရှိန်အဝါများ ထွက်ပေါ်လာသည်။

"ကျန်းရွှမ်က ငါတို့ ဖုမိသားစုရဲ့ ဧည့်သည်ပဲ... သူ့အပေါ် မင်းရဲ့ ရိုင်းစိုင်းမှုက ငါတို့ ဖုမိသားစုကို ဆန့်ကျင်တဲ့ လုပ်ရပ်ပဲ"

ဖုမိသားစုအား ဦးဆောင်လာသော အကြီးအကဲ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤသည်မှာ ဖုမိသားစု၏အကြီးအကဲ ဖုချင်းယောက်ဖြစ်ပြီး ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်ပင်။

သူမ၏ကျင့်ကြံဆင့်သည် မိုပိုင်ယဲ့ထက် အတော်အသင့် မြင့်မားသော်လည်း အစစ်အမှန်တိုက်ပွဲတွင် သူမသည် သူ၏ပြိုင်ဘက် မဖြစ်နိုင်ချေ။

ထိုအချိန်မှာပင် လင်းယုန်၏ကျောပေါ်မှနေ၍ ဖျော့တော့သော အသံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းရွှမ်က ပြုံးလိုက်ပြီး အောက်သို့ခုန်ဆင်းလိုက်၏။

"အကြီးအကဲ... ခွင့်လွှတ်ပါ... ဒါက ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ... ကျွန်တော် ဖြေရှင်းပါ့မယ်"

"ကောင်းပြီလေ"

သူ ရှေ့တက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖုချင်းယောက်က ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့... တကယ်လို့ သူသာ လှုပ်ရှားရဲရင် ငါတို့ဖုမိသားစုက သူ့ကို ကြောက်နေမှာ မဟုတ်ဘူး"

"ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က ကျေးဇူးတင်စကား ပြောဆိုလိုက်ပြီးနောက် သူ့ရှေ့ရှိ မိုပိုင်ယဲ့ကို ဒေါသထွက်နေသည့်အမူအယာဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်မို... မင်းက ငါ့ရဲ့တပည့်ကို ဖမ်းသွားပြီးတော့ ကျီးလန်တောင်ကြားမဖွင့်ခင် ကံကြမ္မာချပ်ပြားသုံးထောင်ပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောတယ်မလား... ကျုပ် ငွေပေးပြီးပြီလေ... သူ ဘယ်မှာလဲ... လျှူမင်ယွဲ့ အခုဘယ်မှာလဲ"

"ကံကြမ္မာချပ်ပြားသုံးထောင်...ဟုတ်လား..."

မိုပိုင်ယဲ့ ကြက်သေသေသွားသည်။

'ငါ ဘယ်တုန်းက မင်းဆီကနေ အဲ့လောက်ထိ ငွေ အများကြီး တောင်းဖူးလို့လဲ... ပြီးတော့ မင်းက ဘယ်တုန်းက ငါ့ကို ပေးဖူးလို့လဲ'

'တောက်... ဒီကောင် ပေါက်ကရတွေ ပြောနေတာပဲ'

သူ၏မျက်နှာ သုန်မှုန်သွားပြီး တုံ့ပြန်ပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် မနီးမဝေးရှိ လူငယ်၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်ကို မြင်လိုက်ရသည်။

"မင်းက မိုတောက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်... ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုတိယခန်းမသခင်... ပြိုင်ဘက်ကင်းတဲ့ အာဏာရှင်တစ်ယောက်လေ... ငါ... ငါက သာမန် ကျင့်ကြံသူလေးပါ... လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ စစ်ဆေးမှုကို အောင်မြင်ပြီးတော့ အစစ်အမှန် ကံကြမ္မာဆရာသခင် ဖြစ်လာခဲ့တာပါ... မင်းနဲ့ယှဉ်ရင် ဘက်ပေါင်းစုံကနေ ယှဉ်လို့မရနိုင်ဘူး... ဒါပေမဲ့ မင်း ကတိဖျက်လို့ မရဘူးလေ...မင်းက ကံကြမ္မာချပ်ပြားတွေကို ယူသွားပြီးမှ မသိချင်ယောင်ဆောင်လို့ မရဘူးလေ"

"တစ်ယောက်ယောက်ရဲ့တပည့်ကို အနိုင်ကျင့်ဖမ်းဆီးပြီးတော့ ကံကြမ္မာချပ်ပြားတွေကို ခြိမ်းခြောက်တောင်းယူတယ်... ဟုတ်လား"

"ငွေကို ယူပြီး လူကို ပြန်လွှတ်မပေးဘူး... ဒါက အရမ်းတရားလွန်တယ်"

"ဒါက ကျိုးယီမြို့က ကောင်းကင်ကံကြမ္မာခန်းမရဲ့ ဒုခန်းမသခင်လား"

ထူးခြားသောအရှိန်အဝါ ပါဝင်နေသည့် ကျန်းရွှမ်၏အသံသည် လှိုင်းလုံးကြီးတစ်ခုအလား ပျံ့နှံ့သွားသည်။

လူများအားလုံးသည် အားနည်းသူကို စာနာသနားတတ်ကြပေ၏။ မိုပိုင်ယဲ့သည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် ထိပ်သီးကျင့်ကြံသူဖြစ်ကာ ကောင်းကင်ကံကြမ္မာခန်းမ၏ ဒုခန်းမသခင်ပင်။ ကျန်းရွှမ်ကမူ အညတရလူတစ်ယောက်ပင်။

မည်သည့်ရှုထောင့်မှ ကြည့်ကြည့် ကျန်းရွှမ်သည် သနားဖွယ် ကောင်းနေပေ၏။

အမှန်တကယ်ကိုပင် ဤရှင်းပြချက်ကို ကြားပြီးနောက် ပတ်ဝန်းကျင်၌ ဖြောင့်မတ်မှန်ကန်မှုကို သဘောကျသည့် လူများ၏ဒေါသများ ပွင့်အံ့ထွက်လာပြီး သူတို့၏မျက်နှာများပေါ်တွင် ဒေါသများဖြင့် ပြည့်နှက်နေကြသည်။

"သူ မဟုတ်မမှန်ပြောနေတာတွေကို နားမထောင်ကြနဲ့... ကျန်းရွှမ်... မင်း ငါ့ကို ကံကြမ္မာချပ်ပြား ဘယ်တုန်းက ပေးဖူးလို့လဲ"

လူအုပ်ကြီး၏သဘောထား ပြောင်းလဲသွားသည်ကို မြင်တွေ့ချိန်၌ မိုပိုင်ယဲ့၏မျက်နှာ သုန်မှုန်သွားပြီး ကျယ်လောင်စွာအော်ဟစ်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။

"ဒါက ငါတို့ကြားက သီးသန့်အပေးအယူကိစ္စပါ...မင်း ဝန်မခံရင် ငါလည်း ဘာမှမတတ်နိုင်ဘူး... ဒါပေမဲ့ တခြားလူတွေ အများကြီးရှေ့မှာ မင်းက ငါ့ရဲ့တပည့်ကို ဖမ်းသွားတာ... မင်းကို ငါက စွပ်စွဲနေတာလား"

ကျန်းရွှမ်က ပြောဆိုသည်။

"မင်းရဲ့တပည့်က ငါ့ကို မလေးမစား လုပ်လို့ ငါ ဖမ်းလိုက်တယ်ဆိုတာ အမှန်ပဲ"

လူများအားလုံး၏မျက်လုံးအကြည့်များ သူ့ထံ သို့ ကျရောက်နေသည်ကို မြင်တွေ့သဖြင့် မိုပိုင်ယဲ့က သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"မင်း ဝန်ခံတာ ကောင်းပါတယ်... မင်းက ငါ့ရဲ့တပည့်ကို ဖမ်းသွားတယ်... သူ အန္တရာယ် ဖြစ်မှာစိုးလို့ သူ့ကို ပြန်ရဖို့ ငါက ကံကြမ္မာချပ်ပြားတွေ ပေးခဲ့တယ်... ဒီကိစ္စအတွက် မင်းရဲ့တပည့် မင်ကျန်းထောင်က ငါ့ဘက်ကနေ သက်သေခံပေးနိုင်တယ်"

ကျန်းရွှမ်က ပြောဆိုသည်။

"မင်ကျန်းထောင်လား..."

မိုပိုင်ယဲ့၏မျက်ခွံများ တုန်ရီသွားပြီး သူ၏စိတ်ထဲတွင် ဆိုးရွားသော နိမိတ်တစ်ခု ထွက်ပေါ်လာသည်။

ထိုနိမိတ်ဆိုး မပျောက်ခင်မှာပင် မင်ကျန်းထောင်က လူအုပ်ထဲမှ ထွက်လာပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ ဦးညွှတ်အရိုအသေပြုလိုက်သည်။

"လူကြီးမင်းတို့... ကျွန်တော်ကတော့ ဆရာမိုရဲ့တပည့် မင်ကျန်းထောင်ပါ... သူက ကျွန်တော့်ရဲ့ဆရာဖြစ်ပေမဲ့ ကျွန်တော်က အမှန်အတိုင်း ပြောပါ့မယ်... မိတ်ဆွေလေးကျန်းရွှမ်ပြောတာ အမှန်ပါပဲ... ဆရာက သူ့ရဲ့တပည့်ကို ဖမ်းပြီးတော့ကံကြမ္မာချပ်ပြားသုံးထောင်ကို ခြိမ်းခြောက်ပြီး တောင်းယူခဲ့တယ်"

"မင်း..."

ဤသစ္စာဖောက်တပည့်က ဤအချိန်ကျမှ သူ့ကို ပြန်စွပ်စွဲလာသည်ကို မြင်လိုက်ရသဖြင့် မိုပိုင်ယဲ့ ဒေါသူပုန်ထသွားသည်။ ကျယ်လောင်သော အော်ငေါက်သံတစ်သံနှင့်အတူ သူသည် လှုပ်ရှားရန် ဟန်ပြင်လိုက်၏။

"ဂိုဏ်းချုပ်မို... မင်း ဝန်မခံသေးဘူးဆိုရင် ငါ မေးမယ်... မနေ့က ငွေအရေးတကြီး လိုနေတဲ့ အရေးကြီးကိစ္စ မင်းမှာ ရှိတယ်မလား...ငါ့ဆီက ခြိမ်းခြောက်ယူရုံတင်မကဘူး နေရာတိုင်းမှာ ငွေလိုက်ချေးနေခဲ့တယ်လေ... လူတွေအများကြီးက ဒီကိစ္စကို ကြုံတွေ့ခဲ့ရတာပဲ... သူတို့က ငါ့အတွက် ဒါကို သက်သေခံပေးနိုင်လိမ့်မယ်"

ကျန်းရွှမ်က နံဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

"အမှန်ပဲ... မိုပိုင်ယဲ့က မနေ့က နေရာတိုင်းမှာ ငွေလိုက်ချေးနေခဲ့တယ်..."

"ဟုတ်တယ်... ငါ့ဆီကလည်း ကံကြမ္မာချပ်ပြား တစ်ရာချေးထားသေးတယ်... ငါ့မှာ အကြွေးစာချုပ်တောင် ရှိတယ်"

လူငယ်၏စကားကို ကြားလိုက်ရချိန်၌ ပတ်ဝန်းကျင်ရှိ ကံကြမ္မာဆရာသခင်များ ချက်ချင်းတိုင်ပင်ဆွေးနွေးလိုက်ကြသည်။ လူများအားလုံးသည် မိုပိုင်ယဲ့ကို သတိထား၍ စောင့်ကြည့်နေသော မျက်လုံးအကြည့်များဖြင့် ကြည့်လိုက်ကြ၏။

All Chapters