← Chapters

လူတိုင်း သိထားကြတယ်

Vol. 13 Ch. 191

လူတိုင်း သိထားကြတယ်

Vol. 13 Ch. 191

ကံကြမ္မာခန်းမဆောင်သခင်၏ အခန်း၌...

ဟန်ရှောင်သည် စားပွဲတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူ၏နှုတ်ခမ်းပေါ်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ထင်ဟပ်နေသည်။ သူ၏ရှေ့ရှိ စိမ်းပြာရောင် ကြွေထည်လက်ဖက်ရည်အိုးမှ တထောင်းထောင်းထနေသော ရေနွေးငွေ့များ ပျံ့လွင့်နေကာ အခန်းကို ကြွယ်ဝသော လက်ဖက်ရည်ရနံ့ဖြင့် ပြည့်နှက်သွားစေသည်။

“ဘယ်လောက်တောင်ကောင်းတဲ့ လက်ဖက်ရည်လဲ”

ဒုတိယခန်းမဆောင်သခင် ချိုင်ယွင်ရှန်းက သူ၏လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်ကာ ချီးကျူးစကားဆိုရင်း အသက်ပြင်းပြင်းရှိုက်လိုက်သည်။

ဟန်ရှောင်က သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်၏။

“ဒါက သဘာဝအတိုင်းပဲလေ... ဒီယွင်ရှန်းရွက်ငယ်လက်ဖက်ရွက်က နှစ်စဉ်နှစ်တိုင်း ၉လပိုင်း ၅ ရက်နေ့ရဲ့ မြူဆိုင်းတဲ့နံနက်ခင်းမှာ သုန်းလိုင်တောင်ကနေ ခူးဆွတ်တယ်... *မြောင်အချိန်မှာ မွေးဖွားတဲ့ မိန်းကလေးတွေကပဲ ဒီလက်ဖက်ရွက်တွေကို ဆွတ်ခူးခွင့်ရှိတယ်...ဟန်ယွမ်မြို့တော်တစ်ခုလုံးအတွက် နှစ်စဉ်ခွဲတမ်းက ငါးပေါင်အောက်ပဲ ရှိတာ...ငါကိုယ်တိုင်တောင် ဒီလက်ဖက်ရည်ကို သောက်ရတာ အရမ်းရှားပါးတယ်..မင်း ဒါကို မြည်းစမ်းခွင့်ရတာ ကံကောင်းတယ်လို့ မှတ်ထားလိုက်တော့...”

“ဒါကတော့ ငါ့ကို ပေးထားပြီးသား ဖြစ်နေပြီလေ"

ထို့နောက် ချိုင်ယွင်ရှန်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

“မင်းကိုကြည့်ရတာ ဒီနေ့ ထူးထူးခြားခြား ပျော်ရွှင်နေပုံပဲ...ကိစ္စကောင်းတစ်ခု ရှိနေလို့လား”

ဟန်ရှောင်က လက်ဖက်ရည်နောက်တစ်ငုံ သောက်ပြီးနောက် စိတ်ကျေနပ်စွာဖြင့် ပြောဆိုသည်။

“တကယ်တော့ ဖုန်းကျောက်ထင်နဲ့လင်းပုယန်ကြားက ပြိုင်ဆိုင်မှုက ဒီလောက်ထိ ကြာမြင့်နေခဲ့ပြီ...လက်ထောက်ခန်းမသခင်ရာထူးအတွက် ရလဒ်က မကြာခင်မှာ အပြီးသတ်တော့မယ်ထင်တယ်”

ချိုင်ယွင်ရှန်း၏မျက်လုံးများ တောက်ပသွားသည်။

“ဘယ်သူက အနိုင်ရမှာလဲ”

ဟန်ရှောင်က အားရပါးရ ရယ်မောလိုက်သည်။

“သူတို့နှစ်ယောက်ကြားမှာ သူတို့ရဲ့ကျင့်ကြံမှု ပါရမီအရည်အချင်းန သူတို့ဂိုဏ်းတွေရဲ့ ကျောထောက်နောက်ခံက တူညီလုနီးပါးပဲ... လက်ထောက်ခန်းမသခင်ရာထူးက နာမည်လေးတစ်ခုပဲ...ဘာလို့ နှစ်ယောက်လုံးကို မပေးရမှာလဲ”

ချိုင်ယွင်ရှန်း အံ့အားသင့်သွားကာ မျက်လုံးအပြူးသားဖြင့် မေးမြန်းလိုက်သည်။

“နှစ်ယောက်လုံး ဟုတ်လား... အရင်က မင်းက သူတို့ကို ဒီရာထူးက တစ်နေရာတည်းပဲ ရှိတယ်..ဒါကြောင့် သူတို့ ပြိုင်ဆိုင်ရမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တာ မဟုတ်လား”

“ပြိုင်ဆိုင်မှုက ကံကြမ္မာခန်းမဆောင်ရဲ့ကြီးထွားမှုအတွက် သော့ချက်ပဲ...သူတို့တွေ လက်ထောက်ခန်းမသခင်တွေ မဖြစ်ခင်ရော ဖြစ်ပြီးတဲ့နောက်မှာရော သူတို့အပေါ် ပုံမှန်အကဲဖြတ်မှုတွေလုပ်ပြီးတော့ စွမ်းဆောင်ရည် နိမ့်ကျတဲ့သူက ရာထူးကို ဆုံးရှုံးသွားလိမ့်မယ်”

ဟန်ရှောင်က ရှင်းပြသည်။

“ပြိုင်ဆိုင်မှုက မျှတမှုကို မြှင့်တင်ပေးပြီးတော့ အဆက်မပြတ် တိုးတက်လာမှုကို ဖြစ်စေနိုင်တယ်”

ချိုင်ယွင်ရှန်းက ခေါင်းညိတ်လိုက်သော်လည်း သူ ဤကိစ္စကို တစိုးတစိမျှ နားမလည်ခဲ့ချေ။ သူသည် လက်ဖက်ရည် နောက်တစ်ငုံ သောက်တော့မည့်ဆဲဆဲတွင် ဟန်ရှောင်၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားသည်ကို သူ သတိပြုမိသွားပေ၏။

“ဖူး....”

ဟန်ရှောင်၏ပါးစပ်မှ သွေးတစ်လုတ်ပန်းထွက်လာပြီး သူ၏ခန္ဓာကိုယ် ပြင်းထန်စွာတုန်ရီသွားသည်။ သူ၏နံဘေးပတ်လည်ရှိ ခိုင်မာသော အရှိန်အဝါသည် လေထဲမှ ဖယောင်းတိုင်ကို ငြိမ်းသတ်ခံလိုက်ရသကဲ့သို့ မှေးမှိန်သွားသည်။

“ခန်းမဆောင်သခင်...ဘာဖြစ်တာလဲ...”

ချိုင်ယွင်ရှန်းက မတ်တတ်ထရပ်လိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

ဟန်ရှောင်က သူ၏ လက်သီးကိုဆုပ်ရင်း ပြောဆိုသည်။

“ငါ့ရဲ့ကျင့်ကြံမှုက တန်ပြန်သက်ရောက်မှု ခံခဲ့ရတယ်… မင်း အမြန်သွားပြီး စုံစမ်းစစ်ဆေးစမ်း... ဖုန်းကျောက်ထင်နဲ့လင်းပုယန်တို့ တိုက်ခိုက်နေကြတာများလား”

သူသည် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ရိတ်သိမ်းရန်အတွက် သူတို့နှစ်ဦးသားကို ဂရုတစိုက် မျှတစေခဲ့သည်။ သူ တန်ပြန်သက်ရောက်မှု ခံစားခဲ့ရသဖြင့် တစ်ခုခုက ထိုဟန်ချက်ညီမှုကို ပျက်စီးစေခဲ့သည်ဟု ဆိုလိုခြင်းပင်။

ဖြစ်နိုင်သည်မှာ လင်းပုယန်သည် ဆေးလုံးတစ်ခြမ်းကို အသုံးပြုပြီး အဆင့်တက်ခဲ့ကာ ဖုန်းကျောက်ထင်ကို အနိုင်ယူရန် သွားရောကါရှာဖွေခဲ့သလော...

သိသာထင်ရှားသော အောင်ပွဲတစ်ခုသာလျှင် ဟန်ချက်ညီမှုကို ချိုးဖျက်ပြီး သူ့အပေါ် ဤကဲ့သို့ ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

သူ၏ စကားမဆုံးမီမှာပင် အကြီးအကဲလျိုပင်းရှန်း အခန်းထဲသို့ အလျင်စလို ပြေးဝင်လာပြီး လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဦးညွှတ်လိုက်သည်။

“ခန်းမဆောင်သခင်...ဒုတိယခန်းမဆောင်သခင်… သတင်းဆိုးပါပဲ... ကျွန်တော်တို့ ခုလေးတင် သတင်းရရှိခဲ့တယ်...ဖုန်းကျောက်ထင် အသတ်ခံလိုက်ရပြီ”

“ဖုန်းကျောက်ထင်… သေပြီ ဟုတ်လား”

ဟန်ရှောင်၏အမြင်အာရုံ မည်းမှောင်သွားပြီး သူ၏အသံသည် အလောသုံးဆယ် ဖြစ်နေသပေ၏။

“ဘယ်သူလုပ်ခဲ့တာလဲ...အဲ့ဒါက… လင်းပုယန်လား သူက ဘယ်လိုသတ္တိမျိုးနဲ့ ဒီလိုလုပ်ရဲတာလဲ”

သူ၏တန်ပြန်သက်ရောက်မှု အလွန်ပြင်းထန်ခဲ့ခြင်းမှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ဟန်ချက်ညီမှုသည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့လေပြီ။

“အကြီးအကဲလင်း မဟုတ်ပါဘူး”

လျိုပင်းရှန်းက အလျင်အမြန် ရှင်းပြသည်။

အလုံးစုံသိမြင်ဂိုဏ်းက သတင်းအချက်အလက်တွေအရ အကြီးအကဲဖုန်းကို သတ်ဖြတ်ပြီး ဆုကြေးငွေကို ယူဆောင်သွားခဲ့တာက လီယွဲ့အန်းပါ”

ဟန်ရှောင်၏မျက်နှာ ဒေါသကြောင့် နီမြန်းသွားသည်။

“အဲ့ဒီ လေလွင့်ကျင့်ကြံသူ.. ငါက သူ့ကို ဒီအချိန်တလျှောက်လုံး လျစ်လျူရှုခဲ့မိတယ်...သူက ငါ့ရဲ့ ကံကြမ္မာခန်းမဆောင်က လက်ထောက်ခန်းမသခင်ကိုတောင် သတ်ဖြတ်ဝံ့တယ်... ချိုင်ယွင်ရှန်း အဲ့ဒီလူယုတ်မာကောင်ကို ချက်ချင်းရှာစမ်း...ငါ သူ့ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်"

ချိုင်ယွင်ရှန်း မတုံ့ပြန်နိုင်မီမှာပင် လျိုပင်းရှန်းက တဖန်ထပ်၍ ရှေ့သို့တိုးလိုက်သည်။

“ခန်းမဆောင်သခင်...ကျေးဇူးပြုပြီးတော့ စိတ်အေးအေးထားပါ… တကယ်တော့ လီယွဲ့အန်းလည်း သေသွားပါပြီ”

“သူလည်း သေပြီ ဟုတ်လား...ဘယ်သူ သူ့ကို သတ်ခဲ့တာလဲ”

ဟန်ရှောင် ကြက်သေသေသွားသည်။

“အဲ့ဒါက အကြီးအကဲ လင်းပုယန်ပါ... အကြီးအကဲဖုန်း သေသွားတာကို သိပြီးတဲ့နောက်မှာ သူက အရမ်း ဒေါသထွက်ပြီးတော့ လီယွဲ့အန်းကို ခြေရာခံလိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်”

လျိုပင်းရှန်းက သတင်းပို့သည်။

ချိုင်ယွင်ရှန်း၏မျက်ခွံများ လှုပ်ခတ်သွားသည်။

“ဒါက သဘာဝမကျဘူး...ပထမဆုံးအချက်က သူတို့ သုံးယောက်က ဘာလို့ အတူတကွ ရှိနေမှာလဲ...ဒုတိယအချက်က တကယ်လို့ ဖုန်းကျောက်ထင် သေသွားရင် လင်းပုယန်က ပျော်နေရမှာလေ...ဘာလို့ သူက ဖုန်းကျောက်ထင်အတွက် လက်စားချေပေးမှာလဲ”

ဟန်ရှောင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။ သူသည် သူတို့ရှေ့တွင် လက်ထောက်ခန်းမသခင်ရာထူးကို ဘန်းပြထားစဥ်မှစ၍ သူတို့၏ဆက်ဆံရေး ပို၍ဆိုးရွားလာခဲ့သည်။ ရက်အနည်းငယ်အကြာက လင်းပုယန်သည် ဖုန်းကျောက်ထင်၏ ညီကိုပင် သတ်ဖြတ်ခဲ့လေ၏။ သူသည် ဖုန်းကျောက်ထင်အတွက် မည်သည်ကြောင့် ရုတ်တရက်ကြီး လက်စားချေပေးမည်နည်း။

အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ဟန်ရှောင်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“အလုံးစုံသိမြင်ဂိုဏ်းကနေ ရှင်းလင်းချက် တောင်းရမယ်..."

ထိုဂိုဏ်းသည် ဆုကြေးငွေကို ထုတ်ပြန်ခဲ့သောကြောင့် ဖုန်းကျောက်ထင်နှင့်လီယွဲ့အန်းတို့၏သေဆုံးမှုများကို အတည်ပြုခဲ့ရပေမည်။ ဖြစ်နိုင်သည်မှာ ဤကိစ္စ၏အတိမ်အနက်ကို သူတို့ ပို၍သိရှိနိုင်သည်။

ဟန်ရှောင်က ကံကြမ္မာစာလိပ်တစ်ခုကိုယူပြီး ဖြန့်ခင်းလိုက်သည်။ ထို့နောက် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ရပ် ထွက်ပေါ်လာပြီး ဖြန့်ခင်းထားသော စာလိပ်၏မျက်နှာပြင်ပေါ်တွင် မြူဆိုင်းသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

ဤသည်မှာ အလုံးစုံသိမြင်ဂိုဏ်းမှ ဟန်ယွမ်မြို့ဌာနခွဲ၏အကြီးအကဲဖြစ်ကာ အမဲလိုက်စာရင်း၏ ဒုတိယနေရာတွင်ရှိသော ယွဲ့လုံရှောင်ပင်။

“အရှင်ယွဲ့... အကြီးအကဲဖုန်းက ဘာဖြစ်သွားခဲ့တာလဲ”

ဟန်ရှောင်က တိုက်ရိုက်မေးမြန်းလိုက်သည်။

ယွဲ့လုံရှောင်က တွေဝေတုံ့ဆိုင်းပြီးမှ ပြန်ဖြေလိုက်သည်။

“နာရီဝက်အကြာက လီယွဲ့အန်းက အကြီးအကဲဖုန်းရဲ့ သွေးနဲ့အလောင်းကို ယူဆောင်လာပြီးတော့ ဆုကြေးငွေကို တောင်းဆိုခဲ့တယ်... အတည်ပြုပြီးတဲ့နောက်မှာ ငါတို့က ဆုငွေကို ထုတ်ပေးခဲ့တယ်....မကြာခင်မှာပဲ လင်းပုယန်က လီယွဲ့အန်းရဲ့အလောင်းနဲ့အတူ ရောက်လာပြီးတော့ ဆုကြေးငွေကို တောင်းဆိုခဲ့တယ်”

“တောင်းဆိုမှုနှစ်ခုကြားမှာ အချိန်ဘယ်လောက်ကြာသွားခဲ့လဲ”

ဟန်ရှောင်က ဖိအားပေးပြီး ထပ်မံမေးမြန်းလိုက်သည်။

“တခြားသူတွေအတွက်ဆိုရင် ငါ ဒါကို ထုတ်ပြောမှာ မဟုတ်ဘူး... ဒါပေမဲ့ ငါတို့ရဲ့ကြားက ဆက်ဆံရေးနဲ့ ကံကြမ္မာခန်းမရဲ လက်ထောက်ခန်းမသခင်နှစ်ယောက် ပါဝင်ပတ်သက်နေတာကြောင့် ငါ မင်းကို ပြောပြမယ်..အဲ့ဒီတောင်းဆိုမှုတွေကြားက အချိန်က လက်ဖက်ရည်တစ်ခွက် ဖျော်စပ်ချိန်စာထက် နည်းတယ်...ဒါ့ပြင် အဲ့ဒီကြားကာလမှာ လီယွဲ့အန်းက ဆုငွေတွေအားလုံးနဲ့ သူရဲ့စုဆောင်းငွေတွေကို လင်းပုယန်ဆီ လွှဲပြောင်းပေးခဲ့တယ်”

ယွဲ့လုံရှောင်က ဖော်ထုတ်လိုက်သည်။

ဤစကားများကို ကြားချိန်တွင် ဟန်ရှောင်၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။

“ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ငွေတွေကို လွှဲပြောင်းပြီးတော့ လီယွဲ့အန်းကို သတ်ခဲ့တာကိုကြည့်ရင် ဖုန်းကျောက်ထင် အသတ်ခံရတဲ့အချိန်မှာ လင်းပုယန်က အနီးအနားမှာ ရှိနေခဲ့ရမယ်လို့ ဆိုလိုတယ်...တစ်နည်းပြောရရင် သူကိုယ်တိုင် ဖုန်းကျောက်ထင်ကို သတ်ခဲ့တာတောင် ဖြစ်နိုင်တယ်"

“ဒါက မင်းရဲ့ထင်ကြေးသက်သက်ပဲ...အလုံးစုံသိမြင်ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး”

ယွဲ့လုံရှောင်က ဆက်သွယ်မှုကို မဖြတ်တောက်မီ ပြောဆိုလိုက်သည်။

ချိုင်ယွင်ရှန်းသည် သိသိသာသာ ထိတ်လန့်တုန်လှုပ်သွားပေ၏။

“ငါတို့က လင်းပုယန်ရဲ့စွမ်းအားကို သိထားပြီးသားလေ.... သူက ဖုန်းကျောက်ထင်ကို ဘယ်လို

လုပ်ပြီး အနိုင်ယူနိုင်မှာလဲ... ပြီးတော့ လီယွဲ့အန်း သူက လေလွင့်ကျင့်ကြံသူဖြစ်ပေမဲ့ ဆုကြေးငွေတွေအများကြီး ထုတ်ခံထားရတာကနေ နှစ်တွေအများကြီးကြာအောင် ရှင်သန်နေနိုင်လောက်အောင် အင်အားကြီးမားတယ်...လင်းပုယန်က ဘာလို့ ရုတ်တရက်ကြီး ဒီလောက်ထိ သန်မာအားကောင်းလာတာလဲ”

ဟန်ရှောင်က အချိန်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။

“သူက ဖုန်းယိကျိုးကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး.. သူရဲ့စွမ်းအားက သိသိသာသာ တိုးတက်လာလိမ့်မယ်... ဒါပေမဲ့ သူက ဒါကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တယ်...ချိုင်ယွင်ရှန်း ဖုန်းကျောက်ထင်ရဲ့ သေဆုံးမှု သတင်းကို ချည်မျှင်တစ်ထောင်ခန်းမဆီ ပေးပို့လိုက်စမ်း... သူတို့နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှုအကြောင်းကို မသိမသာ အရိပ်အမြွက်ပြခဲ့...ကျိုးယီအင်ပါယာက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ကြရအောင်”

“နားလည်ပါပြီ”

ချိုင်ယွင်ရှန်းက ခေါင်းညိတ်ပြီး ထွက်ခွာသွားသည်။ လျိုပင်းရှန်းကလည်း သူ၏နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။

တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဟန်ရှောင်သည် အဝေးသို့ စိုက်ကြည့်နေပြီး သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်သို့ ရောက်ရှိခြင်းသည် ရှေ့ဆက်လှမ်းမည့်အဆင့်တိုင်း အခက်အခဲများဖြင့် ပြည့်နှက်နေသည်ဟု ဆိုလိုသည်။ လင်းပုယန်သည် ဖုန်းကျောက်ထင်ကို ဤမျှထိ တိုတောင်းသော အချိန်အတွင်းလွယ်လင့်တကူ သတ်ဖြတ်နိုင်ခဲ့သဖြင့် သူ၏ လျင်မြန်သောတိုးတက်မှုသည် ထူးခြားသည်ဟု ဆိုနိုင်ပေ၏။

တစ်ချိန်တည်းမှာပင် ဟန်ယွမ်မြို့တော်၏ နန်းတော်၌....

မြွေပွေးဝတ်ရုံကိုဝတ်ဆင်ထားသော ဟန်ချန်ချောင်သည် သူ၏လက်ထဲမှ အစီရင်ခံစာကို စိုက်ကြည့်ရင်း အတွေးများအတွင်း နစ်မြောနေသည်။

“ဖုန်းကျောက်ထင်နဲ့လီယွဲ့အန်းကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တာလား… လင်းပုယန် ကျိုးယီအင်ပါယာကို ပြန်သွားတာက သူ့အတွက် သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေ ရလာခဲ့တဲ့ပုံပဲ”

သူက တီးတိုးရေရွတ်လိုက်သည်။

နောက်ထပ် စာရွက်စာတမ်းတစ်ခုကို ကြည့်ပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည်။

“တခြား ဘယ်သူမှ မသိနိုင်ပေမဲ့ ငါ သိတယ်...ငါ့ရဲ့ ညီ ဟန်ချန်ယဲ့က ဒီလူနဲ့ တိုက်ပွဲတစ်ခုမှာ ရင်ဆိုင်ရလိမ့်မယ်.... ဥာဏ်ရှိတဲ့လူတစ်ယောက်က အန္တရာယ်ရှိတဲ့ နံရံအောက်မှာ မရပ်ဘူး....ဒါက နည်းနည်းလေးမှ အဆင်အခြင်မရှိ ပြုမူတာပဲ”

အကယ်၍ ဤသည်မှာ ယခင်လင်းပုယန်သာ ဖြစ်ပါက သူ စိုးရိမ်မိမည်မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်၌ ထိပ်သီးကျင့်ကြံသူနှစ်ဦးကို ဆက်တိုက်သတ်ဖြတ်ပြီးနောက် လင်းပုယန်သည် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်သွားလေပြီ။

ဟန်ချန်ချောင်က အစေခံတစ်ဦးကို ဆင့်ခေါ်လိုက်သည်။

“ငါ့ရဲ့ အေးစက်ငရဲသံချပ်ကာကို ချန်ယဲ့ဆီ ပို့ပြီးတော့ တိုက်ပွဲအတွင်းမှာ ဒါကို ဝတ်ထားရမယ်လို့ သူ့ကို ပြောလိုက်စမ်း”

“ဟုတ်ကဲ့”

အချိန်တခဏကြာ စဉ်းစားပြီးနောက် ဟန်ချန်ချောင်က မတ်တတ်ထရပ်လိုက်သည်။

"ထားလိုက်တော့...ငါ ကိုယ်တိုင် သွားမယ်”

အစေခံသည် တွေဝေတုံ့ဆိုင်းသွားပေ၏။

“အရှင်မင်းကြီး... မှောင်ခိုဈေးကို အရှင်ကိုယ်တိုင် သွားတာက မသင့်တော်ဘူး မဟုတ်လား”

ဟန်ချန်ချောင်က ထိုအကြံပေးမှုကို ပယ်ချလိုက်သည်။

“ဘာကို မသင့်တော်ရမှာလဲ.....ငါ ငယ်ငယ်တုန်းကလည်း အဲ့ဒီလို တိုက်ပွဲတွေမှာ ပါဝင်ခဲ့ဖူးတယ်..ပုံတူအရေပြားတစ်ခုကို ပြင်ဆင်ထားစမ်း...ငါ့ကို ဘယ်သူမှ မမှတ်မိအောင် လုပ်ရမယ်"

အစေခံသည် လိုက်နာရုံမှတစ်ပါး တခြားမရှိတော့ပေ။

ယနေ့တွင် မှောင်ခိုဈေးကွက်သည် ယခင်ထက် ပို၍စည်ကားနေသည်။

“မှောင်ခိုဈေးက အရမ်းလျှို့ဝှက်ပြီးတော့ သေချာရွေးချယ်ထားတဲ့ လူနည်းစုအတွက်ပဲ ဖြစ်သင့်တာ မဟုတ်လား...ဘာလို့ ဒီလောက်ထိ လူတွေစည်ကားနေရတာလဲ”

ကျန်းရွှမ်က တွေးတောကာ ပြောဆိုလိုက်သည်။

ဖုယင်ယင်က အပြုံးနှင့် တုံ့ပြန်အဖြေပေးလေ၏။

“ရှင်က ဒီကိစ္စကို ဟန်ယွမ်တော်ဝင်မိသားစု မသိဘူးလို့ ထင်နေတာလား...တကယ်တော့ သူတို့က ဒီမှောင်ခိုဈေးမှာ အစုစပ်တွေ ပိုင်ဆိုင်တယ်...နှစ်စဉ် အမြတ်အစွန်းရဲ့ အနည်းဆုံး တစ်ဝက်လောက်က သူတို့ရဲ့ဘဏ္ဍာတိုက်ထဲကို တိုက်ရိုက်စီးဝင်တယ်..အဲ့ဒါကြောင့် ထပ်ခါတလဲလဲ နှိမ်နင်းမှုတွေရှိနေပေမဲ့ အရင်လူတွေက မှောင်ခိုဈေးကို နေရာအသစ်တစ်ခုမှာ ပြန်ဖွင့်နိုင်တာပဲ”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ စွန်းချန်က ဤမှောင်ခိုစျေးအကြောင်း သတင်းအချက်အလက်ကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ ဤ“မှောင်ခိုဈေး” သည် အမည်အတိုင်း လျှို့ဝှက်ထားခြင်းမရှိပေ။ ဤသည်မှာ သူ၏ အတိတ်ဘဝရှိ တချို့သောစျေးများကဲ့သို့ ပြောင်ပြောင်တင်းတင်း လည်ပတ်နေသည်။

“ရှင်တို့ရဲ့ လောင်းကြေးဆတွေကို အကဲဖြတ်ကြရအောင်”

ဖုယင်ယင်က ကျီစယ်သလိုအပြုံးနှင့် ပြောလိုက်ပြီး သူမ၏မျက်လုံးများတွင် သိလိုစိတ်များ ထင်ဟပ်နေသည်။ သူမသည် လင်းပုယန်၏လောင်းကြေးဆများ ပင်းယွမ်မင်းသား၏လောင်းကြေးဆများနှင့် မည်သို့ ယှဉ်ပြိုင်မည်ကို တွေ့မြင်ရန် စိတ်အားထက်သန်နေပေ၏။

All Chapters