← Chapters

ဆရာစား ချန်ထားခြင်း

Vol. 17 Ch. 233

ဆရာစား ချန်ထားခြင်း

Vol. 17 Ch. 233

"ကောင်းပြီလေ....မိုတောက်ဓားဆိုတာ ဓားရှည်တစ်မျိုးပဲ..ဒါက ဓားမကြီးရဲ့ အစွမ်းသတ္တိနဲ့ ဓားပြားရဲ့ပျော့ပျောင်းမှုတို့ကိုကို ပေါင်းစပ်ထားတယ်...ဒါပေမဲ့ ဓားမကြီးရဲ့အားနည်းချက်တွေက သိသာထင်ရှားတယ်....ဒီနည်းစနစ်က အဝေးတိုက်ခိုက်မှုတွေမှာ ထူးချွန်ပေမယ့် အနီးကပ် တိုက်ပွဲမှာတော့ ကန့်သတ်ခံရတယ်...မင်းရဲ့ ဓားသိုင်းကွက်က စမ်းချောင်းတစ်ခုလို အဆက်မပြတ် စီးဆင်းနေပြီးတော့ စွမ်းအားက အထင်ကြီးစရာပဲ....ဒါပေမဲ့ မင်း အဲ့ဒါကို ထုတ်သုံးလိုက်တိုင်း တိကျတဲ့ နေရာတစ်နေရာမှာ သွေဖည်မှုတစ်ခု ရှိနေတယ်..အဲ့ဒီ သွေဖည်မှုကြောင့် မင်း ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ တတိယအဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အရမ်း ခက်ခဲနေတာပဲ"

ကျန်းရွှမ်က သူ၏လေ့လာတွေ့ရှိချက်များကို အသေးစိတ်ကျကျ ရှင်းပြလိုက်သည်။

"သွေဖည်မှု ဟုတ်လား..."

မင်ကျန်းထောင် ကြက်သေသေသွားသည်။ သူသည် မိုတောက်ဓားနည်းစနစ်ကို ထပ်မံ၍ ထုတ်ဖော်အသုံးပြုလိုက်ပြီး နေရာတစ်နေရာအရောက်တွင် ရပ်တန့်လိုက်၏။

"ဒီနေရာလား..."

"အတိအကျပဲ"

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"မှန်ကန်တဲ့ မိုတောက်ဓားနည်းစနစ်အတိုင်းဆိုရင် ဓားမကြီးက အောက်ကို နိမ့်ဆင်းသွားပြီးတဲ့နောက်မှာ အလျားလိုက်ခုတ်ချက်အဖြစ် ဆက်သွားသင့်တယ်...ဒါပေမဲ့ မင်းက မင်းရဲ့စွမ်းအားကို ရုတ်တရက်ကြီး ပြန်ရုပ်သိမ်းလိုက်တယ်....အဲ့ဒါက စုစည်းထားတဲ့ ဓားချီစွမ်းအင်တွေကို ပြန့်ကျဲသွားစေရုံတင်မကဘဲနဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက စွမ်းအင်စီးဆင်းမှုကိုလည်း နှောင့်ယှက်လိုက်တယ်...ဒါက လက်သီးတစ်ချက် ထိုးလိုက်ပြီးမှ လမ်းတစ်ဝက်မှာ ရုတ်တရက်ကြီး တံတောင်တွက်နဲ့တွက်တဲ့ တိုက်ကွက်အဖြစ် ပြောင်းလိုက်သလိုပဲ... မင်းရဲ့တိုက်ခိုက်မှုထဲက စွမ်းအားအပြည့်ကို ဆုံးရှုံးသွားစေတယ်"

မင်ကျန်းထောင်၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

"ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ဆရာက ကျွန်တော့်ကို အတိအကျ ပြင်ဆင်ခိုင်းခဲ့တာ...သူက ဒီလိုလုပ်တာက ပြိုင်ဘက်တွေကို သတိလက်လွတ် ဖြစ်သွားစေလိမ့်မယ်လို့ ပြောခဲ့တယ်..."

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်သည်။

"ပြိုင်ဘက်တွေကို သတိလက်လွတ် ဖြစ်သွားစေဖို့ ရည်ရွယ်တယ်ဆိုရင်မင်းက ဒီဓားနည်းစနစ်ကို ဆက်တိုက်ပြောင်းလဲမှုခုနစ်မျိုးအထိ ချိတ်ဆက်နိုင်တယ်...လှုပ်ရှားမှုတိုင်းက နိမ့်ဆင်းလာတဲ့ ဓားချက်ကနေ စွမ်းအားကို ဆက်ပြီးသယ်ဆောင်သွားနိုင်တယ်...အဲ့ဒီ လှုပ်ရှားမှုကို ငါ့အပေါ် သုံးကြည့်စမ်း"

"ဟုတ်ကဲ့ပါအရှင်...."

မင်ကျန်းထောင်သည် ခေါင်းညိတ်ပြီး သူ၏မိုတောက်ဓားကို မြှောက်လိုက်သည်။ သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး သူ၏ဓားမကြီးကို အလွန်ရှုပ်ထွေးစွာကွေ့ဝိုက်ပြီး လှုပ်ရှားကာ ကျန်းရွှမ်၏ခေါင်းထံ ဦးတည်၍ ခုတ်ပိုင်းလိုက်၏။ ကျန်းရွှမ်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိုတောက်ဓားတစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ညင်သာသော ထိုးနှက်ချက်တစ်ခုဖြင့် သူ့ထံ တိုးဝင်လာသော ဓားချီစွမ်းအင်များ ပြန့်ကျဲသွားသည်။ မင်ကျန်းထောင်သည် သူ၏ရင်ဘတ်ထဲ၌ မွန်းကြပ်လာမှုကို ခံစားလိုက်ရပြီး သူ၏လက် စူးရှနာကျင်သွားကာ မိုတောက်ဓားကို လွှတ်ချလိုက်ရသည်။

ဝှစ်...

ကျန်းရွှမ်၏မိုတောက်ဓားသည် မင်ကျန်းထောင်၏လည်ပင်းအနီးတွင် ရပ်တန့်သွားလေ၏။

"ကျွန်တော်..."

မင်ကျန်းထောင်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ယင်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဤသည်မှာ ဓားနည်းစနစ်လေ့ကျင့်ခြင်းမျှသာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဤတစ်ကွက်တည်းသော လှုပ်ရှားမှုသည် သူ၏လည်ပင်းကို ထိုးဖောက်သွားပေလိမ့်မည်။

"ဒါဆိုရင် မင်းရဲ့ သိုင်းကွက်ကို ငါ ညွှန်ကြားခဲ့တဲ့အတိုင်း ပြင်ဆင်လိုက်စမ်း"

ကျန်းရွှမ်က လွတ်ကျသွားသော မိုတောက်ဓားကို သူ့ထံသို့ ပြန်ပစ်ပေးလိုက်ပြီး လှုပ်ရှားမှုကို ပြသလိုက်သည်။ မင်ကျန်းထောင်၏ ယခင် လုပ်ဆောင်ချက်နှင့် မတူညီဘဲ ကျန်းရွှမ်သည် သူ၏စွမ်းအားကို ပြန်ရုပ်သိမ်းမည့်အစား လျင်မြန်သော အလျားလိုက် ခုတ်ချက်ဖြင့် ဆက်လက်၍ လုပ်ဆောင်ခဲ့သည်။

မင်ကျန်းထောင်သည် အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားသော်လည်း ကျန်းရွှမ်၏နည်းလမ်းကို အတုခိုး၍ လိုက်လုပ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအင်စီးဆင်းမှု ချောမွေ့သွားသည်ကို ခံစားလိုက်ရပြီး မကြုံစဖူး သက်တောင့်သက်သာဖြစ်မှုကို ရရှိသည်။

တိုက်ပွဲတိုက်ခိုက်နေခြင်း မဟုတ်သည့်တိုင် ဤသည်မှာ ဓားနည်းစနစ်ကို အသုံးပြုရန် မှန်ကန်သောနည်းလမ်း ဖြစ်ကြောင်း သူ သိလိုက်ပြီး သူ၏ယခင်နည်းလမ်းတွင် ချို့ယွင်းချက်ရှိနေခဲ့ကြောင်း အတည်ပြုလိုက်၏။

သူသည် ဓားနည်းစနစ်ကို ဆယ်ကြိမ်ထက်မနည်း လေ့ကျင့်ခဲ့ပြီး အကြိမ်တိုင်းတွင် ပို၍အဆင်ပြေချောမွေ့လာသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှနေ၍ စွမ်းအင်ပေါက်ကွဲမှုတစ်ရပ် ပွင့်အံ့ထွက်လာသည်။

ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ဖြစ်သော ငြိမ်သက်ခြင်းနယ်ပယ်သို့ ရောက်ရှိခဲ့သည်မှာ မကြာသေးသော သူ၏စွမ်းအားများ နောက်တစ်ကြိမ် တိုးတက်သွားပေ၏။

"အရှင့်ရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်..အရှင်ကျန်း ကျွန်တော်က အကျိုးကျေးဇူးအများကြီး ရလိုက်တယ်....ဒီ ပြင်ဆင်မှုက ကျွန်တော့်အတွက်တင် မကဘူး... ကျွန်တော့် ဆရာ့ရဲ့ဓားနည်းစနစ်အတွက်လည်း အကျုံးဝင်နိုင်တယ်.... အရှင် ခွင့်ပြုမယ်ဆိုရင် ကျွန်တော် ပြန်ရောက်သွားတဲ့အချိန်ကျရင် ဒီထိုးထွင်းသိမြင်မှုကို သူနဲ့ မျှဝေချင်ပါတယ်"

သူ၏လေ့ကျင့်မှု ပြီးဆုံးသွားသည့်နောက် မင်ကျန်းထောင်သည် ကျန်းရွှမ်ကို ကျေးဇူးတင်မှုနှင့်တွေဝေတုံ့ဆိုင်းမှုတို့ ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"ငါ့ရဲ့ နည်းစနစ်ပြင်ဆင်မှုတွေကို မိုပိုင်ယဲ့နဲ့ မျှဝေတာက ကိစ္စမရှိဘူးဒါပေမဲ့..."

ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။

"ငါ သိချင်တာက.... မိုတောက်ကံကြမ္မာအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက ဘယ်လောက်ထိ နက်ရှိုင်းလဲ"

မင်ကျန်းထောင်က ခါးသည်းသောအပြုံးနှင့် တုံ့ပြန်သည်။

"မိုတောက်ကောင်းကင်ကံကြမ္မာကို ကျွန်တော့်ရဲ့ဆရာကိုယ်တိုင် ဖန်တီးခဲ့တာပါ...သူ့ရဲ့ နားလည် သဘောပေါက်မှုက တတိယအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ...ပြီးတော့ သူက နောက်တစ်ဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့ အစပျိုးနေပါပြီ"

"တတိယအဆင့်ရဲ့ အထွတ်အထိပ်....ဟုတ်လား.."

ကျန်းရွှမ်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

"သူ့ရဲ့နားလည်မှုက ဒီလောက်ထိ မြင့်မားနေရင် နည်းစနစ်ထဲက ချို့ယွင်းချက်တွေနဲ့ ဟာကွက်တွေကို သူ ဘယ်လိုလုပ်ပြီး သတိမပြုမိဘဲ နေမှာလဲ...ပြီးတော့ ဘာလို့ မင်းကို ဒီအတိုင်း ဆက်ပြီးလေ့ကျင့်ခိုင်းထားတာလဲ"

မင်ကျန်းထောင်၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဤသည်မှာ အမှန်ပင်။ မိုတောက်ကောင်းကင်ကံကြမ္မာကို ဖန်တီးသူအနေဖြင့် သူ့ဆရာ၏ နားလည်သဘောပေါက်မှုသည် ပြိုင်ဘက်ကင်း ဖြစ်သင့်ပေ၏။ ကျန်းရွှမ်သည် တစ်ချက် ကြည့်ရုံနဲ့ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိနိုင်လျှင် သူ၏ဆရာသည် မည်သည်ကြောင့် သူ့ကို ပြင်ဆင်ရန် လမ်းညွှန်မှုများမပေးခဲ့သနည်း...

"အချိန်ယူပြီး စဉ်းစားကြည့်အုံး..."

မင်ကျန်းထောင် အတွေးနက်နေသည်ကို မြင်တွေ့ချိန်၌ ကျန်းရွှမ်သည် ထပ်မံ၍ဖိအားမပေးတော့ချေ။ သူသည်လည်း ပလ္လင်ခွေထိုင်လိုက်ပြီး စတင်၍တွေးတောလိုက်သည်။

သူသည် မိုတောက်ကောင်းကင်ကံကြမ္မာ၏ တတိယအဆင့်ကို အစောပိုင်းကမှ တက်လှမ်းနိုင်ခဲ့ခြင်းပင်။ သို့ရာတွင် သူသည် မိုတောက်ဓားနည်းစနစ်အတွင်းမှ ချို့ယွင်းချက်များနှင့်ဟာကွက်များကို လွယ်လင့်တကူ ရှာဖွေတွေ့ရှိနိုင်ခဲ့သည်။ မိုပိုင်ယဲ့သည် ဓားနည်းစနစ်ကို ဖန်တီးသူဖြစ်သောကြောင့် ထိုချို့ယွင်းချက်များကို တွေ့မြင်နိုင်စွမ်းရှိသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သူသည် မည်သည်ကြောင့် ဤချို့ယွင်းချက်များကို မပြင်ဆင်ပေးရန် ရွေးချယ်ခဲ့သနည်း။

"ကျွန်တော် အခု သိသွားပြီ"

မင်ကျန်းထောင်က ရုတ်တရက် သက်ပြင်းချလိုက်သည်။ သူ၏မျက်နှာအမူအယာသည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပေ၏။

"အမ်...."

ကျန်းရွှမ်က လှမ်းကြည့်လိုက်သည်။

မင်ကျန်းထောင်က ရှင်းပြသည်။

"တစ်ခုတည်းသောကံကြမ္မာရဲ့ အခြေခံမူအရ ဆိုထားတာက တူညီတဲ့ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံတာက ပြိုင်ဆိုင်မှုတွေကို ဖြစ်စေနိုင်တယ်...သူတို့ရဲ့တပည့်တွေက သူတို့ကို ကျော်လွန်သွားမှာကို ရှောင်ရှားဖို့အတွက် ဆရာတွေက အသိပညာတချို့ကို တမင်သက်သက် ချန်ထားလေ့ ရှိတယ်...တစ်နည်းပြောရရင် သူတို့ သိသမျှ အရာအားလုံးကို သင်မပေးဘူး....ဒါက ကျွန်တော့်ရဲ့စီနီယာအစ်ကိုတွေရော ကျွန်တော်ပါ မိုတောက်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကို ရောက်ရှိခဲ့ကြပေမယ့် တတိယအဆင့်ကို ချိုးဖျက်ပြီး မဝင်ရောက်နိုင်ရတဲ့ အကြောင်းအရင်း ဖြစ်နိုင်တယ်"

"ဒါက..."

ကျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

ဆရာတစ်ယောက်သည် သူတို့၏တပည့်များကို သူတို့ထက် ကျော်လွန်သွားမည်အား တားဆီးရန်အတွက် တမင်သက်သက် ဆရာစားချန်ထားခြင်း...

ဤသဘောတရားသည် သူ့အတွက် အသစ်အဆန်း ဖြစ်နေသည်။

ပါမောက္ခကုန်းမြေတွင် ဆရာများသည် သူတို့၏တပည့်များကို ပြုစုပျိုးထောင်ရန်အတွက် အစွမ်းကုန်ပေးဆပ်ရန်ကိုသာ မျှော်လင့်ထားကြသည်။ သူတို့၏အသိပညာ အတတ်ပညာများကို တစိုးတစိမျှ ထိန်ချန်မထားချေ။ သူတို့၏ကိုယ်ပိုင်တပည့်များကို တမင်သက်သက်ဖျက်ဆီးရန် အတွေးမျိုး ရှိနေပါက တစ်လောကလုံး၏ပြစ်တင်ရှုတ်ချမှုကို ခံရပြီး ထာဝရ အရှက်တကွဲ ဖြစ်စေပေလိမ့်မည်။

မင်ကျန်းထောင်က ခေါင်းညိတ်လိုက်သည်။

"ဒါက တကယ်တော့ အရမ်းအဖြစ်များပါတယ်....ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ရဲ့တပည့်တွေကို သင်ပေးတဲ့အချိန်မှာ အရေးကြီးတဲ့ သိုင်းကွက်တွေကို ချန်ထားခဲ့ဖူးတယ်....တစ်ခုတည်းသော ကံကြမ္မာကြောင့် ဆရာတွေက တပည့်တွေ သူတို့ထက်သာလွန်မှာကို မလိုချင်ကြဘူး.... ပြီးတော့ ကျွန်တော်လည်း တပည့်တွေက ကျွန်တော့်ထက် သာလွန်သွားမှာကို မလိုချင်ဘူး"

"ခုန်းရှီက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူလို့ ဒီလောက်ထိ မြန်မြန်ဆန်ဆန် သတ်မှတ်ခံရပြီးတော့ ကံကြမ္မာခန်းမတစ်ခုလုံးက လိုက်လံ သတ်ဖြတ်ခံနေရလဲဆိုတာ အံ့အားသင့်စရာ မရှိတော့ဘူး..."

ကျန်းရွှမ်က ရေရွတ်လိုက်သည်။

ဤလောကကြီးအတွင်းရှိ လူများအားလုံး ဆရာစားချန်ထားချိန်တွင် ကိုယ်ကျိုးမဖက်ဘဲ အရာအားလုံးကို မျှဝေပေးပြီး တပည့်များကို ဆရာထက် သာလွန်ရန်ပင် အားပေးနေသော တစ်စုံတစ်ယောက်သည် ထူးဆန်းသူတစ်ယောက်အဖြစ် ထင်ရှားနေမည်မှာ သေချာပေါက်ပင်။

"အရှင်ကျန်း... ကျွန်တော် အခု ပြန်ပြီးလေ့ကျင့်တော့မယ်..."

မင်ကျန်းထောင်သည် သူ စကားများများပြောမိမှန်း နားလည်သဘောပေါက်သွားသဖြင့် ဦးညွှတ်အရိုအသေပြုပြီး နောက်ဆုတ်လိုက်သည်။ သူ၏နေရာသို့ ပြန်ရောက်ချိန်၌ သူသည် ကျန်းရွှမ် သင်ပေးခဲ့သော ဓားနည်းစနစ်ကို စတင်၍ကျင့်ကြံနေလေ၏။

ကျန်းရွှမ်က သူ့ကို လျစ်လျူရှုပြီး ကောင်းကင်ဘုံစာကြည့်တိုက်ရှိ မိုတောက်စွမ်းအင်မြစ်အပေါ် သုံးသပ်မှုကို လေ့လာရာတွင် အာရုံစိုက်လိုက်သည်။ ဤသည်မှာ သတ္တမအဆင့်ကံကြမ္မာတစ်ခုမျှသာ ဖြစ်သော်လည်း သူ၏လက်ရှိစွမ်းအားနှင့်ဆိုလျှင် ကြီးမားသော အကူအညီ ဖြစ်သည်။ ဤမိုတောက်ဓားနည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်သွားပါက ကြယ်စင်မြစ်နယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူကိုပင် ဓားချက်တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြစ်သွားစေနိုင်သည်။

ကျိုးယီမြို.... မိုတောက်ခန်းမ..

မိုပိုင်ယဲ့သည် ပလ္လင်ခွေထိုင်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ ကျင့်ကြံနေသည်။ ရုတ်တရက် သူသည် မတ်တတ်ထရပ်လိုက်ပြီး လေထုအတွင်းသို့ လက်ဆန့်တန်းလိုက်သည်။ နံရံကိုမှီထားသော မိုတောက်ဓားတစ်လက်သည် သူ၏ လက်ထဲသို့ ပျံသန်းလာပေ၏။

အလွန်မှန်ကန်တိကျမှုဖြင့် သူသည် ဓားနည်းစနစ်ကို တစ်ဆက်တည်းထုတ်ဖော်လိုက်သည်။ သူ၏ဓားချက်များသည် ရေစီးဆင်းနေသည့်အလား အဆင်ပြေချောမွေ့နေသည်။

အကယ်၍ မင်ကျန်းထောင်သာ ရှိနေခဲ့လျှင် ဤသည်မှာ မိုပိုင်ယဲ့ သင်ပေးခဲ့သော ချို့ယွင်းနေသည့် ပုံစံမဟုတ်ဘဲ ကျန်းရွှမ် ပြုပြင်မွမ်းမံခဲ့သော ဓားနည်းစနစ်နှင့်အတိအကျ တူညီနေကြောင်း သူ ချက်ချင်း မှတ်မိသွားပေလိမ့်မည်။

ဝီ...

ဓားကွက်များကို ထုတ်ဖော်နေစဥ်မှာပင် သူ၏ လက်ထဲမှ မိုတောက်ဓား ရုတ်တရက်တုန်ခါသွားသည်။ မိုပိုင်ယဲ့သည် အံ့အားသင့်သွားပြီး သူ၏ အကြည့်ကို ထောင့်တစ်နေရာမှ အမွှေးတိုင်ရှည် တစ်တိုင်ထံသို့ ရွှေ့ပြောင်းလိုက်သည်။ ထိုအရာသည် အလိုအလျောက် မီးတောက်လာပြီး မိုတောက်ဓားပုံသဏ္ဌာန်အဖြစ် စုစည်းသွားသော ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းများကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ကျန်းရွှမ် မိုတောက်ကံကြမ္မာ၏ ဒုတိယအဆင့်ကို နားလည်သဘောပေါက်ခဲ့စဉ်ကနှင့် တူညီပြီး တစ်စုံတစ်ယောက် အဆင့်ချိုးဖျက်သွားခြင်း၏လက္ခဏာပင်။ သို့ရာတွင် ဤတစ်ကြိမ်တွင် အမွှေးတိုင်သုံးတိုင် လောင်ကျွမ်းခဲ့ပြီး ပို၍ကြီးမားသော စွမ်းအားမြင့်တက်မှုဟု ဆိုလိုပေ၏။

"တစ်ယောက်ယောက်က တတိယအဆင့်ကို ရောက်သွားတာလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

သူ၏ဓားကို ရုပ်သိမ်းလိုက်ပြီးနောက် မိုပိုင်ယဲ့၏ မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။

"မိုတောက်ဓားဆိုတာ ဖိုဓာတ်ပြင်းထန်တဲ့ လက်နက်တစ်ခု....တတိယအဆင့်ကို ထိုးဖောက်ဖို့ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ယန်စွမ်းအင် လိုအပ်တယ်...မိုဟုန် မိုချင်းနဲ့မင်ကျန်းထောင်တို့ထဲမှာ ဘယ်သူမှ ဒီလိုစွမ်းအင်မျိုး မပိုင်ဆိုင်ဘူး.. ဘယ်သူက ဒါကို အောင်မြင်နိုင်ခဲ့တာလဲ"

ဤကိစ္စသည် သူ့အတွက် အဓိပ္ပာယ် မရှိချေ။ သူ၏တပည့်များ သူ့ထက် သာလွန်သွားခြင်းမှ တားဆီးရန် သူသည် သူတို့၏နည်းစနစ်များကို ပြောင်းလဲခဲ့ရုံတင်မကဘဲ သူတို့၏ ရုပ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံများကိုလည်း အားနည်းစေခဲ့သည်။ သူသည် သူတို့ကို အသက်စွမ်းအားများလျော့ကျစေခဲ့သည့်အပြင် ပန်းသေပန်းညှိုး ဖြစ်စေသည်အထိ ပြုလုပ်ထားခဲ့သည်။

ထိုအကြောင်းအရင်းများအရ သူ၏တပည့်များအနက် တစ်ဦးတစ်ယောက်မျှ တတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ ထိုသို့ဆိုသည့်တိုင် အမွှေးတိုင်လောင်ကျွမ်းခြင်း၏ ငြင်းမရနိုင်သော အမှန်တရားက သူ့ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ခံနေရသကဲ့သို့ ခံစားရစေသည်။

သူသည် အမွှေးတိုင်ငွေ့များ၏လမ်းကြောင်းကို အနီးကပ်လေ့လာလိုက်၏။

"ဒီအငွေ့တွေက အရှေ့တောင်ဘက်ကို လွင့်နေတယ်... ဟန်ယွမ်အင်ပါယာဘက်ကိုပဲ... ဒါက မင်ကျန်းထောင်များ ဖြစ်နေမလား.."

မိုပိုင်ယဲ့၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မိုချင်း အသတ်ခံခဲ့ရသည်ကို သူ သိထားပြီး လင်းပုယန်၏ သေဆုံးမှုသတင်းကိုလည်း ယခုလေးတင် သူ ရရှိထားသည်။ အဆင့်ချိုးဖျက်သွားသူသည် မင်ကျန်းထောင် ဖြစ်နေသလော...။

သူသည် ဤအဆင့်ချိုးဖျက်မှုမှ ထွက်ပေါ်လာသော ကောင်းကင်ကံကြမ္မာစွမ်းအင်ကို အနည်းငယ်စုပ်ယူရန် မျှော်လင့်ရင်း အာရုံခံရန် ကြိုးစားသော်လည်း လုံးလုံးလျားလျား ဗလာနတ္ထိ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ မင်ကျန်းထောင်သာ အဆင့်ချိုးဖျက်ခဲ့လျှင် သူ၏တပည့်ရင်းတစ်ယောက်အနေဖြင့် မိုပိုင်ယဲ့သည် အကျိုးကျေးဇူး အနည်းငယ် ရရှိသင့်သည်။ ယခုကဲ့သို့ အဆက်အသွယ်ပျောက်ဆုံးနေခြင်းက သူ့ကို သံသယများအား ခံစားရစေသည်။

"ထားလိုက်တော့....သူ ပြန်လာတဲ့အခါမှ ငါ သူ့ကို မေးတော့မယ်..."

အခြေအနေကို နားမလည်နိုင်တော့သဖြင့် မိုပိုင်ယဲ့က လျစ်လျှူရှုလိုက်ကာ သူ၏လက်ကိုဝှေ့ယမ်းလိုက်သည်။

"မိုဟုန်ကို လွှတ်လိုက်စမ်း"

မိုဟုန်သည် သူ၏အကြီးဆုံး တပည့်ဖြစ်ပြီး အသက် လေးဆယ်ကျော်အရွယ် လူလတ်ပိုင်း အမျိုးသားတစ်ဦးပင်။ သူ၏ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်ဖြစ်သော ငြိမ်သက်ခြင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိသည်။ မိုတောက်ကံကြမ္မာအပေါ် သူ၏နားလည်မှုသည် ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ပြီး မင်ကျန်းထောင်နှင့်မိုချင်းတို့ထက် များစွာပို၍သာလွန်သည်။

"ဆရာကို အရိုအသေပြုပါတယ်"

မိုဟုန်က ခန်းမထဲသို့ ဝင်ရောက်လာသည်။

"မင်ကျန်းထောင်က ကိစ္စတစ်ခုကို သွားပြီးစုံစမ်းစစ်ဆေးနေပြီးတော့ သူ ဒီနေ့ ပြန်ရောက်လာလိမ့်မယ်"

မိုပိုင်ယဲ့က မတ်တတ်ထရပ်ပြီး ပြောဆိုလိုက်၏။

"သူ ရောက်လာတဲ့အချိန်ကျရင် မင်းက သူ့ရဲ့ စွမ်းအားကို စမ်းသပ်ပြီးတော့ ငါ့ကို ပြန် သတင်းပို့စေချင်တယ်"

"ဟုတ်ကဲ့"

မိုဟုန်က ခေါင်းညိတ်လိုက်သည်။

"သူသာ သူ့ရဲ့စွမ်းအားအပြည့်ကို ထုတ်ဖော်ပြခဲ့ရင် မင်းက အလျှော့မပေးနဲ့...မဟုတ်ရင် မင်းက သူ့ရဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်ဘူး... မင်း သံသယဖြစ်စရာတစ်ခုခုကို အာရုံခံမိရင် သူ့ကို နေရာမှာတင် ရှင်းပစ်လိုက်စမ်း"

မိုပိုင်ယဲ့၏အသံသည် တည်ငြိမ်သော်လည်း ကြက်သီးထဖွယ် ရည်ရွယ်ချက်တစ်ခုကို ဆောင်ကျဥ်းလာသည်။

"ဒါက..."

မိုဟုန်သည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"နားလည်ပါပြီ... ဆရာ တကယ်လို့ ဒုတိယဂျူနီယာညီလေးကသာ ဂိုဏ်းကို သစ္စာဖောက်တဲ့ ဘယ်အရာကိုမဆို လုပ်ခဲ့ရင် ကျွန်တော်က သနားညှာတာမှုကို ပြသမှာ မဟုတ်ဘူး"

မိုပိုင်ယဲ့ ပြုစုပျိုးထောင်ခဲ့သော သစ္စာရှိတပည့်တစ်ဦးအနေဖြင့် မိုဟုန်သည် သူ့ဆရာ၏အမိန့်များကို အကောင်အထည်ဖော်ရန် မည်သည့်သံသယမျှ မရှိချေ။

ဤကိစ္စကိုစီစဉ်ပြီးနောက် မိုပိုင်ယဲ့က သက်ပြင်းရှည်ကြီး ချလိုက်သည်။

.....

"နောက်ဆုံးတော့... ငါ ကျွမ်းကျင်သွားပြီ..."

သံအကြေးခွံတောင်ပံသားရဲ၏အထက်တွင် မတ်တတ်ရပ်နေသော မင်ကျန်းထောင်သည် ပြုပြင်ထားသော မိုတောက်ဓားနည်းစနစ်ကို မနေမနားဆက်လက်၍ လေ့ကျင့်နေသည်။ နောက်ဆုံးတွင် သူသည် ကျန်းရွှမ်၏သင်ကြားမှုများမှ သိမ်မွေ့မှုများကို အပြည့်အဝ နားလည် သဘောပေါက်သွားသည်။

သူ၏ဓားချက်တိုင်းသည် ယခုအချိန်၌ ဓားချီစွမ်းအင်ကို တိကျစွာ ထုတ်လွှတ်နိုင်လေပြီ။ သူ၏စွမ်းအားများသည်လည်း နှစ်ဆတိုးလာခဲ့ပေ၏။ မကြာသေးမီက သူ၏ကျင့်ကြံဆင့်ချိုးဖျက်မှုများနှင့် ပေါင်းစပ်လိုက်ချိန်၌ မင်ကျန်းထောင်သည် ဟန်ယွမ်မြို့သို့လာသော ရက်အနည်းငယ်အတွင်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့သည်။

"ကျွန်တော်ရဲ့ဆရာက ကျွန်တော့်ကို သင်ပေးခဲ့တဲ့ ဓားနည်းစနစ်မှာ ပြဿနာတွေ ရှိခဲ့တယ်ဆိုတာ အခု ရှင်းသွားပြီ..."

သူ၏စိတ်ထဲမှ သက်ပြင်းချရင်း သူ၏ အကြည့်သည် အဝေးရှိ ကျန်းရွှမ်၏ပုံရိပ်ထံသို့ ကျရောက်သွားသည်။ ထိုလူ၏ဝင်ရောက်စွက်ဖက်မှုသာ မရှိခဲ့ပါက သူသည် ဒုတိယအဆင့်တွင် ဆယ်စုနှစ်ပေါင်းများစွာ ပိတ်မိနေပြီး တတိယအဆင့်သို့ မည်သို့မျှ ချိုးဖျက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

"ငါက ဒီအသစ်သင်ယူထားတဲ့ ဓားနည်းစနစ်ကို ငါ့ဆရာရဲ့ရှေ့မှာ ပြသသင့်လား"

မင်ကျန်းထောင်သည် တွေဝေတုံ့ဆိုင်းသွားပြီး သူ ရှေ့ဆက်ရမည့် နောက်ထပ်ခြေတစ်လှမ်းကို စဉ်းစားတွေးတောလိုက်သည်။

All Chapters