← Chapters

ရှောင်ကျိုး

Vol. 12 Ch. 174

ရှောင်ကျိုး

Vol. 12 Ch. 174

ကုန်သွယ်ရေးအိမ်တော်သည် သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အဖြူရောင်ကျောက်တုံးမြို့ထက် များစွာပို၍စည်ကားသည်။

ခန်းမဆောင်၏ဘေးနှစ်ဖက်တွင် ဆေးဖက်ဝင်အပင်များ လက်နက်များနှင့် သံချပ်ကာများမှစ၍ အဖိုးတန်ရှားပါးသော သားရဲသားရေများနှင့်ရတနာများအထိ အရာအားလုံးကို ရောင်းချသောဆိုင်များ တန်းစီနေသည်။ ကျန်းရွှမ် လျှောက်သွားရင်း သတင်းအချက်အလက်များ မည်သည့်နေရာတွင် စုဆောင်းရမည်ကို စဉ်းစားနေစဉ် ရင်းနှီးသောအသံတစ်ခုက သူ၏အာရုံကို ဖမ်းစားလိုက်သည်။

"အမေ...သား ရှန်ကျားသကြားလုံး စားချင်တယ်..."

နူးညံ့ပြီးကလေးဆန်သောအသံသည် ချိုမြိန်သောအပြစ်ကင်းစင်မှုတို့ဖြင့် လွှမ်းခြုံနေသည်။ ကျန်းရွှမ်က လှည့်ကြည့်လိုက်ရာ ရှန်ကျားသကြားလုံးဆိုင်တစ်ဆိုင်ရှေ့တွင် သုံးနှစ်အရွယ်ကလေးတစ်ဦးနှင့်အတူ မတ်တတ်ရပ်နေသော သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ဤသည်မှာ ယခင်က သူ ကယ်တင်ခဲ့သော သားအမိနှစ်ယောက်ဖြစ်သည့် ရှောင်ယင်းနှင့် ရှောင်ကျိုးတို့ပင်။

"သားက အခု နေမကောင်းဖြစ်နေတော့ အချိုတွေ စားလို့မရဘူး...သား နေကောင်းသွားရင် အမေက သားအတွက် သကြားလုံးအကြီးကြီးတစ်ချောင်း ဝယ်ပေးမယ်"

ရှောင်ယင်းက နူးညံညင်သာစွာ ပြောဆိုလိုက်၏။

ရှောင်ကျိုးက နှုတ်ခမ်းစူလိုက်သော်လည်း နာခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့...သား နေကောင်းသွားတဲ့အထိ စောင့်မယ်...သားနေကောင်းသွားရင် ကျွန်တော်က ဒီအိမ်လောက်ကြီးတဲ့ သကြားလုံးအကြီးကြီးတစ်ချောင်းကို လိုချင်တယ်..."

"လိမ္မာလိုက်တဲ့ သားလေး"

ရှောင်ယင်းက နွေးထွေးစွာ ပြုံးလိုက်သည်။ သူမ သူ့ကို ကောက်ချီတော့မည်အပြုတွင် ရှောင်ကျိုး၏မျက်လုံးများ တောက်ပသွားသည်။

"သူရဲကောင်းဦးဦးပဲ...သူရဲကောင်းဦးဦး..."

သူသည် သူ၏ခြေထောက်ငယ်လေးများ တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားကာ ကျန်းရွှမ်ထံသို့ ပြေးသွားသည်။

ရှောင်ယင်း၏စိတ်နှလုံးသား လေးလံသွားသည်။ သူမသည် ထိုလူကို မှတ်မိပေ၏။ ဤသည်မှာ သူမတို့ကို လျန်ဟောင်တို့လူစု၏လက်မှ ကယ်တင်ခဲ့သော ကျေးဇူးရှင်ပင်။ သို့ရာတွင် ထိုလူသည် ပုရွှီခန်းမဆောင်၏ ကြောက်မက်ဖွယ်ကောင်းသော အရှင်သခင်လင်းပုယန်လည်း ဖြစ်နေသည်။

သာမန်အခြေအနေတွင် သူမသည် သူမ၏ကျေးဇူးတင်မှုကို ဖော်ပြရန် စိတ်အားထက်သန်နေပေမည်။ ယခုချိန်၌မူ သူမသည် သူ၏အထောက်အထားကို သိရှိထားသဖြင့် တွေဝေတုံ့ဆိုင်းနေသည်။ သို့ရာတွင် ရှောင်ကျိုးသည် ကျန်းရွှမ်ထံသို့ ရောက်ရှိသွားသဖြင့် သူမသည် နောက်မှလိုက်သွားရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိတော့ချေ။

သူမက အနည်းငယ်ဦးညွှတ်ပြီး ပြောဆိုလိုက်၏။

"ကျေးဇူးရှင် ကျွန်မတို့ ထပ်တွေ့ကြပြန်ပြီ..."

ကျန်းရွှမ်က ဒူးထောက်ထိုင်ချပြီး ကလေးကိုကြည့်ကာ ပြုံးပြလိုက်သည်။

"ရှောင်ကျိုး ဟုတ်တယ်မလား...မင်းက ရှန်ကျားသကြားလုံး စားချင်လို့လား..."

ရှောင်ကျားက ခေါင်းညိတ်ပြသည်။

"ဟုတ်ကဲ့...သူရဲကောင်းဦးဦး အဲ့ဒါက အရမ်းစားလို့ကောင်းတယ်...ဒါပေမဲ့ အမေက ကျွန်တော် နေကောင်းမှ စားရမယ်လို့ ပြောတယ်"

သူ၏မျက်လုံးများအတွင်းတွင် မျှော်လင့်တောင့်တမှုများဖြင့် တောက်ပနေသော်လည်း သူက ထပ်မံ၍ အလျင်အမြန် ပြောဆိုသည်။

"ဒါပေမဲ့ အဆင်ပြေပါတယ်...ကျွန်တော်က သက်သာနေပြီ...နေကောင်းသွားရင် ကျွန်တော် ကြိုက်သလောက် စားလို့ရပြီ..."

ကျန်းရွှမ်က ကလေး၏ဆံပင်ကို ပွတ်သပ်လိုက်သည်။

"ဘယ်လောက်တောင် လိမ္မာရေးခြားရှိတဲ့ ကလေးလေးလဲ"

ထို့နောက် သူသည် ရှောင်ယင်းဘက်သို့လှည့်ပြီး မေးမြန်းလိုက်၏။

"ရွက်နီမြက်က အာနိသင်ဘယ်လိုရှိလဲ... အဲ့ဒါ သူ့ကို လုံးဝပျောက်ကင်းသွားအောင် ကုပေးနိုင်မှာလား"

"ဟုတ်ကဲ့ ကုပေးနိုင်မှာပါ"

ရှောင်ယင်းက ခပ်တောင့်တောင့်လေသံဖြင့် အလျင်အမြန် တုံ့ပြန်အဖြေပေးသည်။

"ကောင်းပြီလေ..."

ကျန်းရွှမ်က ခေါင်းညိတ်ပြလိုက်သည်။

"ငါ့မှာ ကိစ္စတချို့ ရှိလို့ သွားခွင့်ပြုပါအုံး...ဂရုစိုက်ပါ"

သူမသည် သူ၏အထောက်အထားကို သိရှိသွားပြီး သတိထားနေသည်ကို မြင်တွေ့ချိန်၌ သူ ဤနေရာ၌ ဆက်မနေရန် ဆုံးဖြတ်လိုက်သည်။ သူသည် နောက်ထပ်စကားတစ်ခွန်းမျှမဆိုဘဲ ထွက်ခွာသွားပြီး ရှောင်ယင်းကမူ ရှောင်ကျိုးကို အလျင်အမြန် ကောက်ချီကာ ဆေးခန်းဘက်သို့ ဦးတည်သွားသည်။

ဤအချိန်ခဏတာတွေ့ဆုံမှုသည် ကျန်းရွှမ်ကို မတုန်လှုပ်စေခဲ့ချေ။ ဤသည်မှာ သေးငယ်သော အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။ မကြာမီမှာပင် သူသည် အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင် ရောက်ရှိသွားပြီး ပေါ့ပေါ့ပါးပါး အသေးအဖွဲပစ္စည်းတစ်ခုကို ဝယ်ယူကာ ဆိုင်ရှင်နှင့် စကားစမြည်ပြောဆိုလိုက်၏။

"ဆိုင်ရှင်...ပုရွှီခန်းမဆောင်လို့ခေါ်တဲ့ နေရာအကြောင်းကို ကြားဖူးလား.. "

စကားများသော လူလတ်ပိုင်းအရွယ် ဆိုင်ရှင်သည် ချက်ချင်းဆိုသလိုပင် စိတ်အားထက်သန်လာသည်။

"ငါ ကြားဖူးတာပေါ့.. ဒါက မြို့ထဲက ခန်းမဆောင်ကြီးတွေထဲက တစ်ခုပဲ...မြောက်ပိုင်းခရိုင်မှာ တည်ရှိတယ်...လူတော်တော်များများ အဲ့ဒီနေရာကို သင်ယူဖို့သွားကြပြီး သူတို့ရဲ့ ဓားမကြီးနည်းစနစ်တွေက ထိပ်တန်းအဆင့်ပဲ"

"ငါကလည်း နည်းစနစ်တချို့ကို သင်ယူမလို့ပါ.... မင်းက အဲ့ဒီခန်းမဆောင်ရဲ့နေရာအတိအကျကို ညွှန်ပြပေးနိုင်မလား"

ကျန်းရွှမ်က သူ့ကို ရင်းမြစ်ဒင်္ဂါးတစ်ပြား လက်ကမ်းပေးလိုက်သည်။

ဆိုင်ရှင်၏မျက်လုံးများ တောက်ပသွားပြီး ပုရွှီခန်းမဆောင်အတွက် အသေးစိတ်လမ်းညွှန်ချက်များကို ပြောဆိုလေ၏။

ကျန်းရွှမ် ထိုနေရာသို့ သွားတော့မည်အပြုတွင် ဓားများကိုင်ဆောင်ထားသော အနက်ရောင်ဝတ်စုံဝတ်ထားသော လူတစ်စုသည် လူအုပ်ကြီးကိုဖြတ်သန်း၍ ရှေ့သို့တိုးဝင်လာသည်။

"မျက်ကန်းကောင်တွေ...ဘေးဖယ်ကြစမ်း..."

သူတို့သည် လူနှစ်ယောက်ကို တွန်းတိုက်မိသဖြင့် ထိုလူများ လဲကျသွားသည်။ သို့ရာတွင် သူတို့သည် မရပ်တန့်ဘဲ မောက်မာထေင်လွှားစွာဖြင့် လျစ်လျူရှုကာ ရှေ့သို့တိုးဝင်သွားသည်။

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့က ဘယ်သူတွေလဲ..."

သူက ဆိုင်ရှင်ကို မေးမြန်းလိုက်၏။

"အဲဒါတွေက ကုန်သွယ်ရေးအိမ်တော်ရဲ့ စည်းကမ်းထန်းသိမ်းသူတွေပဲ"

ဆိုင်ရှင်က ပြောဆိုသည်။

"သူတို့က ကုန်သွယ်ရေးအိမ်တော်အတွင်းက ကိစ္စတွေအားလုံးကို ကိုင်တွယ်တယ်...သူတို့က ရက်စက်ကြမ်းတမ်းတဲ့ အပြုအမူတွေကြောင့် နာမည်ကြီးတယ်...ဒါကြောင့် သူတို့ရဲ့လမ်းကနေ ရှောင်နေတာက အကောင်းဆုံးပဲ"

ဆိုင်ရှင် ပြောသည့်အတိုင်းပင် ဒဏ်ရာရသူများသည် စောဒကတက်ခြင်းမရှိဘဲ ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်ကာ အလျင်အမြန် ထွက်ခွာသွားကြသည်။

ကျန်းရွှမ်သည် အချိန်နခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ လောကကြီးအတွင်း၌ မတရားမှုများဖြင့် ပြည့်နှက်နေသဖြင့် သူသည် အရာအားလုံးကို ဝင်ရောက်စွက်ဖက်၍မရချေ။

သူ ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဥ်မှာပင်စည်းကမ်းထိန်းသိမ်းသူများ၏ လားရာဘက်မှ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် တိုက်ပွဲတစ်ပွဲ၏ဆူညံသံများကို ကြားလိုက်ရသည်။

"တစ်ယောက်ယောက်က စည်းကမ်းဖောက်ဖျက်လို့ထင်တယ်"

ဆိုင်ရှင်က မှန်းဆလိုက်သည်။

ကျန်းရွှမ်က လှမ်းကြည့်လိုက်ရာ လူအများစုရုံးနေသည်ကို မြင်တွေ့လိုက်ရပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေလေ၏။

"မိုက်မဲတဲ့ကောင်...မင်းက ကုန်သွယ်ရေးအိမ်တော်ကနေ ဆေးပင်တွေကို ခိုးရဲတာလား...မင်းက သေချင်နေတာပဲ"

ကျယ်လောင်သောအော်ငေါက်သံတစ်သံ ထွက်ပေါ်လာသည်။

"ကျွန်တော် မခိုးခဲ့ဘူ... ဒီဆေးပင်က ကျွန်တော်တို့ဟာ..."

အားနည်းသော ချေပပြောဆိုသံတစ်သံ ထွက်ပေါ်လာပေ၏။

ကျန်းရွှမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် ဤအသံကို ရင်းနှီးနေပေ၏။

"ကျွန်တော် ကျိန်ဆိုပါတယ်...ကျွန်တော့်ရဲ့အဖေ က မခိုးခဲ့ပါဘူး....ကျွန်တော့်ရဲ့ အမေနဲ့ အဖေက ဒီဆေးပင်တွေကို တောင်တန်းတွေထဲမှာရှာဖွေပြီး စုဆောင်းခဲ့တာပါ..."

ကလေးငယ်တစ်ဦးက ငိုယိုရင်း တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။

ကျန်းရွှမ်၏စိတ်နှလုံးသား လေးလံသွားသည်။

"ရှောင်ကျိုးလား...."

ယုဖေးတို့မိသားစုသည် သူ သူတို့ကို ပြန်ပေးခဲ့သော ရွက်နီမြက်ကြောင့် နောက်တစ်ကြိမ် ပစ်မှတ်ထားခြင်းကို ခံနေရသလော...

ကျန်းရွှမ်၏မျက်နှာအမူအယာ သုန်မှုန်သွားပြီး သူသည် လူအုပ်ကြီးကိုဖြတ်သန်း၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောနေရာသို့ တိုးဝင်သွားသည်။

သူ သူတို့ထံသို့ မရောက်မီမှာပင် စည်းကမ်းထိန်းသိမ်းသူများ၏ခေါင်းဆောင်ဖြစ်သော အိမ်တော်ထိန်းက အော်ငေါက်လိုက်သည်။

"ကောင်စုတ်လေး...ကိုယ့်နေရာကိုယ် မသိဘူး... တကယ်လို့ မင်းတို့က အဲ့ဒါကို မပေးဘူးဆိုရင် ငါက ဒီကလေးကို အရင်ဆုံးသတ်ပစ်မယ်..."

"မဟုတ်ဘူး...ရှောင်ကျိုး...."

ရှောင်ယင်း၏နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်သောအသံ ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ်သည် မြေပြင်ပေါ်သို့ လူများ လဲကျသွားသည့် အသံများနှင့် ယုဖေး၏စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သောအသံကို ကြားလိုက်ရသည်။

"ရှောင်ယင်း....ရှောင်ကျိုး...ငါက မင်းတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်"

အခြေအနေဆိုးရွားနေကြောင်း သိလိုက်ချိန်၌ ကျန်းရွှမ်သည် လူအုပ်ကြီးကို အတင်းအကြပ် ဖြတ်ကျော်လိုက်၏။

သူ ထိုနေရာသို့ ရောက်ရှိသွားချိန်တွင် ယုဖေးသည် ခြေထောက်တစ်ဖက်ကျိုးကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ရှောင်ယင်းသည် ရှောင်ကျိုးကို ပွေ့ဖက်ထားပြီး သူတို့နှစ်ယောက်လုံး သွေးများဖြင့်ရွှဲနစ်နေကာ မလှုပ်မယှက်ဖြစ်နေသည်။

သူတို့၏ရှေ့တွင် လှောင်ပြောင်ရယ်မောနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မတ်တတ်ရပ်နေသည်။ ယုဖေးတို့မိသားစုကို အနက်ရောင်ဝတ်စုံဝတ် စည်းကမ်းထိန်းသိမ်းသူများက ဝန်းရံထားကာ သူတို့၏မျက်နှာများပေါ်တွင် ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါတို့ဆီက ဆေးပင်တွေကို ခိုးရဲမှတော့ မင်းတို့က သေလမ်းလာရှာတာလဲ"

ထိုလူက တံတွေးတစ်ချက်ထွေးပြီး အော်ငေါက်လိုက်၏။

ကျန်းရွှမ်၏စိတ်နှလုံးသားအတွင်း၌ ဒေါသလှိုင်းတစ်ခု မြင့်တက်လာသည်။

ယုဖေးနှင့်ရှောင်ယင်းတို့သည် သူတို့၏ကလေးကို ကယ်တင်ရန် ကြိုးစားနေသော သာမန်ကျင့်ကြံသူများဖြစ်သည်။ ဆေးပင်တစ်ပင်အတွက် သူတို့ သေဆုံးသင့်သလော။

သူက ယုဖေး၏နံဘေးတွင် ဒူးထောက်ထိုင်လိုက်သည်။

"မင်း အဆင်ပြေရဲ့လား"

ယုဖေး၏မျက်လုံးများ ဝေဝါးနေပြီး အာရုံမစိုက်နိုင်ဖြစ်နေသည်။ သူသည် ကျန်းရွှမ်ကို မှတ်မိသွားသောအချိန်၌ ခါးသည်းစွာ ရယ်မောလိုက်၏။

"ရှောင်ယင်းနဲ့ရှောင်ကျိုးတို့ သွားကြပြီ... ဒါက ဆေးပင်တစ်ပင်အတွက်ပဲ...ဟား ဟား ဟား...မင်းတို့ အဲ့ဒါကို အရမ်းလိုချင်နေရင် ယူလိုက်ကြစမ်း..."

ထိုစကားနှင့်အတူ သူသည် စွမ်းအားများကိုဖောက်ခွဲပြီး သူ၏လက်အတွင်းမှ ရွက်နီမြက်ကို ကြေမွှပျက်စီးစေခဲ့သည်။ ထိုပေါက်ကွဲ မှု့သည် သူ၏နှလုံးသားကို ကြေမွှပျက်စီးသွားစေပြီး သူ သွေးအိုင်အတွင်းသို့ လဲကျသွားသည်။

"ယုဖေး..."

ကျန်းရွှမ်သည် အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် သူ ကောင်းကင်လမ်းအစစ်အမှန်စွမ်းအားကို ယုဖေး၏ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းပေးရင်း ရှောင်ယင်းနှင့်ရှောင်ကျိုးတို့ကို စစ်ဆေးလိုက်သည်။ သို့ရာတွင် သူ၏စွမ်းအား မည်မျှထိ အစွမ်းထက်စေကာမူ သေဆုံးသွားသူများကို ပြန်လည်၍ရှင်သန်လာအောင် မလုပ်နိုင်ခဲ့ချေ။

"မင်းက ငါတို့ရဲ့ဆေးပင်ကို ဖျက်ဆီးရဲတာလား...ဒီကောင်စုတ်ရဲ့ အလောင်းကို အပိုင်းပိုင်းဖြတ်ပြီး ခွေးတွေကို ကျွေးလိုက်စမ်း"

လူလတ်ပိုင်းအရွယ် အမျိုးသားက အော်ငေါက်လိုက်သည်။ ထို့နောက် သူ၏အကြည့်သည် ကျန်းရွှမ်အပေါ်သို့ ကျရောက်သွားပေ၏။

"မင်းက ဘယ်သူလဲ.... မင်းလည်း ဒီသူခိုးနဲ့ အတူတူလား...သူ့ကိုလည်း ဖမ်းဆီးပြီး အမှန်တရားထွက်လာအောင် ရိုက်နှက်ပြီးစစ်မေးလိုက်ကြစမ်း"

သူ၏စကားမဆုံးမီမှာပင် ကျန်းရွှမ်သည် သူ၏ရှေ့တွင် ဝေဝါးဝါးပုံရိပ်တစ်ခုအဖြစ် ထွက်ပေါ်လာပြီး သူ၏လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြေပြင်မှ မြှောက်တင်လိုက်သည်။

"အဲ့ဒီစကားကို ထပ်ပြောစမ်း"

ကျန်းရွှမ်က ဒေါသတကြီးဖြစ်နေသောလေသံဖြင့် အော်ငေါက်လေသည်။

စည်းကမ်းထိန်းသိမ်းသူများက သူ့ကို ဝိုင်းရံပြီး ခြိမ်းခြောက်လိုက်ကြသည်။

"ငါတို့ရဲ့အရှင်သခင် ဖုန်းယိကျိုးက ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်မှာရှိတဲ့ ထိပ်သီးကျင့်ကြံသူတစ်ယောက်ပဲ. ဒါ့ပြင် သူ့ရဲ့အစ်ကိုက ကံကြမ္မာခန်းမက အကြီးအကဲတစ်ယောက်ပဲ..မင်း အခုချက်ချင်းဒူးထောက်ပြီး ခွင့်လွှတ်မှုကို တောင်းခံစမ်း...ဒါမှမဟုတ်ရင် မင်း သေရလိမ့်မယ်"

ကျန်းရွှမ်၏အသံသည် ရေခဲကဲ့သို့ အေးစက်တင်းမာနေပေ၏။

"မင်းတို့က သူတို့ကို ဘာလို့သတ်တာလဲ..."

"သူတို့က ငါတို့ရဲ့ဆေးပင်ကို ခိုးလို့ပဲ"

ထိုလူက အသက်ရှူမွန်းကြပ်သောအသံဖြင့် ပြောဆိုသည်။

"မင်းတို့က သူတို့ကို ဘာလို့သတ်ခဲ့တာလဲ"

ကျန်းရွှမ်က သူ၏လည်မြိုအား ဖမ်းဆုပ်ထားမှုကို တင်းကြပ်လိုက်သည်။

"သူတို့...သူတို့က အဲ့ဒါကို ထုတ်ပေးဖို့ ငြင်းဆန်ခဲ့တယ်...အဲ့ဒါက အရှင်အတွက် အရေးကြီးတဲ့အရာ..."

ကျန်းရွှမ်၏ဒေါသများ ပေါက်ကွဲသွားသည်။ သူ၏ဖမ်းဆုပ်ထားမှုကို ပို၍တင်းကြပ်လိုက်ရာ ထိုလူ၏လည်ပင်းရိုးကျိုးသွားပြီး သူ၏အသက်မဲ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပုံလျက်သားလဲကျသွားတော့သည်။

All Chapters