← Chapters

လီယွဲ့အန်း

Vol. 13 Ch. 184

လီယွဲ့အန်း

Vol. 13 Ch. 184

ဖုယင်ယင်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပေ၏။

“ပိုပေးရမယ် ဟုတ်လား...ဘယ်လောက်ပိုပေးရမှာလဲ”

အချိန်ခဏတာကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်သည်။

“ရင်းမြစ်ဒင်္ဂါးတစ်သိန်းပဲ ထားကြတာပေါ့...တကယ်လို့ မင်း အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ငါက မင်း ထိခိုက်မှုမရှိစေရဘူးလို့ အာမခံတယ်"

ဤလီယွဲ့အန်း မည်မျှပင် အားကောင်းသည်ဖြစ်စေ သူသည် ဓမ္မရုပ်သွင်ထင်ဟပ်ခြင်းနယ်ပယ်သို့ မရောက်ရှိသရွေ့ သူ့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်မည်မဟုတ်ချေ။ ထို့ကြောင့် တစ်စုံတစ်ယောက်ကို ကာကွယ်ပေးခြင်းသည် သူ့အတွက် သေးငယ်သော တာဝန်တစ်ခုမျှသာ ဖြစ်ပေ၏။

ဖုယင်ယင် အနည်းငယ် စိတ်တိုသွားသည်။

“ရှင်က ကျွန်မကို တစ်သိန်းပဲ တန်တယ်လို့ ဆိုလိုတာလား”

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

“မင်းက အဲ့ဒီလောက် မတန်ဘူး...ငါက မင်းရဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို သေချာစေဖို့ ဈေးနှုန်းမြင့်မြင့် ကမ်းလှမ်းရုံသက်သက်ပဲ”

“…”

ဖုယင်ယင် ဒေါသကြောင့် အံ့ကြိတ်လိုက်ပြီး သူမ၏လှပသောမျက်လုံးများဖြင့် သူမရှေ့မှ လူကို စိုက်ကြည့်နေကာ သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုစိတ်များ ပေါက်ဖွားနေသည်။ သူမသည် မြေခွေးညှို့ငင်ကံကြမ္မာနည်းစနစ်ကို ကျင့်ကြံသဖြင့် သူမ၏ လှုပ်ရှားမှုတိုင်းတွင် ဆန့်ကျင်ဘက်လိင်အပေါ် ကြီးမားသော ဆွဲဆောင်မှုတစ်ခု ရောယှက်နေသည်။ နောက်ဆုံးတစ်ကြိမ်တုန်းက ဤနည်းစနစ်သည် ကျန်းရွှမ်အပေါ်တွင် အလုပ်မဖြစ်သောကြောင့် သူမသည်ယခုတစ်ကြိမ်တွင် အထူးပြင်ဆင်ခဲ့လေ၏။ သူမသည် စွဲမက်ဖွယ်ကောင်းအောင် ဝတ်ဆင်ကာ သူမ၏ငြှို့ငင်နိုင်စွမ်းကို အပြည့်အဝအသုံးပြုခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်၏မျက်လုံးများတွင် သူမသည် ရင်းမြစ်ဒင်္ဂါးတစ်သိန်းပင် မတန်ချေ။ ဤသည်မှာ သူမအတွက် ပြင်းထန်သော ထိုးနှက်မှုတစ်ခုပင်။

“ငါတို့ ချက်ချင်း ထွက်ခွာကြမလား...ဒါမှမဟုတ် မင်း ပြင်ဆင်ဖို့ လိုသေးလား”

ကျန်းရွှမ်က သူမနှင့် စကားများပြောဆိုပြီး အချိန်မဖြုန်းလိုသောကြောင့် မေးမြန်းလိုက်သည်။

“အခုချက်ချင်း ထွက်ခွာကြရအောင်....ဒါပေမဲ့… ကျွန်မ လူနှစ်ယောက်ကို ခေါ်လာဖို့ လိုတယ်”

သူမ၏ဆွဲဆောင်မှု အလုပ်မဖြစ်ကြောင်း သိရှိချိန်၌ ဖုယင်ယင်သည် လက်လျှော့ရုံမှတစ်ပါး တခြားမရှိတော့ပေ။

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ သူမသည် ပြင်ဆင်မှုတချို့မရှိဘဲ သူနှင့်အတူ လိုက်ပါဝံ့မည်မဟုတ်ချေ။ အကယ်၍ သူသည် သူမကို သတ်ဖြတ်ပြီး လီယွဲ့အန်းအပေါ် အပြစ်ပုံချရန် ဆုံးဖြတ်ပါလိုက်ပါက မည်သူမျှ မေးခွန်းထုတ်မည်မဟုတ်ပေ။

အချိန်တခဏကြာမျှ စောင့်ဆိုင်းပြီးနောက် အဘိုးအိုတစ်ဦးနှင့်လူငယ်တစ်ဦး ချဉ်းကပ်လာကြသည်။ အဘိုးအိုသည် ဖုယင်ယင်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

“သခင်မလေး”

ဖုယင်ယင်က သူတို့ကို မိတ်ဆက်ပေးသည်။ “အကြီးအကဲလင်း.... ဒါက ကျွန်မရဲ့ ကိုယ်ရံတော် မိုရှောင်ရှန်းပါ...သူက ဒီနေ့ ကျွန်မတို့နဲ့အတူ လိုက်လာမှာပါ...တခြားတစ်ယောက်ကတော့ ဖန်ရှင်း...သူက လီယွဲ့အန်းရဲ့ တပည့်ပါ.... မိုရှောင်ရှန်း ဖန်ရှင်း ဒါက ကံကြမ္မာခန်းမဆောင်ရဲ့အကြီးအကဲ လင်းပုယန်ပဲ”

ကျန်းရွှမ်က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ လူငယ်၏စွမ်းအားသည် တစ်ချက်ကြည့်ရုံဖြင့် သိသာရှင်းလင်းသည်။ သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် ဆဋ္ဌမအဆင့်ဖြစ်သော ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ်၌ ရှိနေသည်။ ဤသည်မှာ အလွန်အားမကောင်းသော်လည်း အားနည်းခြင်းလည်း မရှိချေ။ အဘိုးအို၏စွမ်းအားကို ခန့်မှန်းရန် ခက်ခဲသော်လည်း သူ့ထံမှ အကြီးအကဲလျှူနှင့် ဆင်တူသော ဖိအားတစ်ရပ်ကို ထုတ်လွှတ်ထားသည်။ ဤသည်မှာ သူသည် အနည်းဆုံးအနေဖြင့် ဓမ္မရုပ်သွင်နယ်ပယ်၏ ဒုတိယအဆင့်ဖြစ်သော ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်တွင် ရှိနေသည်ဟု ဆိုလိုခြင်းပင်။

ဖုယင်ယင် ဤခရီးကို လိုက်ပါဝံ့သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ ဤမျှထိ အားကောင်းသော ကိုယ်ရံတော်ရှိနေသည့်အပြင် သူမ၏ ကိုယ်ပိုင်စွမ်းအားကြောင့် သူမထံတွင် အမှန်တကယ်ကို ယုံကြည်မှုတချို့ ရှိနေသည်။

အဖွဲ့ကိုစုစည်းပြီးသည်နှင့် ဖုယင်ယင်သည် နောက်ထပ်စကားတစ်ခွန်း မဆိုတော့ချေ။ သူမသည် လှေငယ်လေးတစ်စင်းပေါ်သို့ တက်သွားပြီး ကျန်းရွှမ်က ထပ်ချပ်မကွာလိုက်ပါသွားသည်။

“မင်းက လီယွဲ့အန်းရဲ့ တပည့်လား”

ကျန်းရွှမ်က အနီးအနားတွင်ထိုင်နေသော ဖန်ရှင်းကို သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ဖန်ရှင်းက ခေါင်းညိတ်လိုက်သော်လည်း စကားပြောလိုပုံမရဘဲ သူ၏မျက်နှာအမူအယာ အေးစက်တင်းမာနေသည်။

“ဒီလောက်တောင် ရိုင်းစိုင်းရဲတာလား...မင်းကို ဘယ်သူက သတ္တိပေးထားတာလဲ”

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းထိပ်တွင် ဓားချီအလင်းတန်းတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ရှေ့သို့ ထိုးစိုက်လိုက်၏။

ဖန်ရှင်းသည် ထိတ်လန့်သွားပြီး အလျင်အမြန် နောက်သို့ဆုတ်လိုက်ရာ လှေပေါ်မှ ပြုတ်ကျလုနီးပါးပင်။ ထိုအချိန်မှာပင် မိုရှောင်ရှန်း၏စိတ်ဝိညာဉ်စွမ်းအား မြင့်တက်လာပြီး ဓားချီအလင်းတန်းကို ကာလိုက်သည်။

“အကြီးအကဲလင်း...ရှင် ဘာလုပ်တာလဲ”

ဖုယင်ယင်က မျက်မှောင်ကြုတ်ပြီး မာဆတ်ဆတ်လေသံနှင့် ပြောဆိုသည်။

“ဘာမှမဟုတ်ပါဘူး... သူ့ကို ယဉ်ကျေးမှုတချို့ သင်ပေးနေရုံပါပဲ”

ကျန်းရွှမ်က ပျင်းတိပျင်းရွဲလေသံဖြင့် ပြောလိုက်ပြီး သူ၏စိတ်သည် အသစ်ထုတ်လုပ်လိုက်သောစာအုပ်ကို စစ်ဆေးရန်အတွက် ကောင်းကင်ဘုံစာကြည့်တိုက်ထဲတွင် နစ်မြောနေလေပြီ။

“ဖန်ရှင်း...ဟန်ယွမ်အင်ပါယာမှ ကျင့်ကြံသူလီယွဲ့အန်း၏တပည့် သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံသည်…”

“ငါ ထင်ထားတဲ့အတိုင်းပဲ”

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။ သူသည် ဖန်ရှင်းကို တမင်တကာ ရန်စပြီး လှုပ်ရှားလာစေရန် ဖိအားပေးခဲ့သည်။ ထို့ကြောင့် ဖုယင်ယင်၏ အဆိုများကို အတည်ပြုနိုင်သည့် စာအုပ်တစ်အုပ်ကို ဖန်တီးခဲ့လေ၏။ ဤဖန်ရှင်းသည် အမှန်တကယ်ကို သူ၏ဆရာအား သစ္စာဖောက်ရန် စီစဉ်နေပြီး လီယွဲ့အန်းကိုသတ်ဖြတ်ရန်ပင် ရည်ရွယ်ထားပုံရသည်။

ဖန်ရှင်း၏အထောက်အထားကို အတည်ပြုပြီးနောက် ကျန်းရွှမ်သည် နောက်ထပ်စကားတစ်ခွန်းမျှ မပြောတော့ချေ။ လှေသည် လက်ဖက်ရည်တစ်ခွက် ဖျော်စပ်ချိန်ခန့် ညင်သာစွာ ယိမ်းနွဲ့နေပြီးနောက် မှောင်ခိုဈေးမှ ထွက်ခွာကာ ဟန်ယွမ်မြို့တော်သို့ ပြန်ရောက်လာသည်။

ထို့နောက် သူတို့အဖွဲ့သည် နောက်ထပ်တစ်နာရီကြာခန့် ရထားလုံးဖြင့် ခရီးဆက်ခဲ့ပြီး နောက်ဆုံးတွင် စိမ်းလန်းစိုပြေသောသစ်ပင်များဖြင့် ဝန်းရံထားသော တောင်ကြားငယ်လေးတစ်ခုသို့ ရောက်ရှိလာသည်။

ဖန်ရှင်းက ထိုတောအုပ်ကို ညွှန်ပြလိုက်၏။

“ကျွန်တော်နဲ့ဆရာက ဒီနေမှာ ပုန်းအောင်းနေခဲ့ကြတယ်....သူက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံတယ်လို့ ဆိုပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်က ချက်ပြုတ်တာ သန့်ရှင်းရေးလုပ်တာတွေ လုပ်ရတဲ့ အစေခံတစ်ယောက်ပဲ....ကျွန်တော်က အမြဲတမ်း ဆူပူကြိမ်းမောင်းခံရတယ် ဒါမှမဟုတ် ရိုက်နှက်ခံရတယ်... ကျွန်တော်က တစ်လတစ်ခါပဲ ပစ္စည်းတွေဝယ်ဖို့ မြို့ထဲကို သွားခွင့်ရတယ်…”

ဖုယင်ယင်က သက်ပြင်းချလိုက်သည်။

“ဟန်ယွမ်မြို့တော်မှာ လူတစ်သောင်းကျော်လောက်က သူ့ကို ရှာဖွေနေကြတာ...လူတိုင်းက ဒီကံကြမ္မာဆရာက မြို့ထဲမှာ ပုန်းအောင်းနေတယ်လို့ တွေးထင်ကြတယ်...သူ ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူမှ စိတ်ကူးမိမှာ မဟုတ်ဘူး.... နင်ရဲ့အကူအညီမပါဘဲနဲ့ ငါတို့က သူ့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး”

ဤတောင်ကြားသည် ဟန်ယွမ်မြို့မှ မိုင်ပေါင်းများစွာကွာဝေးပြီး မည်သည့်လမ်းမကြီးနှင့်မဆို ဝေးကွာကာ ရင်းမြစ်သားရဲများဖြင့် ပြည့်နှက်နေသည်။ သာမန်လူများသည် ဤနေရာသို့ စွန့်စား၍ ဝင်ရောက်လာမည် မဟုတ်ချေ။

“တစ်ခုခု မှားနေပြီ”

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

“ကံကြမ္မာဆရာတွေက လေးစားခံရတယ်...သူတို့ ဘယ်နေရာကိုပဲ သွားသွား ကောင်းကောင်းနေထိုင်ကြတယ်...တကယ်လို့ ဟန်ယွမ်မြို့တော်က မလုံခြုံတော့ဘူးဆိုရင် သူက ဟန်ဆောင်ပြီးတော့ တခြားမြို့တစ်မြို့မှာ သက်သောင့်သက်သာ နေထိုင်နိုင်တယ်....ဘာလို့ ဒီနေရာမှာ ဒုက္ခသည်တစ်ယောက်လို ပုန်းအောင်းနေရတာလဲ”

ဖုန်းယိကျိုးကဲ့သို့ ဆုကြေးငွေထုတ်ခံထားရသူပင်လျှင် ပြောင်ပြောင်တင်းတင်း နေထိုင်နိုင်ခဲ့သည်။ လီယွဲ့အန်းကဲ့သို့ အဆင့်အတန်းနှင့် စွမ်းအားရှိသူတစ်ဦးသည် ဤကဲ့သို့ တောနက်ကြီးအတွင်းတွင် ပုန်းအောင်းနေရန် မည်သည်ကြောင့် လိုအပ်မည်နည်း။

ယခုအချိန်အထိ တိတ်ဆိတ်နေခဲ့သော မိုရှောင်ရှန်းက နောက်ဆုံးတွင် စကားပြောဆိုလိုက်သည်။

“အကြီးအကဲလင်း....ခင်ဗျား မသိသေးဘူးထင်တယ်....လီယွဲ့အန်းက ကံကြမ္မာခန်းမဆောင်က ထိပ်သီးကျင့်ကြံသူတွေကိုတင်မကဘူး ဟန်ယွမ်တော်ဝင်မိသားစုကိုပါ ရန်စစော်ကားခဲ့တယ်....တကယ်လို့ သူက မြို့တော်ထဲမှာ နေခဲ့ရင် ဒါမှမဟုတ် တခြားနေရာကို ထွက်ပြေးခဲ့ရင် သူ နောက်ဆုံးမှာ ရှာတွေ့ခံရမှာပဲ...ဒီနေရာမှာ ပုန်းအောင်းနေတာက သူ့ကို ရှာဖွေရတာ ပိုပြီးခက်ခဲစေတယ်”

ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။

“မိုရှောင်ရှန်း ပြောတာ အမှန်ပဲ...သူရဲ့အဆင့်မျိုးနဲ့ ဒီနေရာမှာ နေထိုင်နေလိမ့်မယ်လို့ ကျွန်မ ဘယ်တော့မှ ခန့်မှန်းမိမှာ မဟုတ်ဘူး”

“အင်း...."

ကျန်းရွှမ်က ငြင်းခုံခြင်း မပြုတော့ချေ။ သူက ဖန်ရှင်းကို လှည့်ကြည့်လိုက်သည်။

“ဒီတောင်ကြားမှာ အိမ်တွေ ဒါမှမဟုတ် တဲတွေ ရှိပုံမရဘူး...မင်းတို့က လှိုဏ်ဂူထဲမှာ နေကြတာလား”

ဖန်ရှင်းသည် သိသိသာသာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ… ကျွန်တော်တို့က ချောင်ကျတဲ့ ဂူတစ်ဂူထဲမှာ နေခဲ့တယ်”

“အဲ့ဒီဂူက ဘယ်လောက်ကြီးလဲ... နေရာ အတိအကျက ဘယ်နေရာမှာလဲ....ငါက ငါ့ရဲ့ စိတ်ဝိညာဉ်ကို ကြိုတင်စေလွှတ်ပြီးတော့ ကင်းထောက်နိုင်တယ်”

ကျန်းရွှမ်က အကြံပြုလိုက်သည်

“မင်းရဲ့စိတ်ဝိညာဉ်ကို ထုတ်လွှတ်မယ် ဟုတ်လား...မင်းက ဘာကိုဆိုလိုတာလဲ”

မိုရှောင်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

“မင်းရဲ့စိတ်ဝိညာဉ်ကို ကင်းထောက်ဖို့ အသုံးပြုတာက အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ကို သတိပေးမိစေနိုင်တယ်...တကယ်လို့ မင်းက သူ့ကို ထိတ်လန့်အောင်လုပ်မိတာကြောင့် သူထွက်ပြေးသွားခဲ့ရင် ငါတို့က သူ့ကို နောက်တစ်ကြိမ် ဘယ်လိုရှာတွေ့နိုင်မလဲ”

“မင်း ဘာလို့ ဒီလောက်ထိ စိတ်လှုပ်ရှားနေတာလဲ”

ကျန်းရွှမ်က ပြုံးလိုက်သည်။

“ဒီနေရာက လူနေထိုင်ခဲ့ပုံမရဘူး...လီယွဲ့အန်းက ကျေးဇူးရှင်တွေနဲ့ဆရာတွေကို သတ်ဖြတ်ဝံ့တယ်... ဒီလောက်ထိ ရဲတင်းတဲ့ လူတစ်ယောက်က ဒီနေရာမှာ တိတ်တဆိတ် အခြေချနေထိုင်ပြီးတော့ တစ်လတစ်ခါပဲ မြို့ကိုသွားလိမ့်မယ်လို့ မင်း ယုံကြည်လား...ငါကတော့ မယုံဘူး”

သူက စိတ်ပျက်လက်ပျက်အကြည့်ဖြင့် ဖုယင်ယင်ကို လှည့်ကြည့်လိုက်၏။

“တကယ်လို့ မင်းက ကျွန်တော့်အတွက် ထောင်ချောက်တစ်ခု ဆင်ချင်ခဲ့ရင် မင်း ပိုကောင်းတဲ့ ဆင်ခြေနဲ့ နေရာတစ်ခုကို ရွေးချယ်သင့်တယ်...ငါက ဒီကိစ္စကို တကယ်ကြီး ယုံကြည်လိမ့်မယ်လို့ မင်း မျှော်လင့်နေတာလား”

“ရှင်း ဘာကိုဆိုလိုတာလဲ”

ဖုယင်ယင်သည် အမှန်တကယ် စိတ်ရှုပ်ထွေးနေပုံရကာ မေးမြန်းလိုက်သည်။

ကျန်းရွှမ်သည် အချိန်တခကြာမျှ အံ့အားသင့်သွားပြီးနောက် နားလည်သဘောပေါက်မှုတချို့ ရရှိသွားသည်။ သူသည် မိုရှောင်ရှန်းကို လှည့်ကြည့်လိုက်၏။

“မင်းက ကောင်းကောင်းဖုံးကွယ်နိုင်ခဲ့ပုံပဲ....ငါ မင်းကို မိုရှောင်ရှန်းလို့ ခေါ်သင့်လား ဒါမှမဟုတ် လီယွဲ့အန်းလို့ ခေါ်သင့်လား”

“ရှင်က မိုရှောင်ရှန်းကို လီယွဲ့အန်းလို့ ထင်နေတာလား...ဒါက မဖြစ်နိုင်ဘူး”

ဖုယင်ယင်က အော်ဟစ်လိုက်သည်။

“သူက ကျွန်မအပေါ်မှာ နှစ်တွေအများကြီးကြာအောင် သစ္စာရှိခဲ့တယ်...သူက အမြဲတမ်း အလုပ်ကြိုးစားပြီးတော့ တာဝန်ကျေခဲ့တယ်…”

“ဒီကိစ္စ မှန်လားမှားလားဆိုတာ ခဏနေကျရင် မင်း သိသွားလိမ့်မယ်”

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“မိုရှောင်ရှန်း....မင်းရဲ့ စွမ်းအားနဲ့ဆိုရင် မင်းရဲ့စိတ်ဝိညာဉ်ကို ကင်းထောက်ဖို့ စေလွှတ်တာက လွယ်ကူလိမ့်မယ်...မင်း ဘာလို့ မလုပ်တာလဲ”

"တကယ်လို့ ငါက ငါ့ရဲ့စိတ်ဝိညာဉ်ကို ခွဲထုတ်လိုက်ရင် ငါ့ရဲ့ခန္ဓာကိုယ်က အကာအကွယ်မဲ့ ဖြစ်သွားလိမ့်မယ်....အဲ့ဒီအချိန်မှာ မင်းက ငါ့ကို တိုက်ခိုက်ခဲ့ရင် ငါက ဘယ်လိုလုပ်ပြီး တုံ့ပြန်နိုင်မှာလဲ”

မိုရှောင်ရှန်းက သရော်တော်တော် ပြောဆိုသည်။

“မိန်းကလေးဖု ဒီနေရာမှာ ရှိနေမှတော့ မင်း လုံခြုံမှာပါ....မင်းက မင်းရဲ့သခင်မလေးကိုတော့ ယုံကြည်သင့်တယ် မဟုတ်လား”

ကျန်းရွှမ်က တုံ့ပြန်ပြောဆိုလိုက်သည်။

ဖုယင်ယင်က ခေါင်းညိတ်လိုက်၏။

“မိုရှောင်ရှန်း ဘာမှစိတ်မပူပါနဲ့....အကြီးအကဲလင်းက နင့်ကို တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာ ငါ အာမခံမယ်”

“သူက တိုက်ခိုက်ချင်မှ တိုက်ခိုက်လိမ့်မယ်... ဒါပေမဲ့ ငါက မင်းကို တိုက်ခိုက်မယ်”

မိုရှောင်ရှန်းက ရုတ်တရက် ဖုယင်ယင်ဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်ပြီး သူ၏ လက်သီးကို ဝှေ့ယမ်းကာ စွမ်းအားများ ပွင့်အံ့ထွက်လာသည်။ လေထုအတွင်း၌ မိုးခြိမ်းသံကဲ့သို့ တုန်ခါသံများ မြည်ဟီးလာပြီး သူ၏တိုက်ခိုက်မှုသည် လမ်းကြောင်းတလျှောက်ရှိ မည်သည့်အရာကိုမဆို ကြေမွှပျက်စီးစေနိုင်ပုံရသည်။

ဖုယင်ယင်၏မျက်နှာ ဖြူဖျော့သွားပြီး အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ သူမသည် သူမကိုယ်သူမ ကာကွယ်ရန် ပြင်ဆင်လိုက်ကာ အဆောင်လက်ဖွဲ့နှစ်ခု သူမ၏လက်မှ ပျံ့လွင့်ပြီး ရွှေရောင်ဒိုင်းတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ထိုဒိုင်းသည် အချိန်တခဏကြာမျှ တောင့်ခံနိုင်ခဲ့သော်လည်း မိုရှောင်ရှန်း၏ တိုက်ခိုက်မှုအောက်တွင် ကြေမွှပျက်စီးသွားပေ၏။ သူမသည် တုံ့ပြန်ရန်အတွက် အဆင်သင့်ပြင်လိုက်စဉ်မှာပင် တည်ငြိမ်သောအသံတစ်သံက သူမ၏နားထဲတွင် မြည်ဟီးလာသည်။

“ရင်းမြစ်ဒင်္ဂါးတစ်သိန်းကို မမေ့နဲ့…”

နောက်ထပ်အချိန်တခဏတွင် လင်းပုယန်သည် သူမ၏ရှေ့တွင် ပေါ်လာပြီး မိုရှောင်ရှန်း၏ တိုက်ခိုက်မှုကို သူ၏လက်သီးဖြင့် ရင်ဆိုင်လိုက်သည်။ သူတို့၏လက်သီးချက်များ ထိပ်တိုက်တွေ့ဆုံမိချိန်တွင် ပြင်းထန်သော တုန်ခါလှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။ သူတို့နှစ်ဦးသည် ခြေတစ်လှမ်းစီ နောက်သို့ဆုတ်လိုက်ကြပြီး လက်ရည်တူနေကြသည်။

“မိုရှောင်ရှန်း...နင် ဘာလုပ်တာလဲ”

ဖုယင်ယင်က ဒေါသတကြီး အော်ဟစ်လိုက်သည်

“မိုရှောင်ရှန်း ဟုတ်လား....ငါ မင်းကို ပြောခဲ့တယ်...သူက လီယွဲ့အန်းပဲ”

ကျန်းရွှမ်က သူမ၏မသိနားမလည်မှုကြောင့် ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။

“ငါက ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ဖုံးကွယ်ထားတယ်လို့ ထင်ခဲ့တယ်”

လီယွဲ့အန်း၏မျက်လုံးများအတွင်းတွင် မယုံနိုင်ခြင်းဖြင့် ပြည့်နှက်နေကာ သူက ဝန်ခံလိုက်သည်။

“မင်း ငါ့ကို ဘယ်လိုထွင်းဖောက်မြင်သွားတာလဲ”

“မင်းက ကောင်းကောင်းဖုံးကွယ်နိုင်ခဲ့တယ်... ဒါပေမဲ့ မင်းက သိသာထင်ရှားတဲ့ အမှားနှစ်ခု လုပ်ခဲ့တယ်”

ကျန်းရွှမ်က ပြောဆိုသည်။

“ပထမအချက်က မင်းရဲ့တပည့် ဖန်ရှင်းပဲ... ခန္ဓာကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အကွက်ချကြံစည်ဝံ့တာလား...ဒါက အလွန်အကျွံ့ ရဲရင့်တာ ဒါမှမဟုတ်ရင် မယုံနိုင်လောက်အောင် မိုက်မဲတာပဲ”

လီယွဲ့အန်းနှင့်ဖန်ရှင်းတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သည့်စကားကိုမျှ မပြောဆိုခဲ့ကြချေ။

“သစ္စာဖောက်ကံကြမ္မာကို ကျင့်ကြံတဲ့ လူတစ်ယောက်...တခြားလူတွေကို သစ္စာဖောက်တာကနေ စွမ်းအားတွေရရှိတဲ့ လူတစ်ယောက်က သံသယလွန်ကဲလိမ့်မယ်... မင်းကို တန်ပြန်သစ္စာဖောက်နိုင်တဲ့ တပည့်တစ်ယောက်ကို မင်း ယုံကြည်မှာ မဟုတ်ဘူး... ဖန်ရှင်းကို မင်းတစ်ခုခုနဲ့ ထိန်းချုပ်မထားဘူးလို့ မင်း ပြောနိုင်လား"

“ အဲ့ဒီအကြောင်းအရင်းတွေက ငါ့ရဲ့သရုပ်မှန်ကို ခန့်မှန်းဖို့ လုံလောက်တာလား”

လီယွဲ့အန်းက မျက်မှောင်ကြုတ်လိုက်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒုတိယ သဲလွန်စက ဒီနေရာကနေ မှောင်ခိုဈေးကိုသွားတဲ့ ခရီးစဉ်က အသွားအပြန် နာရီပေါင်းများစွာ ကြာတယ်.... တခြားဘာကိစ္စမဆိုလုပ်ဖို့ အချိန်နည်းနည်းပဲ ကြာလိမ့်မယ်... မင်းလို သံသယလွန်ကဲတဲ့ လူတစ်ယောက်က ဖန်ရှင်းကို ဒီလောက်ဝေးတဲ့နေရာထိ အထိန်းအကွပ်မရှိဘဲနဲ့ လှည့်လည်သွားလာခွင့်ပေးမှာ မဟုတ်ဘူး..သူက လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဖို့ပဲလာတယ်ဆိုရင်တောင် ဒါက လီယွဲ့အန်း အနီးအနားမှာ ရှိနေတယ်လို့ ဆိုလိုတယ်....ပြီးတော့ ဒီအချက်နဲ့ကိုက်ညီတဲ့ တစ်ဦးတည်းသောလူက မင်းပဲ”

All Chapters