မိန်းကလေးအားလုံးကို ညို့ငင်ဖမ်းစားလိုက်ခြင်း
Vol. 22 Ch. 284
"ငါ့ကို မြေခွေးညို့ငင်ကံကြမ္မာ လာမသုံးနဲ့..."
ဖုချင်းချင်းသည် သူ၏ရှေ့တည့်တည့်သို့ ရောက်နေပြီး ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စတင်၍ လည်ပတ်နေသည်အား မြင်လိုက်ရသဖြင့် ကျန်းရွှမ်သည် ထိတ်လန့်သွားပြီး သူမကို တားဆီးရန် အလျင်အမြန် ကြိုးစားလိုက်၏။
ဖုယီယီသည် မြေခွေးညို့ငင်စွမ်းအားကို အသုံးပြုခဲ့သဖြင့် သူသည် သူမကို ပြန်လည်၍ ညှို့ငင်ဖမ်းစားခဲ့ရလေရာ သူမသည် သူ့အတွက် မနက်စာ ပြင်ဆင်ပေးလုနီးပါး ဖြစ်သွားခဲ့သည်။ နောက်ထပ်မိန်းကလေးတစ်ယောက် ထပ်တိုးလာလျှင် သံမဏိလူသားပင်လျှင် ခံနိုင်ရည် ရှိတော့မည် မဟုတ်ချေ။
"ကြောက်နေတာလား...ဟွန့် နင် ကြောက်နေရင်လည်း လိမ်လိမ်မာမာ အရှုံးပေးလိုက်စမ်းပါ"
ဖုကျင်းကျင်းက အေးစက်စက် နှာမှုတ်လိုက်သည်။
"သူ့ကို ဘာလို့ စကားတွေအများကြီး ပြောနေတာလဲ...သူ့ကို အရင် ညှို့ငင်ဖမ်းစားလိုက်...ပြီးမှ ဖုယင်ယင်ကို သင်ခန်းစာပေးမယ်"
ဖုချင်းချင်းကလည်း ဝင်ရောက်ပြောဆိုသည်။
"ငါ တကယ်ကို မလုပ်ချင်ပါဘူး..."
ကျန်းရွှမ်သည် သူ၏လက်များကို ဆက်တိုက် ဝှေ့ယမ်းနေပြီး ငိုကြွေးမိတော့လုမတတ်ပင်။
...
'ဒီလောက် မိန်းမဆန်တဲ့ ကံကြမ္မာမျိုးကို ငါ တကယ် မကျင့်ကြံချင်ဘူး... ခုဏက ဖုယီယီကို ညှို့ငင်ဖမ်းစားနိုင်ခဲ့တာကြောင့် ငါ့ရဲ့ ကံကြမ္မာစွမ်းအင်တွေ အများကြီး တိုးတက်သွားခဲ့တယ်... အခု မင်းတို့နှစ်ယောက်ပါ ထပ်ပြီး နာခံတတ်သွားရင် ငါက တတိယအဆင့် အထွတ်အထိပ်ကို တန်းရောက်သွားတော့မှာ မဟုတ်လား'
'ဒါက အကဲဖြတ်ပြီး ရွေးချယ်တဲ့ပွဲလေ...မင်းတို့ ခုနစ်ယောက်ထဲက ဒီအမွေအနှစ်ကို ဆက်ခံဖို့ အသင့်တော်ဆုံး တစ်ယောက်ကို ရှာရမှာ... ငါ့ကို တဟုန်ထိုး အဆင့်တက်သွားစေပြီးတော့ မင်းတို့ ရဲ့မိသားစုခေါင်းဆောင်ကို ကျော်တက်သွားအောင် လုပ်ပေးရမှာ မဟုတ်ဘူး'
သူ၏အတွေး မဆုံးမီမှာပင် သူ
အသိစိတ် တုန်ခါသွားပြီး စိတ်ကူးယဉ်ကမ္ဘာတစ်ခုထဲသို့ ကျရောက်သွားသည်။
ဤသည်မှာ ကြည်လင်သော ရေကန်တစ်ကန်ဖြစ်ပြီး ရေဆော့ကစားနေသံများကို မရပ်မနား ကြားနေရသည်။ ဖုချင်းချင်းနှင့်ဖုကျင်းကျင်းတို့ ညီအစ်မနှစ်ယောက်လုံးသည် မလုံ့တလုံအဝတ်အစားများကို ဝတ်ဆင်ထားပြီး ရေထဲတွင် ဆော့ကစားနေကြ၏။
ကျန်းရွှမ်သည် မည်ကဲ့သို့ ဖြစ်သွားသည်အား မသိလိုက်ချေ။ ရုတ်တရက် သူ၏ပခုံးပေါ်တွင် တင်းကျပ်မှုကို ခံစားလိုက်ရပြီး သူ မည်သည့်အချိန်က ရေထဲရောက်သွားမှန်း မသိလိုက်ရဘဲ မိန်းကလေးနှစ်ယောက်၏ ဆွဲခေါ်ခြင်းကို ခံနေရသည်။
"မသွားပါနဲ့... ရှင် ကျွန်မတို့ရဲ့စကားကို နားထောင်တာနဲ့ ကျွန်မတို့ညီအစ်မတွေနဲ့ ထာဝရအတူ ရှိနေနိုင်မှာပါ...ဖုယင်ယင်က လှပေမယ့် ကျွန်မတို့ညီအစ်မနှစ်ယောက်ကို ယှဉ်နိုင်ပါ့မလား"
ဖုချင်းချင်း၏အသံသည် အလွန်ဆွဲဆောင်မှုရှိပြီး ပူလောင်ပြင်းရှနေသည်။
"ဟုတ်တယ်...ကျွန်မတို့က ရှင့်ကို ပျော်ရွှင်မှုနှစ်ဆ ပေးနိုင်တယ်လေ... ဒါက ယောကျာ်းလေးတိုင်းရဲ့ အိမ်မက်မဟုတ်လား..."
ဖုကျင်းကျင်းက သစ်ခွပန်းရနံ့အလား ချိုအီသောအသံဖြင့် ပြောဆိုသည်။
ရေဆော့ကစားသံများ အပြစ်အနာအဆာ ကင်းသောအသားအရေ ပြေပြစ်လှပသောခန္ဓာကိုယ်များနူးညံ့ပြီး ဆွဲဆောင်မှုရှိသော စကားလုံးများ... မည်သည့် ယောကျာ်းသားမဆို ဤအရာများကို တွန်းလှန်နိုင်ရန် ခက်ခဲပေလိမ့်မည်။
ကျန်းရွှမ်သည် တွေဝေမိန်းမောသွားပြီး စဥ်းစားတွေးတောနေမိသည်။ သူမတို့ အသုံးပြုနေသော ညို့ငင်စွမ်းရည်သည် ဖုယင်ယင်၏ ရိုးရှင်းသော ဆွဲဆောင်မှုထက် များစွာပို၍ကောင်းမွန်သည်။ ဤကဲ့သို့ စိတ်ကူးယဉ် ကမ္ဘာထဲတွင် ပိတ်မိနေခြင်းသည် သူ၏အတွေးများကို လွယ်လင့်တကူ ကန့်သတ်လိုက်ပြီး သူ့ကို ပို၍စိတ်ရှုပ်ထွေးစေနိုင်သည်။
စိတ်ကူးယဉ်ကမ္ဘာများသည် အိမ်မက်များအလားပင်။
လက်တွေ့ဘဝတွင် လူတစ်ယောက်သည် အလွန် စည်းကမ်းရှိပြီး ကိုယ်ကျင့်တရား ကောင်းမွန်နိုင်သော်လည်း အိမ်မက်ထဲတွင်မူ ထိုအရာများကို ထိန်းသိမ်းထားရန် ခက်ခဲသည်။
ဤအချက်ကို သဘောပေါက်လိုက်သဖြင့် ကျန်းရွှမ်၏မျက်လုံးများ တောက်ပလာသည်။
'ကြည့်ရတာတော့ ဒါက ဖုမိသားစုခေါင်းဆောင်က တိတ်တိတ်လေး သင်ပေးထားတာ ဖြစ်ရမယ်...ငါသာ ဒါကို သင်ယူပြီးတော့ ဖုယင်ယင်ကို ပြန်သင်ပေးနိုင်ရင် သူက ဒီနှစ်ယောက်ကို အလွယ်တကူ ဖမ်းစားနိုင်ပြီးတော့ သေချာပေါက် ဆက်ခံသူ ဖြစ်လာလိမ့်မယ်'
ဤအတွေးဝင်ရောက်လာသည်နှင့် ကျန်းရွှမ်သည် သူ၏စိတ်ဝိညာဉ်ကို လှုပ်ရှားလိုက်ပြီး မြေခွေးညို့ငင်ကံကြမ္မာကို စတင်၍အသက်သွင်းသည်။ ထို့နောက် သူ၏ရှေ့မှ စိတ်ကူးယဉ် ကမ္ဘာထဲရှိ ညို့ငင်ခြင်းစွမ်းရည်ကို လေ့လာလိုက်၏။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ရေကန်ထဲ၌ ကျန်းရွှမ်၏ အမူအယာ ပြောင်းလဲသွားပြီး ခပ်ဖျော့ဖျော့ပြုံးလိုက်ရာ ညှို့ငင်ဖမ်းစားနိုင်သော စွမ်းအားများ သဘာဝအတိုင်း ထွက်ပေါ်လာသည်။
ဘုန်း...
စိတ်ကူးယဉ်ကမ္ဘာ ကွဲကြေသွားပြီး ဖုချင်းချင်းနှင့်ဖုကျင်းကျင်းတို့ နှစ်ယောက်စလုံး၏ မျက်လုံးများ ရီဝေသွားကာ သူမတို့သည် တပြိုင်နက်တည်း ညှို့ငင်ဖမ်းစားခံလိုက်ရတော့သည်။
သူမတို့၏နည်းလမ်း မည်မျှထိ အစွမ်းထက်ပါစေ မြေခွေးညို့ငင်ကံကြမ္မာအပေါ် သူမတို့၏ထိန်းချုပ်နိုင်စွမ်းသည် ဒုတိယအဆင့်၌သာ ရှိသေးသည်။ သူမတို့သည် သူ့အတွက် ပြိုင်ဘက်မဟုတ်သဖြင့် တစ်ချက်ကြည့်လိုက်ရုံနှင့် သူမတို့ အပြည့်အဝ နာခံသွားကြသည်။
ကျန်းရွှမ် မျက်လုံးဖွင့်လိုက်ချိန်တွင် ဖုချင်းချင်းနှင့်ဖုကျင်းကျင်းတို့သည် သူ၏ရင်ခွင်ထဲ၌ မှီတွယ်နေကြပြီး သူမတို့၏မျက်နှာများ နီမြန်းနေသည်ကို မြင်တွေ့လိုက်ရသည်။
"ငါ့ကို မညှို့ငင်နဲ့ မညှို့ငင်ကြနဲ့လို့ ပြောနေတာတောင်.... မင်းတို့က နားမထောင်ဘူး..."
ကျန်းရွှမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူ သွေးအန်ချင်စိတ်ပေါက်လာသည်။
သူသည် အမှန်တကယ်ကို မြေခွေးညို့ငင်ကံကြမ္မာအား ထပ်မံ၍ အဆင့်မတက်လိုတော့ပေ။ ဤမိန်းကလေးများသည် မည်သည်ကြောင့် နားမထောင်ကြသနည်း။
သူသည် ရင်ကွဲပက်လက်ဖြင့် မြေခွေးညို့ငင်စွမ်းအင်မြစ်ကို ကြည့်လိုက်ရာ သိသိသာသာ ထူထပ်သိပ်သည်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ တတိယအဆင့် အထွတ်အထိပ်သို့ မရောက်သေးသော်လည်း နီးစပ်နေလေပြီ။
သူသည် ထိုမိန်းကလေးနှစ်ယောက်ကို တွန်းထုတ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖုယင်ယင်နှင့်ဖုယီယီတို့သည်လည်း လျှောက်လှမ်းလာပြီး နူးညံ့သိမ်မွေ့စွာဖြင့် သူ၏အနီးသို့ ချဥ်းကပ်လာသည်ကို မြင်တွေ့လိုက်ရသည်။
နောက်လိုက်ခွေးများအနေနှင့် မနာလိုဝန်တိုရန် အခွင့်အရေး မရှိပေ။ သူသည် တခြားမိန်းကလေးများကို ပွေ့ဖက်နေသည်အား သိထားသော်လည်း သူမတို့၏စိတ်ထဲတွင် မနာလိုစိတ်မရှိဘဲ ဤသည်မှာ တရားမျှတသည်ဟု ယူဆကြသည်။ ဤကဲ့သို့ အမျိုးသားမျိုးသည် သူမတို့၏လေးစားမှုကို ခံယူထိုက်ပေ၏။
"အစ်မ ယင်ယင်..."
ဖုဝေ့ဝေ့သည် ဖုယင်ယင်၏အနားသို့ ချဥ်းကပ်လာပြီး နစ်နာသူတစ်ယောက်ကဲ့သို့ ကြည့်နေသည်။
"...." ရှန်ဝူကျွင်း
"..." ယန်ဆန်းရှစ်ဆန်း
"...." ရှစ်ရွှယ်ချင်း...ဆုယွမ်ကျဲ့...
လူငယ်သခင်လေးများအားလုံး လုံးလုံးလျားလျား ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။
သူတို့ ရူးမတတ်စွဲလမ်းခဲ့ရသော နတ်ဘုရားမများအားလုံးသည် အမျိုးသား တစ်ယောက်တည်းအတွက် နောက်လိုက်ခွေးများ ဖြစ်သွားကြသည်။
' ဒါက အစစ်အမှန်တော့ မဟုတ်လောက်ပါဘူးနော်'
'ဒီလောက်ထိ ကံကောင်းခြင်းမျိုး ခံစားရတာ... ညီအစ်မ ငါးယောက်...ပျော်ရွှင်မှု ငါးဆ... ဒီလူက ပျော်လွန်းလို့ စကားမပြောနိုင်ဘဲ ပြုံးနေရမှာ မဟုတ်လား..'
'ဘာလို့ သူက သေတော့မလို ရွံရှာတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ'
'တောက်...မင်း ဟန်ဆောင်မနေပါနဲ့ကွာ'
'ငါတို့ထဲက တစ်ယောက်ယောက်သာဆိုရင် ဒီလိုမျိုးကို အိမ်မက်မက်မိရင်တောင် ရယ်ရင်းနဲ့ နိုးလာမိမှာပဲ'
"ဖယ်ကြစမ်း"
ကျန်းရွှမ်သည် သတိပြန်ဝင်လာပြီးနောက် သူ့၏ခန္ဓာကိုယ်မှ စွမ်းအားများ ပွင့်အံ့ထွက်လာကာ မိန်းကလေးများကို ချက်ချင်းလွင့်ထွက်သွားစေသည်။ သူ၏မျက်နှာပေါ်တွင် ပြောစရာစကားများ ပျောက်ဆုံးနေသည့် အမူအယာရှိနေကာ သူ၏နားထင်ကို ဖိနှိပ်လိုက်၏။
သူသည် ဖုယင်ယင်ကို အမွေအနှစ် ဆက်ခံနိုင်အောင် ကူညီရန် လာခဲ့ခြင်းဖြစ်ပြီး သူမ၏ညီအစ်မများကို လက်ခံရန်လာခြင်း မဟုတ်ချေ။
'ဘာလို့ ဒီရှုပ်ထွေးမှုကြီး ဖြစ်လာတာလဲ'
'လော့ယိုရှင်းနဲ့ချီးချီး ထွက်သွားတာ မကြာသေးဘူး...မင်းတို့က အပြေး ရောက်လာကြပြီ... ဒါက ဘာသဘောလဲ'
"ကျန်းရွှမ်..."
သူမတို့အားလုံးက သူ့ကို စိတ်ထိခိုက်နေသော မျက်နှာများဖြင့် ကြည့်နေကြသည်။
"တော်ကြတော့....မင်းတို့အားလုံး ပုံမှန်ပဲ နေကြစမ်း....ဘယ်သူမဆို ခွင့်ပြုချက်မရှိဘဲ ငါ့ရဲ့အနားကို ထပ်ပြီးကပ်လာရဲရင် ငါ သင်ခန်းစာပေးမိလိမ့်မယ်... သတိထားကြစမ်း"
ကျန်းရွှမ်က လက်ဝှေ့ယမ်းလိုက်ပြီးနောက် မလှမ်းမကမ်းရှိ ဖုချင်းချင်းဘက်သို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်၏။
"ကဲ အခု ပြောစမ်း...ဒီ ကြွေလွင့်ပုလဲကို ဘယ်လို ခူးဆွတ်ရမလဲ....ပြီးတော့ ဘယ်လို အသုံးပြုရမလဲ"
ဖုမိသားစုခေါင်းဆောင်သည် ဤမျှထိ နက်နဲသိမ်မွေ့သော ညို့ငင်နည်းစနစ်ကိုပင်လျှင် သူမအား သင်ပေးထားသောကြောင့် ကြွေလွင့်ပုလဲကို မည်ကဲ့သို့ သုံးရမည်ကိုလည်း ရှင်းပြထားမည်မှာ သေချာပေါက်ပင်။ ထိုသို့မဟုတ်ပါက ဖုယင်ယင်သည် ကြွေလွင့်ပုလဲကို တိုက်ရိုက်ကိုင်တွယ်လိုက်ချိန်၌ သူမသည် ဒေါသထွက်သွားကာ သူမ၏မျက်နှာဖြူရော်သွားသည့် မြင်ကွင်းမျိုးကို မြင်တွေ့ရမည် မဟုတ်ချေ။
သူမ၏နတ်ဘုရားမှ မေးမြန်းသည်ကို ကြားလိုက်ရသဖြင့် ဖုချင်းချင်းသည် ဖုံးကွယ်မထားရဲပေ။
"ကြွေလွင့်ပုလဲက လူကိုထိထိ မြေကြီးကိုထိထိ စွမ်းအင်အဖြစ် ပျော်ဝင်သွားပြီးတော့ မြေခွေးညို့ငင်စိတ်ကူးယဉ်ကမ္ဘာကို ထုတ်လုပ်ပေးတယ်... အဲ့ဒါကို ကာကွယ်ဖို့ အဝတ်စတစ်ခုခုနဲ့ အုပ်ပြီး ကိုင်ရတယ်"
"အဝတ်နဲ့အုပ်ရမယ်.... ဟုတ်လား"
ကျန်းရွှမ်က ဖုယင်ယင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ သူ၏ဆိုလိုရင်းကို နားလည်သဖြင့် ဖုယင်ယင်သည် သူမ၏ဝတ်စုံမှ အဝတ်စတစ်စကို ဆုတ်ဖြဲလိုက်ပြီး ကျန်ရှိနေသော ကြွေလွင့်ပုလဲများကို ခူးဆွတ်လိုက်၏။ အမှန်တကယ်ပင် မည်သည့်အပြောင်းအလဲမှ မရှိဘဲ ကြွေလွင့်ပုလဲများကို လွယ်လင့်တကူ ရိတ်သိမ်းနိုင်ခဲ့သည်။
ဖုချင်းချင်းက ဆက်လက်၍ ပြောဆိုသည်။
"ဆေးဖော်စပ်တဲ့ နေရာမှာတော့ အကောင်းဆုံး အာနိသင် ရဖို့အတွက် ဆေးဝါးတချို့နဲ့ ရောစပ်ပြီး 'စိတ်ဝိညာဉ်ညို့ငင်ဆေးလုံး'ကို ဖော်စပ်သင့်တယ်...ဒါကို တိုက်ရိုက်စားသုံးတာက ခံနိုင်ရည်ကို ထိခိုက်စေရုံတင်မကဘူး စွဲလမ်းမှုကိုပါ ဖြစ်စေပြီးတော့ ဖြတ်ဖို့ခက်ခဲစေတယ်..."
ကျန်းရွှမ်က နားလည်သွားပြီး သူမအား ကြည့်လိုက်သည်။
"ရိတ်သိမ်းနည်းကို သိထားမှတော့ မင်းတို့က ဒီ ကြွေလွင့်ပုလဲတွေကို အများကြီး ရိတ်သိမ်းပြီးပြီလား"
"ကျွန်မတို့ နှစ်လုံးပဲ ရိတ်သိမ်းရသေးတယ်..."
ဖုချင်းချင်းက အနည်းငယ် ရှက်ရွံ့သော အမူအယာဖြင့် အဝတ်စဖြင့်ထုတ်ထားသော သစ်သီးနှစ်လုံးကို ထုတ်ပေးလေသည်။
"ဒါက မနည်းပါဘူး..."
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူတို့သည် စုစုပေါင်းသစ်သီးလေးလုံးသာ တွေ့ခဲ့ရသည်။ သူမတို့သည် သစ်သီးနှစ်လုံးကို ရိတ်သိမ်းနိုင်ခဲ့ခြင်းက အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေ၏။
"ကျွန်မ နေရာတစ်နေရာကို သိတယ်... အဲ့ဒီမှာ သစ်သီးပင်တွေအများကြီး ရှိနေလောက်တယ်.... ဒါပေမဲ့ မြေခွေးစိမ်း အရေအတွက်ကလည်း များတယ်....ကျင်းကျင်းနဲ့ကျွန်မက အဲ့ဒီနေရာကို သွားဖို့ ကြောက်နေခဲ့တာကြောင့် မသွားခဲ့ဘူး..."
ဖုချင်းချင်းက ဆက်လက်၍ ပြောဆိုသည်။
"ဘယ်နေရာလဲ ငါတို့ကို ခေါ်သွားပေး...ဒါပေမဲ့ ငါတို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့လိုတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်ပြီး တစ်စုံတစ်ခုကို တွေးတောမိသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
"မင်းတို့ထဲက ဘယ်သူ့မှာ ကံကြမ္မာချပ်ပြားတွေ ပါလာလဲ ....များလေ ကောင်းလေပဲ"
"ကံကြမ္မာချပ်ပြားလား..."
ဖုချင်းချင်း ဖုကျင်းကျင်း ဖုယီယီ ဖုဝေ့ဝေ့ နှင့် တခြားသူများသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။
"အဲ့ဒီအရာက ကံကြမ္မာကို လေ့ကျင့်တဲ့နေရာမှာ အကျိုးသက်ရောက်မှု ရှိတယ်.. ကျွန်မတို့အားလုံးဆီမှာ ကံကြမ္မာချပ်ပြားတွေ ပါလာကြတယ်... ဒါပေမဲ့ သိပ်မများဘူး... ဆယ်ဂဏန်းလောက်ပဲ ရှိမယ်"