← Chapters

မိုယွင်ကျောက်စိမ်း

Vol. 1 Ch. 6

မိုယွင်ကျောက်စိမ်း

Vol. 1 Ch. 6

"ယင်ကောင်တွေလား..."

ယုရှောင်ယွီသည် မြင်းပေါ်မှခုန်ဆင်းပြီးနောက် ဆုရှင်၏ဗိုက်ကို အလျင်စလိုစစ်ဆေးလိုက်ရာ ယင်ကောင်များဝဲနေသည်ကို မြင်တွေ့မိသည်။ သူမသည် နောက်သို့လှည့်ပြီး ဇဝေဇဝါဖြင့် အနီးရှိမြင်းထိန်းကို မေးမြန်းလိုက်၏။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းရွှမ်သည် သူ့၏လက်ကိုဝှေ့ယမ်းပြီး ယင်ကောင်များကိုမောင်းထုတ်ကာ တည်ငြိမ်စွာပြောဆိုသည်။

"သခင်မလေးယု...အခုလက်တလောမှာ ရာသီဥတုက တော်တော်လေးစိုစွတ်နေတယ်...ဒါ့ပြင် ကျောင်းတော်ရဲ့အဝင်ဝမှာ ဒီလောက်ထိ ညစ်ပတ်နေမယ်လို့ ငါ မျှော်လင့်မထားမိဘူး....ဒါက ပုံမှန်ပါပဲ"

သူသည် တာဝန်ကို အလျှင်အမြန် ရှောင်လွှဲလိုက်၏။မည်သို့ပင်ဆိုစေကာမူ မြင်း၏အနီးသို့ချဉ်းကပ်ပြီး သေသေချာချာအနံ့ခံကြည့်ခြင်းမရှိပါက မည်သူ​မျှ ဤကိစ္စကို အတပ်ပြောနိုင်မည်မဟုတ်ချေ။

ယုဖုန်းက မျက်မှောက်ကြုတ်လိုက်သည်။

"ဒီယင်ကောင်တွေက ဒီနေရာကို ရောက်လာပြီးမှ ပေါ်လာတာလို့ မင်း ဆိုလိုချင်တာလား"

ကျန်းရွှမ်က စိတ်ဆိုးမာန်ဆိုးဖြင့် ခေါင်းညိတ်ပြသည်။

"သခင်လေးယု...မင်းက ငါတို့အစေခံတွေကို မေးခွန်းထုတ်နေတာလား...ငါက ဆုရှင်းကို ထိန်းကျောင်းတဲ့နေရာမှာ နေ့တိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့အပြင် လတ်ဆတ်တဲ့ပန်းပွင့်တွေနဲ့ ရေချိုးပေးတာ...ဒီမြင်းက အမြဲတမ်းသန့်ရှင်းနေတာကြောင့် သခင်မလေးယုလို နာမည်ကျော်ကြားတဲ့ မိန်းကလေးတစ်ယောက်နဲ့ လိုက်ဖက်တယ်"

ယုရှောင်ယွီက ပြောဆိုသည်။

"အစ်ကို သူ ပြောတာအမှန်ပဲ...ဆုရှင်းကမာနကြီးတဲ့ မြင်းတကောင်ဖြစ်ပြီးတော့ အစာကောင်းတွေကျွေးပြီး သီးသန့်ခြံဝန်းနဲ့ထားတာ ....သာမန်​မြင်းတွေနဲ့မတူဘဲနဲ့ ဒီမြင်းကမညစ်ပတ်ဘူး... ငါ ဆုရှင်းကို လမ်းတလျှောက်လုံးစီးလာခဲ့တာ ဘာအနံ့မှမရတာ သေချာတယ်...ဒါက ကျောင်းတော်ရဲ့ပြဿနာပဲ ဖြစ်မယ်"

"ဟမ့်...ငါက ဒီကိစ္စကို ကျောင်းသားရေးရာရုံးဆီကို သတင်းပို့ပြီးတော့ ဆရာတွေကို ကိုင်တွယ်ဖြေရှင်းခိုင်းမယ်"

ယုဖုန်းသည် သူ၏ညီမမှ စကားဝင်ပြောသည်ကိုကြည့်ပြီး ကျန်းရွှမ်အား မေးခွန်းထုတ်ခြင်းကိုရပ်တန့်ကာ ပြုံးလိုက်သည်။

"ဒါက အသေးအမွှားပြဿနာလေးပဲ...ကျောင်းဝန်းထဲကို အရင်ဆုံးဝင်ကြစို့...မင်းတို့တွေ အကဲဖြတ်စစ်ဆေးမှုကို အောင်မြင်သွားတာနဲ့ မင်းတို့ ဆရာတစ်ယောက်ရွေးဖို့ကို ငါ ကူညီပေးမယ်"

ယုရှောင်ယွီက ခေါင်းညိတ်ပြပြီးနောက် မိုယန်ရွှယ်ကိုခေါ်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သရော်တော်တော်အသံတစ်သံ ထွက်ပေါ်လာသည်။

"မြင်းအမျိုးအစားတွေက အများကြီးရှိတယ်...ဒါပေမဲ့ ကြီးမားပြီးတော့လှပနေရုံနဲ့ အဖိုးတန်တဲ့မြင်းတစ်ကောင် ဖြစ်မလာနိုင်ဘူး"

ထိုအချိန်မှာပင် အရပ်မြင့်မြင့်မိန်းကလေးတစ်ယောက်သည် မြင်းကောင်းတစီးကို တဖြည်းဖြည်းစီးနင်းရင်း ချဥ်းကပ်လာသည်။

ဤမြင်းသည် ဆုရှင်းထက် ခေါင်းတစ်လုံးခန့်ပိုမြင့်ကာ တောက်ပြောင်နေသော အနက်ရောင်သားမွှေးများ ရှည်လျားသေးသွယ်သောလည်ပင်း တုတ်ခိုင်သန်မာသောခြေထောက်များနှင့် တောက်ပသောမျက်လုံးများရှိသည်။မြင်းခွာချလိုက်သည့်အချိန်တိုင်း ကျောက်တုံးကြမ်းပြင်ပေါ်၌ 'တခွက်ခွက်'အသံများ ထွက်ပေါ်နေကာ ထိုအရာ၏အနီးသို့ မချဉ်းကပ်မီမှာပင် ပြင်းထန်သောဖိအားအရှိန်အဝါကို ရရှိစေနိုင်သည်။

အသစ်ရောက်ရှိလာသူကို သိရှိသွားသဖြင့် ယုရှောင်ယွီက မျက်ခုံးပင့်လိုက်သည်။

"လျှူမင်ယွဲ့....ဒါက ဘာကိုဆိုလိုတာလဲ"

ဆန့်ကျင်ဘက်မှလာသော မိန်းကလေးသည် အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ အဓိကမိသားစုကြီးသုံးစုအနက်မှတစ်စုဖြစ်သော လျှူမိသားစုခေါင်းဆောင်၏သမီးပင်။မိုယန်ရွှယ် ယုရှောင်ယွီတို့နှင့်အတူ သူမသည်လည်း မြို့၏အလှပဂေးသုံးယောက်အနက်မှတစ်ယောက်ဖြစ်ကာ တခြားနှစ်ယောက်နှင့်ယှဉ်ပြိုင်ရသည်ကို အစဉ်အမြဲနှစ်ခြိုက်သဘောကျသည်။သူမတို့တွေ့ဆုံသည့်အချိန်တိုင်း ငြင်းခုန်ခြင်းကို မလွဲမသွေဖြစ်ပွားစေခဲ့သည်။

ယုရှောင်ယွီသည် လျှူမင်ယွဲ့ထက် ပို၍ တောက်ပနေရန် မျှော်လင့်ပြီး ကြီးကျယ်ခမ်းနားစေရန်အတွက် ဆုရှင်းကို စီးနင်းခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ လျှူမင်ယွဲ့သည် ဆုရှင်းထက်ပိုမြင်ပြီး ကြီးကျယ်ခမ်းနားသော မြင်းတစ်ကောင်ကို စီးနင်းလာပေ၏။

"ဒါက အသိသာကြီး မဟုတ်လား..."

လျှူမင်ယွဲ့သည် ဇတ်ကြိုးကိုမြှောက်ပြီးနောက် ငန်းတကောင်ကဲ့သို့ ကောက်ကြောင်းဖြင့် သူမ၏မေးကိုမော့ကာ ပြောဆိုသည်။

"ငါရဲ့သောက်လီက စစ်မှန်တဲ့ အဖိုးတန်မြင်းတစ်ကောင်ပဲ....နင့်ရဲ့မြင်းက အကောင်းဆုံးအနေနဲ့ နည်းနည်းလေးသန်မာတဲ့ မြင်းထီးလေးတစ်ကောင်ပဲဖြစ်မှာ...ဒါကို နင်က အဖိုးတန်မြင်းလို့ ခေါ်ရဲတာလား"

"ပေါက်ကရတွေ...."

ယုရှောင်ယွီသည် သူမ၏နှုတ်ခမ်းကိုကိုက်ကာ ဒေါသကြောင့် သူမ၏မျက်နှာ နီမြန်းသွားသည်။ သူမသည် ပြန်လည်ချေပလိုသော်လည်း မည်ကဲ့သို့ ပြောဆိုရမည်ကို မသိချေ။ထိုကြောင့် သူမ၏ပါးစပ်ကို ပွစိပွစိလုပ်လိုက်သော်လည်း စကားသံထွက်မလာ​ချေ။

ဆုရှင်းသည် တခြားမြင်းများနှင့် နှိုင်းယှဉ်ပါက ကြီးကျယ်ခမ်းနားပေ၏။သို့ရာတွင် သောက်လီ၏ဘေးသို့အရောက်တွင်မူ အနည်းငယ်မျှ ပေါ်လွင်ခြင်းမရှိသော မြင်းထီးတစ်ကောင်နှင့် တူညီနေသည်။

"နင်က မကျေနပ်ဘူးလား...ဒါဆိုရင် နင့်ရဲ့မြင်းကို ငါ့ရဲ့သောက်လီနဲ့ ပြိုင်ခိုင်းဖို့ နင် သတ္တိရှိလား...တကယ်လို့ နင့်ရဲ့မြင်းနိုင်သွားရင် ဒါက အဖိုးတန်မြင်းလို့ ငါ အသိအမှတ်ပြုပေးမယ်...မဟုတ်ရင်ကတော့ နင်က သာမန်မြင်းထီးတစ်ကောင်စီးပြီး ကျောင်းတော်ကိုလာတယ်ဆိုတာ နင် ဝန်ခံရမယ်"

လျှူမင်ယွဲ့က ယုံကြည်ချက်အခိုင်အမာဖြင့် ပြုံးလိုက်သည်။

"ငါတို့က ဘယ်လိုပြိုင်ကြမှာလဲ"

ယုရှောင်ယွီက သူမ၏လက်များကို သူမ၏တင်ပါးပေါ်သို့တင်ကာ အရေးမစိုက်သောအမူအယာဖြင့် ပြောဆိုသည်။

ငါးစာလာဟပ်သည်ကိုကြည့်ပြီး လျှူမင်ယွဲ့က ဆက်လက်၍ပြောဆိုသည်။

"ဒါက ရိုးရှင်းပါတယ်...ရင်းမြစ်ရေအိုင်အကဲဖြတ်စစ်ဆေးမှုက စတော့မှာမလို့ သူတို့ကိုမိုင်တစ်ထောင်လောက် အပြေးပြိုင်ခိုင်းတာက လက်တွေ့ကျမှာမဟုတ်ဘူး...ဒါပေမဲ့ အဖိုးတန်မြင်းတစ်ကောင်က သန်မာရုံတင်မကဘူး စိတ်ပိုင်းဆိုင်ရာလည်း ဒူပေဒါပေခံတယ်"

သူမသည် မီးခိုးပြာရောင်ကျောက်တုံးတစ်တုံးကို ထုတ်ယူပြီး သူမ၏လက်အတွင်း၌ ကိုင်လိုက်သည်။

"ငါ့မှာ စစ်မြေပြင်ကနေရထားတဲ့ မိုယွင်ကျောက်စိမ်းတစ်ပိုင်းရှိတယ်..ဒီကျောက်စိမ်းမှာ စစ်သည်တော်တွေရဲ့သွေးတွေ စွန်းထင်းနေပြီးတော့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပေါကြွယ်ဝတယ်...ဒါကိုအသက်သွင်းလိုက်တာနဲ့ စစ်မြေပြင်ရဲ့ပတ်ဝန်းကျင်မျိုးကို နှိုးဆော်နိုင်ပြီးတော့ စိတ်မငြိမ်မသက်ဖြစ်စေတယ်...စစ်မှန်တဲ့အဖိုးတန်မြင်းတကောင်က ဒီကျောက်စိမ်းနဲ့ဆယ်မီတာအကွာထိ ဘာသက်ရောက်မှုမှ မရှိဘူး...ဒါပေမဲ့ သာမန်မြင်းတကောင်ကတော့ ထိတ်လန့်ကြောက်ရွံသွားလိမ့်မယ်...နင့်ရဲ့မြင်းကို စမ်းသပ်ရဲလား"

"မိုယွင်ကျောက်စိမ်းမှာ ပြင်းထန်တဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပါတယ်...ဒါကို ထုတ်လွှတ်လိုက်တာနဲ့ တစ်စုံတစ်ယောက်ရဲ့စိတ်ကို ထိန်းညှိပြီးတော့ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တယ်"

"ဒီလိုအဖိုးတန်ပစ္စည်းတစ်ခုကို မြင်းတစ်ကောင်ကို စမ်းသပ်ဖို့အတွက် အသုံးပြုမှာလား...လျှူမိသားစုရဲ့သမီးလို့ မျှော်လင့်ထားတဲ့အတိုင်း အရမ်းရဲတင်းတာပဲ"

"အင်း...ဒါက ပြဿနာမရှိဘူး...စမ်းသပ်မှုလေးတစ်ခုလုပ်ရုံနဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ အများကြီးကုန်သွားမှာ မဟုတ်ဘူး....ဒီကျောက်စိမ်းကို ပြန်ပြီးချိတ်ပိတ်လိုက်တာနဲ့ ထပ်သုံးလို့ရသေးတယ်"

"ဒါက အမှန်ပဲ"

ပတ်ဝန်းကျင်တွင်ရှိနေသော ကျောင်းတော်သားများသည် သူတို့အချင်းချင်း တီးတိုးပြောဆိုလိုက်ကြ၏။

"အမ်..."

ယုရှောင်ယွီသည် ချက်ချင်းသဘောတူညီခြင်း မပြုချေ။ဆုရှင်းသည် သူမ၏မြင်း မဟုတ်သဖြင့် သူမ တွေဝေတုံ့ဆိုင်းနေကာ ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။

"ဘာလဲ...နင် မလုပ်ရဲဘူးလား"

လျှူမင်ယွဲ့က သရော်တော်တော်ပြောဆိုသည်။

"တကယ်လို့ နင်မလုပ်ရဲရင် နင်က နိမ့်ကျတဲ့မြင်းထီးတစ်ကောင်ကိုစီးပြီး ကျောင်းတော်ကိုလာတယ်ဆိုတာ ဝန်ခံလိုက်လေ"

"နင်..."

ယုရှောင်ယွီသည် ဒေါသကြောင့် နှုတ်ခမ်းစူလိုက်၏။

ရှုံးနိမ့်မှုကိုဝန်ခံခြင်းသည် ပြိုင်ဘက်၏ရှေ့၌ သူမ ဘယ်တော့မှ ခေါင်းထောင်နိုင်တော့မည်မဟုတ်ဟု ဆိုလိုခြင်းပင်။သူမသည် အဖြေပေးရန်အတွက် ချီတုံချတုံနေစဉ်မှာပင် ရထားလုံးအတွင်းမှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။

"ငါတို့က ဘာလို့ မလုပ်ရဲရမှာလဲ"

ရထားလုံးလိုက်ကာ ပွင့်သွားပြီးနောက် ပြင်ပသို့ မိုယန်ရွှယ် ထွက်လာသည်။

သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အေးစက်ပြီး ချောမောလှပသောမျက်နှာလေးသည် သူမ၏အရပ်မြင့်ပြီးသေးသွယ်သောခန္ဓာကိုယ်နှင့် လိုက်ဖက်နေပေ၏။ထို့ကြောင့် ပတ်ဝန်းကျင်ရှိလူငယ်များအားလုံးကို သဘော​ကျနှစ်ခြိုက်မှုကြောင့် ကြည်နူးမှုများ ဖြစ်ပေါ်သွားစေသည်။အလှပဂေးသုံးယောက်အကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုသည် သူတို့ မျက်စိအစာကျွေးနိုင်သော ပွဲတော်ကြီးပင်။

လျှုမင်ယွဲ့သည် ရုတ်တရက် နားလည်သဘောပေါက်သွားပေ၏။

"ငါ သိပြီ....ဒါက နင့်ရဲ့ဆုရှင်း မဟုတ်လား...ဒီမြင်းကိုကြည့်ရတာ တော်တော်လေး အရောင်မထွက်ဘူး...ဘာမှ အထင်ကြီးစရာ မရှိဘူး"

မိုယန်ရွှယ်က တုံ့ပြန်သည်။

"စမ်းသပ်ပွဲပြီးရင် ငါတို့တွေ့မှာပါ...ဒါပေမဲ့ နင့်ရဲ့အသိအမှတ်ပြုမှုကို ခံရရုံလောက်နဲ့ ယှဉ်ပြိုင်ရတာက ဘာအဓိပ္ပာယ်မှမရှိဘူး.. ငါတို့တွေ လောင်းကြေးကို မြှင့်ကြမလား"

လျှူမင်ယွဲ့က မေးမြန်းသည်။

"ဘယ်လိုလဲ..."

မိုယန်ရွှယ်က ပြောဆိုသည်။

"ဒါက ရိုးရိုးလေးပါ...နင်ရှုံးရင် ရှောင်ယွီနဲ့ငါ့ရဲ့ဆုရှင်းကို တောင်းပန်ပြီးတော့ 'ငါမှားသွားပါတယ်'လို့ သုံးကြိမ်အော်ရမယ်"

လျှူမင်ယွဲ့သည် သဘောတူညီလိုက်၏။

"ကောင်းပြီလေ...ဒါပေမဲ့ ဒါက ရိုးရှင်းတဲ့ စမ်းသပ်ပွဲတစ်ခု မဟုတ်ဘူး...ဆုရှင်းနဲ့သောက်လီကို သတ်ဖြတ်ခြင်းအရှိန်အဝါကို ခုခံနိုင်တဲ့နေရာမှာ ငါက ယှဉ်ပြိုင်စေချင်တယ်... ပိုပြီးတောင့်ခံနိုင်တဲ့ မြင်းက အနိုင်ပဲ"

စည်းမျဥ်းများကို ရှင်းပြပြီးသည့်တိုင် လူများအားလုံး ဇဝေဇဝါဖြစ်နေသေးသည်ကို မြင်တွေ့ချိန်၌ သူမက ဆက်လက်၍ပြောဆိုသည်။

"မိုယွင်ကျောက်စိမ်းရဲ့အနားကို ပိုပြီးတော့ ချဥ်းကပ်သွားလေလေ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပိုပြီးပြင်းထန်လေလေပဲ...တခြားစကားပြောင်းပြောရရင် မိုယွင်ကျောက်စိမ်းနဲ့ ပိုပြီးနီးကပ်အောင်သွားနိုင်တဲ့မြင်းက အနိုင်ရမယ်...ဘယ်လိုလဲ...နင်တို့ယှဉ်ပြိုင်ရဲလား"

"အမ်..."

မိုယန်ရွှယ်က မျက်မှောင်ကြုတ်လိုက်သည်။

ဆုရှင်းသည် အဖိုးတန်မြင်းတစ်ကောင်ဖြစ်ကာ ငယ်ရွယ်ပြီးဒေါသကြီးသော်လည်း သေရေးရှင်ရေးတိုက်ပွဲများကို တစ်ကြိမ်တစ်ခါမျှ ကြုံတွေ့ဖူးခြင်းမရှိချေ။မိုယွင်ကျောက်စိမ်းနှင့် ဆယ်မီတာအတွင်းသို့ ဆုရှင်း ဝင်ရောက်ရန်မှာ ပြဿနာမရှိနိုင်သော်လည်း တခြားမြင်းတစ်ကောင်နှင့် ယှဉ်ပြိုင်ရန်အတွက် ရလဒ်သည် မသေချာချေ။

မိုယန်ရွှယ်သည် စဉ်းစားတွေးတောနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသဖြင့် မလှမ်းမကမ်းအကွာရှိ မြင်းထိန်းကို ကြည့်လိုက်သည်။

ဤမြင်းထိန်းသည် ဆုရှင်းထံ၌ အပြုအမူကောင်းများရှိလာစေရန် ထိန်းကျောင်းနိုင်ခဲ့သည်။သူသည် သတ်ဖြတ်ခြင်းအရှိန်အဝါကိုလည်း ဆုရှင်း တောင့်ခံနိုင်အောင် ပြုလုပ်ပေးနိုင်မည် မဟုတ်လော။

"ကျန်းရွှမ်...နင်က ဆုရှင်းကို ထိန်းကျောင်းရတဲ့လူပဲ...ဒါကြောင့် ပြိုင်မလား မပြိုင်ဘူးလားဆိုတာ နင် ဆုံးဖြတ်ပါ"

မိုယန်ရွှယ်က ပြောဆိုသည်။

"ငါကလား..."

သခင်မလေးသည် သူ၏နာမည်အား တိုက်ရိုက်ပြောဆိုလိုက်သဖြင့် ကျန်းရွှမ်သည် အံ့အားသင့်ကာ ဆွံ့အသွားပေ၏။ထိုကြောင့် သူသည် အခြေအနေကိုစတင်၍ ဆင်ခြင်သုံးသပ်လိုက်သည်။

သူ့ရှေ့ရှိမြင်ကွင်းသည် အမည်ခံအားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်သော်လည်း အဖြစ်မှန်မှာ ငယ်ရွယ်သောသခင်မလေးများသည် တယောက်ထက်တစ်ယောက် သာလွန်ရန် အခွင့်အရေးရှာနေကြခြင်းပင်။

သူ၏ယခုလက်ရှိအဆင့်အတန်းအရ သူ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ့အတွက်မည်သည့်အကျိုးအမြတ်မျှ မရနိုင်​ချေ။ဤကိစ္စသည် သူ့အား အလွန်ပေါ်လွင်ထင်ရှားသွားစေနိုင်သဖြင့် သူ၏သိုသိုသိပ်သိပ်နေပြီး နှိမ့်ချသောစိတ်နေသဘောထားနှင့် ဆန့်ကျင်ဘက်ဖြစ်နေပေမည်။

ဤကိစ္စအတွင်း၌ သူ ပါဝင်ပတ်သက်ရန် မလိုအပ်ချေ။ထိုအကြောင်းကိုတွေးတောရင်း သူက အလျှင်အမြန်ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်သည်။

"သခင်မလေး...ငါက မြင်းထိန်းတစ်ယောက်ပါ...ဒီကိစ္စကိုဆုံးဖြတ်ဖို့ ငါ့အတွက် အဆင်မပြေ...."

သူ၏စကားမဆုံးသေးမီမှာပင် မိုယန်ရွှယ်က ကြားဖြတ်ပြောဆိုသည်။

"ငါက မင်းကိုဆုံးဖြတ်ခွင့်ပြုမှတော့ ဒီကိစ္စက နင့်ရဲ့အဆင့်အတန်းနဲ့ မဆိုင်ဘူး...နင့်မှာ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိတယ်"

"ဒါက...."

ကျန်းရွှမ်ကိုကြည့်ရသည်မှာ အခက်တွေ့နေပုံရသည်။

"ငါက မြင်းတွေကို ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာပဲ သိတယ်...တခြားဘာကိုမှ ငါ တကယ်မသိဘူး...သခင်မလေးရဲ့အလေးပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ဒါပေမဲ့ ငါက...."

မိုယန်ရွှယ်က ထပ်မံ၍ ကြားဖြတ်ပြောဆိုလေ၏။

"တကယ်လို့ နင် နိုင်သွားရင် ငါက နင့်ကို ရင်းမြစ်ဒင်္ဂါးတစ်ရာဆုချမယ်....."

"ကောင်းပြီလေ""

သူမ၏စကား အဆုံးမသတ်သေးမီမှာပင် မူလက တွေဝေတုံ့ဆိုင်းနေသော မြင်းထိန်းသည် သူ၏လက်ကိုဝှေ့ယမ်းပြီး ပြတ်ပြတ်သားသားအမူအယာဖြင့် ပြောဆိုသည်။

"ပြိုင်မှာပေါ့...ငါတို့ သေချာပေါက် ပြိုင်ရမယ်...ဘာလို့ ငါတို့က မပြိုင်ဘဲ နေရမှာလဲ"

All Chapters