← Chapters

ယုရှောင်ယွီ

Vol. 1 Ch. 4

ယုရှောင်ယွီ

Vol. 1 Ch. 4

ကျန်းရွှမ်သည် ပျင်းရိစွာဖြင့် အကြောဆန့်ပြီး အခန်းအတွင်းမှနေ၍ ပြင်ပသို့ထွက်လိုက်သည်။

ယမန်နေ့ညက ဆုရှင်း၏ကလီစာများကို စားပြီးနောက် သူသည် အနားယူရမည့်အစား ကမ္ဘာသစ်နှင့်ရင်းမြစ်စွမ်းအားရှိအကြားရှိ ဆက်နွယ်ချက်များကို ဂရုတစိုက် လေ့လာနေခဲ့သည်။

ရင်းမြစ်စွမ်းအားသည် ကမ္ဘာသစ်ကိုတည်ဆောက်ရာ၌အခြေခံအုတ်မြစ်ပင်။

ဤသည်မှာ သရီးဒီပရင်တာတစ်လုံးအတွင်းရှိ မင်အလား အရာရာတိုင်းကို ပေါင်းစပ်နိုင်ကာ ကမ္ဘာကြီးကို ဆင့်ကဲတိုးတက်စေပြီး အကန့်အသတ်မရှိ ပြောင်းလဲကာ အကြွင်းမဲ့စွမ်းအားကို ဆုပ်ကိုင်နိုင်စေသည်။

နင်းယွင်ကဲ့သို့ နယ်မြေသခင်တစ်ယောက်သည် ဤကမ္ဘာလောကမှလာသော လက်ဝါးရိုက်ချက်တချက်တည်းဖြင့် ကြေမွှပျက်စီးသွားသည်မှာ အံ့အားသင့်ဖွယ်မရှိတော့ချေ။ဤသည်မှာ ကြက်ပေါက်လေးတစ်ကောင်သည် မွေးဖွားလာပြီးနောက် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းခံရကာ သူ့အား မည်သူမှ တိုက်ခိုက်သွားသည်ကို မသိသည့်အလားပင်....တစ်စုံတစ်ယောက်သည် အစစ်အမှန်ဆရာကြီးဖြစ်လာကာ အရာအားလုံး၏ရင်းမြစ်ကိုသန့်စင်နိုင်သည်နှင့် ဆရာသခင်ကုန်းမြေကဲ့သို့ ကမ္ဘာငယ်လေးတစ်ခုကို ဖျက်ဆီးနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို ဆုပ်ကိုင်ထားနိုင်ပေ၏။

ထို့ကြောင့် မိုယန်ရွှယ်နှင့်အတူ အဖြူရောင်ကျောက်တုံးကျောင်းတော်သို့ လိုက်ပါသွားနိုင်ရန် အိမ်တော်ထိန်းဖုန်းနှင့် သူ အလောင်းအစားလုပ်ခဲ့သည်မှာ အသေးအမွှားကိစ္စပင်။ သူ၏အစစ်အမှန်ရည်ရွယ်ချက်မှာ ကျင့်ကြံနည်းစနစ်များ ရရှိနိုင်သည့် အခွင့်အရေးတစ်ခုကိုရှာဖွေရန်...သူ၏စွမ်းအားများ ပိတ်လှောင်ခံထားရမှုကို ချိုးဖျက်ရန်နှင့် ရင်းမြစ်လောက၏ကောင်းကင်ဘုံလမ်းကြောင်းကို သူ ဖန်တီးခဲ့သော ကောင်းကင်ဘုံစာကြည့်တိုက်နှင့်ချိတ်ဆက်ပြီး သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ရန်ပင်။

အမှန်အားဖြင့် ရင်းမြစ်ကမ္ဘာတွင် နေထိုင်နိုင်သည့် အဆင့်အတန်းတစ်ခုကို ရရှိရန်ဟူသော တခြားရည်ရွယ်ချက်တစ်ခုလည်း သူ့ထံ၌ ရှိနေသည်။ထိုသို့မဟုတ်ဘဲ သူသည် အမြဲတစေအိမ်ခြေရာမဲ့ ဖြစ်နေပါက အရာရာတိုင်း အဆင်ပြေမည်မဟုတ်ချေ။

မြင်းဇောင်းအနီးသို့ ရောက်ရှိသွားချိန်၌ ကျန်းရွှမ်က လက်ဖျောက်တစ်ချက်တီးလိုက်သည်။မြေပြင်ပေါ်၌ တောင့်တင်းနေသော ဆုရှင်းသည် ရုတ်တရက် ခုန်ပေါက်ထလာပြီး အမြှီးကို ပြင်းပြင်းထန်​ထန် ဝှေ့ယမ်းလိုက်သဖြင့် အနီးပတ်ဝန်းကျင်ရှိ သစ်ရွက်ကြွေများ အဝေးသို့ ပျံ့လွင့်သွားသည်။

ကျန်းရွှမ်၏မျက်နှာရှုံမဲ့သွားကာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။

မြင်းမှ အနံ့ထွက်လာလေပြီ။နွေဦးရာသီ၏အပူရှိန်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။

ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီးနောက် သူသည် နံဘေးတစ်ဖက်သို့ ညွှန်ပြကာ တိုးညှင်းသောလေသံဖြင့် ညွှန်ကြားလိုက်၏။

"အဲ့ဒီနေရာကို သွားလိမ့်နေစမ်း"

သာမန်မြင်းဇောင်းများသည် ကြီးမားခြင်းမရှိသော်လည်း မိုယန်ရွှယ်သည် ဆုရှင်း ပို၍ကောင်းမွန်သော ပတ်ဝန်းကျင်၌ နေထိုင်နိုင်ရန် မြက်ခင်းပြင်တစ်ခုကို အထူးသီးသန့်ပြုလုပ်ထားခဲ့သည်။ထိုနေရာ၌ ပန်းများဖြင့် ပြည့်နှက်နေပြီး စတုရန်းမီတာ လေး ငါးမီတာခန့် ကျယ်ဝန်းကာ ခပ်ဖျော့​ဖျော့မွှေးရနံ့များ ထွက်ပေါ်နေသည်။

အမိန့်သံကိုကြားချိန်တွင် မြင်းသည် ရွရွလေးပြေးသွားကာ မြက်ခင်းပြင်ပေါ်၌ လူးလိမ့်လိုက်သည်။ထို့ကြောင့် မြက်များ မြေကြီးများနှင့်ပန်းများတို့၏ရနံ့များကြောင့် အပုပ်နံ့ကို သိသိသာသာဖုံးလွှမ်းနိုင်ခဲ့ပေ၏။

အနံ့အနည်းငယ် ထွက်နေသေးသော်လည်း အဆင်မပြေနိုင်သည့်ကိစ္စမျိုး မဟုတ်တော့ချေ။

ကျန်းရွှမ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်ကာ မြင်း၏အင်္ကျီကို ဂရုတစိုက် ဝတ်ဆင်ပေးပြီး တက်ကြွဖျတ်လတ်ပြီး အသက်ရှင်နေသောပုံပေါက်အောင် ပြင်ဆင်လိုက်သည်။သူ ပြင်ဆင်ပြီးသွားသောအချိန်မှာပင် အလျှင်အမြန်လျှောက်လှမ်းလာသော ခြေလှမ်းသံများကို ခြံဝန်း၏ပြင်ပမှနေ၍ သူ ကြားလိုက်ရသည်။ထို့နောက် မိုယန်ရွှယ် အိမ်တော်ထိန်းဖုန်းနှင့် ဝူရှန်းတို့သည် ခြံဝန်းအတွင်းသို့ ဝင်ရောက်လာပေ၏။

သူတို့သုံးယောက်သာမက အဖြူရောင်ပန်းပွင့်ဝတ်စုံကို ဝတ်ဆင်ထားသော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ယောက်လည်း ပါဝင်သည်။ သူမ၏ခါး၌ ကြေးနီခေါင်းလောင်းငယ်လေးများကို ကြိုးဖြင့်သီပြီး ချိတ်ဆွဲထားသဖြင့် သူမ လမ်းလျှောက်သည့်အချိန်တိုင်း တချွင်ချွင်အသံများ ထွက်ပေါ်နေသည်။

"ရွှယ်အာ...နင် ငါ့ကို ကတိပေးထားတယ်နော်...ငါက ဒီနေ့ ဆုရှင်းကို စီးချင်တယ်..နင်က ငါ့ရဲ့ရထားလုံးကို စီးလိုက်...နင့်ရဲ့စကားကို ပြန်ရုတ်သိမ်းလို့မရဘူး"

​မြင်းဇောင်း၏အနီးသို့ ရောက်ရှိမလာမီမှာပင် မိန်းကလေးက အော်ဟစ်ပြောဆိုသည်။

မိုယန်ရွှယ်က ခေါင်းညိတ်လိုက်သည်။

"ရပါတယ်...ဒါပေမဲ့ ဆုရှင်းက မာနကြီးပြီးတော့ သီးသန့်နေတတ်တယ်...လူစိမ်းတွေအတွက် နည်းနည်းစိုးရိမ်စရာရှိတယ်..တကယ်လို့ သူက နင့်ကို ခါချလိုက်ရင် ငါ တာဝန်မယူနိုင်ဘူး"

"ထားလိုက်စမ်းပါ...."

ထိုမိန်းကလေးသည် ရှေ့သို့လျှောက်လှမ်းလိုက်ရာ သူမ၏ခါးရှိ ခေါင်းလောင်းများမှ တချွင်ချွင်အသံများ မြည်ဟီးလာသည်။

"ငါ ယုရှောင်ယွီက အလွယ်တကူ ကြောက်တတ်တဲ့လူလို့ နင် ထင်နေတာလား.. .ငါက ရင်းမြစ်ရေအိုင်ကိုဖွင့်ပြီးတော့ ရင်းမြစ်စစ်သည်တော်အဆင့်ထိ ကျင့်ကြံပြီးပြီ..ငါက ဘာလို့ မြင်းတစ်ကောင်ကို ကြောက်နေရမှာလဲ"

"ဒါဆိုရင်လည်း ကောင်းပြီလေ..."

မိုယန်ရွှယ်သည် သူမသူငယ်ချင်း၏သဘောထားကို မြင်ချိန်၌ ထပ်မံ၍ ဖြောင့်ဖျခြင်းမပြုတော့ဘဲ ကျန်းရွှမ်ကို ကြည့်လိုက်သည်။

"ဆုရှင်းကို ခေါ်လာခဲ့စမ်း..."

ကျန်းရွှမ်သည် ဇက်ကြိုးကိုဖြည်ပြီး မြင်းကို မိန်းကလေးနှစ်ယောက်ထံသို့ ပို့ဆောင်လိုက်သည်။

သူ တစ်ခုဝန်ခံရမည်မှာ မိုယန်ရွှယ်နှင့်ယုရှောင်ယွီတို့နှစ်ယောက်လုံးသည် အလှလေးများဖြစ်ကာ သူမတို့ထံ၌ ကိုယ်ပိုင်ဆွဲဆောင်မှုများရှိသည်။တစ်ယောက်သည် ဂန္ဓာမာပန်းကဲ့သို့အေးမြကာ တခြားတစ်ယောက်သည် စာဝါတစ်ကောင်ကဲ့သို့ အလွန်တက်ကြွနေပြီး မတူကွဲပြားသော ခံစားမှုများကို ပေးစွမ်းနိုင်သည်။

"အဟိ..ရွှယ်အာ နင်က ငါ့အပေါ် အကောင်းဆုံးဆိုတာ ငါ သိတယ်"

သူမ၏ရထားလုံးထက် ပို၍ပင်ခမ်းနားထည်ဝါသော ဆုရှင်းကိုကြည့်ပြီး ယုရှောင်ယွီသည် ချီးမွမ်းလိုက်ကာ မြင်း၏ခေါင်းကို တို့ထိကြည့်ရန်အတွက် သူမ၏လက်ကို ဆန့်တန်းလိုက်သည်။

"ဂရုစိုက်...."

မိုယန်ရွှယ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး အလျင်စလို အော်ဟစ်လိုက်၏။

ဤမြင်းသည် နေ့စဉ်နေ့တိုင်း ကောင်းကောင်းမွန်မွန်နေထိုင်သော်လည်း အလွန်ဒေါသကြီးသည်။ သူမ၏ဖခင်မှ သူမကို ဤမြင်းအား ပထမဆုံး ပေးစဉ်အချိန်၌ သူမသည် ယဥ်ပါးအောင်ကြိုးစားခဲ့သော်လည်း မြင်း၏ကန်ချက်တစ်ချက်ကြောင့် လွင့်ထွက်သွားလုနီးပါးပင်။

တခြားလူများသည် သူမမိတ်ဆွေ၏အဆင့်အတန်းကို သိမည်မဟုတ်သော်လည်း သူမကမူ ကောင်းစွာသိရှိထားသည်။ယုရှောင်ယွီသည် အဖြူရောင်ကျောက်တုံးမြို့၏အရှင်သခင် ယုလုံချင်း၏သမီးဖြစ်ကာ သူမထက်ပို၍ အဆင့်အတန်းမြင့်မားသည်။အကယ်၍ ယုရှောင်ယွီသာ မြင်းကန်ခံရပါက ဆုရှင်းသာမကဘဲ မိုမိသားစုတစ်ခုလုံးလည်း ငြိစွန်းသွားပေမည်။

သူမသည် ယုရှောင်ယွီကို နောက်သို့ပြန်ဆွဲရန် ဟန်ပြင်လိုက်သောအချိန်မှာပင် အမြဲတစေဒေါသကြီးနေသော ဆုရှင်းသည် ဒေါသမထွက်ရုံသာမက မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ညင်သာစွာပွတ်သီးပွတ်သပ်လုပ်နေသည်ကို သူမ မြင်တွေ့လိုက်ရသည်။ဆုရှင်၏ပြင်းထန်သောဒေါသများသည် ယခင်က တစ်ကြိမ်တခါမျှ မတည်ရှိခဲ့သည့်အလားပင်။

"..."

မိုယန်ရွှယ် အံ့အားသင့်တုန်လှုပ်သွားသည်။

သူမ အမြင်မှားနေသလော...

မည်သည်ကြောင့် ဤသို့ ဖြစ်လာခဲ့သနည်း...

"ငါက ဘာကို ဂရုစိုက်ရမှာလဲ"

ဆုရှင်း၏ခေါင်းကို ပွတ်သပ်နေရင်း ယုရှောင်ယွီက သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းသည်။

"ဒါက..."

မိုယန်ရွှယ်သည် ရှင်းပြရန် ဟန်ပြင်လိုက်သော်လည်း ယုရှောင်ယွီ၏နောက်ထပ်လှုပ်ရှားမှုတစ်ခုကို မြင်တွေ့လိုက်ရသောကြောင့် သူမ၏ပါးစပ် မဲ့ရွဲ့သွားသည်။

ယုရှောင်ယွီသည် ဆုရှင်း၏ခေါင်းကို ပွတ်ပေးရုံသာမက မြင်းနားရွက်ကို ဆုပ်ကိုင်ကာ မြင်း၏နဖူးကို အကြိမ်ရေအနည်းငယ် တောက်နေခဲ့သည်။

ဒေါသကြီးသောမြင်းသည် ဤကဲ့သို့ 'စော်ကား'ခံရခြင်းကြောင့် စိတ်ရူးပေါက်သွားမည်ဟု သူမ မျှော်လင့်ခဲ့သည်။သို့ရာတွင် ဆုရှင်းသည် လိမ္မာသော အိပ်မွေးခွေးတစ်ကောင်အလား ပြုမူနေကာ ဒေါသထွက်ခြင်းမရှိဘဲ သူ၏အမြီးကို ညင်သာစွာဝှေ့ယမ်းနေပြီး ယုရှောင်ယွီကို လျှာဖြင့်လျက်တော့မည်အလားပင်။

"..."

မိုယန်ရွှယ်သည် လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။

ဤမြင်းသည် မည်သည်ကြောင့် တစ်ရက်အတွင်းတွင် များစွာပြောင်းလဲသွားခဲ့သနည်း...

"ရွှယ်အာ... ဆုရှင်းကိုကိုင်တွယ်ရတာ လွယ်တယ်လို့ ငါ ထင်တယ်...နင်က ငါ့ကို မစီးစေချင်လို့ ပြောနေတာလား"

ဆုရှင်း၏ခန္ဓာကိုယ်တခုလုံးကို ပွတ်သပ်ရင်း ယုရှောင်ယွီက သူမ၏နှုတ်ခမ်းကိုစူပြီး ပြောဆိုသည်။

သူမ ဤနေရာသို့ ရောက်မလာမီ မိုယန်ရွှယ်မှနေ၍ ဤမြင်းကို သားရဲတစ်ကောင်ဟု ပြောဆိုကာ အကွာအဝေး အနည်းငယ်ခြားနေရန် သူမကို သတိပေးခဲ့သည်။မြင်းသည် အလွန်လိမ္မာပြီးချစ်စဖွယ်ကောင်းမည်ဟု မည်သူက တွေးမိမည်နည်း။

မိုယန်ရွှယ်သည် ရှက်ရွံ့သွားကာ ရှင်းပြလိုသော်လည်း မည်သို့ပြောဆိုရမည်ကို မသိတော့ချေ။

ဖြစ်နိုင်သည်က ဤသည်မှာ သူမ၏အပြစ်ပင်။ မြင်းသည် ဤကဲ့သို့ ချစ်စဖွယ်ကောင်းသောမိန်းကလေးများကို သဘောကျနိုင်သည် မဟုတ်လော။

"တခုခုတော့ လွဲနေပြီ..."

မိုယန်ရွှယ်သည် မြင်းကိုထိန်းကျောင်းရာ၌ တာဝန်ယူသော ကျန်းရွှမ်ကို လှည့်ကြည့်လိုက်သည်။

သူမသည် ဤမြင်း၏အကြောင်းကို ကောင်းစွာသိရှိပေ၏။အစေခံအများစုသည် ဤမြင်းကိုအစာကျွေးရန်အတွက်ပင် ကြောက်ရွံသဖြင့် ဤလူသစ်အား အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။သို့ရာတွင် ရက်အနည်းငယ်အတောအတွင်း၌ မြင်းသည် ဤမျှထိ အလွန်အမင်းပြောင်းလဲသွားခဲ့သလော။

သူမ၏သူငယ်ချင်းမှ တုံ့ပြန်အဖြေပေးခြင်းမရှိသည်ကိုကြည့်ပြီး ယုရှောင်ယွီသည် ဆက်လက်၍ကပ်တွက်မနေတော့ချေ။သူမသည် မြင်း၏အနီးသို့ ချဉ်းကပ်သွားကာ သူမ၏မေးကို သူမ၏လက်ချောင်းဖြင့်ထောက်ပြီး အနည်းငယ်အခက်တွေ့နေပုံရသည်။

သူမ၏အရပ်သည် ၅ပေ၃လက်မသာမြင့်ပြီးမိန်းကလေးတစ်ယောက်အတွက် အလွန်မြင့်မားခြင်းမရှိချေ။မြင်းရိုင်းတစ်ကောင်ဖြစ်သော ဆုရှင်းကမူ ၅ပေ၅လက်မခွဲခန့်မြင့်သဖြင့် သူမ မြင်းပေါ်သို့တက်ရန် အလွန်ခက်ခဲနေသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်၌ အိမ်တော်ထိန်းဖုန်းက ကျန်းရွှမ်ကိုကြည့်ပြီး သရော်တော်တော် ပြောဆိုသည်။

"ကျန်းရွှမ်..အစေခံတစ်ယောက်ဖြစ်ပြီးတော့ မင်း ဘာလို့ ဒီလောက်ထိ သတိမဲ့တာလဲ... မင်း ဒူးထောက်ပြီးတော့ သခင်မလေးယုအတွက် ခြေနင်းကျောက်တုံး လုပ်ပေးလိုက်စမ်း"

"ခြေနင်းကျောက်တုံးလား..."

ကျန်းရွှမ်သည် အံ့အားသင့်သွားပေ၏။

"သေချာတာပေါ့.."

အိမ်တော်ထိန်းဖုန်း၏မျက်လုံးအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"သခင်မလေးယု မြင်းစီးဖို့အတွက် မင်းရဲ့ကျောပေါ်ကနေ တက်နင်းသွားတာက မင်းအတွက် ဂုဏ်ယူစရာတစ်ခုပဲ... ဒီအခွင့်အရေးကို တန်ဖိုးထားစမ်း...ကျေးဇူးမကန်းစမ်းနဲ့...."

'မင်း မနေ့က ဟန်ရေးပြနေတာ မဟုတ်လား....'

'အခု မင်း ဒူးထောက်ပြီးတော့ မင်းပေါ်ကနေ တစ်ယောက်ယောက်က ခြေထောက်နဲ့နင်းသွားတော့မယ်...ဒါဆိုရင် မင်းက တခြားလူတွေကို ဘယ်လိုမျက်နှာပြမလဲဆိုတာ ငါ သိချင်တယ်...မင်းက ငါနဲ့အလောင်းအစား လုပ်တဲ့နေရာမှာ နိုင်ခဲ့တာကြောင့် ဂုဏ်ယူနေတာ မဟုတ်လား'

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"ငါ့အတွက် ဒီအခွင့်အရေး မလိုဘူး.."

"ဘာလဲ...မင်းက အမိန့်ကို ဖီဆန်ချင်တာလား ...မင်းက သခင်မလေးကို ဂရုမစိုက်တဲ့သဘောလား"

အိမ်တော်ထိန်းဖုန်းက နောက်သို့လှည့်ကြည့်ပြီး တောင်းပန်စကားပြောဆိုသည်။

"သခင်မလေး...သူ့ကို ကောင်းကောင်းမွန်မွန် မသင်ကြားပေးနိုင်တာက ငါ့ရဲ့အပြစ်ပါ... ဒါပေမဲ့ သခင်မလေးက သူ့ကို အပြစ်ပေးချင်တယ်ဆိုရင် စကားတစ်ခွန်းပဲ ပြောလိုက်ပါ....ငါက အ​စေခံတွေအတွက် စည်းကမ်းကို သူ သိအောင် ချက်ချင်းပြပေးလိုက်မယ်"

မိုယန်ရွှယ်သည် တုံ့ပြန်အဖြေပေးခြင်းမပြုဘဲ အမူအယာကင်းမဲ့သောမျက်နှာဖြင့် ကျန်းရွှမ်ကို ကြည့်လေသည်။

"ငါက အကြောင်းပြချက်ကို သိချင်တယ်"

"သခင်မလေးကို သတင်းပို့ပါတယ်..တကယ်တော့ ဆုရှင်းကိုစီးဖို့အတွက် လူခြေနင်းတုံး မလိုဘူး"

ကျန်းရွှမ်က မသိမသာပြုံးပြီးနောက် သူ၏ရှေ့တွင်ရှိနေသော မြင်းကို ကြည့်လိုက်သည်။

"ဝပ်လိုက်စမ်း"

ဤသည်မှာ ဟာသပြက်လုံးတစ်ခုဖြစ်မည်ဟု တွေးတောမိသဖြင့် အိမ်တော်ထိန်းဖုန်းက လှောင်ပြောင်သရော်လိုက်သည်။

"သခင်မလေးတောင် ဒီလိုဆက်ဆံမှုမျိုးကို မရနိုင်ဘူး....ဆုရှင်းကို အမိန့်ပေးရအောင် မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ"

သူ၏စကားအဆုံးမသတ်သေးမီမှာပင် အုန်းခွံရောင်မြင်းသည်အကြိမ်ရေအနည်းငယ်ခန့် ခေါင်းညိတ်ပြီးနောက် မြင့်မားသောခန္ဓာကိုယ်ကြီးကို တဖြည်းဖြည်းနှိမ့်ချကာ နာခံရို့ကျိုးစွာဖြင့် ကြောင်တကောင်အလား မြေပြင်ပေါ်၌ ဝပ်တွားလိုက်သည်ကို သူ မြင်တွေ့မိသည်။

"ဒါက ဘယ်လိုဖြစ်သွားတာလဲ...."

မိုယန်ရွှယ် အိမ်တော်ထိန်းဖုန်းနှင့် တခြားလူများအားလုံး ကြက်သေသေသွားကာ သူတို့ထံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။

All Chapters