← Chapters

ဆဲဆိုသော မြင်း

Vol. 1 Ch. 3

ဆဲဆိုသော မြင်း

Vol. 1 Ch. 3

ဖုန်ကျင်းသည် အိမ်ခြေရာမဲ့များအပေါ် အထင်အမြင်သေးခြင်းမရှိချေ။သို့ရာတွင် အိမ်ခြေရာမဲ့ဟု သတ်မှတ်ခံထားရသူများသည် ရာဇဝတ်သားများ သူတောင်းစားများ သို့မဟုတ် ကလေကလွင့်များဖြစ်နေသည်။သူတို့ထံ၌ စွမ်းအားမရှိ ပညာအရည်အချင်းမရှိ ကျွမ်းကျင်မှုလည်း ရှိမနေချေ။အိမ်တော်ကြီးတစ်ခု၌ အစေခံတစ်ယောက်ဖြစ်လာသည်ကပင် သူတို့အတွက် ဘေးဒုက္ခမဟုတ်ဘဲ ကောင်းချီးပေးမှုဖြစ်နေလေပြီ။

သူ့ရှေ့ရှိ အိမ်ခြေရာမဲ့ကိုလည်း ထိုနည်းတူစွာ တွေးတောခဲ့သည်။မြင်းတကောင်ကို ထိန်းကျောင်းရသည်မှာ သူ့အတွက် ကြီးမားသောအခွင့်အရေးတစ်ခုပင်။မမျှော်လင့်ဘဲ ကျန်းရွှမ်သည် စကားများကို ကျိုးကြောင်းဆီလျော်စွာဖြင့် ချက်ကျလက်ကျပြောဆိုနိုင်ပေ၏။

အကယ်၍ ဆုရှင်းသာ အမှန်တကယ်သေဆုံးသွားပါက ကျန်းရွှမ်အားခေါ်ဆောင်လာသော သူသည် မလွဲသာမရှောင်သာတာဝန်ယူရပြီး ဤပြစ်မှုအတွင်း၌ ငြိစွန်းပတ်သက်မည်မှာ သေချာပေါက်ပင်။အကယ်၍ သူသည် သခင်မလေး၏ယုံကြည်မှုကို ဆုံးရှုံးသွားပါက သူ ယခင်က အနိုင်ကျင့်ခဲ့သော အစေခံများသည် အခွင့်အရေးယူ၍ လက်တုံပြန်ကြပေမည်။ထိုအချိန်ကျပါက သူ၏ဆုံးရှုံးနစ်နာမှုများသည် သူတောင့်ခံနိုင်သည်ထက် ပိုများနေပေမည်။

ဖုန်ကျင်းသည် အေးစက်စက်အကြည့်ဖြင့် ကျန်းရွှမ်ကို တစ်ချက်ကြည့်ပြီး သူ၏မျက်လုံး ကျဉ်းမြောင်းသွားပြီးနောက် ဆုရှင်း၏နံဘေးသို့လျှောက်လှမ်းသွားကာ စမ်းသပ်ကြည့်လိုက်သည်။

သူ ခံစားလိုက်ရသည့်အရာသည် သူ၏စိတ်နှလုံးသားကို လေးလံသွားစေပြီး သူလဲကျသွားလုနီးပါးပင်။

မြင်းသည် တောင့်တင်းနေရုံသာမက အေးစက်နေလေပြီ။

'မင်းက ဒါကို အသက်ရှင်တယ်လို့ ပြောတာလား'

'မင်း ငါ့ကို နောက်နေတာလား...'

ကျန်းရွှမ်၏နှုတ်ခမ်း မဲ့ရွဲ့သွားကာ မလှမ်းမကမ်းအကွာရှိ မြင်းကိုကြည့်ပြီးနောက် ဖုန်ကျင်းကို တဖန်ပြန်၍ကြည့်ကာ ပြောဆိုလိုက်၏။

"အိမ်တော်ထိန်းဖုန်း...မင်း ဆုံးဖြတ်ပြီးပြီလား....ငါက အိမ်ခြေရာမဲ့တစ်ယောက်ဆိုပေမယ့် မင်းကတော့ မတူဘူး...မင်းက မိုမိသားစုရဲ့အိမ်တော်ထိန်းဖြစ်ပြီးတော့ အဆင့်အတန်းမြင့်တယ်...တကယ်လို့ မင်း အလောင်းအစားမလုပ်ဝံ့လို့ တစ်ခုခုဖြစ်လာမယ်ဆိုရင် ဒါက တန်မှာမဟုတ်ဘူး"

ခြိမ်းခြောက်ခံရခြင်းကြောင့် ဖုန်ကျင်းသည် ဒေါသထွက်သွားသော်လည်း ကျန်းရွှမ် ပြောဆိုသည်မှာ အမှန်ဖြစ်ကြောင်း သူ သိရှိသည်။ထို့ကြောင့် သူက ချက်ချင်းခေါင်းညိတ်လိုက်၏။

"ကောင်းပြီလေ....ငါ လောင်းမယ် တကယ်လို့ မင်းက ဆုရှင်းကို အသက်ပြန်ရှင်လာအောင်လုပ်နိုင်ရင်...အဖြူရောင်​ကျောက်တုံးကျောင်းတော်ကို သွားတဲ့အဖွဲ့ထဲမှာ မင်းကို ငါ ထည့်ပေးမယ်....တကယ်လို့ မင်း မလုပ်နိုင်ဘူးဆိုရင် သခင်မလေးက အမိန့်မပေးရင်တောင် ငါ မင်းကို အမဲဖျက်မယ်...မင်း ကိုယ်လက်အင်္ဂါအပြည့်အစုံမရှိဘဲနဲ့ သေစေရမယ်"

"အိမ်တော်ထိန်းဖုန်းကို ကျေးဇူးတင်ပါတယ်"

ကျန်းရွှမ်က အော်ဟစ်ပြောဆိုပြီးနောက် ဆုရှင်း၏ပခုံးကို ပုတ်လိုက်သည်။

"အိပ်နေတာကို ရပ်လိုက်စမ်း...မြန်မြန်ထတော့"

ဝူရှန်း၏နှုတ်ခမ်းထောင့် ရှုံမဲ့သွားသည်။

'မြင်းက တောင့်တင်းနေပြီ...မင်းက ဟန်ဆောင်နေတုန်းပဲ...ဘယ်လို အဆုံးသတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့'

ဤသည်မှာ လိမ်လည်လှည့်စားခြင်းသာဖြစ်မည်ဟု တွေးထင်မိသဖြင့် သူက ယုံကြည်ချက်အခိုင်အမာဖြင့် ပြောဆိုလိုက်သည်။

"အဲ့ဒီလို လိမ်တာလောက်ကတော့ ငါလည်း လုပ်နိုင်တယ်....."

သူ၏စကား အဆုံးမသတ်သေးမီမှာပင် ဆုရှင်းသည် ရုတ်တရက် မျက်လုံးဖွင့်ပြီး ခုန်ပေါက်ထကာ နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက်မြင်းသည် ခေါင်းကိုခါယမ်းကာ အမြှီးကိုသွက်သွက်လက်လက်ဝှေ့ယမ်းပြီး တောင့်တင်းနေသည့်အရိပ်အယောင် လုံးဝမရှိတော့ချေ။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ဖုန်ကျင်းသည်လည်း အကြွင်းမဲ့ဆွံအသွားပေ၏။

အကယ်၍ သူသည် မြင်းသေဆုံးသွားသည်ကိုသာ ကြည့်ရုံသက်သက်ဆိုပါက သူ အနည်းငယ်သံသယရှိနေနိုင်သည်။သို့ရာတွင် သူသည် မြင်းကို သူကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့ရာ နှလုံးခုန်နှုန်းနှင့်သွေးခုန်နှုန်း ရပ်တန့်နေလေပြီ။သို့ရာတွင် မည်သည်ကြောင့် ကျန်းရွှမ်၏စကားတစ်ခွန်းဖြင့် မြင်းသည် ခုန်ပေါက်ထလာသနည်း။

'ဒါက ဘယ်လိုဖြစ်သွားတာလဲ'

ဝူရှန်းသည်လည်း ကြက်သေသေနေလေ၏။

'အင်း ငါ ဒီလိုကိစ္စမျိုးကို ဘယ်လိုမှ လုပ်နိုင်မှာမဟုတ်ဘူး'

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"

သူသည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

ကျန်းရွှမ်က ပြုံးလိုက်ကာ သူ ကြိုတင်ပြင်ဆင်ထားသော ဖြေရှင်းချက်ကို ပြောဆိုလိုက်သည်။

"ဆုရှင်းက နေကောင်းပါတယ်..သူက ငါ့ကို ကောင်းကောင်းသိနေပြီးတော့ ငါနဲ့တစ်ချိန်လုံး ကစားနေခဲ့တယ်...."

စိတ်ဝိညာဥ်နိုးထခြင်းနည်းစနစ်သည် ဤကမ္ဘာလောကအတွင်း၌ရှိမရှိ မသေချာသောကြောင့် သူ ထုတ်ဖော်ပြောဆိုခြင်းမပြုသည်မှာ အကောင်းဆုံးဖြစ်ပေမည်။

ဝူရှန်းက ကန့်ကွက်လေသည်။

"မဖြစ်နိုင်ဘူး...ဆုရှင်းက မာနကြီးတဲ့ မြင်းတစ်ကောင်ပဲ...သခင်မလေးတောင် သူ့ကိုမစီးခင်မှာ ချော့မော့နေရတယ်...ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့စကားကိုနားထောင်ပြီး မင်းနဲ့ တစ်ချိန်လုံးဆော့ကစားနေမှာလဲ"

ဝူရှန်း၏စကား အဆုံးမသတ်သေးမီမှာပင် အစောပိုင်းက မတ်တတ်ရပ်နေသော ဆုရှင်းသည် သူ၏ခေါင်းဖြင့် ကျန်းရွှမ်၏ခြေထောက်ကို ပွတ်သီးပွတ်သပ်လုပ်ကာ လိမ္မာသောခွေးပေါက်လေးတစ်ကောင်အလား ပြုမူနေသည်ကို သူ မြင်တွေ့မိလေ၏။

ဝူရှန်း '....'

သူသည် ယခင်က ဤမြင်းကို ထိန်းကျောင်းဖူးသော်လည်း သူ၏အစားအစာများကို လုယက်သည့်အပြင် စိတ်ထင်တိုင်းကန်​ကျောက်လေ့ရှိသည်။သူသည် ထိုကိစ္စကို သည်းမခံနိုင်တော့သဖြင့် ကျန်းရွှမ် အရူးကဲ့သို့ဖြစ်နေသည်ကို မြင်တွေ့ရန် မျှော်လင့်ပြီး လက်လွှဲပေးခဲ့ခြင်းဖြစ်သည်။သို့ရာတွင် ရက်အနည်းငယ်ကြာမြင့်ပြီးနောက် ကျန်းရွှမ်နှင့်မြင်းသည် ရင်းနှီးကျွမ်းဝင်သွားပေ၏။

"ဆုရှင်းက မင်းနဲ့ တစ်ချိန်လုံး ကစားနေတာလား"

ဖုန်ကျင်းက မေးမြန်းသည်။

ကျန်းရွှမ်၏မျက်နှာပေါ်၌ ရိုးရှင်းပြီး ရိုးသားဖြူစင်သောာ အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"အမှန်ပဲ..ဆုရှင်းက အရမ်းလိမ္မာတယ်...သူ့ရဲ့နဖူးကို ပွတ်ပေးလိုက်ရုံနဲ့ ငါနဲ့မိတ်ဆွေတွေ ဖြစ်သွားတာပဲ...အဲ့ဒီနောက်မှာ သူက ငါ့ရဲ့စကားကို နားထောင်တယ်"

"ဒါက အမှန်ပဲလား"

ဝူရှန်း၏မျက်လုံးများ ပြူးကျယ်သွားကာ သူလည်း ထိုသို့လုပ်နိုင်သည်ဟု ခံစားမိလေ၏။

"တကယ်လို့ မင်း ငါပြောတာကို မယုံဘူးဆိုရင် မင်း ရှေ့ကိုလာပြီး စမ်းကြည့်လို့ရတယ်"

ကျန်းရွှမ်က သူ၏လက်ကိုဝှေ့ယမ်းပြီး ဖိတ်ခေါ်လိုက်သည်။

ဆုရှင်းထံ၌ သောင်းကျန်းမည့်အရိပ်အယောင်မျိုး မရှိဘဲ မတ်တတ်ရပ်နေသည်ကိုကြည့်ပြီး ဝူရှန်းက ဖုန်ကျင်းကို လှည့်ကြည့်လိုက်သည်။အိမ်တော်ထိန်းဖုန်း ခေါင်းညိတ်ပြသည်ကို မြင်တွေ့သဖြင့် သူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ဆုရှင်း၏အနီးသို့ ချဉ်းကပ်လိုက်၏။

ဤမြင်းသည် သခင်မလေးအတွက် အလွန်အရေးပါသည်။အကယ်၍ သူသည် မြင်းကို လိမ္မာအောင် ပြုလုပ်နိုင်ပါက မိုမိသားစုအတွင်း၌ သူ၏အဆင့်အတန်း မြင့်မားသွားမည်မှာ သေချာပေါက်ပင်။

သူ့၏လက်ကို ဂရုတစိုက်ဆန့်တန်းလိုက်သော်လည်း ဆုရှင်း၏နဖူးကို မထိသေးမီမှာပင် အုန်းခွံရောင်မြင်းသည် ရုတ်တရက်ခုန်ပေါက်လိုက်၏။

ဘန်း...

မြစ်၏ရှေ့ခွာနှစ်ချောင်းက သူ၏ရင်ဘတ်ပေါ်သို့ ကျရောက်လာသည်။တုံ့ပြန်ရန်အချိန်မရှိခဲ့သဖြင့် ဝူရှန်းသည် မီတာခုနစ်မီတာရှစ်မီတာခန့်အကွာသို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွားပြီး သူ၏ပါးစပ်မှ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

"မင်း ငါ့ကို လိမ်တယ်"

ဝူရှန်းသည် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်ရယ သူ၏အမြင်အာရုံ မှောင်မည်းသွားသည်။

'အင်း....ငါ ဒါကိုမလုပ်နိုင်ဘူးလို့ ထင်တာပဲ'

အမှန်အားဖြင့် မည်သို့ဖြစ်ပျက်သွားသည်ကို သူ နားလည်သဘောပေါက်သည်။သူ တိုင်တန်းပြောဆိုခြင်းကြောင့် ကျန်းရွှမ် ဒေါသထွက်သွားသည်မှာ သိသာထင်ရှားလှ၏။ ထို့ကြောင့် သူသည် အခွင့်ကောင်းယူ၍ လက်တုံ့ပြန်ခြင်းဖြစ်သည်။

သို့ရာတွင် မြင်း၏ပူပေါင်းဆောင်ရွက်မှုသည် အလွန်ကောင်းမွန်ပေ၏။

သူ ဆဲဆိုတော့မည်အချိန်မှာပင် မလှမ်းမကမ်းအကွာ၌ရှိနေသော ဆုရှင်းနှင့်ကျန်းရွှမ်ကို သူ မြင်တွေ့မိသည်။သူတို့နှစ်ယောက်လုံးသည် သူတို့၏ပါးစပ်များကို တပြိုက်နက်တည်းဖွင့်ဟထားကြကာ 'ငတုံးကောင်'ဟူသော စကားကို တီးတိုးရေရွတ်နေသည်မှာ သိသာထင်ရှားသည်။

"..."

ဆုရှင်း၏ပါးစပ် မဲ့ရွဲ့သွားသည်။သူ့၏ဒေါသများကို မထိန်းချုပ်နိုင်တော့သဖြင့် သူသည် ဆုရှင်းကို လက်ညှိုးညွှန်လိုက်၏။

"အိမ်တော်ထိန်းဖုန်း...မြင်းက ငါ့ကို ဆဲနေတယ်..."

ကျန်းရွှမ်၏ဆဲဆိုခြင်းကို သူ သည်းခံနိုင်သော်လည်း မြင်းတကောင်မှနေ၍ သူ့အား ဆဲဆိုခြင်းသည်.... တရားမျှတမှု ရှိပါသော

ဖုန်ကျင်းက သူ့၏နဖူးကိုပွတ်သပ်ပြီး ပြောဆိုသည်။

"ပါးစပ်ပိတ်ထားစမ်း...မင်း အရှက်ရခဲ့တာက မလုံလောက်သေးဘူးလား"

"မြင်းတကောင်က လူတွေကို ဆဲနိုင်မှာလား"

"မင်း ရူးသွားတာလား..."

"ငါ..."

ဝူရှန်းက သူ၏မျက်လုံးကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။ဆုရှင်းထံ၌ မည်သည့်မူမမှန်မှုမျိုးမျှ ရှိမနေဘဲ ကျန်းရွှမ်၏နောက်၌ တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ဤသည်မှာ အစောပိုင်းက ဆုရှင်း၏ဆဲဆိုမှုသည် သူ ထင်ယောင်ထင်မှား ဖြစ်ခဲ့သည့်အလားပင်။

ဝူရှန်းကို လျစ်လျူရှုပြီးနောက် ကျန်းရွှမ်ကအိမ်တော်ထိန်းဖုန်းကိုကြည့်ပြီး အပြစ်ကင်းစင်သောမျက်နှာအမူအယာဖြင့်ပြောဆိုသည့်

"အိမ်တော်ထိန်းဖုန်း...ခုဏက အလောင်းအစားကို ထည့်တွက်သေးလား"

"အင်း...."

ဖုန်ကျင်းက သူ၏သွားများအက်ကွဲတော့လုမတတ် အံ့ကြိတ်ပြီးပြောဆိုသည်။

"ဆုရှင်းက မင်းရဲ့စကားကို နားထောင်နေမှတော့ ကောင်းကောင်းဂရုစိုက်ပါ..သခင်မလေး မနက်ဖြန် အကဲဖြတ်စစ်ဆေးမှုကို သွားမယ့်အချိန်ကို မင်း အမှီလာခဲ့ပါ...ဘာနှောင့်နှေးမှုမှ မဖြစ်စေနဲ့"

ဤနေရာ၌ ဆက်နေပါက သူ ပို၍အရှက်ရမည်ကို သိရှိသဖြင့် ဖုန်ကျင်းက နောက်သို့ချာခနဲလှည့်ပြီး ထွက်ခွာသွားတော့သည်။သူသည် ခြံဝန်းအတွင်းမှ ထွက်ခွာမသွားမီ ဝူရှန်းကို ကြည့်လိုက်၏။

"မြန်မြန်လာခဲ့စမ်း..."

"ဟုတ်...ဟုတ်ကဲ့..."

ဝူရှန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလေသည်။သူသည် ပြင်ပသို့ထွက်လာခဲ့သည့်တိုင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသဖြင့် နောက်သို့အဆက်မပြတ် ပြန်လှည့်ကြည့်လိုက်သည်။

သူ မြင်းဇောင်းအတွင်းမှ ထွက်ခွာသွားတော့မည့်အချိန်တွင် ကျန်းရွှမ်သည် ဒေါသတကြီးဖြင့် ဆုရှင်းကို ပါးဖြတ်ရိုက်ပြီး ဆူပူကြိမ်းမောင်းသောလေသံဖြင့် အော်ငေါက်နေလေသည်။

"လူတွေကို ဆဲလို့ရတယ်လို့ မင်းကို ဘယ်သူကသင်ထားလဲ...မင်း စည်းကမ်းတွေကို နားမလည်ဘူးလား...မင်းနေရာ မင်းသိစမ်း...မင်းက မြင်းတစ်ကောင်ပဲ..."

"..."

ဝူရှန်းက သူ၏မျက်လုံးများကို တဖန်ပြန်၍ပွတ်သပ်ကြည့်လိုက်ရာ ကျန်းရွှမ်နှင့်ဆုရှင်းသည် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး နှစ်ယောက်လုံးမှနေ၍ သူ့အားပြုံးပြနေသည်ကို မြင်တွေ့မိသည်။

"ငါ ဒါကို မယုံနိုင်ဘူး..."

အမှားအယွင်းများကို အကြိမ်ကြိမ်မြင်တွေ့ပြီးနောက် ဝူရှန်းသည် သူ၏မျက်လုံးကိုပင် သူ မယုံနိုင်တော့ချေ။ထို့ကြောင့် သူ၏ခေါင်းကို ပြင်းပြင်းထန်ထန်ခါယမ်းပြီး အဝေးသို့ထွက်ခွာသွားတော့သည်။

ထိုအချိန်ကျမှသာ ကျန်းရွှမ်သည် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်၏။

"အခု အဲ့ဒီကောင်ပြောတဲ့ စကားတွေကို ဘယ်သူမှ ယုံတော့မှာမဟုတ်ဘူး"

အစောပိုင်းက သူ ဆုရှင်းကို ဆူပူကြိမ်းမောင်းခြင်းသည် ဝူရှန်းကို စိတ်ရှုပ်ထွေးသွားစေရန်ရည်ရွယ်၍ ဟန်ရေးပြခဲ့ခြင်းဖြစ်သည်။ဤနည်းလမ်းဖြင့် အကယ်၍ တခြားပြဿနာများရှိလာပါက ဝူရှန်းသည် လွယ်လင့်တကူသတင်းပို့ဝံ့တော့မည်မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏အကျပ်အတည်းသည် အပြည့်အဝပြေလည်သွားခြင်း မရှိသေးချေ။

စိတ်ဝိညာဥ်နိုးထခြင်းနည်းစနစ်သည် မြင်းသေကို မတ်တတ်ထရပ်စေပြီး အသက်ရှင်နေပုံရစေသဖြင့် လူအများသည် ဤပြဿနာကို အချိန်တိုအတွင်း သတိပြုနိုင်ရန် အလွန်ခက်ခဲပေမည်။သို့ရာတွင် ဆုရှင်း သေဆုံးသွားခြင်းသည် သေဆုံးခြင်းဖြစ်နေဆဲပင်။ဤကဲ့သို့ ပူပြင်းသောရာသီဥတု၌ မနက်ဖြန်မတိုင်မီ မြင်းထံမှ အပုပ်နံ့များ ထွက်လာပေမည်။

အကယ်၍ မြင်းမှ အနံ့စတင်ထွက်လာပါက တုံးအဆုံးလူများပင်လျှင် ပြဿနာရှိနေသည်ကို သိရှိသွားပေမည်။ထိုအချိန်ကျပါက သူ ဤကိစ္စကိုဖုံးကွယ်ထားရန်မှာ ဖြစ်နိုင်တော့မည် မဟုတ်ချေ။

ဂွီ...ဂွီ....

ကျန်းရွှမ်သည် ယခုအခြေအနေကို မည်ကဲ့သို့ဖြေရှင်းရမည်အား စိုးရိပ်ပူပန်နေစဥ်မှာပင် သူ၏ဗိုက်မှ ကျယ်လောင်သောမြည်သံများ ထွက်ပေါ်လာသည်။

ဤမြင်းကြောင့် ရက်ပေါင်းများစွာကြာအောင် အစားအစာပြတ်တောက်နေခဲ့သဖြင့် ယခုပြဿနာကို အားစိုက်၍ ဖြေရှင်းပြီးနောက် သူ ဆာလောင်ပြီး ဗိုက်အောင့်နေလေပြီ။

"ပုတ်သိုးခံမယ့်အစား ငါက ဘာလို့ ဒါကို မစားဘဲနေရမှာလဲ"

မြင်းသည် သေဆုံးပြီးဖြစ်ပေ၏။ထိုကြောင့် မြင်း ပုတ်သိုးသွားမည်ကို စောင့်ဆိုင်းသည်ထက် သူ စားလိုက်သည်က ပို၍ကောင်းမွန်ပေမည်။

သို့ရာတွင် အကယ်၍ မြင်း၏ခြေထောက်တစ်ဖက် သို့မဟုတ် နားရွက်တစ်ဖက်ကို သူ စားလိုက်ပါက မနက်ဖြန်၌ သခင်မလေးသည် ဆုရှင်းကို စီးလိုသည်ဆိုပါက လွယ်လင့်တကူ သတိပြုမိသွားပေမည်။

အကယ်၍သူ မစားပါက သူ ဆာလောင်မွတ်သိပ်နေပေမည်။ရင်းမြစ်ကမ္ဘာအတွင်း၌ နယ်ပယ်တစ်ခု၏အုပ်ချုပ်သူအရှင်တစ်ယောက်သည် ဆာလောင်ငတ်မွတ်ခြင်းကြောင့် သေဆုံးသွားရပါက အလွန်အရှက်ရဖွယ်ကောင်းပေမည်။

"ငါက ကလီစာတချို့ကို စားရင်တော့ သတိမထားမိလောက်ပါဘူး"

မကြာမီမှာပင် ကျန်းရွှမ် အတွေးတစ်ခုရရှိသွားသည်။သူသည် မီးဖိုချောင်သို့ လျှောက်လှမ်းသွားပြီး ထက်ရှသောဓားတစ်လက်ကို ယူဆောင်လာကာ ဆုရှင်း၏ရှေ့သို့ပစ်ချပြီး စိတ်မရှည်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"မင်းရဲ့ နှလုံး အဆုတ် အသည်း သရက်ရွက်နဲ့ကျောက်ကပ်တွေကို ငါ ကင်စားဖို့အတွက် မင်းကိုယ်တိုင် ဖြတ်ပေးစမ်း...ငါက အရမ်းကြင်နာတတ်တာကြောင့် အဲ့ဒီလိုမျိုးတွေ မလုပ်ချင်ဘူး"

ဆုရှင်း '....'

'မင်းပြောတာ အဓိပ္ပါယ်ရှိတယ်လို့ မင်း ထင်နေတာလား'

All Chapters