စာဝါငှက်က ငါ့လိုရုပ်ဆိုးမထက်တော့ ပိုလှမှာပါ
Vol. 10 Ch. 124
တစ်ခုတည်းအဖြစ်ပေါင်းစပ်ခြင်းစွမ်းရည်ကြောင့် ကျိယွမ်သည် မီတာ၁၀၀ နီးပါးကြီးမားလာသည်။
မီတာ ၁၀၀ မြင့်သော လူ့ဘီလူးကြီးသည် သာမန်လူများအတွက် ကြောက်မက်ဖွယ်ကောင်းသော်လည်း အဓိပတိများအတွက်တော့ အရေးမကြီးပါ။သူတို့သည် ထိုအရာမျိုးကို လက်တစ်ဖက်တည်းဖြင့်ပင် လွယ်ကူစွာ ဖိနှိပ်ပစ်နိုင်၏။
သို့သော် ထိုဧရာမကြီး၏ သတ်ဖြတ်လိုစိတ်ပြင်းထန်သောအကြည့်ကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ရုတ်တရက် ကြောက်ရွံ့စိတ်များ ပေါ်ပေါက်လာသည်။
အပြာရောင်တာအိုသည် ထိုကြောက်ရွံ့မှုခံစားချက်ကို အတင်းအကြပ် ဖိနှိပ်ပစ်ပြီး ကျိယွမ်ကို လှောင်ပြောင်လိုက်သည်။
"ငါတို့မှာ မဟာအဓိပတိဖန်တီးပေးထားတဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး နှစ်မျိုးသုံး ရတနာတစ်ခုရှိတယ်။ မင်းနောက်ကပါလာတဲ့ အဓိပတိတွေနဲ့တောင် ငါတို့ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး ။ပြီးတော့ တောင်နဲ့မြောက် တိုက်ပွဲမှာ တောင်ပိုင်းက ရှုံးနိမ့်ဖို့ကံကြမ္မာပါပြီးသားဆိုတော့ မင်းလည်း သေရမှာ သေချာတယ်"
အမှန်တော့ အပြာရောင်တာအိုသည် ထွက်ပြေးရန် စိတ်ထဲတွင် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။
အခြားသော အဓိပတိများမှာလည်း အလားတူ အတွေးများရှိနေကြ၏။
အဓိပတိတစ်ရာကျော်ကို လူ၂၀ သာသာလေးနဲ့ ခံတိုက်နေရအောင် ငါတို့ကအရူးတွေလား။
အခြေအနေကြည့်ပြီး လွတ်အောင်ပြေးရမယ်။
ဓားကျိုးကို ကိုင်ထားသော ကျိယွမ်ကတော့ မရဏဘုံမှတတ်လာသည့် ကြီးမားသောသေမင်းတစ်ပါးကဲ့သို့ အေးစက်စက် ဖြစ်နေ၏။
သူ၏ အေးစက်၍ခံစားချက်ကင်းမဲ့သော မျက်လုံးများက အဓိပတိနှစ်ဆယ်ကျော်ကို ဝေ့ကာကြည့်ရှုလိုက်သည်။
သူက အမိန့်ချသလို အေးစက်စွာပြောသည်။
"လောကမှာ အများစုက အနာဂတ်ကိုမမြင်နိုင်ကြဘူး၊ဒါပေမဲ့ မင်းတို့ကတော့ သေချာပေါက်မြင်ပြီးနေလောက်ပြီ ၊ဟုတ်ရဲ့လား"
သူ၏လက်ထဲမှ ဓားကျိုးကြီးက ပိုမိုတောက်ပလာကာ သွေးနီရောင်အရှိန်အဝါကို ထုတ်လွှင့်လာ၏။
ကျိယွမ်သည် ဓားကိုမြှောက်၍ ခုတ်ချထည့်လိုက်သည်။တစ်ချိန်တည်းမှာပင် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းအားကို လည်းအသုံးပြုလေသည်။
"ဒါက မင်းတို့ရဲ့ အနာဂတ်ပဲ "
ဓားကြီးဆီမှ အဆုံးမဲ့သွေးမိုးများ ရွာချလာခဲ့ပြီး သွေးစက်များက မိုးသီးမိုးပေါက်များပမာ အဓိပတိနှစ်ဆယ့်ခုနစ်ယောက်ပေါ်သို့ ကျဆင်းသွားသည်။
သိုးရူးအဓိပတိနှင့်နင်းထောင်တို့သာ အထိခိုက်မရှိ လွတ်ကင်းလျှက် ကျန်ရစ်သည်။
လောဘ...
မာန်မာန...
အစားကျူးခြင်း.....
ကာမဆန္ဒ..........
မကောင်းမှုဆန္ဒအညစ်အကြေးအားလုံးသည် သွေးမိုးထဲတွင် တသားတည်းဖြစ်နေပြီး အဓိပတိများ၏နှလုံးသားများကို ပြင်းထန်စွာလှုပ်ရှားစေသည်။
အဓိပတိများသည် ပထမတွင် ထိတ်လန့်ကြပြီး ထို့နောက်တွင်တော့ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
"ဒါ... ဒါက ဘာတွေလဲ"
အပြာရောင်တာအို၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည် ။
မဟာအဓိပတိဖန်တီးပေးထားသည့် ရတနာသည် သူတို့၏အကာအကွယ် ထိုးဖောက်မရအောင် ထောက်ပံ့ပေးပြီး မဟာအဓိပတိတစ်ပါး၏ မူလစွမ်းအားကိုပင် ကာကွယ်နိုင်သည်။
သို့သော်လည်း သွေးမိုးစက်များသည် အကာအကွယ်ကို အလွယ်တကူထိုးဖောက်ဝင်ရောက်လာပြီး အားလုံး၏ ကိုယ်ခန္ဓာများပေါ်သို့ ကျဆင်းသည်။
အပြာရောင်တာအို၏ မျက်နှာသည် ဝေဒနာတစ်ခုခု ခံစားလ်ုက်ရသလို ပုံပျက်ပန်းပျက် ဖြစ်သွား၏။
သူ စကားပြောလိုက်သည်နှင့် တပြိုင်နက် တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်ပျက်သွားသည်။
ကြည့်ရဆိုးသောအဖုအကျိတ်ကြီးတစ်ခုသည် သူ၏ကျောပြင်မှ ဖောင်းပွထွက်လာ ရာမှ တဖြည်းဖြည်းကြီးမားလာပြီး သူ၏ အင်္ကျီကိုပင် ပြဲသွားစေသည်။
လျှပ်တပြတ်အတွင်းမှာပင် အဖုအကျိတ်သည် ကြိတ်ဆုံကျောက် အရွယ်အစားအထိ ပိုကြီးလာသည်။
ရုတ်တရက်ဆိုသလို ထိုအဖုအကျိတ်ကြီးသည် ဝက်ခြံကဲ့သို့ ပေါက်ကွဲထွက်ကာ အဝါရောင်အရည်များကို ပန်းထုတ်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးတစ်ကောင် ပေါ်ထွက်လာသည်။
နတ်ဆိုး၏ မျက်လုံးများသည် လောဘနှင့် အတူဆာလောင်မှုများဖြင့် ပြည့်နှက်နေသည်။
၎င်းသည်အပြာရောင်တာအို၏ပခုံးကို တွယ်ကပ်ကာ အဖုအကျိတ်ကို ပြန်၍ကိုက်ဖဲ့စားနေသည် ။
ထိုကဲ့သို့သော ဖြစ်ရပ်များက အခြားအဓိပတိများတွင်လည်း ပြိုင်တူလိုလိုဖြစ်ပေါ်နေသည်။
နတ်ဆိုးများသည် ကပ်ပါးပိုးကောင်များကဲ့သို့ သူတို့၏ခန္ဓာကိုယ်များမှ ပေါက်ကွဲထွက်လာပြီး သူတို့ကိုပြန်လည်စားသုံးနေသည်။
အဓိပတိအချို့သည် တိရစ္ဆာန်များကဲ့သို့ မြေပြင်ပေါ်တွင် လူးလှိမ့်နေကြသည်။
အချို့ကမူ သက်သာရာရရန် မိမိတို့၏အရေအရေပြားကို ပြန်ဆွဲဖြဲနေကြ၏။
မြင်ကွင်းသည် ထူးဆန်းလွန်းသလို ကြောက်မက်ဖွယ်ကောင်းပြီး အလွန်ရွံရှာဖွယ်လည်းကောင်းသည်။
"နတ်ဆိုး၊ မင်းက နတ်ဆိုးပဲ"
စကားပြန်ပြောရန်အားအင်ရှိနေသေးသော အလယ်အလတ်အဆင့်အဓိပတိများက ကျိယွမ်ကို ကြောက်ရွံ့မှုများ အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်ရှုသည်။
"ငါ့ကို ချမ်းသာပေးပါ... ငါ မင်းရဲ့ ခွေး ဖြစ်ပေးပါ့မယ်"
အဓိပတိတစ်ဦးက လူးလှိမ့်ကာ တောင်းပန်သည်။
မိုးထိုးမတတ်မြင့်မားလှသည့် သွေးနီရောင်ဧရာမကြီးသည် မချိမဆန့်ခံစားနေကြရသော အဓိပတ်များကို ကြည့်ကာ အေးစက်စွာပြောလ်ုက်သည်။
"ဒါက ငါ့ကို ဆန့်ကျင်တဲ့သူတွေရဲ့ ကံကြမ္မာပဲ "
သူ၏နောက်တွင်ရှိနေသော အဓိပတိတစ်ရာသည် ထိုစကားများကို ကြားရသောအခါ ၎င်းတို့သည် နှလုံးသားထဲ၌ပင် တုန်လှုပ်ချောက်ချားသွားကြသည်။
ထို့အပြင် သူတို့ရှေ့မှ မြင်ကွင်းသည် နားလည်မှုအားလုံးကို ဆန့်ကျင်နေ၏။
သူတို့လေးစားရသော၊ နက်နဲဆန်းကြယ်သော သူတော်စင်သွေးသခင်သည် သွေးနီရောင်ဧရာမကြီးအဖြစ်သို့ ပြောင်းလဲသွားသည်ကိုမြင်ခဲ့ရသည်။
ထိုဧရာမကြီးသည် ဓားကို တစ်ချက်လွှဲလိုက်သောအခါ သွေးမိုးများ ကျဆင်းလာ၏။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ အဓိပတိများ၏ နှလုံးသားနတ်ဆိုးများက အပြည့်အဝနိုးထလာခြင်း ဖြစ်သည် ။ တစ်ချိန်က အစွမ်းထက်ခဲ့သော အဓိပတိများသည် နတ်ဆိုးများ၏ ရက်စက်စွာစားသုံးခြင်းခံရပြီး လသားအရွယ်ကလေးငယ်များကဲ့သို့ အကူအညီမဲ့နေကြသည် ။
သွေးသခင်၏မူလစွမ်းရည်သည် အဓိပတိနှစ်ဆယ့်ခုနစ်ယောက်ကို အလွယ်တကူ သုတ်သင်ရှင်းလင်းခဲ့ပြီး ၎င်းတို့အား ခုခံရန် အခွင့်အရေးပင် မပေးခဲ့ပါ။
ထိုအရာမျိုးကိုမှ မကြောက်လျှင် မည်သည့်အရာကို ကြောက်ရမည်နည်။
ဒါက မွေးရာပါသူတော်စင်တစ်ပါး မဟုတ်နိုင်ဘူး။
ဒါဟာ နတ်ဘုရားတစ်ပါး၊ နတ်ဆိုးနတ်ဘုရားတစ်ပါးပဲ ။
လူတိုင်း အသံတိတ်သွားပြီး မသိမသာ တံတွေးမျိုချမိကြသည် ။
သူ၏ဘေးတွင်ရှိသော နှလုံးသားနတ်ဆိုးများ ရက်စက်စွာစားသောက်ခြင်းခံနေရသူများကိုကြည့်ကာ သိုးရူးအဓိပတိခမျာ ဆတ်ဆတ်တုန်ယင်နေသည်။
သူတစ်ယောက်မှလွဲ၍ အဓိပတိများအားလုံး မှာ အော်ဟစ်ရုန်းကန်နေကြရ၏။
ယခုအချိန်၌ သူ၏ခေါင်းမှာ သာမန်ထက်အဆများစွာကြီးနေသလိုခံစားရပြီး ကျောပြင်တလျောက် ကြောက်ရွံ့သောခံစားချက်က စိမ့်တတ်လာသည်။
သူကလူအုပ်ထဲတွင် မနေရဲတော့ပါ။အားတင်းရှေ့သို့ တိုးထွက်သွားပြီး ကယောင်ကတမ်းဖြင့် ထအော်မိသည်။
"သွေးသခင်..ခွန်အားကြီးမားပြီး လောကကို အုပ်စိုးတယ် "
သူသည်အဓိပတိတစ်ဦးနှင့် လုံးဝမတူတော့ဘဲ အလွန်အမင်း ဖားယားတတ်သော နောက်လိုက်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
ကျိယွမ်ကတော့ သိုးရူးအဓိပတိကို လျစ်လျူရှုပြီး အဓိပတိနှစ်ဆယ်ကျော်ကိုသာ အေးစက်စွာဆက်ကြည့်နေ၏။
အားလုံးသည် ပြင်းထန်သော ဝေဒနာဖြင့် တစ်ယောက်ပြီးတစ်ယောက်လဲကျ သေဆုံးသွားကြသည်။
မြို့ကြီးများကိုပင် အလွယ်တကူဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်အဓိပတိများသည် ကူကယ်ရာမဲ့ဘဝဖြင့် ဆိုးဆိုးရွားရွား သေဆုံးသွားကြခြင်းဖြစ်သည်။
ကျိယွမ်၏ အတွေ့အကြုံဘားတန်းသည် လည်း လျင်မြန်စွာ တိုးတက်လာ၏ ။
ကျိယွမ်၏ မျက်နှာကတင်းမာနေသော်လည်း အတွင်း၌မူ ကြိတ်ပျော်နေသည်။
အဓိပတိများသည် ၎င်းတို့၏အမည်နှင့် ထိုက်တန်သည်မှာ အမှန်ပင်ဖြစ်သည်။
၄င်းတို့ထံမှရရှိသော အတွေ့အကြုံရမှတ်များသည် ဒဏ္ဍာရီအဆင့်နတ်ဆိုးများထံမှ ရရှိသည့်ထက် အဆများစွာအကျိုးဖြစ်ထွန်းလှသည် မဟုတ်ပါလား။
သူသည်အချိန်အနည်းငယ်အတွင်းမှာပင် အဆင့် ၁၄၈ သို့ရောက်ရှိသွားသည်။
ယခုအခါတွင် ကျိယွမ်သည် အလယ်အလတ်အဆင့်အဓိပတိတစ်ဦးဖြစ်ရန် ၂ အဆင့်သာလိုတော့သည်။
သူသည် အဆင့်တက်ရန်အချိန်မလိုအပ်၊ သတ်ဖြတ်ရန်သာ လိုအပ်၏ ။
သို့သော်လည် ထိုအရာက အဆင့်တက်ရုံသာ တက်စေသည်။
မူလစွမ်းအားများကို ကျွမ်းကျင်ပိုင်နိုင်ရန်အတွက်မှာမူ အကြမ်းထည်အဆင့်မှ ထုဆစ်ခြင်းအဆင့်အထိ သူ၏ကိုယ်ပိုင်ကြိုးပမ်းအားထုတ်မှု လိုအပ်သည်။
အဓိပတိများအားလုံးသေဆုံးသွားပြီးနောက် ကျိယွမ်သည် သူ၏နောက်လိုက်များကို ပြုံး၍ကြည့်ကာ မေးလိုက်သည်။
"ခုတော့ ဘယ်လို သတ်ရမယ်ဆိုတာ နားလည်ပြီလား "
ယခင်တိုက်ပွဲသည် နှေးကွေးပြီး အချိန်ဖြုန်းနေသလို အချိန်အကြာကြီး ဆွဲဆန့်နေသည်။
၎င်းသည် ပြတ်သားသောတိုက်ခိုက်မှုတစ်ခု၏ စွမ်းဆောင်ရည်မျိုးကင်းမဲ့လေ၏။
"နားလည်ပါပြီ"
သူ၏နောက်မှ အဓိပတိများက ကယောင်ကတမ်းနှင့်လျင်မြန်စွာ ပြန်ဖြေကြသည်။
ထိုအဖွဲ့ထဲတွင်ပါလာသော ဝမ်ကိုင်းသည်လည်း အလွန်အမင်းကြောက်လန့်တုန်လှုပ်နေသည်။
သွေးသခင်၏ တိုက်ခိုက်ပုံမှာ မကြုံဖူးလောက်အောင် ရက်စက်လှသည်ဟု သူခံစားရ၏။
သို့သော် သိုးရူးအဓိပတိကမူ အပြုံးများဖြင့် မြှောက်ပင့်လိုက်သည်။
"သွေးသခင်ရဲ့ တစ်ချက်တည်း ခုတ်သတ်တာနှိုင်းယှဉ်ရင် ကျွန်တော်တို့ရဲ့ တိုက်ပွဲတွေဟာ ကလေးကစားတာနဲ့ တူပါတယ်
ယခုအကြိမ်မှာတော့ ကျိယွမ်သည် သိုးရူးအဓိပတိ၏မြှောက်ပင့်မှုကို လက်ခံလိုက်ပြီး သူ၏ အကြည့်သည် နောက်ဆုံးတွင် တစ်ယောက်တည်းကျန်နေသော နင်းထောင်အပေါ်သို့ ကျရောက်သည် ။
သူ၏အပြုံးသည် အေးစက်ရာမှ စနောက်သလို ဖြစ်သွားသည် ။
"နင်က မထွက်သွားသေးဘူးလား "
နင်းထောင်သည် သံကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သွေးနီရောင်ပုံရိပ်ကို တိုက်ပွဲတစ်လျှောက်လုံး ကြည့်နေခဲ့သည် ။
သူမ၏မျက်လုံးများထဲတွင်ရှိနေသော ကြောက်ရွံ့မှုသည် အနည်းငယ်မှေးမှိန်သွား၏ ။
"ရှင်စကားမပြောဘဲနဲ့ ဘယ်လိုလုပ် ထွက်သွားရဲပါ့မလဲ "
"နင်စောစောက ထွက်သွားခဲ့ရင်လည်း ငါနင့်ကိုတားမှာမဟုတ်ဘူး "
ကျိယွမ်က အရေးမကြီးသလို ပြောလိုက်သည်။
နင်းထောင်သည် ခရမ်းရောင်တာအိုထက် ပိုမို အစွမ်းထက်သည် ။
ကျိယွမ်သည် သူမကို ရပ်တန့်နိုင်သော်လည်း ၎င်းသည် ကြီးမားသော အဖိုးအခ ပေးရမည်ဖြစ်သည်။
NPC တစ်ဦးဖြစ်သော နင်းထောင်အပေါ်တွင် သူသည် အလွန်ရှုပ်ထွေးသော ခံစားချက်များကို ခံစားနေရသည်။
နင်းထောင်ကတော့ ကျိယွမ်ကိုကြည့်ရင်းမှ သံကြိုးကို တင်းကျပ်စွာ ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူမ၏ မျက်နှာအမူအရာသည် မူမမှန်ဖြစ်နေပြီး တစ်ခုခုကို ဖိနှိပ်ထားသည်။ ဖြစ်နိုင်သည်မှာ ကြောက်ရွံ့မှု သို့မဟုတ် အခြားအရာတစ်ခုခု ဖြစ်နိင်သည် ။
"ဒီအဓိပတိတွေကို ရှင်သတ်ပစ်လိုက်တာကကျွန်မရဲ့အသက်ကို ကယ်တင်ခဲ့တာပါပဲ ။ရှင့်ကို ပြန်ပေးဆပ်စရာ ဘာမှ မရှိပါဘူး.ဒါပေမဲ့.."
ကျိယွမ်က ရုတ်တရက် သူမကို ဖြတ်ပြောလိုက်သည်။
"သွေးနန်းတော်အကြောင်း နင်သိသလား "
နင်းထောင်က စိတ်ရှုပ်သလိုဖြစ်သွားပြီး ခေါင်းယမ်းသည်။
"သွေးသခင်အကြောင်းရော သိလား "
သူမက ထပ်၍ ခေါင်းယမ်းသည်။
"ဒါဆိုရင် ကျူးယန်လို့ခေါ်တဲ့စာဝါငှက်လေးတစ်ကောင်အကြောင်းရော သိလား ။ သူက အရမ်းမာနကြီးပြီး အလှကြိုက်တယ်၊ သူက ငါရှာနေတဲ့ မိန်းကလေးတစ်ယောက်ပါ "
နင်းထောင်ကို ကြည့်နေသောကျိယွမ်၏ သွေးနီရောင် မျက်လုံးများတွင် နူးညံ့သော အလင်းရောင်တစ်ခု လင်းလက်သွားသည် ။
[နင်းထောင်၊ အဆင့် ၁၉၇၊ ထျန်းရှင်နန်းတော်၏ နန်းတော်သခင်မ၊ မြောက်ပိုင်းမှ ကျိန်စာသင့် စုန်းများထဲမှ တစ်ဦး]
နင်းထောင်သည် သူ၏မေးခွန်းအားလုံးကို ခေါင်းယမ်းပြခဲ့သည်။
"မသိပါဘူး ။ သူက ရှင့်အတွက် အရမ်း အရေးကြီးမယ် ထင်ပါတယ် "
ကျိယွမ် အနည်းငယ်ငိုင်တွေသွားသည်။
"ဟုတ်တယ်၊ ငါ သူ့ကို ရှာနေခဲ့တာပါ "
သူက သင်ပြင်းတစ်ချက်ရှိုက်ကာ ဆက်ပြောလိုက်သည်။
"ငါ နင့်အသက်ကို ကယ်တင်ခဲ့တာက မတော်တဆတိုက်ဆိုင်သွားတာပါ၊ နင်ငါ့ကို ပြန်ပေးဆပ်ဖို့ မလိုပါဘူး ။ တကယ်လို့ နင် သူ့ကို တွေ့ခဲ့ရင် ငါ ဝူကွေမြို့မှာ သူ့ကို စောင့်နေတယ်လို့ ပြောပေးပါ "
နင်းထောင်သည် သူ့ကို ကြည့်ပြီး ပြတ်သားစွာပြောလိုက်သည်။
"ဒီလို ကြီးမားတဲ့ ကျေးဇူးအတွက် ရှင့်ကို ကျေးဇူးကြွေးမတင်ချင်ပါဘူး။ သူမကို တွေ့အောင် ရှာပါ့မယ် "
ခဏအကြာတွင် သူမသည် ရုတ်တရက် မေးလိုက်သည်။
"ကျွန်မတို့ အရင်က တွေ့ဖူးကြသလား ။ ဘာလို့ ရင်းနှီးတဲ့ ခံစားချက်မျိုး ခံစားရတာလဲ "
"အိပ်မက်ထဲမှာ ဖြစ်ချင်ဖြစ်မှာပေါ့ "
ကျိယွမ်က သဘောကျသလို ထပ်မံရယ်မောလိုက်လေသည်။
ရယ်ပြီးနောက် သူသည် ထိုနေရာတွင် ရှိနေသော အဓိပတိအားလုံးကို အေးစက်စွာကြည့်လိုက်၏။
"ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အပြင်ကို မပေါက်ကြားအောင် နှလုံးသားနတ်ဆိုးကို သစ္စာဆိုကြ ။ နားလည်လား"
အဓိပတိများသည် ချက်ချင်းပင် မဆိုင်းမတွ သစ္စာဆိုကြသည်။
နင်းထောင်ကလည်း အလားတူ လုပ်ဆောင်လေသည်။
"သစ္စာဆိုပြီးပြီဆိုတော့ နင်လည်းသွားလို့ရပြီ "
ကျိယွမ်သည် နင်းထောင်ကို လွှတ်ပေးလိုက်သည်။
အမှန်တွင် ကျိယွမ်သည် မြေအောက်နန်းတော်တွင် သူခံခဲ့ရသော "အရှက်ရမှု" ကို သတိရနေဆဲဖြစ်သည်။ထိုစဥ်က သူမက သူ့အား "မေမေ" ဟု ခေါ်ရန် အတင်းအကြပ် ခိုင်းစေခံရလုနီးပါး ဖြစ်ခဲ့၏။
သူသည် မဟာအဓိပတိတစ်ပါးဖြစ်သည့် နင်းထောင်ကို မလွှတ်မီ "အဖေ" ဟု ခေါ်ခိုင်းရန်တွေးမိသေးသည်။
သို့သော် သူကထိုသို့ကလေးဆန်သောအလုပ်မျိုးမလုပ်ချင်ပေ။သူ၏ မြင့်မြတ်သောသွေးသခင်ဟူသည် ပုံရိပ်နှင့် မသင့်တော်ဟူ ခံစားရသည်။
နင်းထောင်သည် ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး သံကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားလေသည်။
ခဏအကြာတွင် နင်းထောင်သည် သဲကန္တာရတစ်နေရာတွင် ဆင်းသက်လိုက်၏။ သူမက သွေးရောင်အသားလုံးကို ကြည့်ပြီးတိုးတိုးလေးပြောလိုက်သည်။
"ယောက်ျား၊သူရှာနေတဲ့ စာဝါငှက်မလေးက ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်မယ်ထင်တယ် "
နင်းထောင်သည် ဖုံးအုပ်ထားသော သူမ၏ ဘယ်ဘက်ပါးကို အမှတ်တမဲ့ကိုင်ကြည့်မိသည်။
"ငါ့လိုရုပ်ဆိုးမထက်တော့ သေချာပေါက် ပိုလှမှာပါ "
သူမသည် နောက်ဘက်သို့ နောက်ဆုံးအကြိမ်ဖြင့် ဝူကွေမြို့အားတစ်ချက်ကြည့်ပြီးနောက် လျှပ်တစ်ပြက်အတွင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။
-----------------------
သုံးနှစ်ကြာပြီးနောက်...
နောက်ဆုံးတွင် မဟာဝမ်းနည်းခြင်းမြို့တော်သို့ ယွန်ဟီရောက်ရှိလာခဲ့သည်။
သို့သော် သူ၏အဖြူရောင်ဝတ်ရုံသည် သွေးများစွန်းထင်းနေပြီး သူ၏အရှိန်အဝါကလည်း မတည်မငြိမ်ဖြစ်နေ၏။
မဟာဝမ်းနည်းခြင်းမြို့သို့ လာရာလမ်းတွင် သူသည် အကြွင်းမဲ့သခင်၏ နံပါတ်တစ်ဗိုလ်ချုပ် နတ်ဆိုးမိကျောင်းနှင့် တွေ့ဆုံခဲ့သည်။
သဘာဝအတိုင်း ၎င်းတို့သည် ရန်သူများဖြစ်သောကြောင့် တွေ့သည်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။
တိုက်ပွဲက နှစ်နဲ့ချီကာကြာခဲ့ပြီး နှစ်ဦးစလုံး သည် ပြင်းထန်သောဒဏ်ရာများကိုယ်စီရခဲ့ကြပြီး နောက်ဆုံးတွင် ကွဲကွာသွားကြသည်။
ယခုအခါ ယွန်ဟီ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ၏အရှိန်အဝါသည် လင်းတစ်ခါ မှိန်တလှည့်ဖြစ်နေသည်။
သူသည် နန်းတော်ထဲတွင် ထိုင်နေပြီး မျက်လုံးများတွင် ရှုပ်ထွေးမှုနှင့်အတူ နားမလည်ခြင်းများ ပြည့်နေ၏။
"ဆရာတူညီမလေး ဘယ်မှာလဲ "
မဟာဝမ်းနည်းခြင်းမြို့မှ အဓိပတိတစ်ဦးက
လေးစားစွာ ချဉ်းကပ်လာသည်။
"မဟာအဓိပတိ ယွန်ဟီ၊ သခင်မလေးဟွမ်မုန်လင်က အရေးတကြီးကိစ္စရှိလို့ မြို့တော်ကနေ ထွက်ခွာသွားတာ ငါးနှစ်လောက်ရှိပါပြီ"
ယွန်ဟီ၏မျက်လုံးများက လေးနက်သွား၏။
"အဲဒါဆို မဟာဝမ်းနည်မြို့ရဲ့ မြို့သခင်က ရော ဘယ်မှာလဲ "
"သူက ကိစ္စတချို့ကြောင့် ဝူကွေမြို့ကို သွားပါတယ်"
ထိုအဓိပတိက လေးစားစွာ ပြန်ဖြေသည်။
ယွန်ဟီ၏ မျက်လုံးများတွင် နားမလည်သောအမူအရာများ ယှက်သိုင်းသွားပြန်သည်။
အတန်ကြာငြိမ်သွားပြီးမှ ထပ်မေးလိုက်၏။
"ဝူကွေမြို့ကရော အခုဘယ်လိုလဲ "
မဟာအဓိသည် ခေတ္တတုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေသည်။
"ကျွန်တော် တခါးပိတ်ကျင့်ကြံနေခဲ့တာမို့ ဝူကွေမြို့အကြောင်း သိပ်မသိပါဘူး၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေကလိုပဲ အဓိပတိနည်းနည်းပါးပါးရှိနေမယ်ထင်ပါတယ်"
"မင်း သွားလို့ရပြီ "
အဓိပတိသည် ခေါင်းငုံ့ကာ ထွက်ခွာသွားလေ၏။
ဗလာဖြစ်နေသော နန်းတော်ထဲ၌ ယွန်ဟီတစ်ယောက်တည်း ငိုင်ကျန်နေခဲ့သည်။
သူသည် နားမလည်နိုင်ခြင်းများနှင့်အတူ စိုးရိမ်စိတ်က မြင့်တက်လာခဲ့သည်။
"တစ်ခုခု... ထူးဆန်းနေတယ် "
"ငါ မှတ်မိတာမှန်တယ်ဆိုရင် မြို့သခင်က အဓိပတိမီလာဖြစ်ပြီးတော့ သူ့အဖေက မဟာအဓိပတိ မီကူပဲ၊ဒါပေမဲ့ ဘာလို့တစ်ယောက်မှ မရှိကြသလဲ"
မဟာဝမ်းနည်းခြင်းမြို့တော်သည်
တစ်ခုခု မှားယွင်းနေကြောင်း သူခံစားရသည်။
မြို့ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများစွာက အယောင်ဖျောက်ကာ ပုန်းအောင်းနေသည်ကို မှုန်ဝါးစွာ ခံစားမိသည်။
အားလုံးက မဟာအဓိပတိများ ဖြစ်ကြ၏ ။
ထိုမဟာအဓိပတိများသည် မြို့ထဲတွင် ပုန်းအောင်းနေပြီး သူ့ကိုလာမတွေ့ကြချေ။
ထိုအချက်က စိုးရိမ်စရာ ဖြစ်လာသည် ။
"ဖြစ်နိုင်ပါ့မလား... ဝူကွေ့မြို့အကြောင်း သတင်းက ငါကြားထားသလိုမမှန်ဘူး၊ ဒါက ငါ့အတွက် ထောင်ချောက်လား "
ယွန်ဟီ၏ မျက်နှာမှာ မှောင်မဲသွားခဲ့သည်။
အကယ်၍ မှန်ကန်ခဲ့ပါက မဟာအဓိပတိ မီကူသည် တောင်ပိုင်းကို သစ္စာဖောက်ပြီး မြောက်ပိုင်းနှင့် ပူးပေါင်းသွားသော အဓိပ္ပာယ်ပင်။
ထိုအခါ တောင်ပိုင်း၏ အခြေအနေသည်လည်း ပိုမို ဆိုးရွားလာမည်ဖြစ်သည်။
မြို့ပေါင်းများစွာအနက် အများစုမှာ ကျဆုံးကုန်ကြပြီဖြစ်ပြီး ပျှမ်းမျှတွက်လျှင် ဆယ်မြို့တွင် တစ်မြို့သာ ကျန်တော့သည်။
ထိုအခြေအနေမျိုး၌ မဟာအဓိပတိတစ်ဦး၏ သစ္စာဖောက်မှုသည် နောက်ဆုံးထိန်းထားသောဟန်ချက်ကို ကြီးမားစွာအကျိုးသက်ရောက်စေမှာသေချာသည်။
အကယ်၍ သူသာယခုနေရာ၌ အသတ်ခံရပါက အဖြူရောင်ဧကရာဇ်၏ အထောက်အပံ့များလည်း ဖြတ်တောက်ခံရပြီး တောင်ပိုင်းကို ပိုမိုအန္တရာယ်ဖြစ်စေတော့မည် ။
"ငါ... ဒီနေရာက ထွက်သွားရမယ် "
ယွန်ဟီသည် ကြီးမားသော အန္တရာယ်ကို ခံစားရပြီးနောက် ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။
သို့သော် မည်သို့ ထွက်မလဲဆိုတာက နောက်ထပ် ပြဿနာတစ်ခု ဖြစ်နေသည်။
သူသည် ပစ်မှတ်ဖြစ်ပါက ထွက်ပြေးရန် မှာ သေချာပေါက်ခက်ခဲလိမ့်မည် ။
ယွန်ဟီသည် ငြိမ်သက်စွာထိုင်လျှက် နက်ရှိုင်းစွာတွေးတောနေသည်။
ထိုအချိန်တွင် မဟာဝမ်းနည်းခြင်းမြို့တော်၏ လျှို့ဝှက်တစ်နေရာမှာတော့ မဟာအဓိပတ်များ တီးတိုးတိုင်ပင်နေကြသည်။
"မဟာအဓိပတိယွန်ဟီ ရောက်လာပြီ ။ ငါတို့ရဲ့ အစီအစဉ်ကရော ဘယ်လိုလဲ "
" ဆက်လုပ်။ သူ ဝင်ရောက်စွက်ဖက်ရင် မဟာဝမ်းနည်းခြင်းမြို့တော်မှာ ထာဝရ နေသွားရအောင်လုပ်ပေးလိုက်မယ် "
"မဟာအဓိပတိတစ်ပါးလောက်နဲ့တော့ အခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး၊ မစိုးရိမ်နဲ့ "
"အင်း"
မဟာအဓိများက အစီအစဥ်များကိုဆက်လက်ဆွေးနွေးလိုက်ကြသည်။
ဝူကွေမြို့မှာတော့ ကျိယွမ်သည် ကုလားထိုင်ကြီးပေါ်တွင် ပျင်းရိစွာလှဲလျောင်းနေပြီး သယ်ယူပို့ဆောင်ရေးခါးပတ်ပေါ်တွင် ပါလာသော နတ်ဆိုးများကို ဓားကျိုးဖြင့် ခုတ်ထစ်နေသည်။
သူသည် ယခုအခါတွင် လျူဖုန်းနယ်မြေ၏ စံနှုန်းများအရ အလယ်အလတ်အဆင့်အဓိပတိအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
"လက်အောက်ခံ များများရှိတာ ကောင်းလိုက်တာ "
ကျိယွမ်က သဘောကျကာ ခေါင်းတဆတ်ဆတ်ညိတ်သည်။
ယခုအခါ သွေးနန်းတော်တွင် အဓိပတိထောင်နီးပါး ရှိနေသည်။
နေ့စဥ်နေ့တိုင်း အဓိပတိအများအပြားသည် ကျိယွမ်သတ်ဖြတ်ရန်အတွက် နတ်ဆိုးများကို ဖမ်းဆီးရန် ထွက်သွားကြသည်။
သူ၏အတွေ့အကြုံဘားတန်းသည် လျင်မြန်စွာ တိုးတက်လာနေသည်။
"ကံမကောင်းစွာနဲ့ပဲငါ့ရဲ့အဆင့်က တိုးလာပေမဲ့ မူလစွမ်းရည်တွေကို နားလည်သဘောပေါက်တာက နှေးနေတယ် "
အဓိပတိများသည် တိုးတက်ရန်အတွက် သူတို့၏ မူလစွမ်းအားများကို တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်သည်။
ကျိယွမ်သည် အဆင့်တက်ရန် လွယ်ကူသော်လည်း သူ၏ မူလစွမ်းအားများကို အတွေ့အကြုံရမှတ်များဖြင့် အဆင့်မြှင့်တင်၍မရသည်က ဆိုးလှသည်။
ငါကိုယ်တိုင် နားလည်သဘောပေါက်မှပဲ မူလစွမ်းအားက တိုးတက်လာမှာ။
လက်ရှိတွင်ကျိယွမ်ခေါင်းခဲနေရသည်မှာ မဟာမေ့လျော့ခြင်းစွမ်းအားဖြစ်သည်။
သူ၏အဆုံးမရှိသော နတ်ဆိုးအနှစ်သာရများကြောင့် နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းမှာ အနုစိတ်အဆင့်သို့ရောက်နေပြီဖြစ်သည်။
သို့သော် မဟာမေ့လျော့ခြင်းစွမ်းအားကတော့ အကြမ်းထည်အဆင့်သာရှိသေးသည်။
"ငါ့ရဲ့ ကိုယ်ပိုင်းအရည်အချင်းက တော်တော်ကြီးညံ့ဖျင်းနေပုံရတယ်။ ဒီဂိမ်းသာ မရှိရင် ငါက ကန်းလန်ဘုံမှာ ဘာမှမဟုတ်တဲ့ကောင် ဖြစ်နေမှာပဲ၊ ရှန်ကွမ်းဂိုဏ်းကတောင် ငါ့ကိုလက်ခံမှာ မဟုတ်ဘူး"
ကျိယွမ်တော်တော်လေး စိတ်ပျက်သည်။
ကုန်လွန်ခဲ့သောနှစ်များအတွင်း သူသည် မဟာမေ့လျော့ခြင်းစွမ်းအားကို ပိုမိုနားလည်သဘောပေါက်ရန် အမြဲလိုလိုကြိုးစားနေခဲ့သည်။
အမှန်တကယ်လည်း တိုးတက်လာပါသည်။ သို့သော် ပြဿနာက သူယနေ့တိုးတက်ခဲ့သောစွမ်းရည်များကို နောက်နေ့တွင် မေ့သွားခြင်းပင်။
ယနေ့တွင်သူက ပို၍နားလည်၏ မနက်ဖြန်မှာတော့သူက ထိုနားလည်မှုကိုမေ့သွား၏။
ထိုသို့သံသရာလည်နေလျှင် သူ၏ နားလည်မှုက မည်သို့တိုးတက်နိုင်တော့မည်နည်း။ ဒုံရင်းက ဒုံရင်းသာဖြစ်နေတော့သည်။
"အရမ်း ခက်ခဲတယ်၊ တကယ်ကို ခက်ခဲတယ်၊ ဒီဂိမ်းက ကစားဖို့ အရမ်း ခက်ခဲတာပဲ "
ကျိယွမ် စိတ်ညစ်ညစ်နှင့် ကူန်း၍သာအော်ဟစ်ပစ်ချင်တော့သည်။
"ဒီစွမ်းရည်က လူတွေကျင့်ဖို့မှ ဟုတ်ရဲ့လားလို့တောင် သံသယဖြစ်လာပြီ။အနုစိတ်အဆင့်တောင်တတ်ဖို့တောင် ဒီလောက်ခက်ခဲနေရင် ထုဆစ်ခြင်းအဆင့်ဆို ဘယ်လိုနေမလဲမသိဘူး"
၎င်းကို သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိဉာဉ်ပေါ်တွင် ထွင်းထုလိုက်ပါက ရူးပင်ရူးသွားမလားဟု ကျိယွမ် သံသယရှိနေသည်။
"အစ်ကိုကြီး ၊ အဓိပတိမီလာက တွေ့ဖို့ ရောက်လာပါတယ် "
ချန်းဟွမ်သည် မြေအောက်နန်းတော်ထဲသို့ စိုးရိမ်တကြီး ပြေးဝင်လာသည်။
"ငါ ဝက်အူတွေ လှည့်နေတာ မင်း မမြင်ဘူးလား ။ မတွေ့ဘူး "
ကျိယွမ်သည် လက်ဝှေ့ယမ်းသည်။
ဘယ်က အဓိပတိမီလာလဲ၊နာမည်ကိုက အနောက်တိုင်းသားလိုလို ဘာလိုလိုနဲ့ ၊အာရုံနောက်မဲ့ကောင်တွေ။
သူ စိတ်မဝင်စားပါ။
"အစ်ကိုကြီး၊ အဓိပတိမီလာရဲ့ အဖေက မဟာအဓိပတိမီကူပါ၊ မဟာအဓိကြီးတစ်ပါးပါ "
ချန်းဟွမ်က မီလာ၏နောက်ခံကို အလေးပေး ပြောသည်။
နတ်ဆိုးတစ်ကောင်ကို လည်ဖြတ်ပြီးနောက် ကျိယွမ် ပြုံးလိုက်၏။
"နောက်ဆုံးတော့၊ အဆင့်မြင့် NPC နောက်တစ်ယောက်လား "
အဆင့်မြင့် NPC တစ်ယောက်သည် ကောင်းသည် သို့မဟုတ် ဆိုးသည် ဖြစ်နိုင်သည်။
သို့သော် ကျိယွမ်အတွက် အရေးမကြီး။
ဂိမ်းတစ်ခုသာ ဖြစ်သည်မဟုတ်ပါလား။
"ခေါ်လိုက် "
ကျိယွမ် စိတ်ပြောင်းသွားသည်။
သူ့ဆီသို့တကူးတကရောက်လာသော မီလာဆိုသူ၏ ရည်ရွယ်ချက်များကို သိချင်နေသည်။
သူသည် ရန်သူ ဖြစ်မဖြစ်ကိုလည်း သိချင်၏။
ရန်သူဖြစ်နေဖို့ပဲ မျှော်လင့်ပါတယ်၊မဟာအဓိပတိတွေက ရှာရခက်လွန်းလို့။
စက္ကန့်အနည်းငယ်အကြာတွင် နန်းတော်ထဲတွင် ခြေသံများ ပဲ့တင်ထပ်လာသည်။
အနည်းငယ်မှောင်နေသော မြေအောက်နန်းတော်၏ ဖယောင်းတိုင်မီးများအောက်တွင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ဝင်လာသည်ကိုတွေ့လိုက်ရသည်။
သူ၏မျက်နှာအမူအယာတွင် မင်းမျိုးမင်းနွယ်များ၏မာန်မာနကို အထင်းသားမြင်နိုင်၏။
အဓိပတိမီလာသည် ချဉ်းကပ်လာပြီး လေးစားစွာ ဦးညွှတ်လိုက်သည်။
"မီလာက သွေးသခင်ကို ဂါရဝပြုပါတယ် "
ကျိယွမ်ကတော့ နတ်ဆိုးများကို သူ၏ချစ်စရာရည်းစားများအလား ဆက်လက်ကြည့်နေပြီး အဓိပတိမီလာလှည့်မကြည့်ပါ။
"မြန်မြန်ပြောပါ၊ ငါ အလုပ်များနေတယ်"
မီလာသည် အေးစက်သောဧည့်ခံမှုကို ခံရသော်လည်း မကျေနပ်မှုကို မပြခဲ့ပါ။
"ကျွန်တော် သွေးသခင်ကို ကြီးမားတဲ့ အခွင့်အရေးတစ်ခု ပေးဖို့ လာခဲ့တာပါ "
"အော် "
ကျိယွမ် အနည်းငယ်စိတ်ဝင်စားလာပြီး မီလာကို လှည့်ကြည့်လာသည်။
သူကအခွင့်အရေးဟူသောစကားကို ဖြည့်စွတ်ပေးလိုက်၏။
"အဲဒါ တော်တော်ကြီးမှ ဖြစ်မယ် "
ယခုအချိန်တွင် ကျိယွမ်သည် ကြီးမားသောအရာများကိုသာ စိတ်ဝင်စားနေသည်။
သူသည် ကြီးမားသောအရာတစ်ခုခုကို သူ၏ အမြုတေထဲသို့ ထည့်သွင်းလိုသည်။
ထိုအခါမှသာ သူသည် အလင်းနန်းတော်ကို စိန်ခေါ်နိုင်မည်ဖြစ်၏။
"သွေးသခင်ဟာ မွေးရာပါသူတော်စင်ဖြစ်ပြီး အဓိပတိထောင်ပေါင်းများစွာကို ဖန်တီးခဲ့ပါတယ်၊ လောကကိုတောင် တုန်လှုပ်စေတဲ့အောင်မြင်မှုပါ။"
"ကျွန်တော့်ဖခင်ကြီးမဟာအဓိပတိမီကူက တောင်ပိုင်းမှာ ထိပ်တန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်၊ သူက သွေးသခင်ကို အလွန်လေးစားပေမဲ့ ဝူကွေမြို့ကို လာရောက်လည်ပတ်နိုင်ခြင်း မရှိပါဘူး "
မီလာသည် စကားပြောဆိုရာတွင် ကျွမ်းကျင်သည်။သူက လိုချင်သောအချက်သို့သွားရန် ခြေဆင်းလိုက်၏။
သို့သော့် ကျိယွမ်ကလည်း စကားများခြင်းကို မနှစ်သက်သောကြောင့် စိတ်မရှည်တော့ပါ။
"အဓိက အချက်ကို ပြောပါ "
"ကျွန်တော့်ဖခင်က မဟာမိတ်များကို စုဆောင်းထားပြီးတော့ သွေးသခင်ကို လောကကြီးရဲ့အုပ်စိုးရှင်အဖြစ် အစေခံဖို့ ဆန္ဒရှိနေပါတယ်"
မီလာက စိတ်လှုပ်ရှားစွာဖြင့်ဆက်ပြောသည်။
"သွေးသခင်က အခြားသူတွေကို အဓိပတိဖြစ်လာအောင် ကူညီနိုင်တဲ့သူတော်စင်ပါ၊ဒါကြောင့် လောကကြီးရဲ့အုပ်စိုးရှင် ဖြစ်သင့်ပါတယ်"
"အဖြူရောင်ဧကရာဇ်ရော အကြွင်းမဲ့သခင်ရော ဘယ်သူကမှ သွေးသခင်ကို ယှဥ်နိုင်မှာမဟုတ်ပါဘူး။
ကျိယွမ်က သဘောကျသလို ထရယ်၏။
ငါက ဂိမ်းကစားနေတာလေ၊ NPC တွေက ငါကို ဘုရင်အဖြစ် နန်းတင်ချင်ကြတယ်တဲ့လား။
မီလာသည် အားတတ်သွားပြီး ဆက်လက်၍ ဆွဲဆောင်၏။
"သွေးနန်းတော်ကအစွမ်းထက်ပေမဲ့ အလယ်အလတ်အဆင့်နှင့် မဟာအဆင့် အဓိပတိတွေ မရှိသေးပါဘူး။
ကျွန်တော့်ဖခင် မဟာအဓိပတိမီကူက မဟာအဓိပတိများကိုဦးဆောင်ပြီး သင့်ထံကို အစေခံရန် ဆန္ဒရှိပါတယ် "
မီလာက အလွန်လေးစားနေဟန်ဖြင့် ကမ်းလှမ်းလိုက်သည်။
"အခြား ဘာများ ရှိသေးလဲ "
ကျိယွမ်က ထပ်မေးသည်။
"ကျွန်တော့်မှာ အစ်မတစ်ယောက် ရှိပါတယ်၊ အသက် သုံးရာရှိပြီ၊ အရမ်းလှပသူပါ ။
သူကလည်း သွေးသခင်ကို လေးစားနေပါတယ်၊ ကျွန်တော့်ဖခင်က သူမကို သင့်ရဲ့ မိဖုရားအဖြစ် သွေးနန်းတော်သို့ စေလွှတ်ပေးချင်နေပါတယ် "
ကျိယွမ်၏ မျက်နှာအမူအရာသည် စနောက်ချင်သလို ဖြစ်သွားသည်။
ဤ NPC သည် အလုပ်လုပ်ပုံကိုကောင်းကောင်းသိသည်၊ သူ၏ အစ်မကိုပင် ပေးကမ်းနေ၏။
သို့သော် သူက တိကျသောအဖြေပေးလိုက်သည်။
"ငါက လောကရဲ့အုပ်စိုးရှင် ဖြစ်ရတာကို စိတ်မဝင်စားဘူး။ မင်းရဲ့ကမ်းလှမ်းချက်မှာ ငါစိတ်ဝင်စားစရာလည်း မပါဘူး။
ပြီးတော့ ငါ မင်းရဲ့အစ်မကို တစ်ခါမှတောင်မတွေ့ဖူးဘူးလေ"
သူ၏ စကားများတွင် ဘူး ချင်းထပ်နေ၏။
မီလာ အလွန်စိတ်ပျက်သွားလေသည်။
သူ၏ ကြီးကျယ်သော အစီအစဉ်သည် ကျရှုံးတော့မလို ဖြစ်နေသောကြောင့်ပင်။
သို့သော် သူသည် ဇွဲမလျှော့ဘဲ နောက်တစ်မျိုးတောင်းဆိုသည်။
"လဝက်ကြာပြီးနောက် သွေးသခင်က တရားပွဲ ကျင်းပမယ်လို့သိရပါတယ်။ ကျွန်တော် တက်ရောက်လို့ ရပါသလား "
ကျိယွမ်သည် သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်သည်။
"အင်း.. ဒါပဲဆို မင်းသွားလို့ရပြီ"
"ကျေးဇူးပါ သွေးသခင် "
မီလာက ချက်ချင်းထွက်ခွာသွားလေသည်။
ကြီးမားသော မြေအောက်နန်းတော်ထဲ၌ ကျိယွမ်နှင့် သယ်ယူပို့ဆောင်ရေး ခါးပတ်ပေါ်ရှိ နတ်ဆိုးများသာ ကျန်ရစ်ခဲ့သည်။
ကျိယွမ်က သူ၏ဓားကျိုးပေါ်မှ သွေးများကိုလေနှင့်မှုတ်ကာ တီးတိုးရေရွတ်လိုက်သည်။
"ငါတို့အားလုံးက ရှေးဟောင်းမြေခွေးအိုကြီးတွေပဲ၊ ဟန်ဆောင်ဖို့ မလိုပါဘူး "
သူသည် နတ်ဆိုးများကို ကြည့်ပြီး ပြုံးလိုက်၏။
"ဝက်တွေကို ဝအောင် ကျွေးပါ၊ကြာလာရင် သူတို့က ပျံသန်းနိုင်တယ်လို့ ထင်လာလိမ့်မယ်"
"ဟားဟား ဟားဟားဟား.."
--------------------------