ဝူကွေမြို့ကို ပုန်ကန်ကြတာလား၊ သေဒဏ်ပဲ
Vol. 10 Ch. 125
အဓိပတိမီလိုသည် မြေအောက်နန်းတော်မှထွက်ခွာပြီးနောက် သူ၏လက်အောက်ငယ်
သားများ လိုက်ပါလျက် ဝူကွေမြို့ထဲသို့
ဝင်ရောက်လာ၏။
ထို့နောက် မြို့ကိုလှည်ပတ်ကြည့်ရှုရင်း သူ၏မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်နေသည်။
"ဒီလိုနှစ်အနည်းငယ်အတွင်းမှာ ဝူကွေမြို့ဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့တာပဲ။ တကယ်လို့ တံခါးပိတ်ကျင့်ကြံနေကြတဲ့ အဘိုးကြီးတွေနိုးလာပြီး လောကကြီး ဘယ်လောက် ပြောင်းလဲသွားပြီလဲ မြင်လိုက်ရရင် အံအားသင့်ကြမှာသေချာတယ်။"
ဝူကွေမြို့၏ အပြောင်းအလဲများသည် အဓိပတိမီလိုအား အထင်ကြီးစေခဲ့သည်ကတော့ အမှန်ဖြစ်သည်။
သူသည်လက်ရှိအခြေအနေများကို မဟာဝမ်းနည်းခြင်းမြို့တော်တွင် ရှိနေသော ဖခင်ဖြစ်သူ မဟာအဓိပတိမီကူထံသို့ သတင်းပို့သည်။
အဓိပတိမီလိုသည် ဝူကွေမြို့ကို လှည့်ပတ်ကြည့်ရှုနေစဥ် ကောင်းကင်ယံ၌ ပျံသန်းနေသော အဓိပတိအဆင့်များကို ခဏခဏတွေ့နေရရပြီး အားလုံးမှာလည်း အစွမ်းထက်သော စွမ်းအင်ရောင်ဝါများ ထွက်ပေါ်နေသူများချည်းဖြစ်ပြန်သည်။
သူ၏ မျက်လုံးများက မနာလိုမှုများဖြင့် တောက်ပနေပြီး "ဒီလိုအဓိပတိတွေသာ ငါ့ရဲ့ အမိန့်အောက်မှာ ရှိခဲ့မယ်ဆိုရင်" ဟု စိတ်ထဲမှ ခဏခဏတွေးလေသည်။
အနည်းငယ် လှည့်လည်ကြည့်ရှုပြီးနောက် အဓိပတိမီလိုသည် သူတည်းခိုရာ တည်းခိုခန်းသို့ ပြန်လာခဲ့သည်။
ညရောက်သောအခါ ဘယ်မှမသွားတော့ဘဲ သူ၏အခန်းထဲတွင် ကျင့်ကြံနေ၏။
ထိုအခိုက် သူ၏အခန်းထဲ၌ထွန်းထားသော ဖယောင်းတိုင်မီးသည် ရုတ်တရက် တဖျတ်ဖျတ်လှုပ်ယမ်းသွားပြီး အနက်ရောင်ဝတ်စုံဝတ်ထားသော ပုံသဏ္ဌာန်တစ်ခုသည် အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။
အဓိပတိမီလို၏ မျက်လုံးများက ဖြည်းညင်းစွာပွင့်လာကာ အနက်ရောင်ဝတ်စုံအား ကြည့်ကာ မျက်နှာထားတင်းမာစွာဖြင့်မေးလိုက်သည်။
"မင်းရောက်လာပြီလား"
"မြို့သခင်ကို ဂါရဝပြုပါတယ်"
ရောက်ရှိလာသောသူသည် မီလိုနှင့်အဆင့်တူ အဓိပတိတစ်ပါးဖြစ်နေသော်လည်း မီလိုအား အလွန်ရိုကျိုးစွာနှိမ့်ချဆက်ဆံနေ၏။
ထိုအဓိပတိသည် မူလက မြေကမ္ဘာအထွတ်အထိပ်အဆင့်သာရှိသော ငယ်သားတစ်ဦးဖြစ်ခဲ့သည်။သူက ဝူကွေမြို့သို့သွားကာ အဓိပတိအဆင့်သို့ချိုးဖြတ်ခွင့်ရရန်အတွက် မီလိုထံ၌ သစ္စာရှိအစေခံအဖြစ်နှလုံးသားနတ်ဆိုးကိုကျိန်ဆိုပြီး သွေးသခင်ထံရောက်ရှိလာခဲ့သူပင်။ဝူကွေမြို့၏အဓိပတိများထဲတွင် သူလိုလူအများအပြားရှိလေ၏။
အစပိုင်းတွင် ဝူကွေမြို့သို့ လာရောက်သူများသည် အဆင့်တိုးမြှင့်ရန် ရည်ရွယ်ချက်သပ်သပ်ဖြင့် လာရောက်ခဲ့ကြ၏။ နောက်ပိုင်းတွင်မူ အခြားသော မရိုးသားသည့် ရည်ရွယ်ချက်များဖြင့် ရောက်ရှိလာသူများစွာ ရောနှောလာခဲ့သည်။
မီလိုနှင့်သူ၏ဖခင်တို့သည် ထိုကဲ့သို့သော သူလျှိုများစွာကို ဝူကွေမြို့ထဲသို့ စေလွှတ်ခဲ့ကြပြီး၊ ထိုသူအားလုံးသည် နှလုံးသားနတ်ဆိုးကျိန်စာဖြင့် ကျိန်ဆိုထားသူများဖြစ်သောကြောင့် ယုံကြည်စိတ်ချရသူများဖြစ်သည်။
"အခြေအနေ ဘယ်လိုလဲ"
မီလိုက လေးနက်သော အသံဖြင့် မေးမြန်းလိုက်သည်။
"သခင်၊ သွေးနန်းတော်က အပြင်ပန်းမှာမြင်နေရသလောက် ကြောက်စရာမကောင်းပါဘူး။ နန်းတော်အဖွဲ့ဝင်တွေကို ဘာကျိန်စာမှမထားဘဲ လွတ်လွတ်လပ်လပ်နေခိုင်းထားတဲ့အတွက်ကြောင့် စစ်မှန်တဲ့ သစ္စာစောင့်သိမှု မျိုး မရှိကြပါ။တစ်ကယ်လို့ ကျွန်တော်တို့ သွေးသခင်ကို ဖယ်ရှားလိုက်နိုင်မယ်ဆိုရင်တောင် အများစုသည် သူကိုကူညီဖို့နေနေသာသာ ဝမ်းသာအားရတောင် ဖြစ်သွားနိုင်ပါတယ်"
အနက်ရောင်ဝတ်အဓိပတိက တိုးညင်းစွာပြန်ဖြေသည်။
သူ၏စကားက အကျိုးအကြောင်းခိုင်လုံပါသည်။
ကျေးဇူးတရားသည် မကြာခဏဆိုသလို ရန်ငြိုးအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး လူ့သဘာဝကလည်း ခန့်မှန်း၍မရနိုင်ပေ။ သွေးနန်းတော်သည် အလွန်ကျော်ကြားနေသော်လည်း အဖွဲ့သားများကို တင်းကျပ်သောအခြေခံမူများ သို့မဟုတ် ရှင်းလင်းသော ရည်ရွယ်ချက်များ ချို့တဲ့နေသည်။
ထို့ကြောင့်အဓိပတိအများစုသည် သူတို့၏ ကိုယ်ပိုင်အကျိုးအတွက်သာစဥ်းစားလာကြပြီး သွေးသခင်အပေါ် စစ်မှန်သော သစ္စာစောင့်သိမှု မရှိကြတော့ပေ။
အချို့က သူ၏ ကျေးဇူးကို သိတတ်ကြသော်လည်း အချို့ကမူ ကြောက်ရွံ့ခြင်းနှင့် မကျေနပ်ခြင်းများကို မွေးမြူထားကြသည်။
အများစုသည် သွေးသခင်၏ တရားဟောခြင်းများကို ဆက်လက်မလုပ်စေချင်ကြပေ။
အဓိပတိများထပ်မံပေါ်ထွက်လာသည်ကို သူတို့မလိုချင်ကြပါ။သူတို့၏ အဆင့်အတန်း ကျဆင်းသွားမည်ကို စိုးရိမ်လာကြ၏။
အဓိပတိမီလိုက ထိုအချက်များကို ကျေနပ်သလိုခေါင်းည်ိတ်လိုက်သည်။
"သွေးသခင်ရဲ့ ခွန်အားကရော ဘယ်လိုရှိလဲ"
သူသည် ဤမေးခွန်းကို သူလျှိုများစွာအား မေးခဲ့ဖူးသည်။
"သွေးသခင်ရဲ့ ခွန်အားက နက်နဲဆန်းကြယ်နေပါတယ်၊ ဒါပေမဲ့ သူရဲ့အရှိနအဝါတွေကို ကြည့်ခြင်းအားဖြင့် သူဟာ အလယ်အလတ်အဓိပတိအဆင့်မှာပဲ ရှိနေပုံပါပဲ၊ သိပ်ပြီး ကြောက်စရာ မကောင်းပါဘူး"
အနက်ရောင်ဝတ်အဓိပတိက သူသိထားသမျှက်ုဖြေလိုက်သည်။
မီလိုကတော့ ထိုကိစ္စကို စိတ်အေးဟန်မရှိပေ။
"သူကအလယ်အလတ်အဆင့်ဖြစ်နေရင်တောင်မှ ငါစိတ်ပူနေတုန်းပဲ"
အခြားသူများအား မူလစွမ်းရည်များကို နားလည်သဘောပေါက်စေရန် တရားဟောပေးနိုင်သည့် စွမ်းရည်သည် လူသားများနားလည်နိုင်သော အဆင့်ထက် ကျော်လွန်နေပြီး ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။
သို့သော်လည်း ကံကြမ္မာသည် ရဲရင့်သူများဘက်၌သာ ရှိ၏။ဖခင်ကြီးမီကူ၏ သက်တမ်းကလည်း နိဂုံးချုပ်ခါနီးဖြစ်နေသောကြောင့် ဝူကွေမြို့ကို ပုန်ကန်ရန်အတွက် အခြား မဟာအဓိပတိများနှင့်ပူးပေါင်းကြရန်ဆုံးဖြတ်ခဲ့သည်။
မဟာအဓိပတိများကတော့ သွေးသခင်၏စွမ်းရည်များက မယုံနိုင်အောင်ထူးခြားနေသည်မှာ ရတနာတစ်ခုခုကြောင့်ဟုယူဆကြပြီး ကံကြမ္မာကျောက်တုံးအပိုင်းအစကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။
မီလိုက တွေဝေနေသောအခါ ဝတ်စုံနက်သည် သူသိထားသည်များကို ထပ်မံတင်ပြလိုက်သည်။
"သခင်၊ သွေးသခင်ဟာ နက်နဲဆန်းကြယ်ပုံ ရှိပေမဲ့ တကယ်တမ်းမှာတော့ သူဟာ အတော်လေး စိတ်အခြေအနေ မတည်မငြိမ် ဖြစ်နေပါတယ်။ သူရဲ့ ကျင့်စဉ်က သူ့ကိုမှတ်ဉာဏ်ဆုံးရှုံးစေပုံရပြီး မကြာခဏမေ့လျော့နေတာကြောင့် ရှေ့နောက်မညီပါဘူး"
ထိုအကြောင်းအရာသည် သူ၏ လေ့လာတွေ့ရှိချက်သပ်သပ်မဟုတ်ပါ။ သွေးသခင်နှင့် အပြန်အလှန် ဆက်ဆံဖူးသူတိုင်းသည် သူ၏ ထူးဆန်းသောအပြုအမူများကို သတိပြုမိကြပြီး ထိုအရာသည် ဟန်ဆောင်မှုတစ်ခု ဖြစ်ပုံမရပေ။
မီလို၏မျက်လုံးများက အရောင်တောက်လာသော်လည်း သတိထားဆဲပင်ရှိ၏။
"ငါကတော့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကို စိတိပူနေတုန်းပဲ။ ဒါတွေအားလုံးက ဟန်ဆောင်မှုသက်သက်ဆိုရင် ဘယ်လိုလုပ်မလဲ"
အနက်ရောင်ဝတ်အဓိပတိက လျင်မြန်စွာ သတိပေးသည်။
"သတိထားတာမမှားဘူးဆိုပေမဲ့ အကယ်၍ သခင်ဟာ ဒီနေ့ သွေးသခင်နေရာကို မယူခဲ့ရင်၊ မနက်ဖြန်မှာ တခြားသူတွေက ယူသွားကြမှာပါ"
ထိုအနက်ရောင်ဝတ်အဓိပတိသည် ကြီးမားသောကျေးဇူးတရားသည် ရန်ငြိုးအဖြစ်သို့ မည်သို့ပြောင်းလဲသွားနိုင်ကြောင်း၏ အဓိကသာဓကဟုပင်ဆိုနိုင်သည်။
သွေးသခင်အောက်တွင်အစေခံရခြင်းက သူ့ကို စိတ်မသက်မသာဖြစ်ခြင်းနှင့် အပြစ်ရှိသလိုခံစားရစေသည်။ထိုအပြစ်ရှိစိတ်ကို သက်သာစေရန် တစ်ခုတည်းသောနည်းလမ်းမှာ သွေးသခင် သေဆုံးရန်သာ ဖြစ်သည်။
မီလို၏မျက်ဝန်းများကတော့ စိတ်ရှုပ်ထွေးနေခြင်းကိုပြသနေဆဲပင်၊သူကအတန်ကြာစဥ်းစားပြီးနောက် သူက လက်ပြလိုက်သည်။
"ငါတို့ ဒါကို နောက်မှထပ်ဆွေးနွေးကြမယ်"
အနက်ရောင်ဝတ်အဓိပတိသည် ရွေးချယ်စရာမရှိဘဲ ပြန်လည်ထွက်ခွာသွားရ၏။
တည်းခိုခန်း၌ တစ်ယောက်တည်း ကျန်ခဲ့သော မီလိုက မယုံမရဲဖြင့် ရေရွတ်မိသည်။
"ဒီအစီအစဉ်က တစ်ချက်တည်းနဲ့ အောင်မြင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
"တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ မီမျိုးနွယ်ဟာ လျူဖုန်းနယ်မြေမှာ အထွတ်အထိပ်အဆင့် အင်အားအကြီးဆုံး ဖြစ်လာလိမ့်မယ်"
ယခုအစီအစဉ်အတွက် မီလိုနှင့်သူ၏ဖခင်နိနို့သည် နှစ်များစွာကတည်းကပင်ကြိုတင်စီစဥ်ထားခဲ့ခြင်းပင်။သစ္စာခံမြေကမ္ဘာဒဏ္ဍာရီအဆင့်များက်ု ဝူကွေမြို့ထဲသို့ အမြဲတမ်းစေလွှတ်နေခဲ့ပြီး တစ်ဖက်မှသတင်းအားလုံးကိုလည်း အဆက်မပြတ်စုဆောင်းခဲ့ကြသည်။
"ဒဏ္ဍာရီအဆင့် တစ်ထောင်ပါတဲ့ တရားပွဲက ငါတို့ လှုပ်ရှားရမယ့် အချိန်ပဲ"
သူတို့ကသာ အချိန်မီမလှုပ်ရှားနိုင်လျှင် နောက်ကျသွားလိမ့်မည်ဟု မီလိုခန့်မှန်းမိသည်။
သူတို့အတွက် သစ္စာခံဒဏ္ဍာရီအဆင့်များကို ဝူကွေမြို့ထဲသို့ ထပ်မံစေလွှတ်ရန်မှာ ရှားပါးနေလေပြီ။ထို့ကြောင့် နောက်ထပ်ရာစုနှစ်တစ်ခုအတွင်း ဝူကွေမြို့၌ အဓိပတိအဆင့်တစ်သောင်းကျော် ရှိလာပါက သူတို့၏အင်အားဖြင့် ပုန်ကန်ရန် မဖြစ်နိုင်တော့ပါ။
ယခုအချိန်သည် အကောင်းဆုံး အခွင့်အရေး ပင်ဖြစ်သည်။ သူတို့ စောင့်ဆိုင်းလေ၊ အခွင့်အလမ်း နည်းပါးလေပင်။
ယခုတစ်ကြိမ်တွင် မြောက်ဘက်နှင့် တောင်ဘက်နှစ်ဖက်စလုံးမှ အဓိပတိများသည် သတင်းအချက်အလက်များကို ပိတ်ဆို့ရန်နှင့် ဝူကွေမြို့ကိုပုန်ကန်ရန် ပူးပေါင်းခဲ့ကြပြီး ကြီးမားသော အကျိုးကျေးဇူးတစ်ခုရရှိလိမ့်မည်ဟုလည်း သူတို့ မျှော်လင့်သည်။
"သွေးသခင်ဟာ အလယ်အလတ်အဆင့်အဓိပတိပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ်"
"မဟုတ်ဘူး ၊သူဟာ တကယ်ပဲစဥ်းစားဉာဏ်နုံ့နဲတဲ့အတွက် အရင်လိုပဲ တရားမဟောခင်မှာ သူကိုသစ္စာခံဖို့ နောက်လိုက်တွေကို နှလုံးသားနတ်ဆိုးကျိန်စာ မကျိန်ခိုင်းဖို့လည်း မျှော်လင့်ရတာပဲ"
"ဘာပဲပြောပြော ဒီအစီအစဉ်ကြီး. အောင်မြင်ပါစေလို့လည်း ငါမျှော်လင့်ပါတယ်"
မီလိုသည် မျှော်လင့်ချက်ကြီးသုံးခုဖြင့် စိုးရိမ်ပူပန်စွာ သက်ပြင်းချလိုက်မိလေသည်။
-----------------
ဝူကွေမြို့၌ လူများသည် ခါတိုင်းလိုပင် လာသူလာ၊ သွားသူသွားနှင့် လမ်းမများ ပြည့်ကျပ်နေ၏။
ဝမ်ကိုင်းနှင့် လီယွန်းကျီတို့သည် စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်လျက် သေရည်သောက်နေကြသည်။
ဝမ်ကိုင်းက သေရည်တစ်ခွက်ကို ဂွပ်ခနဲမော့ကာ ကန္တာရလင်းယုန်ပေါင်ကို တစ်ချက်ဖဲ့ကိုက်လိုက်၏။
ထို့နောက် ပါးစပ်ကိုလက်မောင်းစနှင့်သုတ်ကာ သက်ပြင်းချလိုက်သည်။
သူ၏မျက်နှာက လေးနက်နေပြီး စကားလာ၏။
"မုန်တိုင်းတစ်ခု လာတော့မယ်ထင်တယ်"
လက်ရှိတွင် ဝူကွေမြို့သို့ ကမ္ဘာမြေဒဏ္ဍာရီအထွတ်အထိပ် နှစ်ထောင်ကျော် ရောက်ရှိနေသည်။ ရက်အနည်းငယ်အတွင်း ထိုဒဏ္ဍာရီအဆင့် နှစ်ထောင်သည် သွေးသခင်၏တရားပွဲကိုတတ်ရောက်ပြီး အဓိပတိအဆင့်သို့ တက်လှမ်းကြတော့မည်ဖြစ်သည်။
လီယွန်းကျီသည် သေရည်ခွက်ကိုသောက်မလိုပြင်ပြီးမှ ပြန်ချလိုက်ပြီး သူ၏အရင်းနှီးဆုံးသူငယ်ချင်းကို တီးတိုးမေးလိုက်သည်။
"မင်း ဝူကွေမြို့မှာ တစ်ခုခု မူမမှန်ဘူးလို့ ခံစားမိလား"
ဝမ်ကိုင်းက လီယွန်းကျီကို သဘောတူသလို ကြည့်လိုက်၏။
"ဟုတ်တယ်၊ တစ်ခုခု ရှိနေတယ်"
ယခုအချိန်တွင် သွေးနန်းတော်၌ အဓိပတိအဆင့် တစ်ထောင်ရှစ်ရာကိုးဆယ့်ငါးဦး ရှိနေပြီး တောင်ဘက်ရှိ အရေအတွက်အားလုံးပေါင်းကိုပင် ကျော်လွန်လုနီးပါး ဖြစ်နေလေပြီ။
"မနေ့က မြို့ထဲကတစ်ယောက်က ငါ့ဆီ ချဉ်းကပ်လာခဲ့တယ်"
လီယွန်းကျီက တုံ့ဆိုင်းစွာပြောရင်း ဘေးဘီကိုအကဲခတ်နေသည်။
ဝမ်ကိုင်းက လီယွန်းကျီကိုကြည့်ပြီး သူ၏ မျက်နှာအမူအရာက ထက်သန်လာ၏။
"ပြောမှာကို ပြောစမ်းပါ။ ငါ ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး"
တုံ့ဆိုင်းနေသော လီယွန်းကျီသည်စိတ်မချဟန်ဖြင့် ဝမ်ကိုင်းထံ အသံပို့လွှတ်ကာ ပြောလိုက်သည်။
အကြောင်းအရာမှာ အဓိပတိတစ်ဦးက သွေးနန်းတော်၌ တစ်စုံတစ်ရာ ကြီးမားသည့် ကိစ္စဖြစ်ပွားတော့မည်ဟု အရိပ်အမြွက်ပြောကြားခဲ့ပြီး မည်သည့်ဘက်မှ လွယ်လွယ်ကူကူ ရပ်တည်ခြင်း မပြုရန် သူအားအကြံပေးခဲ့သည်အကြောင်းပင်။
အသံပိူ့လွှတ်ပြီးနောက် လီယွန်းကျီက စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"သွေးနန်းတော် ပြိုကွဲသွားမယ်လို့ မင်းထင်လား"
"တစ်ယောက်ယောက်က သွေးသခင်ကို ပုန်ကန်ဖို့ ကြံစည်နေတာလား"
သေရည်ခွက်ကိုကိုင်ထားသော ဝမ်ကိုင်း၏လက်များကတင်းကျပ်သွားသလို မျက်နှာကလည်း အေးစက်သွားသည်။
ဝမ်ကိုင်းသည် သွေးသခင်ကို တော်တော်လေး ယုံကြည်ကြောင်းကို မြင်သောအခါ လီယွန်းကျီက သွေးတိုးစမ်းသလို မေးသည်။
"ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ။ သွေးသခင်ရဲ့ ကျေးဇူးကို ပြန်ဆပ်သင့်သလား"
သူသည် စိတ်ပိုင်းဆိုင်ရာအရ သွေးသခင်၏ ဆုံးမဩဝါဒပေးခဲ့ခြင်းကို ကျေးဇူးဆပ်လိုသော်လည်း ဆင်ခြင်တုံတရားအရ ရန်သူသည် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်မည်ကို သူသိသည်။ အလျင်စလို ဝင်ရောက်သွားခြင်းသည် သေခြင်းကိုသာ ဖြစ်စေနိုင်ပြီး ရလဒ်အပေါ် မည်သည့် သက်ရောက်မှုမှ ရှိမည်မဟုတ်ဟု သူမှန်းဆမိနေလေပြီ။
"ဘယ်ကလူပြတ်တွေပေါင်းပြီး သွေးသခင်ကို ပုန်ကန်ဖို့ ရဲရဲတင်းတင်း ကြံစည်နေကြတာလဲ"
ဝမ်ကိုင်းက သေရည်ခွက်ကို ဆောင့်ချကာဒေါသတကြီး ပြောလိုက်သည်။
သူသည် သွေးသခင်က အဓိပတိနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းအား ယခုအချိန်ထိရှင်းလင်းစွာ မှတ်မိနေပြီး ထိုအရာသည် သူ၏ စိတ်ထဲ၌ မပျောက်နိုင်သော အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်နေသည်။
အဓိပတိများသည် ခွန်အားကြီးနိုင်သော်လည်း သွေးသခင်၏ မျက်လုံးများတွင် သူတို့သည် ပုရွက်ဆိတ်များကဲ့သို့ သတ်ဖြတ်ရန် အလွန်လွယ်ကူလွန်းနေလိမ့်မည်။
မြောက်ဘက်မှ အလယ်အလတ်အဆင့်အဓိပတိဆယ်ဦးပါဝင်သော အဓိပတိနှစ်ဆယ်ကျော်သည် သွေးသခင်၏ ဓားတစ်ချက်ကိုပင် မခံနိုင်ခဲ့ကြပေ။
ဝမ်ကိုင်းသည် သွေးသခင်ကသာ သတ်ချင်လျှင် သူတို့သည်လည်း ထိုသို့သောကံကြမ္မာဆိုးကို ကြုံတွေ့ရမည်ဟု ခံစားခဲ့ရသည်။
လီယွန်းကျီသည် ထိုနေရာတွင် မရှိခဲ့ပေ။ထို့ကြောင့် သူင သွေးသခင်၏ခွန်အားက်ု လျှော့တွတ်နေခြင်းပင်။
အဓိပတိအရေအတွက်မည်မျှပင် များပါစေ အားလုံးသည် သွေးသခင်အတွက် ဂေါ်ဖီထုပ်များသာဖြစ်လိမ့်မည်။
"မင်းတစ်ခုခုများ သိနေတာလား"
ဝမ်ကိုင်း၏ ယုံကြည်ချက်ကို ခံစားမိသောကြောင့် လီယွန်းကျီက မေးလိုက်သည်။
ဝမ်ကိုင်းက ပြုံးလိုက်သည်။သူက ဒေါသအနည်းငယ်ပြေသွားသဖြင့် သေရည်ခွက်ကိုပြန်ကိုင်ကာ ဖြေ၏။
" မစိုးရိမ်နဲ့။ ဘယ်ပုန်ကန်မှုမှ သွေးသခင်ကို ထိခိုက်စေမှာ မဟုတ်ဘူး"
"မင်း ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတာပဲ"
ဝမ်ကိုင်းက အပြည့်အစုံမပြောသောကြောင့် လီယွန်းကျီ စိတ်ပျက်သွားသည်။
"သွေးသခင်က ဒီပုန်ကန်မှုကို သိသွားပြီလား"
လီယွန်းကျီက ထင်ကြေးပေးလိုက်သော်လည်း စိတ်မသက်မသာ ဖြစ်နေဆဲ ဖြစ်သည်။ဝမ်ကိုင်းက စိတ်မပူသော်လည်း သူကစိတ်မအေးနိုင်သေးပါ။
"သွေးနန်းတော်က ဒီလောက်လျော့လျော့ရဲရဲ စုစည်းထားတာ။ ဘယ်သူမှ သွေးသခင်ကို စစ်မှန်တဲ့ သစ္စာမရှိဘူး။ သူ ဘယ်လို အနိုင်ရနိုင်မလဲ" ဟု တွေးလိုက်သည်။
ရန်သူသည် ကောင်းစွာ ပြင်ဆင်ထားမည်ဖြစ်ပြီး ဖြစ်နိုင်ခြေရှိသည်မှာ မဟာအဓိပတိများ သေချာပေါက်ပါဝင်နိုင်သည်ဟု သူ ယူဆသည်။
သို့သော်လည်း ဝမ်ကိုင်း၏တုန့်ပြန်မှုအရ သွေးသခင်သည် လုံးဝရှုံးနိုင်စရာမရှိပုံပင်။
ဝမ်ကိုင်းကသိနေသော်လည်း သူအားမပြောခဲ့ပေ။ထိုယုံကြည်ချက်သည် မည်သည့်အရပ်မှလာသနည်း။
သွေးသခင်ကို ဘယ်သူကထောက်ပံ့နေလို့လဲ။
"ဖြစ်နိုင်တာက..."
လီယွန်းကျီ၏ မျက်လုံးများ ပြူးကျယ်သွားသည်။သူကဝမ်ကိုင်းအား မေးလိုက်သည်။
"သွေးသခင်က အဖြူရောင်ဧကရာဇ်ရဲ့ တိတ်တိတ်ပုန်းသားလား"
"ခွီး..ဖွီး.."
ဝမ်ကိုင်းမှာ သောက်လက်စ သေရည်ပင် သီးသွားသည် ။
"ဒါက သွေးသခင်ကို စော်ကားတာပဲ၊ မဟုတ်တာတွေ လျောက်ခန့်မှန်းမနေနဲ့"
ဝမ်ကိုင်းအတွက် သွေးသခင်သည် အဖြူရောင်ဧကရာဇ်ထက် ပို၍ ကြောက်စရာကောင်းသည်ဟု ထင်မိသည်။
အဖြူရောင်ဧကရာဇ်သည် အစွမ်းထက်သော်လည်း သွေးသခင်ကဲ့သို့ ကြောက်မက်ဖွယ် မဟုတ်ပေ။
သွေးသခင်သည် လူသားတစ်ဦးမဟုတ်ဘဲ မမိစ္ဆာနတ်ဘုရားတစ်ပါး ဖြစ်နိုင်သည်ဟုပင် သူ ယုံကြည်ထားသည်။
---------------------------
ဝူကွေမြို့ရိုးပေါ်တွင်ဖြစ်သည်။
ထိုနေရာသည် ချန်းဟွမ်၊ ယွမ်ချီ နှင့် ကျိယွမ်မှလွဲ၍ အများစုအတွက် ကန့်သတ်ထားသောနေရာလည်းဖြစ်သည်။
သွေးနီရောင်ဝတ်စုံဝတ်ထားသော ကျိယွမ်သည် သတို့သမီးလေးကို ပွေ့ဖက်ကာ တံတိုင်းပေါ်တွင် ရပ်နေသည်။
"ဝက်အူရစ်တွေကိုလှည့်ရတာကြာလာတော့ လေကောင်းလေသန့် နည်းနည်း ရှူဖို့လိုတယ်"
ကျိယွမ်အားမှီထားသော သတို့သမီးလေး၏ အင်္ကျီလက်ထဲမှ သစ်သားပြားတစ်ခုပြုတ်ကျလာသည်။
"ပြုံးနေသောပုံ"
ကျိယွမ်က သစ်သားပြားကိုကြည့်ပြီး သဘောကျစွာပြုံးလိုက်၏။သို့သော် သူကအနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိသည်။
"နင်လူသားပုံစံပြောင်းနိုင်ဖို့ ငါမျှော်လင့်ပါတယ်"
ကျိယွမ်သည် သူ၏ဘေး၌သတို့သမီးလေး ရှိနေခြင်းကြောင့်သာ ဂိမ်းကမ္ဘာထဲတွင် အထီးကျန်ခြင်းကို သက်သာရာရသည်ဟု ခံစားရသည်။
ကျိယွမ်က သတို့သမီးလေးအပေါ်၌ တင်နေသောသဲပွင့်များကို ယုယစွာသပ်ပေးလိုက်ပြီး စကားဆို၏။
"ဒီရက်ပိုင်း ငါ့ရဲ့ မှတ်ဉာဏ်က အရမ်းမတည်မငြိမ် ဖြစ်နေတယ်"
"မူလစွမ်းအားတွေကို နားလည်ဖို့အတွက် အနန္တအသွင်ကူးပြောင်းတံခါးထဲကို ငါရောက်သွားတုန်းက မေ့လျောခြင်းဘုံမှာ လမ်းပျောက်လုနီးပါး ဖြစ်ခဲ့တာ။ ကျူးယန်ရဲ့ ခေါ်သံကို ကြားရတဲ့အပြင် တစ်ယောက်ယောက်က ငါ့ရဲ့ အဝတ်အစားကို ဆွဲနေသလို ခံစားရတယ်။ သတို့သမီးလေး ...အဲ့ဒါ နင်လား"
မကြာသေးမီက ကျိယွမ်သည် မဟူမေ့လျော့ခြင်းစွမ်းရည်ကို တိုးတက်အောင် ကြိုးစားနေခဲ့သည်။
သူ၏မှတ်ဉာဏ်များတွင် ထိုအချိန်က တစ်ယောက်ယောက်သည် သူ၏ အဝတ်အစားကို ဆုပ်ကိုင်ထားသည့် မြင်ကွင်းများကို ဝိုးတဝါး မှတ်မိနေ၏။
သို့သော် ရေရေရာရာလည်းမမှတ်မိချေ။
နောက်ထပ်သစ်သားပြားလေးတစ်ခုသည် သတို့သမီးလေး၏ လက်ထဲမှပြုတ်ကျလာပြန်သည်။
ပုံတွင် လက်တစ်ဖက်ကအင်္ကျီလက်ကို ဆုပ်ကိုင်ထားသည့် ပုံကိုပြသနေသည်။
"အဲ့ဒါ နင်ပဲ"
ကျိယွမ်သည် ချစ်စနိုးဖြင့် သတို့သမီးလေး၏ နှာခေါင်းဖျားလေးကို တို့ရန် ကြိုးစားသော်လည်း မည်သည့်အရာမှ ရှိမနေပါ။
သူက စိတ်ပျက်မသွားဘဲ သတို့သမီးလေးကို ဆက်လက်ပွေ့ဖက်ထားပြီး တီးတိုးမေးလိုက်၏။
"ငါ မေ့သွားခဲ့တဲ့ အနန္တအသွင်ကူးပြောင်းတံခါးထဲမှာ တခြားဘာတွေ ဖြစ်ခဲ့သေးလဲ"
ထိုနေရာမှ အရာရာတိုင်းကို ပြန်မှတ်မိစေရန်ကြိုးစားခြင်းသည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို အနုစိတ်အဆင့်သို့ တိုးတက်စေနိုင်သည်ဟု ကျိယွမ် ယူဆမိနေသည်။
ထို့ကြောင့်သူက အရေးကြီးသောအရာများကို သိချင်နေသည်။
လက်ရှိတွင် သူသည်အဆင့်တူများကို ဖိနှိပ်နိုင်သော်လည်း မလုံလောက်သေးပါ။
အဖြူရောင်ဧကရာဇ်နှင့်အကြွင်းမဲ့သခင်တို့ကို ရင်မဆိုင်ဖူးသောကြောင့် သူတို့၏စွမ်းအားအမှန်ကိုလည်း မသိရသေးပေ။
သူတို့က ယင်နတ်ဘုရားတွေလောက်များ အစွမ်းထက်နေမလား၊ဒါဆိုရင်တော့ ဒီဂိမ်းကိုအနိုင်ယူဖို့ တော်တော်ခက်မှာ။
ကျိယွမ်သက်ပြင်းချမိသည်။
"ကံမကောင်းတာက နတ်ဆိုးတွေက အကန့်အသတ်ရှိတယ်။ ပိုပြီး အဆင့်မြှင့်ဖို့အတွက် ငါက နတ်ဆိုးတွေအပြင် ဒီကလူတိုင်းကို သတ်ရမှာလား"
ကျိယွမ်သည် မလိုအပ်ဘဲသတ်ဖြတ်ခြင်းမျိုးကို နှစ်သက်သူ မဟုတ်သလို အတ္တကြီးမားလွန်းသော တစ်ကိုယ်ကောင်းသမားလည်း မဟုတ်ပါ။
"အဆင့်မြှင့်ဖို့အတွက် ဂိမ်းထဲမှာလျှို့ဝှက်နေရာအသစ်တွေသာ ရှိရင်ကောင်းမှာ"
သူ မျှော်လင့်မိသည်။
နတ်ဆိုးများကိုသတ်ခြင်းသည် သူ့ကိုသိပ်ပြီး အထောက်အကူမပေးတော့ပါ။
အဆင့်တတ်ရန်ဆိုလျှင် သူသည် အဓိပတိများကို သတ်ရန် လိုအပ်နေသည်။
"ထူးတော့ထူးဆန်းတယ်၊ဒီကမ္ဘာကြီးရဲ့ အကန့်အသတ်က ဘာလဲ။ အရင်းအမြစ်တွေမကုန်ခန်းဘဲ ဘာလို့ အဓိပတိတွေ ဒီလောက် အများကြီးမွေးထုတ်နိုင်နေတာလဲ"
ကျိယွမ်က ဘဝမကျသလို စဥ်းစားလိုက်၏။
" ရှိရှိသမျှကုန်သွားအောင် လုပ်နေတာလား"
"ဒါမှမဟုတ် တစ်ယောက်ယောက်က အမြတ်ထုတ်နေတာလား"
ပုံမှန်အားဖြင့်ဆိုလျှင် ကမ္ဘာတစ်ခု၏ အင်အားကြီးသူများသည် ပိရမစ်ပုံစံအတိုင်း ဆင့်ထက်ကဲ့ အချိုးတူရှိရမည်ဖြစ်သည်။
ယခုကမ္ဘာတွင်မူ အဓိပတိများမှာ အလွန်များပြားလှသော်လည်း အဖြူရောင်ဧကရာဇ်နှင့် အကြွင်းမဲ့သခင်ကဲ့သို့သော ထိပ်တန်းအဆင့်သတ္တဝါများက အလွန်နည်းပါးနေသည်။
ထိုအရာသည် ကမ္ဘာတစ်ခု၏စံဖွဲ့စည်းပုံနှင့် မကိုက်ညီပေ။
ကျိယွမ်ခေါင်းယမ်းလိုက်သည်။
"ဘာလို့များ အချိုးအစားက မတူညီရတာလဲ"
------------------------------
အဖြူရောင်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာတွင်ဖြစ်သည်။
တောင်ဘက်၏ ခွန်အားအကြီးဆုံးဖြစ်သော်လည်း စက္ကူဖြူတစ်ချပ်အလားအားနည်းနေသူအဖြူရောင်ဧကရာဇ်၏ မျက်လုံးများ ဖြည်းညင်းစွာပွင့်လာသည်။
သူ၏ မျက်လုံးများတွင် ရှုပ်ထွေးသော စိတ်ခံစားမှုများ ပြည့်နှက်နေ၏။
"မြောက်ပိုင်းနတ်ဆိုးတွေ ကမ္ဘာမြေအဆုံးပိုင်းကို ရောက်နေကြပြီလား"
"ဒီတာဝန်မအောင်မြင်ပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်"
သူ၏မျက်လုံးများက ရီဝေနေသည်။
"အရင်ကကိစ္စတွေကို ရှင်းဖို့ အချိန်ရောက်ပြီ"
"ဆရာ... တကယ်လို့ ဆရာသာ ဒီမှာရှိနေခဲ့မယ်ဆိုရင် ဘာလုပ်မလဲ"
"ဆရာသာဆိုရင်တော့..အရင်တစ်ခါ အိုးကိုးလုံးတောင်တရားပွဲလို ကမ္ဘာကြီးတစ်ခုလုံးကို အံ့သြစေမှာသေချာတယ်"
"ဒါပေမဲ့ နတ်ဆိုးတစ်သောင်းတံခါးထဲက အဖွဲ့သားတွေကမခံနိုင်တော့ဘူး"
အဖြူရောင်ဧကရာဇ်၏မျက်လုံးများထဲတွက် လွမ်းဆွေးမှုများ ပြည့်နှက်နေသည်။
သူသည် တောင်ဘက်အတွက် ထောက်ပံ့နေသော်လည်း အမှန်တရားမှာ တောင်ဘက်တစ်ခုတည်းအတွက် မဟုတ်ဘဲ လျူဖုန်းနမြေကြီးတစ်ခုလုံးအတွက်ဖြစ်သည်။
စစ်မြေပြင်သည် မြောက်နှင့်တောင်ဘက် ပဋိပက္ခတစ်ခုတည်း မဟုတ်ပေ။
တောင်မြောက်စစ်ပွဲသည် နှလုံးသားနတ်ဆိုးများကို ဆန့်ကျင်ခြင်းသာ ဖြစ်သည်။
သို့သော် အားလုံးမသိကြသေးသော်လည်း လျူဖုန်းနယ်မြေ၏ ရန်သူများသည် နှလုံးသားနတ်ဆိုးများချည်း မဟုတ်ပါ။
သားရဲနတ်ဆိုးများလည်း ရှိသေးသည်။
ရှင်းရှင်းဆိုရလျင် ပိုမိုကြီးမားသော စစ်မြေပြင်သည် သားရဲနတ်ဆိုးတစ်သောင်းတံခါး ထဲတွင် ရှိနေခဲ့သည်။
"ဆရာက နတ်ဆိုးတစ်သောင်းဂိတ်ကို တစ်ယောက်တည်း ဖိနှိပ်ခဲ့ပြီး နတ်ဆိုးအားလုံးကို သတ်ဖြတ်ခဲ့တယ်၊ သေလုနီးပါး ဖြစ်ခဲ့တယ်"
"အခု၊သားရဲနတ်ဆိုးတစ်သောင်းတံခါးလာပြန်ပြီ... ငါတို့ ဒါကို ဖိနှိပ်ရမယ်"
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ဆရာဖြစ်သူသွေးသခင်သည် အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့ပြီး နတ်ဆိုးများကို ရှင်းလင်းရန် ကြိုးစားရင်း သေလုနီးပါး ဖြစ်ခဲ့ရသည်။
ကံကြမ္မာကျောက်တုံး၏ လမ်းညွှန်မှုအတိုင်း မြောက်ပိုင်းနတ်ဆိုးများဖြစ်ကြသော အဖြူရောင်ဧကရာဇ်၏ တပည့်များသည် ဆရာသခင်ကိုနိုးထစေရန် သားရဲတစ်သောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့ကြသည်။
ထိုအရာက သွေးသခင်ကို နိုးထစေခဲ့၏။
သို့သော်လည်း သွေးသခင်သည် နတ်ဆိုးများကိုရှင်းလင်းရန်အတွက် ကြီးမားသော စွမ်းအားကို အသုံးပြုခဲ့ရသဖြင့် ပျက်စီးသွားခဲ့ပြီး သွေးတစ်စက်သာ ကျန်ခဲ့တော့သည်။
သို့သော်လည်း ထိုသွေးသည် ပျောက်ကွယ်သွားခဲ့သည်။
မည်သို့ပင်ဖြစ်စေ တံခါးထဲမှ နတ်ဆိုးများရန်မှ ကင်းဝေးသွားခဲ့လေသည်။
သို့သော် သားရဲနတ်ဆိုးတစ်သောင်းတံခါးထဲတွင် အဆုံးမဲ့သောသားရဲနတ်ဆိုးများ ထွက်ပြေးရန် ကြိုးစားနေကြသည်ကို မည်သူမသိခဲ့ကြပေ။
အဖြူရောင်ဧကရာဇ်သည် ကံကြမ္မာကျောက်တုံးကို သံသယဝင်နေခဲ့မိ၏။ကံကြမ္မာကျောက်တုံးက သူတို့အားသားရဲတစ်သောင်းတံခါးထဲသို့ လှည့်ဖျားဝင်စေပြီး သားရဲများကို နိုးထစေရန်လှုံ့ဆော်သလိုဖြစ်စေခဲ့သလားဟု တွေးခဲ့သည်။
သို့သော် ထိုအရာသည် ဖြစ်ခဲ့ပြီးဖြစ်သောကြောင့် ပြောင်းလဲ၍မရနိုင်တော့ပါ။
"အောင်မြင်ပါစေလို့ပဲ မျှော်လင့်ရမယ်"
အကယ်၍ အောင်မြင်ပါက လျူဖုန်းနယ်မြေသည် နောက်ထပ် နှစ်သုံးရာခန့် ဆက်လက်တည်ရှိနိုင်မည်ဖြစ်သည်။
မအောင်မြင်ပါက ၎င်းသည် နှလုံးသားနတ်ဆိုးနှင့် သားရဲနတ်ဆိုးများ၏ခိုလှုံရာ ဖြစ်လာပေလိမ့်မည်။
"ရန်ရန်... ဒါက နင့်အပေါ် ကံကြမ္မာကျောက်တုံးရဲ့ သက်ရောက်မှုလား"
အဖြူရောင်ဧကရာဇ်သည် ဝမ်းနည်းစွာဖြင့်သက်ပြင်းချလိုက်သည်။
ယခုအချိန်မှာတော့ ရွေးချယ်စရာမရှိတော့ပါ၊သူ၏ကိုယ်ပွားသည် ခန္ဓကိုယ်အစစ်နဲ့ပေါင်းစည်းကာ သားရဲတစ်သောင်းတံခါးထဲသို့ ဝင်ရပေတော့မည်။
ထိုနေရာတွင် အခြေအနေသည် လုံးဝဆိုးရွားနေပြီ မဟုတ်ပါလား။
....................
ဝူကွေမြို့၌ အဓိပတိများစွာ စုဝေးနေကြသည်။
မြို့အပြင်မိုင်ပေါင်းများစွာအထိ လိုက်ရှာလျှင်ပင် နတ်ဆိုးတစ်ကောင်ကိုရှာတွေ့မည်မဟုတ်ပါ။
ကျိယွမ်သတ်ဖြန်ရန်အတွက် အဓိပတိများက အမဲလိုက်ခဲ့သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဝူကွေမြို့သည် အလွန်လုံခြုံနေပြီး ကျိယွမ် စောင့်ကြပ်ရန်ပင် မလိုအပ်တော့ပါ။
ယနေ့တွင် ကမ္ဘာမြေဒဏ္ဍာရီအဆင့် အထွတ်အထိပ်နှစ်ထောင်သည် တရားပွဲနေရာ၌ စုဝေးနေကြသည်။
သူတို့၏ မျက်နှာများတွင်လည်း မတူညီသော စိတ်ခံစားမှုများကို ပြသနေကြ၏။
အချို့က မအောင်မြင်မည်ကို စိုးရိမ်ပူပန်နေကြသည်၊ အချို့က မျှော်လင့်နေကြသည်၊ အချို့ကတော့ ကြောက်ရွံ့နေကြ၏။
ပရိတ်သတ်ထဲတွင် အဓိပတိများလည်းပါဝင်နေပြီး သူတို့မှာ ကျိယွမ်အတွက်နတ်ဆိုးများကို ဖမ်းပေးခဲ့သူများဖြစ်ကြသည်။
ဝမ်ကိုင်းနှင့် လီယွန်းကျီတို့သည်လည်း လူအုပ်ထဲတွင် ပါဝင်နေသည်။
ဝမ်ကိုင်းသည် တည်ငြိမ်နေသော်လည်း လီယွန်းကျီကတော့ စိတ်လှုပ်ရှားနေ၏။
"ဝမ်ကိုင်း၊ မင်း ဘာလို့ စိတ်မပူရတာလဲ"
လီယွန်းကျီက မနေနိုင်စွာ အသံပို့လွှတ်လိုက်သည်။
"ဘာလို့ စိုးရိမ်ရမှာလဲ။ ဂေါ်ဖီထုပ်တစ်စုက ပြဿနာရှာတာကို မင်းက စိတ်လှုပ်ရှားနေစရာ လိုလို့လား"
ဝမ်ကိုင်းသည် လုံးဝတည်ငြိမ်နေပြီး ဖြစ်ပျက်လာမည့်အရာကိုပင် ကြည့်ရှုချင်၍ မျှော်လင့်နေပုံရသည်။
သွေးသခင်၏စွမ်းအားကို ကိုယ်တွေ့ မြင်ပြီးနောက် ဝမ်ကိုင်းသည် သွေးသခင်ကို စစ်မှန်သောနတ်ဘုရား၊ ရွေးချယ်ခံရသူအဖြစ် မှတ်ယူခဲ့သည်။
"မင်း တစ်ခုခု သိနေပေမဲ့ ငါ့ကိုမပြောဘူး။ တကယ်လို့ ငါသာသိခဲ့ရင် ဒီလောက် စိုးရိမ်နေမှာ မဟုတ်ဘူး"
လီယွန်းကျီက စိတ်မချမ်းသာစွာ မြည်တမ်းလိုက်သည်။
ဝမ်ကိုင်းသည် သေချာပေါက် သူ့ထက် ပိုသိကြောင်း ထင်ရှားနေသည်။
"သိုးရူးအဓိပတိကို စံနမူနာယူပြီး.နေသင့်တယ်"
သိုးရူးအဓိပတိသည် ရွေးချယ်မှုမှန်ကန်သောကြောင့် အသက်ရှင်ခဲ့ရသည်မဟုတ်ပါလား။
ထိုအခိုက်မှာပင် ဆန်းကြယ်သောအော်ရာတစ်ခုသည်လေထဲ၌ ရုတ်တရက် ပြည့်နှက်သွား၏။
တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံစကားများနေခဲ့သော လူအုပ်ကြီးသည် မီးကိုရေနှင့်ဖြန်းသည်အလားတိတ်ဆိတ်သွား၏။
အာလုံးသည် မြို့ရိုးပေါ်မှ သွေးနီရောင်ဝတ်စုံဝတ်ထားသူအား အံသြစွာကြည့်လိုက်ကြသည်။
"သွေးသခင်ကို ဂါရဝပြုပါတယ်"
"သွေးသခင်ကို ဂါရဝပြုပါတယ်"
ထောင်ချီသော ကျင့်ကြံသူများ၏ အသံသည် ဝူကွေ့မြို့ထဲ၌သာမက ကန္တာရအထိပင် မုန်တိုင်းတစ်ခုကဲ့သို့ ဟိန်းထွက်လာသည်။
ထိုအရာသည် အိုးကိုးလုံးတောင် တရားပွဲထက်ပင် ပို၍ အသက်ဝင်နေသည်ဟုပင် ဆိုနိုင်၏။
ကံမကောင်းစွာဖြင့် ဤလူများသည် အိုးကိုးလုံးတောင်မှတရားနာသူများကဲ့သို့ စစ်မှန်မှုမရှိကြဘဲ အချို့က ဆိုးရွားသော ရည်ရွယ်ချက်များကိုပင် မွေးမြူထားကြသည်။
လူအများကြားတွင်ရပ်နေသော အဓိပတိမီလိုသည် အဓိပတိရာပေါင်းများစွာက ကျိယွမ်အားအရိုအသေပေးနေသည်ကို မြင်သောအခါ သူ၏မျက်ဝန်းများတွင် မနာလိုမှုများ အထင်သားပြည့်လာ၏။
ငါသာ သူ့နေရာမှာဆိုရင်တော့ကွာ..။
မီလို၏နှလုံးခုန်နှုန်းသည် မျှော်လင့်ချက်ဖြင့် မြန်ဆန်လာခဲ့သည်။
ထိုအခိုက်မှပင် သွေးသခင်၏အကြည့်သည် သူ့အပေါ်သို့ကျရောက်လာရာ မီလို၏နှလုံးခုန်သံများမှ မှားယွင်းပြီးရပ်တန့်မလိုပင် ဖြစ်သွားသည်။
သွေးသခင်၏အသံက သူ၏နားထဲသို့ ပျံ့လွင့်လာ၏။
"အဓိပတိမီလိုကို ကြည့်ရတာတစ်မျိုးပဲ၊ပြောစရာတစ်ခုခုများရှိလို့လား"
မီလိုသည်နှလုံးခုန်မှားရုံသာမက ခေါင်းပါကြီးသွားသည်။
ငါဖော်ထုတ်ခံလိုက်ရပြီလား။
သို့သော် သူသည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းအကျပ်ထိန်းချုပ်နိုင်လိုက်သည်။
"သွေးသခင်က တကယ်ပဲ ထူးခြားပါတယ်။ အခြားသူတွေကို ဉာဏ်အလင်းပေးဖို့အတွက် တရားဟောပေးပေမဲ့ ဘာမှ ပြန်မတောင်းဆိုခဲ့ပါဘူး"
သူက ချီးမွမ်းခန်းဖွင့်ပေးလိုက်ရင်း တစ်ဆက်တည်း မှတ်ချက်ချလိုက်သည်။
"တကယ်လို့ ကျွန်တော်သာဆိုရင် ဒီလို မလုပ်နိုင်ပါဘူး"
"မင်းသာဆိုရင် ဘာလုပ်မလဲ"
ကျိယွမ်၏ အပြုံးသည် နက်နဲဆန်းကြယ်နေ၏။
"တကယ်လို့ ကျွန်တော်သာဆိုရင် တရားမဟောခင်မှာ သူတို့ကို သစ္စာစောင့်သိဖို့အတွက် နှလုံးသားနတ်ဆိုးကျိန်စာ ကျိန်ဆိုခိုင်းမှာပါ"
မီလိုက အမှန်အတိုင်းပြောလိုက်ခြင်းပင်။
ထိုအတွေးကသူသာမဟုတ် လျူဖုန်းနယ်မြေရှိ အဓိပတိမှန်သမျှ သေချာပေါက်စဥ်းစားမည့်ကိစ္စသည်ဖြစ်သည်။
သူသည် အမြဲတမ်းတရားပွဲများကို မည်သည့်ချုပ်နှောင်ခြင်းမှမရှိဘဲ ဟောပြောခဲ့သည်မဟုတ်ပါလား။
"အင်း..."
အံသြစရာကောင်းသည်မှာ ယခုအကြိမ်မှာတော့ ကျိယွမ်က သူ၏စကားကို စဥ်းစားနေဟန်ရသည်။
"မင်းပြောတာ မှန်တာပဲ။ ဒီနေ့ လူတိုင်း... ငါ့ကို သစ္စာခံဖို့ နှလုံးသားနတ်ဆိုးကျိန်စာ ကျိန်ဆိုသင့်တယ် မဟုတ်လား"
ကျိယွမ်၏အကြည့်သည် အောက်တွင်ရှိနေသော ကမ္ဘာမြေဒဏ္ဍာရီအဆင့်များအပေါ် ဝေ့ဝဲသွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ကမ္ဘာမြေဒဏ္ဍာရီအဆင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချို့မှာ တိတ်တဆိတ်ကြောက်လန့်နေကြသည်။
မီလို၏မျက်နှာအမူအယာက တည်ငြိမ်နေသော်လည်း သူ၏ လက်ဖဝါးများကမူ ချွေးစေးများ ထွက်နေလေပြီ။
ငါကိုက အာချောင်မိတာ၊အခြားနည်းနဲ့မြှောက်သင့်တာကို။
အကယ်၍ သူတို့သာကျိန်ဆိုရပါက သူ၏ သူလျိုများ သေချာပေါက် ဖော်ထုတ်ခံရမည်ဖြစ်သည်။
သူသည် အပြင်ပန်း၌ ပြုံးနေရသော်လည်း အလွန်စိတ်လှုပ်ရှားနေသည်။
ထိုအချိန်တွင် ကျိယွမ်က သဘောကျသလို တဟားဟားဟား ရယ်မောလိုက်၏။
"ငါက နောက်နေတာပါ။ မင်းတို့ရဲ့ သစ္စာစောင့်သိမှုက ငါ့အတွက် ဘာအသုံးဝင်မှာလဲ"
သစ္စာစောင့်သိမှုသည် အသက်နှင့်နှိုင်းယှဉ်လျှင် တန်ဖိုးမရှိဟု သူယူဆသည်။သူ့အတွက်အလုပ်လုပ်ပေးဖို့သာလို၏။သစ္စစောင့်သိမှုကို သူမလိုအပ်ပါ။
ကျိယွမ်က တည်ငြိမ်စွာ ကြေငြာလိုက်သည်။
"ကဲ..တရားပွဲစပြီ"
-------------------------