← Chapters

သူက ရူးယောင်ဆောင်နေတာမဟုတ်ဘူး၊တကယ်ရူးနေတာ

Vol. 10 Ch. 126

သူက ရူးယောင်ဆောင်နေတာမဟုတ်ဘူး၊တကယ်ရူးနေတာ

Vol. 10 Ch. 126

​မြေကမ္ဘာဒဏ္ဍာရီအဆင့်နှစ်ထောင်ကျော်နှင့် အဓိပတိအများအပြားသည် ကျိယွမ်၏တရားသံကို လေးနက်စွာ နားစွင့်နေကြသည်။

သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျိယွမ်သည် မြို့ရိုးပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး လူသားနတ်ဆိုးလမ်းစဥ်ကိုစတင်ဟောကြားလေ၏။

သူ၏အကြည့်သည် နတ်ဘုရားနှင့်တူပြီး သူ၏အသံသည် ကောင်းကင်မှကျလာသော နတ်ဘုရားတို့၏ အသံအလား ပဲ့တင်သည်။

သူ၏တရားသံစတင်ထွက်ပေါ်လာသည်နှင့် ကွင်းပြင်ထဲတွင် ရှိနေသောသူတိုင်း ဆွဲဆောင်ခံလိုက်ရသည်။

အကြံအစဥ်နှင့်တရားနာသော အဓိပတိမီလိုပင်လျှင် ကောင်းကင်ဘုံနှင့်ငရဲတွင်းများအကြားသို့ ရောက်ရှိသွားည့်အလား ခံစားရပြီး ပြောင်းလဲမှုများကို ဆက်တိုက်တွေ့ကြုံနေရသည်၊

လူအုပ်ကြီးသည် တရားသံကို လုံးဝစွဲမက်ကာ ငြိမ်သက်သွားကြပြီး အချိန်သည် တိတ်ဆိတ်စွာ ကုန်ဆုံးသွားလေ၏။၊

ဝူကွေမြို့အပြင်ဘက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော သဏ္ဌာန်သုံးခုသည် တိတ်တဆိတ်ပုန်းကွယ်လျှက် ရှိသည်။

၎င်းတို့ကို ဦးဆောင်နေသူမှာ အဓိပတိ မီလို၏ဖခင်ဖြစ်သူ မဟာအဓိပတိမီကူဖြစ်လေ၏။

သူက ဝူကွေ့မြို့ထဲသို့ကြည့်နေရင်းမှ တီးတိုးမှတ်ချက်ချ၏။

“ကံကြမ္မာကျောက်တုံးရဲ့ အကူအညီနဲ့ သွေးသခင်ရဲ့ပါရမီက ကြောက်စရာကောင်းအောင်တိုးတက်​နေတာပဲ"

“လူသားနတ်ဆိုးလမ်းစဥ်ဟာ လူ့နဲ့နတ်ဆိုးသဘာဝရဲ့ လမ်းစဥ်ဖြစ်တယ်။ အနှစ်သာရကို နားလည်ဖို့အတွက်ဆိုရင် လူ့သဘာဝကိုသာမက နတ်ဆိုးသဘာဝကိုပါ နက်နက်နဲနဲ နားလည်ရမယ် ဒါမှမဟုတ် အတွေးတစ်ခုတည်းကိုသာ စွဲလန်းနေရမယ်။ တရားဟောဖို့အတွက်ဆိုရင်လည်း လူမှုဆက်ဆံရေးမှာကျွမ်းကျင်ရမဲ့အပြင် သဘာဝတရားရဲ့ အနှစ်သာရကို ထွင်းဖောက်မြင်နိုင်မှရမှာ"

အခြားမဟာအဓိပတ်တစ်ဦးက သက်ပြင်းချသည်။

"တစ်ခုမကောင်းတာက ဒီလိုအနှစ်သာရမျိုးစုံကို လက်ခံနိုင်လောက်အောင် သာမန်လူသားတွေရဲ့နှလုံးသားကမကြီးမြတ်တဲ့အတွက် ဒဏ်မခံဘဲ ရူးသွပ်သွားနိုင်တယ်"

“ဒါကြောင့် သွေးသခင်ရဲ့ရူးသွပ်မှုက ဟန်ဆောင်နေတာမဟုတ်ဘူး။ လူသားနတ်ဆိုးလမ်းစဥ်ကို အခုလောက်အထိနားလည်ခြင်းမျိုးရဲ့တန်ပြန်မှုကို မဟာအဓိပတိတွေတောင် မခံနိုင်ဘူး၊သူက မဟာအဓိပတိမဖြစ်သေးတော့ အခုလိုရူးသွားတာက ပုံမှန်ပါပဲ"

မီကူတို့သုံးဦးစလုံးသည် မဟာအဓိပတိများ ဖြစ်ကြပြီး မူလစွမ်းအားများကို ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်တို့တွင် ပုံဖော်ထုဆစ်ထားပြီးသူများချည်းဖြစ်၏။

လူသားနတ်ဘီလူးလမ်းစဥ်အပေါ် မဟာဓိပတိများ၏ နားလည်မှုမှာ သာမန်အဓိပတိများထက် အဆပေါင်းများစွာသာလွန်၏။

ထိုလမ်းစဥ်သည် မူလကပင် ရှုပ်ထွေးပွေလီလှသည်။ နားလည်မှု နက်ရှိုင်းလေ၊ သက်ရောက်မှုက ပိုကြီးလေ ဖြစ်သည်။

ကံကြမ္မာကျောက်တုံး၏ အကူအညီဖြင့် သွေးသခင်သည် ရှုပ်ထွေးပွေလီသော လူသားနတ်ဆိုးလမ်းစဥ်ကို ရှင်းပြနိူင်ပြီး မြေကမ္ဘာဒဏ္ဍာရီအဆင့်များကို အနှစ်သာရနှင့် တိုက်ရိုက်ထိတွေ့နိုင်စေသည်။ ထိုအချက်ကပင် သွေးသခင်သည် လူသားနတ်ဆိုးလမ်းစဥ်ထဲသို့ အလွန်နက်ရှိုင်းစွာ ကျဆင်းရောက်ရှိနေပြီး မည်သည့်အချိန်တွင်မဆို ရူးသွပ်သွားနိုင်သည်ဟု ဆိုလိုနေသည်မဟုတ်ပါလား။

ထိုသက်ရောက်မှုမျိုးကို မဟာအဓိပတိတစ်ဦးပင် မခံနိုင်လျှင် သွေးသခင်ဆိုလျှင် ပြောစရာမလိုတော့ပါ။

“ငါတို့ သွေးသခင်ကို အတုယူပြီး ကံကြမ္မာကျောက်တုံးနဲ့ အလွန်အမင်း လက်ပွန်းတတီးမနေသင့်ဘူး။ တစ်ယောက်စီက ကံကြမ္မာကျောက်တုံးကို ခုနစ်နှစ်စီ အလှည့်ကျ ယူထားရမယ်”

မျက်ခုံးဝါရှိသောမဟာအဓိပတိတစ်ဦးက အဆိုပြုလိုက်သည်။သူသည် တောင်ပိုင်းမှမဟုတ်ဘဲ မြောက်ဘက်မှလာသူ ဖြစ်သည်။

မဟာအဓိပတိမီကူသည် ရန်သူဖြစ်သောမြောက်ဘက်မှ ထိပ်တန်းအဆင့်များနှင့် နောက်ကွယ်မှဆက်ဆံရေးများရှိနေလေသည်။

ထိုမြင်ကွင်းကိုသာ တောင်ပိုင်းအတွက်အသက်ပေးသွားရသော လက်အောက်ငယ်သားများမြင်လျှင် ဒေါသထွက်လွန်း၍ သင်္ချိုင်းများထဲမှပင် ကုန်းထလာနိုင်၏။သူတို့ကတော့ အသက်စွန့်ကာတိုက်ခိုက်ပေးခဲ့သော်လည်း နောက်ကွယ်တွင်သူတိူ့နားမလည်နိုင်သော ပတ်သတ်မှုများရှိနေသည် မဟုတ်ပါလား။

ယခုလည်း မဟာအဓိပတ်မီကူက မျက်ခုံးဝါ၏စကားကို ခေါင်းညိတ်ပြသည်။

ထိုအဆိုပြုချက်သည် ယခင်ကတည်းက သူတို့အားလုံး သဘောတူထားခဲ့သော အရာလည်းဖြစ်သည်၊

“ကန့်ကွက်စရာ မရှိဘူး”

အပြာရောင်ဆံပင်ရှိသော အမျိုးသမီးတစ်ဦးက အေးစက်စွာ ပြောလိုက်သည်။

“ကျွန်မ ထူးဆန်းတဲ့အရာတွေကို လေ့လာရတာ ကြိုက်တယ်။ သွေးသခင်ရဲ့ ခန္ဓာကိုယ် သုံးပုံနှစ်ပုံကို ကျွန်မ သေသေချာချာ သုတေသနပြုဖို့ ချန်ထားသင့်တယ်”

မဟာအဓိပတိ မီကူက သဘောကျသလို ရယ်မောလိုက်သည်။

“ဒါဆိုရင်တော့ ငါတို့ တိုက်ခိုက်တဲ့အခါကျရင် အင်အားအရမ်းသုံးလို့ မဖြစ်ဘူးပဲ။ သွေးသခင်ကို မတော်တဆအမှုန့်ချေမိရင် မဟာအဓိပတိပိုင်ရွဲဲ့ လေ့လာနိုင်တော့မှာ မဟုတ်ဘူး”

မျက်ခုံးဝါမဟာအဓိပတိက သဘောတူသလို ပြုံးလိုက်သော်လည်း သူ၏မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။

"ငါ့မျက်ခုံးက ဆက်တိုက်လှုပ်နေတယ်။ ဒါ ကောင်းတဲ့ နိမိတ်လား ဆိုးတဲ့နိမိတ်လား မသိဘူး”

“တခြား စိုးရိမ်စရာများရှိလို့လား”

မီကူက မျက်ခုံးဝါကိုမေးလိုက်သည်။

“မြို့ပေါင်းတစ်ထောင်နယ်မြေထဲမှာ ခရမ်းရောင်တာအို ပျောက်ကွယ်သွားတာ ထူးဆန်းတယ်”

မျက်ခုံးဝါမဟာအဓိပတိက ထိုကိစ္စကိုပြန်တွေးမိတိုင်း ဝူကွေမြို့စောင့်အပေါ် စိုးရိမ်မကင်းဖြစ်နေသည်။အကယ်ခရမ်းရောင်တာအိုအသတ်ခံရပါက တရားခံမှာ သေချာပေါက်သွေးသခင်ပင်ဖြစ်နိုင်သည်ဟု သူသံသယဝင်နေခဲ့သည်။

မီကူ၏ အတွင်းစိတ်ထဲတွင် မျက်ခုံးဝါမဟာအဓိပတိကို မနှစ်သက်ပါ။

သူတို့က ယခုကိစ္စကိုအကြိမ်များစွာ ဆွေးနွေးပြီး ပြည့်စုံစွာစီမံခဲ့ကြသော်လည်း ထိုသူက စိုးရိမ်နေဆဲ ဖြစ်နေ၏။သရဲဘောကြောင်လွန်းသည်ဟု ထင်မိသည်။

“ကံကြမ္မာကျောက်တုံးရဲ့ အကူအညီနဲ့ သွေးသခင်က ခရမ်းရောင်တာအိုကို သတ်ခဲ့ရင်တောင်မှ ငါတို့မှာ… ငါတို့ဆန္ဒရှိသလို ခိုင်းလို့ရတဲ့ အဓိပတိထောင်ပေါင်းများစွာ ရှိနေတယ်။ ဒီအင်အားကို အဖြူရောင်ဧကရာဇ်တောင်မှ သတိထားရမယ်၊ သွေးသခင်ကို ပြောစရာတောင် မလိုတော့ဘူး”

မီကူးက အာမခံလိုက်သည်။ အခြားသူများထက် သူကပို၍ခိုင်မာနေသည်။အဘယ့်ကြောင့်ဆိုသော် သူ၏သက်တမ်းသည် ကုန်ဆုံးရန်အချိန်နီးကပ်နေပြီဖြစ်သောကြောင့် ကံကြမ္မာကျောက်တုံးကို သူကမဖြစ်မနေလိုအပ်နေကြောင့်ပင်။

ပြီးခဲ့သောနှစ်များတစ်လျှောက်တွင် သူတို့သုံးဦးသည် ရနိုင်သမျှသော မြေကမ္ဘာဒဏ္ဍာရီအဆင့်အထွတ်အထိပ်များကို စုကာ ဝူကွေမြို့ထဲသို့ လျှို့ဝှက်စွာ ပို့ဆောင်ခဲ့ကြသည်။ယခုတစ်ခေါက်တည်းတရားပွဲထဲမှာပင် သူတို့၏သစ္စာခံလူပေါင်း တစ်ထောင့်ငါးရာပါဝင်နေသည်။

ဝူကွေမြို့၏ ကြီးပွားတိုးတက်မှုသည် ၎င်းတို့၏ ပံ့ပိုးကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေသည်ဟုပင် ဆိုနိုင်မည်။

မဟာအဓိပတိပိုင်ရွဲ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါတို့ နောက်ထပ် နှောင့်နှေးနေရင် တခြားသူတွေကလည်း သွေးသခင်ကို မက်မောလာကြလိမ့်မယ်”

"နင်တို့ပြောတာလည်း သဘာဝကျပါတယ်"

မျက်ခုံးဝါမဟာအဓိပတိသည် တလှုပ်လှုပ်ဖြစ်နေ​သောသူ၏မျက်ခုံးကို ဖိလိုက်ပြီး လက်ခံလိုက်ရသည်။

မီကူက သူ၏ပုခုံးအားပုတ်ကာ နှစ်သိမ့်သလိုပြောလိုကိသည်။

“အကျိုးအမြတ်တွေကို ဘယ်လို ခွဲဝေယူမယ်ဆိုတာ နောက်တစ်ခါမှ အသေးစိတ်ဆွေးနွေးကြတာပေါ့"

ယခုကိစ္စများကို ဆွေးနွေးခြင်းသည် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို အမြဲတမ်းယူဆောင်လာသည်ဟု သူခံစားရသည်။

သူတို့စကားကောင်းနေစဥ်မှာပင် မြို့ရိုးပေါ်မှ တရားပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။

တရားသံတိတ်သွားသော်လည်း အောက်တွင် ထိုင်နေသူသောပရိတ်သတ်များမှာတော့ အရှိန်မသေသေးကြပေ။

သူတို့က အမျိုးမျိုးသော အမူအရာများဖြင့် တိတ်ဆိတ်နေကြ၏။

အချို့က မျက်မှောင်ကြုတ်နေကြပြီး အချို့က စဉ်းစားငေးမောနေကြသည်။

မြို့ရိုးပေါ်တွင်ရှိနေသော ကျိယွမ်သည် လူအုပ်ကြီးအားကြည့်ကာ တည်ငြိမ်စွာသတိပေးလိုက်သည်။

“ဒီတစိခေါက်ဟောပြောမှုက အရင်ကထက် အများကြီး ပိုပြီးလေးနက်တယ်။ ငါ့ကို စိတ်ပျက်အောင် မလုပ်ကြနဲ့"

ကျိယွမ်၏ စကားဆုံးသည်နှင့် ကွင်းပြင်ထဲမှ ကျင့်ကြံသူတစ်ဦးသည် ရုတိတရက်ထရပ်လ်ုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် သူ၏အရှိန်အဝါက ပြင်းထန်စွာပေါက်ကွဲထွက်လာ၏။

သူ၏မျက်လုံးများမှာ မှိတ်ထားဆဲရှိသော်လည်း ဝမ်းသာပျော်ရွှင်နေသည်မှာ ထင်ရှားလှသည်။

ပရိတ်တ်သတ်ထဲမှ အဓိပတိများသည်လည်း သူတို့၏အသိအမြင်များက တိုးတက်လာသည်ဟု ခံစားရပြီး ကျေနပ်နေကြသည်။

ထိုအခိုက်မှာပင် မိုးရွာပြီးနောက် မြေသင်းနံ့များထွက်ပေါ်လာသလို မြေကမ္ဘာဒဏ္ဍာရီအဆင့်များသည် တစ်ဦးပြီးတစ်ဦး အဓိပတိများအဖြစ်သို့ တက်ရောက်လာကြသည်။

နာရီအနည်းငယ်အတွင်းမှာပင် ကွင်းပြင်အတွင်း၌ အဓိပတိအသစ်များ၏ အရေအတွက်သည် တစ်ထောင်ကျော်သွားခဲ့သည်၊

ထိုအရေအတွက်မှာ လျူဖုန်းနယ်မြေ​၏ နှစ်တစ်ထောင်ကျော် စုဆောင်းမှုနှင့် ကိုက်ညီ၏။

အဓိပတိမီလိုသည်လည်း အံ့သြခြင်းများစွာင့် မျက်လုံးများကို ဖွင့်လိုက်သည်။

အများပြောသည်ကိုကြားရခြင်းသည် ကိုယ်တိုင် မြင်တွေ့ရခြင်းနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

သူသည် မြို့ရိုးပေါ်ရှိ သွေးသခင်ကို ကြည့်လိုက်ပြီး ရဲရင့်သော အတွေးတစ်ခုသည် သူ၏စိတ်ထဲတွင် လင်းလက်သွားသည်။

မကြာခင်… သူသည် ထိုနေရာကို ရယူနိုင်တော့မည်ဖြစ်သည်။

သူက ပရိတ်သတ်များထဲမှ သူတို့​၏လူများကို တိတိတဆိတ်အကဲခတ်လိုက်၏။

အချိုု့မှာ အဓိပတိဖြစ်သွားကြသော်လည်း အချို့မှာ ဉာဏ်အလင်းပွင့်ဆဲအ​ခြေအနေတွင်သာရှိသေးပြီး ငြိမ်သက်စွာထိုင်နေကြသည်။

ငါစောင့်ရမယ်။အောင်မြင်မှုအတွက် ငါစောင့်ကိုစောင့်ရမယ်။

သူ၏လက်အောက်ခံအားလုံးစုံသည်အထိ သူစောင့်နေသည်။

အချိန်သည်တရွေ့ရွေ့ကုန်ဆုံးနေပြီး နေ့တစ်ဝက်သို့ ရောက်လာခဲ့သည်။

အချိန်ဆိုသည်မှာလည်း အလုပ်လုပ်နေသူများအတွက် ဆင်းရဲဒုက္ခရောက်စရာ ကောင်းလောက်အောင် ရှည်လျားပြီး အားလပ်ရက်ယူသူများအတွက် တိုတောင်းလွန်းလှသည်။

ထို့ကြောင့် အဓိပတိမီလိုအတွက်မူ ထိုနေ့လယ်ခင်းသည် အလွန်ရှည်လျားလွန်းလှသည်ဟု ခံစားခဲ့ရသည်။

သူကြည့်နေစဥ်မှာပင် နောက်ဆုံးကျန်နေသော သူ၏သစ္စာခံ မြေကမ္ဘာ့ဒဏ္ဍာရီအဆင့်သည် အဓိပတိအဖြစ်သို့ တက်ရောက်သွားတော့သည်။

ယခုအချိန်မှာတော့ မြေကမ္ဘာ့ဒဏ္ဍာရီအဆင့် နှစ်ထောင်လုံးသည် အဓိပတိများ ဖြစ်သွားကြလေပြီ။

ထုံးစံအတိုင်း အသစ်စက်စက်အဓိပတိ နှစ်ထောင်သည် ကျိယွမ်ကို ဂါရဝပြုလိုက်ကြသည်။

“တရားတော် ဟောကြားပေးတဲ့အတွက် သွေးသခင်ကို ကျေးဇူးတင်ပါတယ်”

အဓိပတိများ၏ အားမာန်ပါသောတစ်ပြိုင်နက်တည်း အော်ဟစ်သံသည် ​ဝူကွေ့မြို့ကိုပင် တုန်ခါသွားစေ၏။

ယခုလောလောဆယ်တော့ ထိုကျေးဇူးတင်မှုသည် အစစ်အမှန်ဖြစ်သည်။

ကျိယွမ်သည် မြို့ရိုးပေါ်တွင် မတ်တပ်ရပ်လျက် ပျင်းရိစွာ ပြောသည်။

“အင်း...နောက်ဆုံးတော့လည်း ပြီးသွားပြီတာပါပဲ"

သို့သော် တစ်ခါတရံ၌ နိဂုံးများသည် နိဒါန်းတစ်ခုအတွက် ပျိုးပင်များဖြစ်နေတတ်လေ၏။

ကျိယွမ်က ပျင်းရိစွာဖြင့် ထိုနေရာမှထွက်ခွာရန်စတင်လိုက်စဥ်မှာပင် လူအုပ်ထဲမှာ ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

“မပြီးသေးဘူး”

အသံပိုင်ရှင်မှာ အချိန်အခါကောင်းကို စောင့်နေသော မီလိုပင်တည်း။

သူ၏အသံက ကွင်းပြင်ထဲ၌ ပဲ့တင်ထပ်သွား၏။

အဓိပတိ ထောင်ပေါင်းများစွာသည် မီလိုကို ကြည့်လိုက်ကြ၏။

ထိုအထဲမှ အဓိပတိ ရာပေါင်းများစွာကတော့ ဝေခွဲရခက်နေသော စိတ်ခံစားချက်များရှိနေပုံရသည်။

အနည်းငယ်သောအဓိပတိများကတော့ အံ့သြသွားကြပြီး အချို့ကလည်းကြောက်ရွံ့မှုကို ခံစားလိုက်ကြသည်။

လူအုပ်ထဲတွင်ရှိသော လီယွန်းကျီသည် မီလိုအားကြည့်ကာ တီးတိုးရေရွတ်၏။

“ဒီကောင် နောက်ဆုံးတော့ လှုပ်ရှားတော့မယ်”

သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုအရိပ်အယောင်များ ပေါ်လွင်နေသည်။

ထိုအချိန်မှာပင် အဓိပတိအများအပြားသည် မီလို၏အနီးသို့ ရွေ့လျားသွားကြပြီး သူနှင့်အတူရပ်တည်မည်ဟု ဖော်ပြလိုက်ခြင်းကိုမည်သူမဆိုကြည့်ရုံနှင့်သိနိုင်နေသည် မဟုတ်ပါလား။

၎င်းတို့ထဲတွင် ဝူကွေ့မြို့၏ သက်တမ်းရင့် အဓိပတိအများအပြားလည်း ပါဝင်နေသည်မှာတော့ စိတ်မကောင်းဖွယ်ပင်။

ကျိယွမ်သည် အဓိပတိမီလိုကို စိတ်မရှည်သလိုကြည့်လိုက်သည်။

သူသွားခါနီးတွင် ယခုလို​အနှောက်အယှက်ခံရသည်ကို သဘောကျပုံမရပေ။

“မပြီးသေးဘူးလား။ ဘာကျန်နေတာလဲ မြန်မြန်ပြော၊ ငါက အလုပ်များတယ်”

ကျိယွမ်၏ တည်ငြိမ်မှုကို မြင်ရသောအခါ အဓိပတိမီလိုသည် အနည်းငယ်စနိုးစနှောင်ဖြစ်သွားသော်လည်း နောက်ပြန်လှည့်ရန် မရှိတော့ကြောင်း သူသိပြီးသားဖြစ်၏။

သူက ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ဒီနေ့ ကိစ္စက ငါနဲ့ သွေးသခင်ကြားက ကိစ္စပဲ။ တခြားသူတွေ အားလုံး ကြည့်နေကြပါ။ မင်းတို့ ဝင်ရောက်စွက်ဖက်ပြီး သေသွားရင် ငါ့ကို အပြစ်မတင်နဲ့”

သူက တိုက်ရိုက်ပင် ခြိမ်းခြောက်လိုက်သည်။

သူ၏အသံဆုံးသည်နှင့် ဝူကွေ့မြို့ထဲမှရှိပြီးသား အဓိပတိများကပါ ထွက်ပေါ်လာကြပြီး ပို၍များပြားသောအဓိပတိများက သူ့၏ပတ်ပတ်လည်တွင် ပြတ်သားစွာ စုဝေးလာကြသည်၊

အသက်ရှုချိန်အနည်းငယ်အတွင် သူ၏ဘေးတွင် အဓိပတိတစ်ထောင့်ခုနှစ်ရာကျော်ရှိလာခဲ့သည်။

အဓိပတိတစ်ထောင့်ခုနှစ်ရာကျော်ဆိုသော အင်အားကြီးမှာ လျူဖုန်းနယ်မြေကြီးကိုပင် သိမ့်သိမ့်တုန်သွားစေနိုင်သော အင်အားထုကြီးဖြစ်၏။သမိုင်းတစ်လျှောက်တွင် ကြားပင်မကြားဖူးသော ကမ္ဘာတုန်ဟီးလောက်သည့် အဖွဲ့ကြီးပင်။

ကျန်ရှိနေသော အဓိပတိများကတော့ ယခုအခြေအနေအား နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေကြပြီး ဝေခွဲရခက်နေကြသည်။

ထိုအချိန်၌ အရပ်မြင့်ပြီး ခန္ဓာကိုယ်ထွားကြိုင်းသော အဓိပတိတစ်ဦးက စိတ်လှုပ်ရှားစွာထအော်၏။

“မင်းတို့ ဘာလုပ်နေကြတာလဲ။ သွေးသခင်က ငါတို့ကို အနှစ်သာရကို ထိုးထွင်းသိမြင်ခွင့်ပေးပြီး အဓိပတိတွေ ဖြစ်လာဖို့ ကူညီပေးခဲ့တာ။ သူသင်ပြလို့ အဓိပတိဖြစ်လာတဲ့ကောင်တွေက နေ့တောင်မကူးသေးဘူး သွေးသခင်ကို သစ္စာဖောက်ကြတာလား၊မင်းတို့ ထမင်းမစားဘဲ ချေးစားပြီးကြီးလာကြတာလား"

သူသည် အဓိပတိမီလိုနှင့်ဘက်တော်သားများကို ရစရာမရှိအောင် ဆူပူကြိမ်းမောင်းလိုက်သည်။ထို့နောက် သူ၏နောက်မှ အဓိပတိများကိုပါ ခေါ်ထုတ်လိုက်၏။

“အားလုံးပဲ၊ သွေးသခင်ကို ကာကွယ်ကြမယ်။ သူတို့က လူအင်အားများတယ်၊ သွေးသခင်က ငါတို့ကို လိုအပ်နေပြီ"

သူ၏ နောက်တွင် ငြိမ်သက်နေသော အဓိပတိတစ်ထောင်ခန့်ရှိ၏။သို့သော်လည်း အဓိပတိဆယ်ဂဏန်းမျှသာ ထွက်လာကြသည်။

ကျန်နေခဲ့သူများမှာ တွေ​ဝေနေကြပြီး ရုတ်တရက်ဆုံးဖြတ်မရဖြစ်နေကြသည်။ အချို့က ဘက်ရွေးရန် တုံ့ဆိုင်းနေကြပြီး အချို့က စိုးရိမ်ပူပန်နေကြသည်၊ အချို့ကမူ အဓိပတိမီလိုတို့အဖွဲ့ကြီးနှင့် ပူးပေါင်းရန်ပင် စဉ်းစားနေကြသည်၊

အဓိပတိမီလိုသည် အရပ်မြင့်ပြီး ထွားကြိုင်းသောအဓိပတိကို မထီမဲ့မြင် ကြည့်လိုက်၏။

ထိုသူရဲကောင်းဘက်တွင် ရပ်တည်ပေးသူ ပေါများသွားမည်ကို သူစိတ်မပူပါ။

လူ့သဘာဝသည်… မူလကပင် ကိုယ်ကျိုးရှာတတ်သည်။

မြင့်မြတ်မှုများက ရံဖန်ရံခါမှ လင်းလက်တက်သော ရှေးကောင်းကင်မှ ကြယ်များနှင့်တူသည်။သို့သော် ကြယ်တစ်ပွင့်နှစ်ပွင့်မျှဖြင့် အမှောင်ထုကို မဖြိုခွင်းနိုင်ပေ။သူတို့ကိုယ်တိုင်အတောက်ပလွန်ပြီး ကြွေလွင့်သွားရုံသာရှိလိမ့်မည်။

အဓိပတိမီလိုက ပြုံးကာရှင်းပြလိုက်သည်။

“သွေးသခင်ရဲ့ လှည့်စားတာကို မခံပါနဲ့။ သူဟာ တစ်ချိန်ကတော့ လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ကျွန်တော့်ဖခင် မဟာအဓိပတိ မီကူကဆိုရင် သူ့ကို အထင်ကြီးလေးစားလွန်းလို့ ကျွန်တော့်အစ်မကိုတောင် သူ့နဲ့ လက်ထပ်ပေးဖို့ စဉ်းစားခဲ့တာ။ ဒါပေမဲ့ သူက ကျွန်တော့်အစ်မကို မြှူဆွယ်ပြီး ကျွန်တော့်ဖခင်ဆီက အဖိုးတန်ပစ္စည်းတစ်ခု ခိုးသွားခဲ့တယ်။ အဲဒီ အဖိုးတန်ပစ္စည်းနဲ့ သူ ဒီနေ့ အောင်မြင်မှု ရခဲ့တာ။ ဒါက ပုဂ္ဂိုလ်ရေးရန်ငြိုးပဲ၊ ဝင်ရောက်စွက်ဖက်တာ မလုပ်ပါနဲ့”

သူက ဖြောင့်မတ်မှုကို ဖော်ပြရန် လိုအပ်သည်၊

ယခုလိုအခြေအနေမျိုး ဤအချက်ကို ထုတ်ဖော်ပြောဆိုလိုက်ခြင်းက သွေးသခင်ကို သိပ်ပြီးမကာကွယ်ချင်သော အဓိပတိ အချို့ကို ဆင်ခြေရှာတွေ့စေပြီး စိတ်သက်သာရာ ရစေသည်။

အချို့သော အခွင့်အရေးသမားများကလည်း အခွင့်သာခိုက် ဝင်မိုက်ကြည့်ချင်ကြ၏။

သူတို့က မကောင်းမှုကို စက်ဆုပ်ရွံရှာသောအမူအယာများဖြင့် ဖြောင့်မတ်စွာ​ပြောဆိုလိုက်သည်။

“ငါတို့က သွေးသခင်ကို ဒီလိုမျိုး မထင်ထားမိဘူး"

"အထင်ကြီးမိတာ မှားတာပဲ"

"အဓိပတိ မီလို၊ ဒီလိုလူယုတ်မာကို သတ်ပစ်ဖို့ မင်းနဲ့အတူ ပူးပေါင်းလို့ရမလား”

“ရတာပေါ့”

အဓိပတိ မီလိုက လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်လိုက်သည်။

သူနှင့်မပူးပေါင်းသော အဓိပတိ တစ်ထောင်သည် အရေအတွက်များသော်လည်း အမျိုးမျိုးကွဲပြားသော အတွေးများရှိနေသဖြင့် သူစိတ်မပူပါ။ထိုအထဲမှ ရနိုင်သမျှကို ဆွဲခေါ်ရမည်။

ဤသို့ဖြင့် အဓိပတိဆယ်ဂဏန်းခန့်က သူ့ဘက်သို့ ပူးပေါင်းလာကြသည်၊

မီလို၏ ယုံကြည်မှုသည် ပိုမိုကြီးထွားခိုင်မာလာသည်။

“သွေးသခင်၊ အဖိုးတန်ရတနာကို လွှဲပေးပြီး အပြစ်ဖြေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပါ”

အဓိပတိ တစ်ထောင့်ခုနှစ်ရာကျော်ကို ချုပ်ကိုင်ထားနိုင်သော မီလိုက ပိုင်နိုင်စွာတောင်းဆိုလိုက်သည်။

ယခုအချိန်ထိ ကျိယွမ်မှာ ဖြစ်ပျက်သမျှကို မြို့ရိုးပေါ်မှ အေးအေးဆေးဆေးရပ်ကြည့်နေဆဲပင်ရှိ၏။

သူက မီလို၏ အမိန့်ဆန်သောတောင်းဆိုမှုကို မေးခွန်းဖြင့်တုန့်ပြန်လိုက်သည်။

“ဒီကိစ္စက မင်းတစ်ယောက်တည်းပဲလား။ တခြားသူတွေ မရှိဘူးလား”

“ဟားဟား ဟားဟားဟား၊ သွေးသခင်က နာမည်နဲ့ လိုက်ဖက်ပါပေတယ်၊ တကယ်ကို ရဲရင့်တယ်”

ဝူကွေ့မြို့အပြင် ကန္တရာရထဲမှ ကျယ်လောင်သောရယ်မောသံများ ပဲ့တင်ထပ်လာ၏။

မဟာအဓိပတိသုံးဦးသည် အစွမ်းထက်သော အရှိန်အဝါများကို ပြင်းထန်စွာထုတ်လွှတ်လျှက် ရုတ်တရက် ထွက်ပေါ်လာကြသည်။

၎င်းတို့သည် ဝူကွေ့မြို့ထဲသို့ ဆင်းသက်လာကြပြီး အဓိပတိတစ်ထောင်ခုနှစ်ရာ၏ နောက်တွင် အားဖြည့်ကာ ကာကွယ်ပေးလိုက်သည်။

ပြိုင်ဘက်ကင်းစွမ်းအားရှိသော မဟာအဓိပတိများပေါ်လာခြင်းက လက်အောက်ခံအဓိပတိများကို ခိုင်မာသော စိတ်ချယုံကြည်မှု ပေးနေ၏။

မဟာအဓိပတိသုံးဦး၏ မျက်လုံးများသည် မြို့ရိုးပေါ်မှ ကျိယွမ်ကိုကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် လိုချင်တပ်မက်မှုများ တောက်လောင်နေသည်။

ယခုလိုကမ္ဘာတုန်လောက်သောအင်အားကြီးကိုတွေ့ရသည်ကိုပင် သေသေချာချာ အာရုံစူးစိူက်မှုမရှိခြင်းက သွေးသခင်သည် ပုံမှန်မဟုတ်ဘဲ ရူးသလိုဖြစ်နေသည်ဟူသော သူတို့၏ယုံကြည်ချက်ကို အတည်ပြုပေးနေသလိုပင်။

ဤအခြေအနေများအောက်တွင် သာမန်တွေးခေါ်နိုင်သူမှန်သမျှ သေချာပေါက် အာရုံအပြည့်စူးစိုက်နေကြမည်ဖြစ်၏။

သို့သော် မဟာအဓိပတိသုံးဦးသည် ယုံကြည်ချက်ရှိသော်လည်း ဝံပုလွေအိုကြီးများပီသစွာ အဓိပတိတစ်ထောင့်ခုနှစ်ရာ၏ ရှေ့တွင် မရပ်နေကြပေ။ ၎င်းတို့သည် ခေါင်းဆောင်ပီသစွာ နောက်ကွယ်တွင် နေနေကြပြီး သွေးသခင်၌ ကြောက်မက်ဖွယ်ကောင်းသော လှည့်ကွက်များ ရှိနေနိုင်သည်ကို သတိထားကြသည်။

ကျိယွမ်သည် မြို့ရိုးပေါ်တွင်ပုံစံမပျက် ရပ်နေရင်းမှ ပြုံးလိုက်သည်။

သူကပိုင်နိုင်မှုရှိသောလေသံဖြင့် စကားဆိုသည်။

“မင်းတို့ရဲ့ အကြံအစည်တွေကို ငါမသိဘူးလို့ ထင်နေကြတာလား။ ငါ့မှာ ပြင်ဆင်မှုတွေ မရှိဘူးလို့ ထင်နေတဲ့ပုံပဲ"

သူ၏ စကားများက မဟာအဓိပတိ မီကူ၏ နှလုံးခုန်နှုန်းကို မြန်သွားစေ၏။

ကွင်းပြင်ထဲမှ အဓိပတိတစ်ထောင့်ခုနှစ်ရာတို့သည်လည်း ကြောက်ရွံ့မှုကိုအနည်းငယ် ခံစားလိုက်ရသည်။

ကျိယွမ်က လူအုပ်ကြီးအားကြည့်ကာ တည်ငြိမ်စွာ ဆက်ပြောသည်။

“မင်းတို့အားလုံးအတွက် ငါလည်း လက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်”

သူက ထိုသို့ပြောနေရင်းမှ ခွက်တစ်ခွက်ကို ထုတ်ယူပြီး မြို့ရိုးပေါ်မှ လူအုပ်ထဲသို့ ညင်သာစွာ ပစ်ချလိုက်သည်၊

အောက်တွင်ရှိသော အဓိပတိတစ်ထောင်သည် လက်ပစ်ဗုံးနှင့်အပစ်ခံရသည့်အလား ကြောက်လန့်ကာ နောက်ဆုတ်ကြတော့သည်။

မဟာအဓိပတိ သုံးဦးပင်လျှင် သတိကြီးစွာဖြင့် နောက်သို့အနည်းငယ် ဆုတ်သွားကြသည်။

ခွက်သည် ညင်သာစွာပြုတ်ကျလာပြီး မြေပြင်ကိုထိမှန်ကာ ‘ရှလွမ်’ ဟူသော အသံထွက်ပေါ်လာ၏။

အားလုံးက စွမ်အားများကိုထုတ်ဖော်ကာ ကာကွယ်လိုက်ကြသည်။

သို့သော် ခွက်သည် မြေပြင်တွင် သုံးလေးပတ်လိမ့်သွားပြီး ရပ်တန့်သွား၏။မည်သည့်အရာမှ ထူးထူးခြားခြားမဖြစ်ခဲ့ပါ။

အဓိပတိများကြားတွင် ရပ်နေသော ဝမ်ကိုင်းပင် ထူးဆန်းသွား၏။

ဤသည်မှာ သူမျှော်လင့်ထားသကဲ့သို့ မဟုတ်ပေ။

သို့သော်လည်း အဓိပတိ ထောင်ပေါင်းများစွာသည် စိုးရိမ်နေကြဆဲရှိပြီး သွေးသခင်၏ အစီအစဉ်ကို မသေချာဘဲ စောင့်ကြည့်နေကြသည်။

ကျိယွမ်က ပြုံးလိုက်သော်လည်း မြေပြင်ပေါ်မှငွေခွက်ကိုကြည့်ကာ စိတ်ပျက်သွား၏။

“အိုး...ငွေခွက်ကိုရွေးမိတာမှားတာပဲ ၊ခွဲရခက်လိုက်တာ၊ ကွဲရမှာကို မကွဲသွားဘူး၊ထားတော့...ကွဲသည်ဖြစ်စေ၊ မကွဲသည်ဖြစ်စေ… မင်းတို့အတွက်ငါ့ရဲ့လက်ဆောင်ကို ပြရတော့မှာပဲ"

"ထွက်ခဲ့စမ်း..."

ကျိယွမ်၏ ဆင့်ခေါ်သံကိုကြားရသောအခါ

မဟာအဓိပတိ သုံးဦး၏ မျက်နှာများ တင်းမာသွားကြပြီး အချင်းချင်းကြည့်လိုက်ကြသည်။

သူ့မှာ တကယ်ပဲ တန်ပြန်အစီအစဥ်တစ်ခု ရှိနေတာလား။

ရှိနေရင်တော့ သေချာပေါက် ကြမ်းတမ်းတဲ့တိုက်ပွဲ ဖြစ်တော့မှာပဲ။

ကျိယွမ်၏စကားဆုံးသည်နှင့် အရပ်မျက်နှာပေါင်းစုံမှ အဓိပတိတစ်ရာသည် မြို့ရိုးပေါ်သို့ ရုတ်တရက် ပျံတက်လာကြသည်။

၎င်းတို့ထဲတွင် ဝမ်ကိုင်းလည်း ပါဝင်နေ၏။

ထိုအဓိပတိများသည် ကျိယွမ်၏ခွန်အားကို ဒိဌဓမ္မမြင်တွေ့ဖူးသူများဖြစ်ကြသည်။

သူအနီးသိူ့အဓိပတိ ၁၀၀ ရောက်လာသည်ကို မြင်သောအခါ ကျိယွမ်က စိတ်သက်သာရာရသွားပြီး အားကိုးရသလိုပြောလိုက်သည်။

“သူတို့နဲ့ဆိုရင် မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ”

မဟာအဓိပတိသုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ထပ်မံကြည့်လိုက်ကြပြီး အဓိပ္ပါယ်မရှိသော အားကိုးမှုဟု ခံစားလိုက်ရသည်၊

သွေးသခင်လိုလူမျိုးတွင် သစ္စာရှိ အဓိပတိ တစ်ရာခန့် ရှိနေခြင်းမှာ မထူးဆန်းပါ။ သို့သော် တစ်ရာခန့်သာရှိသောနောက်လိုက်များဖြင့် မဟာအဓိပတိ ၃ ဦးနှင့် အခြားသောအဓိပတိတစ်ထောင့်ခုနှစ်ရာကို ကာကွယ်ရန် မျှော်လင့်နေခြင်းကတော့ ရယ်စရာကောင်းလှသည်။

မဟာအဓိပတိ သုံးဦးသည် ကျိယွမ်အားကြည့်ကာ ကောက်ချက်ချလိုက်သည်။

သူကရူးချင်ယောင်ဆောင်နေတာမဟုတ်ဘူး၊တကယ်ရူးနေတာပဲ။

သူတို့သည် အလွန်အမင်းသတိထားခဲ့ကြပြီး ရူးသွပ်နေသူတစ်ဦးအတွက် များစွာသော အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

မည်မျှရယ်စရာကောင်းလှသနည်း။သူတို့က အစိုးရိမ်လွန်ခဲ့ကြခြင်းသာ မဟုတ်ပါလား။

ကျိယွမ်သည် မြို့ရိုးပေါ်တွင် ရပ်နေရင်း အဓိပတိတစ်ထောင်ကျော်ကို ပြုံးကာပြောလိုက်သည်။

“မင်းတို့ကို နှိမ်နင်းဖို့အတွက် ငါ တီးဝိုင်းတစ်ခု ဖွဲ့ထားတယ်။ ဒါ တော်တော်လေး ဂုဏ်ယူစရာ ကောင်းတယ်လို့ မင်းတို့ မထင်ဘူးလား”

ကန်းလန်နယ်မြေမှာကတည်းက ကျိယွမ်သည် တိုက်ပွဲများအတွင်း နောက်ခံတေးဂီတ ဖွင့်ရန် စိတ်ကူးခဲ့သည်။သို့သော် သူ့တွင် နောက်လိုက် အလုံအလောက်မရှိသောကြောင့် တေးဂီတကျောက်စိမ်းပြားကိုသာ အသုံးပြုခဲ့ရသည်။

ယခုမူ သွေးသခင်ဟူသောသခင်တစ်ပါးအနေဖြင့် နောက်လိုက်များ ပြတ်လပ်ခြင်း မရှိတော့ပေ။

“မင်းတို့အတွက် အဓိပတိတစ်ရာက အကောင်းဆုံးသီချင်းတွေကို တီးပေးလိမ့်မယ်၊ မင်းတို့ကို အခမ်းအနားနဲ့ ပို့ဆောင်ပေးမှာပါ၊ ဒီလောက်ဆို ခမ်းနားတယ် မဟုတ်လား၊အဓိပတိတစ်ရာပါတဲ့ တီးဝိုင်းမျိုးနဲ့ ပို့ဆောင်ပေးတာ ဂုဏ်ယူစရာပဲ"

ကျိယွမ်သည် သူ၏လက်ချောင်းများကို တဖြောက်ဖြောက်ချိုးလိုက်၏။

အဓိပတိတစ်ရာကလည်း ပုလွေ၊ ဗျက်စောင်း၊ ဗုံ၊ အာဟူအပါအဝင် အမျိုးမျိုးသော တူရိယာများကို ထုတ်ယူလိုက်ကြသည်။

အရှေ့ဆုံးတွင် ဝမ်ကိုင်းအပါအဝင် အဓိပတိ ငါးဦးသည် ဆောနာဟုခေါ်သော တူရိယာများနှင့်ဆင်တူသည် ဂီတတူရိယာများကို ကိုင်ထားသည်။

မြင်ကွင်းသည် ခမ်းနားသလို ရယ်စရာလည်း တော်တော်ကောင်းနေ၏။

ကျိယွမ်က သူ၏လက်တစ်ဖက်ကို အချက်ပြသလို မြှောက်လိုက်သည်။

ထို့နောက် လက်ကိုဆက်ခနဲပြန်ချကာ အမိန့်ပေးသည်။

“တီး..."

ဝမ်ကိုင်းသည် သူ၏ဆောနာကို မှုတ်လိုက်​၏။

ဈာပနငိုကြွေးသံနှင့်တူသော ဝမ်းနည်းဖွယ် ​ဂီတသံတစ်သံက မြို့ရိုးဆီမှ ပဲ့တင်ထပ်လာသည်။

အဓိပတိတစ်ရာသည် ဈာပနအခမ်းအနားရှိ ပူဆွေးသူများကဲ့သို့ ၎င်းတို့၏ အမူအရာများသည် လေးနက်နေကြသည်။

ဝမ်းနည်းဖွယ်တေးသွားသည် ဝူကွေ့မြို့ရိုးမှတစ်ဆင့် ခြောက်သွေ့သော သဲကန္တာရ၏ လေထုထဲတွင် ဝမ်းနည်းဖွယ် ပျံ့လွင့်နေတော့သည်။

ကျိယွမ်၏အသံက တေးသွားနှင့်အတူ လွမ်းဆွေးဖွယ်ထွက်ပေါ်လာခဲ့သည် ။

“ပထမဆုံးကြားတဲ့ တေးသံသာ..တိုတောင်းလွန်းလို့..မမှတ်မိပါ"

"နောက်တစ်ကြိမ်.ထပ်ခါ....ကြားပြန်တော့...ငါကအခေါင်းထဲ...ရောက်နေပေါ့.."

"လွမ်းဆွေးစရာတေးသံသာ...တမလွန်ဘဝမှ..ညည်းရရှာ..."

ကျိယွမ်က စျာပနတေးသွားကို လွမ်းမောဖွယ် ရွတ်ဆိုရင်းမှ မြို့ရိုးအောက်မှ ပုန်ကန်သူများကိုကြည့်လိုက်သည်။

“စိတ်မကောင်းတာက.. မင်းတို့အတွက် ခေါင်းတလားတွေ ငါမပြင်ဆင်ထားခဲ့မိဘူး၊ ဒါကြောင့် သီချင်းခေါင်းစဥ်လို..ခေါင်းတလားအတွင်းမှ သီချင်းသည်လို့ ခေါ်လို့ မရဘူးပေါ့”

လွမ်းဆွေးဖွယ် တေးဂီတသံနောက်ခံနှင့်အတူ ကျိယွမ်သည် မြို့ရိုးပေါ်မှ လှေကားထစ်များအတိုင်း တစ်လှမ်းချင်း တစ်လှမ်းချင်း ဆင်းလာနေသည်။

သူ၏ခြေလှမ်းများက မြေပြင်ပေါ်မှ အဓိပတိတစ်ထောင့်ခုနှစ်ရာဘက်သို့ ဦးတည်၏။

သူသည် တေးသံနှင့်အတူ နစ်မြောနေရင်းစိတ်ထဲမှ တွေးလိုက်သည်။

အဓိပတိတစ်ရာ၏ ဂီတသံက သူ၏တိုက်ပွဲစွမ်းရည်ကို တိုးမြှင့်ပေးသည်။သို့သော် သူကဤတီးဝိုင်းကို ကန်းလန်နယ်မြေသို့ ခေါ်သွား၍ မရသည်ကတော့ စိတ်မကောင်းစရာပင်။

ခေါ်သွားလို့ရရင် အလင်းနန်းတော်အပြသ်ဘက်မှာ စျာပနတေးသွားတွေကို နေ့တိုင်းတီးခိုင်းပစ်မှာ။

မြေပြင်ပေါ်မှ အဓိပတိတစ်ထောင့်ခုနှစ်ရာသည် နားမလည်နိုင်သော အကြည့်များဖြင့် အချင်းချင်း ကြည့်ရှုလိုက်ကြသည်။

မြို့ရိုးပေါ်မှ တေးသွားသည် သူတို့မကြားဖူးသော်လည်း ဝမ်းနည်းဖွယ် ကောင်းသည်မှာ အမှန်ပင်။

သို့သော် ထိုအရာက သူတို့အမြင်၌ အလွန်အမင်း အဓိပ္ပာယ်မဲ့နေ၏။

မဟာအဓိပတိမီကူး၏ မျက်နှာသည်လည်း မှောင်မဲသွားခဲ့သည်။

ဒီကောင်က ရူးတာမှရိုးရိုးမဟုတ်ဘူး၊ထမင်းလွတ်ဟင်းလွတ်ရူးနေတာပဲ။

သူကကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

“တိုက်ကြ..”

အဓိပတိတစ်ထောင့်ခုနှစ်ရာသည် တုံ့ဆိုင်းနေရာမှ တိုက်ခိုက်ရန် သတိဝင်သွားကြသည်။

ကျိယွမ်က ပြေး​လာသောရန်သူများကိုမြင်လျှင် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

“ကမ္ဘာကြီးကို ဖျက်ဆီးနေတဲ့ နတ်ဆိုးတစ်ထောင်ကို မင်းတို့ မြင်ဖူးလား၊သွေးတွေ မိုးလို ရွာနေတာမျိုးရော တွေ့ဖူးကြလား”

ကျိယွမ်၏မျက်လုံးများက အေးစက်သွားပြီး တီးတိုးရေရွတ်သည်။

"ဟင်းလင်းပြင်ဘုံနှလုံးသားနတ်ဆိုးဧကရာဇ် နိုးထခြင်း"

စကားသံနှင့်အတူ သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသော ကျိယွမ်သည် ရေကာတာမှ ရေလျှံထွက်လာသကဲ့သို့ သူ၏ မူလစွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။

ဝမ်းနည်းဖွယ်စျာပနတီးလုံးကို နောက်ခံပြုလျက် နီဆွေးသောသွေးများသည် မိုးစက်များအဖြစ် ရုတ်တရက်ရွာချလာပြီး အဓိပတိတစ်ထောင်ပေါ်သို့ ကျရောက်သွားသည်။

"ဘာတွေလဲ.."

"ဘာဖြစ်နေတာလဲ"

ခုန်ပျံပြေးလွှားလာကြသော အဓိပတိများသည် မိမိတို့လှုပ်ရှားမှုများကို ရပ်တန့်ပြီး သွေးမိုးများကို ခုခံရန် စွမ်းအားအကာအကွယ်ထုတ်လိုက်ကြသည်။

သို့သော်လည်း ၎င်းသည် ထိတွေ့၍ မရနိုင်သလို ပိတ်ဆို့ရန် သို့မဟုတ် ထိတွေ့ရန် မဖြစ်နိုင်သော အရာတစ်ခုကဲ့သို့ ဖြစ်နေ၏။

သို့သော်လည်း မိုးစက်များက သူတို့အပေါ်သို့ ကျရောက်လိုက်သည်နှင့် ထိတ်လန့်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာတော့သည်။

ကျိယွမ် ရုတ်တရက်ကောင်းကင်ယံသို့ ပျံတတ်သွားပြီး သွေးရောင်သေခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ သူ၏မျက်လုံးများက ရက်စက်သောသတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

သူကရက်စက်စွာပြုံးလိုက်ပြီး အမိန့်ပေးသည်။

“ဆက်တီးမယ်...."

"သေကြစမ်း..."

"ဟင်းလင်းပြင်နယ်မြေ နလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်း"

စျာပနတေးသွား၏ငိုကြွေးသံနှင့်အတူ သွေးမိုးသည် နေရာအနှံ့သို့ဆက်တိုက်ကျဆင်းနေပြီး အဓိပတိတစ်ထောင်တို့အကြားတွင် ကြောက်ရွံ့ခြင်းနှင့် ရူးသွပ်ခြင်းကို ဖြစ်ပေါ်စေသည်။

ကမ္ဘာကြီးပင်သိမ့်သိမ့်တုန်အောင် အင်အားကြီးလှပါသည်ဆိုသော အဓိပတိတစ်ထောင့်ခုနှစ်ရာအဖွဲ့ကြီးသည် ကျိယွမ်၏မူလစွမ်းအား​အောက်တွင် ချက်ချင်း ပြိုကွဲသွားသည်။

စျာပနတေးသွား၏ဆက်လက်တီးခတ်နေပြီး ကျန်ရစ်သူများက သေဆုံးသွားသူများအတွက် ပူဆွေးသောကရောက်နေပုံကို သရုပ်ဖော်နေ၏။

ကွင်းပြင်ထဲမှအဓိပတိတစ်ထောင့်ခုနှစ်ရာ၏ တစ်ယောက်စီမှာ ခန္ဓကိုယ်တစ်နေရာစီမှ ကြောက်မက်ဖွယ် နတ်ဆိုးများဖောက်ထွက်လာပြီး ပိုင်ရှင်များကို အငမ်းမရပြန်လည်စားသောက်ကြ၏။အချင်းချင်းကုတ်ဖဲ့ဖျက်ဆီးကြ၏။တစ်ကောင်နှင့်တစ်ကောင်လုယက်စားသောက်ပြီးနောက် တဖြန်းဖြန်းပေါက်ကွဲသေဆုံးကြ၏။

မြင်ကွင်းသည် မကြုံစဖူးထူးဆန်းနေသလို မသတီစရာစက်ဆုပ်ဖွယ်လည်းကောင်းလေသည်။နံဘေးမှကြည့်ရှုနေကြသော အဓိပတိများပင် အော့နှလုံးများနာလာကြသည်။

လီယွန်းကျီသည် ကျန်ရှိနေသော အဓိပတိ တစ်ထောင်နှင့်အတူ ထိတ်လန့်တုန်လှုပ်စွာ ငေးကြောင်နေမိ၏။

"ဒါက ဘာကြီးလဲ"

နှလုံးသားနတ်ဆိုးတွေက ဘာလို့အရူးအမူးထွက်ပေါ်လာပြီး ပုန်ကန်တဲ့အဓိပတိတွေကို ရက်ရက်စက်စက်ကိုက်ဖြတ်စားသောက် တသတ်ပစ်လိုက်တာလဲ။

သွေးသခင်က နှလုံးသားနတ်ဆိုးတွေကို ထိန်းချုပ်နိုင်တာလား။

ဒါဆိုရင်...။

အားလုံးမှာအတွေးကိုယ်စီနှင့် ထိတ်လန့်ကုန်ကြသည်။

သွေးသခင်သည် မြင့်မြတ်သော မွေးရာပါသူတော်စင်တစ်ဦး မဟုတ်ဘဲ ​မိစ္ဆာနတ်ဆိုးဘုရားတစ်ပါးသာဖြစ်သည်။

ကျန်ရစ်သော အဓိပတိတစ်ထောင်လုံးသည် အသက်ပင်ပြင်းပြင်း မရှုဝံ့တော့ပါ။

၎င်းတို့၏ မျက်နှာများသည် ကြောက်လန့်မှုဖြင့် ဖြူဖျော့နေကြသည်။

သွေးသခင်သာ ဆန္ဒရှိလျှင် မိမိတို့အား အလွယ်တကူ သတ်နိုင်သည်ကို သဘောပေါက်သွားကြလေပြီ။

လူတိုင်းသည် ထိတ်လန့်တုန်လှုပ်ခြင်းများစွာဖြင့် ပုန်ကန်သူအဓိပတိများ တစ်ဦးပြီးတစ်ဦး ရုပိပျက်ဆင်းပျက်သေဆုံးနေကြသည်ကို ကြည့်ရှုနေမိကုန်၏။

မဟာအဓိပတိ သုံးဦးသည်လည်း ပထမဆုံးအကြိမ်အဖြစ် ကြောက်လန့်တုန်လှုပ်သွားသည်။

“မင်း… မင်း… မင်းက ဘာလဲ”

"နင်က တကယ်ဆို ဘာကောင်ကြီးလဲ"

အဓိပတိတစ်ထောင့်ခုနှစ်ရာဆိုသော အင်အားကြီးသည် အသက်ရှုချိန်အနည်းငယ်အတွင်း လဲကျသေဆုံးသွားခဲ့သည်။အဓိပတိများမှာ သွေးသခင်အား တိုက်ခိုက်ရန်မဆိုထားနှင့် သူတို့ကိုယ်သူတို့ပင် မကယ်တင်နိုင်ခဲ့ကြပါ။

ထိုစွမ်းရည်သည် သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသည်။နတ်ဘုရားတစ်ပါးကပင် မလုပ်နိုင်ပေ။

"သွေးသခင်..မင်းက ဘာကြီးလဲ"

---------------------

All Chapters