အနန္တအသွင်ကူးပြောင်းတံခါးထဲမှ အတိတ်၏အမှတ်ရစရာများ
Vol. 10 Ch. 127
ကျိယွမ်သည် ကောင်းကင်ယံသို့ပျံတတ်သွားပြီး အေးချမ်းစွာပြုံးနေသည်။
သို့သော် လူတိုင်း၏မျက်လုံးများထဲမှာတော့ ထိုအပြုံးသည် နတ်ဆိုးတစ်ကောင်၏ ကြောက်မက်ဖွယ်အပြုံးဟုသာ မြင်နေကြ၏။
“အိုး... ဘယ်လိုဖြစ်ရတာလဲ၊ ဂီတက အလယ်ပိုင်းပဲ ရောက်သေးတာကို... လူတိုင်းက သေကုန်ကြပြီလား”
ကျိယွမ်က အကူအညီမဲ့ဟန်ဖြင့် ပြောလိုက်သည်။
အဓိပတိတစ်ထောင့်ခုနစ်ရာသည် သတ်ရန် မလုံလောက်ခဲ့ပါ။
စျာပနတေးသွားမှာတစ်ဝက်သာရောက်သေးသော်လည်း သူတို့အားလုံးမှာသေဆုံးသွားခဲ့လေပြီ။
ယခုအခါ၌ ကွင်ပြင်ထဲ၌ သွေးကွက်နှင့်အသားအပိုင်းအပြတ်များသာ မြင်မကောင်းအောင် ပြန့်ကျဲလျှက်ကျန်ခဲ့သည်။
ထိုနေရာတွင်ရှိနေသောသူတိုင်း အူထဲအသည်းထဲမှပင် တဆတ်ဆတ်တုန်သွားကြသည်။
ရုပ်ပျက်ဆင်းပျက်သေဆုံးသွားကြသူများမှာ လမ်းဘေးကလူများ မဟုတ်ပါ။အဓိပတိ အဆင့်တစ်ထောင့်ခုနစ်ရာ ဖြစ်ပါသည်။
သူတို့အားလုံးသည် မည်သည့်နည်းလမ်းဖြင့်အတိုက်ခံရ၍ ယခုလိုရုပ်ပျက်ဆင်းပျက်ဖြင့် ကိုယ့်အသားကိုပြန်ဖဲ့စားခံရသည့်ဘဝမျိုး ကြုံကာသေသွားရမှန်းပင် မသိသွားကြပါ။
ကျိယွမ်ကတော့ သူနှင့်မဆိုင်သည်အလားရှိနေပြီး ဆွေးမြေ့ဖွယ်ဂီတသံကို စည်းချက်လိုက်နေ၏။
ဂိမ်းထဲမှ NPC များ၊ အထူးသဖြင့် ရန်သူ NPC များ သေဆုံးခြင်းသည် သူ့အတွက် ပြဿနာ မဟုတ်ပါ။
စျာပနတေးသွားက ဆက်လက်တီးမှုတ်နေပြီး ထပ်မံသေဆုံးမည့်သူများကို ခမ်းနားစွာပို့ဆောင်ပေးရန် ကြိုဆိုနေသည့်အလား ခံစားရလေသည်။
ကျိယွမ်၏မျက်လုံးများသည် ကျန်ရှိနေသေးသော အဓိပတိတစ်ထောင်ဆီသို့ ကျရောက်သွား၏။
သူကပေါ့ပေါ့ပါးပါး မေးလိုက်သည်။
“ငါတို့... နောက်ထပ် နည်းနည်းလောက် ဆက်လုပ်သင့်သေးလား”
ထိုစကားကို ကြားလိုက်သောအခါ အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကုန်သည်။ သူတို့၏ မျက်လုံးများမှာ ကြောက်ရွံ့မှုဖြင့် ပြူးကျယ်လာကြပြီး ဆောက်တည်ရာမရခံစားကုန်ကြတော့သည်။
ပွဲအစ၌ ကျိယွမ်ဘက်မှ ရပ်တည်ခဲ့သော အရပ်မြင့်မြင့် လူထွားကြီးက အလျင်အမြန် တောင်းပန်လိုက်သည်။
“သွေးသခင်.. ကျွန်တော်တို့က အရှင့်ကို အမြဲတမ်း သစ္စာရှိခဲ့ပါတယ်”
လီယွန်းကျီအပါအဝင် ကျိယွမ်ဘက်မှရပ်တည်ခဲ့ကြသော အဓိပတိတစ်ရာခန့်ကလည်း အလျင်အမြန်ပင် ဒူးထောက်ကာ တစ်ညီတညွှတ်တည်း ကြွေးကြော်လိုက်သည်။
“ကျွန်တော်တို့က သွေးသခင်အတွက် သေရဲပါတယ်”
ကျန်ရှိသော အဓိပတိတစ်ထောင်သည် ထိုအခြေအနေကို မြင်သောအခါ အသိစိတ်လွတ်မတတ် ကြောက်လန့်သွားကြသည်။
ယခုအချိန်တွင် သူတို့သည် မည်သည့်အရာကို လုပ်သင့်သည်၊ မည်သည့်အရာကို မလုပ်သင့်သည်ကို နားလည်သွားကြ၏။
မဟုတ်လျှင် ပုန်ကန်သူအဓိပတိတစ်ထောင့်ခုနှစ်ရာကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
“ကျွန်တော်တို့လည်း ..သွေးသခင်အတွက် သေရဲပါတယ်”
ထိုအသံများသည် ယခင်က သွေးသခင်ကို ကျေးဇူးတင်စဉ်ကထက်ပင် ပိုမိုကျယ်လောင်ပြီး အားပါစွာ ပဲ့တင်ထပ်သွားပါသည်။
ကျိယွမ်က ထိုမြင်ကွင်းကြောင့် စိတ်ပျက်သွားဟန်ဖြင့် ပျင်းရိစွာအမိန့်ပေးလိုက်သည်။
"ဒါဆိုရင် ဟိုမှာရပ်နေတဲ့ မဟာအဓိပတိသုံးယောက်ကို မင်းတို့ဖြေရှင်းလိုက်၊ သူတို့ကို ချက်ချင်း သတ်မပစ်ကြနဲ့၊ အသက်တစ်ရှူစာလေး ချန်ထားကြ”
သူ၏ မူလစွမ်းအားသည် သာမန်အဓိပတိများအပေါ်တွင် လွယ်ကူစွာ ဖိနှိပ်နိုင်၏။
သို့သော် မဟာအဓိပတိများကို ကိုင်တွယ်ရခြင်းမှာမူ ထိုသို့လွယ်ကူမနေတော့ပေ။
ထို့ကြောင့် မလိုအပ်ဘဲစွမ်းအားအကုန်ခံမည့်အစား အဓိပတိတစ်ထောင်ကိုတိုက်ခိုက်စေပြီး သေခါနီးမှ အတွေ့အကြုံအမှတ်ယူခြင်းကသာ ပညာရှိရာရောက်ပေလိမ့်မည်။
ငိုကြွေးသံနှင့်တူသော နှဲသံက ဆက်လက်ထွက်ပေါ်နေပြီး ဗုံသံများကလည်း ပိုမိုကျယ်လောင်လာသည်။
အဓိပတိတစ်ထောင်သည် မဟာအဓိပတိသုံးဦးကို တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။
သစ္စာရှိမှုကို ပြသရန်စိတ်အားတက်ကြွနေသော အရှိန်အဝါ ၁၀၀၀ သည် မည်သူမဆိုကို ကြောက်လန့်စေရန် လုံလောက်၏။
“သွေးသခင်ကို လုပ်ကြံရဲတာ၊ မင်းတို့ အသတ်ခံရတာ ထိုက်တန်တယ်”
“သွေးသခင်က မင်းတို့လို သေးနုပ်တဲ့ သာမန်လူသား စိန်ခေါ်နိုင်မယ့်သူ မဟုတ်ဘူး”
"မသေမချင်းမှတ်သွားလိုက်"
"မှတ်မနေနဲ့ ၊ သတ်"
အရပ်မြင့်သောလူထွားကြီး၏ အော်ဟစ်သံနှင့်အတူ အဓိပတိ ၁၀၀၀ ကျော်သည် မဟာအဓိပတိသုံးဦးကို ဝန်းရံပိတ်ဆို့ကာ တိုက်ခိုက်တော့သည်။
မီကူတို့သုံးဦးမှာ ထိတ်လန့်ကြောက်ရွံ့သွားပြီး ထွက်ပြေးရန်ကြိုးစားကြသော်လည်း အဓိပတိ ၁၀၀၀ ၏ ပိတ်ဆို့မှုမှ မလွတ်နိုင်ခဲ့ပေ။
ညာသံပေးကာ အော်ဟစ်ဝင်လာသည့် လူအုပ်ကြီးကိုကြည့်ကာ မျက်ခုံးဝါအဓိပတိက ဒေါသကြီးစွာ အော်ဟစ်လိုက်သည်။
"ငါထင်တယ်..ငါထင်နေခဲ့တာ.၊မီကူး..ခွေးကောင် မင်းစကားက်ု ငါမယုံခဲ့သင့်ဘူး"
သူ၏အော်ဟစ်သံမဆုံးမီမှာပင် မရေတွက်နိုင်သော မူလစွမ်အားအမျိုးမျိုးက မိုးသီးမီုးပေါက်များပမာ သူတို့သုံးဦးအပေါ်သို့ ကျရောက်လာတော့သည်။
သုံးယောက်လုံးက မဟာအဓိပတိများဖြစ်သော်လည်း ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ မိမိတို့ကိုယ်ကို ကာကွယ်ရုံသာ တတ်နိုင်ကြသည်။
သို့သော် ပထမတစ်ကြိမ်တိုက်ခိုက်မှုဖြင့်ပင် အင်အားကြီးပါသည်ဆိုသော မဟာအဓိပတိသုံးဦးသည် သူတို့၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားပြီး သူတို့၏ မူလစွမ်းအားများ ကုန်ခန်းကာ သူတို့၏ခန္ဓာကိုယ်များမှာ ပျက်စီးသွားကြသည်။
အဓိပတိတစ်ထောင်ကသာထိန်းသိမ်း
ထားခြင်းမရှိပါက သူတို့သည် သေဆုံးပြီးသား ဖြစ်နေလေပြီ။
ထိုအချိန်၌ ကျိယွမ်က သူ၏ဓားကျိုးကိုကိုင်ဆောင်လျှက် သူတို့အနီးသို့ ဆင်းသက်လာသည်။
“မင်းတို့က အရမ်းအင်အားနည်းလွန်းတယ်၊ လူအလုံအလောက် မခေါ်လာကြဘူး။ ဒီလောက်လေးနဲ့ ငါက အဆင့် ၂၀၀ ကိုတောင် မရောက်နိုင်ဘူး”
ကျိယွမ်က ထိုသို့ပြောပြီး သူ၏ဓားကျိုးကို ဖြေးညင်းစွာမြှောက်လိုက်သည်။
မီကူးသည် နောက်ဆုံးအချိန်အထိ သူ၏ ကံကြမ္မာကို လက်မခံလိုဟန်ဖြင့် ကျိယွမ်ကို ဒေါသတကြီးကြည့်ကာ အော်ဟစ်လေ၏။
“မင်း... မင်းက လူမဟုတ်ဘူး”
ကျိယွမ်က ပြန်လည်တုံ့ပြန်ရန် စိတ်မဝင်စားပါ။
စျာပနတေးသွားက မဟာအဓိပတိသုံးဦးအတွက်မို့လားမသိ ပို၍ပင် ကျယ်လောင်လာ၏။
နှဲသံက ပို၍ချွဲလာပြီး ဗုံသံတို့ကလည်း မြိုင်ဆိုင်လာခဲ့သည်။
ကျိယွမ်၏ ဓားကျိုးက လက်ခနဲလှုပ်ရှားသွား၏။
မဟာအဓိပတိသုံးဦး၏ ဦးခေါင်းများမှာ မြေပြင်ပေါ်သို့ တလိမ့်လိမ့်ကျဆင်းသွားသည်။
စျာပနတေးသွားမဆုံးခင်မှာပင် သတ်ဖြတ်ခြင်းမှာ ပြီးဆုံးသွားခဲ့သည်။
ကျိယွမ်သည် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသည်ဟု ခံစားရသည်။
သူသည် မြို့ရိုးပေါ်သို့ ပြန်ရောက်သွားပြီး ဂီတသမားများကို ကြည့်ကာ ညင်သာစွာ ချီးမွမ်းလိုက်သည်။
“မင်းတို့သာ ငါသွားလေရာခေါ်သွားလို့ရရင် ကောင်းမှာပဲ"
“သွေးသခင်ကို အလုပ်အကျွေးပြုရတာက ကျွန်တော်တို့ရဲ့ ဘဝအတွက် ဂုဏ်ယူစရာပါ”
၄င်းတို့က ကျိယွမ်အား ရိုသေစွာတုန့်ပြန်လိုက်ကြသည်။
သူတို့သည် တူရိများကို တီးမှုတ်နေရင်း မြို့ရိုးအောက်မှ ကြောက်မက်ဖွယ် သမိုင်းဝင်လူသတ်ပွဲကြီး မြင်ခဲ့ရသည် မဟုတ်ပါလား။
အဓိပတိတစ်ထောင့်ခုနစ်ရာသည် သွေးသခင်၏ လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း သေဆုံးသွားခဲ့ကြသည်။
မည်မျှ ထိတ်လန့်စရာကောင်းလှသနည်း။
သူတို့၏ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ခြင်းအပေါ် အားလုံးကကြိတ်ကာ ဝမ်းသာနေခဲ့ကြသည်။
သူတို့သာ ခြေတစ်လှမ်းမှားခဲ့ပါက ထိုသူများနှင့်အတူ ပျောက်ကွယ်သွားခဲ့မည် မဟုတ်ပါလား။
“ဒါပေမယ့် မင်းတို့က လေ့ကျင့်မှု ပိုပြီး လုပ်ဖို့ လိုသေးတယ်။ စံပြအနေနဲ့ဆိုရင် နှဲသံကို မိုင်တစ်ရာ၊ မိုင်တစ်ထောင် အထိတောင် ကြားရသင့်တယ်။”
“ဒါမှ ငါ့ဂုဏ်ပုဒ်နဲ့ ကိုက်ညီမှာ”
သို့သော် ကျိယွမ်က ထိုသို့ပြောပြီးမှ တစ်ခုခုတွေးမိသလို ခေါင်းခါလိုက်သည်။
“ထားလိုက်တော့ .. ဒါက လူတွေကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်။ အိပ်နေတဲ့ တိရစ္ဆာန်လေးတွေလည်း ရှိသေးတယ်မဟုတ်လား။”
“ငါက ကြင်နာတတ်တဲ့သူဆိုတော့ အခြားသူတွေအနှောက်ဖြစ်ပြီး စိတ်ဆင်းရဲရမဲ့ ဒီလိုအရာတွေကို ငါ မလုပ်နိုင်ဘူး”
ကျိယွမ်က အလွန်သနားကြင်နာတတ်သူအလား သက်ပြင်းချလိုက်၏။
ကွင်းပြင်ထဲတွင်ရှိနေသူများကတော့ သနားကြင်နာတတ်သော သူတို့၏ခေါင်းဆောင်ဖြစ်သူအား ငေးမောနေမိကြသည်။
သူကြင်နာတတ်ခြင်းဆိုတာက...
အဓိပတိတစ်ထောင့်ခုနှစ်ရာကို အခုလိုသတ်ပစ်တာကို ပြောတာလား။
သူတို့သည် ထိုကဲ့သို့ ကြင်နာတတ်သောသူကို တစ်ခါမှ မမြင်ဖူးခဲ့ကြပါ။
ထိုအချိန်မှာပင် ကြင်နာတတ်သောခေါင်းဆောင်ကြီးကျိယွမ်က သူတို့အားလက်ပြကာ လူစုခွဲစေလိုက်၏။
အားလုံးမှာ သက်ပြင်းကိုယ်စီကြိတ်ချကာ မိမ်တို့နေရာများသို့ ပြန်သွားကြတော့သည်။
အားလုံးထွက်ခွာသွားသောအခါ မြို့ရိုးပေါ်၌ ကျိယွမ်တစ်ဦးတည်းသာ ကျန်ခဲ့လေသည်။
ကျိယွမ်သည် မြို့ရိုးပေါ်တွင် တစ်ယောက်တည်း ရပ်နေရင်း ပျော်ရွှင်မှုနှင့် စိတ်ပျက်အားလျော့မှု နှစ်မျိုးလုံးကို ခံစားရသည်။
"အဆင့် ၂၀၀”
အဓိပတိ ၁၇၀၀ နှင့် မဟာအဓိပတိ ၃ ဦးကိုသတ်ဖြတ်ခြင်းနှင့် နတ်ဆိုးသတ်စက်ရုံမှနေ့စဥ်စုဆောင်းထားသောရမှတ်များကြောင့် သူသည် အဆင့် ၂၀၀ သို့ရောက်ရှိသွားခဲ့သည်။
“ငါ့ ခန့်မှန်းချက်က မှန်ကန်တယ်ဆိုရင် အဆင့် ၂၀၉ ဟာ မဟာအဓိပတိတစ်ဦးရဲ့ အမြင့်ဆုံး အဆင့်ပဲ ဖြစ်မယ်”
ကျိယွမ် လေးနက်စွာ တွေးနေမိသည်။
အဓိပတိအဆင့်သည် အဆင့် ၁၈၀ မှ ၂၀၉ အတွင်းဖြစ်သည်။
ဒါဆိုရင် အဆင့် ၁၀၉ ကိုကျော်ရင်ရော ဘာဖြစ်မလဲ။
ယင်နတ်ဘုရားလား။
အခြားတစ်ခုခုလား။
ကျိယွမ်စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ ဒီနေ့ တိုက်ပွဲမှာ ငါ့ရဲ့ ခွန်အားက နည်းနည်းပေါ်သွားပြီ”
“သွေးနန်းတော်မှာ ငါ့ကို ပုန်ကန်မဲ့သူရှိမှာ မဟုတ်တော့ဘူး ၊စိတ်ပျက်စရာပဲ"
ကျိယွမ်သည် အတွေ့အကြုံရမှတ်များ လိုအပ်သော်လည်း ခွဲခြားမှုမရှိဘဲ မည်းမည်းမြင်ရာ မသတ်ဖြတ်ချင်ပါ။
သူ့ကို ထိခိုက်အောင်လုပ်သူ သို့မဟုတ် သတ်ရန် ကြိုးစားသူများနှင့် ရန်သူများကိုသာ သတ်ဖြတ်ချင်၏။
“ငါ သွေးနန်းတော်ရဲ့ ပိုင်နက်ကို အမြန်ဆုံးချဲ့ထွင်ရမယ်၊ အဓိပတိတွေ များများစုပြီး လောကတခွင်က နတ်ဆိုးတွေကို ပိုပြီး ဖမ်းခိုင်းရုံပဲရှိတော့တယ်"
"နောက်ဆုံးအနေနဲ့ အဖြူရောင်ဧကရာဇ်နဲ့ အကြွင်းမဲ့သခင်ကို ငါချလို့မနိုင်ဘူးဆိုရင်လည်း လူများများစုထားရုံပေါ့"
သူ့တွင် အဓိပတိများသောင်းချီ၍ ရှိနေပါက ထိုနှစ်ယောက်မည်မျှပင် အားကောင်းပါစေ သောင်းချီသောလူအင်အားနှင့် ဖိသတ်ပစ်နိုင်မည်မဟုတ်ပါလား။
“အင်း...အရေအတွက်အများကြီး ပိုင်ထားတာကလည် အင်အားကြီးမားခြင်းတစ်မျိုးပါပဲ”
သို့သော် ထိုအင်အားက တခြားသူများအတွက်ဖြစ်ပြီး သူနှင့်တော့ သက်ဆိုင်မှု မရှိပါ။ကျိယွမ်အား လူအင်အားနှင့်လာဖိ၍ မရပေ။အထူးသဖြင့် လျူဖုန်းနယ်မြေတွင် ဖြစ်သည်။
ကျိယွမ်က ကိစ္စတစ်ခုကိုလည်း သတိထားမိကာ စိတ်ပျက်သွားမိသည်။
“ငါက အခု မဟာအဓိပတိ ဖြစ်နေပြီလေ၊ ဘာကြောင့် ငါ့ရဲ့ မူလစွမ်းအားကို ငါ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ပေါ်မှာ ထုဆစ်လို့ မရရတာလဲ”
ယခင်က ကျိယွမ်သည် မဟာမေ့ပျောက်ခြင်းစွမ်းရည်ကို တိုးတက်ရန် အလွန်ခက်ခဲခြင်းနှင့် ရင်ဆိုင်နေခဲ့ရသည်။
ယခုအခါမှတော့ အဆင်ပြေပါသည်ဆိုသော နှလုံးသားနတ်ဆိုးဧကရာဇ်နိုးထခြင်းစွမ်းအားကလည်း အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။
၄င်းကို သူ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်တွင် ထုဆစ်၍မရနိုင်ဖြစ်နေ၏။
“ငါ့ရဲ့ ပါရမီက တကယ်ပဲ အဲဒီလောက် ညံ့ဖျင်းနေတာလား”
ကျိယွမ် အကူအညီမဲ့စွာ တွေးလိုက်မိသည်။
အနုစိတ်အဆင့်သို့ရောက်ပြီးသား ထိုစွမ်းရည်ကပင် ထုဆစ်ခြင်းအဆင့်သို့ မတတ်နိုင်ဖြစ်နေ၏။
ပါးလွှာသော ပြတင်းကာစက္ကူတစ်ရွက်ကဲ့သို့ဖြစ်သော်လည်း သူသည် ထိုအတားအဆီးကို မချိုးဖြတ်နိုင်သေးပေ။
အကယ်၍ ထုဆစ်ခြင်းအဆင့်ထိသာတတ်နိုင်ခဲ့လျှင် ကျိယွမ်သည် လူတိုင်း၏ နှလုံးသား နတ်ဆိုးဖြစ်လာနိုင်ပြီး သူ့ကိုတစ်ချက် ကြည့်လိုက်ရုံဖြင့် နှလုံးသား နတ်ဆိုးများကို ဖြစ်ပေါ်စေမည့်အလား သန်မာလာနိုင်သည်။
မဟာမေ့လျော့ခြင်းစွမ်းရည်ကတော့ ယခုအချိန်ထိ အကြမ်းထည်အဆင့်သာရှိသေးသည်။
အနုစိတ်အဆင့်သို့ တိုးတက်ရန်အတွက် သူ၏လက်ရှိဘဝမှ အရေးကြီးဖြစ်ရပ်အားလုံးကို ပြန်လည်အမှတ်ရခြင်း၊ မေ့ပစ်ခြင်းနှင့် နောက်တစ်ကြိမ် ပြန်လည်အမှတ်ရအောင်လုပ်ခြင်းတို့ ပြုလုပ်ရန် လိုအပ်နေသည်ဟု ကျိယွမ် မှန်းဆမိသည်။
သို့သော် အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့စဥ်က အမှတ်ရစရာများမှာ အနည်းငယ် ဝေဝါးနေဆဲဖြစ်နေသည်က သူ့ကိုလမ်းပျောက်စေ၏။
သူကပြန်လည်သတိရရန် အခွင့်အလမ်း တစ်ခုခု လိုအပ်နေပုံရသည်။
“အကုန်လုံးကို ပြန်အမှတ်ရဖို့အတွက်တံခါးပေါက်ထဲကို နောက်တစ်ကြိမ် ထပ်ဝင်ဖို့များ လိုအပ်နေတာလား”
အနန္တအသွင်ကူးပြောင်းတံခါးကို စဥ်းစားမိသောအခါ ကျူးယန်ကို သတိရသွားမိပြန်သည်။
နင် ဘယ်ကိုများရောက်နေတာလဲ ကျူးယန်။
ကျိယွမ်သည် ငိုင်သွား၏။
“အစ်ကိုကြီး”
ထိုအချိန်မှာပင် ချန်းဟွမ်က မြို့ရိုးပေါ်သို့ တတ်လာခဲ့သည်။
သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“ကျန်နေသေးတဲ့ အဓိပတိတွေကို ဘာလုပ်သင့်သလဲ”
မီလို၏တိုက်ခိုက်မှုတွင် ထွက်ပေါ်လာသော သစ္စာဖောက်အရေအတွက်ကိုမြင်ကတည်းက ချန်းဟွမ်က ပြင်းထန်စွာဒေါသထွက်နေခဲ့ခြင်းဖြစ်သည်။ ကျိယွမ်ကသာ သူအားကြိုတင်တားမြစ်မထားပါက ကျန်သောသူများကိုပါက သူကနုတ်နုတ်စဥ်းပစ်မိမှာ သေချာသည်။
သစ္စာမဲ့သူ အများကြီးနှင့်ပေါင်းသင်းနေမည့်အစား တစ်ယောက်တည်းအထီးကျန်နေရခြင်းက ပိုကောင်းလေ၏။
ကျိယွမ်က သူ့အား ပြုံးပြကာ ဆုံးဖြတ်ပေးလိုက်သည်။
“အစကတည်းက ငါ့အတွက် ရပ်တည်ခဲ့တဲ့သူတွေကတော့ ချီးကျူးဂုဏ်ပြုစရာ ကောင်းတယ်။ သွေးနန်းတော်ထဲက သူတို့ရဲ့ရာထူး ကို မြှင့်တင်ပေးသင့်တယ်"
ယခင်ကတည်းက သွေးနန်းတော်တွင် အဖွဲ့သားများအတွက် ရာထူးအဆင့်ဆင့် ရှိနေခဲ့ပြီးသားဖြစ်သည်။
သို့သော် အားလုံးက သဘောထားအမျိုးမျိုးရှိနေကြပြီး ထိုအရာများကို ဂရုမစိုက်ခဲ့ကြပါ။သူတို့က နန်းတော်ကို ယာယီတည်းခိုရာအဖြစ်သာ သဘောထားကြ၏။
သို့သော် ကျိယွမ်၏ခွန်အားကို သိသွားပြီးနောက် သဘောထားများက ပြောင်းလဲသွားနိုင်သည်။
ထိုကြောင့် နန်းတော်အတွင်းမှ ရာထူးအဆင့်အတန်းသည်လည်း အရေးပါလာတော့မည်ဖြစ်သည်။
“ကျန်တဲ့သူတွေအတွက်တော့ သူတို့ဟာ သူတို့ပဲ ရှိပါစေ။ ငါ သူတို့ကို ကိုင်တွယ်ဖို့ စိတ်မဝင်စားဘူး”
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
သူသည် ကစားသမားတစ်ဦးမျှသာ ဖြစ်သည်။ ဂိမ်း ပြီးဆုံးသွားသည်နှင့် သူကထွက်ခွာသွားမည်သာ။
ထို့ကြောင့်သူက မလိုအပ်သည်များကို ခေါင်းရှုပ်ခံနေရန် မလိုပါ။
“နားလည်ပါပြီ”
ကျိယွမ်၏စိတ်ကို သိနေသောကြောင့် ချန်းဟွမ်က ထပ်မံမတိုက်တွနိးတော့ပါ။
“ဒီနေ့ကစပြီး ငါဘယ်သူနဲ့မှ မတွေ့တော့ဖို့ စီစဉ်ထားတယ်။”
“သွေးနန်းတော်ကိုချဲ့ထွင်ဖို့က မင်းရဲ့ လက်ထဲမှာပဲ၊ သင့်တော်မယ်ထင်တာအကုန်လုပ်လို့ရတယ် ငါ့ကိုခွင့်တောင်းစရာမလိုဘူး”
“ငါ တစ်နှစ်တစ်ခါပဲ ဟောပြောဖို့ ပေါ်လာမယ်။”
“ဒီကြားထဲမှာ ကျူးယန်ကိုရှာတွေ့ရင်တော့ သူမကို မြေအောက်နန်းတော်ဆီ တိုက်ရိုက် ခေါ်လာခဲ့ပါ”
သူ၏မူလစွမ်းအားများကို နက်နက်နဲနဲနားလည်သဘောပေါက်ရန် မြေအောက်နန်းတော်ထဲတွင် အချိန်ယူသုံးသပ်ရန် သူရည်ရွယ်ထား၏။
သူကမှာစရာရှိသည်များကိုမှာကြားကာ ချန်းဟွမ်နှင့်လွှဲအပ်၍ မြေအောက်နန်းတော်ထဲသို့ ဝင်ရောက်သွားတော့သည်။
----------------------
အချိန်ဆယ်နှစ်တိတိကြာမြင့်သွားခဲ့သည်။
ယခုအချိန်၌ သွေးနန်းတော်၏အင်အားသည် ပြိုင်ဘက်မရှိကြီးထွားလာပြီး အဓိပတိပေါင်း သုံးသောင်းကျော် ပိုင်ဆိုင်ထား၏။
နန်းတော်၏ပိုင်နက်နယ်မြေမှာလည်း အဆမတန်ကျယ်ပြနိ့လာပြီး မြောက်ဘက်နတ်ဆိုးထိန်းချုပ်သူများ၏နယ်မြေထဲသို့ နက်ရှိုင်းစွာ ကျူးကျော်ပြီးဖြစ်လေသည်။
ရှိရှိသမျှနတ်ဆိုးများမှာလည်း အဓိပတိသုံးသောင်း၏နေ့စဥ်ရက်ဆက်ဖမ်းယူခြင်းကြောင့် ရှားပါးမျိုးစိတ်များဘဝသို့ ရောက်မှန်းမသိရောက်ရှိသွားသည်။
သို့သော် ထိုဖမ်းဆီးများကို မြောက်ပိုင်းမှအကြီးအကဲများထဲမှ မည်သူမှ မတားဆီးဝံ့ပါ။
လွန်ခဲ့သော ၂ နှစ်က မြောက်ပိုင်းမှ မဟာအဓိပတိတစ်ဦးသည် သွေးနန်းတော်၏လုပ်ရပ်များကို မခံစားနိုင်တော့သဖြင့် သွေးသခင်အားစော်ကားပြောဆိုမိ၏။
ရလဒ်အနေဖြင့် သွေးနန်းတော်မှ အဓိပတိ ၅၀၀၀ က တီးဝိုင်းတစ်ခုနှင့်အတူ ချက်ချင်းရောက်လာပြီး နောက်ခံတေးသွားများတီးခတ်ကာ ထိုအကြီးအကဲကို ဝိုင်းရိုက်သတ်ပစ်ခဲ့သည်။
ထိုအချိန်မှစ၍ မဟာအဓိပတိများသည် သွေးနန်းတော်ဆိုလျှင် အဝေးဆုံးမှရှောင်ရှားကုန်တော့သည်။
-------------------------
ကမ္ဘာမြေအဆုံးပိုင်း လူသူကင်းမဲ့သောနေရာတွင်ရှိသော နတ်ဆိုးတစ်သောင်းတံခါးထဲတွင်ဖြစ်သည်။
လူသူကင်းမဲ့သော နေရာတစ်ခုတွင် မြေအောက်ခံတပ်တစ်ခုရှိ၏။
ထိုခံတပ်သည် လျူဖုန်းနယ်မြေအတွက် ခံစစ်နေရာလည်းဖြစ်သည်။
အဖြူရောင်ဧကရာဇ်၏ကိုယ်ပွားသည် သူ၏ရှေ့မှ လူဆယ့်သုံးဦးကို စိုက်ကြည့်နေခဲ့သည်။
သူ၏မျက်လုံးများက အတိတ်ကို တမ်းတလွမ်းဆွတ်နေဟန်ရှိလေ၏။
“နောက်ဆုံးတော့ မင်းတို့ ရောက်လာကြပြီ”
လွန်ခဲ့နှစ်များတစ်လျှောက် သူသည် မြောက်ဘက်မှ စုန်း ဆယ့်သုံးယောက်ကို နတ်ဆိုးတစ်သောင်းတံခါးဝထဲသို့ လမ်းပြခဲ့သည်။
နတ်ဆိုးတံခါးဝသည် စစ်မြေပြင်တစ်ခုဖြစ်ပြီး အန္တရာယ်များဖြင့် ပြည့်နှက်နေလေသည်။
သူသည် စုန်း ၁၃ ယောက်ကို ဤနေရာသို့ ရောက်ရှိစေရန် ကြီးမားစွာအားထုတ်ခဲ့ရ၏။
ဟေးဝူသည် အဖြူရောင်ဧကရာဇ်ကို လေးစားစွာကြည့်နေသည်။
နင်းထောင်သည်လည်း ယခုအခါမှ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချနိုင်၏။သို့သော်လည်း သူမလက်မှသံကြိုးကိုတော့ မြဲမြံစွာဆုပ်ကိုင်ထားဆဲပင်။
ကျန်သည့် စုန်းများမှာလည်း အဖြူရောင်ဧကရာဇ်အား သိချင်စိတ်နှင့်အတူ သံသယများဖြင့် ကြည့်နေမိကြသည်။
"အဖြူရောင်ဧကရာဇ် ၊ ကျွန်တော်တို့ကိုဒီနေရာကို ခေါ်တာဘာအတွက်လဲ"
ကျောက်စိမ်းကဲ့သို့ချောမောသော လင်းရီက မေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ မျက်နှာတွေပေါ်က ‘စုန်း’ ဆိုတဲ့စာလုံးအကြောင်းကို ရှင်းပြပေးနိုင်မလား”
ဝမ်းတွငိးပါစုန်းများအဖြစ် မွေးဖွားလာကြသဖြင့် သူတို့သည် အဆုံးမရှိသောဆင်းရဲဒုက္ခ များကို ခံစားခဲ့ကြရသည်။
အဖြူရောင်ဧကရာဇ် သူတို့အားစာနာနားလည်သော မျက်ဝန်းများဖြင့်ကြည့်ကာ သိမ့်မွေ့စွာပြုံးပြသည်။
“တကယ်တော့ လွန်ခဲ့တဲ့ နှစ်သောင်းချီကြာတဲ့အချိန်တုန်း မင်းတို့ဟာ... ငါ့ရဲ့ဂျူနီယာညီအစ်ကိုမောင်နှမတွေဖြစ်ခဲ့ကြတယ်"
"ဗျာ.."
"ဟင်"
စုန်း ၁၃ ယောက်စလုံးမှာ မယုံနိုင်သလိုရေရွတ်လိုက်မိကြသည်။
အချို့က အနည်းငယ်ရှုပ်ထွေးသွားကြသည်။
ဒါကနည်းနည်း ထူးဆန်းနေတယ်။
နှစ်သောင်းချီကြာတုန်းကဆို ငါတို့က မွေးတောင်မမွေးသေးဘူးလေ။
ဘယ်လိုလုပ်ပြီး သူ့ရဲ့ ဂျူနီယာ ညီလေး ညီမလေးတွေဖြစ်နိုင်မှာလဲ။
ပြန်လည်မွေးဖွားတာလား။
မဖြစ်နိုင်ပါ ပြန်လည်ဝင်စားခြင်းသည် အဓိပတိများစွမ်းဆောင်နိုင်သောအရာမဟုတ်ပါ။
အဖြူရောင်ဧကရာဇ်က သူတို့ရှုပ်ထွေးနေသည်ကိုမြင်ကာ ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်သည်။
“ဒီဟာကို နတ်ဆိုးကြေးမုံလို့ ခေါ်တယ်။ ဒီကြေးမုံထဲမှာ မင်းတို့လိုချင်နေတဲ့အဖြေတွေကို ရှာတွေ့နိုင်ပါလိမ့်မယ်”
သူ၏စကားသံနှင့်အတူ ကြေးမုံသည် ဆယ့်သုံးပိုင်း ကွဲထွက်သွားပြီး သူတို့၏ လက်ထဲသို့ ကျရောက်သွားသည်။
နင်းထောင်က ကြေးမုံအပ်ုင်းစကို ကိုင်ဆောင်ထားပြီး သူ၏အမူအရာက ရှုပ်ထွေးနေသည်။
သူမသည် အဖြူရောင်ဧကရာဇ်ကို စိတ်လှုပ်ရှားစွာမေးသည်။
“နှစ်သောင်းချီအကြာတုန်းက ကျွန်မမှာ တာအို လက်တွဲဖော်ရှိခဲ့သလား”
အဖြူရောင်ဧကရာဇ်က ခေါင်းခါကာ ရှင်းပြသည်။
“ငါအခု နင်တို့ကို ဘယ်သူက ဘယ်သူလဲဆိုတာကို မခွဲခြားနိုင်ဘူး”
အခြားသူများမှာ တသ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြပြီး ထူးဆန်းသလိုခံစားနေရ၏။
သို့သော်လည်း သူတို့သည် အဖြူရောင်ဧကရာဇ်ကိုသံသယမဝင်ကြပါ။
သူတို့အားမကောင်းကြံချင်လျှင် ဧကရာဇ်၏အင်အားဖြင့် ယခုလိုတွေ အပင်ပန်းခံနေစရာစလိုပါ။
သူတို့ ၁၃ ယောက်လုံးပေါင်းလျှင်ပင် ဧကရာဇ်လက်မှရုန်းနိုင်စရာမမြင်ပေ။
အဖြူရောင်ဧကရာဇ်က ရှင်းပြလိုက်သည်။
"ဒီကြေးမုံပြင်ထဲမှာ ဝမ်းနည်းစရာပဲဖြစ်ဖြစ် ပျော်ရွှင်စရာပဲဖြစ်ဖြစ် မင်းတို့အမှတ်ရစရာအကောင်းဆုံးမြင်ကွင်းတွေကို မြင်ရလိမ့်မယ်"
စုန်း ၁၃ ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် မိမိတို့လက်ထဲမှ ကြေးမုံများကို အာရုံစိုက်ကာ ကြည့်လိုက်ကြသည်။
နင်းထောင်သည် သူမနောက်မှ သွေးလုံးကြီးကိုတစ်ချက်ကြည့်မိ၏။ပြီးမှ ကြေးမုံပြင်ထဲသ်ု့ အာရုံစူးစိူက်လိုက်သည်။
ကြေးမုံထဲမှ မြင်ကွင်းက ပြောင်းလဲသွားသည်။
ကျယ်ပြောလှသော သဲကန္တာရကြီးတစ်ခုထဲတွင် သွေးနီရောင်ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ဓားရှည်တစ်ချောင်းကိုတင်းကျပ်စွာဆုပ်ကိုင်ထားပြီး လျှောက်လှမ်းနေသည်။
ထူးဆန်းသည်မှာ ထိုအမျိုးသား၏မျက်နှာသည် တိမ်တိုက်များ မီးခိုးငွေ့များကြားထဲရောက်နေသလို ဝေဝါးနေသဖြင့် သဲသဲကွဲကွဲမမြင်နိုင်ပေ။
နူးညံ့သောမိန်းကလေးတစ်ဦး ပေါ်လာပြီး သူမကတစ်ခုခုအား စိတ်ပူစွာရှာဖွေနေပုံရသည်။ သွေးနီရောင်ဝတ်ရုံကို မြင်လိုက်ရသောအခါ သူမ၏မျက်နှာလေးက လင်းလာပြီး အမောတကော ပြေးလိုက်ကာ ခေါ်လိုက်သည်။
“သွေးပုလဲ "
သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားက ဆက်ခနဲလှည့်ကြည်၏။
"ဘယ်သူလဲ"
သူ၏ အသံသည် အေးစက်ပြီးပြတ်သားနေသည်။
ထို့အပြင် သူသည် လေထဲသို့ ပြောနေသကဲ့သို့ရှိသည်။
အသံကြားရသော်လည်း သူ၏အမြင်တွင် ရှေ့၌ ဘာမှ မရှိပါ။
သို့သော် တစ်စုံတစ်ယောက် ရှိနေသည်ဟု တော့ သူခံစားရသည်။
“ငါလား.”
ထိုမိန်းကလေးက ရှင်းပြရန် ကြိုးစားခဲ့သည်။
သွေးဝတ်ရုံအမျိုးသားက ရုတ်တရက် သူ၏ ဓားကို မြှောက်ပြီး ရေရွတ်လေသည်။
“လောကမှာရှိတဲ့ အရာအားလုံးက မေ့ပစ်ဖို့ပဲ "
“နင်လည်း ဒီနေရာမှာ ရှိမနေသင့်ဘူး”
စကားဆုံးသည်နှင့် ဓားကိုဝှေ့ယမ်းလိုက်ရာ မိန်းကလေးသည် ကြိုးပြတ်သွားသော စွန် တစ်စင်းကဲ့သို့ သဲပြင်ပေါ်လဲကျသွားသည်။
သွေးများ ချက်ချင်းစီးကျလာပြီး သူမ၏ အဝတ်များကို စွန်းထင်းစေခဲ့သည်။
မိန်းကလေးက သူမ၏လက်ကို ဆန့်တန်းပြီး ထိုအမျိုးသားကို ခေါ်ရန် ကြိုးစားသည်။
သို့သော် သူက နောက်လှည့်မကြည့်ဘဲထွက်ခွာသွား၏။
“သွေးပုလဲ...”
မြင်ကွင်းသည်လည်း ရပ်တန့်သွားသည်။
နင်းထောင်က ကြေးမုံပြင်မှသွေးနီရောင် ဝတ်ရုံကို ကြည့်လိုက်ပြီး သူ၏ အမူအရာက ဝေခွဲမရဖြစ်နေသည်။
အခြားသော စုန်း ဆယ့်သုံးယောက်ကလည်းထိုမြင်ကွင်းကို ကြည့်နေကြသည်။
ယခုအချိန်ထိ သူတို့၏ကြေးမုံများတွင် ဘာမှ မပေါ်သေးပါ။
ဟေးဝူက ပျော်ရွှင်စွာ ပြုံးကာ မှတ်ချက်ချ၏။
“မာနအရာမှာ နာမည်ကြီးတဲ့ ထျန်းရှင်နန်းတော်သခင်မမှာ ဒီလို အတိတ်ရှိခဲ့တယ်လို့ ဘယ်သူက သိနိုင်ပါ့မလဲ”
အခြားသူများကလည်း ရယ်မောလိုက်ကြသည်။
အဖြူရောင်ဧကရာဇ်တစ်ဦးတည်းကသာ နင်းထောင်ကို ကရုဏာသက်သောမျက်ဝန်းများဖြင့် ကြည့်နေ၏။
သူကဝေခွဲမရဟန်လည်းရှိနေသည်။
ဒါက... နတ်ဆိုးကြေးမုံရဲ့စိတ်ကူးတွေလား။
ဒါမှမဟုတ် ဆရာသခင်က တကယ်ပဲ... မဟာနတ်ဆိုးလား။
ဒါဆို ကျူးယန်ကရော...
မိစ္ဆာမိန်းကလေးလား။
နင်းထောင်ကတော့ သူတို့အားမတုန့်ပြန်ဘဲ တိတ်ဆိတ်နေပြီး ကြေးမုံကိုသာ ဆက်ကြည့်နေသည်။
------------------------------