ကျိစယ်တောင်ထွတ်သို့ ပြန်လည်ရောက်ရှိခြင်း၊ အလင်းနန်းတော်အတွက် အကြံအစည်
Vol. 10 Ch. 131
"နောင်အနှစ်နှစ်ဆယ်ကြာရင် နတ်ဆိုးတစ်သောင်းတံခါး ပွင့်လာလိမ့်မယ်။ အဲဒီအချိန်အထိ ငါတို့ခုခံနိုင်ပါ့မလား မသိပါဘူး။"
ဟေးဝူ၏မျက်လုံးများထဲ၌ အတိတ်ကို အမှတ်ရနေသလို အရိပ်အယောင်တစ်ခု ရှိနေ၏။
"ဆရာချန်ထားခဲ့တဲ့ ဝိညာဉ်လက်နက် ရှိနေတာပဲ၊ ငါတို့ကဘာကို ကြောက်ရမှာလဲ"
လင်းရီခေါ် နန်းကုန်းသာ့ကွေက သူ၏ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့... အကြွင်းမဲ့သခင်မရဲ့ လက်အောက်မှာ နတ်ဆိုးတစ်သောင်းနယ်မြေက အဓိပတိတစ်သောင်းနီးပါး ရှိနေတာ"
ဟေးဝူသည် ထိုသို့ပြောပြီး တံတွေမျိုချလိုက်မိသည်။
အဓိပတိတစ်သောင်း။
စဉ်းစားရုံဖြင့်ပင် ကြောက်စရာကောင်းသော အရေအတွက်ကြီးပင်။
လျူဖုန်းနယ်မြေကြီးတစ်ခုလုံး၏ အဓိပတိအားလုံးပေါင်းလျှင်ပင် ထိုအရေအတွက်ကို မယှဥ်နိုင်ပေ။ ထို့အပြင် မြောက်ပိုင်း၏ အင်အားသည် တောင်ပိုင်းဒေသထက် လည်း သာလွန်နေပြန်သည်။
အကျိုးအကြောင်းသင့်ပြောရလျှင် သူတို့ သည် ကြာကြာခုခံနိုင်မည် မဟုတ်ပါ။
လင်းရီ၏ ပေါ့ပျက်ပျက်မျက်နှာထားသည်လည်း ထိုစကားကို ကြားလိုက်သောအခါ လေးနက်သွားသည်။
"အနှစ်နှစ်ဆယ်အတွင်းမှာ ငါတို့ဆရာဒီကို ရောက်လာလိမ့်မယ်"
သူကသက်ပြင်းချလိုက်သည်။
"ငါလည်းမသိတော့ဘူး... ဆရာ့ကိုတွေ့ချင်ပေမဲ့ သူမရောက်လာပါစေနဲ့လို့လည်း ဆုတောင်းနေမိတယ်"
သွေးသခင်သည် အတိတ်၌အစွမ်းထက်ပြီး၊ မွေးရာပါ နတ်ဘုရားအလားဖြစ်သည်။
သို့သော်ယခင်ကယခင် ယခုကယခုဖြစ်သည်။
အချိန်ပိုရမည်ဆိုလျှင် သခင်သည်ကံကြမ္မာကျောက်တုံးကို ပိုင်ဆိုင်ထားသော အကြွင်းမဲ့သခင်ကိုပင် ကျော်လွန်သွားနိုင်သည်။
သို့သော်ယခုက အနှစ် ၂၀ သာကျန်တော့သလို အကြွင်းမဲ့သခင်မကလည်း နတ်ဆိုးတစ်သောင်းနယ်မြေနှင့်ပူးပေါင်းထားပြီး အဓိပတိတစ်သောင်းကျော်ကို ပိုင်ဆိုင်ထားသည်။
လက်ရှိတွင်ဆရာသခင်က အစွမ်းထက်နိုင်သော်လည်း ထိုလောက်အထိတော့ အစွမ်းထက်ဦးမည် မဟုတ်ပါ။
ဆရာသခင်၏ မူလစွမ်းအားသည် နှလုံးသားနတ်ဆိုးများကို နိုးဆွကာ အဓိပတိများ
ကို ချက်ချင်းသတ်နိုင်ခြင်းဖြစ်၏။
သို့သော် ယခုအကြိမ်အဓိပတိတစ်သောင်းသည် လျူဖုန်းမြေမှမဟုတ်ကြပါ။သူတို့သည် ပင်ကိုကပင်သားရဲနတ်ဆိုးများဖြစ်သောကြောင့် ဆရာ၏မူလစွမ်းအားက အလုပ်မဖြစ်နိုင်တော့ပေ။
"နန်းတော်သခင်ထျန်းရှင်၊ဆရာသခင်ကို လာစေချင်လား"
လင်းရီက နင်းထောင်ကို ကြည့်လိုက်သည်။
ဤလောကတွင် သူတို့၏ဆရာသခင် ဂရုစိုက်သောသူ တစ်ယောက်ယောက်ရှိခဲ့မည်ဆိုလျှင် ထိုသူသည် နင်းထောင်သာ ဖြစ်ပါလိမ့်မည်။
လင်းရီခေါ် နန်းကုန်းသာ့ကွေသည် ဆရာက သူ၏နာမည်ကို မှတ်မိဖို့ မျှော်လင့်ခြင်း မရှိတော့ပါ။
ယခုအချိန်မှတ်မိလျှင်တောင် နန်းကုန်းသာ့ကွေ မဟုတ်ဘဲ လင်းရီဆိုသောအမည်သာ ဖြစ်လိမ့်မည်။
ဟေးဝူသည်လည်း နင်းထောင်ကို ကြည့်လိုက်သည်။သူမကရော မည်သို့ဖြစ်စေချင်သနည်း။
နင်းထောင်သည် သွေးနီရောင် ဓားရှည်ကို ကိုင်ထားပြီး သူမရဲ့ မျက်လုံးများက ကြည်လင်နေသည်။
"လာစေချင်သလို၊ မလာလည်း ဘာမှမဖြစ်ဘူး"
စာဝါငှက်ကလေးသည် မျှော်လင့်ချင် မျှော်လင့်နိုင်သော်လည်း သူမကတော့ မမျှော်လင့်ပါ။
ထိုအချိန်မှာပင် ခံတပ်၏ အတွင်းပိုင်းအနက်ရှိုင်းဆုံးနေရာ၌ ပိုင်ကျိသည် ငြိမ်သက်စွာထိုင်နေသည်။
သူ၏ခန္ဓာကိုယ်သည် ဖန်ကဲ့သို့ ကြည်လင်ပြီး အပြစ်အနာအဆာ ကင်းမဲ့နေ၏။
နတ်ဆိုးကြေးမုံမှ ရုပ်ပုံများစွာသည် သူ့စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာပြီး၊ သူ့မျက်လုံးထဲတွင် နာကျင်သလိုခံစားချက်တစ်ခုဖြတ်ပြေးသွားသည်။တပြိုင်နက်တည်းမှာပင် အနက်ရောင်စွမ်းအင် တစ်ခုကသူ၏ခန္ဓာကိုယ်မှ ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက်မှာပင် နှလုံးသားမဲ့ကြာပန်းက မှိန်ဖျော့ဖျော့ အလင်းရောင် ထုတ်လွှတ်လိုက်ပြီး၊ သူ၏နဖူးပေါ်က အနက်ရောင်စွမ်းအင်ကို ဖယ်ရှားပစ်လိုက်သည်။
ပိုင်ကျိ၏ မျက်လုံးများက ပကတိအတိုင်းပြန်လည်ကြည်လင်သွားသည်။
"ဒီအကြောင်းတွေ စဉ်းစားတာ တော်ပြီ။ အခုချိန်မှာ အရေးကြီးဆုံးကိစ္စက...နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ ရှန်ရန်ရန်ကို ဖြေရှင်းဖို့ပဲ"
ပိုင်ကျိငြိမ်သက်စွာစဥ်းစားနေစဥ် မဟာအဓိပတိတစ်ဦး ဝင်လာခဲ့သည်။
"ဧကရာဇ်.. မကြာခင်ကပဲ အကြွင်းမဲ့သခင်မဘက်ကတိုက်ခိုက်မှုတွေ အားနည်းသွားပါတယ်၊သူတို့ကဝိုင်းရံထားပေမယ့် ဆက်ပြီး မတိုက်ခိုက်ပါဘူး။ ဒါက ဘာကို ဆိုလိုတာလဲ"
မဟာအဓိပတိသည် စိုးရိမ်နေပုံရပြီး ထိုအခြေအနေသည် ကောင်းသောအရာလား ဆိုးသောအရာလား သူတို့မသိကြပါ။
ဝိုင်းရံထားရုံသာရှိပြီး မတိုက်ခိုက်ခြင်းက သူတို့အတွက် ခဏတာ ဘေးကင်းနေသည်၊ တိုက်ပွဲကြောင့် မည်သူမှ မဒဏ်ရာရ၊ သေဆုံးခြင်းလည်း ရပ်တန့်သွား၏။
သို့သော် အကြွင်းမဲ့သခင်မက အားဖြည့်ပြီး
အပြည့်အဝ တိုက်ခိုက်လာမည်ဆိုလျှင်တော့ မည်သူမှ တားဆီးနိုင်မည့်အနေအထားမရှိဘဲ လျူဖုန်းနယ်မြေဘုံသည် ပျက်စီးသွားရန်သေချာနေလေပြီ။
ပိုင်ကျိ၏ မျက်လုံးများက ကျဥ်းမြောင်းသွားသည်။
သူကမတတ်နိုင်သလို သက်ပြင်းချ၏။
"သူက..ငါတို့ဆရာကို စောင့်ချင်နေတာလား"
အနှစ် ၂၀ ကြာပြီးနောက် နတ်ဆိုးတစ်သောင်းတံခါးပွင့်လာမည်ဖြစ်ပြီး ဆရာသည်လည်း တံခါးထဲသို့သေချာပေါက်ဝင်မည်ဖြစ်သည်။
"ရန်ရန်... သတ်ဖြတ်မှုက နတ်ဆိုးကူးစက်မှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"
ပိုင်ကျိ ညင်သာစွာ သက်ပြင်းချလိုက်မိသည်။
ဗုဒ္ဓသည် နတ်ဆိုးဖြစ်သွားပြီးနောက် ထိုနတ်ဆိုးကြီးကို နတ်ဆိုးတစ်သောင်းတံခါးတွင် အကျဉ်းချထားခဲ့သည်။
သို့သော်လည်း သူ၏ဆိုးယုတ်သောအတွေးများကြောင့် လူသားများတွင် နှလုံးသားနတ်ဆိုးများဖြစ်ပေါ်လာပြီး သဘာဝအတိုင်းသေဆုံးသောအခါ နတ်ဆိုးမျိုးစေ့များ ဖြစ်လာခဲ့၏။
နတ်ဆိုးမျိုးစေ့များဆိုသည်မှာ သဘာဝအတိုင်းသေဆုံးပြီးမှ ဖြစ်လာသော လူသားနတ်ဆိုးများကို ခေါ်ဆိုခြင်းဖြစ်သည်။
အချိန်ကြာသည်နှင့်အမျှ နတ်ဆိုးမျိုးစေ့များ တစ်စစများပြားလာခဲ့လျှင် လောကတစ်ခုလုံး ရူးသွပ်မှုကြီးထဲသို့ ကျရောက်သွားပေလိမ့်မည်။
သူတို့၏ အရေအတွက်က သတ်မှတ်ချက် တစ်ခုသို့ ရောက်သွားသည်နှင့် လျူဖုန်းနယ်မြေဘုံမှ သက်ရှိအားလုံးသည် အသက်ရှင်ရန် နည်းလမ်း ရှိတော့မည် မဟုတ်ပေ။
ရှန်ရန်ရန်သည် သတ်ဖြတ်ခြင်းများမှတစ်ဆင့် နတ်ဆိုးမျိုးစေ့များကို ဖယ်ရှားမည်ဆိုကာ တောင်မြောက်စစ်ပွဲကို စတင်ရန် မြောက်ပိုင်းဒေသသို့ သွားခဲ့ခြင်း ဖြစ်ပါသည်။
သူမ၏ပစ်မှတ်က အဆင့်မြင့်ကျင့်ကြံသူများဖြစ်၏။ကျင့်ကြံဆင့်မြင့်မားသူများမှဖြစ်ပေါ်လာသော နတ်ဆိုးမျိုးစေ့များက သာမန်မျိုးစေ့များ အန္တရာယ်ကြီးမားသောကြောင့်ပင်။
သူသည် ထိုအရာကို မထောက်ခံသော်လည်း၊ မတားဆီးနိုင်သည်ခဲ့ပေ။
သူ၏ ကိုယ်ပိုင်အမြင်မှာတော့ သတ်ဖြတ်ခြင်းသည် နတ်ဆိုးကူးစက်မှုကို မဖြေရှင်းနိုင်ဟု အမြဲတမ်း ယုံကြည်သည်။
ပိုကောင်းသော ဖြေရှင်းနည်းက သေချာပေါက်ရှိကိုရှိရမည်။
သို့သော် ထိုအရာကို ယခုအချိန်ထိသူရှာမတွေ့ခဲ့ပါ။
ပိုင်ကျိက စိတ်ပျက်အားငယ်စွာခေါင်းယမ်းလိုက်သည်။
"ဘာပဲဖြစ်ဖြစ်၊ ဆရာ့အနေနဲ့.. တံခါးထဲကို မဝင်တာ ပိုကောင်းပါလိမ့်မယ်"
-------------------------
နတ်ဆိုးတစ်သောင်းတံခါးထဲတွင်ရှိသော နတ်ဆိုးတစ်သောင်းနန်းတော်တွင်ဖြစ်သည်။
သာမန် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရှန်ရန်ရန်၏မျက်လုံးများက မှေးစင်းကာ မှိန်ဖျော့ဖျော့ အပြုံးတစ်ခု ရှိနေသည်။
နန်းတော်ထဲရှိ အဓိပတိများသည် ကြောက်ရွံ့ခြင်းများစွာဖြင့် တုန်လှုပ်နေကြသည်။
"သခင်မ၊ ကျွန်တော်ကို အပြစ်ပေးပါ။ နတ်ဆိုးကြေးမုံကို မစောင့်ရှောက်နိုင်ဘဲ အဖြူရောင်ဧကရာဇ်ယူသွားနိုင်တာက ကျွန်တော်ရဲ့အမှားပါ"
ခရမ်းရောင်မျက်လုံးများရှိသော မဟာအဓိပတိသည် ကြောက်ရွံ့တုန်လှုပ်လျှက် မြေပြင်ပေါ်မှာ ဒူးထောက်နေ၏။
နတ်ဆိုးကြေးမုံသည် ရှန်ရန်ရန်၏ ရတနာ များထဲမှ တစ်ခု ဖြစ်သည်။
"ဟင်းဟင်း ဟင်းဟင်း..."
ရှန်ရန်ရန်က ရယ်မောလိုက်သောကြောင့် မဟာအဓိပတိကို ပို၍ပင် ထိတ်လန့်သွားစေသည်။
-"နင့်မှာ ဘာအမှားမှ မရှိဘူး၊ငါက နတ်ဆိုးကြေးမုံကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ယူခွင့် မပေးခဲ့ရင်၊ သူဘယ်လိုယူနိုင်မှာလဲ"
မဟာအဓိပတိသည် အနည်းငယ်စိတ်သက်သာသလိုခံစားရသော်လည်း၊ ခေါင်းငုံ့ထားဆဲရှိကာ စကားမပြောရဲသေးပါ။
ရှန်ရန်ရန်သည် စိတ်မရှည်စွာ လက်ဝှေ့ယမ်းလိုက်သောအခါမှ မဟာအဓိပတိသည် အမြန်ထလိုက်ကာ သက်ပြင်းချပြီးထွက်သွားပါသည်။
ခမ်းနားကျယ်ပြန့်သောခန်းမကြီးထဲတွင် ရှန်ရန်ရန်တစ်ယောက်တည်းသာကျန်နေခဲ့တော့သည်။
သူမက ကျေနပ်သလိုပြုံးနေဆဲဖြစ်သော်လည်း မျက်လုံးများထဲတွင်ဝမ်းနည်းရိပ်များသန်းလာခဲ့သည်။
သူမက အနည်းငယ်ဒေါသစွတ်သောအသံဖြင့် တီးတိုးရေရွတ်သည်။
"အချစ် ၊ ပုံရိပ်ရောင်ထဲကဘဝတွေအားလုံး ငါတို့အတူရှိခဲ့ကြတာလေ"
"ဘာလို့လဲ၊ ကျွန်မ ရှင်နဲ့အတူ သတ်ဖြတ်မှုတွေ၊ သေခြင်းတရားတွေကြားမှာ အမြဲရှိနေပေးခဲ့တာတောင်၊ရှင် အသိပြန်ဝင်လာတော့ ဘာလို့ ကျွန်မကို သတ်ချင်ရတာလဲ"
"ဘာလို့... ရှင့်ရဲ့ရတနာတွေကို ကျွန်မကို မကြည့်ခိုင်းတာလဲ"
"ရှင်က ကျွန်မကိုအမြင်မှန်ပေးခဲ့တာလား၊ ဒါမှမဟုတ် ကျွန်မက... ရှင့်ကို သိမ်းယူခဲ့တာလား"။
ရှန်ရန်ရန်ရဲ့ မျက်လုံးများ နက်ရှိုင်းသောလောဘအရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။
မည်သူမှမသိခဲ့ပါ။
အမှန်တရားမှာ ပိုင်ကျိသည် ဗုဒ္ဓဖြစ်၏။ ထို့အတူ မဟာနတ်ဆိုးလည်းဖြစ်သည်။
သူမကတော့...
သူမက အခြားသူမဟုတ်ပါ။မိစ္ဆာမပင် ဖြစ်လေသည်။
လွန်ခဲ့သောအချိန်က ကျိယွမ်သည် အနန္တအသွင်ကူးပြောင်းတံခါးထဲသို့ ဝင်ရောက်ခဲ့စဥ်က မဟာနတ်ဆိုး၏ ဘဝများစွာပါဝင်သောပုံရိပ်ယောင်ဆန္ဒနယ်ထဲသို့ ကျရောက်သွားခဲ့သည်။
သို့သော် ကျိယွမ်မှာ ထိုဇာတ်ရုပ်နေရာတွင် သရုပ်ဆောင်ခဲ့ရသည်။
ကျိယွမ်သည် နတ်ဆိုးတစ်သောင်းတံခါးတွင်သာ ရှိနေခဲ့သလို စာဝါငှက်ကလေးသည်လည်း နတ်ဆိုးတံခါးထဲတွင်သာ ရှိခဲ့သည်။နှစ်ယောက်စလုံးက မည်သည့်ဘဝကိုမှ မရောက်သလို မည်သည့်အတိတ်မှ မရှိခဲ့ပါ။
နှစ်ပေါင်းများစွာအကြာက သူမသည် မဟာနတ်ဆိုးနှင့်အတူ ဘဝပေါင်းများစွာတိုင်အောင် လောကကိုဖျက်ဆီးခဲ့သည်။
မဟာနတ်ဆိုးအသိပြန်ဝင်လာသောအခါ သူမကို သတ်ပစ်ချင်ခဲ့သည်။
သူမ၏ အကြံအစည်များအားလုံး အချည်းနှီး ဖြစ်သွားခဲ့လေ၏။
"မဟာနေမင်းဗုဒ္ဓ"
"မဟာနေမင်းကြာပန်း"
ထိုနာမည်များကို ရွတ်ရင်းမှ ရှန်ရန်ရန်၏ မျက်လုံးများထဲရှိ လောဘရိပ်များသည် ပိုမို ပြင်းထန်လာ၏။
မဟာနေမင်းကြာပန်းသည် မဟာနေမင်းဗုဒ္ဓပျံလွန်တော်မူပြီးနောက် ကျန်ရစ်ခဲ့သော ရတနာဓာတ်တော် ဖြစ်သည်။
သူမသာ ထိုရတနာကို ရရှိခဲ့ပါက၊ သူမ၏ မူလပုံသဏ္ဍာန်သည် အပြစ်အနာအဆာကင်းမဲ့သော ရွှေခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ရွှေခန္ဓာကိုယ်သည် မပျက်စီးနိုင်သလို မည်သူကမှ အနိုင်ယူ၍လည်း မရနိုင်တော့ပါ။
သူမသည် နဂါးများကိုပင် ဝါးမျိုနိုင်ပြီး၊ နှစ်ပေါင်းများစွာ ကြံစည်ခဲ့ရသော လျူဖုန်းနယ်မြေသည်လည်း သူမ၏ ကစားကွင်းမျှသာ ဖြစ်လာပါလိမ့်မည်။
ရှန်ရန်ရန်က ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
"ဒီလောကကြီးရဲ့အကျိုးအတွက် မဟာနေမင်းကြာပန်းကို ရှင် ကျွန်မကို ပေးရလိမ့်မယ်"
.............
ဝူကွေမြို့၌ဖြစ်သည်။
ကျိယွမ်က အလွန်သက်သောင့်သက်သာရှိစွာ ထိုင်နေ၏။
သူက ပို့ဆောင်ရေးခါးပတ်ပြားပေါ်မှ နတ်ဆိုးများကို ဓားကျိုးဖြင့် အေးအေးလူလူထိုင်ခုတ်ရင်းမှ ညည်းညူလိုက်သည်။
"ခြိုးခြံချွေတာရာကနေ ဖြုန်းတီးပစ်ဖို့က လွယ်ပေမဲ့၊ ဖြုန်းတီးနေကြလူက ခြိုးခြံဖို့ကတော့ တော်တော်ခက်ခဲတယ်။ အခုခေတ် နတ်ဆိုးတွေက ဘယ်လိုအမှိုက်တွေလဲ၊အလကားပဲ"
လက်ရှိတွင် ပို့ဆောင်ရေးခါးပတ်ပေါ်ရှိ နတ်ဆိုးများသည် အဓိပတိအဆင့်ဟူ၍ မူးလို့ရှုစရာပင် မပါဝင်တော့ပါ။
အများစုကမြေကမ္ဘာဒဏ္ဍာရီအဆင့်များသာ ရှိပြီး တစ်ချို့နေ့များဆိုလျှင် တိုင်းပြည်အစောင့်များပင် တစ်ကောင်တစ်လေ ပါလာတတ်သည်။
ထိုရှားပါးမှုကြီးက ကျိယွမ်အား အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။
ကျိယွမ်က စိတ်ညစ်ညစ်နှင့် ညည်းညူပြီးနောက် သူ၏လက်ကို လှုပ်ယမ်းလိုက်ရာ ရှေးဟောင်းကျောက်ပြားတစ်ခု သူ့လက်ထဲ ကျလာပါသည်။
ကျိယွမ်၏မျက်လုံးများက လက်ခနဲဖြစ်သွား၏။
[ကံကြမ္မာကျောက်တုံးအပိုင်းအစ၊ ၄င်း၏ဝိညာဉ်မှာ ကျဆုံးသွားပြီး ဗုဒ္ဓ၏လက်ထဲ၌ မြှုပ်နှံထားသည်]
နေ့တိုင်းလိုလို ကျိယွမ်သည် ကံကြမ္မာကျောက်တုံးကို ထုတ်ယူပြီး အသုံးဝင်သော အချက်ကလေးများ ရနိုင်မလားဟု စစ်ဆေးလေ့ရှိသည်။
သို့သော် ယနေ့ရရှိလိုက်သောအချက်အလက်ကတော့ မျှော်လင့်မထားသော ရလဒ်တစ်ခုဖြစ်နေပြီး ကျိယွမ်အံ့အားသင့်သွားသည်။
"ကံကြမ္မာကျောက်တုံးမှာ ဝိညာဉ်ရှိတာလား"
ကျိယွမ်က စဉ်းစားလိုက်သည်။
"အဲဒါဆို အခု သူကဘယ်ရောက်နေလဲ"
ကျိယွမ်သည် လှည့်စားတတ်သော ကံကြမ္မာကျောက်တုံးနှင့် အပြန်အလှန်ဆက်ဆံမှု သိပ်မရှိပါ။
ထိုအရာက လှည့်စားတတ်သောကြောင့် အခြားသူများလို သိချင်သောမေးခွန်းများကိုလည်း မေးချင်စိတ်မရှိပေ။
ကျိယွမ်က ကံကြမ္မာကျောက်တုံးကို နက်ရှိုင်းစွာကြည့်နေ၏။သူ၏စိတ်ထဲတွင် ဖြစ်တန်စွမ်းများစွာကို ပုံဖော်နေမိသည်။
"ဒါဆိုရင် ၊ မင်းက ဒီပြဿနာတွေကိုဖန်တီးနေတဲ့သူလား"
အတန်စဥ်းစားနေပြီးနောက် သူခေါင်းခါလိုက်သည်။
အချိန်ရှိပါသေးတယ် ဖြည်းဖြည်းပေါ့၊ငါ့မျက်စိကို လှည့်စားနိုင်တဲ့အရာဆိုတာ ရှိနိုင်လို့လား။
နတ်ဆိုးတစ်သောင်းတံခါး ဖွင့်ရန် အနှစ်နှစ်ဆယ် ကျန်သေးသည်။
လက်ရှိတွင် ဝူကွေမြို့သည် အလွန်စိတ်ချရလေပြီ။
လျူဖုန်းနယ်မြေ၏အနှစ်နှစ်ဆယ်သည် ကန်းလန်၌ နှစ်ရက်သာကြာမည်ဖြစ်သည်။
ငါ ဂိမ်းထဲက ခဏလောက်ထွက်လို့ရတာပဲ။
သို့သော်ဂိမ်းထဲမှမထွက်ခင် အချို့ကိစ္စများကို စီမံခဲ့ရန်လိုသည်။
"ဘာပဲပြောပြော ဒီအနှစ်နှစ်ဆယ်မှာ ငါ ကြိုးကြိုးစားစား တိုးတက်အောင် လုပ်ပြီး အဓိပတိတွေကို ပိုပြီး ဖန်တီးရမယ်။ရန်သူမှာ အဓိပတိအဆင့်တစ်သောင်းကြီးများတောင်ရှိတယ်"
"ငါ့မှာက အဓိပတိအဆင့်သုံးသောင်းလေးပဲ ရှိသေးတယ်။ ငါ လုံခြုံတယ်လို့ မခံစားရဘူး"
ကျိယွမ်သည် စိတ်ချထားမရသေးဟု ခံစားရသည်။
သူ၏ လုံခြုံရေးအတွက် အဓိပတိတွေကို ပိုပြီးဖန်တီးဖို့ လိုအပ်နေသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီး ခိုင်းထားတဲ့ တာဝန် ပြီးသွားပြီ"
ချန်းဟွမ်သည် စိတ်လှုပ်ရှားသော မျက်နှာဖြင့် ဝင်လာသည်။
ကျိယွမ်သည် အဖြူရောင်ဧကရာဇ်နန်းတော်မှ ပြန်လာပြီးနောက်တွင် လျူဖုန်းနယ်မြေကြီးတစ်ခုလုံး၏ ပထမဆုံးသော အရှင်သခင်အဖြစ် အားလုံးကလက်ခံလိုက်ကြသည်။
ကျိယွမ်က ချန်းဟွမ်အား အမိန့်တစ်ခုကို ဖြန့်ဝေခိုင်းလိုက်၏။
ချန်းဟွမ်ကလည်း ကမ္ဘာကို ကြေညာလိုက်သည်။
ဒဏ္ဍာရီလာနတ်ဆိုးတစ်သောင်းတံခါးတွင် နတ်ဆိုးများ ကျူးကျော်နေကြောင်း၊ မြေကမ္ဘာဒဏ္ဍာရီအဆင့်ရှိသူ မည်သူမဆို ဝူကွေမြို့သို့ လာနိုင်ကြောင်း၊ သွေးသခင်၏ သွန်သင်ချက်ကို နားထောင်ပြီး အဓိပတိများ ဖြစ်လာနိုင်ကြောင်းနှင့် လျူဖုန်းနယ်မြေကြီးကို အတူတကွကာကွယ်ရန်အတွက် နတ်ဆိုးတံခါးတွင် တိုက်ပွဲဝင်ရန် ဖြစ်ပါသည်။
"ငါ့ရဲ့ သွေးနန်းတော်ကို ဘယ်လောက်များများ ရောက်လာမယ်လို့ မင်း ထင်လဲ"
ကျိယွမ်က တက်ကြွစွာ မေးသည်။
"အနည်းဆုံး ငါးသောင်းကနေ ခြောက်သောင်းလောက်တော့ ဖြစ်ပါလိမ့်မယ်"
ချန်းဟွမ်သည် သတိထားပြီး ခန့်မှန်းလိုက်ခြင်းဖြစ်သည်။
လျူဖုန်းနယ်မြေတွင် မြေကမ္ဘာဒဏ္ဍာရီများသည် မရေမတွက်နိုင်အောင် ရှိနေသည်။
များပြားလွန်း၍ ယုံနိုင်စရာပင်မရှိပါ။သို့သော် အားလုံးက မြေကမ္ဘာဒဏ္ဍာရီအထွတ်အထိပ်များချည်း မဟုတ်ပေ။အစောပိုင်းအဆင့်နှင့် အလယ်အလတ်အဆင့်များလည်း ရှိနေသေးသည်။
"ငါးသောင်းကနေ ခြောက်သောင်းတည်းလား"
"အဲဒါဆို စစ်စစ်ပေါက်ပေါက်မှ တစ်သိန်း
လောက်ပဲရမှာပေါ့"
"အင်အားက သိပ်မလုံလောက်ဘူးဖြစ်နေတယ်၊အေးလေ..ထားပါတော့၊တစ်သိန်းဆိုလည်း မဆိုးပါဘူး၊ ငါ့နာမည်က မင်မင်းဆက်က စစ်နတ်ဘုရားဘုရင်ဆိုတဲ့လူလို မဖြစ်ဖို့တော့ မျှော်လင့်ရတာပဲ"
ချန်းဟွမ်မှာ ထိုစကားကိုနားမလည်သော်လည်း ကျိယွမ်၏ လောဘကြီးပုံကြည့်ပြီး ကူကယ်ရာမဲ့သလိုခံစားရ၏။
အဓိပတိ တစ်သိန်းကိုတောင် နည်းနေသေးတာလား။
ထိုမြင်ကွင်းမျိုးကို သူတစ်ခါမှစိတ်မကူးဘူးခဲ့ပါ။
"အစ်ကိုကြီး၊ နတ်ဆိုးတံခါးကို တိုက်တဲ့ တိုက်ပွဲမှာ ကျွန်တော့်ကို စစ်သူကြီး ပေးပါ။ ကျွန်တော်လည်း သမိုင်းမှာ နာမည်တစ်ခုကျန်ချင်တယ်"
"ကိစ္စ မရှိဘူး"
ကျိယွမ်က ခေါင်းငြိမ့်လိုက်သည်။
ချန်းဟွမ်သည် ကျိယွမ်သဘောတူလိုက်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် ကြိမ်းဝါးလိုက်သည်။
"ဒီတိုက်ပွဲကို အောင်ပွဲခံပြီး နတ်ဆိုးတစ်သောင်းတံခါးထဲက နတ်ဆိုးတွေကို မောင်းထုတ်ပစ်မယ်"
ထိုအခိုက် ကျိယွမ်တစ်စုံတစ်ခုကို တွေးမိသလို ရုတ်တရက် တင်းမာသွားသည်-
"မကောင်းတော့ဘူး"
"အစ်ကိုကြီး ဘာဖြစ်တာလဲ"
ကျိယွမ်၏ အမူအရာကြောင့် ချန်းဟွမ် စိုးရိမ်သွားကာ ချက်ချင်းမေးလ်ုက်သည်။
ငါကစစ်သူကြီးတောင်မဖြစ်သေးဘူးလေ ၊ရာထူးက ချက်ချင်းပြုတ်ပြီလား။
"ငါ မှတ်မိတာ မှန်တယ်ဆိုရင်၊ ငါ့ရဲ့ နောက်ဆုံးတရားပွဲမှာ ငါ့ကိုလာမိတ်ဆက်တဲ့ ဝမ်ကျန်းဆိုတဲ့ အဓိပတိ တစ်ယောက်ပါသလိုပဲ"
"ပါသလိုလိုပဲ သိပ်တော့မမှတ်မိဘူး... အစ်ကိုကြီး၊ သူ့မှာ ပြဿနာ ရှိလို့လား"
ချန်းဟွမ်၏ မျက်နှာကလည်း တင်းမာသွားသည် ။သူက သစ္စာဖောက်ဟူလျှင် အသံကိုပင် မကြားချင်တော့ပါ။
"သူ့ကို ဒီတိုက်ပွဲထဲမှာ မခေါ်နဲ့"
ကျိယွမ်၏ မျက်နှာထားက လေးနက်သွားသည်။
"အဲဒီကောင်က သူလျှိုလား"
ချန်းဟွမ်၏မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်က ချက်ချင်းထွက်ပေါ်သည်။
"မဟုတ်ဘူး၊ သူ့ရဲ့ နာမည်က ကံမကောင်းလို့"
"အမ်"
ချန်းဟွမ် ဘာပြန်ပြောရမှန်းမသိတော့ပါ။
ကျိယွမ်က ဆက်ပြောသည်။
"ဝမ်ကျန်းရှိနေရင် ငါ တကယ်ပဲ မင်မင်းဆက်ကစစ်နတ်ဘုရားဘုရင် ဖြစ်သွားလိမ့်မယ်"
ချမ်းဟွန်သည် ခေါင်းပူမတတ်တွေးကြည့်သော်လည်း ထိုစကား၏အဓိပ္ပါယ်ကိုရေးရေးမှ နားမလည်ပါ။
ကျိယွမ်ကတော့ သူ၏ဆုံးဖြတ်ချက်က ပညာရှိရာရောက်သည်ဟုတွေးကာ ဂုဏ်ယူနေ၏။
သူ၏ ယခင်ဘဝ ၂၁ ရာစုကမ္ဘာတွင် မင်မင်းဆက်၏စစ်နတ်ဘုရားဟုပင် တင်စားခေါကြသော ဘုရင်ကျူးချီကျန့်သည် စီမံခန့်ခွဲရေးဌာနအကြီးအကဲ ဝမ်ကျန်း၏ သွေးဆောင်မှုအောက်မှာ စစ်သည်နှစ်သိန်းကို ဦးဆောင်ပြီး ကိုယ်တိုင် စစ်ချီခဲ့ရာ ရန်သူစစ်သည်သုံးသောင်းကိုပင် ရှုံးနိမ့်ပြီး ကျူးချီကျန့် ကိုယ်တိုင်လည်း ဖမ်းဆီးခံခဲ့ရသည်။
ထိုသမိုင်းကို တုမုရဲတိုက် အဖြစ်အပျက်ဟု လူသိများကြောင်း သူမှတ်မိနေသေးသည်။
ကျိယွမ်သည်လည်း ယခုအချိန်၌ နတ်ဆိုးတံခါးကို လူအင်အားသိန်းချီဖြင့် တိုက်ခိုက်တော့မည်ဖြစ်သည်။
ဒါက တော်တော်လေး တူနေတာ ၊ပေါ့လို့မဖြစ်ဘူး။
ချန်းဟွမ်ကနားမလည်သော်လည်း ခေါင်းညိတ်လိုက်၏။
"ဝမ်ကျန်းလို့ နာမည်ရှိတဲ့ ဘယ်သူ့ကိုမှ ကျွန်တော်တို့နဲ့အတူ ထွက်ခွာခွင့် မပြုပါဘူး"
"အေး..အဲဒါဆို ငါခဏအနားယူဦးမယ်၊ဒီကြားထဲမှာ ဆောင်ရွက်စရာတွေ မမေ့နဲ့"
"ဟုတ်ကဲ့ပါအစ်ကိုကြီး"
ချန်းဟွမ်ကပြန်လည်ထွက်ခွာသွားခဲ့သည်။
ကျိယွမ်က သူ၏ကျောပြင်အကြည့်ကာ သက်ပြင်းချ၏။
"တော်သေးတာပေါ့ ၊ဒီကောင် ငါ့ကို အဖေမခေါ်တော့လို့"
....................
ကျိယွမ်သည် ရင်းနှီးသော သစ်သားအိမ်လေးထဲသို့ ပြန်ရောက်လာခဲ့သည်။
သို့သော် သူ၏စိတ်ထဲတွင် အမှတ်ရစရာပုံရိပ်များစွာသည် ဒီရေလှိုင်းကဲ့သို့ စီးဝင်လာနေသည်။
ကျိယွမ် ခေါင်းကိုက်လာတော့သည်။
ဝေဒနာက ဆိုးသထက်ဆိုးလာ၏။
"မေ့လိုက်"
အမှတ်တမဲ့ဖြင့် သူက မဟာမေ့လျော့ခြင်းစွမ်းရည်ကို သုံးမိလေသည်။
အမှတ်ရစရာပုံရိပ်များ ငြိမ်သက်သွားပြီး ခေါင်းကိုက်ဝေဒနာမှာ သိသိသာသာသက်သာသွား၏။
ကျိယွမ်ပျော်ရွှင်သွားသည်။
" ငါနားလည်ခဲ့တဲ့ မူလစွမ်းအားက ဒီနေရာထိပါလာတာပဲ ၊ကောင်းလိုက်တာ"
"ဒါဆိုရင် ဝိညာဉ်လက်နက်ကရော..."
သူသည် တစ်စုံတစ်ရာကို ခံစားမိသလို ရှိ၏။
သူသာအလိုရှိလျှင် သွေးနီရောင်ဓားရှည်ကို ဆင့်ခေါ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။
ရုတ်တရက်သူက ဂိမ်းထဲမှအမှတ်တရများကို သတိရမိလာပြန်သဖြင့် အာရုံပြောင်းလိုက်သည်။
"တော်လိုက်တော့ အခုက အလင်းနန်းတော်ကို ရင်ဆိုင်ဖို့ လိုနေတာ"
သူက လက်ရှိပြဿနာကို ရှေ့တန်းတင်ကာ စဥ်းစားနေသည်။
"ဂိမ်းထဲမှာ ငါအကွက်တစ်ခု သင်ယူခဲ့တယ်လေ၊ ဂုဏ်သတင်းမွှေးနေတဲ့ အလင်းနန်းတော်ကို အပုပ်ချရမယ်"
သူကထိုနည်းလမ်းကို ခရမ်းရောင်ကောင်းကင်သခင်မထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။
"ပထမဆုံးအနေနဲ့ ငါရှင်းဟွာဂိုဏ်းမှာ စာ တင်ဖို့ လိုတယ်၊ အဲဒါဆိုသူတို့က သေချာပေါက် ဖွမှာပဲ"
ဒါပေမယ့် ငါ့မှာ ဒုတိယအကောင့် မရှိဘူး"
ကျိယွမ်က ပေါ့ပေါ့ဆဆမလုပ်တတ်ပါ။
မဟုတ်မဟပ်အလုပ်များကို သူ၏အော်ဖစ်ရှယ်အကောင့်မှ မလုပ်ချင်ပေ။
"ငါ အခု အကောင့်တု လိုနေတာ"
ကျိယွမ်၏ မျက်ဝန်းများက လင်းလက်သွားသည်။
"ညီမလေး ကူညီပါဦး"
ကျိယွမ်သည် အသံပြဲကြီးနှင့်အော်ဟစ်ကာ သစ်သားအိမ်လေးထဲကနေ ပြေးထွက်သွားတော့သည်။
သူ၏အော်သံကြောင့် ကျန်းလင်းစုသည် ကောက်ရိုးအိမ်လေးထဲမှ စိတ်မသက်မသာဖြင့်ထွက်လာ၏။
"အစ်ကိုကြီး၊ ဘာဖြစ်လို့လဲ"
"ညီမလေး၊နင့်မှာ ဒုတိယအကောင့် တစ်ခုခု ရှိလား၊ ငါ အရေးတကြီး လိုနေလို့"
ကျိယွမ်က အရေးတကြီး ပြောလိုက်သော်လည်း ကျန်းလင်းစုက နားမလည်ပါ။
ကျန်းလင်းစူးသည် ကျိယွမ်ကို စိတ်ရှုပ်သလို ကြည့်သည်။
"ရှင်းရှင်းလင်းလင်း ပြောပါ"
"ဒုတိယအကောင့်လေ"
ကျန်းလင်းစု၏မျက်လုံးများက ရှုပ်ထွေးနေဆဲပင်။
"ဒီလိုဟာ...."
ကျိယွမ်မှာ သူမ နားလည်အောင် တော်တော်လေး ရှင်းပြလိုက်ရသည်။
၇ ခေါက်လောက်ရှင်းအပြီးမှာတော့ ကျန်းလင်းစု နားလည်သွားလေသည်။
"အစ်ကိုကြီးက ဘာလို့ ဒုတိယအကောင့်တွေ လိုအပ်ရတာလဲ"
ကျန်းလင်းစုက မေးလိုက်ပြီးမှ လက်ခါပြသည်။
"မမေးတော့ဘူး ၊ အစ်ကိုကြီးကို အကောင့်တချို့ ပေးနိုင်ပါတယ်၊
ဒါပေမယ့်... ဒီ အကောင့်တွေက ဈေးမပေါဘူး၊အစ်ကိုကြီးက ဘယ်လို ပြန်ဆပ်မှာလဲ"
ကျိယွမ် ဝမ်းသာအားရ ဖြစ်သွားသည်-။
"ညီမလေး ၊ နင်က ဒုက္ခရောက်နေသူတွေကို ကယ်တင်တဲ့ သက်ရှိ ဗောဓိသတ္တတစ်ပါးပဲ"
သူ၏ညီမလေးသည် ရွှေပေါင်လုံးကြီးဖြစ်သည်။သူက အမိအရဖမ်းဆုပ်ထားရန်လို၏။
"ဘာပြန်ပေးမှာလဲဆိုတာ မပြောသေးဘူး"
ကျိယွမ် ခေါင်းစားသွားသည်။
"နင့်ရဲ့ကောက်ရိုးအိမ်လေးကို ငါ့သစ်သားအိမ်လို အဆင့်မြင့်သွားအောင်လုပ်ပေးရမလား"
ကျန်းလင်းစု မဲ့သွားသည်။
အဲဒီလိုသစ်သားအိမ်စုတ်က အဆင့်မြင့်တယ်တဲ့လား။အလုပ်သမားတွေတောင် မနေဘူး။
"တခြားဘာများ ရှိသေးလဲ"
ကျိယွမ် ခေါင်းကုတ်သွား၏။
အတန်ကြာမှ သူကတိုးတိုးလေး ပြောသည်။
"ငါ့မှာ နင့်အတွက် လျှို့ဝှက်သတင်းတစ်ခုရှိတယ်"
"တကယ်လား ၊ဘာ သတင်းလဲ"
ကျန်းလင်းစု စိတ်ဝင်စားသွားပုံရသည်။
"အလင်းနန်းတော်က. ပျက်စီးတော့မှာ"
ကျိယွမ်က လုံးဝကို တိုးတိုးလေးပြောလိုက်သည်။
"ဟမ်"
ကျန်းလင်းစု ထိတ်လန့်သွားလေ၏။
"ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ကြီးရှင်တစ်ယောက်က အလင်းနန်းတော်ကို တိုက်ခိုက်တော့မယ်။ အလင်းနန်းတော်က သုံးလတောင် ခံနိုင်မှာ မဟုတ်ဘူး။"
"နင် အခုပဲ အလင်းနန်းတော်ကနေ ဝိညာဥ်ကျောက်တုံးတွေချေးလိုက်တော့၊သူတို့ပျက်စီးသွားရင် နင်ပြန်ဆပ်စရာမလိုတော့ဘူး၊သူများတွေဆို ချေးနေကြတာ ကြာပြီ"
"တကယ်လား"
ကျန်းလင်းစုက အံ့သြသွားသော်လည်း မယုံပါ။
ငါဘာလို့ သတင်းတစ်ခုမှ မရခဲ့တာလဲ။တကယ်မဟုတ်လို့လား။
"လုံးဝ အမှန်ပါဆို။ ငါလိမ်ရင် ခွေးဖြစ်ပါစေ"
ကျိယွမ်က အလေးအနက် ပြောနေသဖြင့် ကျန်းလင်းစုက ခေါင်းညိတ်လ်ုက်သည်။
"ဒါဆို ဒီတစ်ခါတော့ ရှင့်ကိုယုံကြည်ပြီး၊ အိတ်ဆောင်ငွေအဖြစ် ဝိညာဉ်ကျောက်တုံး လေး ငါးထောင်လောက်တော့ ချေးလိုက်ပါ့မယ်"
သူမက ထိုမျှသာပြောပြီး အိမ်ထဲသို့ပြန်ဝင်သွားတော့သည်။
-----------------------
ကျိယွမ်က သူ၏အကောင့်တုကို သွေးဝတ်စုံဓားနတ်ဘုရားဟု အမည်ပေးကာ ရှင်းဟွာအဖွဲ့ ထဲသိူ့ ဝင်လိုက်သည်။
"ဝိုး၊ ဘာဖြစ်တာလဲဟ"
ကျိယွမ်၏ မျက်ခုံးများမြင့်တက်သွား၏။
"ဘာလို့ ပြောလိုက်ရင် လန့်သွားမယ်ဆိုတဲ့ခေါင်းစဥ်တွေ အများကြီးရှိနေတာလဲ"
သူ ဖိုရမ်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်စဥ်က ခေါင်းစဉ်များအားလုံးသည် သိမ်မွေ့ပြီး ပုံမှန်ဖြစ်ခဲ့သည်။
ယခုတော့ သူတို့အားလုံးက ပြောလိုက်ရင်လန့်သွားမယ်နဲ့ချည်း စထားကြသည်။
ဘာကိစ္စတွေမိုလို့ ပြောလိုက်ရင်လန့်သွာမှာလဲ။
သူက ထိုပိုစ့်များကို စပ်စုချင်သော်လည်း အရေးကြီးကိစ္စကို မမေ့သေးပါ။
ကျိယွမ်က ခေတ္တစဉ်းစားပြီးနောက် သူ၏ပထမဆုံးပိုစ့်ကို တင်လိုက်သည်။
"ဓားနတ်ဘုရား အိမ်ပြန်ရောက်သော်၊ သမီးသည် ခွေးအိမ်၌ နေရရှာသည်။ အလွန်ရိုင်းစိုင်းသော အလင်းနန်းတော်"
"ငါသည် သွေးဝတ်စုံ ဓားနတ်ဘုရား ဖြစ်၏၊ တစ်ချိန်က ကန်းလန်တိုက်ကြီးအတွက် တိုက်ပွဲဝင်ခဲ့ပြီး၊ အသက်နှင့်ရင်းကာ စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ပေးခဲ့သည်။
တစ်လအကြာ၌ ဆက်သွယ်ရေးကျောက်စိမ်းတွင် သတင်းရောက်လာသဖြင့် ငါ ဖြေကြားလိုက်သောအခါ သမီး၏ ဝမ်းနည်းစွာ ငိုကြွေးသံကို ကြားလိုက်ရသည်။
အိမ်သို့ပြန်ရောက်သည့်အခါတွင် ငါ၏ချစ်သမီးလေးသည် ခွေးအိမ်ထဲတွင် နေထိုင်နေရသည်ကို ရင်နာစဖွယ် တွေ့ရသည်။
ပြစ်မှုကျူးလွန်သူက အလင်းနန်းတော်ဖြစ်လေ၏။
သူတို့သည် နိုင်ငံတစ်ရာ သွေးစစ်ပွဲကို စတင်ခဲ့ပြီး၊ အရပ်သားများကိုလည်း အနိုင်ကျင့်ခဲ့သည်၊ ငါ၏ ဂူအိမ်လေးကိုလည်း သိမ်းပိုက်ခဲ့သည်။
ကန်းလန်တိုက်ကြီးအတွက် အသက်သွေးချွေးများရင်းကာ စွန့်လွှတ်ပေးခဲ့သော ငါ သွေးဝတ်စုံဓားနတ်ဘုရား၏ သမီးသည် ခွေးအိမ်ထဲတွင် နေနေရသည်။
ငါ သွေးဝတ်စုံဓားနတ်ဘုရားက အသက်နှင့်ရင်းရပါစေ ၊ တရားမျှတမှုကို ရှာဖွေရလိမ့်မည်။
ကျိယွမ်သည် နောက်ထပ် ဒုတိယအကောင့်ကို ထပ်သုံးပြန်သည်။
"အလင်းနန်းတော်၏ ယုတ်ညံ့မှု"
ကျွန်တော်သည် တိုင်းပြည်တစ်ရာထဲမှ လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်၊ ဆန္ဒခုနစ်ပါး နတ်ဆိုးသခင်ဟု ခေါ်သော်လည်း၊ ကြင်နာတတ်သော နှလုံးသားရှိပြီး ကြက်ကလေးများကိုပင် မသတ်ရက်ပါ။ ထိုကြောင့် ကြက်လေးများကို ကြင်နာစွာမွေးထားခဲ့သည်။
တစ်ကြိမ်တွင် အလင်းနန်းတော်မှ အထူးသံတမန်သည် ကျွန်တော်၏တိုင်းပြည်ကို ရောက်လာပြီး ကြက်များကို သဘောကျသည်ဟုဆိုကာ ဖမ်းယူသွားပြီး မမွေးမြူဘဲ ချက်ပြုတ်စားခဲ့သည်။ထိုနေ့မှစ၍ တစ်ကောင်လည်း မဟုတ် နှစ်ကောင်လည်းမဟုတ် ခဏခဏလာဖမ်းပြီး သတ်စားနေတော့သည်။တောင်းပန်ခဲ့သော်လည်း ရက်စက်စွာတုန့်ပြန်၏။
သူတို့က ကျွန်တော့်ရဲ့ကြက်တွေကို ယူသွားတာ မဟုတ်ပါဘူး၊ ကျွန်တော်ကြင်နာစွာကျွေးမွေးပြုစုလာတဲ့ ကျွန်တော့်မိသားစုကို ယူသွားပဲဖြစ်ပါတယ်၊"
"ကျွန်တော်လို လေလွင့်ကျင့်ကြံသူက အဖော်အဖြစ်မွေးထားတဲ့ကြက်ကလေးတွေကိုတောင် အလွတ်မပေးတဲ့သူတွေ"
"မင်းတို့လည်း တန်ပြန်ခံစားရပါစေ"
ကျိယွမ်သည် သူရေးခဲ့သော စာများကို ပြန်ဖတ်ကြည့်ပြီး ကျေနပ်သလို ခံစားရသည်။
ငါ့ရဲ့စာပေပါရမီက မဆိုးဘူးပဲ၊၂၁ရာစု ကမ္ဘာကိုသာပြန်သွားရင် ပြည်သူ့နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ်တောင် ဖြစ်နိုင်တယ်။
ကျိယွမ်က ပိတီဖြာနေရင်းမှ သူ၏ပိုစ့်များကို ဖြန့်ဝေရန် ဆက်လက်လုပ်ဆောင်လိုက်သည်။
"ငါ့သတင်းတွေကို အရှိန်မြှင့်ရမယ်"
ကျိယွမ်က သူ၏မူလအကောင့်အားပြန်ဝင်ကာ ဧကရာဇ်လေးပါးအဖွံ့ထဲသို့ ဝင်ရောက်လိုက်သည်။
"ဒီကောင်တွေဆီက အကူအညီတောင်းဖို့လိုနေပြီ"
-------------------------