← Chapters

သမိုင်းလောက်ကိုအသာထား ၊ဒဏ္ဍာရီတွေထဲမှာတောင် မကြားဖူးတဲ့အရာ

Vol. 10 Ch. 134

သမိုင်းလောက်ကိုအသာထား ၊ဒဏ္ဍာရီတွေထဲမှာတောင် မကြားဖူးတဲ့အရာ

Vol. 10 Ch. 134

ဝမ်ချန်းလွင်ပြင်ထဲတွင် အကြွင်းမဲ့သခင်မသည် အဖြူရောင်ဝတ်ရုံက်ုဝတ်ဆင်ထားသည်။သူမ၏မျက်လုံးများက နက်ရှိုင်းနေပြီး အကြံအစည်များကို အမြဲဖုံးကွယ်ထားပုံရသည်။

လွင်ပြင်တွင်ရှိသော အဖြူရောင်ဧကရာဇ်၏ နောက်ဆုံးခံတပ်သည် သေးငယ်သောအစုအဝေးလေးတစ်ခုအဖြစ်သို့ တဖြည်းဖြည်းကျုံ့ဝင်အောင် ဝန်းရံထားခြင်းကို ခံနေရ၏။

အဓိပတိတစ်သောင်းနီးပါးနှင့်အတူ အဓိပတိတစ်ရာကျော်က ခံတပ်ကို လုံးဝပိတ်ဆို့ထားသည်။

ယခုအအချိန်၌ နတ်ဆိုးတစ်သောင်းတံခါးလည်း ပွင့်လာပြီဖြစ်သောကြောင့် ရှန်းရန်ရန်၏အစီအစဥ်သည် တစ်ဝက်ကျော်ခန့်ပြီးမြောက်နေပြီဟု ဆိုနိုင်လေသည်။

မဟာနေမင်းကြာပန်း၏ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေသည့်

ခံတပ်ကိုကြည့်ကာ လောဘစိတ်များက သူမ၏ မျက်လုံးထဲတွင် တဖွားဖွားပေါ်လွင်လာ၏။

"ဒါက... ငါ့အပိုင်ဖြစ်လာမှာ။ ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး"

နှစ်ပေါင်းများစွာ စီစဉ်ခဲ့ပြီးနောက် ဆုလာဘ်ကိုရရယူန် အလွန်နီးကပ်လာခဲ့လေပြီ။

မဟာနေမင်းနတ်ဗုဒ္ဓနတ်ရွာစံချိန်က ချန်ထားခဲ့သော မဟာနေမင်းကြာပန်းသည်အမြင့်မြတ်ဆုံး ရတနာတစ်ခုဖြစ်သော်လည်း အညစ်အကြေးများဖုံးလွှမ်းနေသည့် အရေးမပါသော သာမန်ကြာပန်းတစ်ပွင့်အဖြစ် သဘောထားခံနေရ၏။

ငါ့လက်ထဲရောက်လာမှ သူရဲ့တန်ဖိုးကို လောကကြီးကသိလိမ့်မယ်။

ထိုအချိန်ရောက်လျှင် သူမ ဖျက်ဆီးခဲ့သော လျူဖုန်းနယ်မြေနှင့် နတ်ဆိုးတစ်သောင်း နယ်မြေတို့သည် သူမ၏ စစ်မှန်သောကောင်းကင်ဘုံဥယျာဉ်အလား ဖြစ်လာလိမ့်မည်။

ထို့ပြင် သူမသည်လည်း ပို၍မြင့်မားစွာ တက်လှမ်းနိုင်မည် ဖြစ်၏။

"အကြွင်းမဲ့အရှင်မ၊ ကျွန်တော်တို့ ဘယ်အချိန်မှာ အလုံးအရင်းနဲ့ တိုက်ခိုက်မလဲ"

မဟာအဓိပတိတစ်ဦးသည် သူမ၏ဘေးနားတွင်ရပ်နေရင်း အနည်းငယ်ရှုပ်ထွေးမှုကို ခံစားနေရလေ၏။

အကြွင်းမဲ့အရှင်မသည် ခံတပ်ကို နှစ်ပေါင်းနှစ်ဆယ်ကြာအထိ ဝိုင်းထားသော်လည်း တိုက်ခိုက်ခြင်းမပြုခဲ့ပေ။

အဘယ်ကြောင့် ထိုသို့ ပြုလုပ်ရသည်ကို သူ တို့ နားမလည်နိုင်ခဲ့ပါ။

ယခုအချိန်တွင် နတ်ဆိုးတစ်သောင်းတံခါးဝလည်း ပွင့်သွားပြီဖြစ်သောကြောင့် ချက်ချင်းလုပ်ဆောင်သင့်သည်မှာ အဖြူရောင်နန်းတော်၏ လက်ကျန်တပ်ဖွဲ့များကို ချေမှုန်းပြီး လျူဖုန်းနယ်မြေကို လုံးဝ ထိန်းချုပ်ရန် ဖြစ်သည်။

"သွေးသခင်ကို ဖမ်းပြီးရင် အလုံးအရင်းနဲ့ တိုက်ခိုက်မယ်"

ရှန်ရန်ရန်တွင် သူမ၏ကိုယ်ပိုင်အစီအစဉ်များ ရှိနေပါသည်။

ပိုင်ကျိ သို့မဟုတ် ဗုဒ္ဓသည် မရေမတွက်နိုင်သော ဘဝများအတွက် သံသရာလည်နေပြီး အတိတ်ကလို ကြီးမားသောစွမ်းအားများ မရှိတော့ပါ။

သို့သော်လည်း... သူ့ကို ဖမ်းဆီးရန်မှာလည်း လွယ်ကူသော အလုပ်မဟုတ်ပေ။

သူမ၏ အားသာချက်မှာ ကျင့်ကြံခြင်းသို့မဟုတ် တာအိုလမ်းစဥ် လုံးဝမဟုတ်ပါ။ လူတို့၏ စိတ်နှလုံးကို ခြယ်လှယ်ခြင်းသာ ဖြစ်သည်။သူမက လူ့သဘာဝကို ကောင်းစွာအသုံးချနိုင်၏။

ထို့ကြောင့် အတိတ်ဘဝများကတည်းက ဗုဒ္ဓ သည် သူမထက် အဆများစွာ သန်မာနေသော်လည်း သူမ၏ လက်ဖဝါးထဲတွင် ကစားခံခဲ့ရပြီး မဟာနတ်ဆိုး ဖြစ်လာခဲ့ရသည်။

ထိုဖြစ်တည်မှုကြောင့်ပင် လောက၏ နတ်ဆိုးမျိုးစေ့များကိုလည်း ဖန်တီးခဲ့ပြီးသားဖြစ်သွားသည်။

"မကြာခင် ကြောင်နတ်ဆိုးမ ပြန်ရောက်လာတော့မယ်"

လူသားမဟာအဓိပတိသည် သူမအားစိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။

သူသည် ကြီးကျယ်ခမ်းနားသော အခိုက်အတန့်ကို မြင်တွေ့ရတော့မည်ဟုတွေးကာ ပို၍စိတ်လှုပ်ရှားလာ၏။

သို့သော် သူက အနည်းငယ်စိတ်ပူနေ​၏။

"သွေးသခင်က အရမ်းသန်မာနေရင် ဒါမှမဟုတ် အကူအညီတွေရှိနေရင်ရော ။ကြောင်နတ်ဆိုးမက သူကိုဖမ်းနိုင်ပါ့မလား"

"သူ ဘယ်လောက်ပဲ သန်မာသန်မာ မဟာအဓိပတိအဆင့်ပဲ ဖြစ်​မှာပေါ့၊လျူဖုန်းနယ်မြေတစ်ခုလုံးက အကူအညီရရင်တောင် သူအနေနဲ့ လူဘယ်နှစ်ယောက်ရမှာလဲ၊ကြောင်နတ်ဆိုးမလက်ထဲက ထွက်ပြေးရင်တောင် သူဒီကိုလာမှာပဲ၊စာဝါငှက်က ဒီမှာလေ"

ရှန်းရန်ရန်သည် သွေးသခင်ကို အကြောင်းတချို့ကြောင့် စိတ်ဝင်စားသော်လည်း ပိုင်ကျိလောက်တော့ စိတ်မဝင်စားပါချေ။

သွေးသခင်ထံမှ မည်သည့် နတ်ဘုရားအော်ရာကိုမျှ မခံစားမိဖူးခဲ့ပါ။ ထို့ကြောင့် သူ့ကို စိုးရိမ်ပူပန်နေစရာ မလိုအပ်ကြောင်းလည်း သူမသိခဲ့ပြီးသားပင်။

သူသည် မည်မျှပင် ထူးချွန်ထက်မြက်သူ သို့မဟုတ် ထူးခြားသူ ဖြစ်ပါစေ၊ နတ်ဘုရားအရှိန်အဝါ မရှိလျှင် သူမအတွက် ကစားစရာ တစ်ခုမျှသာ ဖြစ်သည်။

ဗုဒ္ဓကိုယ်တိုင်ပင် သူမ၏ ခြယ်လှယ်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလား။

သွေးသခင်မှာ သူမ၏အစီအစဥ်များထဲတွင် မမျှော်လင့်ဘဲပေါ်လာသော စစ်တုရင်ရုပ်တစ်ခုသာ ဖြစ်ပါသည်။

"ပိုင်ကျိ ၊ ရှင် ကျွန်မကို မတွေ့ချင်သေးဘူးလား"

ရှန်းရန်ရန်၏မျက်နှာတွင် အထီးကျန်ဆန်သောအပြုံးတစ်ပွင့် ပေါ်လာပြီး အနည်းငယ်လွမ်းဆွတ်ဖွယ်အသံဖြင့် ခံတပ်ထဲသို့ အော်လိုက်၏။

သူမက အလွန်သရုပ်ဆောင်ကောင်းလှသည်။

ခဏအကြာတွင် ပိုင်ကျိ၏ပုံရိပ်သည် ခံတပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

သူသည် ရှန်းရန်ရန်ကို မေတ္တာထားသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး နားချ၏။

"ရန်ရန်၊ ဆင်းရဲဒုက္ခပင်လယ်က အဆုံးမဲ့ ဖြစ်တယ်။ ကမ်းခြေကို ပြန်လှည့်ပါ။ မှားယွင်းတဲ့လမ်းကို ဆက်မသွားပါနဲ့"

"ငါက ဘာအမှား လုပ်ခဲ့မိလို့လဲ"

ရှန်းရန်ရန်က ဝမ်းနည်းပြီးယူကျုံးမရဖြစ်နေသော မျက်နှာဖြင့် ဆက်ပြောသည်။

"ငါက ဒါကို လျူဖုန်းနယ်မြေတစ်ခုလုံးအတွက် လုပ်နေတာပါ။ရှင်က လျူဖုန်းနယ်မြေတစ်ခုလုံးကို နတ်ဆိုးမျိုးစေ့တွေဖျက်ဆီးပြီး နောက်ဆုံးမှာ ပျက်စီးသွားတာကို မြင်ချင်နေတာလား"

ပိုင်ကျိက သက်ပြင်းချလိုက်ပြီး ခေတ္တတိတ်ဆိတ်သွားသည်။

"ရှန်းရန်ရန်၊ လိမ်ညာတာတွေ ရပ်လိုက်တော့။ စစ်ပွဲဖြစ်အောင် နတ်ဆိုးတစ်သောင်းနယ်မြေ နဲ့ ပူးပေါင်းကြံစည်တာကတင် ရာဇဝတ်မှုကြီးတစ်ခု ဖြစ်နေပြီ"

မြောက်ပိုင်းစုန်း ဆယ့်သုံးယောက်ထဲမှ အဓိပတိတစ်ဦးသည် ဒေါသတကြီး ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများတွင် နာကျင်မှုများ ပြည့်နေ၏ ။

တစ်ချိန်ကသူတို့၏ စီနီယာအစ်မဖြစ်ခဲ့သူသည် ဤကဲ့သို့ပြောင်းလဲသွားသည်ကို နားမလည်နိုင်သလို စိတ်မကောင်းလည်းဖြစ်မိသည်။

ရှန်းရန်ရန်ကလည်း သစိတ်မကောင်းသလို ဖြင့် ရှင်းပြသည်။

"ငါတို့ဆရာရဲ့ကျေးဇူးက တောင်တန်းတစ်ခုလို ကြီးမားလေးလံပေမဲ့ လောကကြီးတစ်ခုလုံးရဲ့ အသက်ရှင်ရေးနဲ့ သက်ဆိုင်လာရင်တော့ ငါတို့က လောကသားများကို ဦးစားပေးသင့်တယ်မဟုတ်လား"

"ဆရာသခင် သေဆုံးသွားရင် သူ့အတွက် ဘုရားကျောင်းဆောက်ပေးပြီး ညတိုင်း ငါ ဆုတောင်းပေးပါ့မယ်..."

ထိုအခိုက်မှာပင် ကြောက်လန့်တကြား အသံတစ်သံနှင့်အတူ မဟာအဓိပတိတစ်ပါးသည် ကြောက်ရွံ့နေသောပုံစံဖြင့် ရှန်းရန်ရန်ဆီသို့ ပျံသန်းလာသည်။

"အရှင်..မကောင်းတော့ဘူး၊ မကောင်းတော့ဘူး၊ သူတို့ တိုက်ခိုက်နေကြပြီ"

ရှန်းရန်ရန်သည် ထိုအရာကိုမျှော်လင့်မထားသောကြောင့် အနည်းငယ် အံ့အားသင့်သွား၏။

သူမသည် ပိုင်ကျိကို ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ယောက်ျား ၊ လောကသားတွေရဲ့အသက်ကို ဦးစားပေးပါ"

ထိုအချိန်က ဗုဒ္ဓသည် လောကသားများအတွက် မိစ္ဆာမဖြစ်သောသူမကိုပင် သတ်ခဲ့သည်။

ယခုအခါ ရှန်းရန်ရန်က ပိုင်ကျိသည် လောကသားများအတွက် မဟာနတ်ဆိုးဖြစ်သောသွေးသခင်ကို သတ်လိမ့်မည်ဟု ယုံကြည်စိတ်ချနေပါသည်။

ပိုင်ကျိ၏ မျက်လုံးထဲမှာဖြစ်စေ ဗုဒ္ဓ၏ မျက်လုံးထဲတွင်ဖြစ်စေ လောကသားများသာ ရှိသည်မဟုတ်ပါလား။

သတိပေးပြီးသည်နှင့် ရှန်းရန်ရန်က ပျောက်ကွယ်သွားသည်။

ပိုင်ကျိက တိတ်ဆိတ်စွာကျန်နေခဲ့ပြီး လေးနက်စွာ စဥ်စား​ခန်းဝင်နေခဲ့၏။

သူ၏အနီးမှ အဓိပတိအဆင့်စုန်းကတော့ အံ့သြသွားကာ ရေရွတ်သည်။

"တိုက်ခိုက်နေကြပြီ ၊ဒါ... ဒါဆို... ဆရာ ရောက်လာပြီလား"

သူသည် ထိုသို့တွေးမိကာ စိတ်လှုပ်ရှားသွားတော့သည်။

သူငယ်ချင်းဟောင်းများနှင့် ပြန်လည်ဆုံဆည်းခြင်းသည် မည်သည့်လောက၌မဆို အမြဲ ပျော်ရွှင်စရာပင်ဖြစ်သည်။

နင်းထောင်သည် သွေးရောင်ဓားရှည်ကို မြတ်နိုးစွာကိုင်ဆောင်ထားပြီး အနက်ရောင် ဝတ်စုံသည် သူမ၏ လှပသောခန္ဓာကိုယ်ပုံစံကို ပိုမိုထင်ရှားစေသည်။ သူမသည် အရင်လိုမဟုတ်တော့ဘဲ မျက်နှာတွင် မိတ်ကပ်အနည်းငယ်လိမ်းထားပုံရပြီး မြင်နေရသော မျက်နှာတစ်ဝက်ကပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

လောဘ၊ မာန၊ နှင့် တဏှာကာမအငွေ့အသက်တို့သည် သူမ၏ဓားမှ ထွက်ပေါ်နေပြီး နင်းထောင်၏ အေးစက်သော မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်ကို ဖုံးကွယ်ထားဟန်ရသည်။

"ကျွန်မ... သူ့ကို သွားတွေ့ချင်တယ်"

ဤအခြေအနေမျိုးနှင့် သူ့ကို တွေ့ဆုံရမည်ကို သူမကြောက်ရွံ့နေပါသည်။

"မရဘူး။ တကယ်လို့ နင်ထွက်သွားရင် အကြွင်းမဲ့သခင်မက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

"ဆရာ ဒီကို ရောက်လာတဲ့အခါ ၊ နင့်ကို အကြွင်းမဲ့သခင်က ဖမ်းမိသွားတယ်ဆိုရင် ..ငါ..ငါ .."

ပိုင်ကျိက ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။

နင်းထောင်သည် ဓားကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။

"ကျွန်မ သူကို တစ်ချက်ကလေးပဲ ကြည့်မှာပါ"

သူမသည် စိတ်ထင်ရာလျှောက်လုပ်နေခြင်းမဟုတ်ပေ။ သူမက သူ့ကို မြင်ချင်ရုံ သက်သက်သာ ဖြစ်ပါသည်။

............

ပလ္လင်ပေါ်တွင် ကျိယွမ်သည် အလွန်သက်သောင့်သက်သာရှိစွာ ထိုင်နေ၏။

"လူများများ ခေါ်လာပြီး ချေမှုန်းတာက ပိုကောင်းတယ်။ တစ်ယောက်တည်းနဲ့ နတ်ဆိုးအများကြီးကို တိုက်ခိုက်တာက အရမ်းနှေးလွန်းတယ်"

သူတစ်ယောက်တည်းသာဆိုလျှင် နတ်ဆိုးတစ်သောင်းဘီလူးတံခါးဝ ကို ရှင်းလင်းရန် အချိန်အလွန်ကြာမှာ သေချာသည်။

နတ်ဆိုးတစ်သောင်းနယ်မြေတွင်ရှိသော

အဓိပတိများသည် တိကျဲ့ထဲမှ အဘိုးကြီးများလို မဟုတ်သလို သူ၏မူလစွမ်းအားဖြင့် အလွယ်တကူ ဖြေရှင်း၍ရသော လျူဖုန်းနယ်သားများနှင့်လည်း မတူပါ။

ထိုသားရဲနတ်ဆိုးအဓိပတိတစ်သောင်းသည် ကျိယွမ်ကို လွယ်ကူစွာဆွဲချနှစ်မြုပ်ပစ်နိုင်၏။

"သွေးသခင်ကို သတင်းပို့ပါတယ်။ စုန့်တပ်ရင်းက ခံတပ်ကိုရှင်းလင်းပြီး ရန်သူ သုံးဆယ့်ခုနစ်ဦးကို သတ်ဖြတ်လိုက်ပါပြီ"

သွေးနီရောင်ဝတ်စုံဝတ်ထားသော စုန့်တပ်ရင်း၏ခေါင်းဆောင် လျူ​ကွေ့က

အနည်းငယ်စိတ်ပျက်နေပုံရသည်။

သူ့ကို တာဝန်ပေးထားသော ရန်သူ၏ခံတပ်တွင် အဓိပတိများ အလွန်နည်းပါးလွန်းသည်။သူတို့က ၎င်းတို့ကို ရက်အနည်းငယ်နှင့် လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်ခဲ့လေသည်။

"မဆိုးဘူး"

ကျိယွမ်က ပေါ့ပေါ့ပါးပါး မှတ်ချက်ပေးလိုက်သည်။

လျူကွေ့သည် အဓိပတိတစ်ဦး ဖြစ်သော်လည်း ကိုယ့်ကိုကိုယ် နှိမ့်ချလိုစိတ်ရှိပြီး ယွမ်ချီနှင့် ဆက်ဆံရေးကောင်းမွန်သူ ဖြစ်သည်။ ၎င်း၏ တပ်ရင်းကို စုန့်တပ်ရင်း ဟု အမည်ပေးထားခြင်းမှာ ယွမ်ချီအတွက်ပင်ဖြစ်၏။

ကျိယွမ်က လျူကွေ့ကိုမေးလိုက်သည်။

"ဝမ်ချန်းလွင်ပြင်ကို ဘယ်လောက်ကြာရင် ရောက်မလဲ"

"နာရီဝက်လောက် လိုပါသေးတယ်"

ချန်းဟွမ်က အလေးအနက်ထား ဖြေကြားသည်။

ဤစစ်ပွဲတွင် သူသည် စစ်တပ်အားလုံး၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး စစ်ပွဲအားလုံးကို ဦးဆောင်ညွှန်ကြားနေရသည်။

သူဖြစ်ချင်သောဆန္ဒပြည့်ဝလာသောကြောင့် ချန်းဟွမ်မှာ စိတ်ဓာတ်ခွန်အား အလွန်တက်ကြွလျှက်ရှိသည်။

ကျိယွမ်ခေါင်းညိတ်၏။

အရေအတွက်တွင် ခွန်အားရှိလေသည်။

အရေအတွက်များခြင်းသည် ခွန်အားကောင်းခြင်းလည်း မည်၏။

"ဆက်လက် ချီတက်ပါ။ မြင်မြင်သမျှ ရန်သူအားလုံးကို မေးမနေနဲ့ တန်းသတ်ပစ်"

တပ်ဖွဲ့ကြီးသည် အရှိန်အဟုန်ဖြင့် ရှေ့သို့ ဆက်လက်ချီတက်သွားသည်။

ဂိမ်းသည် ၎င်း၏အဆုံးသတ်သို့ နီးကပ်လာပြီဖြစ်သောကြောင့် ကျိယွမ်၏အတွင်းစိတ်ထဲတွင် အထူးတည်ငြိမ်အေးချမ်းသလို ခံစားလာရသည်။

ဂိမ်းတစ်ခုကို အကြာကြီးဆော့ရတာကလည်း ငြီးငွေ့ဖို့ကောင်းတာပဲ။

ကျိယွမ်က ပလ္လင်ပေါ်တွင် နားနားနေနေလိုက်ပါခဲ့တော့သည်။

....................

"ပြောစမ်း...ဘယ်သူ တိုက်ခိုက်နေတာလဲ"

ရှန်ရန်ရန်သည် အေးစက်သောမျက်နှာနှင့် ခန်းမထဲရှိ ထိတ်လန့်တကြားဖြစ်နေသော အအဓိပတိ တစ်ဒါဇင်ခန့်ကို ကြည့်လိုက်သည်။

"သွေးသခင်ပါ။ သူက စစ်တပ်တစ်ခုကို ခေါ်လာပြီး ခံတပ်တွေကို ရှင်းပစ်လိုက်ပါပြီ။ သူတို့ အရေအတွက်က အရမ်းများတယ်။ အားလုံး သွေးနီရောင်ဝတ်ရုံတွေ ဝတ်ထားပြီး ရက်စက်ကြတယ်။ ကျွန်တော်သာ ဝေးဝေးမှာမရှိခဲ့ရင် အဲဒီမှာသေခဲ့ရမှာပါ"

အဓိပတိတစ်ဦးသည် သူမြင်ခဲ့ရသော သတ်ဖြတ်မှုများကို ပြန်မြင်ကာ ကြောက်ရွံ့တုန်လှုပ်နေသည်။

အခြားအဓိပတိသူများကလည်း အလျင်အမြန် ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်။ သွေးသခင် ရဲ့ စစ်တပ်ပါ"

"သွေးသခင်လား .."

ရှန်ရန်ရန် မျက်မှောင်ကုပ်သွား၏။

"သူတို့ လူ ဘယ်လောက်ရှိလဲ"

"အဓိပတိ တစ်ထောင်ပါ"

အဓိပတိတစ်ဦးက အလျင်အမြန် ဖြေဆိုသည်။

"သေချာပေါက် သုံးထောင် ရှိတယ်"

"ဘာကို သုံးထောင် ၊ ငါးထောင်ရှိပါတယ် သခင်မ"

"မင်းတို့ အားလုံး မှားနေတယ်။ တစ်သောင်း ရှိတာ"

"အဓိပ္ပာယ်မရှိတာ မပြောပါနဲ့။ လျူဖုန်းနယ်မြေမှာ ဘယ်လိုလုပ်ပြီး အဲဒီလောက် ရှိနိုင်မှာလဲ"

ခန်းမတစ်ခုလုံးသည် သွေးသခင် ၏ စစ်တပ်အရေအတွက်နှင့် ပတ်သက်၍ အငြင်းပွားကုန်တော့သည်။

ရှန်ူရန်ရန်က သဘောပေါ​က်သွားဟန်ဖြင့် ခေါင်းညိတ်၏။

"ငါလျစ်လျူရှုလိုက်တဲ့အချိန်မှာ သွေးသခင်က လျူဖုန်းနယ်မြေကို စည်းလုံးစေခဲ့ပုံရတယ်။ တော်တော် အထင်ကြီးစရာ ကောင်းသားပဲ"

" ဒါပေမဲ့ ငါ့ဆီမှာ နတ်ဆိုးအဓိပတိတစ်သောင်းရှိနေတာကြောင့် သူတို့က သေခြင်းကို တောင်းခံနေတာပဲ ဖြစ်လိမ့်မယ်"

ခန်းမထဲတွင်ရှိသော နတ်ဆိုးအဓိပတိများက ဂုဏ်ယူစွာပြုံးလိုက်သည်။

"သူတို့ကို အပြင်ဘက်ကခံတပ်တွေ ယူခွင့်ပြုလိုက်ပါ။ သူတို့ ဝမ်ချန်းကို ရောက်တဲ့အချိန်က သူတို့သေရမယ့် အချိန်ပဲ"

ရှန်းရန်ရန်သည် သူမ၏အစီအစဥ်ကို အလွန်ယုံကြည်စိတ်ချမှု ရှိနေသည်။

"ကျွန်တော် အဓိပတိငါးထောင်ကို ဦးဆောင်ပြီး သူတို့ကို သွားဖမ်းလိုက်ပါမယ်"

မဟာအဓိပတိအဆင့်နတ်ဆိုးတစ်ဦးက ယုံကြည်မှုရှိစွာ တောင်းဆိုလိုက်၏။

ရှန်းရန်ရန်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် သဘောတူ၏။

"ကောင်းပြီ။ သွေးသခင်ကို အရှင်ဖမ်းရမယ်၊ ဟုန်နျူ..ဒီကိစ္စ၊ နင့်ကို ငါ အပ်နှင်းလိုက်ပြီ"

ဟုန်နျူက ခေါင်းညိတ်ကာ အရိုအသေပြုလိုက်သည်။

" တာဝန်ကို ပြီးမြောက်အောင် လုပ်ပါ့မယ်"

ထို့နောက် ရှန်းရန်ရန်သည် ခန်းမထဲမှ ထွက်ခွာသွားလေ၏။

"ဟုန်နျူမဟာအဓိပတိ ၊ စစ်သည်ငါးထောင်ကို စုစည်းဖို့က နာရီဝက်လောက် ကြာနိုင်ပါတယ်"

အဓိပတိတစ်ဦးက စစ်ထွက်ရန်အမိန့်ပေးနေသော ဟုန်နျူကို သတိပေးသည်။

"နာရီဝက်လား"

ဟုန်နျူက ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆိုလည်း သေရည်တစ်ခွက်လောက်သောက်ပြီးမှ ဒီကောင်တွေကို သွားသတ်ရုံပေါ့"

"မတိုက်ခိုက်ရဘဲ ဝိုင်းထားရတာ ပျင်းနေပြီ"

စကားဆုံးသည်နှင့် ဟုန်နျူသည် ပျောက်ကွယ်သွားပြီး အချို့သော လက်အောက်ငယ်သားများကို တာဝန်ပေးအပ်ထားခဲ့သည်။

ဟုန်နျူသည် နန်းတော်တစ်နေရာ၌ ရင်းနှီးသော မဟာအဓိပတိအချို့နှင့်အတူ သေရည်သောက်ကာ အချိန်ကိုစောင့်ဆိုင်းနေ၏။

"ဟုန်နျူ၊ ခဏနေရင် ရှင်က လျူဖုန်းနယ်မြေကို ရှင်းလင်းပစ်တော့မယ်။ အကြွင်းမဲ့သခင်ကတော့ ရှင့်ကို စစ်မှန်တံခါးဝထဲကို ဝင်ခွင့်ပြုမယ်ထင်တယ်၊တကယ် အားကျစရာပဲ"

မဟာအဓိပတိအတင့် နတ်ဆိုးမတစ်ဦးက လေးစားအားကျနေပုံဖြင့်ပြောလိုက်သည်။

"သွေးသခင်က တော်တော် စွမ်းဆောင်နိုင်တယ်။ ခုထိ ဖမ်းမမိသေးဘူး။ ပြောဖို့ စောပါသေးတယ်"

ဟုန်နျူက နှိမ့်ချတတ်သူလိုပြောလိုက်သော်လည်း သူ၏စိတ်ထဲ၌ ပိတီများဝေဖြာလျှက်ရှိသည်။

"လျူဖုန်နယ်မြေရဲ့အဓိပတိတွေကိုတော့ ကြက်တွေနဲ့ခွေးတွေလိုပါပဲ။ ရှင့်ရဲ့ စစ်တပ် လှုပ်ရှားလိုက်တာနဲ့ သူတို့ကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်ပါလိမ့်မယ်"

"ဟေ့၊ ငါတို့ ခွေးနတ်ဆိုးတွေက နင့်ကို ဘာများ စော်ကားခဲ့လို့လဲ"

"အေးဆို.."

မဟာအဓိပတိများက ပျော်ရွှင်စွာအော်ဟစ်ရယ်မောလိုက်ကြသည်။

"ဘာပဲပြောပြော အဓိပတိ ငါးထောင်နဲ့ဆိုရင် သွေးသခင်ကို အသာလေးဖမ်းမိမှာပါ"

"ဟုတ်တယ် ၊ငါ ဒီမှာသုံးရက်လောက် မထတမ်းသောက်နေဦးမယ်။ သေရည်မကုန်ခင်မှာ မင်းအောင်ပွဲခံပြီး ပြန်လာနိုင်မယ်လို့ ငါယုံတယ်၊အဲကြမှ ထပ်သောက်ကြတာပေါ့"

သေရည်ကြိုက်သော အဓိပတိတစ်ဦးက ဟုန်နျူကို ထောက်ခံလိုက်ပြန်သည်။

"ကဲ..ဟုန်နျူရဲ့ အောင်ပွဲအတွက်..ငါ့တို့အားလုံး.."

"သတ်..."

ကျယ်လောင်သောအော်ဟစ်သံတစ်ခုက သူတို့၏စကားဝိုင်းကိုဖုံးလွှမ်းသွားသည်။ပြင်းထန်သောအရှိန်အဝါတစ်ခုကလည်း လေထဲတွင်ရုတ်တရက် ပြည့်နှက်သွားသည်။

အေးစက်သော "သတ်" ဟူသည့်အသံက ကောင်းကင်ကိုပင် ဖောက်ထွင်းသွားမတတ် ကျယ်လောင်လှသည်။

"ဘာလဲဟ"

"ဘယ်သူအော်နေတာလဲ"

ဟုန်နျူသည် သေရည်အိုးကို ကိုင်ထားရင်းတန်းလန်းမှ ကြောင်အသွားလေ၏။

" ဘာတွေဖြစ်သွားတာလဲ"

အခြားသူများမတုံ့ပြန်ခင် သူသည် နန်းတော်ထဲမှ လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။

သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အုပ်စုတစ်စုသည် လေဟာနယ်တွင် ရပ်နေသည်ကို သူချက်ချင်းမြင်လိုက်ရသည်။

အားလုံးက သွေးနီရောင်ဝတ်စုံဝတ်ဆင်ထားသော အဓိပတ်များဖြစ်ပြီး ၁၀၀၀ ခန့်ရှိလိမ့်မည်။

"ငါက မင်းတို့ကို လာဖမ်းမလို့ကြံနေတာ။ မင်းတို့ဘာသာ လာပြီးအသေခံကြတယ်ပေါ့၊ ဘယ်လောက် ရူးလိုက်သလဲ"

"အဓိပတိတွေ၊ တိုက်ပွဲပုံစံဖွဲ့"

ဟုန်နျူက ကျယ်လောင်စွာအမိန့်ပေးလိုက်သည်။

စခန်းထဲတွင်ရှိသော အဓိပတိများသည် တိုက်ပွဲပုံစံကို လျင်မြန်စွာ ဖွဲ့စည်းလိုက်ကြသည်။

"ဝုန်း..."

ထိုအခိုက်မှာပင် သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဓိပတိတစ်ထောင်သည် မပြောမဆိုနှင့် တစ်ပြိုင်နက် တိုက်ခိုက်လိုက်ရာ နေရာယူနေသော ဟုန်နျူ၏ငယ်သားများ အငိုက်မိသွားတော့သည်။

ထိုတစ်ချက်တည်းအတွင်း အလောင်းများစွာ ဖြစ်ပေါ်သွားသည်။

ဟုန်နျူက သေဆုံးသွားသူများကို ဂရုမစိုက်ပါချေ။

"အငိုက်ဖမ်းတာက ထိရောက်သွားတယ်၊ဒါပေမဲ့..ငါရဲ့ဖွဲ့စည်းပုံနဲ့အဝိုင်းခံရရင် မင်းတို့သေပြီပဲ"

ဟုန်နျူက ယနေ့တွင် သူသည်ကြီးမားသော ဂုဏ်သရေကို ရရှိလိမ့်မည်ဟု အခိုင်အမာ ယုံကြည်စိတ်ချမှု ရှိနေ၏။

သို့သော် သူ၏အတွေးစကားမဆုံးမီမှာပင် နောက်ထပ် "သတ်" ဟူသော အော်ဟစ်သံနှစ်ခု ထွက်ပေါ်လာသည်။

ကောင်းကင်ယံ၌ သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဓိပတိအုပ်စုနှစ်စု ထပ်မံ မြင်လိုက်ရ၏။

အုပ်စုတစ်စုစီတွင် အဓိပတိတစ်ထောင်စီ ရှိလေသည်။

ဟုန်နျူမှာ အနည်းငယ်သတိထားသလိုဖြစ်သွားသော်လည်း သူသည် တည်ငြိမ်နေဆဲပင်။

"အဓိပတိ သုံးထောင်ပေါ့၊မင်းတို့လျူဖုန်းနယ်မြေထဲက ရှိသမျှအကုန်ခေါ်လာပုံရတယ်"

သုံးထောင်လောက်ကို သူက မကြောက်ပါ။

ကြောက်စရာလည်း မရှိပေ။

"စစ်သည်အားလုံး၊ တိုက်ပွဲပုံစံ ဖွဲ့၊ ကျူးကျော်သူတွေကို သတ်"

နောက်ဆုံးမှာတော့ အဓိပတိငါထောင်သည်

တိုက်ပွဲပုံစံကို ခက်ခဲစွာ ဖွဲ့စည်းနိုင်ခဲ့သည်။

ဟုန်နျူက လှောင်သလိုပြုံး၏။

"ငါးထောင်နဲ့ သုံးထောင်၊ ငါတို့က အသာကြီး၊ သူတို့ကို သတ်ပစ်"

လူသားမဟာအဓိပတိတစ်ဦးက မတတ်သာသလိုသက်ပြင်းချမိသည်။

"လျူဖုန်းနယ်မြေရဲ့ နှစ်ပေါင်း ထောင်ချီ စုဆောင်းထားတဲ့အဓိပတိတွေအားလုံးက ဒီမှာ ကျဆုံးရတော့မယ်"

အခြားသော လူသားအဓိများကလည်း အနည်းငယ်စိတ်မသက်မသာခံစားမိကြသည်။

သို့သော် ထိုအခိုက်မှာပင် ကောင်းကင်ယံမှ "သတ်ကြ" ဟူသော အော်ဟစ်သံများ ပဲ့တင်ထပ်လာခဲ့ပြန်သည်။

လူတိုင်း မော့ကြည့်လိုက်မိသောအခါ သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော အုပ်စုငါးစုကို ထပ်မံ မြင်တွေ့ရသည်။

နောက်ထပ် အဓိပတိငါးထောင် ထပ်ရောက်လာခြင်းပင်။

"ဘာတွေ ဖြစ်နေတာလဲ"

ဟုန်နျူ အနည်းငယ်တုန်လှုပ်လာသည်။

ဘယ်လိုလုပ် အဓိပတိတွေ ထပ်ရှိနေရတာလဲ။

သက်ပြင်းချခဲ့သော လူသားအဓိပတိလည်း ပါးစပ်ပြဲသွားလေ၏။

လျူဖုန်းနယ်မြေမှာ ဒီလောက်များတဲ့ အဓိပတိတွေဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ။

"ငါက သွေးနန်းတော်ရဲ့ ရှေ့ပြေးတပ်ဖွဲ့ခေါင်းဆောင် ယန်ဟွန်းပဲ"

"သွေးသခင် ရဲ့ အမိန့်နဲ့ အကြွင်းမဲ့အရှင်ကိုသတ်ကြ"

"ခုခံသူ​ဆို အကုန်သတ်"

"လက်နက်ချသူတွေလည်း အကုန်သတ်"

ယန်ဟွန်းသည် အဓိပတိခုနစ်ထောင်ကို ဦးဆောင်ကာ စခန်းကို စတင်တိုက်ခိုက်တော့သည်။

"ငါးထောင်နဲ့ ခုနစ်ထောင်၊ ဒါပေမဲ့ စခန်းမှာ နောက်ထပ်ခြောက်ထောင် ရှိသေးတယ်။ ငါတို့က အသာစီးကပဲ"

ဟုန်နျူ နောက်ထပ်အဓိပတိများကို ဆင့်ခေါ်သည်။

ရန်သူအရေအတွက်က သူတို့ကို အံ့အားသင့်စေသော်လည်း သူတို့ကသာ အသာစီးရနေဆဲဟု ဆက်လက် ယုံကြည်နေသည်။

သို့သော် ယန်ဟွန်းက ဟုန်နျူတို့အား အထင်သေးစွာကြည့်လိုက်သည်။

"မင်းတို့ ရင်ဆိုင်နေရတဲ့ ကြောက်မက်စရာကြီးကို မင်းတို့ မသိသေးဘူးပဲ"

သူ၏ရှေ့တန်းစစ်တပ်ကို မြင်လျှင် ရန်သူ့ဘက်မှ ခေါင်းဆောင်များ၏မျက်နှာများပေါ်ရှိ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို မြင်ရမည်ဟု သူမျှော်လင့်ထားခဲ့သည်။

သို့သော် ထိုသတ္တဝါများက ရှေ့ပြေးတပ်ဖွဲ့ဟူသော ဝေါဟာရကို ကြားဖူးပုံမရပေ။

"ဟွန့်..မင်းတို့လို သေးငယ်တဲ့ လျူဖုန်းနယ်မြေလေးက နတ်ဆိုးတစ်သောင်း နယ်မြေ ကို စိန်ခေါ်ရဲတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ...၊ငါဒီနေ့ မင်းတို့..."

ဟုန်နျူ၏ စကားများကို ကောင်းကင်ယံမှ ပြင်းထန်သောအော်ဟစ်သံများက ဖြတ်တောက်လိုက်သည်။

"သတ်ကြ"

"သတ်ကြ"

"သတ်ကြ"

ယခုအခါမှာတော့ အသံများသည် နေရာအနှံ့လွှမ်းမိုးနေပြီး အရပ်မျက်နှာ အားလုံးမှ လာခြင်းဖြစ်သည်။

"ဘာတွေဖြစ်ကုန်ပြီလဲ"

ဟုန်နျူ အထိန်တလန့်ဖြင့် မော့ကြည့်ပြီးနောက်မျက်လုံးများ ပြူးကျယ်သွားတော့သည်။

ကောင်းကင်ယံ၌...

အုပ်စု တစ်စု

အုပ်စု ဆယ်စု

အုပ်စု သုံးဆယ်

အုပ်စု ခုနစ်ဆယ်

သွေးနီရောင်ဝတ်စုံဝတ်ထားသော စစ်သည်အုပ်စုများက သူတို့ဆီသို့ ပျံသန်းလာကြသည်။

ထို့အပြင် အရေအတွက်ကလည်း များသည် ထက် ဆက်လက်တိုးပွားလာနေ၏။

ကောင်းကင်တစ်ခုလုံးသည် သွေးနီရောင် ဝတ်စုံဝတ်ထားသောပုံသဏ္ဌာန်များဖြင့် တ​ဖြည်းဖြည်း ပြည့်နှက်၏။

သို့သော် အရေအတွက်ကရပ်တန့်မသွားဘဲ ဆက်လက် တိုးပွားနေပြန်သည်။

ဟုန်နျူ ထိတ်လန့် ရာမှ ကြောက်ရွံ့လာ၏။ကြောက်ရွံ့ရာမှ တုန်လှုပ်လာ၏။နောက်ဆုံးတွင် သူကသွေးပျက်သွားပြီး ​သွေးရူးသွေးတန်းထအော်တော့သည်။

"ဒါက ဘာတွေလဲ"

"ဘာကြီးတွေလဲ"

"မဖြစ်နိုင်ဘူး"

သူ၏နောက်မှ စစ်သည်များမှာလည်း တုပ်တုပ်မျှပင် မလှုပ်ရဲတော့ပဲ အသက်ရှုရပ်မတတ် ငြိမ်ကုပ်သွားသည်။

လူသားအဓိပတိများမှာ လျူဖုန်းနယ်မြေတွင် ဤမျှများပြားသောအဓိပတိများမည်သို့ တည်ရှိနေသနည်းဟု တွေးမိကာ စိတ်ပျက်အားငယ်မှုနှင့်အတူ ကြောက်ရွံ့နေကြသည်။

တပ်သားတစ်သိန်းလုံးသည် ဝမ်ကျန်းလွင်ပြင်သို့ ရောက်ရှိလာခဲ့လေပြီ။

အနီရောင်ဝတ်ရုံများသည် လေထဲတွင်လွင့်ပျံနေပြီး ကောင်းကင်တစ်ခုလုံးသည် အနီရောင်ဖြင့် ပြည့်နေ၏။

အနီရောင်အရှိန်အဝါများကြောင့် မြေပြင်ပင်လျှင် အနီရောင်ပြောင်းသွားပုံရသည်။

အဓိပတိတပ်သားတစ်သိန်းသည် များပြားလွန်းနေသော်လည်း စနစ်တကျဖြင့်တိုက်ပွဲပုံစံဖွဲ့ထားပြန်သည်။

လုံးဝကို မယုံနိုင်စရာမြင်ကွင်းကြီး ပေတည်း။

သမိုင်းအဆက်ဆက်လောက်ကို အသာထား။ဒဏ္ဍာရီများထဲမှာပင် မကြားဖူးသော မယုံနိုင်စရာအင်အားစုကြီးပင်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကြီးကို မည်သူက တားဆီးနိုင်ပါမည်နည်း။

မည်သူက ခုခံလွတ်မြောက်နိုင်ပါမည်နည်း။

ထိုအချိန်မှာပင် စစ်သည်တစ်သိန်းအလယ်ရှိ ပလ္လင်ပေါ်မှ သွေးနီရောင်ဝတ်စုံ ဝတ်ဆင်ထားသောခန့်ညားသည့်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ၏အကြည့်သည် လုံးဝအထက်စီးဆန်လှ၏။

သူက ဝမ်ချန်းလွင်ပြင်​တွင်ရှိနေသော သားရဲနတ်ဆိုးအားလုံးကို အပေါ်စီးမှကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"အခု ငါ့မှာ အဓိပတိတစ်သိန်းပါလာတယ်၊ မင်းတို့ငါ့ကို ဘယ်လိုတားဆီးမလဲ သိချင်နေပြီ"

"ဒီဂိမ်းရဲ့ ဘော့စ်လား၊ ပုစွန်ဦးနှောက်ပဲ ရှိတယ်"

"သွေးနန်းတော်...အမိန့်ကို နားထောင်၊ အကုန်သတ်"

ကျိယွမ်၏စကာသံအဆုံးတွင် အဓိပတိတစ်သိန်းလုံးသည် ပြင်းထန်သောအရှိန်အဝါကိုထုတ်လွှတ်ကာ တဟုန်ထိုးချီတတ်၏။

ကောင်းကင်တစ်ခုလုံး အနီရောင်တိမ်များတလိပ်လိပ်တတ်လာပြီး ကမ္ဘာလောကကြီးပင် တုန်လှုပ်သွားသည်။

အဓိပတိတစ်သိန်း၏ တပြိုင်နက်တည်းတိုက်ခိုက်မှုသည် စစ်မှန်နတ်ဘုရားများကိုပင်တုန်လှုပ်စေကာ ပထဝီမြေထုကြီးပင် ပြိုလောက်သော ဖြစ်ရပ်ကြီး မဟုတ်ပါလား။

"သတ်ကြ"

"သတ်ပစ်"

အဓိပတိတစ်သိန်း၏ သနားညှာတာမှုကင်းမဲ့သော မူလစွမ်းအားတစ်သိန်းသည် နတ်ဆိုးအဓိအတိငါးထောင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားသည်။

လုံးဝကို တစ်ဖက်သတ်တိုက်ပွဲတစ်ခုပင်။

ထိုအရာက တိုက်ပွဲဟုခေါ်ရမည့်အစား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဟုပင် ခေါ်ရပေလိမ့်မည်။

"ဝုန်း.."

မြေပြင်တစ်ခုလုံး သိမ့်သိမ့်ခါသွားကာ ဖုန်မှုန့်များက မြင်ကွင်းတစ်ခုလုံး ဖုံးလွှမ်းသွားသည်။

ဖုန်မှုန့်များရှင်းသွားသောအခါ မြေပြင်တွင် သွေးကွက်များသာကျန်နေခဲ့၏။

အဓိပတိ ၅၀၀၀ မှာအစအနပါမကျန်​အောင်ပျောက်ကွယ်သွားလေပြီ။

"သွေးနန်းတော်ကို စော်ကားတဲ့ကောင်တွေ၊ အကုန်သတ်"

မူလစွမ်းအားတစ်သိန်းက ထပ်မံပျံသန်းသွားပြီး တောင်တန်းများ ကျိုးပျက်သွားသည်။

"သွေးနန်းတော်ကို ခုခံသူများ၊ သတ်ကြ"

မူလစွမ်းအားများက ထပ်မံပျံသန်းသွားပြီး မြေကြီးပင် နစ်မြုပ်သွားသည်။

"သွေးနန်းတော်ရဲ့ရန်သူတွေ အကုန်သတ်"

မူလစွမ်းအားများက နေရာအနှံ့ပျံသန်းသွားပြီး နျူကလီးယားဗုံးများထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖောက်ခွဲမှုများ ဖြစ်ပေါ်လာပြန်သည်။

ထိုနေရာမှ ရှုခင်းသည် မှတ်မိနိုင်စရာမရှိတော့ပါ။

ကောက်ကျစ်သောဂိမ်းကို ရှင်းလင်းရန် သွေးနန်းတော် သို့မဟုတ် ကျိယွမ်၏ လျှို့ဝှက်ချက်ပင် ဖြစ်သည်။

"လွင်ပြင်အနက်ရှိုင်းဆုံးနေရာကို ချီတတ်"

စစ်သည်တစ်သိန်းသည် ကျိယွမ်၏ လက်တံများကဲ့သို့ ဝမ်ချန်းလွင်ပြင်၏ နက်ရှိုင်းသော နေရာများဆီသို့ ချီတက်သွားတော့သည်။

ထိုနေရာတွင် နောက်ဆုံးကျန်သော အဓိပတိငါးထောင်က စောင့်ဆိုင်းနေသည် မဟုတ်ပါလား။

အဖြူရောင်နန်းတော်ခံတပ်ထဲမှာတော့

လူတိုင်းသည် ကြောင်အနေကြသည်။ ထိတ်လန့်တုန်လှုပ်နေကြသည်ဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

သူတို့ရှေ့မှ မြင်ကွင်းသည် သူတို့၏စိတ်ကူးထက် ကျော်လွန်နေသည်။အတိအကျဆိုရလျှင် စိတ်ကူးထဲမှာပင် မရှိဟုဆိုရပါမည်။

သွေးနီရောင်ဓားကို ကိုင်ဆောင်ထားသော နင်းထောင်၏မျက်လုံးများသည် အနီရောင် မြူခိုးများကြားမှ သူမ တောင့်တခဲ့သော ထိုသူကို မြင်တွေ့နေရသည်။

"ဒါမှ... ငါ့ငယ်ချစ်ဦးရဲ့ ပုံစံပဲ"

-------------------

All Chapters