← Chapters

လူ့သဘာဝအကြောင်း နဲ့ ပုံရိပ်ကောင်းကြောင်း လာပြောနေတာလား

Vol. 10 Ch. 135

လူ့သဘာဝအကြောင်း နဲ့ ပုံရိပ်ကောင်းကြောင်း လာပြောနေတာလား

Vol. 10 Ch. 135

"သတ်ကြ"

"သတ်ပစ်"

"သတ်"

ဆင်သွားလျှင်လမ်းဖြစ်သည်။ အဓ်ပတိတစ်သိန်းသွားသောနေရာတိုင်းကတော့ သုသာန်တစ်စပြင်ဖြစ်ကုန်၏။

စစ်သူကြီးရူး ရူးနေသောချန်းဟွမ်က ဘယ်ကရလာမှန်းမသိသော သေနင်္ဂဗျူဟာကျမ်းကိုကျိယွမ်၏မျက်လုံးများဖြင့်ပြုပြင်လိုက်သောအခါ ရလဒ်က ကြောက်ခမန်းလိလိဖြစ်လာသည်။

အရေအတွက်၏အင်အားအပေါ်သို့ အရည်အချင်းကိုပါ ဖြည့်တင်းလိုက်သောအခါ နတ်ဆိုးတစ်သောင်းနယ်မြေသည် သွေးနန်းတော်တပ်သားများအတွက် လူသတ်လေ့ကျင့်ရေးကွင်း ဖြစ်သွားခဲ့သည်။

စစ်တပ်ကြီးသည် ရှေ့သို့တရွေ့ရွေ့ ချီတက်လျက် အရာအားလုံးကို အလွယ်တကူ ရှင်းလင်းနေသည်။

ကျိယွမ်သည် ကောင်းကင်ယံတွင် ရပ်လျက်ရှိပြီး သူ၏ သွေးနီရောင်ဝတ်ရုံသည် သွေးထက်ပင် ပိုမိုစိုပြေတောက်လောင်နေသည်။

သူ၏မျက်နှာတွင် ပျင်းရိသော အမူအရာတစ်ခု တွဲလွဲခိုနေ၏။

"ဒါကမှ ပရိုပလေ​ယာတစ်ယောက် ဂိမ်းတစ်ခုကို ကစားတဲ့ပုံစံပဲ"

သူက ဂိမ်းထဲတွင် စိန်တုံးအများအပြားဝယ်ယူကာ လက်နက်အားလုံးကို အဆင့်ကုန်မြှင့်တင်ထားနိုင်သည် ချမ်းသာသောကစားသမားတစ်ဦးလို ခံစားရလေသည်။

ယခုဆိုလျှင် လက်အောက်ငယ်သား အများအပြားက အရာရာကို ချေမှုန်းဖျက်ဆီးနေသဖြင့် သူကိုယ်တိုင် လက်ဖျားလေးတစ်ချက်ပင် လှုပ်ရန်မလိုအပ်ချေ။

တိကျွဲ့မှ ကြမ်းတမ်းသောတိုက်ပွဲများနှင့် နှိုင်းယှဉ်ပါက ယခုအခါသည် အလွန်ပင် စိတ်အပန်းပြေဖွယ်ကောင်းလှသည်။

နတ်ဆိုးတစ်သောင်းနယ်မြေမှ အဓိပတ်များသည် သူတိုထက်အဆနှစ်ဆယ်ခန့်များပြားသော ရန်သူအင်အားကို ရင်ဆိုင်ရသောအခါ ကြောက်ရွံ့စွာဖြင့် ခြေဦးတည့်ရာများသို့ ထွက်ပြေးရန်ကြိုးစားကြတော့သည်။

သူတို့က အင်အား ခြောက်ထောင်ခန့်သာကျန်ရှိချိန်တွင် ရန်သူကအင်အားတစ်သိန်းအပြည့်ရှိနေ၏။မည်သို့တွန်းလှန်မည်နည်း။

သို့သော် ချမ်းဟွန်က လေးဘက်လေးတန်မှ ပိတ်ဆို့ချီတတ်စေခဲ့သဖြင့် ထိုးဖောက်ထွက်ပြေးရန် မလွယ်တော့ပါ။

ထို့အပြင် မူလစွမ်းအားတိုက်ခိုက်မှုများကလည်း လူကိုယ်တိုင်လာစရာမလိုဘဲ အဝေးကပင် ပို့လွှတ်တိုက်ခိုက်ခြင်းမျိုးဖြစ်သောကြောင့် ဘယ်အရပ်က်ုပဲ ပြေးပြေးတိုက်ခိုက်မှု သောင်းဂဏန်းကို ကြုံတွေ့နေရ၏။

သွေးနီရောင်တပ်များသည် အဆုံးမရှိသော မူလစွမ်းအားများကို အသုံးပြု၍ နတ်ဆိုးများကို သာလွန်သည်ထက် သာလွန်သောသာလွန်အင်အားဖြင့် စိတ်ရှိသလိုသတ်ဖြတ်နေတော့သည်။

ခေါင်းတထောင်ထောင်လုပ်နေခဲ့သော နတ်ဆိုးများမှာ ​ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမရရှိကြပေ။

"မဟုတ်ဘူး"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဘာလို့ ဒီလိုဖြစ်နေရတာလဲ"

တစ်ချိန်က မာန်မာနနှင့်ယုံကြည်မှုရှိခဲ့သော နတ်ဆိုးများသည် ယခုအခါ အားနည်း၍ အကူအညီမဲ့ပြီး လုံးဝကြောက်ရွံ့နေကြသည်။

၎င်းတို့၏ နာကျင်စွာ အော်ဟစ်သံများသည်

အဆုံးမရှိသော မူလစွမ်းအားပင်လယ်ထဲတွင် နစ်မြုပ်သွားသည်။

နတ်ဆိုးများမှာ မည်သည့်တိုက်ခိုက်မှုကို ခုခံပြီး မည်သည်တိုက်ခိုက်မှုကို ရှောတိမ်းရမှန်းမသိတော့လောက်အောက် တိုက်ခိုက်မှုများက အလွန်များပြားနေသည်။

နတ်ဆိုးတစ်သောင်းနယ်မြေမှ အဓိပတ်များအားလုံးသေဆုံးကြပြီး အလောင်းများပင် မကျန်ခဲ့ချေ။

ဝမ်ချန်းလွင်ပြင်အဖြစ်မှ နက်ရှိုင်းသော ချောက်ကြီးအဖြစ်သို့ ပေါက်ကွဲဖျက်ဆီးခံရသည်။

ချောက်နက်ကြီးတစ်ခုလုံး မူလစွမ်းအားများကအံ့မခန်း သိပ်သည်းနေပြီး

သာမန်အဓိပတိများသည် ဤနေရာသို့ ဝင်ရောက်ရုံဖြင့် ပျက်စီးဆုံးရှုံးရန် အခွင့်အလမ်း အလွန်မြင့်မားသည်။

နူကလီးယားလက်နက်များဖြင့် ညစ်ညမ်းသွားသော စစ်မြေပြင်ပမာ ဖြစ်ပြီး မည်သည့် သက်ရှိသတ္တဝါမျှ အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်တော့ချေ။

ကျိယွမ်သည် ကောင်းကင်မှနေ၍ ထိုမြင်ကွင်းအားပျင်းရိစွာ ကြည့်နေ၏။

ထိုအခိုက် ချန်းဟွမ်က သူ့ကိုယ်သူအပြစ်ရှိသလိုခံစားနေရသောမျက်နှာဖြင့် တင်ပြလေသည်။

"သွေးသခင် ..အကြွင်းမဲ့သခင်မ ပျောက်သွားပါတယ်"

သူက အများအလယ်တွင် ကျိယွမ်ကို "အစ်ကိုကြီး" ဟု မခေါ်ဘဲ "သွေးသခင်" ဟုသာ ရိုသေစွာခေါ်၏။

ရန်သူအားလုံးနီးပါးကို ချေမှုန်းပြီးချိန်ထိ အကြွင်းမဲ့သခင်မ ထွက်မလာသဖြင့် စစ်ဆေးကြည့်ရာမှ သူမ ပျောက်ဆုံးနေကြောင်းသိလိုက်ရသည်။

အဓိပတ်တစ်သိန်းဝန်းရံထားသည့်ကြားမှ အကြွင်းမဲ့အရှင်မက ​ပျောက်ကွယ်သွားခြင်းသည် အလွန်ထူးဆန်းနေ၏။

ချန်းဟွမ်က ထူးဆန်းနေသော်လည်း ကျိယွမ်သည် ထိုအရာကို အံ့သြခြင်း မရှိဘဲ သဘောကျသလို ပြုံးသည်။

"နောက်ဆုံးဘော့စ်မှာ လှည့်ကွက်လေးတွေ ရှိနေသေးပုံပဲ။မင်းတို့အပြစ်မဟုတ်ဘူး၊ဘောစ့်ကို NPC တွေကဘယ်လိုသတ်နိုင်မလဲ၊ ပလေယာက သတ်ရတာ"

ရှန်ရန်ရန်၏ မည်သူဖြစ်သည်ကို ကျိယွမ် အကြမ်းဖျင်း ခန့်မှန်းထားသည်။

သူက တကယ်ခက်ခဲတဲ့ ဘော့စ်တစ်ကောင်ပဲ၊ဒါပေမဲ့ အခြားသူတွေနဲ့ပဲ ရမယ်၊ ငါ့ကိုတော့ ဘယ်ရမလဲ။

ကျိယွမ်၏ အကြည့်သည် အချိန်နှင့်နေရာကို ပင် ဖောက်ထွင်းမြင်နေရသည့်အလား အဝေးတစ်နေရာကို ထိုးဖောက်သွားပြီး လျူဖုန်းနယ်မြေ၏ နောက်ဆုံးခံတပ်ပေါ်သို့ ကျရောက်သည်။

"သွားမယ်"

သွေးဝတ်ရုံဝတ်အ​ဓိပတိတစ်သိန်းသည် နောက်ဆုံးခံတပ်ဆီသို့ ချီတက်နေသည်။

ထိုမြင်ကွင်းသည် ခမ်းနားထည်ဝါပြီး တစ်ချိန်တည်းမှာပင်... ထိတ်လန့်စရာလည်းကောင်းနေသည်။

ခံတပ်ထဲမှ အဓိပတိများသည် သူတို့၏ ဘဝတစ်လျှောက်လုံး နယ်မြေတိုက်ပွဲပေါင်းများစွာကို မြင်ဖူးသော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။

ယခုအချိန်မတိုင်ခင်အထိ သူတို့ထင်ထားခဲ့သည်မှာ နောက်ဆုံးတိုက်ပွဲသည် ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ပွဲတစ်ခုဖြစ်လိမ့်မည်။ထို့အပြင် လျုဖုန်းနယ်မြေအတွက် သူတို့၏သွေးများ တစ်စက်မကျန် သည်အထိ အသေခံကာ တိုက်ပွဲဝင်ရလိမ့်မည်ဟု တွေးထားခဲ့သည်။

သို့သော်လည်း အံ့သြစရာကောင်းသည်မှာ ယခုအချိန်ထိ သူတို့က သွေးတစ်စက်ထွက်ရန်အသာထား ခံတပ်ထဲရှိထိုင်ခုံမှပင် ထစရာမလိုခဲ့ပါ။နောက်ဆုံးတိုက်ပွဲသည် ၎င်းတို့နှင့် လုံးဝမသက်ဆိုင်သည့်အလား ခုံံပေါ်ထိုင်ကာ ပွဲကြည့်ပရိတ်သတ်များ လုပ်နေရ၏။

ယခုတော့ ထိုသွေးနီရောင်ဝတ်ရုံဝတ် စစ်တပ်ကြီးသည် သွေးတိမ်တိုက်ကြီးတစ်ခုပမာ ၎င်းတို့ဆီသို့ အပြေးအလွှား ချဉ်းကပ်လာနေသည်။

သူတို့၏နှလုံးသားများ မတုန်လှုပ်ဘဲ မနေနိုင်ချေ။

အချိန်ခဏအတွင်း အင်အားကြီးမားပြီး စည်းစနစ်ကျသော ဖွဲ့စည်းမှုသည် တံခါးဝသို့ ရောက်ရှိလာသည်။

စစ်သည်တော်များသည် သပ်ရပ်စွာလမ်းဖယ်ပေးလိုက်ကြပြီး သွေးနီရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ခံတပ်ထဲမှ လူသားအဓိပတိအားလုံးသည် ထိုပုံရိပ်ကို နက်ရှိုင်းသော ရိုသေလေးစားမှုများဖြင့် ကြည့်နေကြသည်။

ကျိယွမ်၏အကြည့်သည် အဝေးမှ အနက်ရောင်ဂါဝန်ဝတ် မိန်းကလေးတစ်ဦးအပေါ် ကျရောက်သွားသည်။

သူ၏မျက်လုံးများက နုညံ့ပျော့ပျောင်းသွားသည်။

"ငါ ရောက်လာပြီ"

ဤတစ်ကြိမ်တွင် ပထမအကြိမ်ကဲ့သို့ မမျှော်လင့်ထားသော အဖြစ်အပျက်များ မရှိခဲ့ချေ။

သူသည် ထိုမိန်းကလေးကိုသာမက ခံတပ်ထဲရှိ အခြားသူတစ်ဦးဦးကိုပါ ရည်ညွှန်းပြောဆိုလိုက်ပုံရသည်။

နင်းထောင်သည် ကျိယွမ်ကို ကြည့်နေပြီး သူမ၏ ခြေလှမ်းများသည် ပထမဆုံးအကြိမ်အဖြစ် တုံ့ဆိုင်းနေခဲ့သည်။

သူမ၏ရင်ထဲရှိ မရေမတွက်နိုင်သော စကားလုံးများရှိသော်လည်း ပြောမထွက်ပါ။

ထိုအစား တစ်ခွန်းတည်းသာ ပြောနိုင်သည်။

"နင့်ကို ငါ စောင့်နေခဲ့တာ"

ယနေ့တွင် သူမသည် အနည်းငယ်အလှပြင်ထားပြီး အထူးသဖြင့် အနက်ရောင် ခြေအိတ်ရှည်ကို ဝတ်ဆင်ထားသည်။

အနက်ရောင်ဂါဝန်အောက်တွင်ရှိသော သူမ၏ ကိုယ်လုံးကိုယ်ထည်သည်သေးသွယ်သော်လည်း ရှိသင့်နေရာများတွင် ရှိနေပြီး မို့သင့်သည့်နေရာများကလည်းမို့နေသဖြင့် တင့်တယ်သော သွင်ပြင်ကိုဖော်ပြနေသလိုပင်။

သူမ၏ အသားအရေသည် အလွန်ဖြူဖျော့နေပြီး အနက်ရောင်အဝတ်အစားနှင့်တွဲထားသဖြင့် ပို၍ပင်ပေါ်လွင်နေပြန်သည်။

ကျိယွမ်က သူမထံမှ စာဝါငှက်လေးကျူးယန်၏ အငွေ့အသက်ကိုပြန်ခံစားရသည်။

ထိုအခို​က် ဆွဲဆောင်မှုရှိသော အသံတစ်ခုသည် ခံတပ်အတွင်းမှ ထွက်ပေါ်လာသည်။

"မဟာနတ်ဆိုးဆိုတဲ့အတိုင်းပဲ ငါ့ရဲ့အသက်တစ်ချောင်းကိုတောင် ဆုံးရှုံးစေနိုင်ခဲ့တယ်"

အသံပိုင်ရှင်က အခြားသူမဟုတ်ပေ။ပျောက်ကွယ်သွားပါသည်ဆိုသော အကြွင်းမဲ့သခင်မပင်။

သူမသည် အဖြူရောင်ဧကရာဇ်ခံတပ်အတွင်းမှ ပေါ်လာခြင်းဖြစ်သည်။

"အကြွင်းမဲ့သခင်မ"

"သူက ဘယ်လိုလုပ် ဒီနေရာကို ရောက်နေရတာလဲ"

ခံတပ်ထဲတွင်ရှိနေသော အဓိပတိရာပေါင်းများစွာသည် စိတ်လှုပ်ရှားသွားကြပြီး အကြွင်းမဲ့သခင်မကို စိုက်ကြည့်နေကြသည်။

သူမသည် ၎င်းတို့အား ဒိုင်းအဖြစ် အသုံးပြုကာ ခံတပ်အတွင်း၌ ပုန်းအောင်းနေခြင်းဖြစ်သည်။

အကြွင်းမဲ့သခင်မသည် အစွမ်းကြီးလှပြီး အဖြူရောင်ဧကရာဇ်ထက်ပင် သာလွန်၏။

သို့သော်လည်း အဓိပတိတစ်သိန်းကို တစ်ယောက်တည်းရင်ဆိုင်ရန်တော့ မဖြစ်နိုင်ပေ။

သူမက ခံတပ်ထဲတွင်ပုန်းအောင်နေခြင်းဖြင့် သွေးသခင်ကို မျက်စိလည်စေချင်ပုံရလေသည်။သို့သော် သွေးသခင်က ခံတပ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။

ကျိယွမ်သည် ရှန်ရန်ရန်ကို ကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"တကယ်တော့ နင့်ကို အခုချင်ချင်း သေစေချင်ပေမယ့်... မသတ်ရက်ဘူးဖြစ်နေတယ်"

ရှန်ရန်ရန်သာ သေဆုံးသွားပါက ဂိမ်းပြီးဆုံးသွားမည် ဖြစ်သည်။

ဂိမ်းတစ်ခုပြီးဆုံးတိုင်း ကျိယွမ်သည် အနည်းငယ် စိတ်မကောင်း ဖြစ်ကာ ဟာတာတာကြီး ခံစားရသည်။

၎င်းသည် ကာတွန်းဇာတ်လမ်းတွဲ သို့မဟုတ် မိမိအလွန်သဘောကျသော တီဗီဇာတ်လမ်းတွဲတစ်ခု ပြီးဆုံးသွားသကဲ့သို့ ဖြစ်သည်။

လျူဖုန်းနယ်မြေတွင်နေထိုင်ရသည့်အချိန်က အပြင်လောကကန်းလန်နယ်မြေထက်ပင် ပိုကြာနေခဲ့သဖြင့် ကျိယွမ်သည် ဤအရာများနှင့် တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်နေသည်မဟုတ်ပါလား။ရုတ်တရက်ကြီး ခွဲရလျှင် သူ့ရင်ထဲ၌ နည်းနည်းပို၍ ခံစားရနိုင်သည်။

ကျိယွမ်၏ စကားကြောင့် ရှန်ရန်ရန်မှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားသော်လည်း အလိုက်သင့် ပြောလိုက်သည်။

"ကျွန်မရဲ့ဆရာအပေါ်မှာလည်း ဒီလိုပဲ ခံစားရပါတယ်။ သူ့ကို သေစေချင်သလို၊ သူ့ကို.. ဒီကမ္ဘာမှာ ဆက်ရှိနေစေချင်တယ်"

သူမက ထိုစကားကို ဝမ်းနည်းပူဆွေးနေပုံဖြင့်ပြောခြင်းဖြစ်သည်။

လင်းရီသည် ထိုစကားကို ကြားသောအခါ ဒေါသထွက်သွားသည်။

"ရှန်ရန်ရန်၊ နင်ဘယ်လိုများ ဒီလောက် မျက်နှာပြောင်တိုက်နိုင်ရတာလဲ။

အခြေအနေက ပြတ်သားနေပြီ၊ နင့်မှာ ဘာတွေ ထပ်ပြီးအကြောင်းပြစရာ ရှိသေးလဲ"

ရှန်ရန်ရန်သည် အေးဆေးတည်ငြိမ်စွာဖြင့် ကျိယွမ်ကိုသာ ကြည့်နေသည်။

"တရားမျှတမှုက မကောင်းမှုအပေါ် အနိုင်ရလိမ့်မယ်လို့ ကျွန်မ အမြဲယုံကြည်ပါတယ် ဆရာ"

"ဟားဟား ဟားဟား ၊ နင်က ကိုယ့်ကိုယ်ကို တရားမျှတမှုလို့ ခေါ်တယ်ပေါ့၊ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ"

လင်းရီက ထပ်မံလှောင်ပြောင်သည်။

မြောက်ပိုင်း စုန်း ဆယ့်သုံးယောက်သည် လောကကြီးက မုန်းတီးပြီး လိုက်လံသတ်ဖြတ်ခြင်းခံခဲ့ရသော်လည်း ၎င်းတို့သည် ၎င်းတို့အား လိုက်လံနှောင့်ယှက်သူများကိုသာ သတ်ခဲ့ပြီး မဆိုင်သောသူများကို အကြောင်းမဲ့မသတ်ဖြတ်ခဲ့ဖူးပါ။

"ငါ လုပ်ခဲ့တဲ့အရာတွေအားလုံးဟာ လျူဖုန်းနယ်မြေအတွက်ပါ။ ဒါ့ကြောင့် ငါရဲ့ အသိစိတ်က ရှင်းလင်းတယ်"

ရှန်ရန်ရန်က အမှန်တရားတစ်ခုအလား တည်ငြိမ်စွာ ပြောသည်။

"ပိုင်ကျိကို မေးကြည့်ပါ၊ ငါ့ရဲ့ ဘယ်လုပ်ရပ်က လျူဖုန်းနယ်မြေအတွက်၊ ကမ္ဘာပေါ်က သတ္တဝါတွေအတွက် မဟုတ်ခဲ့ဖူးလဲဆိုတာကိုပေါ့"

သူမ၏ အသံသည် စိတ်အားထက်သန်လာပြီး လုံးဝခိုင်မာနေသည်။

ကျိယွမ်၏ မျက်လုံးများတွင်တော့ လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

"ဘော့စ်က မသေခင် ကိုယ့်ကိုယ်ကို ကယ်တင်ဖို့ ကြိုးစားနေတာပဲ၊နင့်ရဲ့ ဇာတ်ကောင်ကို ပိုပြီးပြည့်စုံအောင် လုပ်ချင်နေတာလား"

ရှန်ရန်ရန်သည် ကျိယွမ်ကို လျစ်လျူရှုပြီး ပိုင်ကျိကို ကြည့်ကာ မေးခွန်းထုတ်သည်။

"တောင်နဲ့မြောက်တိုက်ပွဲဟာ နတ်ဆိုးမျိုးစေ့တွေကို ဖယ်ရှားဖို့ မဟုတ်ဘူးလား။နတ်ဆိုးတစ်သောင်းနယမြေက နတ်ဆိုးတွေကို ခေါ်ခဲ့တာက နတ်ဆိုးမျိုးစေ့ရှိသူတွေနဲ့နတ်ဆိုးတွေ သူတို့အချင်းချင်းချေမှုန်းဖို့ မဟုတ်ဘူးလား၊ပြောပါဦး"

ပိုင်ကျိသည် အချိန်အတော်ကြာထိ တိတ်ဆိတ်နေပြီးမှ စပြောသည်။

"ရန်ရန်၊ နင့်ရဲ့ နည်းလမ်းတွေက အစွန်းရောက်လွန်းတယ်"

"ငါသာ အစွန်းမရောက်ခဲ့ရင် ၊ ငါကသာ လူဆိုးမကြီးနေရာက မကစားခဲ့ဘူးဆိုရင်၊ လျူဖုန်းနယ်မြေက လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ပျက်စီးသွားလောက်ပြီ၊

လွန်ခဲ့တဲ့ နှစ်တစ်သောင်းက ငါ့ရဲ့အသက်တစ်ချောင်းကို စတေးပြီး သက်ကြီးပိုင်းအဓိပတိသုံးထောင်နီးပါးကို လွှတ်ထုတ်ပေးခဲ့တာ ဘယ်သူလဲ ၊ ငါပဲမဟုတ်လား"

"အခုလည်း ပိုင်ကျိဆိုတဲ့ နင်ရဲ့ နာမည်ကောင်းစေဖို့အတွက် လူဆိုးမအခန်းကဏ္ဍကိုယူခဲ့တာလည်း ငါပါပဲ"

ရှန်ရန်ရန်၏ အသံသည် ထက်သန်နေရာမှ ဝမ်းနည်းကြေကွဲမှုများ စွတ်လာ၏။

"ဒီကမ္ဘာပေါ်မှာ နတ်ဆိုးမျိုးစေ့အရေအတွက်က သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တစ်ခုကို ရောက်သွားမယ်ဆိုရင် လျူဖုန်းနယ်မြေက... တကယ်ကို ပြိုလဲသွားမှာဖြစ်ပြီး ကောင်းကင်ဘုံကိုတောင် လုံးလုံးလျားလျား ညစ်ညမ်းစေလိမ့်မယ်"

"ဒီနယ်မြေကြီးတစ်ခုလုံး နတ်ဆိုးမျိုးစေ့တွေအတွက် စစ်မှန်တဲ့ဘေးမဲ့နေရာ ဖြစ်လာပြီး သာမန်လူသားတွေအတွက် သေဆုံးခြင်းသာရှိတော့မှာ၊ဒါတွေကို ထုတ်မပြောခဲ့ပေမဲ့ နင်လည်း သိပြီးသားပဲမဟုတ်လား"

ပိုင်ကျိသည် တိတ်ဆိတ်စွာ ဆက်ရှိနေသည်။

ရှန်ရန်ရန်၏ မျက်နှာက ကြေကွဲခြင်းအပြင်နာကျင်မှုများပါ သိုင်းဖွဲ့လာခဲ့သည်။

"ပိုင်ကျိ နင်ကသတ်ဖြတ်တာတွေ မလုပ်ချင်ဘူး၊နတ်ဆိုးမျိုးစေ့ရှိနေတဲ့ အဓိပတိအဆင့်တွေကို အန္တရာယ်ဖြစ်လာမယ်မှန်းသိနေပေမဲ့ နင်မသတ်ရက်ခဲ့ဘူး၊ ဒါကြောင့် ငါက သတ်တယ်။"

"ရလဒ်က ဘာဖြစ်လာလဲ.ငါပဲလူဆိုးမကြီးပေါ့"

သူမက မျက်ရည်များအနည်းငယ် ဝိုင်းလာပြီးနောက် တည်ငြိမ်စွာထောက်ပြသည်။

" ပိုင်ကျဲ၊ အခု နင်ကြည့်လိုက်ပါ၊ ဒီကမ္ဘာရဲ့ အမှန်တကယ် အပြစ်သားက ဘယ်သူလဲ။

အဓိပတိတစ်သိန်းတဲ့... ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်လဲ၊ဒီ အဓိပတိတစ်သိန်းကသာ အသက်ကြီးပြီးသေသွားရင် လောကကြီးဘာဖြစ်သွားမလဲ"

"သူတို့ကရော လောကကြီးအတွက်ဆိုပြီး အချိန်မတန်ခင် အသေခံပေးကြမှာလား၊သူတို့ရဲ့ ဆယ်ပုံတစ်ပုံပဲ ကျန်နေခဲ့ပါစေဦး နတ်ဘုရားတွေစွန့်ပစ်ထားတဲ့ ဟောဒီနယ်မြေကြီတစ်ခုလုံး ချက်ချင်းညစ်ညမ်းပြီး ကပ်ဘေးဆိုးတွေ ကျရောက်သွားလိမ့်မယ်"

"လူတိုင်း၊ အဓိပတိအကုန်လုံးအပြင် နင်နဲ့ငါပါမကျန် နတ်ဆိုးမျိုးစေ့တွေ ဖြစ်သွားလိမ့်မယ်"

ရှန်ရန်ရန်က အနီးအနားရှိ လူတိုင်းကို ကြည့်လိုက်ပြီး အမှန်တရားကိုရှာဖွေသလို မေးလိုက်၏။

"ဒါဆို ပြောပါဦး၊ မဟာနတ်ဆိုးက ဘယ်သူလဲ၊ ကမ္ဘာပေါ်မှာ ပျက်စီးမှုကို ဖြစ်စေမဲ့ အဓိက လူဆိုးကြီးက ဘယ်သူလဲ"

သူမသည် ကျိယွမ်ကို တိုက်ရိုက်ကြည့်လိုက်ပြီး ထိုသူကသာ စစ်မှန်သော အပြစ်သားဖြစ်ကြောင်း ပြောနေသကဲ့သို့ပင်။

သူမကတော့ လောကကြီး၏ နားလည်မှုလွဲခြင်းကို ခံရသော၊ ကြင်နာတတ်သော အဖြူရောင်ပန်းပွင့်လေးပင်။

သူမ၏စကားများကြောင့် အဓိပတိများအားလုံး တုန်လှုပ်သွားကြသည်။

အကြွင်းမဲ့သခင်မပြောတာ အမှန်တွေလား။

ဒါဆို သူလုပ်ခဲ့သမျှ အရာအားလုံးက နတ်ဆိုးမျိုးစေ့တွေ သတ်မှတ်ချက်ထက်ပိုမသွားအောင် ဖယ်ရှားဖို့နဲ့ ငါတို့ရဲ့ လျူဖုန်းနယ်မြေကြီး... လုံးဝမပျက်စီးစေဖို့ အမုန်းခံပြီး လုပ်ဆောင်ပေးတာပေါ့။

အားလုံးသော အဓိပတိများသည် အဖြေတစ်ခုကို ရှာဖွေနေသည့်အလား ပိုင်ကျိကို ကြည့်လိုက်ကြသည်။

ပိုင်ကျိ၏မျက်နှာတွင် ဝေခွဲရခက်နေသလို ရှုပ်ထွေးသွား၏။

"ဒီကမ္ဘာပေါ်မှာ နတ်ဆိုးမျိုးစေ့အရေအတွက်က သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ကျော်သွားမယ်ဆိုရင်... လျူဖုန်းနယ်မြေက တကယ်ပဲ ပြိုလဲသွားလိမ့်မယ်။

ဒါက ကောင်းကင်ဘုံရဲ့ သတိပေးချက်ဖြစ်ပြီး နှလုံးသားမဲ့ကြာပန်းကို ရရှိခဲ့တုန်းက ငါ လက်ခံရရှိခဲ့တဲ့ အချက်အလက်ပဲ"

ရှိသောသူများအားလုံး တိတ်ဆိတ်သွားကြသည်။

ရှန်ရန်ရန်ကို ဆန့်ကျင်ခဲ့သော မြောက်ပိုင်းစုန်း ၁၃ ဦးထဲမှ အချို့ပင် ယခုအခါ စိတ်ရှုပ်ထွေးပြီး တုံ့ဆိုင်းနေသည်။

"ဒါဆို ဘာလို့ လူတိုင်းကို ထုတ်ဖော်မပြောခဲ့တာလဲ"

မဟာအဓိပတိတစ်ဦးက မေးလိုက်သည်။

ရှန်ရန်ရန်၏ မျက်နှာက အေးစက်သွားသည်။

"လူ့သဘာဝကိုက ကိုယ်ကျိုးရှာတတ်တယ်။ ဒါကို ထုတ်ဖော်ပြောလိုက်တော့ရော ဘာအကျိုးရှိမှာလဲ။ ဘယ်သူကမှ အသက်ရှည်ရှည် အေးအေးချမ်းချမ်း နေရတာကို မလိုချင်ဘဲ နေမလဲ"

"လူတိုင်းက ကမ္ဘာကြီးအတွက်ဆိုပြီး ကိုယ့်ကိုယ်ကို စတေးနိုင်လောက်တဲ့ စိတ်ထားမျိုး ရှိကြလို့လား၊ ဒီအကြောင်းကို သိလိုက်ရင် တချို့ဆို သူတို့အကျိုးအတွက် နတိဆိုးမျိုးစေ့တွေကိုတောင် ပိုပြီးဖန်တီးချင်ကြလိမ့်မယ်"

"တချို့ကဒါကိုအကြောင်းပြပြီး အပြစ်မဲ့သူတွေကိုစွပ်စွဲပြီး ကိုယ်ကျိုးဖန်တီးကြလိမ့်မယ်"

"လူတွေ ကိုယ်ကျိုးရှာနေသရွေ့ ဒီကမ္ဘာကြီးဟာ... နောက်ဆုံးမှာ ပျက်စီးခြင်းဆီကိုပဲ ဦးတည်သွားမှာပဲ"

ရှန်ရန်ရန်သည် ကျိယွမ်ကို ကြည့်သည်။

"ဆရာ၊ ရှင့်ရဲ့နောက်က လူတစ်သိန်းလုံးက ရော ကိုယ်ကျိုးမဖက်ဘဲ ကိုယ့်ကိုယ်ကို စတေးဖို့ ဆန္ဒရှိကြသူတွေချည်းပဲလား၊ဒါမှမဟုတ်သူတို့က သက်တမ်းစေ့အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ အေးအေးချမ်းချမ်းနေချင်ကြမလား"

ပိုင်ကျိသည်လည်း ကောင်းကင်ယံရှိ အဓိပတိတစ်သိန်းကို ကြည့်နေပြီး စိတ်ပျက်အားငယ်နေပုံရသည်။

အဓိပတိတစ်သိန်း.. ၎င်းတို့မှ ထွက်ပေါ်လာမည့် နတ်ဆိုးမျိုးစေ့များသည် လျူဖုန်းနယ်မြေကို အမှန်တကယ် ပျက်စီးစေနိုင်သည်မဟုတ်ပါလား။

ကျိယွမ်၏နောက်မှ စစ်သည်အဓိပတိတစ်သိန်းသည်လည်း ရှန်ရန်ရန်၏ စကားကို ကြားလိုက်သောအခါ ခဏတာ ရှုပ်ထွေးပြီး စိတ်လှုပ်ရှားသွားကြသည်။

ရှန်ယန်ရန်၏ မျက်နှာတွင် အဆုံးမဲ့သော ဝမ်းနည်းပူဆွေးမှုနှင့် ရှုပ်ထွေးမှုများ ပေါ်လွင်နေ၏၊

"လျူဖုန်းနယ်မြေအတွက် ကံကောင်းတာက၊မဟာနတ်ဆိုးနဲ့ မိစ္ဆာမတို့ရဲ့ ပြန်လည်ဝင်စားသူတွေကို ရှာတွေ့ခဲ့ပါပြီ။"

"လျူဖုန်းနယ်မြေရဲ့ နတ်ဆိုးမျိုးစေ့တွေက မဟာနတ်ဆိုးနဲ့ မိစ္ဆာမတို့ဆီက စတင်ခဲ့တာ ဖြစ်တဲ့အတွက် သူတို့နဲ့အတူပဲ အဆုံးသတ်သင့်တယ် မဟုတ်လား"

သူမက ထိုစကားနှင့်အတူ ကျိယွမ်နှင့် နင်းထောင်ကို စိတ်မကောင်းသလိုကြည့်သည်။

ဤနှစ်ဦးသည် မဟာနတ်ဆိုးနှင့် မိစ္ဆာမတို့၏ ပြန်လည်ဝင်စားသူများဖြစ်ကြောင်း ပြောနေသကဲ့သို့ပင် ။

သူတို့နှစ်ဦးသေဆုံးမှသာ လျူဖုန်းနယ်မြေသည် စစ်မှန်သောငြိမ်းချမ်းမှု ရရှိနိုင်မည်ဖြစ်သည်။

ရှန်ရန်ရန်၏ စကားများကြောင့် လူတိုင်းသည် ကျိယွမ်အပေါ် အမြင်ပြောင်းလာကြတော့သည်။

လျူဖုန်းနယ်သားမှန်သမျှသည် သူတို့အားအဆုံးမဲ့ကပ်ဘေးဆိုးကြီးကို ဖြစ်စေခဲ့သော မဟာနတ်ဆိုးအား အလွန်မုန်းတီးကြသည်။

​ကျိယွမ်သည် အမှန်တကယ်ပင် မဟာနတ်ဆိုးဖြစ်ပါက ဤကမ္ဘာ၏ ဘေးဆိုးသည် သူကြောင့် ဖြစ်သည်။

သူသေဆုံးမှသာ ငြိမ်းချမ်းမှု ရရှိပေလိမ့်မည်။

အဓိပတိအားလုံးသည်လည်း ငြိမ်းချမ်းစွာ သေဆုံးရမည့်အရေးကို စိုးရိမ်ပူပန်စရာ မလိုတော့ချေ။

စကားလုံးအနည်းငယ်ဖြင့် ရှန်ရန်ရန်သည် သဘောထားကွဲလွဲမှုများကို ဖန်တီးလိုက်သည်။

သူမ၏ စကားများတွင် မြေခွေးမျိုးနွယ်၏စွမ်းရည်ဖြစ်သော သွေးဆောင်မှု

အရိပ်အယောင်များလည်း ပါဝင်နေသည်။

လူများစွာသည် သူမ၏ စကားကြောင့် စိတ်လှုပ်ရှားသွားလေ၏။

ကျိယွမ်သည် သူမ၏စကားများအားလုံးကို နားထောင်ပြီးနောက် သဘောကျစွာပြုံးလိုက်သည်။

"လူ့သဘာဝနဲ့ ကစားနေတယ်၊ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ"

"လုပ်စမ်းပါဦး၊ နင်က ငါ့ကို လူ့သဘာဝအကြောင်း၊လူတွေရဲ့ခံယူချက်တွေအကြောင်း သင်ခန်းစာပေးချင်နေတာလား၊ ဒါမှမဟုတ် ကိုယ်ကျင့်တရားနဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာလား"

ကျိယွမ်၏ပတ်ပတ်လည်တွင် သွေးများ က မုန်တိုင်းတစ်ခုလို လှိုင်းထလာသည်။

"ဒီနေ့မှာတော့ ငါ နင့်ကိုပြပေးလိုက်မယ်၊ နင်အားကိုးတဲ့ လူ့သဘာဝဆိုတာ... ဘာမှမဟုတ်ဘူးဆိုတာကို"

"နင့်​ခေါင်းထဲမှာ မှတ်သွား၊ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးက... ခွန်အားပဲ"

ကျိယွမ်သည် သူ၏နောက်မှ အဓိပတိတစ်သိန်းကို လှည့်ကြည့်ပြီး တိုတိုပြတ်ပြတ်မေးလိုက်သည်။

"ငါက မဟာနတ်ဆိုးလား"

အ​ဓိပတိတစ်သိန်းသည် ​ခဏမျှ ရှုပ်ထွေးသွားလေ၏။

ယန်ဟွန်းနှင့် ချန်းဟွမ်တို့က အလျင်အမြန် အော်ဟစ်လိုက်သည်။

"သွေးသခင်က မဟာနတ်ဆိုး မဟုတ်ပါဘူ"

ကြောင်ငေးနေသော အဓိပတိတစ်သိန်းသည် ကြက်များကိုသတ်သလို အဓိပတိများကို ရက်စက်စွာသတ်ဖြတ်နိုင်သော သွေးသခင်၏ ကြောက်မက်ဖွယ် စွမ်းအားကို သတိရပြီးနောက် တုံ့ဆိုင်းမနေရဲတော့ဘဲ တစ်ညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

"သွေးသခင်က မဟာနတ်ဆိုး မဟုတ်ဘူး"

အော်ဟစ်သံသည် နတ်ဆိုးတစ်သောင်းနယ်မြေတံခါးအထိ ပဲ့တင်ထပ်သွားသည်။

ကျိယွမ်သည် ကောင်းကင်ယံတွင် ရပ်လျက်ရှိသည်။

"မြင်လား၊ ဒါက စစ်မှန်တဲ့ လူထုထောက်ခံမှုပဲ"

"ပုံရိပ်ကောင်း​တာလား ၊ အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ"

"ငါ့မှာခွန်အားရှိရင် ငါကပုံရိပ်ပဲ"

သူ၏မျက်လုံးများတွင် မထီမဲ့မြင်ပြုခြင်းများ ပြည့်နှက်နေသည်။

"သွေးနန်းတော်က အဓိပတိတွေက ငါ့ကို ကြောက်ကြတယ်၊ မုန်းကြတယ်၊ ငါ့ကို သတ်ချင်ကြသူတွေမှ အများကြီး၊ ဒါပေမယ့် ဘာဖြစ်လဲ။ အခု သူတို့က ငါ့ကို နာခံစွာ အလုပ်အကျွေး ပြုနေကြတုန်းပဲ"

ယခုအချိန်တွင် ကျိယွမ်သည် မာနကြီးပြီး မအလွန်အနိုင်ကျင့်တတ်သော ဗီလိန်တစ်ဦးနှင့် တူနေသည်။

သို့သော်လည်း မည်သူကမှ သူ့ကိုမဆန့်ကျင်နိုင်ချေ။

"သမင်ကို လက်ညှိုးထိုးပြီး မြင်းလို့ ခေါ်တယ်၊ ဘယ်လောက်တောင် စိတ်ဝင်စားစရာကောင်းလိုက်လဲ"

ကျိယွမ်က သူ၏လက်ကို မြှောက်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။

"ရှန်ရန်ရန်က မဟာနတ်ဆိုးပဲ"

ချန်းဟွမ်နှင့် ယန်ဟွန်းတို့သည် ကျိယွမ်၏ ဆိုလိုရင်းကို နားလည်ပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

"ရှန်ရန်ရန်က မဟာနတ်ဆိုးပဲ"

၎င်းတို့နောက်မှ အဓိပတိတစ်သိန်းကလည်း တစ်ညီတညွတ်တည်း အော်ဟစ်လိုက်သည်၊

"ရှန်ရန်ရန်က မဟာနတ်ဆိုးပဲ"

ထိုအသံသည် ​ဗုံးကွဲသံပမာဟိန်းခနဲ မြည်ဟည်းကာ ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါသွားသည်။

မြင်ကွင်းသည် ဟာသဆန်သော်လည်း နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေလောက်အောင် အစွမ်းထက်သည်။

"မြင်လား"

ကျိယွမ်သည် သူ၏ပတ်ပတ်လည်ရှိ အဓိပတိများကို လက်ညှိုးထိုးပြသည်။

"အဓိပတိတစ်သိန်းလောက်က နင့်ကိုနတ်ဆိုးလို့ ပြောနေကြပြီ ၊ ဘယ်လိုလုပ်မလဲ"

ရှန်ရန်ရန်၏ နှလုံးသားထဲတွင် ပထမဆုံးအကြိမ်အဖြစ် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်လာသည်။

သူမသည် လူ့သဘာဝဖြင့် ကစားခဲ့ပြီး နယ်မြေများစွာကို အောင်မြင်ခဲ့သော်လည်း ကျိယွမ်ကဲ့သို့သော တစ်စုံတစ်ဦးကို တစ်ခါမျှ မတွေ့ဖူးချေ။

သို့သော်လည်း သူမသည် နောက်ပြန်မဆုတ်ဘဲ ဆက်ပြောသည်။

"ဆရာ၊ ဆရာက မဟာနတ်ဆိုးဖြစ်ခဲ့တုန်းကတောင် ကမ္ဘာပေါ်က သတ္တဝါတွေအတွက် ဆရာအချစ်ဆုံး မိစ္ဆာမကို သတ်ခဲ့ဖူးပါတယ်။ကမ္ဘာမြေအဆုံးမှာဆိုရင်လည်း နှလုံးသားနတ်ဆိုးကိုထိန်းချုပ်ဖို့အတွက် အနန္တအသွင်ကူးပြောင်းတံခါးထဲကို တစ်ယောက်တည်းဝင်ရောက်ပြီး လောကကြီးအတွက် ကိုယ့်ကိုယ်ကို စတေးခဲ့တယ်"

"ဒီနေ့မှာလည်း အခုလိုအတ္တကြီးမနေဘဲ လျူဖုန်းနယ်မြေရဲ့သတ္တဝါလေးတွေအတွက် ဆရာကိုယ့်ကိုယ်ကို စတေးပေးလို့ မရဘူးလား"

ရှန်ရန်ရန်၏ တရားမျှတသော အသံသည် လှုံ့ဆော်မှုများ အပြည့်ပါဝင်ပြီး နေရာအနှံ့ ပျံ့နှံ့သွားသည်။

သူမက ဆရာဖြစ်သူအား အသနားခံနေသော တပည့်အလိမ္မာလေးတစ်ဦးကဲ့သို့ ရှိသည်။

ကျိယွမ်ကို ပိုပြီးသဘောကျစွာ ပြုံးလိုက်ပြန်သည်။

"နင်က အလင်းနန်းတော်ထက်တောင် ပိုပြီး ရွံစရာကောင်းတယ်၊ ငါ့ကို ကိုယ်ကျင့်တရားနဲ့ ချည်နှောင်ဖို့ ကြိုးစားနေတာလား"

"ဒီစကားတွေက ကိုယ်ကျိုးရှာသလိုဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမယ့် ကမ္ဘာကြီးအတွက်၊ အလုံးစုံအတွက် ကျွန်မ လူဆိုးမအဖြစ်ရပ်တည်ပြီး ဒီစကားတွေကို ပြောဖို့ ဆန္ဒရှိပါတယ်"

ရှန်ရန်ရန်က လုံးဝနောက်မဆုတ်ပါ။သူမ၏ ရပ်တည်ချ​က်က မွန်မြတ်သည့်အလားဆက်ပြောသည်။

ကျိယွမ်၏မျက်နှာတွင် ပိုမိုရွံရှာမှုများ ပေါ်လာသည်။

သူက သူမအား ချီးမွမ်းသည်အနေဖြင့် ဤလောကတွင် သူပထမဆုံးအကြိမ် ဆဲဆိုပေးလိုက်တော့သည်။

"သောက်ကမြင်းမ၊ ချီးစကားတွေ ဆက်ပြောနေတုန်းပဲ၊နင့်ကို ငါခုတ်မှရတော့မယ်"

"ဟုတ်တယ် ငါက ကိုယ်ကျင့်တရားမရှိဘူး၊

ပုံရိပ်လည်းမကောင်းဘူး ၊ လူ့သဘာဝလည်းနားမလည်ဘူး"

"အေး ဓားနဲ့တော့ ခုတ်တတ်တယ်"

ကျိယွမ်သည် သူ၏လက်ကိုခါပြီး နင်းတောင်၏ လက်ထဲမှ သွေးနီရောင်ဓားကို ဆင့်ခေါ်လိုက်သည်။

ထို့နောက် အရည်မရအဖတ်မရများ ပြောနေသော ရှန်ရန်ရန်အား ပြင်းထန်စွာခုတ်ပိုင်းပစ်သည်။

ဂိမ်းကိုအဆုံးသတ်ဖို့ နှမြောနေတာကိုက ငါမှားတာ၊ဒီဘော့စ်မက လျာရှည်လွန်းတာ ငါမသိလိုက်ဘူး။

ကျိယွမ်၏မဟာအဓိပတိအဆင့် မူလစွမ်းအားက ဓားနှင့်အတူပေါက်ကွဲထွက်လာ၏။

ထို့အတူ အဆုံးမဲ့ မကောင်းမှုဆန္ဒများကလည်း ဖုံးလွှမ်းသွားခဲ့သည်။

ရှန်ရန်ရန်၏ မျက်လုံးများပင်လျှင် ရမ္မက်ခိုးဝေသော စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာ၏။

သူမ၏ လက်ရှိခန္ဓာကိုယ်သည် ဤကမ္ဘာမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် သူမသည်လည်း နှလုံးသားနတ်ဆိုးများ၏ သက်ရောက်မှုကို အနည်းငယ်ခံရလေသည်။

သို့သော် ကျိယွမ်​၏ဓားချက်သည် ရှန်ရန်ရန်၏ခန္ဓာကိုသာ ထိခိုက်စေပြီး သူမ၏ အတွင်းနန်ဆိုးကို နှိုးဆွနိုင်ခြင်း မရှိချေ။

ရှန်ရန်ရန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး ကျရောက်လာ​သော မူလစွမ်းအားများကို ဖျက်ဆီးရန်အတွက် လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်သည်။

သူမက ယခုအချိန်ထိ ငြိမ်သက်နေသော ပိုင်ကျိအား သတိပေးလိုက်သည်။

"ပိုင်ကျိ နင်မလှုပ်ရှားတော့ဘူးလား။ မဟာနတ်ဆိုးကိုသတ်မှသာ ဒီကမ္ဘာကြီးက အမှန်တကယ် ငြိမ်းချမ်းနိုင်မှာ"

ထိုအချိန်တွင်ပိုင်ကျိသည် ဝေခွဲရခက်ခြင်းနှင့်အတူ ရှုပ်ထွေးသောခံစားချက်များမှ ရုန်းကန်နေရပုံရှိသည်။

ရှန်ရန်ရန်၏ အသံသည် သူ၏နားထဲသို့ထပ်မံရောက်ရှိလာသည်။

"တစ်ချိန်က ဗုဒ္ဓဟာကမ္ဘာကြီးအတွက် သူ အချစ်ဆုံးမိစ္ဆာမကိုတောင် သတ်ခဲ့ဖူးပါတယ်။အခုလည်း မဟာနတ်ဆိုးကို သတ်လို့ဆိုပြီး ဆရာက ရှင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး"

'"နင့်ရှေ့က တစ်ယောက်က ဆရာမဟုတ်ဘူး၊ မဟာနတ်ဆိုးပဲ"

"မဟာနတ်ဆိုးကို သတ်တာဟာ ဆရာရဲ့ နောက်ဆုံးဆန္ဒလည်း ဖြစ်တယ်ဆိုတာ မေ့နေပြီလား"

သို့သော် ပိုင်ကျိသည် ခံတပ်ထဲတွင် ငြိမ်သက်စွာ ရပ်လျက်ရှိနေဆဲဖြစ်ပြီး သူ၏ နှလုံးသားသည် မရေမတွက်နိုင်သော စိတ်ခံစားမှုများဖြင့်ပြည့်နှက်ကာ အဆက်မပြတ် ရုန်းကန်နေသည်။

ထို့အတူ နှလုံးသားမဲ့ကြာပန်းသည်လည်း ကြောက်မက်ဖွယ်ရာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာသည်။

ကျ်ယွမ်ပင်လျှင် ထိုအရာမှ အန္တရာယ် အရိပ်အယောင်တစ်ခုကို ခံစားမိသည်။

သူ၏ အကြည့်သည် နှလုံးသားမဲ့ကြာပန်းပေါ်သို့ ကျရောက်သွားပြီး သူ၏မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်တစ်ခု ရှိနေသည်။

【အညစ်အကြေးဖုံးနေသော မဟာနေမင်းကြာပန်း၊ မဟာနေမင်းဗုဒ္ဓ သေဆုံးပြီးနောက် ဖြစ်ပေါ်လာသော ဓာတ်တော်၊ ၎င်းသည် အပြစ်အနာအဆာကင်းသော ရွှေကိုယ်ခန္ဓာကို ဖန်တီးနိုင်သည်။

၎င်း၏ စွမ်းအားသည် အတိုင်းအဆမရှိ၊ ၎င်း အမှန်တကယ် ပေါ်ထွက်လာပါက ကမ္ဘာပေါ်ရှိ အရာအားလုံးကို မီးရှို့ဖျက်ဆီးနိုင်သည်】

မဟာနေမင်းကြာပန်းကို မြင်သောအခါ ကျိယွမ်သည် သူပျောက်ဆုံးနေသော ကွင်းဆက်တစ်ခုကို ရုတ်တရက် နားလည်သွားသည်။

သူ၏ မူလစွမ်းအားတစ်ခုသည် မဟာမေ့လျော့ခြင်းစိတ်ကျမ်းဖြစ်သည်။

သူသည် ထိုစွမ်းအားကိုတိုးတက်ရန် ယခင်ဖြစ်ရပ်များအားလုံးကို ပြန်သတိရရန်၊ မေ့ပစ်ရန်၊ ထို့နောက် ပြန်လည်သတိရန် လိုအပ်သည်။

မြေအောက်နန်းတော်တွင် ဆယ်နှစ်တိတိနေပြီး ဤကမ္ဘာမှာ သူဖြတ်သန်းခဲ့သော ဇာတ်လမ်းကို သူ၏စိတ်ထဲတွင် မရေမတွက်နိုင်အောင်ပင် အကြိမ်များစွာ ပြန်လည်အမှတ်ရခဲ့သည်။

ထို့သို့အကြိမ်ကြိမ် ပြန်တွေးမိရင်း ဇာတ်လမ်းဇာတ်ကောင်များနှင့် မြှုပ်ကွက်များကို များစွာရိပ်မိလာခဲ့သည်။သို့သော်လည်း သူ နားမလည်နိုင်သော သို့မဟုတ် ကွက်လပ်များ ပြည့်နှက်နေသော နေရာများစွာလည်း ရှိနေခဲ့သည်။

ယခင်က အိုးကိုးလုံးတောင်ပေါ်တွင် ပိုင်ကျိနှင့် ရှန်ရန်ရန်ကို အနန္တအသွင်ကူးပြောင်းတံခါးအကြောင်း စုံစမ်းရန် ညွှန်ကြားခဲ့ပြီး ၎င်းတို့၏ အစီရင်ခံစာကို နားထောင်ခဲ့သည်။

ထိုအချိန်တွင် သူသည် ပိုင်ကျိကို ကြည့်ခဲ့ပြီး ပိုင်ကျိသည် ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း မြင်ခဲ့သည်။

နောက်ပိုင်းတွင် ကံကြမ္မာကျောက်တုံးတွင် လှည့်စားတတ်သော ဝိညာဥ်ရှိပြီး ထိုဝိညာဥ်ကို ဗုဒ္ဓကသန့်စင်ရန်ကြိုးစားခဲ့ကြောင်း သူသိခဲ့ရသည်။

ထိုမှတစ်ဆင့် နောက်ရက်များတွင် ရှန်ရန်ရန်သည် ကံကြမ္မာကျောက်တုံး၏ ဝိညာဉ်ဖြစ်ကြောင်း သူ အတည်ပြုခဲ့သည်။

ကံကြမ္မာကျောက်တုံးကို သန့်စင်ပြီး အသွင်ယူနိုင်စေရန် ဘုန်းကြီးတစ်ပါးက ကူညီပေးခဲ့ကြောင်း သူသိရပြန်သည်။

ထို့ကြောင့် ဗုဒ္ဓနှင့်ကျောက်တုံး ၊ကျောက်တုံးနှင့်ဗုဒ္ဓတို့က တွယ်ဆက်နေပြီး တစ်ဦးအနီးတွင်တစ်ဦးရှိကြောင်း သူသဘောပေါက်သွားခဲ့သည်။

ရှန်ယန်ယန်သည် သန့်စင်ခံထားရသော လှည့်စားတတ်သည့်ဝိညာဥ်ဖြစ်လျှင် သူမအား သန့်စင်ပေးခဲ့သော ဗုဒ္ဓကမည်သူနည်း။

ပိုင်ကျိပင် မဟုတ်ပါလား။

ပိုင်ကျိသည် ဗုဒ္ဓဖြစ်သလို မဟာနတ်ဆိုးလည်း ဖြစ်သည်။

မဟာနတ်ဆိုးရှိလျှင် သူချစ်ရသော မိစ္ဆာမက မည်သူနည်း။

ရှန်ရန်ရန်ပင်တည်း။

သူတို့နှစ်ဦးသည် လျူဖုန်းနယ်မြေ၏ နှလုံးသားနတ်ဆိုးများကိုဖြစ်စေခဲ့သူများပင်။

သို့သော်လည်း ထိုအချိန်က ကျိယွမ် နားမလည်သေးသည့် အရာတစ်ခု ရှိခဲ့သည်။

ရှန်ရန်ရန်သည် ဤအရာများအားလုံးကိုအဘယ်ကြောင့် အချိန်ယူကာ လုပ်ခဲ့ရလေသနည်း။

ပိုင်ကျိကို တဖန်ကျရှုံးစေပြီး မဟာနတ်ဆိုး ဖြစ်လာစေရန်အတွက်ပဲလား။

သို့သော် ထိုမျှလောက်နှင့် သူမကဤသို့လုပ်မည့်သူမဟုတ်မှန်း သူသိလေသည်။

အ​ခြားအဖြေတစ်ခုရှိမှန်း သိသော်လည်း ထိုအရာက ဘာလဲဆိုတာတော့ သူတွေးမရခဲ့ပေ။

ယခု မဟာနေမင်းကြာပန်းကို မြင်သောအခါမှာတော့ သူ လုံးဝနားလည်သွားသည်။

ရှန်ရန်ရန်၏ ရည်မှန်းချက်သည် မဟာနေမင်းကြာပန်း ဖြစ်သည်။

သို့သော် သူမသည် အလွန်အကျွံ ဖိအားပေးရဲခြင်း မရှိသလို ပိုင်ကျိကိုလည်း တိုက်ရိုက် ရင်ဆိုင်ရဲခြင်းလည်း မရှိချေ။

ပိုင်ကျိသည် သူ၏ မဟာနတ်ဆိုးဘဝ အမှတ်ရမှုများ နိုးကြားလာပါက သူသည် မဟာနတ်ဆိုးအဖြစ်သို့ ပြန်လည်ရောက်ရှိသွားမည်။

ထိုအခါ အညစ်အကြေးဖုံးနေသော မဟာနေမင်းကြာပန်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို မီးရှို့ဖျက်ဆီးမည်ဖြစ်သလို ကျရှုံးသွားသော မဟာနတ်ဆိုးကလည်း ယခင်မဟာနတ်ဆိုးကဲ့သို့ပင် မိစ္ဆာမကို ထပ်သတ်ပေလိမ့်မည်။

လျူဖုန်းနယ်မြေသည် လုံးလုံးလျားလျား ပျက်စီးသွားမည်ဖြစ်ပြီး သူမကလည်း ကံကြမ္မာကျောက်တုံးအဖြစ်မှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပါ။

ထို့ကြောင့် သူမသည် သူမ၏ ချဉ်းကပ်ပုံကို ပြောင်းလဲခဲ့သည်။

နင်းတောင်ကို ဘီလူးမအဖြစ်နှင့် သွေးသခင်ကို မဟာနတ်ဆိုးအဖြစ် ရုပ်လုံးဖော်၏။

ထို့နောက် သူမသည် ပိုင်ကျိကို သူ၏ဆရာအရင်းဖြစ်သော သွေးသခင်နှင့် နင်းထောင်ကို ဆန့်ကျင်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။

ထိုသို့လုပ်ခြင်းဖြင့် သူမအတွက် မည်သို့အကျိုးရှိလာမည်နည်း။

ကျိယွမ်က သဘောပေါက်စွာ ပြုံးလိုက်သည်။

----------------------

All Chapters