ဘယ်သူမင်းကို ထွက်သွားခွင့်ပေးလို့လဲ
Vol. 208 Ch. 3106
ဧကရာဇ်များပေါ်ထွက်လာပြီးနောက် နတ်ဆေးမိုးကောင်းကင်နန်းတော်၏ ဘုရင်သုံးရာကျော်ကျော်၏ အော်ရာများက ချက်ချင်းပင် ဖိနှိမ်ခံလိုက်ရ၏။ သူတို့အားလုံးက ကြောင်တိကြောင်တောင်နှင့် မအီမသာဖြစ်နေကြ၏။
“မကြောက်ပါနဲ့”
ဧကရာဇ်မြောက်ပိုင်းခွန်က ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီး လက်ကာပြလိုက်၏။
“ငါတို့နှစ်ယောက်က မင်းတို့နတ်ဆေးမိုးကောင်းကင်နန်းတော်နဲ့ ကောင်းကင်ဘုံကမ္ဘာနဲ့ ဘာရန်ငြိုးရန်စမှမရှိဘူး.. ငါတို့က ဒီကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး”
“ဒီကောင်လေးက အရမ်းတွေ စိတ်အားထက်သန်နေလို့သာ ငါတို့က သူ့ကို စောင့်ကြည့်ဖို့ ဒီကိုရောက်လာတာပဲ”
ထိုသို့ပြောရင်း ဧကရာဇ်မြောက်ပိုင်းခွန်က ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းနှင့် စုရုံးနေသော ရှောင်းယောင်ကို လက်ညှိုးထိုးကာ မှင်သေသေဖြင့် ပြောလိုက်၏။
အင်မော်တယ်ဘုရင်ရှစ်ချွယ်က ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။
ဧကရာဇ်မြောက်ပိုင်းခွန်က ထိုစကားကို သာမန်ကာလျှံကာ ပြောဆိုပြီး သူတို့က ကြားဝင်စွက်ဖက်ခြင်းမရှိဟု သူ့စကားမှာ ဖော်ပြခဲ့လေသည်။ သို့သော်လည်း ခွန်ဖန်းကမ္ဘာမှ လောကအရှင်ဧကရာဇ်နှစ်ဦးရောက်ရှိနေခြင်းနှင့်အတူ ခွန်ဖန်းကမ္ဘာမှ သခင်လေးကို ဘယ်သူက ထိခိုက်အောင်လုပ်ရဲမှာလဲ… တစ်နည်းအားဖြင့်ဆိုသော် ခွန်ဖန်းကမ္ဘာ၏ သခင်လေးက ရှေ့သို့တက်လှမ်းလာပြီး သူ့ကို ဖြတ်ရိုက်မည်ဆိုလျှင်တောင် သူက တုံ့ပြန်တိုက်ခိုက်ရဲလိမ့်မည်မဟုတ်ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤမျှရက်စက်ကြမ်းတမ်းသောလူများက ဘယ်လိုလုပ်ပြီး ရုတ်တရက်ရောက်လာရတာလဲ..
လေထဲမှာ နောက်ထပ်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။
လူတချို့က ပေါ်ထွက်လာကြလေသည်။ သူတို့မှာ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး သူတို့၏ သွေးချီက တလိပ်လိပ်ထိုးတက်နေ၏။
နတ်ဘုရားမျိုးနွယ်…။
လူတိုင်းက ထပ်မံ၍ တုန်လှုပ်သွားကြ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများကြားမှာ ဧကရာဇ်ပညာရှင်များ ပါမလာခဲ့ပေ။ သို့သော်လည်း အဲဒီမှာ နတ်ဘုရားဘုရင်တချို့ရှိပြီး ဦးဆောင်လာသူ အမျိုးသမီးက သရဖူတစ်ခုကို ဆောင်းထားလေသည်။ သူမသည် နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားသမီးတော်ဖြစ်သည်မှာ သိသာနေ၏။
နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ အသေးအဖွဲ့ကိစ္စက နတ်ဘုရားမျိုးနွယ်မှ ပညာရှင်များကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်မိသွားတာလဲ။
“နတ်ဘုရားမျိုးနွယ်က တာအိုရောင်းရင်းတို့…”
အင်မော်တယ်ဘုရင်ရှစ်ချွယ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စကားစပြောလိုက်၏။
နတ်ဘုရားဘုရင်တစ်ဦးက နန်းကြည်ကို လက်ညှိုးထိုးပြီး သူ့စကားကို ဖြတ်ပြောလိုက်၏။
“ငါတို့က သူ့ကိုပို့ပေးဖို့ ဒီကိုရောက်လာရုံပဲ”
နန်းကြည်က ဆင်းသက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကို နှုတ်ဆက်လိုက်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ နောက်ထပ်လူတစ်ဦးလား။
ထိုစဉ်မှာပင် အဝေးတစ်နေရာကနေ နက်ရှိုင်းသော မိုးကြိုးထစ်ချုန်းသံက ထွက်ပေါ်လာ၏။ ခံ့ညားထည်ဝါသော စစ်တပ်တစ်တပ်က လေထဲကနေ ဒုန်းစိုင်းလာသည့်အလား ၎င်းက အဝေးကနေ ချဉ်းကပ်လာနေသည်။
နောက်ခဏ၌ ထျန်ဟွမ်ဟူသော စာလုံးများ ရေးထိုးထားသည့် အလံများက လေထဲမှာ ထွက်ပေါ်လာလေသည်။
ခေါင်းဆောင်ဖြစ်သူက သူ၏ ပခုံးပေါ်မှာ ဧရာမလှံတစ်လက်ကို တင်ထားပြီး လေနှင့်မိုးကြိုးတို့အပေါ် နင်းဖြတ်လာ၏။ သူ၏ အကြည့်က မိုကြိုးလျှပ်စီးကဲ့သို့ ဝင်းဝင်းလက်နေပြီး သိပ်သည်းပြင်ထန်သော အော်ရာနှင့်အတူ လျှောက်လှမ်းလာနေ၏။
ဖုန့်စန်းထျန်သည် ထျန်ဟွမ်ဂိုဏ်းမှ စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာခဲ့သေလည်။
ရှောင်းနင်နှင့် ညဝိညာဉ်ကို ဝိုင်းပတ်ပိတ်ဆို့ဖို့အတွက် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ အင်မော်တယ်ဘုရင်များအားလုံနီးပါးက ဤနေရာမှာ စုစည်းရောက်ရှိနေကြ၏။ ထိုသို့ဖြင့် ထျန်ဟွမ်စစ်တပ်သည် မည်သည့်အဟန့်အတားမှမရှိဘဲ ဝင်ရောက်လာနိုင်လေသည်။
ဖုန့်စန်းထျန်၏ နောက်ဘက်မှာ မင်းကျန်၊ ယန်ပေးချန်၊ နတ်ဆိုးမကျိနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသူများရှိနေ၏။
“အစ်ကိုဖုန့်”
လင်းကျန့်က ထိုသူကိုတွေ့မြင်သောအခါ သူက စိတ်လှုပ်ရှားတက်ကြွစွာဖြင့် လှမ်းအော်ခေါ်လိုက်၏။
“ညီကိုလင်း… တာအိုရောင်းရင်းလင်းလုံ”
ဖုန့်စန်းထျန်က အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်၏။
ဤနေရာမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများစွာရှိနေ၏။ သို့သော်လည်း လင်းကျန့်၊ ဖုန့်စန်းထျန်နှင့် အင်မော်တယ်ဘုရင်မလင်းလုံတို့သည် တူညီသောမျိုးဆက်မှ ပညာရှင်များဖြစ်လေသည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဧကရာဇ်များစွာ အတူတကွပေါ်ထွက်ခဲ့သော ရွှေရောင်ခေတ်တစ်ခေတ်ရှိခဲ့လေသည်။
ညဝိညာဉ်တို့ညီကိုမောင်နှမအုပ်စု၊ ရှောင်းနင်၊ နန်းကြည်နှင့် ယန်ပေးချန်တို့ကတော့ သူတို့သည် သိုင်းတာအိုထွန်းတောက်၍ လူသားမျိုးနွယ် ပြန်လည်ရှင်သန်လာသော နောက်ပိုင်းမျိုးဆက်မှာ ကြီးပြင်းခဲ့ကြလေသည်။
ဂုဏ်ကျက်သရေထွန်းတောက်ခဲ့သော ခေတ်နှစ်ခေတ်ကို ရှည်လျားသော အချိန်ကာလတစ်ခုက ပိုင်းခြားထားသော်လည်း ထိုခေတ်နှစ်ခေတ်စလုံးက မနှိုင်းယှဉ်သာအောင် တောက်ပခဲ့လေသည်။ အရင်တုန်းက အောက်ဘုံလောကမှာ အောင်မြင်ကျော်ကြားခဲ့သော ပုဂ္ဂိုလ်များစွာ ပေါ်ထွက်ခဲ့လေသည်။
သူတို့ထဲမှ တချို့က ကွယ်လွန်သွားကြပြီဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျန်ရှိနေသာလူများကတော့ ရွှေခေတ်နှစ်ခေတ်၏ ပြိုင်စံရှားများသည် ဤအခိုက်အတန့်မှာ ဤနေရာတွင် နောက်ဆုံး စုဝေးရောက်ရှိလာကြ၏။
“အဲဒါ ထျန်ဟွမ်ကုန်းမြေတိုက်က လူသားဧကရာဇ်ပဲ… သူ့ဘေးက အမျိုးသမီးက ပဟေဠိနန်းတော်ကို တည်ထောင်ခဲ့တဲ့ နတ်မိမယ်လင်းလုံပဲ”
“ဝါး…”
ဥပမာအားဖြင့် ကျား၊ ချင်ချင်၊ ရှောင်းနင်နှင့် အခြားသူများသည် လင်းကျန့်နှင့် အင်မော်တယ်ဘုရင်မလင်းလုံကို ပထမဆုံးတွေ့မြင်သည့်အခါ အံ့အားတသင့်ဖြစ်သွားကြ၏။
သူတိုအတွက်တော့ ဤပညာရှင်များသည် တစ်ခါတုန်းက သူတို့ အလေးစားရဆုံးနှင့် အချီးကျူးရဆုံး စီနီယာများနှင့် သူတော်စင်များဖြစ်ခဲ့ကြလေသည်။
“အဲဒါက မိုးကြိုးဧကရာဇ်ပေါ့.. အခုလက်ရှိမှာတော့ အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသ”
“လူသားဧကရာဇ်နဲ့ မိုးကြိုးဧကရာဇ်ဆိုတဲ့အတိုင်းပဲ… သူတို့တွေက စွမ်းအားကြီးမားတဲ့စစ်တပ်တွေနဲ့ ရောက်ရှိလာကြတယ်… ဘယ်လောက်တင်စီးလိုက်သလဲ”
လေထဲမှာ။
လင်းကျန့်၊ အင်မော်တယ်ဘုရင်မလင်းလုံနှင့် ဖုန့်စန်းထျန်တို့က ပြန်လည်းဆုံစည်းမိကြ၏။ စိတ်လှုပ်ရှားတက်ကြွနေခြင်းအပြင် သူတို့သည် အဆုံးမဲ့စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြ၏။
လင်းကျန့်က ပြောလိုက်၏။
“ငါတို့တွေက ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ အဲဒီမျိုးဆက်က နောက်ဆုံးကျန်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေပဲ… ကံဆိုးစွာနဲ့ပဲ ညီကိုညသင်္ချိုင်းကတော့ အခုလိုအချိန်ကို မတွေ့မြင်နိုင်တော့ဘူး”
ပကတိအင်မော်တယ် ညသင်္ချိုင်းအကြောင်းပြောဆိုချိန်မှာ ဖုန့်စန်းထျန်၏ မျက်လုံးများက သုန်မှုန်သွားလေသည်။
ထို့နောက် သူက လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်လိုက်၏။
“ဖြေသိမ့်စရာတစ်ခုကတော့ ဇီမိုက ယွမ်ကျောကို သတ်ဖြတ်ပြီး သူ့ခေါင်းကို ညီကိုညသင်္ချိုင်းမသေခင် ပို့ပေးခဲ့တယ်… သူက နောင်တမရှိဘဲ သေသွားနိုင်ခဲ့တယ်”
ရှေးဟောင်းခေတ်များမှာတုန်းက ဧကရာဇ်များသည် အတူတကွ ပေါ်ထွက်လာပြီး လူသားမျိုးနွယ်ပိုင်ဆိုင်သည့် ဂုဏ်ကျက်သရေထွန်းတောက်သောခေတ်တစ်ခေတ်ကို တည်ထောင်ခဲ့လေသည်။ သို့သော်လည်း လောကဓံတရားက ရက်စက်ကြမ်းတမ်းပြီး ယနေ့မှာ သူတို့သုံးယောက်သာလျှင် ကျန်တော့လေသည်။
အခြားတစ်ဘက်မှာ အင်မော်တယ်ဘုရင်ရှစ်ချွယ်၏ အမူအရာက အလွန်တရာပျက်ယွင်းလာခဲ့ပြီဖြစ်၏။
မိစ္ဆာပိုင်နက်နယ်မြေမှ ထျန်ဟွမ်ဂိုဏ်းကလည်း ဤနေရာကို ရောက်ရှိလာခဲ့၏။
ထျန်ဟွမ်ဂိုဏ်းက သန်မာမှုမရှိပေ။
သို့သော်လည်း မဟာအရိုင်းကမ္ဘာမှ ဧကရာဇ်အထီးကျန်သိုင်းသခင်သည် အရင်တုန်းက မိစ္ဆာမဟာနယ်မြေမှာ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အထီးကျန်သိုင်းသခင်ဖြစ်သည်ဟူသော ကောလာဟလများရှိနေ၏။
နှစ်ပေါင်းများစွာအတွင်း မိစ္ဆာမဟာနယ်မြေကို မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးက အုပ်စိုးထားခဲ့ပြီဖြစ်၏။ သို့သော်လည်း မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးသည် ထျန်ဟွမ်ဂိုဏ်းကို လုံးဝမထိခဲ့သည့်အကြောင်းအရင်းမှာ ထိုအချက်ကြောင့်ဖြစ်နိုင်လေသည်။
အင်မော်တယ်ဘုရင်ရှစ်ချွယ်သည် အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှာ ဆက်လက်၍ မရှိတော့ဘူးဆိုတာကို နားလည်သဘောပေါက်သွား၏။
အစကတော့ သူသည် နိမ့်ကျသက်ရှိနှစ်ဦးကို သတ်ဖြတ်ချင်ခဲ့ရုံသာဖြစ်၏။ သူက ဤမျှအထိကြီးမားသော ပြဿနာတစ်ရပ်ကို ဖြစ်လာစေလိမ့်မည်ဟု ဘယ်သူက သိခဲ့မှာလဲ။
ထျန်ဟွမ်ဂိုဏ်း၊ တိုက်ပွဲနိုင်ငံနှင့် ကျိရွှမ်အင်မော်တယ်နိုင်ငံတို့အပြင် အဲဒီမှာ မဟာအရိုင်းကမ္ဘာ၊ ခွန်ဖန်းကမ္ဘာ၊ ဓားကမ္ဘာနှင့် အလင်းကမ္ဘာတို့ကလည်း ရောက်ရှိလာ၏။
ထိုကမ္ဘာများအားလုံးက ထိပ်တန်းကမ္ဘာကြီးများဖြစ်လေသည်။
ဤကမ္ဘာများသည် အတူပူးပေါင်းပြီး ကောင်းကင်ဘုံကမ္ဘာကို ကမ္ဘာစစ်တစ်ခု ဆင်နွှဲတော့မလားဟုပင် အင်မော်တယ်ဘုရင်ရှစ်ချွယ်က တွေးမိနေလေသည်။
“အားလုံးပဲ… ဒီနေရာမှာ နားလည်မှုလွဲစရာရှိသွားတယ်”
အင်မော်တယ်ဘုရင်ရှစ်ချွယ်က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူက သူ၏ စကားကို အလောတကြီးပြောင်းလဲပြီး ရှင်းပြလိုက်၏။
“ကျုပ်က ထျန်ဟွမ်ကုန်းမြေတိုက်ကို အထင်သေးနေတာမဟုတ်ဘူး… ကျုပ်က နတ်ဆေးမိုးကောင်းကင်နန်းတော်ရဲ့ ဒီသစ္စာဖောက်နှစ်ယောက်ကို ပစ်မှတ်ထားနေရုံပဲ”
“သစ္စာဖောက်လား”
ကျားက ထိုစကားကိုကြားသောအခါ သူက ကျယ်လောင်စွာရယ်မောလိုက်၏။
“ငဒူမင်းသား… မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆို ဒီနေ့မင်းက ဘာ့ကြောင့်သေရမလဲဆိုတာတောင် သိမှာမဟုတ်လောက်ဘူး”
“မင်းက သူတို့နှစ်ယောက်ကို ရန်ရှာခဲ့တဲ့အချက်က မင်းက ထျန်ဟွမ်ကုန်းမြေတိုက်နဲ့ ရန်သူတွေဖြစ်လာပြီဆိုတဲ့သဘောပဲ”
ဖုန့်စန်းထျန်၏ အကြည့်က အင်မော်တယ်ဘုရင်ရှစ်ချွယ်ထံ ရောက်ရှိသွားပြီး အေးစက်စွာပြောလိုက်၏။
အင်မော်တယ်ဘုရင်ရှစ်ချွယ်၏ ကျင့်ကြံမှုနယ်ပယ်က ဖုန့်စန်းထျန်ထက် သိသိသာသာ ပိုမိုမြင့်မားလေသည်။
သို့သော်လည်း သူသည် ဖုန့်စန်းထျန်၏ အကြည့်အောက်မှာ ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရ၏။
“ထျန်ဟွမ်ဂိုဏ်းက တာအိုရောင်းရင်းတို့ ခင်ဗျားတို့က သူတို့နှစ်ယောက်ကို ကာကွယ်ပေးလိုတယ်ဆိုမှတော့ လောလောဆယ် ဒီနေ့ကိစ္စကို မေ့ဖျောက်လိုက်ရအောင်… ကျုပ်တို့နောက်ကျမှ ပြန်တွေ့ကြတာပေါ့”
အင်မော်တယ်ဘုရင်ရှစ်ချွယ်က အားတင်း၍ ပြုံးပြပြီး လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။ သူက ဤနေရာကနေ ထွက်ပြေးတိမ်းရှောင်လိုပြီး တစ်ဘက်သို့လှည့်ကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။
ဝုန်း…
သူက လေဟာနယ်ထဲမှာ အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်သည့်ခဏမှာပင် ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသည့် နက်မှောင်တုတ်ခိုင်သော တောင်ဝှေးတစ်ချောင်းက လေထဲကနေ ကန့်လန့်ဖြတ်ကျဆင်းလာပြီး လေဟာနယ်အက်ကွဲကြောင်းကို ကြေမွသွားစေ၏။
“မင်းကို ဘယ်သူထွက်ခွာခွင့်ပေးလို့လဲ”
ကြမ်းကြုတ်ခက်ထန်သော အသံက ထွက်ပေါ်လာ၏။
ထိုအသံကို ကြားသောအခါ ညဝိညာဉ်၊ ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့က ဆတ်ခနဲတုန်ယင်သွားပြီး မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လာကြ၏။
အရပ်အမောင်းမြင့်မားသော ပုံရိပ်တစ်ခုက လေဟာနယ်အက်ကွဲကြောင်းထဲကနေ လျှောက်လှမ်းထွက်လာ၏။ သူ့ကို သားမွေးရှည်များက ဖုံးအုပ်ထားပြီး သူ၏ လက်နှစ်ဖက်က အလွန်တရာရှည်လျားလေသည်။ သူ၏ မျက်လုံးများက နီရဲနေ၏။ ထိုသူက မျောက်ဖြစ်သည်။
“မျောက်”
ကျားနှင့်အခြားသူများ၏ မျက်လုံးက ဝင်းလက်သွားပြီး ကျယ်လောင်စွာလှမ်းခေါ်လိုက်ကြ၏။
မျောက်က လှည့်ကြည့်ပြီး ညဝိညာဉ်၊ ချင်ချင်၊ ကျား၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ကို ကြည့်လိုက်၏။ သူက သူ၏ လက်သီးနှစ်ဖက်ကို အလိုလိုဆုပ်ပြီး သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားတက်ကြွမှုကို အတတ်နိုင်ဆုံးဖိနှိမ်ဖို့ ကြိုးစားနေ၏။ သူက အောက်သို့ဆင်းသက်လာပြီး တည်ငြိမ်သယောင်ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်၏။
“မဆိုးဘူးပဲ… အားလုံးက ဒီနေရာကို…”
“ဟန်ဆောင်မနေစမ်းပါနဲ့”
ကျားက မျောက်ရှိရာသို့ အရင်ဆုံးခုန်ဝင်ပြီး သူ့ကိုပွေ့ဖက်လိုက်၏။
မျောက်က သူ့ကိုဖြတ်ရိုက်တော့မည့်ဆဲဆဲမှာပင် ညဝိညာဉ်နှင့် အခြားသူများကလည်း ရှေ့သို့ ပြေးဝင်လာကြ၏။
မျောက်၏ နောက်ဘက်မှာ လုံရန်ကလည်း လျှောက်လှမ်းထွက်လာပြီး အော်ပြောလိုက်၏။
“နဂါးမျိုးနွယ်ကလည်း ရောက်လာပြီကွ”
နတ်ဆေးမိုးကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်များက ထိုစကားကိုကြားသောအခါ ရင်တထိတ်ထိတ်ဖြစ်သွားကြ၏။
ဤထိပ်တန်းကမ္ဘာကြီးတချို့သည် ကောင်းကင်ဘုံကမ္ဘာကို စစ်ကြေညာဖို့အတွက် တကယ်ပဲ အတူပူးပေါင်းကြတော့မှာလား။