← Chapters

အလောင်းသုံးလောင်းဆိုသည်မှာ

Vol. 208 Ch. 3110

အလောင်းသုံးလောင်းဆိုသည်မှာ

Vol. 208 Ch. 3110

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၊ ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာ…

အစက ဤနေရာမှာ အင်မော်တယ်ဧကရာဇ် ဂမ္ဘီရမိုးကောင်းကင် အရှင်သခင်တစ်ဦးတည်းသာ ရှိခဲ့လေသည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်များမှာ အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာသည် မိုးကောင်းကင်ကိုးလွှာကို သိမ်းပိုက်ပြီး အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ ဟူသောဘွဲ့ကို ခံယူခဲ့လေသည်။

ဤဂမ္ဘီရမိုးကောင်းကင်နန်းတော်သည် အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ နန်းတော်များထဲမှတစ်ခုဖြစ်လာခဲ့၏။

လူရှင်းနေသော ဂမ္ဘီရမိုးကောင်းကင်ခန်းမထဲမှာ မျက်နှာချင်းဆိုင်ထိုင်နေသည့် လူနှစ်ယောက်သာရှိလေသည်။

အလယ်မှာ မက်မွန်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံတစ်လုံးရှိနေပြီး မွှေးပျံ့သောလက်ဖက်ရည်နှစ်ခွက်ကို စားပွဲခုံပေါ်မှာ တင်ထားသည်။

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ ခွင့်ပြုချက်မရှိဘဲ အင်မော်တယ်ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်ပင်လျှင် ဤခန်းမထဲသို့ မဝင်ရောက်နိုင်ပေ။

လူနှစ်ဦးထဲမှ တစ်ဦးသည် ပြီးခဲ့သည့်နှစ်များမှာ ကျော်ကြားလာသည့် အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာဖြစ်လေသည်။

အခြားတစ်ယောက်က အနက်ရောင်ဆံပင်ရှိပြီး ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ငွေရောင်မျက်နှာဖုံးတစ်ခုတပ်ထား၏။ သူ၏ မျက်လုံးများက သမုဒ္ဒရာတစ်စင်းကဲ့သို့နက်ရှိုင်းနေသည်။ ထိုသူက သိုင်းတာအိုပင်မခန္ဓာဖြစ်၏။

သူပထမဆုံးရောက်ရှိလာစဉ်မှာ အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက အတန်ကြာကတည်းက စောင့်ဆိုင်းနေပုံရပြီး လက်ဖက်ရည်တစ်အိုးကို ကျိုချက်ထားလေသည်။

“မြည်းကြည့်ပါဦး”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးပြီး လက်ဖက်ရည်ခွက်ကို သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ဖြည်းဖြည်းချင်းတွန်းပို့လိုက်၏။

“လက်ဖက်ရည်က မဆိုးပါဘူး”

သိုင်းတာအိုပင်မခန္ဓာက လက်ဖက်ရည်ခွက်ကိုမြှောက်ပြီး သူ၏ နှာခေါင်းဝမှာ တေ့လိုက်၏။ သူက ညင်သာစွာရှူပြီး အဲဒါကို တစ်ချိုက်တည်းမော့သောက်လိုက်၏။

သိုင်းတာအို့ပင်မခန္ဓာက လက်ဖက်ရည်ခွက်ကို ပြန်ချပြီး အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာကို ကြည့်လိုက်၏။

“ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမှာလဲ… အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာလား.. အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာလား ဒါမှမဟုတ် ဧကရာဇ်ပိုရွှင်းလား.. ကောင်းကင်အရှင်ဆဗြဟ္မလား.. မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးလား ဒါမှမဟုတ် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းလား”

အင်မော်တယ်ဧကရာဇ်မိုးကောင်ကင်ကိုးလွှာက ရယ်မောလိုက်၏။

“မင်းက အဲဒါကို ခန့်မှန်းမိသွားပြီနဲ့တူတယ်”

“အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ ဧကရာဇ်ပိုရွှင်းနဲ့ မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့က ပြန်လည်ရှင်သန်ဖို့အတွက် ဧကရာဇ်ဂူသင်္ချိုင်းရဲ့စွမ်းအားကို ငှားရမ်းအသုံးချခဲ့ကြတာပဲ… သူတို့တွေအားလုံက ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“အဲဒါထက် သူတို့တွေက မှတ်ဉာဏ်တချို့ကို နိုးထစေပြီး ကောင်းကင်သင်္ချိုင်းသုတ္တန်ကို နားလည်ဆင်ခြင်ခဲ့တာပဲ”

အရင်တုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဧကရာဇ်ဂူသင်္ချိုင်းထဲတွင် ပြန်လည်ရှင်သန်လာနိုင်ခဲ့သည်မှာ ကောင်းကင်သင်္ချိုင်းသုတ္တန်ကြောင့်ပင်ဖြစ်၏။

ထိုအချိန်တုန်းက အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ ဧကရာဇ်ပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့သည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းနှင့် ရင်းရင်းနီးနီးပတ်သက်ဆက်စပ်နေကြောင်း ဆူဇီမိုက ခန့်မှန်းမိထားခဲ့ပြီဖြစ်၏။

ဧကရာဇ်ပိုရွှင်းအနေဖြင့် အစောပိုင်းမှာကတည်းက တူညီသောလက္ခဏာများ ပြသနေခဲ့၏။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုးမှ တိုက်ပွဲမှာတုန်းက ဆူဇီမိုသည် တစ်စုံတစ်ရာကို သတိထားမိခဲ့ပြီဖြစ်၏။

ဧကရာဇ်ပိုရွှင်း ပြန်လည်ရှင်သန်လာပြီးနောက် သူသည် တစ်စွန်းတစ်စမကျန် ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။

ဗုဒ္ဓကျောင်းတော်များ၏ ကောင်းကင်အရှင်ဆဗြဟ္မကတော့ သူသည် ရုတ်တရက် အောင်မြင်ထွန်းပေါက်လာပြီး သူ၏ လေးနက်သိမ်မွေ့သော ဓမ္မတာအိုနှင့်အတူ ဗုဒ္ဓတပည့်ဂိုဏ်းသားများစွာကို စည်းရုံးနိုင်ခဲ့လေသည်။

ဧကရာဇ်ပိုရွှင်းမှာ ဗုဒ္ဓနှင့် မိစ္ဆာခန္ဓာရှိလေသည်။ ဗုဒ္ဓဝါဒအပေါ် သူ၏ နားလည်ဆင်ခြင်မှုသည် ဗုဒ္ဓကျောင်းတော်များမှ မည်သည့်ဧကရာဇ်ထက်မဆို မနိမ့်ကျပေ။

ဤတစ်ခေါက်မှာ သူသည် ပြန်လည်ရှင်သန်လာပြီး သေခြင်းရှင်ခြင်း အတွေ့အကြုံကို ရရှိထားခဲ့၏။ သူ၏ ဓမ္မတာအိုက ထပ်မံ၍ တိုးတက်လာပြီး သူက ဗုဒ္ဓကျောင်းတော်များ၏ ဧကရာဇ်များထက်ပင် သာလွန်သွားခဲ့ပြီဖြစ်သည်။ ဧကရာဇ်ပိုရွှင်းမှာသာ မည်သည့်သွေးလွှမ်းတိုက်ပွဲမှမရှိဘဲ ဤကဲ့သို့ တိုတောင်းသော အချိန်တစ်ခုအတွင်းမှာ သုခဘုံသန့်စင်ကုန်းမြေကို အောင်မြင်စွာစည်းရုံးသိမ်းသွင်းနိုင်သည့် နည်းလမ်းများရှိပေလိမ့်မည်။

မဟာအရိုင်းကမ္ဘာအပြင်ဘက်မှာ မိစ္ဆာအရှင်နှင့် အပြန်အလှန်ဆွေးနွေးပြောဆိုခဲ့စဉ်က မိစ္ဆာအရှင်သည် သူ၏ ခန့်မှန်းချက်ကို သွယ်ဝိုက်၍ အတည်ပြုပေးခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“အောက်ဘုံလောကမှာတုန်းက သွေးမိစ္ဆာက ခင်ဗျားရဲ့ အလောင်းသုံးလောင်းနည်းစနစ်ကိုရရှိပြီး သူက အင်မော်တယ်၊ ဗုဒ္ဓနဲ့ သားရဲခန္ဓာတွေကို ကျင့်ကြံခဲ့တယ်… ဧကရာဇ်ပိုရွှင်းက တစ်ခါတုန်းက ဗုဒ္ဓခန္ဓာ၊ အာရုံခြောက်ပါးခန္ဓာနဲ့ စိတ်ခံစားချက်ခုနှစ်မျိုးခန္ဓာတို့ကို ကျင့်ကြံခဲ့တယ်… သူတို့တွေကလည်း ခန္ဓာသုံးခုပဲဆိုပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒက ပိုပြီးတော့ အဆင့်မြင့်တယ်”

“ကျုပ်နဲနဲတော့ သိချင်မိတယ်… ခင်ဗျားရဲ့ ခန္ဓာသုံးခုက ဘာတွေလဲ”

သိုင်းတာအိုပင်မခန္ဓာသည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ အလောင်းသုံးလောင်းနည်းစနစ်သည် အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာ၊ ဗုဒ္ဓခန္ဓာပိုရွှင်းနှင့် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးတို့ ဖြစ်နိုင်သည်ဟု တစ်ခါက ထင်မြင်ယူဆခဲ့၏။

သို့သော်လည်း ဤခန္ဓာသုံးခုသည် အလောင်းသုံးလောင်းနည်းစနစ်ပေါ် သွေးမိစ္ဆာ၏ နားလည်ဆင်ခြင်မှုနှင့် မတိမ်းမယိမ်းမှာရှိလေသည်။ စိတ်ဆန္ဒအရ သူတို့သည် ဧကရာဇ်ပိုရွှင်း၏ အလောင်းသုံးလောင်းထက် ပိုမိုနိမ့်ကျလေသည်။

“အလောင်းသုံးလောင်းနည်းစနစ်ပေါ် သူတို့ရဲ့ နားလည်ဆင်ခြင်မှုက ငါ့ထက် နိမ့်ကျနေတာ ပုံမှန်ပါပဲ”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ထိုအကြောင်းကို ပြောဆိုချိန်မှာ သူ၏ မျက်လုံးထဲတွင် မာန်မာနတစ်စွန်းတစ်စပေါ်ထွက်လာ၏။

“ခေတ်အတော်များများကျင့်ကြံပြီးတဲ့နောက် ငါတို့က အလောင်းသုံးလောင်းနည်းစနစ်ရဲ့ အဆုံးစွန်အဓိပ္ပါယ်ကို နားလည်ဆင်ခြင်မိလာခဲ့တယ်… အလောင်းသုံးလောင်းက ငါ့ဆီကနေ ကောင်းမွန်အလောင်း၊ ဆိုးယုတ်အလောင်းနဲ့ အတ္တအလောင်းဆိုပြီး အသီးသီးကွဲထွက်သွားတယ်”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားပြီး တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

စိတ်ဆန္ဒအရာမှာပင် ကောင်းမွန်၊ ဆိုးယုတ်နှင့် အတ္တဟူ၍ ခွဲထုတ်ခြင်းက သွေးမိစ္ဆာနှင့် ဧကရာဇ်ပိုရွှင်း၏ အလောင်းသုံးလောင်းထက် တကယ်ပင် များစွာပိုမိုအဆင့်မြင့်လေသည်။

ကောင်းမွန်အလောင်းဟု ခေါ်ဆိုသောအရာမှာ နဂိုအင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာဖြစ်လေသည်။

သူသည်ပြန်လည်ရှင်သန်ပြီး မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ မှတ်ဉာဏ်များကို မနိုးစေခင်က အင်မော်တယ်ဧကရာဇ်အရုဏ်ဆည်းဆာသည် တကယ်ပင် မှန်ကန်ဖြောင့်မတ်သော လမ်းကြောင်းပေါ်မှာ ရှိနေခဲ့ပြီး သားရဲများနှင့် မိစ္ဆာများကို သတ်ဖြတ်ပြီး ဆိုးယုတ်မှုကို မုန်းတီးလေသည်။

ဤအချက်ကြောင့် အင်မော်တယ်ဧကရာဖ်အရုဏ်ဆည်းဆာသည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ လုံးလုံးလျားလျားကွဲပြားသော အခြေအနေနှစ်ရပ်မှာ တစ်လှည့်စီ ကူးပြောင်းနေခဲ့ခြင်းဖြစ်သည်။

သူ၏ မှတ်ဉာဏ်များ လုံးလုံးလျားလျားနိုးထမလာခင် သူ၏ နောက်ဆုံးလက်ကျန်ကြင်နာမှုကို ထိန်းသိမ်းကာ သူက ဆူဇီမိုအား အရုဏ်ဦးခေါင်းလောင်းနှင့် ဆည်းဆာဗုံ၏ ဓမ္မတာအိုကို သင်ကြားပေးပြီး သူ့ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ထွက်ခွာဖို့ ဖျောင်းဖျခဲ့လေသည်။

ဆိုးယုတ်အလောင်းကတော့ ၎င်းသည် ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသော နှလုံးသားပိုင်ရှင် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေးပင်ဖြစ်လေသည်။

အတ္တဟုခေါ်ဆိုသောအရာမှာ သူ၏ ပုဂ္ဂိုလ်ရေးစွဲလမ်းမှုများကို ရည်ညွှန်းလေသည်။

အတ္တအလောင်းကို ဥပါဒါန်အလောင်းဟုလည်း‌ ခေါ်ဆိုနိုင်လေသည်။

မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း ခွဲထုတ်ခဲ့သည့် အတ္တအလောင်းက ဧကရာဇ်ပိုရွှင်းပင် ဖြစ်လေသည်။

ဤအချက်ကြောင့်ပင် သူသည် မိစ္ဆာဥပါဒါန်ဗုဒ္ဓကြမ္မာသုတ္တန်ကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ခင်ဗျားက အလောင်းသုံးလောင်းအဖြစ် ခွဲထုတ်ပြီး သူတို့ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တစ်သီးတခြားစီ ကျင့်ကြံစေခဲ့တယ်.. သူတို့ရဲ့မှတ်ဉာဏ်တွေ နိုးထမလာခင်အထိ သူတို့ထဲက ဘယ်သူ့မှာမဆို သူတို့ကိုယ်ပိုင်အတ္တတွေနဲ့ သူတို့ကိုယ်ပိုင်အသိစိတ်တွေရှိနေခဲ့ကြတယ်”

“သဘောတရားအရ အလောင်းသုံးလောင်းက ပကတိသက်ရှိပုံစံတွေဖြစ်ခဲ့ကြတယ်… သူတို့အားလုံးက နောက်ဆုံးခြေလှမ်းကိုလှမ်းပြီး မဟာဧကရာဇ်တွေ ဖြစ်လာနိုင်မယ့် အခွင့်အရေးရှိခဲ့တယ်”

“အမှန်ပဲ”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမဲ့ အလောင်းသုံးလောင်းက ဒီဘက်မျိုးဆက်မှာ မတူညီတဲ့ အဟန့်အတားတွေနဲ့ ကြုံတွေ့ပြီး ရှေ့ဆက်မတက်နိုင်တော့ဘူး… ငါက နောက်ထပ်လမ်းကြောင်းတစ်ခုကိုပဲ ရွေးချယ်လိုက်ရတယ်… သူတို့ကို သေစေမယ်… သူတို့ရဲ့မှန်ဉာဏ်တွေကို နိုးထစေမယ်… ပြီးရင် သူတို့ကို ပြန်ပြီးရှင်သန်စေမယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“ပြောရမယ်ဆိုရင် အရင်ဘဝမှာ အလောင်းသုံးလောင်းရဲ့ သေဆုံးမှုတွေက ခင်ဗျားကြောင့် မလွဲမသွေဖြစ်လာရမှာပေါ့”

“ဒါပေါ့”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးလိုက်၏။

“မဟုတ်ရင် သူတို့တွေက မဟာဧကရာဇ်ဂူသင်္ချိုင်းတွေထဲမှာ အဲလောက်ထိ တိုက်တိုက်ဆိုင်ဆိုင်ဘယ်လိုလုပ် သေဆုံးနိုင်ခဲ့ပါ့မလဲ”

သိုင်းတာအိုပင်မခန္ဓာက အခြားတစ်စုံတစ်ရာကို အမှတ်ရသွား၏။

“ဒါဆို… ဓားဧကရာဇ်အင်မော်တယ်နှိမ်နင်းက အရင်တုန်းက အလကားသက်သက်သေခဲ့ရတာပေါ့”

မဟာထျဲဝေတောင်က တိုက်ပွဲမှာ ဧကရာဇ်ပိုရွှင်းသည် ဧကရာဇ်ပညာရှင်နှစ်ဆယ်ကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံခဲ့ရ၏။ ထိုနေရာမှာ ဓားဧကရာဇ်အင်မော်တယ်နှိမ်နင်းက သေဆုံးခဲ့ပြီး ဧကရာဇ်ပိုရွှင်းက အဝီစိမှာ သေခဲ့ရလေသည်။

ဓားဧကရာဇ်အင်မော်တယ်နှိမ်နင်းသည် သူ့ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရသော သူ့အသက်နှင့်ရင်းပြီး ကယ်တင်ခဲ့ရသော အရင်းနှီးဆုံးမိတ်ဆွေသည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ အလောင်းသုံးဖော်ထဲမှ အလောင်းတစ်လောင်းသာဖြစ်နေလိမ့်မည်ဟု သူက ဘယ်လိုလုပ်သိရှိနိုင်ခဲ့ပါ့မလဲ။

သူက တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ ဧကရာဇ်ပိုရွှင်း သေဆုံးရဖို့က မလွဲဧကန်ပင်။

ဓားဧကရာဇ်အင်မော်တယ်နှိမ်နင်းအကြောင်းပြောဆိုချိန်မှာ အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားချက်မှ မရှိပေ။

သိုင်းတာအိုပင်မခန္ဓာကလည်း ထိုအချက်မှာ အံ့အားသင့်မသွားပေ။

သူ့ရှေ့မှလူသည် မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်းဖြစ်လေသည်။ ဓားဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ သေဆုံးမှုက သူနှင့်သက်ဆိုင်မှုမရှိပေ။

အင်မော်တယ်ဧကရာဇ်ကောင်းကင်ဘုံကိုးလွှာက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် အဓိပ္ပါယ်ပါပါပြုံးလိုက်၏။

“တကယ်တော့ မင်းမတိုင်ခင် ငါ့ရဲ့သရုပ်သကန်ကို ခန့်မှန်းမိခဲ့တဲ့‌ နေက်ထပ်လူတစ်ယောက်ရှိတယ်”

သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားတွေးတောပြီး မေးလိုက်၏။

“တက္ကသိုလ်ဂိုဏ်းချုပ်လား”

“ဉာဏ်ကောင်းသားပဲ”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက လက်ခုပ်တီးပြီး ပြုံးလိုက်၏။

“တက္ကသိုလ်ဂိုဏ်းချုပ်က လိမ္မာပါးနပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့လူပဲ”

“သူက ရည်မှန်းချက်ကြီးမားလွန်းတဲ့သူဆိုလည်းဟုတ်တယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ထိုအချက်ကို ငြင်းပယ်ခြင်းမရှိဘဲ ပြုံးလိုက်၏။

“သူက ငါ့ကိုအရင်လာရှာပြီး ဖြစ်နိုင်ခြေတစ်ခုကိုတောင်မှ ထုတ်ဖော်ပြောဆိုခဲ့တယ်.. မင်းအဲဒါကို သေချာပေါက် ခန့်မှန်းမိမှာမဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။

သူသည် တက္ကသိုလ်ဂိုဏ်းချုပ် ဘာလုပ်ချင်သည်ကို တကယ်ပင် မခန့်မှန်းနိုင်ပေ။

“သူက ငါနဲ့ ပူးပေါင်းချင်ခဲ့တာ”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ရယ်မောကာ ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်ပြီး‌ မေးလိုက်၏။

“ဒါဆို ခင်ဗျားလိုလူက သူနဲ့ပူးပေါင်းမှာလား”

သူတို့နှစ်ဦးကြားမှာ အဆင့်အတန်းအရ ကြီးမားစွာ ကွာဟနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုရဲသည့်အချက်ကပင် သိုင်းတာအိုပင်မခန္ဓာ၏ အထင်ကို ကျော်လွန်နေခဲ့ပြီဖြစ်၏။

မဟာဧကရာဇ်ကောင်းကင်ဘုံသင်္ချိုင်း၏ နည်းလမ်းများအရ သူ့အနေဖြင့် တက္ကသိုလ်ဂိုဏ်းချုပ်ကို ထိန်းချုပ်လိုသည်ဆိုလျှင် အဲဒါက သူ၏ လက်ဖဝါးကို မှောက်လှန်ရသလောက် လွယ်ကူလေသည်။

“အစကတော့ ငါတကယ်ပဲ စိတ်မဝင်စားခဲ့ဘူး”

အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာက ပြုံးလိုက်၏။

“ဒါပေမဲ့ အဲဒီတက္ကသိုလ်ဂိုဏ်းချုပ်က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်… ငါက သူ့ကို မသတ်ရက်နိုင်ဘူး… တကယ်ဆို ငါက သူနဲ့ပူးပေါင်းဖို့တောင်မှ စောင့်မျှော်နေမိတယ်။”

All Chapters