← Chapters

မီးလောင်တိုက်သွင်းခြင်း

Vol. 208 Ch. 3117

မီးလောင်တိုက်သွင်းခြင်း

Vol. 208 Ch. 3117

တခြားမည်သည့်စကားကိုမှ ထပ်ပြောစရာမလိုတော့ပေ။

သံသရဖူဆောင်းအဖိုးအိုသည် ဤကဲ့သို့သော ကိစ္စတစ်ခုကို မတွေ့မြင်ထားဖူးဆိုလျှင် အဆင်ပြေပေလိမ့်မည်။

သို့သော်လည်း သူက ယခုအဲဒါကို သိရှိသွားပြီဆိုမှတော့ သူသည် သေချာပေါက် ဘာမှမလုပ်ဘဲ နေလိမ့်မည်မဟုတ်ပေ။

သူ့ဘဝမှာ သံသရဖူဆောင်းအဖိုးအိုသည် မရေမတွက်နိုင်သော ဆိုးယုတ်သက်ရှိများကို သတ်ဖြတ်ခဲ့ဖူး၏။

ထိုသို့ဆိုလျှင်တောင် အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ကဲ့သို့ နှလုံးသားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်သောသူမျိုးကို အလွန်တရာတွေ့မြင်ရခဲလေသည်။

ပို၍ပင် ကွဲလွဲဆန့်ကျင်သည်မှာ ဤလူသည် အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို နှစ်ပေါင်းများစွာ အုပ်စိုးလာခဲ့ပြီး အင်မော်တယ်ဧကရာဇ်တစ်ပါးဟု ကျော်ကြားခဲ့လေသည်။

ကြမ်းကြုတ်ခက်ထန်သော မစ္ဆာဧကရာဇ်များရှိရာ မိစ္ဆာမဟာနယ်မြေမှာပင် အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ထက် ပို၍ရက်စက်ကြမ်းတမ်းသော တစ်ဦးတစ်ယောက် ရှိလိမ့်မည် မဟုတ်ပေ။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းသည် ကြိုတင်ပြင်ဆင်ထားပြီး အလွန်တရာလျင်မြန်စွာတုံ့ပြန်လာ၏။ သူက မြင်းမြီးကျာပွတ်ကို လွှဲယမ်းပြီး တုတ်ချောင်းတစ်ချောင်းအဖြစ် ချည်မျှင်များကို စုဖွဲ့ကာ သံသရဖူဆောင်းအဖိုးအို၏ ဓားဖျားနှင့် ထိခတ်သွားစေ၏။

ချွင်...

တုတ်ချောင်းက ချက်ချင်းပင်ပျက်ပြယ်ပြီး မရေမတွက်နိုင်သော ဖုန်မှုန့်ချည်မျှင်များအဖြစ် ပြောင်းလဲကာ ပေါက်ကွဲထွက်ပေါ်လာသည့်ထက်ရှသော ဓားချီကို တဖြည်းဖြည်းချေဖျက်ကာ ဝါးမျိုပစ်နေ၏။

ချွင်… ချွင်…

သံသရဖူဆောင်းအဖိုးအိုသည် ဓားချီလောကတစ်ခုကို မြှောက်တင်လိုက်ပြီး ဓားတေးသံများက အဆက်မပြတ်ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော ဓားချီများက တလိပ်လိပ်ထိုးတက်လာပြီး ကျိန်းစပ်နေသော ဓားအလင်းတန်းတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်သည်လည်း သူ၏ ပကတိလောကကို အလျင်အမြန်မြှောက်တင်ပြီး နေရာတစ်ခွင် လွှမ်းခြုံစေလိုက်၏။

၎င်းသည် ရောင်စုံအလင်းများဖြင့် ပြည့်နှက်နေ၏။ သို့သော်လည်း သိပ်မကြာခင် မကောင်းဆိုးဝါးဆန်ဆန်လေပြင်းများတိုက်ခတ်ပြီး မိစ္ဆာချီက တလိပ်လိပ်ထိုးတက်ကာ မကျေမချမ်းဖြစ်နေသော ကလေးငယ်များ၏ စိတ်မချမ်းမြေ့စရာအော်ဟစ်သံများက ထွက်ပေါ်လာ၏။

ဝုန်း…

ပကတိလောကနှစ်ခုက ကမ္ဘာတုန်လောက်ဖွယ်ရာပေါက်ကွဲသံဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်သည် သိသိသာသာအရေးနိမ့်နေ၏။

ကလေးငယ်များ၏ အော်ဟစ်သံက သူ၏ လောကထဲကနေ ထူးဆန်း၍ စိတ်မချမ်းမြေ့ဖွယ်ရာပုံစံဖြင့် ထွက်ပေါ်လာ၏။

သားရဲဧကရီအမြီးကိုးချောင်းနှင့် သားရဲဧကရာဇ်နတ်ဆင်တို့က ရှေ့သို့လှမ်းဝင်လာပြီး သူတို့၏ လောကများကို မြှောက်တင်လိုက်ကြ၏။ သူတို့က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ပြီး အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်ကို ဖိနှိမ်လိုက်ကြ၏။

နဂါးဧကရီဆီးနှင်း၊ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်မြောက်ပိုင်းဖန်းတို့ကလည်း ဝင်ရောက်တိုက်ခိုက်ဖို့ကို စိတ်အားထက်သန်နေကြပြီး လှုပ်ရှားဖို့ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေကြ၏။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူက ဆက်လက်၍ မနေရဲတော့ပေ။

သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် သံသရဖူဆောင်းအဖိုးအိုတစ်ဦးတည်းနှင့် ရင်ဆိုင်ရလျှင်ပင် သူ့မှာ အနိုင်ရဖို့အခွင့်အရေးများစွာမရှိပေ။

ဒါ့အပြင် ယခုသူ့ကို လောကအရှင်ဧကရာဇ်ပညာရှင်တချို့က ဝိုင်းပတ်လာခဲ့၏။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်သည် သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများက သူ့ကို ယခုအချိန်ထိ လုံးလုံးလျားလျားဝိုင်းပတ်မပိတ်ဆို့ရသေးကို အခွင့်ကောင်းယူကာ သံသရဖူဆောင်းအဖိုးအိုနှင့် နောက်တစ်ဖန်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။

ထို့နောက် သူက တစ်ဘက်သို့လှည့်ပြီး ပြေးထွက်ကာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိရာသို့ တန်း၍ ဦးတည်လိုက်လေသည်။

သူ့ကို လုံးလုံးလျားလျား ဖိနှိမ်ဖို့အတွက် သာလွန်ထူးကဲသော တိုက်ခိုက်ရည်ခွန်အား သို့မဟုတ် အရေအတွက်မှာ ပကတိအားသာချက်ရှိနေရပေမည်။

မဟုတ်ပါက အထွတ်အထိပ်ဧကရာဇ်တစ်ပါးက ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် အခြားသူများအနေဖြင့် သူ့ကိုတားဆီးဖို့က လွယ်ကူလိမ့်မည်မဟုတ်ပေ။

တိုက်ပွဲတစ်ခုမှာ လေဟာနယ်က တုန်ခါ၍ ကြေမွနေပြီး အာကာသဥမင်များကို အသုံးမပြုနိုင်တော့ပေ။

သို့သော်လည်း အထွတ်အထိပ်ဧကရာဇ်တစ်ပါး၏ လှုပ်ရှားမှုနည်းစနစ်က တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်နေဆဲဖြစ်၏။

တစ်ခဏချင်းမှာပင် အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ပိုင်နက်နယ်မြေထဲကနေ ထွက်ခွာကာ ရှုထောင့်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

သံသရဖူဆောင်းအဖိုးအို၏ အမူအရာက အေးစက်နေပြီး သူ၏ နောက်ဘက်လောကထဲရှိ ဓားချီက အဆက်မပြတ်သိပ်သည်းစုဖွဲ့လာ၏။ နောက်ဆုံးမှာ သူသည် သူ့လက်ထဲမှာ ဓားရှည်တစ်လက်ကို စုဖွဲ့ပြီး ရှေ့သို့ လွှဲယမ်းကာ ခုတ်ပိုင်းချလိုက်၏။

မနှိုင်းယှဉ်သာအောင် တောက်ပခံ့ညားသော ဓားအလင်းတစ်ခုက လေဟာနယ်ကို ဖြတ်ကျော်ပြီး အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်၏ လောကထဲသို့ ချက်ချင်းပင်ဝင်ရောက်သွား၏။

ဖောက်…

အရိုထိတိုင်နက်သောဒဏ်ရာတစ်ခုက အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်၏ ကျောဘက်မှာ ပွင့်ထွက်သွားပြီး သွေးများက စီးကျလာ၏။

သူ၏ လောကသည် ဓားအလင်း၏ ပျက်စီးထိခိုက်မှုတစ်ဝက်ကျော်ကို ခုခံပေးထားနိုင်ခြင်းကြောင့်မဟုတ်လျှင် ထိုဓားချက်က သူ့ကို နှစ်ပိုင်းပြတ်ကျသွားစေပေလိမ့်မည်။

“မင်းမှာ သတ္တိရှိတယ်ဆိုရင် ငါ့နောက်ကို လိုက်ခဲ့”

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က နာကျင်မှုကို တောင့်ခံပြီး အော်ပြောလိုက်၏။ သူ၏ ခန္ဓာကိုယ်က နီညိုရောင်အလင်းတစ်ခုဖြင့် စွန်းထင်းနေပြီး သူက ပို၍ပင် မြန်ဆန်စွာ ပြေးလွှားနေလေသည်။

သူသည် ရှုထောင့်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကို ဖြတ်ကျော်ကာ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်၏။

စောစောကဓားချက်သည် သံသရဖူဆောင်းအဖိုးအိုကိုလည်း အားအင်ကြီးမားစွာ ကုန်ခန်းသွားစေသည့်ပုံပင်။

သို့သော်လည်း သူ၏ အကြည့်က အေးစက်နေပြီး သူ့ခန္ဓာကိုယ်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သိပ်သည်းစုဖွဲ့နေဆဲဖြစ်၏။ သူက ဓားကိုမြှောက်ပြီး ပြေးလိုက်ဖို့ပြင်လိုက်၏။

“ညီကိုသံသရဖူ… အရမ်းကာရောမလုပ်နဲ့”

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက သံသရဖူဆောင်းအဖိုးအိုကို အလျင်အမြန်ဝင်ရောက်တားဆီးလိုက်ကြ၏။

သံသရဖူဆောင်းအဖိုးအို၏ စိမ်းသက်သောအမူအရာကို တွေ့မြင်သောအခါ ဧကရာဇ်မြောက်ပိုင်းခွန်က အလောတကြီးပြောလိုက်၏။

“အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က ငါတို့ကို မျှားခေါ်သွားချင်နေတာသိသာနေတာပဲ… သူသွားတဲ့ဘက်မှာ အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာရှိနေပုံရတယ်”

“ဘာပဲပြောပြော… ဒါက ကောင်းကင်ဘုံကမ္ဘာပဲ… ငါတို့တွေက လေးငါးယောက်ပဲရှိတယ်… ငါတို့က အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာနဲ့ ဧကရာဇ်အဆင့် တိုက်ပွဲတစ်ခုကို တကယ်ပဲဆင်နွှဲကြမယ်ဆိုရင် ငါတို့က အားသာချက်တစ်ခုခုရမှာမဟုတ်လောက်ဘူး”

ဧကရာဇ်တောင်ပိုင်းဖန်းကလည်း လေးနက်သောအသံဖြင့် ပြောလိုက်၏။

ထိုနှောင့်နှေးကြန့်ကြာမှုနှင့်အတူ အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ဝင်ရောက်ကာ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီဖြစ်လေသည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ ဘေးပတ်ဝန်းကျင်က လက်ရှိဧကရာဇ်များ၏ စိတ်ဝိညာဉ်အသိစိတ်ပင်မထောက်လှမ်းနိုင်သော အလွန်တရာစွမ်းအားကြီးမားသည့် အော်ရာတစ်ခုဖြင့် ပြည့်နှက်နေ၏။

“စီနီယာ… သူ့နောက်ကို လိုက်စရာမလိုပါဘူး… သူ သိပ်ကြာကြာအသက်ရှင်နိုင်မှာ မဟုတ်တော့ပါဘူး

ထိုစဉ်မှာပင် ဆူဇီမိုက သူ၏ စိတ်ဝိညာည်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ပေးလိုက်၏။

သံသရဖူဆောင်းအဖိုးအိုက မကျေမနပ်ဖြစ်နေသော်လည်း သူက သူ၏ စိတ်ကို တဖြည်းဖြည်းငြိမ်သက်စေလိုက်၏။

သူသည် ဆူဇီမို၏ စကားနှင့်ပတ်သက်၍ များစွာစဉ်းစားမနေဘဲ ထိုသူက သူ့ကိုနှစ်သိမ့်ပေးနေခြင်းသာဖြစ်သည်ဟု တွေးလိုက်၏။

သူ၏ စိတ်ကို ငြိမ်သက်စေပြီးနောက် သူက အဲဒါနှင့်ပတ်သက်၍ စဉ်းစားကြည့်လိုက်၏။

သူသည် အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်နောက်သို့ ယခုအချိန်မှာ ပြေးလိုက်သွားမည်ဆိုလျှင်တောင် သူက ထိုသူကို သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအစား သူက အန္တရာယ်ကျရောက်လာပေလိမ့်မည်။

သူသည် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာနှင့် ရင်ဆိုင်ဖို့ ယုံကြည်မှုမရှိပေ။

တကယ်တော့ သံသရဖူဆောင်းအဖိုးအိုသည် ဤကဲ့သို့ပင်လက်လျှော့လိုက်ဖို့ စိတ်ကူးမရှိပေ။

အင်မော်တယ်ဧကရာဇ်အဖြူရောင်မိုးကောင်းကင်အနေဖြင့် အင်မော်တယ်ဧကရာဇ်မိုးကောင်းကင်ကိုးလွှာ၏ နောက်မှာ အမြဲတမ်း ပုန်းကွယ်နေနိုင်လိမ့်မည်မဟုတ်ပေ။ သူသည် တစ်နေ့မှာ ပေါ်ထွက်လာပေလိမ့်မည်။

အခွင့်အရေးတစ်ခုရလာသည်နှင့် သံသရဖူဆောင်းအဖိုးအိုက နောက်တစ်ဖန်သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။

ဆူဇီမိုသည် လူတိုင်းကိုဦးဆောင်ကာ လေဟာနယ်ကိုဆုတ်ဖြဲပြီး အဖြူရောင်မိုးကောင်းကင်နန်းတော်သို့ ဆင်းသက်လိုက်၏။

သားရဲဧကရီဆီးနှင်းက ဆူဇီမိုကို ကြည့်လိုက်၏။

“ဒီဂျင်ဆင်းသစ်သီးပင်က ရှားရှားပါးပါးစိတ်ဝိညာဉ်အရင်းအမြစ်တစ်ခုပဲ… အဲဒါက မွေကင်းစကလေးတွေရဲ့ အားဖြည့်မှုမရှိရင်တောင် ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်သစ်သီးတွေကို‌ မွေးထုတ်ပေးနိုင်တယ်… အဲဒါက ကောင်းကင်နှင့်မြေကြီးအမြုတေချီကိုတောင်မှ စုစည်းပေးနိုင်တယ်”

“မင်းအဲဒါကို ယူသွားနိုင်တယ်”

“မလိုတော့ပါဘူး”

ဆူဇီမိုက အောက်ဘက်ရှိ ဂျင်ဆင်းသစ်သီးပင်နှင့် သစ်ပင်ပေါ်မှာတွဲလောင်းကျနေသည့် ကလေးငယ်ပုံသဏ္ဍာန်သစ်သီးများကို ကြည့်လိုက်၏။ သူ၏ အကြည့်က အေးစက်နေပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

ဤဂျင်ဆင်းသစ်သီးပင်ကဲ့သို့ စိတ်ဝိညာဉ်အရင်းအမြစ်တစ်ခုသည် အချိန်အတန်ကြာကတည်းက နိုးထနေခဲ့ပြီးသားဖြစ်ပြီး သူ့မှာ ကိုယ်ပိုင်အသိဉာဏ်တစ်ခုကို ပိုင်ဆိုင်ထားရပေမည်။

သို့သော်လည်း ဤဂျင်ဆင်းသစ်သီးပင်သည် ဤကဲ့သို့ ရက်စက်ယုတ်မာသော တစ်စုံတစ်ရာကို ငြင်းပယ်ခြင်းမရှိခဲ့ပေ။ ထိုအစား ၎င်းသည် အဲဒါကို လက်ခံရယူပြီး စားသုံးဖို့ကိုပင် ရွေးချယ်ခဲ့လေသည်။

၎င်းသည် မရေမတွက်နိုင်သောကလေးငယ်များနှင့် အပြစ်ကင်းစင်သော ဝိညာဉ်များ၏ သွေးများဖြင့် စွန်းထင်းနေခဲ့၏။

ဂျင်ဆင်းသစ်သီးပင်သည် ဤကဲ့သို့ ယုတ်မာရိုင်းစိုင်းသော ကိစ္စတစ်ခုမှာ အလိုတူအလိုပါ ဖြစ်ခဲ့လေသည်။

ဆူဇီမိုသည် စိတ်ဝိညာဉ်အရင်းအမြစ်များကို တကယ်ပင်လိုအပ်နေလေသည်။ သို့သော်လည်း သူသည် သူဖန်တီးမည့်လောကမှာ ဤကဲ့သို့ ဆိုးယုတ်ရိုင်းစိုင်းသောတစ်စုံတစ်ရာကို သေချာပေါက် ထားလိမ့်မည်မဟုတ်ပေ။

“ဒါဆို… ဒီဂျင်ဆင်းသစ်သီးပင်ကို…”

သားရဲဧကရီဆီးနှင်းက တွေဝေတုံ့ဆိုင်းနေ၏။

“မီးရှို့ပစ်မယ်”

ဆူဇီမိုက ဓမ္မပညာရပ်တစ်ခုကို စုဖွဲ့ပြီး မီးတောက်လေးခုက ပေါ်ထွက်လာ၏။ အမြုတေစိတ်ဝိညာဉ်မီးနှင့်အတူ သူက ပဉ္စဝဏ္ဏတာအိုမီးကို ထုတ်ဖော်ပြီး ဂျင်ဆင်းသစ်သီးပင်ရှိရာသို့ ဖြန့်ကြက်ထုတ်လိုက်၏။

ဝေါ…

ဂျင်ဆင်းသစ်သီးပင်က ဆတ်ခနဲတုန်ခါသွားပြီး ဂျင်ဆင်းသစ်သီးများစွာကို လှုပ်ခါချကာ မြေကြီထဲသို့ နစ်ဝင်သွားစေ၏။ ၎င်းသည် ဂျင်ဆင်းသစ်သီးများ၏ အမြုတေကို စုပ်ယူသန့်စင်ပြီး ၎င်း၏ အော်ရာက ဆပွားမြင့်တက်လာ၏။

မရေမတွက်နိုင်သော သစ်ကိုင်းများက ဆူဇီမိုကို ရစ်ပတ်ဖို့အတွက် ဆန့်တန်းလာ၏။

တစ်ခဏချင်းမှာပင် ဂျင်ဆင်းသစ်သီးပင်က ကြမ်းကြုတ်ခက်ထန်လာခဲ့လေသည်။

“ရုန်းကန်မနေနဲ့”

ဆူဇီမိုက အေးစက်စွာနှာတစ်ချက်မှုတ်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာကာ သူ၏မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်၏။

ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က မြေကြီးထဲကနေ မြင့်တက်လာပြီး ကစဉ့်ကလျားကို ချိုးဖျက်ကာ အလင်းရောင်နှင့်အတူ ယိမ်းနွဲ့နေ၏။

ဂျင်းဆင်းသစ်သီးပင်က လောကမှာရှားရှားပါးပါး စိတ်ဝိညာဉ်အရင်းအမြစ်တစ်ခုဖြစ်သော်လည်း ၎င်းသည် ဖန်တီးခြင်းကြာပဒုမ္မာရှေ့မှာ များစွာအားနည်းနေသည်။

၎င်းသည် မျိုးဆက်သွေးဖြင့် ဖိနှိမ်ခြင်းခံလိုက်ရသည့်အလားပင်။ ဂျင်ဆင်းသစ်သီးပင်၏ သစ်ကိုင်းများက ဖန်တီးခြင်းကြာပဒုမ္မာနှင့် ထိမိသောအခါ သူတို့သည် မည်သည့်အသက်ဓာတ်ကိုမှ မစုပ်ယူနိုင်ရုံသာမက သူတို့သည် လျင်မြန်စွာညှိုးခြောက်ပြီး သူတို့၏ အသက်ဓာတ်အားကပင် ဖန်တီးခြင်းကြာပဒုမ္မာ၏ စုပ်ယူခြင်းခံလိုက်ရ၏။

ဂျင်ဆင်းသစ်သီးပင်၏ အကိုင်းအခက်များက လျင်မြန်စွာ ကျုံ့ဝင်သွား၏။

ပဉ္စဝဏ္ဏတာအိုမီးက ဆင်းသက်လာပြီး ဂျင်ဆင်းသစ်သီးပင်၏ ပင်စည်ကို လျင်မြန်စွာလောင်ကျွမ်းပစ်နေ၏။

မီးတောက်များက ဂျင်ဆင်းသစ်သီးပင်၏ တုတ်ခိုင်သောအမြစ်များတစ်လျှောက် လျင်မြန်စွာဖြန့်ကြက်ပြီး အဖြူရောင်မိုးကောင်းကင်နန်းတော်တစ်ခုလုံးကို လွှမ်းခြုံကာ ကီလိုမီတာတစ်သန်းအတွင်း ဒေါသူပုန်ထနေသော မီးတောက်ပင်လယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

အဖြူရောင်မိုးကောင်းကင်နန်းတော်မှ ကျင့်ကြံသူများစွာသည် အခြေအနေမကောင်းတော့သည်ကိုတွေ့မြင်သောအခါ လူစုခွဲထွက်ခွာသွားကြ၏။

ဆူဇီမိုနှင့် အခြားသူများသည် မီးတောက်များ၏ အထက် လေထဲမှာ မတ်တတ်ရပ်နေကြ၏။

မီးတောက်များသည် ဂျင်ဆင်းသစ်သီးပင်ကို လောင်ကျွမ်းပြာချပစ်လိုက်ရုံသာမက သူတို့သည် အဖြူရောင်မိုးကောင်းကင်ကိုလည်း လောင်ကျွမ်းသွားစေပြီး မြေအောက်မှာ မြှုပ်နှံထားသည့် မရေမတွက်နိုင်သော ကလေးငယ်များ၏ ရုပ်အလောင်းများကိုလည်း မိးရှို့ပေးနေ၏။

ထိုအခိုက်အတန့်မှာ အပြစ်ကင်းစင်သော ကလေးငယ်များက အမှန်တကယ်လွတ်မြောက်လာခဲ့လေသည်။

All Chapters