အနန္တကောင်းမှုကုသိုလ်
Vol. 208 Ch. 3118
မင်းကျန်သည် မျက်လွှာချပြီး သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွပူးကပ်ကာ သုတ္တန်တစ်ခုကို ညင်သာစွာရွတ်ဆိုနေ၏။
ထိုသုတ္တန်က မရှည်လျားဘဲ စကားလုံး ၅၉လုံးနှင့် စာကြောင်း ၁၄ကြောင်းသာရှိလေသည်။ သို့သော်လည်း ထိုအသံကို ကြားရသူများသည် မည်သည့်မကျေမချမ်းမှု သို့မဟုတ် မည်သည့်မုန်းတီးမှုတို့မှမရှိတော့ဘဲ သူတို့၏ စိုးရိမ်ပူပန်မှုများအားလုံး ပယ်ရှားသွားသည့်အလား ဝမ်းသာပျော်ရွှင်မှုကို ခံစားရနိုင်ပေလိမ့်မည်။
ဂျင်ဆင်းသစ်သီးပင်အောက်မှာ ကီလိုမီတာတစ်သန်းထိ မြှုပ်နှံခံထားရသည့် မရေမတွက်နိုင်သော အငြိုးအတေးကြီးစိတ်ဝိညာဉ်များသည်လည်း လွတ်မြောက်ကာ သုခဘုံတွင် ပြန်လည်မွေးဖွားလာကြပေလိမ့်မည်။
လေထဲမှာ ကလေးငယ်များ၏ ပုံရိပ်ယောင်များက ခပ်ရေးရေးပေါ်ထွက်လာကြ၏။
သူတို့သည် ကျေးဇူးတင်ရှိသောအမူအရာနှင့်အတူ ကြည်လင်သန့်စင်သောမျက်လုံးများဖြင့် မင်းကျန်ကို ကြည့်နေပြီး သူတို့၏ ငယ်ရွယ်နုနယ်သော မျက်နှာများပေါ်တွင် ကလေးဆန်ဆန်အပြုံးများက နောက်တစ်ဖန် ပေါ်ထွက်လာကြ၏။
“ဒီကိုယ်တော်လေးရဲ့ ဓမ္မအသိအမြင်က လေးနက်သိမ်မွေ့တယ်.. သူက ကြင်နာမေတ္တာတရားကြီးမားတယ်။ သူက အခုချိန်မှာ ပကတိစိတ်ဝိညာဉ်တစ်ဦးပဲ။ ဒါတောင် သူက ပြန်ဝင်စားခြင်းသုတ္တန်ကို ရွတ်ဆိုတဲ့အခါ ဒီလိုမျိုးနမိတ်ဖြစ်စဉ်တစ်ခုကို ပေါ်ထွက်လာစေနိုင်တယ်။”
ဧကရာဇ်မြောက်ပိုင်းခွန်က ချီးကျူးလိုက်လေသည်။
ဧကရာဇ်တောင်ပိုင်းဖန်းက သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်၏။
“ဒီနေရာမှာ မြှုပ်နှံခံထားရတဲ့ ကလေးငယ်တွေအများကြီးရှိတယ်... ဘီလီယံနဲ့ချီတဲ့ဝိညာဥ်တွေက အဆုံးမဲ့မကျေမချမ်းမှုတွေကို စုဖွဲ့ထားတယ်... ဒီကိုယ်တော်လေးရဲ့ ကျင့်ကြံမှုနယ်ပယ်က လုံလောက်မှုမရှိဘူး... သူက ဘီလီယံနဲ့ချီတဲ့ဝိညာဥ်တွေကို ကယ်ထုတ်ချင်တယ်ဆိုရင် သူကအဲဒါကို သေချာပေါက်ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”
တကယ်တမ်းမှာလည်း ထိုသို့ပင်ဖြစ်လေသည်။
မင်းကျန်သည် အဆက်မပြတ် ရွတ်ဆိုနေစဥ် သူ၏ မျက်နှာအမူအရာက ပို၍ပင်ဖြူဖပ်ဖြူရော်ဖြစ်လာ၏။
သူသည် ဤတမလွန်ဝိညာဥ်များနှင့် အငြိုးအတေးကြီးစိတ်ဝိညာဥ်များကို လျစ်လျူရှုပြီး လောကမှာ မကျေမချမ်းမှုများစွာနှင့်အတူ သူတို့ကိုချန်ထားခဲ့မည်ဆိုလျှင် သူတို့သည် အမျိုးမျိုးသော ယင်စိတ်ဝိညာဥ်များနှင့် ဆိုးယုတ်တစ္ဆေများဖြစ်လာကာ လူသားလောကမှာ လှည့်ပတ်သွားလာနေပေလိမ့်မည်။
သူတို့၏ ဝိညာဥ်များက လောကသို့ပြန်ရောက်သွားပြီး ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ ဝင်ရောက်နိုင်မည်ဆိုလျှင် သူတို့သည် အနည်းဆုံးတော့ ပြန်လည်မွေးဖွားနိုင်မည့် အခွင့်အရေးတစ်ခုကိုရရှိပေလိမ့်မည်။
သူသည် ဘီလီယံနှင့်ချီသော စိတ်ဝိညာဥ်များကို သန့်စင်ကယ်ချွတ်ပေးချင်သည်တိုလျှင် မင်းကျန်အတွက် အားအင်ကြီးမားစွာ ကုန်ဆုံးစေပေလိမ့်မည်။
သူ၏ အမြုတေစိတ်ဝိညာဥ်က ပို၍အားနည်းလာပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းထိုးလာ၏။
သို့သော်လည်း သူက ရပ်တန့်ဖို့စိတ်ကူးမရှိဘဲ သူ၏ အကြည့်က ခိုင်မာနေ၏။
သူ့ထံမှ မကိုင်လှုပ်နိုင်သော မဆုတ်မနစ်ကြိုးပမ်းမှုနှင့် ယုံကြည်မှုတစ်ခုရှိနေပုံရ၏။
အဲဒါသည် ငရဲကဗလာမကျင်းသေးသရွေ့ ဗုဒ္ဓတစ်ပါးဖြစ်မလာမည့် သူ၏ ဆုံးဖြတ်ချက်ပြတ်သားမှုဖြစ်သည်။
အဲဒါသည် သက်ရှိများအားလုံးကို ကယ်ချွတ်သန့်စင်ပေးနိုင်သည်ဟူသော သူ၏ ယုံကြည်မှု ဖြစ်သည်။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ကိုယ်တော်တာမင်းကဲ့သို့ အနှိုင်းမဲ့ပါရမီရှင်တစ်ဦးပင်လျှင် မင်းကျန်ကို အလိုလိုရှောင်လွှဲရလေသည်။
မင်းကျန်၏ ဗုဒ္ဓဝါဒအပေါ် ထူးခြားအံမခန်းနားလည်ဆင်ခြင်မှုက သိသာထင်ရှားနေ၏။
“နမော... အမိတ္တဘယ”
ထိုစဥ်မှာပင် နောက်ထပ်အသံတစ်သံကထွက်ပေါ်လာ၏။ ထိုအသံသည် ပြန်ဝင်စားခြင်းမန္တန်ကို ရွတ်ဆိုလိုက်သောအသံပင်ဖြစ်၏။
ထိုအသံက အနည်းငယ်လေးကန်နေသော်လည်း အဲဒါကို ပြီးပြည့်စုံစွာ ရွတ်ဖတ်သရဇ္ဈာယ်နေ၏။
ထောင်ယောင်က ဘေးမှာရှိနေ၏။ သူသည် မင်းကျန်က ဗုဒ္ဓမန္တန်ကို ရွတ်ဆိုနေသည်ကိုကြားသောအခါ သူက စိတ်ခံစားချက်များမြင့်တက်လာပြီး လိုက်ပါရွတ်ဆိုလိုက်လေသည်။
ထောင်ယောင်သည် ဗုဒ္ဓဝါဒကို မသိရှိဘဲ ဗုဒ္ဓကျမ်းစာများကိုလည်း ဘယ်တုန်းကမှမဖတ်ရှုခဲ့ဖူးပေ။
သူ့မှာ ကြည်လင်သန့်စင်သောနှလုံးသားသာရှိပြီး ဤတမလွန်ဝိညာဥ်များကို လွတ်မြောက်ကာ ကောင်းမွန်သောဘဝသို့ ရောက်ရှိစေဖို့သာ သူကမျှော်လင့်ထားလေသည်။
နန်းကြည်ကလည်း ရင်ထဲမှာထိသွားပြီး အဲဒါကို လိုက်ပါရွတ်ဆိုလိုက်၏။
မင်းကျန်အတွက် သုတ္တန်ကို ကူညီရွတ်ဆိုပေးသောလူများက ပို၍များပြားလာပြီး ဖိအားကို မျှဝေယူလိုက်ကြ၏။
လူတိုင်းသည် တီးတိုးရွတ်ဆိုနေကြရုံသာဖြစ်သည်။
သို့သော်လည်း ထိုစကားလုံးများက အဆက်မပြတ် ပေါင်းစုပြီး နောက်ဆုံးမှာ အဆုံးမဲ့သစ္စာစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။
ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်ပြီး ဗုဒ္ဓပုံရိပ်ယောင်များက ပေါ်ထွက်လာကာ ဘီလီယံနှင့်ချီသော ဝိညာဥ်များကို သန့်စင်ကယ်ချွတ်ပေးနေ၏။
မသိလိုက်မသိဘာသာအချိန်တစ်ခုကြာသွားပြီးနောက် လူတိုင်း၏ ရွတ်ဆိုနေသောအသံများက တဖြည်းဖြည်းဖျော့တော့သွားပြီး ဘေးပတ်ဝန်းကျင်ရှိ မကျေမချမ်းမှုများကလည်း ပျက်ပြယ်လာခဲ့လေသည်။
အစက အဖြူရောင်မိုးကောင်းကင်နန်းတော်အထက် ကောင်းကင်ကို တစ်နှစ်ပတ်လုံး နက်မှောင်နေသော တိမ်စိုင်များက လွှမ်းခြုံထားပြီး နေ့အလင်းရောင်ကို တွေ့မြင်ရဖို့ခဲယဉ်းလေသည်။
ထိုအခိုက်အတန့်မှာ ကီလိုမီတာတစ်သန်းအတွင်း အဖြူရောင်မိုးကောင်းကင်၏ ပိုင်နက်နယ်မြေအထက်မှာ ကောင်းကင်က ကြည်လင်ရှင်းလင်းပြီး ဗုဒ္ဓအလင်းရောင်က တောက်ပကာ ကုန်းမြေဆီသို့ နွေးထွေးမှုတစ်ခုကို ဆောင်ကြဥ်းပေးလာ၏။
မင်းကျန်သည် သူ၏ လက်ဖဝါးနှစ်ဖက်ကို အတူတကွပူးကပ်၍ သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ထားဆဲဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကို ရွှေရောင်အရောင်အဝါတစ်ခုက လွှမ်းခြုံထားပြီး တည်ကြည်လေးနက်သောပုံစံနှင့်အတူ သူ၏ ဦးခေါင်းနောက်ဘက်မှာ ရောင်လျှံစက်ဝန်းများပေါ်ထွက်လာ၏။ သူသည် နောက်ခဏ၌ လေထဲသို့ ပျံတက်သွားတော့မည့်အလားပင်။
“ဒါက...”
လူတိုင်းက မင်းကျန်၏ အခြေအနေကို အာရုံခံမိသောအခါ သူတို့၏ အမူအရာများပြောင်းလဲသွားကြ၏။
သူက အဆင့်ချိုးဖျက်တက်လှမ်းတော့မည်ဖြစ်၏။
ဤတိုက်ပွဲမတိုင်ခင် မင်းကျန်သည် ဗလာနယ်ဝိညာဥ်နယ်ပယ် ပကတိစိတ်ဝိညာဥ်တစ်ဦးသာဖြစ်ခဲ့သည်။
သူက အဆင့်ချိုးဖျက်တက်လှမ်းမည်ဆိုလျှင်တောင် သူသည် သုခဘုံလေဟာနယ်နယ်ပယ်သို့သာ ရောက်ရပေလိမ့်မည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ မင်းကျန်၏ ခန္ဓာကိုယ်ထဲကဖြာထွက်လာသည့် စွမ်းအင်အတက်အကျက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ တိုက်ရိုက်ဦးတည်နေသည်မှာ သိသာနေ၏။
အဲဒါသည် ကျင့်ကြံမှုနယ်ပယ်နှစ်ခုကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းခြင်းနှင့်တူညီနေ၏။
ဒါ့အပြင် နယ်ပယ်တစ်ခုက နယ်ပယ်အကြီးတစ်ခုဖြစ်နေ၏။
ဧကရာဇ်မြောက်ပိုင်းခွန်က ရေရွတ်ပြောဆိုလိုက်၏။
“ဘီလီယံနဲ့ချီတဲ့ ဝိညာဥ်တွေကို ကယ်ချွတ်ပေးတဲ့အပြုအမူက အနန္တကောင်းမှုကုသိုလ်နဲ့ ပြည့်နှက်နေတယ်လို့ဆိုနိုင်တယ်... ဒီကိုယ်တော်လေးက အနန္တကောင်းမှုကုသိုလ်ရဲ့ကျေးဇူးနဲ့ ဒီလိုအခန့်သင့်တဲ့အခွင့်အရေးကို ရရှိလာခဲ့တာပဲ”
“ကောင်းမှုကုသိုလ်ရဲ့သဘောတရားက ပုံရိပ်ယောင်ဆန်တယ်... အဲဒါကို ဘယ်တုန်းကမှ ထောက်လှမ်းလို့ မရခဲ့ဘူး”
ဧကရာဇ်တောင်ပိုင်းဖန်းက သူ၏ ခေါင်းကိုညင်သာစွာခါယမ်းပြီး ပြုံးလိုက်၏။
“သူက ဒီအခြေအနေရောက်လာဖို့ သူလာရာလမ်းတစ်လျှောက်မှာ စွမ်းအင်ကိုအဆက်မပြတ် စုဆောင်းထားပြီး အခုမှအဲဒါက နေရာတကျဖြစ်လာတာလို့ ငါထင်တယ်”
ဝုန်း...
ထိုစဥ်မှာပင် နောက်ထပ် ဧရာမစွမ်းအားအတက်အကျတစ်ခုက လူအုပ်ကြားထဲကနေ ထွက်ပေါ်လာ၏။
တဖျတ်ဖျတ်တလက်လက်အလင်းရောင်ဖြင့် တောက်ပနေသော တာအိုသစ်သီးတစ်လုံးက စာအုပ်အင်မော်တယ်ယွင်ကျူး၏ အသိစိတ်ထဲကနေ လွင့်မျောထွက်လာ၏။ ၎င်း၏ စွမ်းအားသည် လျင်မြန်စွာမြင့်တက်ပြီး ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ဝုန်းခနဲမြည်သံနှင့်အတူ ပေါက်ကွဲထွက်သွား၏။
ဘေးပတ်ဝန်းကျင်လေဟာနယ်က လဲပြိုကျပြီး ကောင်းကင်လိုဏ်ဂူတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာ၏။
ယွင်ကျူးသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်တော့မည်ဖြစ်သည်။
ဝေါ...
ထိုစဥ်မှာပင် နန်းကြည်၏ ခန္ဓာကိုယ်ထဲကနေလည်း ဆူနာမီသံက တလိပ်လိပ်တိုးထွက်လာ၏။ သူမ၏ သွေးချီက တရုန်းရုန်းထကြွလာပြီး သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကျိန်းစပ်နေသော ရွှေရောင်အလင်းတစ်ခုကို ဖြာထုတ်ပေးနေ၏။
တာအိုသစ်သီးတစ်လုံးက ဖြည်းဖြည်းချင်ပေါ်ထွက်လာပြီး ခွန်အားကို အဆက်မပြတ်စုဆောင်းပေးနေ၏။
နန်းကြည်သည်လည်း ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ အချိန်မရွေးတက်လှမ်းဖို့ ပြင်ဆင်နေ၏။
လူအုပ်ကြားထဲကနေ ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်အတက်အကျတစ်ခုက ပေါ်ထွက်လာ၏။
ချက်ချင်းပင် ကျင့်ကြံသူများစွာသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အဆင့်ချိုးဖျက်တက်လှမ်းလာကြ၏။
ဧကရာဇ်မြောက်ပိုင်းခွန်သည် ဧကရာဇ်တောင်ပိုင်းဖန်းကိုကြည့်ပြီး ပြုံး၍မေးလိုက်၏။
“ကုသိုလ်ကောင်းမှုရဲ့သဘောတရားက ပုံရိပ်ယောင်ဆန်တယ်လို့ မင်းထင်နေတုန်းပဲလား”
ဧကရာဇ်တောင်ပိုင်းဖန်းက သူ၏ ခေါင်းကို ခါယမ်းပြီး ခါးသီးစွာပြုံးလိုက်၏။
အဆင့်ချိုးဖျက်တက်လှမ်းလာသော ကျင့်ကြံသူအများစုသည် အတန်ကြာအောင် ကျင့်ကြံထားခဲ့ပြီး သူတို့၏ အခြေခံအုတ်မြစ်များကို စုဆောင်းထားလေသည်။
ဥပမာအားဖြင့် စာအုပ်အင်မော်တယ်ယွင်ကျူးသည် သုခဘုံလေဟာနယ်နယ်ပယ်မှာ ရပ်တန့်နေပြီး အခွင့်အလမ်းတစ်ခုကိုသာ လိုအပ်နေခဲ့၏။
ဤတစ်ခေါက်မှာ မင်းကျန်၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် ဘီလီယံနှင့်ချီသော ဝိညာဥ်များကို ကယ်ချွတ်ဖို့အတွက် အတူတကွပေါင်းစည်းအလုပ်လုပ်ခဲ့ကြပြီး အဆုံးမဲ့အကျိုးဆောင်မှုကို ရရှိလာကြ၏။
ကုသိုလ်ကောင်းမှုသည် တကယ်ပင်ပုံရိပ်ယောင်ဆန်သော်လည်း ၎င်းမှာ ဖော်မပြတတ်သော စွမ်းအားတစ်ခုရှိနေ၏။
ထိုကုသိုလ်ကောင်းမှု၏ ထောက်ပံ့မှုနှင့်အတူ လူများစွာသည် အဆင့်ချိုးဖျက်တက်လှမ်းဖို့ အခွင့်အရေးကိုရရှိလာကြ၏။
မကြာသေးခင်ကမှ ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းထားသော ဆူဇီမိုလိုလူကတော့ သူက ကောင်းမှုကုသိုလ်တချို့ကိုရရှိမည်ဆိုလျှင်တောင် သူ၏ ကျင့်ကြံမှုနယ်ပယ်က သိသာထင်ရှားစွာမြင့်တက်လာတော့မည်မဟုတ်ပေ။
ဧကရာဇ်ပညာရှင်များ၏ ကာကွယ်မှုနှင့်အတူ လူတိုင်းအနေဖြင့် မည်သည့်ဟန့်တားနှောက်ယှက်မှုမှမရှိဘဲ ဤနေရာမှာ ဘေးကင်းလုံခြုံစွာဖြင့် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ကြ၏။
ထိုမျှသာမက ယွင်ကျူး၊ မင်းကျန်နှင့် နန်းကြည်တို့လိုလူများသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းနေကြ၏။ သူတို့၏ ကျင့်ကြံရေးနည်းစနစ်များက ကွဲပြားခြားနားသော်လည်း သူတို့၏ တာအိုများက ချိတ်ဆက်မှုရှိနေကြ၏။
သူတို့သည် တစ်ယောက်ကိုတစ်ယောက်လေ့လာအကဲခတ်ခြင်းဖြင့် တစ်စုံတစ်ရာကို ရရှိနိုင်ကြလေသည်။
ဤကိစ္စပြီးဆုံးသွားသောအခါ ဆူဇီမိုသည် နောက်ဆုံးအငြိုးအတေးများကို ဖြေရှင်းရန် လူတိုင်းကို ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေသို့ ခေါ်ဆောင်သွားပေလိမ့်မည်။
အရင်တုန်းက ဘုရင်ကျင်းနှင့် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်ယန်ယန်း၊ ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှ အင်မော်တယ်ဘုရင်ချင်းယန်တို့သည် သူ့ကိုသတ်ဖြတ်ရန် ကြိုးပမ်းဖို့အတွက် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ပူးပေါင်းခဲ့ကြလေသည်။
ဘုရင်ကျင်းက ဖုန့်စန်းထျန်နှင့်လည်း သွေးကြွေးရန်စရှိထား၏။
ဆူဇီမိုသည် ခဏမျှစဥ်းစားပြီးနောက် သူ့ဘေးမှာရှိသောထောင်ယောင်ကို ကြည့်ကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် မေးမြန်းလိုက်၏။
“ယန်ယန်းအင်မော်တယ်နိုင်ငံက ရှဲ့ချင်းချန်ရော... ဒီနှစ်တွေထဲမှာ ဘယ်လိုနေလဲ”
ဘုရင်ကျင်းနှင့် အင်မော်တယ်ဘုရင်ချင်းယန်ကို ကိုင်တွယ်ဖို့က လွယ်ကူလေသည်။ သို့သော်လည်း အင်မော်တယ်ဘုရင်ယန်ယန်းသည် မည်သို့ပင်ဆိုစေ ရှဲ့ချင်းချန်နှင့် မင်းသမီးသက်တံနီ၏ဖခင်ဖြစ်လေသည်။
ဆူဇီမိုသည် ရှဲ့ချင်းချန်နှင့် မင်းသမီးသက်တံနီနှင့် ပတ်သက်ဆက်နွယ်မှုတချို့ရှိထား၏။ သူက အင်မော်တယ်ဘုရင်ယန်ယန်းကို လက်စားချေလိုသည်ဆိုလျှင် သူသည် သူတို့နှစ်ယောက်ကိုပါ ထည့်တွက်ရပေမည်။
ထိုအကြောင်းကိုပြောဆိုချိန်မှာ ထောင်ယောင်က မချင့်မရဲခံစားလာရ၏။
“အဲဒီရှဲ့ချင်းချန်က တော်တော်သနားဖို့ကောင်းတယ်... သခင်လေး ခင်ဗျားတစ်ခုခုဖြစ်သွားပြီးကတည်းက စိတ်ဝိညာဥ်တိမ်စိုင်တိုင်းပြည်ရဲ့မင်းသားဆိုတဲ့ သူ့ရဲ့အဆင့်အတန်းကို သူ့အဖေက ပြန်ပြီးရုတ်သိမ်းခဲ့တယ်”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အရင်တုန်းက သူသည် ရှဲ့ချင်းချန်ကို စိတ်ဝိညာဥ်တိမ်စိုင်းတိုင်းပြည်၏ မင်းသားနေရာရရှိရန် ကူညီပေးခဲ့လေသည်။
မထင်မှတ်ထားစွာပင် သူက တစ်စုံတစ်ရာဖြစ်ပွားသွားပြီးနောက် အင်မော်တယ်ဘုရင်ယန်ယန်းသည် ချက်ချင်းပင်ရန်လိုလာခဲ့ပြီး တိုင်းပြည်တစ်ပြည်၏ မင်းသားဟူသော ရှဲ့ချင်းချန်၏ အဆင့်အတန်းကို ရုပ်သိမ်းခဲ့လေသည်။
ထောင်ယောင်က ဆက်ပြောလိုက်၏။
“နောက်ပိုင်းမှာ ရှဲ့ချင်းချန်က ခင်ဗျားရဲ့ကိစ္စနဲ့ပတ်သက်ပြီး အင်မော်တယ်ဘုရင်ယန်ယန်းကို မေးခွန်းသွားထုတ်ခဲ့တယ်... သူက မေးခွန်းထုတ်နေရင်း အင်မော်တယ်ဘုရင်ယန်ယန်းကို ခွန်းတုံ့ပြန်ပြီး သူ့ကိုဒေါသချောင်းချောင်းထွက်သွားစေခဲ့တယ်... သူက ရှဲ့ချင်းချန်ရဲ့ ကျင့်ကြံမှုကိုဖျက်ဆီးပြီး အကျဥ်းချလိုက်တယ်”
ဆူဇီမို၏ အမူအရာက သုန်မှုန်သွား၏။
ရှဲ့ချင်းချန်၏ မိခင်သည် အောက်ဘုံလောကကနေလာသောကြောင့် သူမသည် အင်မော်တယ်ဘုရင်ယန်ယန်းနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုမရှိဘဲ ဘယ်တုန်းကမှ တန်ဖိုးထားခြင်းမခံရဟု သူက ကြားဖူးထားခဲ့ပြီးသားဖြစ်၏။
ယခု အင်မော်တယ်ဘုရင်ယန်ယန်းသည် ဤမျှအထိ နှလုံးသားကင်းမဲ့နေသည်ဆိုတော့...။
သူသည် စကားလုံးတချို့ဖြင့် ခွန်းတုံ့ပြန်ခံရရုံဖြင့် ဤမျှအထိ ရက်စက်ကြမ်းတမ်းခဲ့လေသည်။
အင်မော်တယ်ဘုရင်ယန်ယန်း၏ ရင်ထဲမှာ သူသည် ရှဲ့ချင်းချန်ကို သူ့သားအဖြစ် ဘယ်တုန်းကမှ သဘောမထားခဲ့ပေ။
မဟုတ်ပါက သူသည် ဤမျှအထိ နှလုံးသားမဲ့ကာ ရက်စက်ကြမ်းတမ်းနိုင်လိမ့်မည် မဟုတ်ပေ။