← Chapters

အမှောင်မျိုးနွယ်

Vol. 208 Ch. 3120

အမှောင်မျိုးနွယ်

Vol. 208 Ch. 3120

အချိန်ကြာလာသည်နှင့်အမျှ နန်းကြည်၏ ခန္ဓာကိုယ်ထဲရှိ အလင်းနှင့်အမှောင်စွမ်းအားက တဖြည်းဖြည်းတည်ငြိမ်လာခဲ့သည်။

သူမ၏ ဦးခေါင်းထက် ကျောက်မျက်ရှစ်ခုကတော့ သူတို့၏ အလင်းရောင်က တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။

ကျောက်မျက်ရှစ်ခုမှာ အလွန်တရာသိပ်သည်းပြင်းထန်သော ဂမ္ဘီရအလင်းစွမ်းအားပါဝင်နေ၏။ ပုံမှန်အခြေအနေမှာဆိုလျှင် နန်းကြည်သည် အဲဒါကို သေချာပေါက် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း တမလွန်မီးရောင်ကျောက်တုံး၏ ရှေ့မှာ ကျောက်မျက်ရှစ်ခုက အနည်းငယ်သိမ်ငယ်သွားပုံရ၏။

နောက်ဆုံးမှာ ကျောက်မျက်ရှစ်ခုထဲရှိ ဂမ္ဘီရစွမ်းအားက ခန်းခြောက်သွားပြီး သူတို့ပေါ်မှာ အက်ကွဲကြောင်းများပင် ပေါ်ထွက်လာ၏။ သို့သော်လည်း တမလွန်ရောင်မီးရောင်ကျောက်တုံးကတော့ ဘာမှဖြစ်မလာခဲ့ပေ။

တကယ်တော့ နန်းကြည်သည် အဲဒီကနေ အကျိုးအမြတ်အများဆုံးရရှိခဲ့သည်။

နန်းကြည်၏ အခြေအနေအရ သူမသည် ယင်ယန်အဆောင်သုတ္တန်ကို နားလည်ဆင်ခြင်မိထားသည်မှာ သိသာနေ၏။ သူမခန္ဓာကိုယ်ထဲရှိ အလင်းနှင့်အမှောင်စွမ်းအားများက ဆက်လက်၍ အတိုက်အခံမဖြစ်တော့ဘဲ တဖြည်းဖြည်းပေါင်းစည်းလာခဲ့၏။

နန်းကြည်၏ တာအိုသစ်သီးကလည်း အဆက်မပြတ် ပြောင်းလဲလာနေ၏။

စောစောကတင် အဲဒါက ဝင်းလက်တောက်ပနေခဲ့သည်။

နောက်ခဏ၌ ၎င်းက အေးစက်၍ မှောင်မည်းလာခဲ့သည်။

ဆူဇီမိုသည် စိတ်သက်သာစွာသက်ပြင်းချပြီး နန်းကြည်၏ ခန္ဓာကိုယ်ထဲသို့ အဆုံးစွန်ယင်စွမ်းအား လှည့်ပတ်ပို့လွှတ်ခြင်းကို ရပ်တန့်လိုက်ကာ သူမကို ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဆက်လက်၍ အဆင့်ချိုးဖျက်တက်လှမ်းစေ၏။

နန််းကြည်နှင့် ဤနေရာသို့ လိုက်ပါလာသော နတ်ဘုရားဘုရင်သုံးဦးက ထိုသည်ကိုတွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။

ဝုန်း…

နန်းကြည့်၏ တာအိုသစ်သီးက ကြေမွပြီးသိပ်သည်းပြင်းထန်သောစွမ်းအားက ပေါက်ကွဲထွက်ပေါ်လာ၏။ ချက်ချင်းပင် ၎င်းသည် လေဟာနယ်ကိုထိုးဖောက်ပြီး အဆက်မပြတ်ဖြန့်ကြက်ကာ ကောင်းကင်လိုဏ်ဂူတစ်ခုကို ဖြစ်ပေါ်လာစေ၏။ သူမသည် ဂမ္ဘီရအလင်းနှင့် အမှောင်စွမ်းအားများစွာကို စုပ်ယူနေကာ နန်းကြည်သည် ကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့ပြီးနောက် ကောင်းကင်လိုဏ်ဂူ၏ စွမ်းအားက လျင်မြန်စွာမြင့်တက်လာ၏။

သိပ်မကြာခင် သူမသည် ကောင်းကင်လိုဏ်ဂူအသေးနယ်ပယ်၏ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့သည်။ သူမသည် ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်သို့ တက်လှမ်းရန် နောက်ထပ်ခြေတစ်လှမ်းသာ လိုတော့လေသည်။

နတ်ဘုရားဘုရင်သုံးဦးထဲမှ နှစ်ဦးက အကြည့်ချင်းဖလှယ်ပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် အပြန်အလှန်ဆက်သွယ်လိုက်ကြ၏။ သူတို့သည် ညင်သာစွာခေါင်းညိတ်ပြီး နန်းကြည်ရှိရာသို့ လျှောက်လှမ်းလာနေ၏။

နန်းကြည်က သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည့်ခဏမှာပင် သူမက လျှောက်လှမ်းလာနေသော နတ်ဘုရားဘုရင်နှစ်ဦးကို တွေ့မြင်သွား၏။

သူမသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူမ၏ အမူအရာက ကြောက်ရွံ့မှုတစ်စွန်းတစ်စနှင့်အတူ ပြောင်းလဲပြီး နောက်သို့ခြေလှမ်းဝက်အလိုလိုဆုတ်လိုက်၏။

“မင်းတို့နှစ်ယောက် ဘာလာလုပ်တာလဲ”

ဆူဇီမိုက နန်းကြည်၏ ရှေ့မှာ မတ်တတ်ရပ်ပြီး နတ်ဘုရားဘုရင်နှစ်ဦး၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။ နန်းကြည်က ဤကဲ့သို့အပြောင်းအလဲတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်နေသည့်ခဏမှာပင် ဆူဇီမိုသည် နတ်ဘုရားဘုရင်သုံးဦး၏ မူမမှန်မှုကို သတိထားမိနေခဲ့၏။ သူတို့ထဲမှနှစ်ယောက်သည် နန်းကြည်အပေါ် သတ်ဖြတ်လိုစိတ်ပင်ရှိလာခဲ့လေသည်။

“ဘာရယ်မဟုတ်ပါဘူး”

နတ်ဘုရားဘုရင်ရီယောင်က တည်ငြိမ်နေပြီး လက်သီးနှစ်ဖက်ကိုယှက်ပြလိုက်၏။

“ကျုပ်တို့တွေက ဒီမှာလုပ်စရာရှိတာလုပ်ပြီး နန်းကြည်ကို ပြန်ခေါ်သွားဖို့ပြင်နေတာပါ”

နောက်ထပ် နတ်ဘုရားဘုရင်တစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“နန်းကြည်… ဒီနေရာမှာ ပညာရှင်တွေအများကြီးရှိနေတယ်… မင်းဒီမှာ ဆက်ရှိနေစရာမလိုတော့ဘူး… ငါတို့နဲ့အတူ အလင်းကမ္ဘာကို ပြန်ကြရအောင်”

သူ၏ နောက်ဘက်မှာ ပုန်းကွယ်နေသော နန်းကြည်က စိုးရိမ်ကြောက်လန့်နေသည်ကို ဆူဇီမိုက ရှင်းရှင်းလင်းလင်းအာရုံခံမိနိုင်၏။

“မင်းတို့တွေ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမပြောသရွေ့ နန်းကြည်ကို ဘယ်မှ ခေါ်သွားလို့မရဘူး”

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

နတ်ဘုရားဘုရင်ရီယောင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ အမူအရာက သုန်မှုန်လာခဲ့၏။

“တာအိုရောင်းရင်းဆူ… ဒါက ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး… ဒါက ကျုပ်တို့အလင်းကမ္ဘာရဲ့ ကိစ္စပဲ… ခင်ဗျား ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး”

“အဲလိုလား”

ဆူဇီမိုက ပြုံးလိုက်၏။

“အဲဒါဆိုလည်းကောင်းတာပေါ့… ဒီနေ့ကစပြီး နန်းကြည်က အလင်းကမ္ဘာရဲ့ အဖွဲ့ဝင်တစ်ဦးမဟုတ်တော့ဘူး”

အရင်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ သူတို့တွေ့ဆုံခဲ့စဉ် နန်းကြည်သည် အလင်းကမ္ဘာကနေ ထွက်ခွာပြီး ဆူဇီမိုနောက်သို့ လိုက်ပါလိုခဲ့သေလည်။

သို့သော်လည်းဆူဇီမိုသည် ထိုအချိန်တုန်းက ဓားကမ္ဘာမှာ ယာယီအားဖြင့် နေထိုင်ပြီး အချိန်မတန်ခဲ့သေးပေ။

ယခုအချိန်မှာ ဆူဇီမိုသည် အောက်ဘုံလောကမှ သက်ရှိများ မှီတင်းနေထိုင်ဖို့အတွက် ကမ္ဘာတစ်ခုကို ဖန်တီးဖို့ ပြင်ဆင်ထားပြီဖြစ်၏။ နန်းကြည်ကလည်း အလင်းကမ္ဘာမှာ ဆက်လက်၍ မနေလိုတော့ပေ။

ဒါ့အပြင် အမှောင်သန္ဓေပြောင်းခြင်းသည် သူမထံမှာ ဖြစ်ပွားလာခဲ့သည်။

သူမသည် အလင်းကမ္ဘာသို့ ပြန်သွားမည်ဆိုလျှင် သူမက အညှာအတာမဲ့စွာ ချက်ချင်းပင် သတ်ဖြတ်ခံရနိုင်လေသည်။

ထိုအချိန်မှာ သူမကို မည်သူကမှ ကာကွယ်ပေးနိုင်မည် သို့မဟုတ် မည်သူကမှ စာနာနားလည်ပေးကြမည်မဟုတ်ပေ။

နတ်ဘုရားရီယောင်က ထိုစကားကိုကြားသောအခါ သူက ဆူဇီမိုကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဆူဇီမို… မင်းက မင်းပြောနေတဲ့စကားအဓိပ္ပါယ်ကို အခုချိန်ထိ နားလည်မှာမဟုတ်သေးဘူး”

“မင်းက… အလင်းကမ္ဘာရဲ့ ဥပဒေကို ရန်စစော်ကားပြီး နတ်ဘုရားမျိုးနွယ်နဲ့ ရန်သူဖြစ်လာချင်နေတာပဲ”

အခြားသော နတ်ဘုရားဘုရင်ကလည်း အေးစက်စွာပြောလိုက်၏။

“ဆူဇီမို… ငါမင်းကို အကြံပေးလိုက်မယ်… မင်းက မရူးမိုက်တာ ပိုကောင်းလိမ့်မယ်… မင်းက အမှောင်သန္ဓေပြောင်းထားတဲ့ဒီလူကို လက်ခံထားရဲမယ်ဆိုရင် မင်းက ငါတို့အလင်းကမ္ဘာကို ဆန့်ကျင်ရုံတင်မဟုတ်ဘူး”

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အဲဒါကို ရှာဖွေတွေ့ရှိသွားတာနဲ့ ထျန်ဟွမ်ကုန်းမြေတိုက်က မင်းနဲ့တခြားလူတွေအကုန်လုံးက သူနဲ့အတူ သေရလိမ့်မယ်”

“ဟားဟားဟား”

ဆူဇီမိုက လှောင်ရယ်လိုက်၏။

နတ်ဘုရားဘုရင်နှစ်ဦး၏ ခြိမ်းခြောက်မှုမှာ သူက မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ အလွန်တရာရယ်စရာကောင်းသည်ဟုသာ ခံစားနေရ၏။

တကယ်တော့ လူအများစုသည် ဆူဇီမိုက ဘာကိုရယ်နေသည်ကို မသိကြပေ။ ဆူဇီမိုက ပြောလိုက်၏။

“မင်းတို့တွေက လမ်းတစ်လျှောက်နန်းကြည်ကို လိုက်ပါပို့ဆောင်ပေးခဲ့တာကြောင့်မဟုတ်ရင် မင်းတို့တွေက စောစောက ခြိမ်းခြောက်မှုနဲ့တင် သေနေလောက်ပြီ”

နတ်ဘုရားဘုရင်ရီယောင်နှင့် အခြားနှစ်‌ယောက်က ရင်တထိတ်ထိတ်ခံစားသွားရ၏။

စောစောက ဆူဇီမိုပြသခဲ့သော တိုက်ခိုက်ရည်ခွန်အားက တကယ့်ကို ကြောက်စရာကောင်းလေသည်။

သူတို့သုံးယောက်က ပူးပေါင်းထားမည်ဆိုလျှင်တောင် သူတို့သည် တစ်ချီပင် ခုခံနိုင်လောက်မည် မဟုတ်ပေ။

သို့သော်လည်း အောက်ဘုံလောကမှလာသည့် ဆူဇီမိုသည် အများသူငှာရှေ့မှာ သူတို့သုံးယောက်ကို သတ်ဖြတ်ရဲလိမ့်မည်ဟု နတ်ဘုရားဘုရင်သုံးဦးက မယုံကြည်နိုင်ပေ။

ဤကိစ္စက အလင်းကမ္ဘာသို့ ပျံ့နှံ့သွားမည်ဆိုလျှင် အဲဒါသည် အလင်းကမ္ဘာ၏ လက်စားချေမှုကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။

ဧကရာဇ်မြောက်ပိုင်းခွန်က ညင်သာစွာချောင်းဟန့်ပြီး သတိပေးလိုက်၏။

“ဆူဇီမို… မင်းနောက်မှာရှိတဲ့လူက အမှောင်မျိုးနွယ်က ဖြစ်လောက်တယ်”

အမှောင်မျိုးနွယ်သည် အပြစ်သားစိတ်ဝိညာဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မျိုးနွယ်စုတစ်သောင်းမှလူတိုင်း၏ ဖယ်ကြဉ်ခြင်းခံရလေသည်။

အမှောင်အပြစ်သားကုန်းမြေသည် အပြစ်သားကုန်းမြေဆယ်ခုထဲမှ တစ်ခုဖြစ်၏။

အမှောင်အပြစ်သားစိတ်ဝိညာဉ်တစ်ဦးကို လက်ခံထားခြင်းသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ရန်လိုစိတ်ကို အလွယ်တကူရရှိစေလိမ့်မည်။

ဧကရာဇ်မြောက်ပိုင်းခွန်သည် ထိုစကားများကို ရှင်းရှင်းလင်းလင်းမပြောဆိုသော်လည်း သူပြောချင်သည့် အဓိပ္ပါယ်က ရှင်းလင်းနေသည်။

“အမှောင်မျိုးနွယ်လား”

ဆူဇီမိုက မျက်ခုံးအနည်းငယ်ပင့်ပြီး ပြုံးလိုက်၏။

“သူက အမှောင်မျိုးနွယ်က ဆိုရင်တောင်မှ အဆင်ပြေတယ်… သူ့ကို ထိချင်တဲ့ဘယ်သူမဆို ငါ့ဆီကနေ အရင်ဆုံးခွင့်ပြုချက်တောင်းရလိမ့်မယ်”

“အဲဒါအမှန်ပဲ”

ဆူရှောင်းနင်က ဝင်ရောက်ပြောဆိုလိုက်၏။

“သူက ဘယ်မျိုးနွယ်ကပဲဖြစ်ဖြစ် သူက ထျန်ဟွမ်ကုန်းမြေတိုက်ကလာတဲ့ ငါတို့ရဲ့ အကောင်းဆုံးမိတ်ဆွေပဲ”

“ကောင်းတယ်ကွာ… ကောင်းတယ်.. ကောင်းတယ်”

နတ်ဘုရားဘုရင်ရီယောင်က ထပ်တလဲလဲပြောလိုက်၏။

“ဆူဇီမို… မင်းက ဒီလောက်ထိတောင် တကယ်ကို မောက်မာနေပြီပဲ… မင်းက နတ်ဆေးမိုကောင်းကင်နန်းတော်ကို ဖျက်ဆီးပြီး အင်မော်တယ်နိုင်ငံတစ်နိုင်ငံက အင်မော်တယ်ဘုရင်တစ်ဦးကို ဖိနှိမ်နိုင်ရုံနဲ့ ငါတို့အလင်းကမ္ဘာနဲ့ ဆန့်ကျင်နိုင်ပြီလို့ ထင်နေတာလား”

“ငါတို့အလင်းကမ္ဘာက ပညာရှင်တွေရဲ့ မျက်လုံးထဲမှာ ထျန်ဟွမ်ကုန်းမြေတိုက်က လူတိုင်းကို သတ်ဖြတ်ရတာက ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေရသလို ရိုးရှင်းတယ်”

“အဲဒါဆိုလည်း မင်းတို့တွေ ကြိုးစားကြည့်လေ”

ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။

“မင်း…”

နတ်ဘုရားဘုရင်ရီယောင်က စကားပြောတော့မည့်ဆဲဆဲမှာပင် ဆူဇီမိုက ဆက်ပြောလိုက်၏။

“အခုချိန်မှာ မင်းတို့သုံးယောက်ကို သတ်ဖြတ်ဖို့က ငါ့အတွက် ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေရသလောက် ရိုးရှင်းတယ်… ဘယ်လိုလဲ မင်းတို့စမ်းကြည့်ချင်လား”

နတ်ဘုရားဘုရင်ရီယောင်၏ အမူအရာက ပြောင်းလဲသွားပြီး သူပြောတော့မည့်စကားများကို ပြန်လည်မျိုချလိုက်ရ၏။

“သွားကြမယ်”

နတ်ဘုရားဘုရင်ရီယောင်က အတန်ကြာအောင် တုံ့ဆိုင်းနေပြီးနောက် မုန်းတီးစွာဖြင့် ပြောလိုက်၏။ သူက တစ်ဘက်သို့လှည့်ပြီး လေဟာနယ်ကို ဆုတ်ဖြဲကာ ပျောက်ကွယ်သွားလေသည်။

ထိုသည်ကိုတွေ့မြင်သောအခါ ဧကရာဇ်တောင်ပိုင်းဖန်းက မျက်မှောင်ကြုတ်ပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။ သူက ဧကရာဇ်မြောက်ပိုင်းခွန်ထံ သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဆူဇီမိုက အရမ်းကို ဘဝင်မြင့်လွန်းတယ်… သူက ကမ္ဘာတစ်ခုကို မတည်ထောင်ခင်မှာတင် အလင်းကမ္ဘာလို ထိပ်တန်းကမ္ဘာကြီးတစ်ခုနဲ့ မဟာရန်သူတွေဖြစ်လာခဲ့ပြီ”

“အဲဒါအမှန်ပဲ”

ဧကရာဇ်မြောက်ပိုင်းခွန်က အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“အဲဒီစကားကို ဧကရာဇ်အထီးကျန်သိုင်းသခင်က ပြောမယ်ဆိုရင် နားလည်လက်ခံလို့ရတယ်”

ဧကရာဇ်တောင်ပိုင်းဖန်းက ပြောဆိုလိုက်၏။

“သူတို့နှစ်ယောက်စလုံးက ရှောင်းယောင်ရဲ့ဆရာတွေဆိုပေမယ့် သူတို့နှစ်ယောက်ကြားကွာဟချက်က အရမ်းကိုကြီးမားလွန်းတယ်”

သံသရဖူဆောင်းအဖိုးအိုနှင့် နဂါးဧကရီဆီးနှင်းတို့၏ မျက်လုံးများထဲတွင်လည်း စိုးရိမ်ပူပန်မှုက ပေါ်ထွက်လာ၏။

ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစ နန်းကြည်မှာ ထူးခြားသော မျိုးဆက်သွေးတစ်ခုရှိနေ၏။

ယခု သူတို့သည် အလင်းကမ္ဘာနှင့်လည်း အတိုက်အခံဖြစ်သွားခဲ့ပြီး ဆူဇီမိုနှင့်အခြားသူများအပေါ် ကပ်ဘေးတစ်ခုကျဆင်းလာဖို့က လွယ်ကူလာခဲ့လေပြီ။

“သခင်လေး… အဲဒါက ရှင့်ကို ဒုက္ခရောက်စေမှာမလား”

နန်းကြည်က အနည်းငယ်မအီမသာနှင့် မလုံမလဲခံစားနေရပြီး အားအင်ချိနဲ့စွာပြောလိုက်၏။

“ကျွန်မ… အဲဒါကို တကယ်ပဲ တမင်လုပ်ခဲ့တာမဟုတ်ဘူး… အဲဒီအမှောင်စွမ်းအားက ဘယ်လိုမွေးဖွားပေါ်ထွက်လာလဲ ကျွန်မမသိဘူး… ကျွန်မအဲဒါကို လုံးဝမဖိနှိမ်နိုင်ခဲ့ဘူး”

“သခင်လေး… ကျွန်မ..ကျွန်မကို ထားခဲ့ပါတော့”

“ဘာမှမဖြစ်ဘူး.. အဆင်ပြေပါတယ်”

ဆူဇီမိုက မှင်သေသေဖြင့်ပြုံးလိုက်၏။

“မင်းက အမှောင်စိတ်ဝိညာဉ်အပြစ်သားတစ်ဦးဆိုတော့ရော ဘာဖြစ်လဲ… ငါက ဟိုယက္ခိုသ်အပြစ်သားစိတ်ဝိညာဉ်တစ်အုပ်စုလုံးကိုတောင် ခေါ်ထုတ်လာခဲ့သေးတာပဲ”

ထိုစကားကိုပြောသည့်အခါ သူ့အသံကို ဖုံးကွယ်မထားပေ။

သံသရဖူဆောင်းအဖိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားကြ၏။

All Chapters