← Chapters

၎င်းတို့သည် ချူးယွင်ဖန်း၏ ရပ်တည်ချက်ကို စောင့်နေခြင်းဖြစ်၏

Vol. 87 Ch. 1298

၎င်းတို့သည် ချူးယွင်ဖန်း၏ ရပ်တည်ချက်ကို စောင့်နေခြင်းဖြစ်၏

Vol. 87 Ch. 1298

ဤသည်မှာ သဘောထားကွဲလွဲစေရန် လုပ်ဆောင်ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားသော်လည်း ၎င်းတို့သည် အနည်းငယ် ညည်းညူမိသွားသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကြောင့် ငြိစွန်းခဲ့ရသော်လည်း မည်သည့်စကားမျှ မပြောနိုင်ကြပေ။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် ချူးယွင်ဖန်း၏ ဖြစ်တည်မှုကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။ ၎င်းတို့တွင် ကိုယ်ကျင့်တရားအနည်းငယ် ရှိနေသေးသောကြောင့် သူ့ကို အပြစ်မတင်နိုင်ကြပေ။ သို့သော်ငြားလည်း ဖြစ်ပျက်ခဲ့ရသည့် အကြောင်းအရာများသည် အလွန်ဆိုးရွားဖွယ်ကောင်း၏။ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ အလွန်များပြားခဲ့ရသည်။ ဤတစ်ကြိမ်တွင် ချူးမိသားစုသည် ကြီးမားများပြားသော ဆုံးရှုံးမှုကို ကြုံတွေ့ရပေလိမ့်မည်။

ချူးမိသားစု၏ အကြီးအကဲများသည် ခံတပ်တိုင်းကို စောင့်ကြပ်နေကြသော်လည်း ဤတစ်ကြိမ်တွင် ၎င်းတို့သည်လည်း အမြစ်ပြတ် ချေမှုန်းခံခဲ့ရသည်။ ဆုံးရှုံးမှုများသည် မရေတွက်နိုင်အောင် များပြားလှသည်။ တည်ငြိမ်စေရန် ထိန်းချုပ်ထားသည့် အပ်တစ်ချောင်းကဲ့သို့သော ချူးယွင်ဖန်းမရှိပါက၊ လူတိုင်းသည် သူ၏ရပ်တည်ချက်ကို စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။ ဤတိုက်ခိုက်မှုနှင့် မဟာပုံစံမဲ့ဂိုဏ်း၏ တွန်းအားပေးမှုကို ခံရပြီးနောက် ချူးမိသားစုဝင်များ စိတ်ဝမ်းကွဲလာကြမည်ကို ၎င်းတို့ စိုးရိမ်လာကြသည်။

မဟာပုံစံမဲ့ဂိုဏ်းက ယွီဝမ်မိသားစု သတ်ဖြတ်ခံရမှုအတွက် လက်စားချေနေခြင်းဖြစ်ကြောင်း ၎င်းတို့ နားလည်ခဲ့ကြသည်။ ၎င်းတို့ကို စိတ်ဓာတ်ကျစေသောအချက်သည် ယွီဝမ်မိသားစုကို ဧကရာဇ်တရားရုံးတော်က သတ်ဖြတ်ခဲ့ခြင်းဖြစ်၍ ၎င်းတို့နှင့် မည်သို့မျှ သက်ဆိုင်မှုရှိသနည်း။ သို့သော် ဤအချိန်တွင် ၎င်းတို့နှင့် ကျိုးကြောင်းဆင်ခြင်ခြင်းသည် အသုံးဝင်မည် မဟုတ်ကြောင်း သိထားကြသည်။ မည်သို့ဆိုသော် ၎င်းတို့ချူးမိသားစုသည် အားနည်းသောကြောင့်ဖြစ်သည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ဧကရာဇ်တရားရုံးတော်နှင့် နှိုင်းယှဉ်ပါက၊ ချူးမိသားစုသည် သဘာဝအတိုင်း အားနည်းကြသည်။

ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ဧကရာဇ်တရားရုံးထက် ၎င်းတို့ချူးမိသားစုကို ရန်ဆွခြင်းက ပို၍လွယ်ကူပေသည်။ ၎င်းတို့အားလုံး ထိုသို့စဉ်းစားမိသောအခါ နှလုံးသားထဲတွင် အလွန်ခါးသီးနေမိသည်။ ရုတ်တရက်ဆိုသလိုပင် အပြင်ဘက်မှ လျင်မြန်သော ခြေသံများထွက်ပေါ်လာ၍ အကြောင်းကြားချက်တစ်ခုကို ကြားလိုက်ရသည်။

"မကောင်းတော့ဘူး အကြီးအကဲတို့"

ချူးယောင်ဝေ့က မတ်တပ်ထရပ်ကာ ထွက်သွားလေသည်။ သူ၏အနောက်တွင် ချူးမိသားစု၏ တခြားအဖွဲ့ဝင်များလည်း လိုက်ပါသွားကြသည်။ ချူးယောင်ဝေ့သည် ခန်းမထဲမှ ထွက်ခွာသွားပြီးနောက် ခန်းမအရှေ့ရှိ ရင်ပြင်တွင် သွေးသံရဲရဲဖြစ်နေသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူအဖြစ် မကြာသေးမီက ခန့်အပ်ခံရသော ချူးဟုန်ချိုင်သည် သွေးများဖြင့် ဖုံးလွှမ်းနေသည်။ ချူးဟုန်ချိုင်ကို ထမ်းစင်ဖြင့်ပင် ပြန်သယ်လာကြ၏။

"ဘယ်လိုဖြစ်ကြတာလဲ" ချူးယောင်ဝေ့က အလျင်အမြန် မေးလိုက်သည်။

ချူးဟုန်ချိုင်ဘေးတွင် သွေးများပေကျံနေသော အစောင့်တစ်ဦးရှိနေသည်။ ချူးယောင်ဝေ့ကို မြင်သောအခါ သံမဏိကဲ့သို့သော ဤအစောင့်ပင် ငိုကြွေးလိုက်သည်။

"အခြေအနေက အရမ်းဆိုးလွန်းပါတယ်၊ မြို့ဝန်မင်း။ တော်တော်လေး ဆိုးရွားခဲ့တာပါ။ ကျွန်တော်တို့ဘက်က လူရာကျော်ရှိတာတောင် ရန်သူလက်ချက်နဲ့ အကုန်အသတ်ခံခဲ့ရပါတယ်။ ဆက်ခံသူကို ပြန်ပို့ဖို့ ကျွန်တော့်ညီအစ်ကိုတွေသာ ရန်သူတွေကို အသက်စွန့်ပြီး မတားဆီးခဲ့ရင် အခုအချိန် ကျွန်တော်တို့တွေ သေနေလောက်ပါပြီ"

အစောင့်က ကျယ်လောင်စွာ ငိုကြွေးလိုက်သည်။ ညီအစ်ကိုများကဲ့သို့ အတူတကွလေ့ကျင့်ခဲ့ကြသည့် သူ၏ရဲဘော်ရဲဘက်များကို တစ်ဖက်ရန်သူက သတ်ဖြတ်လိုက်ခြင်းကို မြင်တွေ့ပြီးနောက် သူမည်သို့မျှ ချုပ်တည်းနိုင်မည်မည်း။ ချူးယောင်ဝေ့၏မျက်နှာသည် အလွန်ဖြူဖျော့နေသည်။ ချူးဟုန်ချိုင်ကို သူ့၏အမွေဆက်ခံသူအဖြစ် ခန့်အပ်ရန်အတွက် ထုံးတမ်းစဉ်လာအဖွဲ့အစည်းကို တင်ပြခဲ့ရာ၊ ၎င်းတို့သည် ချူးဟုန်ချိုင်ကို အကဲဖြတ်မှုတွင် ပါဝင်ရန်အတွက် မြို့တော်သို့ ဖိတ်ခေါ်ခဲ့ကြသည်။ မဟာပုံစံမဲ့ဂိုဏ်းသည် လမ်းတစ်ဝက်တွင် အတင့်ရဲစွာ ကြားဖြတ်တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူသည် ချူးဟုန်ချိုင်ကို ကာကွယ်ရန်အတွက် ရာပေါင်းများစွာသော အစောင့်အကြပ်များ စေလွှတ်ခဲ့ရာ၊ ၎င်းတို့အနက် နတ်အဆင့်ကျွမ်းကျင်သူများပင် ပါဝင်ခဲ့သည်။ သို့သော် ၎င်းတို့အားလုံး သုတ်သင်ခံလိုက်ရ၍ မွေးဖွာခြင်းနယ်မြေအဆင့် အစောင့်တစ်ဦးသာ ချူးဟုန်ချိုင်နှင့်အတူ ပြန်ရောက်လာခဲ့သည်။ အရာအားလုံးသည် ရှင်းလင်းလှသည်။ တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့၍ မည်သူမျှ မလွတ်မြောက်နိုင်ခဲ့ပေ။ မဟာပုံစံမဲ့ဂိုဏ်းသည် ချူးမိသားစု၏ သားစဉ်မြေးဆက်ကို ဖြတ်တောက်ရန် ကြိုးစားနေခြင်းဖြစ်လေသလော။

"လွန်လွန်းအားကြီးတယ် ဒီမဟာပုံစံမဲ့ဂိုဏ်းက တော်တော်လွန်သွားပြီ" ချူးယောင်ဝေ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချူးမိသားစု၏ အခြားသော အထက်အရာရှိများသည်လည်း အံ့အားသင့်သွားကြသည်။ မဟာပုံစံမဲ့ဂိုဏ်းသည် ထုံးတမ်းစဉ်လာအဖွဲ့အစည်း၏ စစ်ဆေးရေးမှုတွင် ပါဝင်ရန် ထွက်ခွာသွားသော ချူးဟုန်ချိုင်ကို တိုက်ခိုက်ရဲသည်အထိ အမှန်တကယ် အတင့်ရဲခဲ့ကြသည်။ ဤသည်မှာ ကြီးမြတ်သော ဝေ့တိုင်းပြည်၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ တစ်ချိန်တည်းမှာပင် ဤအပြုအမူသည် လုံးလုံးလျားလျား ရန်ဆွသော လက္ခဏာတစ်ခုဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ကျုံးရှင်မြို့ဝန်၏ အမွေဆက်ခံသူကိုပင် တိုက်ခိုက်လာသည့်အတွက် ဤသည်မှာ သတိပေးချက်တစ်ခုမျှသာမဟုတ်ဘဲ လုံးလုံးလျားလျား ရန်ငြိုးဖွဲ့ခြင်းဖြစ်သည်။

"လွန်လွန်းအားကြီးတယ်။ ဒင်းတို့က ကျုပ်တို့မိသားစုတစ်ခုလုံးကို ဖျက်ဆီးချင်နေတာလား"

"ကျုပ်တို့ သူတို့ကို တိုက်ခိုက်မှဖြစ်မယ်"

"ကျုပ်တို့သေရရင်တောင် ဒင်းတို့ရဲ့မဟာပုံစံမဲ့ဂိုဏ်းကို လွယ်လွယ် အလျှော့ပေးလို့မဖြစ်ဘူး"

ချူးဟုန်ချိုင်၏ ဆိုးရွားသောအခြေအနေကို မြင်ပြီးနောက် ချူးမိသားစု၏ အထက်အရာရှိများ လုံးလုံးလျားလျား ဒေါသထွက်သွားကြသည်။ ချူးမိသားစုသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်ခုလုံးတွင် ဒုတိယတန်းစားအင်အားစုအဖြစ်သာ သတ်မှတ်နိုင်ကြရာ၊ ပထမတန်းစားအင်အားစုအဖြစ်ပင် သတ်မှတ်၍မရနိုင်ပေ။ သို့သော် မဟာပုံစံမဲ့ဂိုဏ်းသည် ထိပ်တန်းအဆင့် ပထမတန်းစားအင်အားစုတစ်ခုဖြစ်၍ ဧကရာဇ်ရုံးတော်ထက်ပင် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုဖြစ်သည်။

ထို့ကြောင့် မဟာပုံစံမဲ့ဂိုဏ်းသည် လက်စားချေနေကြသော်လည်း ထိုအကြောင်းအရာကို မည်သူမျှ ထုတ်ဖော်ပြောဆိုရဲခြင်းမရှိပေ။ သို့သော် ယခုအခါ ချူးဟုန်ချိုင်၏ ဆိုးရွားသောအခြေအနေသည် ၎င်းတို့အားလုံးကို လုံးလုံးလျားလျားဒေါသထွက်စေသည်။ မဟာပုံစံမဲ့ဂိုဏ်းသည် ဤသို့ ဆက်လက်ပြုမူနေပါက၊ ဤသို့သောအခြေအနေမျိုးသည် ၎င်းတို့အပေါ်၌ပင် ဖြစ်ပွားလာနိုင်သည်။ လူတိုင်း အလွန်ဒေါသထွက်နေကြသည်။

"သခင်လေးဖန်းကို မြန်မြန်သွားခေါ်ချေ" ချူးယောင်ဝေက တစ်စုံတစ်ခုကို တွေးမိပြီးနောက် အလျင်အမြန် ပြောလိုက်သည်။

"မလိုဘူး။ ကျုပ် ရောက်နေပြီ"

ချူးယောင်ဝေ့၏ စကားပြီးဆုံးသည်နှင့် ချူးယွင်ဖန်းသည် လူတိုင်း၏မြင်ကွင်းတွင် ပေါ်ပေါက်လာသည်။ သူသည် ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့သည်၊ သူ၏ခြေလှမ်းများသည် နှေးကွေးပုံရသော်လည်း အမှန်တကယ်တွင် မြန်ဆန်နေသည်။ သူသည် ခြေလှမ်းအနည်းငယ်အတွင်း ချူးဟုန်ချိုင်အရှေ့သို့ ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်၏ သွေးသံရဲရဲဖြစ်နေသော အခြေအနေကို မြင်သောအခါ ချက်ချင်း မျက်ခုံးပင့်၍ ချူးယောင်ဝေ့ကို စိုက်ကြည့်လိုက်သည်။

"ဒါ ဘယ်သူလုပ်တာလဲ"

ချူးယွင်ဖန်းသည် ချူးဟုန်ချိုင်ကို စိတ်ရင်းဖြင့် သံယောဇဉ်တွယ်မိသည့်အပြင် ချူးဟုန်ချိုင်ကို ညီငယ်တစ်ဦးကဲ့သို့လည်း ဆက်ဆံခဲ့သည်။ ချူးဟုန်ချိုင်သည် ချူးမိသားစုတွင် သူ သံယောဇဉ်ရှိနေသည့် လူအနည်းငယ်အနက် တစ်ဦးဖြစ်သည်။ ယခုအခါ ချူးဟုန်ချိုင်သည် ဤအခြေအနေထိ တိုက်ခိုက်ခံခဲ့ရကြောင်း မြင်တွေ့လိုက်ရသည်။ ချူးဟုန်ချိုင်၏ ရင်ဘတ်သည် အပေါက်ကြီးတစ်ခုရှိနေ၍ သူ၏နှလုံးတစ်ဝက်သည်လည်း ပျက်စီးနေလေသည်။ သွေးများ ပြင်းထန်စွာ စီးကျနေသည့်အတွက် ရပ်တန့်၍ပင် မရနိုင်ပေ။

ဤနေရာတွင် သာမန်လူတစ်ယောက်ဖြစ်ခဲ့ပါက၊ သေဆုံးသွားပြီဖြစ်သည်။ ပြင်းထန်သော အသက်ဓာတ်များနှင့် ခိုင်မာသော စွမ်းအင်များရှိကာ နတ်အဆင့်သို့ တက်လှမ်းလာသော ချူးဟုန်ချိုင်သာလျှင် ယခုအချိန်အထိ အသက်ရှင်နိုင်ခြင်းဖြစ်သည်။ သို့သော် သူ၏အသက်ဓာတ်သည် အံ့သြဖွယ် အမြန်နှုန်းဖြင့် လွင့်ပြယ်နေဆဲဖြစ်သည်။ သူသည် အမှန်တကယ် သေဆုံးရန် အချိန်သိပ်မကြာတော့ပေ။

ချူးယွင်ဖန်းသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် ချူးဟုန်ချိုင်၏ ခန္ဓာကိုယ်ထဲသို့ သူ၏နတ်စွမ်းအင်များကို လျင်မြန်စွာ ထိုးသွင်းပေးကာ ကုသမှုကို စတင်လိုက်သည်။ သူ၏ကုသမှုအောက်တွင် ချူးဟုန်ချိုင်၏ ယိုစီးနေသော သွေးများ ရပ်တန့်သွားခဲ့သည်။

"အစ်ကိုဖန်း..." ချူးဟုန်ချိုင်သည် မျက်လုံးများဖွင့်၍ အားအင်ချိနဲ့စွာ အော်ခေါ်လိုက်သည်။ "ကျွန်တော် သေတော့မှာလား"

"မသေပါဘူး" ချူးယွင်ဖန်က အေးစက်စွာ ပြောလိုက်သည်။

"သေဖို့မဝေးတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့် နှလုံးတစ်ခြမ်းတောင် ပျက်စီးသွားပြီဆိုတော့" ချူးဟုန်ချိုင်က ခါးသီးစွာ ပြုံးလိုက်သော်လည်း ဒဏ်ရာများ၏ နာကျင်မှုကြောင့် ရုတ်တရက် မျက်မှောင်ကြုတ်မိသွားသည်။

"မသေနိုင်ဘူးလို့ ပြောတယ်လေ၊ ဒီတော့ မင်း သေစရာ အကြောင်းမရှိဘူး" ချူးယွင်ဖန်းက ပေါ့လျော့စွာ ပြောလိုက်သည်။

ချူးယွင်ဖန်းသည် စကားပြောနေစဉ် ချူးဟုန်ချိုင်ကို ကုသပေးလိုက်သည်။ သူ၏နတ်စွမ်းအင်ကို ထိန်းချုပ်၍ ချူးဟုန်ချိုင်၏ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်များကို အဆက်မပြတ်လှုံ့ဆော်ပေးနေသည်။ ချူးဟုန်ချိုင်ကဲ့သို့ နတ်အဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် သူ၏အသက်ဓာတ်များသည် မနှိုင်းယှဉ်နိုင်သည်အထိ များပြားလျက်ရှိသည်။ သူ၏အသက်ဓာတ်များ မပြတ်တောက်သွားသရွေ့ ချူးဟုန်ချိုင်းသည် တဖြည်းဖြည်း ပြန်လည်သက်သာလာပေလိမ့်မည်။

All Chapters