← Chapters

ဝိညာဉ်မုဆိုးကို သေသည်အထိ ညှစ်သတ်ခြင်း

Vol. 87 Ch. 1302

ဝိညာဉ်မုဆိုးကို သေသည်အထိ ညှစ်သတ်ခြင်း

Vol. 87 Ch. 1302

ဝိညာဉ်မုဆိုး၏ ပြင်းထန်သော ရယ်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

"ချူးဟုန်ချိုင်ကိုသတ်ဖို့ လူတွေ စေလွှတ်ခဲ့တာ ခင်ဗျားလား" ချူးယွင်ဖန်းက ပေါ့လျော့စွာ မေးမြန်းလိုက်သည်။

"ဟုတ်တယ်။ အဲဒါ ကျုပ်ပဲ" ဝိညာဉ်မုဆိုးက ကျယ်လောင်စွာ ရယ်မောပြီးနောက် မည်သည်ကိုမျှ မဖုံးကွယ်ဘဲ ပြောလိုက်သည်။

“ကောင်းပြီ" ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အစမှအဆုံးထိ သံသယဖြစ်ဖွယ်မရှိသောကြောင့် ချူးယွင်ဖန်းသည် မီစစ်ယွမ်ကို မည်သည့်အခါမျှ သံသယမဝင်ခဲ့ပေ။ မီစစ်ယွမ်သည် လှုပ်ရှားလိုပါက၊ ခုန်းလုံမြို့ရှိ ကျုံးရှင်မြို့ဝန်၏အိမ်တော်အထက်တွင် တိုက်ရိုက် ပေါ်ပေါက်လာပေလိမ့်မည်။

မီစစ်ယွမ်၏ပစ်မှတ်သည်လည်း မိမိ သို့မဟုတ် ချူးယောင်ဝေ့သာဖြစ်ပေလိမ့်မည်။ ထိုအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးသည် ချူးဟုန်ချိုင်ကို တိုက်ခိုက်ရန်ပင် အာရုံစိုက်နေမည်မဟုတ်ပေ။ သာမန်လူများ၏အမြင်တွင် ချူးဟုန်ချိုင်သည် ထူးချွန်သူတစ်ဦးဖြစ်သော်လည်း ရွှေအမတေအဆင့်ကျွမ်းကျင်သူ၏အမြင်တွင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ပုရွက်ဆိတ်တစ်ကောင်နှင့်ဆင်တူပေသည်။ ပစ်မှတ်ထားရန်ပင် လုံးလုံးလျားလျား ထိုက်တန်မည်မဟုတ်ပေ။ မီစစ်ယွမ်သည် သူ့ကို တွန်းအားပေးရန်အတွက် ဧရာမထောင်ချောက်တစ်ခု တည်ဆောက်ထားခဲ့သည်။ သူသည် အခြားလူများကို လုံးလုံးလျားလျားပင် နှလုံးသွင်းမည်မဟုတ်ပေ။

"ဒီလိုဆိုမှတော့ ခင်ဗျားအသက်နဲ့ ပေးဆပ်ပေါ့" ချူးယွင်ဖန်းသည် ဘာသိဘာသာ ဆက်ပြောလိုက်သည်။

"ချူးယွင်ဖန်း ခင်ဗျားက ကျုပ်ကို သတ်နိုင်မယ်ထင်နေတာလား" ဝိညာဉ်မုဆိုးက ဟိန်းဟောက်လိုက်ရာ၊ သူ၏မျက်လုံးများတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်လာသည်။ ချူးယွင်ဖန်းက ထိုသို့ ဘာသိဘာသာပြုမူလေ သူသည် ပို၍မုန်းတီးမိလေဖြစ်သည်။

"ခင်ဗျားက သေကြောင်းကြံစည်နေတာပဲ" ချူးယွင်ဖန်းက လှောင်ရယ်၍ ထပ်မံရိုက်နှက်လိုက်ပြန်သည်။

ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို မြင်တွေ့နိုင်သော်လည်း မရှောင်တိမ်းနိုင်သည့်အတွက် ဝိညာဉ်မုဆိုး အလွန်ထိတ်လန့်သွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသည့်နှယ့် လှုပ်ရှားမှုပြုလုပ်ရန်ပင် ခက်ခဲလာသည်။

ဘန်း

ဝိညာဉ်မုဆိုးသည် နောက်တစ်ကြိမ် ရိုက်နှက်ခံလိုက်ရသည်။ ဤတစ်ခါတွင် သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးသွားပုံပေါ်သည်။ သူသည် ချက်ခြင်း ငေးငိုင်သွားကာ သွေးတစ်ပွက်လအန်ထုတ်လိုက်သည်။ လိုက်ပါလာသော ဧည့်သည်များသည် ဤမြင်ကွင်းကိုမြင်သောအခါ အလွန်တရာ ကြောက်လန့်သွားကြသည်။ ကြီးမြတ်သော ဝေ့တိုင်းပြည်၏တောင်းပိုင်းဒေသတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော ဝိညာဉ်မုဆိုးသည် ချူးယွင်ဖန်း ဆန္ဒရှိသမျှ ရိုက်နှက်ခြယ်လှယ်နိုင်သည့် ဂျင်တစ်ခုနှင့် ဆင်တူပေသည်။

ဝိညာဉ်မုဆိုးသည် လက်ဖဝါးချက် နှစ်ချက်ကြောင့် သွေးများဖြင့် လွှမ်းခြုံသွားလေသည်။ အတွင်းချပ်ဝတ်တန်ဆာ၏ ကာကွယ်မှုကြောင့်မဟုတ်ပါက ဝိညာဉ်မုဆိုးသည် ယခုအချိန်တွင် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လူများစွာသည် ကျောရိုးတစ်လျှောက် အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချူးယွင်ဖန်းသည် ကောလဟာလများထက်ပင် ပို၍ရက်စက်လွန်းလှသည်။

ဘိုးဘေးဝူရှန်းကို သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း ယခင်တွင် ၎င်းတို့ သိခဲ့ကြသော်လည်း မည်ကဲ့သို့ ပြုလုပ်ခဲ့သည်ကို အနည်းငယ်မျှ မသိကြပေ။ ယခုအခါ ဘိုးဘေးဝူရှန်းကို မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ကို ၎င်းတို့ မြင်တွေ့နိုင်ပြီဖြစ်သည်။ ဝိညာဉ်မုဆိုးသည် အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း ယခုအခါ ချူးယွင်ဖန်း၏ လွှမ်းမိုးချုပ်ကိုင်မှုကို ခံစားနေရသည်။

"ချူးယွင်ဖန်း၊ ခင်ဗျား ကျုပ်ကို မသတ်နိုင်ပါဘူး။ ဟားဟားဟား"

ဝိညာဉ်မုဆိုးက ရယ်မောလိုက်သည်။ သူသည် လုံးလုံးလျားလျား ရူးသွပ်သွားပုံပေါ်သည်။ ချူးယွင်ဖန်းသည် သူ၏အရိုးထဲရှိ ကြမ်းကြုတ်မှုများကို လုံးလုံးလျားလျား နှိုးဆော်ခဲ့ပုံရသည်။

"အရူး" ချူးယွင်ဖန်းသည် သူ့ကို အဝေးသို့ လွင့်ပျံသွားသည်အထိ ထပ်မံရိုက်နှက်လိုက်သည်။

ဘန်း

ဝိညာဉ်မုဆိုးသည် အရှိန်အဟုန်ပြင်းစွာ လွင့်ပျံသွားလေသည်။

ဘန်း

ဘန်း

ဘန်း

ဝိညာဉ်မုဆိုးသည် အကြိမ်ပေါင်းမည်မျှ ရိုက်နှက်ခံရသည်ကို မသိတော့ပေ။ ပါးရိုက်ခံလိုက်တိုင်း သူ၏ခန္ဓာကိုယ်ထဲရှိ အရိုးများ ပြေလျော့လာ၍ တချို့အရိုးများ ကျိုးကြေကာ တချို့သည်လည်း ပြိုလဲလာ၏။ ဝိညာဉ်လက်နက်၏ ကာကွယ်မှုဖြင့်ပင် သူသည် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူသည် ချူးယွင်ဖန်းနှင့်ယှဉ်ပြိုင်ရန်ပင် စိတ်ကူးမရှိတော့ပေ။ သူ၏ ယခင် ထင်မြင်ချက်များအားလုံး မှားယွင်းသွားခဲ့သည်။ ချူးယွင်ဖန်းသည် ရွှေအမတေအဆင့်သို့ မရောက်သေးသော်လည်း၊ သူ၏ တိုက်ခိုက်ရေးအင်အင်များသည် ရွှေအမတေအဆင့်သို့ တည်မြဲစွာ တိုးမြင့်နေသည်။

ဝိညာဉ်မုဆိုးသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ဝိညာဉ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်တိုင် ဤကဲ့သို့ အရိုက်ခံခဲ့ရသည်။ သာမန်ရွှေအမတေအဆင့် ကျွမ်းကျင်သူများပင် ထိုသို့ မပြုလုပ်နိုင်ကြပေ။ ချူးယွင်ဖန်းသည် မည်သို့လေ့ကျင့်ခဲ့ခြင်းဖြစ်သနည်း။ သူသည် မွန်းစတားတစ်ကောင်ဖြစ်လေသလော။

နောက်ဆုံးတွင် ဝိညာဉ်မုဆိုး ရပ်တန့်သွားသောအခါ သူ၏မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။ သူသည် အလွန်ဆိုးရွားသော အခြေအနေတွင်ရှိနေသည်။ အစောပိုင်းရှိ ကုန်သည်များစွာ၏ပေါင်းစည်းမှုကို ထူထောင်ရန် ကြိုးစားစဉ်က သူ၏မောက်မာမှုနှင့် ကြီးစိုးမှုများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်၌ သူ့တွင် အတွေးတစ်ခုသာရှိတော့သည်၊ ဤသည်မှာ ထွက်ပြေးရန်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည် ဝိညာဉ်မုဆိုး ထွက်ပြေးခါနီးတွင် သူ၏ဧရာမစွမ်းအင်လက်ကြီးဖြင့် သူ့ကို ဆုပ်ကိုင်ထားလိုက်သည်။

"ချူးယွင်ဖန်း၊ ကျုပ်ဆရာကို အကြောင်းကြားထားပြီးပြီ။ သူ အခု ဒီကိုရောက်လာရင် ခင်ဗျား အဆုံးသတ်သွားလိမ့်မယ်။ ခင်ဗျား ကျုပ်ကို သတ်လို့မရပါဘူး" ဝိညာဉ်မုဆိုးက ရူးသွပ်နေသည့်အမူအရာဖြင့် ပြောလာသည်။

သို့သော် ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"အရူးကောင်"

သူ၏ စွမ်းအင်လက်ကြီးရှိ ခွန်အားသည် ရုတ်ချည်းပင် တိုးမြင့်လာသည်။ ချူးယွင်ဖန်းသည် သူ၏ ချပ်ဝတ်တန်ဆာကို မချိုးဖျက်နိုင်သည့်အပြင် သူ့ကို မသတ်ဖြတ်နိုင်ဘူးဟု ဝိညာဉ်မုဆိုး ထင်မှတ်နေချိန်တွင် သူ၏ချပ်ဝတ်တန်ဆာမှ ကွဲအက်သံများ ထွက်ပေါ်လာသည်။ မည်သည့်အချိန်ကမှန်း မသိသော်လည်း သူ၏ ချပ်ဝတ်တန်ဆာသည် အက်ကြောင်းများစွာဖြင့် ဖုံးလွှမ်းနေလေသည်။ ယခုဆိုလျှင် ချူးယွင်ဖန်း၏ ပြင်းထန်သော ဆုပ်ကိုင်မှုအောက်တွင်၊ ၎င်းသည် တစ်စ တစ်စ ကွဲထွက်သွား၏။

"မဖြစ်နိုင်ဘူး ကျုပ်ရဲ့ ဝိညာဉ်လက်နက်ကို ဘယ်လိုလုပ် လက်ဗလာနဲ့ ဖျက်ဆီးနိုင်မှာလဲ" ဝိညာဉ်မုဆိုးက မယုံကြည်နိုင်ဖြစ်စွာ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူသည် ယခင်က သူ အလွယ်တကူ သတ်ဖြတ်ခဲ့သည့် လူများကဲ့သို့ ထိတ်လန့်နေကြောင်း သိရှိလိုက်ရသည်။ အမှန်တကယ်တွင် ထိုလူများသည် မသေဆုံးမီ အလွန် ကြောက်လန့်နေခဲ့ကြသည်။

"ခင်ဗျား ကျုပ်ကိုသတ်လို့မရဘူး။ ကျုပ်ကိုသတ်ရင် ကျုပ်ဆရာက ခင်ဗျားကိုဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး"

ဝိညာဉ်မုဆိုးသည် ထိုသို့ဟိန်းဟောက်လိုက်သော်လည်း အလွန် နောက်ကျသွားလေ၏။ ချူးယွင်ဖန်းသည် ဝိညာဉ်မုဆိုးကို သွေးမြူများဖြစ်သည်အထိ ရက်စက်စွာ ချေမှုန်းပြီးနောက် ၎င်းသွေးမြူများကို တောင်မြစ်ပန်းချီကားထဲသို့ ထည့်ကာ ဗြဟ္မာသစ်ပင်ပေါ် သွန်းလောင်းလိုက်သည်။ ဗြဟ္မာသစ်ပင်ပေါ်ရှိ ဗြဟ္မာသစ်သီးသည် ပို၍ပင် ရင့်မှည့်လာခဲ့သည်။

ဤအရာအားလုံးသည် မြန်ဆန်လွန်းလှသည်။ ပုံဖော်ရန် အချိန်အတော်ကြာခဲ့သော်လည်း အချိန်တိုလေးအတွင်းမှာပင် ယခင်က မောက်မာဝံ့ကြွားနေသော ဝိညာဉ်မုဆိုးသည် ချူးယွင်ဖန်း၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။ အစမှအဆုံးအထိ ချူးယွင်ဖန်းကို မည်သို့မျှ မထိခိုက်နိုင်ခဲ့ပေ။

"ကြောက်စရာကောင်းလိုက်တာ ချူးယွင်ဖန်းက ကောလဟာလတွေထက်တောင် ဆယ်ဆလောက် ပိုကြောက်စရာကောင်းတာပဲ"

"လူတစ်ယောက်ကို ဒီလိုရက်ရက်စက်စက် သတ်ပစ်တာ ကျုပ် တစ်ခါမှ မတွေ့ဖူးဘူး"

"သူ့ခန္ဓာကိုယ်ထဲက သတ်ဖြတ်ချင်စိတ်တွေကို ကျုပ် ခံစားနိုင်တယ်။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်ချင်စိတ်တွေအရ သူ လူပေါင်း သောင်းနဲ့ချီပြီး သတ်ခဲ့တာဖြစ်မယ်"

"ဒီချူးယွင်ဖန်းက ဘယ်ကနေပေါ်လာတာလဲ၊ ကျုပ် သူ့အကြောင်းကို အရင်ကမကြားဖူးပါလား"

လူများစွာသည် အလွန်ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်းသည် ဝိညာဉ်မုဆိုးကို သတ်ဖြတ်လိုက်ကြောင်း မြင်တွေ့ပြီးနောက် ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးကိုလည်း သတ်ဖြတ်လာမည်ကို စိုးရိမ်လာကြသည်။ သို့သော် ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်ချက်လှည့်ကြည့်၍ ထိုသို့သာ ပြောလာသည်။

"နောက်တစ်ခုက ခင်ဗျားတို့တွေ မီစစ်ယွမ်ဆီ စကားအမှာပါးပေးရမယ်။ ကျုပ်ကို အပြင်ထွက်လာစေချင်နေမှတော့ ကျုပ်က သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်လို့။ အခုကပြီး သုံးရက်အတွင်း ခုန်းလုံမြို့ပြင်က ထာဝရရေကန်မှာ ကျုပ် သူ့ကို စောင့်နေမယ်"

All Chapters