← Chapters

ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ပင် နောက်ခံပိတ်ကားမျှသာဖြစ်လာသည်

Vol. 87 Ch. 1304

ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ပင် နောက်ခံပိတ်ကားမျှသာဖြစ်လာသည်

Vol. 87 Ch. 1304

စစ်သားများ၏ စကားများသည် ဤအမျိုးကောင်းသားများကို ဆွံ့အသွားစေသည်။ ဤလောက၌ ခွန်အားသည် အထွဋ်အမြတ် အုပ်ချုပ်မှုသာဖြစ်၏။ ၎င်းတို့၏မိသားစုသည် ၎င်းတို့ကို အကူအညီများစွာ ပေးအပ်နိုင်သော်လည်း တကယ်တမ်း ဆုံးဖြတ်ပေးမည့်အရာသည် ၎င်းတို့၏ ကိုယ်ပိုင်ခွန်အားဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်တွင်သာရှိနေသည့်အတွက် သာမန်လူများဟုသာ ယူဆနိုင်သည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ကြီးကျယ်ခမ်းနားပုံပေါက်သော်လည်း ယခုအခါ စကားတစ်ခွန်းတည်းဖြင့် ဆွံ့အသွားကြသည်။

သို့သော်လည်း အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့သည် ခုန်းလုံမြို့တွင် ကျော်ကြားသော ပါရမီရှင်များဖြစ်ကြောင်း ၎င်းတို့သိကြသည်။ ၎င်းတို့သည် ဤမျှငယ်ရွယ်စဉ်တွင် နတ်အဆင့်သို့ ဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့၏အနာဂတ်သည် အကန့်အသတ်မဲ့ပေသည်။ ဤအခိုက်အတန့်တွင် အန်းရှို့ရှို့နှင့် စီတုမြောင်ယီတို့သည် ဝန်းရံမှုထဲသို့ ဝင်ရောက်သွားကြသည်။ မှန်ကန်စွာပြောရလျှင် ထိုနေရာတွင် လူပေါင်း ထောင်ချီ၍ ရှိနေကြသည်။

၎င်းတို့၏ မိသားစုနောက်ခံနှင့် အသိဉာဏ်ဗဟုသုတများဖြင့်ပင် အလွန်ဆွံ့အနေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများသည် နတ်အဆင့်ထက်တွင်ရှိနေသည့် လက်ရွေးစင်များဖြစ်သောကြောင့်ဖြစ်၏။ မြို့ပိုင်ရှင်သည် နတ်အဆင့်အောက် သိုင်းပညာရှင်အားလုံးကို အပြင်ဘက်တွင်သာ ထားရှိရန်နှင့် ၎င်းတို့အားလုံးကို ချဉ်းကပ်ခွင့်မပြုရန် အမိန့်ထုတ်ထားခဲ့သည်။ ထိုသို့မှမဟုတ်ပါက၊ အသေအပျောက် များပြားမည့် မတော်တဆမှုကြီး ဖြစ်လာနိုင်ပေသည်။

သို့ပင်ငြားလည်း၊ နတ်အဆင့်အထက် ကျွမ်းကျင်သူတစ်ထောင်ကျော်သည် သုံးရက်အတွင်း ရောက်ရှိလာခဲ့သည်။ ဆယ်ရက်မျှ အချိန်ပိုရရှိခဲ့ပါက၊ လာရောက်သူအရေအတွက်သည် အဆပေါင်းများစွာ များပြားလာနိုင်သည်။ သီးသန့်ကျင့်ကြံနေသော ကျွမ်းကျင်သူများပင် ဤတိုက်ပွဲကြောင့် လှုပ်ရှားလာကြသည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ရွှေအမတေအဆင့်ကြားရှိ မဏရတိုက်ပွဲသည် သာမန်လူများကြည့်ရှုနိုင်သည့်တိုက်ပွဲမျိုး မဟုတ်ပေ။ ယခုကဲ့သို့ မရဏတိုက်ပွဲမျိုးမဆိုနှင့် လူအများစုသည် ရွှေအမတေအဆင့်တစ်ဦးကို ၎င်းတို့တစ်သက်တာတွင်ပင် မြင်တွေ့နိုင်မည် မဟုတ်ပေ။

"ဘယ်လိုတောင်လဲ။ ပရိသတ်က တော်တော်များတာပဲ" အန်းရှို့ရှို့သည် လူအုပ်ကြီးကိုကြည့်၍ အံ့အားသင့်စွာ ပြောလိုက်သည်။

ဤနေရာ၌ နတ်အဆင့်ကျွမ်းကျင်သူ တစ်ထောင်၏ တချို့တစ်ဝက်မျှကိုသာ သူမ သိထားသည်။ သို့သော်လည်း ဤတချို့တစ်ဝက်သည် ခုန်းလုံမြို့တွင် နာမည်ကျော်ကြားသူများနှင့် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ တောင်ပိုင်းတစ်ခုလုံးရှိ ကျွမ်းကျင်သူများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ သူမသည် ကျန်ပုဂ္ဂိုလ်များကို သေချာ မသိသော်လည်း၊ ၎င်းတို့သည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏ နယ်အရပ်ရပ်ရှိ ထင်ရှားကျော်ကြားသော ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများဖြစ်ကြောင်း စိတ်ကူးရန်မခက်ခဲလှပေ။

စီတုမြောင်ယီသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများတွင် ရှုပ်ထွေးသော ခံစားချက်များနှင့် ပြည့်နှက်လာသည်။ သူမ၏မျက်လုံးများအနက် ပျော်ရွှင်တချို့၊ စိုးရိမ်မှုတချို့နှင့် ဝမ်းနည်းမှုတချို့ရှိနေသည်။ ဤသည်မှာ သူမ ချူးယွင်ဖန်းကို ပထမဆုံးတွေ့ဆုံချိန်ကနှင့် လုံးလုံးလျားလျား မတူညီပေ။ ထိုအချိန်တွင် သူသည် တည်ငြိမ်ပုံရသော်လည်း သူမ၏မျက်လုံးထဲတွင် ၎င်းတို့သည် တူညီသောကမ္ဘာမှ လူများဖြစ်ကြသည်။ သို့သော် ချူးယွင်ဖန်းသည် ယခု မြင့်မားသော ကောင်းကင်ယံရှိ နတ်နဂါးတစ်ကောင်နှင့် ဆင်တူနေသည်။ နတ်အဆင့်ကျွမ်းကျင်သူများပင် သူ၏နောက်ကျောကိုသာ မျှော်ကြည့်နိုင်ကြသည်။

"နင် သူ့အကြောင်းတွေးနေတာလား" အန်းရှို့ရှို့သည် စီတုမြောင်ယီကို ကြည့်၍ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ အန်းရှို့ရှို့သည် သူမ သူငယ်ချင်းကောင်း၏ အတွေးများကို မည်သို့မျှ နားမလည်ဘဲနေမည်နည်း။

စီတုမြောင်ယီသည် ချူးယွင်ဖန်းနှင့် ကြင်ဖက်တွေ့ရန် တွန်းအားပေးခံခဲ့ရသည်။ ထိုအချိန်တွင် သူမသည် ဤနေ့သို့ ရောက်ရှိလာမည်ဟု ထင်မှတ်ခဲ့မည် မဟုတ်ပေ။ သို့သော် ၎င်းတို့နှစ်ဦးကြားက အဆင့်ကွာခြားမှုသည် အလွန်ကြီးမားသောကြောင့် ချူးယွင်ဖန်းသည် စီတုမြောင်ယီနှင့် လိုက်ဖက်ညီမည်ဟု အမှန်တကယ် မထင်မှတ်ခဲ့ပေ။ သို့သော် ယခုအခါအခြေအနေများ ပြောင်းပြန်ဖြစ်သွားလေသည်။ ချူးယွင်ဖန်းနှင့် မထိုက်တန်သူသည် စီတုမြောင်ယီဖြစ်လာသည်။

ကောင်းကင်ဘုံရှိ နတ်နဂါးတစ်ကောင်သည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်အတွက် မည်သို့ကြောင့် ရပ်တန့်ပေးမည်နည်း။ အန်းရှို့ရှို့သည် ချူးယွင်ဖန်းထံမှ အချိန်အတော်ကြာ လမ်းညွှန်မှုများရရှိခဲ့သောကြောင့် သူမသည် ချူးယွင်ဖန်းနှင့်ပတ်သက်၍ ပိုသိထားသည်။ ချူးယွင်ဖန်းသည် မည်သို့သောလူမျိုးဖြစ်သနည်း။ ဤသည်မှာ သာမန်လူများ စိတ်ကူးယဉ်နိုင်သည့်အရာ မဟုတ်ပေ။ သူ၏ခြေလှမ်းများသည် ကြီးမြတ်သော ဝေ့တိုင်းပြည်ကဲ့သို့သော နေရာငယ်လေးအတွင်း ကန့်သတ်နေမည် မဟုတ်ပေ။

ထိုသို့သောလူသည် တာအိုပညာကို လေ့လာဆည်းပူးရန် မွေးဖွားလာသောကြောင့် အိမ်ထောင်ဖက်ကောင်းတစ်ဦး မဟုတ်ပေ။ စီတုမြောင်ယီက သူမ၏ အောက်နှုတ်ခမ်းကို ဖိကိုက်၍ ဝမ်းနည်းသော အမူအရာဖြင့် ပြောလာသည်။

"ဘယ်လောက်မှတောင် ကြာသေးတာမဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ဒီလိုဖြစ်လာရတာလဲ"

စီတုမြောင်ယီသည်လည်း နားမလည်နိုင်ပေ။ လအနည်းငယ်သာ ကြာမြင့်ခဲ့သော်လည်း ချူးယွင်ဖန်းသည် အလွန်ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်မှ ရွှေအမတေအဆင့်အထိ ရောက်ရှိသွားခဲ့ရာ၊ ခုန်ပျံကျော်လွှားလုနီးပါးပင်ဖြစ်လေသည်။ ၎င်းတို့သည် သူ၏နောက်ကျောကို မော့မကြည့်နိုင်သည့်အခြေအနေအထိ ရောက်ရှိလာသည်။

သို့သော် စီတုမြောင်ယီသည် သူမ၏ အတွေးများကို လျင်မြန်စွာ ထိန်းချုပ်၍ အရှေ့သို့ လှမ်းကြည့်လိုက်သည်။ ရေကန်၏ နံဘေးတွင် လူအများအပြားသိပ်မရှိခဲ့ရာ၊ နတ်အဆင့်ကျွမ်းကျင်သူများပင် အနီးအနားသို့ မကပ်ဝံ့ကြပေ။ ထိုနေရာတွင် လူဒါဇင်ကျော်မျှသာ ရပ်တန့်နေကြသည်။ ခြွင်းချက်မရှိစွာဖြင့် ဤလူများအားလုံးသည် နက်ရှိုင်းသော ကျင့်ကြံမှုရှိသူများဖြစ်၏။ နတ်အဆင့်ကျွမ်းကျင်သူများစွာအနက်ပင် ထူးခြားသော ဖြစ်တည်မှုများဖြစ်ပေသည်။

'ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူတွေ'

စီတုမြောင်ယီသည် လူတစ်စုကြားတွင် အကျွမ်းတဝင်ရှိနေသော မျက်နှာအသွင်အပြင်ကို မြင်တွေ့လိုက်ရသောကြောင့် အလျင်အမြန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဤသည်မှာ ခွန်းလုံမြို့ပိုင်ရှင်ဖြစ်သည်။ မြို့ပိုင်ရှင်သည် ယခင်အချိန်က မည်သည့်နေရာသို့ သွားရောက်ပါစေ၊ လူတိုင်း၏ အမြင်တွင် ဇာတ်လိုက်တစ်ဦးအဖြစ် အမြဲရပ်တည်ခဲ့သည်။ သို့သော် သူသည် ဤဒါဇင်မျှသောလူများကြားတွင် တိမ်မြုပ်နေခဲ့သည်။ သူသည် အလွန်ထူးချွန်သူမဟုတ်ခဲ့ပေ။

အားနည်းလာသောကြောင့် မဟုတ်ဘဲ ဤလူများ၏ ကျင့်ကြံမှုအဆင့်သည် သူ့အောက် မနိမ့်ကျသောကြောင့်ဖြစ်သည်။ တကယ်တမ်းတွက် ၎င်းတို့သည် သူ့ထက်ပင် များစွာသန်မာကြသည်။ အန်းရှို့ရှို့သည် ဤလူများကြား၌ ကျုံးရှင်မြို့ဝန်အိမ်တော် တိုက်ပွဲတွင် တိုက်ခိုက်ခဲ့ကြသော ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် ကျွမ်းကျင်သူများကို မြင်တွေ့လိုက်ရသည်။ ဤသည်မှာ ကျန်းလင်၊ ယွီရွှမ်ဖေး၊ သခင်မရွှေ့ကျီနှင့် ဖုဝမ်ထိုက်တို့ဖြစ်ကြသည်။ ၎င်းတို့အနက် တစ်ဦးတစ်ယောက်ချင်းစီသည် ခုန်းလုံမြို့တွင် ရုန်းရင်းဆန်ခတ်ကိစ္စများ ဖြစ်ပျက်သွားစေနိုင်သည်။

ယခုမူကား ထိုပုဂ္ဂိုလ်လေးဦးသည် ဤနေရာသို့ တိတ်တဆိတ် ရောက်ရှိလာသည်။ ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာကာ လူအုပ်စုထဲတွင် ဘေးချင်းယှဉ် ရပ်တန့်လိုက်သည်။

"အဲ့ဒါဘယ်သူလဲ၊ သူ့ကျင့်ကြံမှုက ကြောက်စရာပါလား"

"ကျုပ် သူ့ကို အရင်က တွေ့ဖူးတယ်လို့ ထင်တယ်။ ဘုရားရေ၊ အဲဒါ လျှို့ဝှက်ဌာနရဲ့ ညွှန်ကြားရေးမှူး မဟုတ်လား"

"ဟုတ်တယ်၊ သူပဲ။ အရမ်းအင်အားကြီးမားတဲ့ အရိပ်ဘုရင်။ ဒီတိုက်ပွဲက သူ့ကိုတောင် ဆွဲဆောင်စေခဲ့တာပဲ"

အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ အနက်ရောင်ဝတ်ရုံနှင့် အဖိုးအိုသည် လျှို့ဝှက်ဌာန၏ညွှန်ကြားရေးမှူးမှလွဲ၍ အခြားလူမဟုတ်ပေ။ ညွှန်ကြားရေးမှူးကို တွေ့သောအခါ၊ အခြားသော ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် ကျွမ်းကျင်သူအများစု၏ မျက်နှာပေါ်တွင် ရွံရှာနေသည့်အမူအရာမျိုး ပြသလာကြသည်။ လျှို့ဝှက်ဌာနသည် ဧကရာဇ်တရားရုံးတော်၏ လက်ပါးစေဖြစ်ကြောင်း လူတိုင်းသိကြ၍ ညွှန်ကြားရေးမှူးသည် ခွေးများ၏ ခေါင်းဆောင်ဖြစ်သည်။ သို့သော် ညွှန်ကြားရေးမှူးသည် အနည်းငယ်မျှ ဂရုစိုက်ပုံမပေါ်ပေ။ သူသည် ဤလူများကို လုံးလုံးလျားလျား စိတ်မ၀င်စားခဲ့ပေ။

“ဒီတိုက်ပွဲက ခင်ဗျားကိုပါ ဆွဲဆောင်လာမယ်လို့ ကျုပ် မမျှော်လင့်ထားဘူး” အဘိုးအိုတစ်ဦးက ဖြည်းညှင်းစွာ ပြောလိုက်သည်။

ဤသည်မှာ အသက်ခုနစ်ဆယ် ရှစ်ဆယ်အရွယ်ရှိ အဘိုးအိုတစ်ဦးဖြစ်သည်။ သူသည် ရင်ဘတ်တွင် “ဝေ့” ဟူသော စကားလုံးဖြင့် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားသည်။ ဤသည်မှာ တော်ဝင်မိသားစု၏ သင်္ကေတဖြစ်သည်ကို လူတိုင်းသိကြသည်။

“ဒီတိုက်ပွဲက နှစ်တစ်ရာအတွင်း ကြုံတောင့်ကြုံခဲတိုက်ပွဲတစ်ခုလေ” ညွှန်ကြားရေးမှူးက အဘိုးအိုကို တစ်ချက်လှည့်ကြည့်၍ ပြောလိုက်သည်။

သို့သော် ၎င်းတို့ စကားဆက်မပြောမီ အခြားလူတစ်ဦးရောက်ရှိလာသောကြောင့် ပွက်လောရိုက်သွားလေသည်။ မောက်မာဝံ့ကြွားသော ဤခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများပင် လေးနက်သော အမူအရာမျို ဆင်မြန်းလာကြသည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ သာမန်ကာလျှံကာ မပြုမူဝံ့တော့ပေ။

"အဲဒါက အကြီးအကဲကူပဲ။ သူပါ ရောက်လာမယ်လို့ တကယ် မထင်ထားဘူး"

"ကျုပ် သူ့ကို မတွေ့တာတောင် နှစ်တော်တော်ကြာခဲ့ပြီ"

"ဒီတိုက်ပွဲက တကယ် အံ့သြစရာကောင်းတာပဲ"

All Chapters