← Chapters

နတ်ဘုရားတောင် မင်းကို မကယ်တင်နိုင်ဘူး

Vol. 87 Ch. 1305

နတ်ဘုရားတောင် မင်းကို မကယ်တင်နိုင်ဘူး

Vol. 87 Ch. 1305

ဤခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူအားလုံး ထိတ်လန့်သွားကြသည်။ ဤသည်မှာ ရှားပါးသော တိုက်ပွဲတစ်ခုဖြစ်သည့်အတွက် ၎င်းတို့အားလုံး ပေါ်ပေါက်လာခြင်းက ထုံးစံသာဖြစ်သည်။ သို့သော် ယခုအခါ တစ်ချိန်က ကမ္ဘာကြီးကို လွှမ်းမိုးခဲ့သည့် ရွှေအမတေအဆင့်ကျွမ်းကျင်သူ အကြီးအကဲကူပင် ပေါ်ပေါက်လာခဲ့သည်။ ဤသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ရွှေအမတေအဆင့်ကျွမ်းကျင်သူပင် ဤတိုက်ပွဲကို အာရုံစိုက်နေသည်ဟု ဆိုလိုခြင်းဖြစ်၏။

ပေါ်တင်ရောက်ရှိလာသူသည် အကြီးအကဲကူတစ်ဦးတည်းသာဖြစ်သော်လည်း၊ တိတ်တဆိတ် အာရုံစိုက်နေသည့် အခြားသော ရွှေအမတေအဆင့်ကျွမ်းကျင်သူများ တစ်ဦး နှစ်ဦးထက်မက ရှိနေသေးသည်။ ထိုသို့တွေးမိသောအခါ ဤခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့် ကျွမ်းကျင်သူများပင် စိတ်မသက်မသာဖြစ်လာကြသည်။ ၎င်းတို့သည် သာမန်လူများအရှေ့တွင် မြင့်မားသော ဖြစ်တည်မှုများဖြစ်ကြသည်။ သို့သော် ရွှေအမတေအဆင့်ကျွမ်းကျင်သူများကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏ မာန်မာနသည် မပြောပါ့လောက်ပေ။

"အကြီးအကဲကူ"

ဤခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများသည် အကြီးအကဲကူကို နှုတ်ဆက်လိုက်သည်။ အကြီးအကဲကူသည် ၎င်းတို့ထက် များစွာသန်မာရုံသာမကဘဲ ၎င်းတို့ထက်လည်း အသက်ကြီးပေသည်။ အကြီးအကဲကူသည် ၎င်းတို့ကို ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူသည် ၎င်းတို့ကို မည်သည့်စကားမျှ မပြောခဲ့ပေ။ သူသည် ကျုံးရှင်မြို့ဝန်မိသားစုဝင်များနှင့် ချူးယောင်ဝေ့တို့ထံသာ တည့်တည့် လျှောက်လှမ်းသွားခဲ့သည်။

"အကြီးအကဲကူ၊ ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ" ချူးယောင်ဝေ့သည် အကြီးအကဲကူကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"မင်းတို့တွေ မကြာသေးခင်ကမှ ပြဿနာကြီးတွေ ရှာထားကြတာ။ ဝေ့တိုင်းပြည်တစ်ခုလုံးက ဒါကို သိနေတာ ကျုပ်က ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ တိုက်တိုက်ဆိုင်ဆိုင် ကျုပ်လည်း လက်ယာဘုရင်ကိစ္စနဲ့ ဒီအနားမှာ လုပ်စရာရှိနေတာကြောင့် လာကြည့်တာ" အကြီးအကဲကူက သာမန်ကာလျှံကာ ရှင်းပြလိုက်သည်။

အချိန်အတော်ကြာ မျက်နှာထွက်မပြခဲ့သော အကြီးအကဲကူသည် မည်သို့ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်ကို လူအများအပြား နားလည်လာကြသည်။

"ချူးယွင်ဖန်းက ဘယ်မှာလဲ" အကြီးအကဲကူက မေးလိုက်သည်။

"သူ ရောက်လာသေးပါဘူး၊ ကျုပ်တို့လည်း သူ့ကို စောင့်နေကြတာပါ" ချူးယောင်ဝေ့သည် ခေါင်းခါ၍ ခါးသီးစွာ ပြုံးလိုက်သည်။

အကြီးအကဲကူသည် ခေါင်းညိတ်ပြပြီးနော် ထပ်မမေးတော့ပေ။ သူသည် ဘေးတွင် တိတ်တဆိတ် ရပ်တန့်ကာ လူတိုင်းကို လျစ်လျူရှုထားသော် ကြီးမားသော ဖိအားများ ပေးစွမ်းနေဆဲဖြစ်သည်။ ထာဝရရေကန်တွင် လူတိုင်း တိတ်ဆိတ်နေကြရာ၊ မည်သူမျှ စကားမပြောဝံ့ကြပေ။ ရုတ်တရက်ဆိုသလိုပင် လူအုပ်ထဲမှ လူတစ်ယောက် ထွက်ပေါ်လာ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။ လူအုပ်ကြီးသည် သူ၏ဖြစ်တည်မှုကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

"ဒါက ချူးယွင်ဖန်းပဲ"

"ချူးယွင်ဖန်းလာပြီလား"

လူအများအပြားက လှည့်ကြည့်လိုက်ကြသည်။ အမှန်တကယ်ပင်၊ အနက်ရောင် ဝတ်စုံ၀တ်ဆင်ထား၍ သွယ်လျသော ခန္ဓာကိုယ်အရွယ်အစားရှိသည့် အသက်နှစ်ဆယ်ဝန်းကျင်ရှိ လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။

'ချူးယွင်ဖန်းပဲ'

သူ့ကို မြင်သောအခါ အကြီးအကဲကူက အလျက်အမြန် ချဉ်းကပ်လာ၍ ပြောလိုက်သည်။

"ချူးယွင်ဖန်း၊ ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်း ဒီလိုကြီးမားတဲ့ကိစ္စတွေ လုပ်ခဲ့မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး။ မင်း မီစစ်ယွမ်နဲ့ တိုက်ခိုက်တော့မယ်ဆိုတဲ့အကြောင်း ကျုပ်တောင် ကြားခဲ့ရတယ်"

ချူးယွင်ဖန်းက အကြီးအကဲကူကို လှည့်ကြည့်၍ ပြောလိုက်သည်။

"မီစစ်ယွမ်က လွန်သည်ထက် လွန်သွားပြီ။ အကြောင်းပြချက်ကို လူတိုင်းသိမယ်ထင်ပါတယ်၊ ကျွန်တော် တခြားဘာရှည်ရှည်ဝေးဝေးမှ မပြောချင်တော့ဘူး။ သူက သေချင်နေမှတော့ ကျုပ်ကလည်း ခွင့်ပြုပေးရတာပေါ့"

ချူးယွင်ဖန်း၏ စကားလုံးများသည် လူတိုင်းကို ပင့်သက်ရှိုက်မိသွားစေသည်။ သူသည် အင်အားကြီးမားသော မီစစ်ယွမ်ကိုပင် လုံးလုံးလျားလျား ဂရုမစိုက်သည့်အပြင် သတ်ဖြတ်မည်ဟုပင် ကြေငြာခဲ့သည်။ မီစစ်ယွမ်က မည်သို့သောလူမျိုးဖြစ်သနည်း။ သူသည် ကြီးမြတ်သော ဝေ့တိုင်းပြည်၏တောင်းပိုင်းဒေသရှိ ဧရာမအင်အားစုမျိုးဖြစ်သော်လည်း မီစစ်ယွမ်သည် ချူးယွင်ဖန်း၏အမြင်တွင် ဤနေရာသို့ သေဆုံးရန် ရောက်ရှိလာသော ဖြစ်တည်မှုမျိုးဖြစ်နေ၏။

"မင်းမှာ ယုံကြည်ချက်ရှိလား" အကြီးအကဲကူသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေသည်။ "သူက ဘိုးဘေးဝူရှန်းလိုမျိုး ရွှေအမတေအဆင့်ကို အခုမှ ရောက်လာတဲ့ ကျွမ်းကျင်သူအသစ် မဟုတ်ဘူးဆိုတာ မင်း သိထားရမယ်နော်။ ကျုပ်တောင် သူနဲ့ မယှဉ်နိုင်ဘူး"

အကြီးအကဲကူက ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူသည် မီစစ်ယွမ်နှင့် ပြိုင်ဘက် မဖြစ်နိုင်သည့်အကြောင်းကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ အမှန်တကယ်တွင် လူတိုင်း သိထားသည့်အတွက် ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။

"ကိစ္စမရှိပါဘူး။ ကျွန်တော်မှာ ယုံကြည်ချက်ရှိပါတယ်" ချူးယွင်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုသို့ကြားသောအခါ အကြီးအကဲကူသည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူနှင့် ချူးယွင်ဖန်းသည် ဟန်ဆောင်ဆက်ဆံရာ၌ မတတ်ကျွမ်းကြပေ။ အခြားလူများနှင့် ဆက်ဆံရာတွင် နက်ရှိုင်းစွာ ရောထွေဆက်ဆံခြင်းသည် မပြုလုပ်ရန် တားမြစ်ထားသော အကြောင်းအရာဖြစ်လေသည်။

ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ရောင်ဝါတစ်ခုသည် ကန်တစ်ခုလုံးနှင့် အနီးအနားပတ်ဝန်းကျင်ကိုပင် ရုတ်တရက် လွှမ်းခြုံသွားခဲ့သည်။ ငြိမ်သက်နေသော ရေကန်တွင်လည်း ကျယ်လောင်သော အသံနှင့်အတူ လှိုင်းလုံးကြီးများ ရုတ်တရက် နိုးထလာသည်။ အနီးနားရှိ ငါးဖမ်းလှေများသည် လှိုင်းလုံးကြီးများ၏အောက်တွင် ယိမ်းထိုးနစ်မြုပ်လုနီးပါးဖြစ်နေကြသည်။

တစ်ချိန်တည်းမှာပင် ကန့်သတ်စည်းမျဥ်းအပြင်ဘက်တွင် တိုက်ပွဲကို စောင့်ကြည့်ရန် တစ်ကမ္ဘာလုံးမှ ရောက်လာသော သာမန်လူများ၏ မျက်နှာများ ဖျော့တော့သွားလေ၏။ အဘယ်ကြောင့် ဝင်ခွင့်မပြုရသနည်းဟု ဟစ်အော်နေကြသော အမျိုးကောင်းသားများ၏ မျက်နှာများသည်လည်း ယခုအခါ ဖြူဖျော့သွားကြသည်။ ၎င်းတို့သည် ထုတ်လွှတ်လာသော ဖိအားဖြင့်ပင် ထိုက်တောင်ကဲ့သို့ ဖိနှိပ်မှုကို ခံစားလိုက်ရသည်။ အကယ်၍ ၎င်းတို့သာ ယခုထက် ပို၍နီးကပ်နေပါက၊ ဤကြောက်မက်ဖွယ် ဖိအားကြောင့် ၎င်းတို့၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကြေမွသွားပေလိမ့်မည်။

"ဒါက ရွှေအမတေအဆင့်ကျွမ်းကျင်သူလား"

"အရမ်းကြောက်စရာကောင်းတာပဲ၊ ကျုပ် ဖိအားမတွေကိုတောင် မခံနိုင်ဘူး"

"ဒါလုံးလုံးလျားလျား ခြားနားတဲ့ အဆင့်မျိုးပဲ"

လူအများ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များ ပေါ်ပေါက်လာသည်။ ၎င်းတို့ကိုယ်တိုင် မျက်စိဖြင့် မမြင်ခဲ့ပါက၊ ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တစ်လျှောက်တွင် မည်သို့ ကသောင်းကနင်းပြုလုပ်နိုင်မည်ကို ၎င်းတို့အားလုံး နားလည်ကြမည် မဟုတ်ပေ။

ဘုံး

ပြီးနောက် ပုံရိပ်တစ်ခုသည် ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံကို ဖျက်ဆီး၍ အလင်းတန်းတစ်ခုကို စီးနင်းပေါ်ပေါက်လာသည်။

"ချူးယွင်ဖန်း၊ ကျုပ် မင်းကို လာသတ်တာ"

သူ၏ဟိန်းဟောက်သံသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ချက်ခြင်းဆိုသလိုပင် လူတိုင်းအရှေ့တွင် ထွားကျိုင်းသော အဘိုးအိုတစ်ဦး ပေါ်ပေါက်လာ၍ ထာဝရရေကန်ပေါ်တွင် ပျံသန်းနေကြောင်း မြင်တွေ့လိုက်ရသည်။ နတ်အဆင့်ကျွမ်းကျင်သူများသည်လည်း ၎င်းတို့အပေါ်ကျရောက်လာသည့် ထိုက်တောင်ကဲ့သို့သော ဖိအားများကို ခံစားလိုက်ရသောကြောင့် မတ်တပ်ပင် မရပ်နိုင်ကြပေ။ ၎င်းတို့သည် ထာဝရရေကန်မှ မီတာတစ်ရာကျော်အထိ ဆုတ်ခွာခဲ့ရသည်။ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကျွမ်းကျင်သူများသာ မြဲမြံစွာ ထိန်းချုပ်ထားနိုင်၍ ဖိအား၏ဒဏ်ဖြင့် မသက်ရောက်ခဲ့ကြပေ။ ၎င်းတို့သည်သာ ထာဝရရေကန်ဘေးတွင် မျက်လွှာမခတ်ဘဲ ရပ်တည်နိုင်သည့် ပုဂ္ဂိုလ်များဖြစ်ကြသည်။

"ရွှေအမတေအဆင့်က တော်တော်ကြောက်စရာကောင်းတာပဲ"

စီတုမြောင်ယီသည် ချူးယွင်ဖန်းကို စိုးရိမ်တကြီးကြည့်လိုက်သည်။ မီစစ်ယွမ်၏ ဂုဏ်သတင်းသည် ကြီးမားလွန်းလှသည်။ သူသည် ကြီးမြတ်သော ဝေ့တိုင်းပြည်တောင်းပိုင်းဒေသရှိ ဧရာမ အင်အားစုကြီးဖြစ်သည်။ ဤသည်မှာ မည်သူမျှ မယှဉ်ပြိုင်နိုင်သည့် ကြောက်မက်ဖွယ် ဖြစ်တည်မှုဖြစ်သည်။ မည်သို့ပင်ကြည့်စေကာမူ၊ ချူးယွင်ဖန်းသည် မီစစ်ယွမ်နှင့် ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ခင်ဗျားကသာ ဒီကို သေဖို့ရောက်လာတာ" ချူးယွင်ဖန်းသည် လူတိုင်း၏အကြည့်အောက်တွင် ဘာသိဘာသာ ပြောလိုက်သည်။

"ချူးယွင်ဖန်း မင်းကများ အတင့်ရဲလို့၊ ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စလေးလောက်နဲ့ ကျုပ်ရှေ့တွင် ကြိမ်းဝါးနေရအောင် မင်းက ဘာလဲ။ ကျုပ်တပည့်ကို သတ်လိုက်မှတော့ ဒီနေ့ မင်းကို သွေးကြွေး ပေးဆပ်ခိုင်းမယ်" မီစစ်ယွမ်က ပြောလိုက်သည်။

"မီစစ်ယွမ်၊ ခင်ဗျား အပိုတွေပြောမနေနဲ့။ ခင်ဗျား ကျုပ်ဘက်က စလှုပ်ရှားအောင် နည်းလမ်းတွေအများကြီး သုံးခဲ့တာမဟုတ်ဘူးလား။ အနာဂတ်မှာ ကျုပ် ခွန်အားကြီးမားလာတဲ့အခါ ကျုပ်နဲ့ မယှဉ်နိုင်မှာကို ကြောက်နေတာမဟုတ်လား။ ဒါပေမယ့် အခုအချိန် ကျုပ်က ခင်ဗျားနဲ့ မယှဉ်နိုင်ဘူးလို့ ထင်နေတာလေ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

"ဒါဆိုရင် အချိန်ဖြုန်းနေလို့ ဘာထူးမှာလဲ၊ ဒီနေ့ ကျုပ် ဒီကိုလာရတဲ့ ပန်းတိုင်က တစ်ခုပဲရှိတယ်၊ အဲဒါက မင်းကို သတ်ဖို့ပဲ၊ အခုအချိန် နတ်ဘုရားတစ်ပါး ဆင်းလာရင်တောင် မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး"

All Chapters