အခွင့်အရေး
Vol. 6 Ch. 90
ကြောင်သည် သူမရွေးပေးသည့် နာမည်များအား သဘောကျခြင်း ရှိ၊ မရှိ မသိနိုင်ပေ။ ထို့ကြောင့် အင်စလေသည် နာမည်အချို့အား ရွေးထုတ်ကာ ယင်းအား တိုက်ရိုက်မေးရန် ဆုံးဖြတ်လိုက်သည်။ ကြောင်သည် လူသား ဘာသာစကားအား နားလည်လောက်သည်။ ယင်းမှာ ဉာဏ်ရည်မြင့်မျိုးစိတ် ဖြစ်သည်။
အင်စလေ ဖင်းလီနှင့် စကားပြောနေစဉ်တွင် ပင်မစံအိမ် အနီးရှိ နွေးထွေးကာ ဇိမ်ကျသော အခန်းတစ်ခုအတွင်း၌ လျှို့ဝှက်ဆွေးနွေးမှု ပြုနေသော လူအချို့ရှိသည်။
ပင်မစံအိမ်အား ပတ်လည်ဝန်းရံနေသော စံအိမ်တိုင်း၏ ခေါင်းဆေိာင်ပိုင်းအချို့သည် အချင်းချင်း လျှို့ဝှက်ဆွေးနွေးမှု ပြုနေကြလေသည်။
သတင်းမှာ လျှင်မြန်စွာ ပျံ့နှံ့သွားသည်။ ပင်မမိသားစုတွင် မြင့်မြတ် အစောင့်အရှောက် ပေါ်ထွက်လာသည် ဟူသော သတင်းသည် တောမီးသဖွယ် ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ထိုမိသားစုခွဲများ ဂနာမငြိမ်ဖြစ်ကာ ဆွေးနွေးမှုများ ပြုလုပ်နေကြခြင်းမှာ အံ့ဩဖွယ် မဟုတ်ချေ။
အမိုးပေါ်ရှိ မီးဆိုင်းမှာ တောက်ပစွာ လင်းထင်းနေသဖြင့် အခန်းငယ်အတွင်းရှိ သစ်သားစားပွဲဝိုင်းအား ကောင်းစွာမြင်နိုင်သည်။ ထိုအခန်းသည် အင်စလေ ယခင်က သွားရောက်ဖူးသော အခန်းနှင့် အတော်လေး ဆင်တူသည်။ သို့သော် သူမ ရောက်ခဲ့ဖူးသည့် အခန်းလောက် ခမ်းနားကြီးကျယ်ခြင်း မရှိဘဲ သစ်သားပရိဘောဂ အနည်းငယ်သာရှိသည်။
ထိုအခန်းသည် တရားဝင် အစည်းအဝေးခန်းထက် လျှို့ဝှက်အခြေစိုက်စခန်း တစ်ခုနှင့်ပင် တူလေသည်။
“ကျုပ်ကြားတာတော့ ပင်မမိသားစုက ကုတ် - စီ ကို ရလာခဲ့တယ်ဆို..”
အသက် ၂၀ ဝန်းကျင်ခန့်ရှိမည့် လူငယ်တစ်ဦးသည် ရုတ်တရက် ကလေးဆန်ဆန် အသံအား မြှင့်ပြောလိုက်သည်။
ထိုသူသည် မေးမော့ကာ အခန်းငယ်အတွင်းရှိ လူများအား ကြည့်လိုက်သည်။ ထိုသူအားလုံးသည် အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားကြသောကြောင့် ကြည့်ကောင်းနေကြသည်။
“ဟုတ်တယ်.. အချိန်တွေတောင် ကြာခဲ့ပြီ.. ကုတ် - စီ ကို နောက်ဆုံး တွေ့ခဲ့ရတာ ၁၀ နှစ် ကျော်လောက်တောင် ရှိပြီ..”
နောက်တစ်ဦးမှ ပြန်ဖြေသည်။
အနီးကပ် ကြည့်မည်ဆိုလျှင် ထိုသူနှစ်ဦးအနက် တစ်ဦးမှာ သူမ မိသားစုခေါင်းဆောင် ဖြစ်လာသည့်နေ့၌ တွေ့ဆုံခဲ့ရသော လူများထဲမှ ဖြစ်လေသည်။ ကျန်လူများသည်လည်း အင်စလေ ယခင်တက်ရောက်ဖူးသော အစည်းအဝေးများမှ လူများ ဖြစ်ကြသည်။
“အင်း.. ဒါဆို အဲဒီသားရဲကို သိမ်းသွင်းခဲ့တာ ဘယ်သူလဲ..”
ဩရှရှ ခပ်နိမ့်နိမ့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်သည် မျက်နှာအား ကန့်လန့်ကာနောက်တွင် ဖုံးထားပြီး ထူးခြားဆန်းကြယ်ပုံရသည်။ ထိုသူ၏ မျက်နှာကို မမြင်ရသည့်တိုင်အောင် အသံသက်သက်ကပင် အခြားသူများအား စိတ်မသက်မသာ ဖြစ်စေသည်။
“ကျုပ်.. ကျုပ် မသိဘူး.. ဒါပေမဲ့ မဟာအကြီးအကဲနဲ့ မိသားစုခေါင်းဆောင်ရဲ့ အုပ်ထိန်းသူဘေးမှာ အဲဒီ သားရဲကို တွေ့ခဲ့ရတာ..”
လူငယ်သည် အနည်းငယ် တုံ့ဆိုင်းစွာဖြင့် ပြန်ဖြေသည်။ မျက်နှာဝှက်ထားသော သတ်လက်ပိုင်းအရွယ် လူကြီးသည် ခြိမ်းခြောက်ဟန် ရှိလေသည်။
“ဒါဆို.. အဲဒီ မိန်းမပဲ ဖြစ်ရမယ်.. အုပ်ထိန်းသူ.. အဲဒီမိန်းက သားရဲကို ခေါ်ထုတ်လာတာ ဖြစ်နိုင်တယ်..”
ထူးခြားသောလူမှ ပြောသည်။
ထိုသူ၏ လက်ဖမိုးတွင် ဒိုဘာမင် တက်တူးတစ်ခု ရှိနေပြီး လက်ချောင်းထိပ်ဖြင့် သစ်သားစားပွဲအား ခေါက်နေသံမှာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်စေသည်။
“ဖြစ်နိုင်ပါတယ် ဘောစ့်.. သူတို့က ကလေးကို ကာကွယ်ဖို့ မြင့်မြတ်သားရဲကို သုံးချင်တာ ဖြစ်နိုင်တယ်.. ဒါမှမဟုတ် တခြားအကြောင်းအရင်း ရှိရမယ်.. ဘာပဲဖြစ်ဖြစ် ဒါက အခွင့်အရေးပဲ မဟုတ်လား..”
ဤတစ်ကြိမ် အသံထွက်လာသူမှာ အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ အသံမှာ အနည်းငယ် ချွဲနွဲ့ပုံရသည်။ ညုတုတု အသံစီစီသည် လူတိုင်း၏ နှလုံးသားအား ကုတ်ခြစ်လိုက်သလိုပင်။
“ဟုတ်တယ်.. အစောင့်အရှောက်က ကြောင်သဏ္ဌာန်နဲ့ ရှိနေတုန်းပဲ.. သားရဲ မဟုတ်သေးဘူး.. ကျုပ်တို့သာ သူ့ရဲ့ သွေးမျိုးဆက်ကို နိုးထစေနိုင်မယ်ဆိုရင် အစောင့်အရှောက်နဲ့ သံယောဇဉ်ကြိုး နှောင်ဖွဲ့နိုင်လိမ့်မယ်..”
နောက်ထပ်လူတစ်ဦးမှ ပြောသည်။
ကောက်ကျစ်သော မျက်လုံးများရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားများသည် အချင်းချင်း ကြည့်လိုက်ကြသည်။ လှည့်ဖြားတတ်သော အမျိုးသမီးအချို့သည်လည်း အလားအလာရှိသည့် သားကောင်ကြောင့် နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ကို အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။ သားရဲအား သိမ်းသွင်းနိုင်သည်နှင့် လက်ရှိ ပင်မမိသားစု၏ အာဏာကို ဖြုတ်ချနိုင်မည် ဖြစ်သည်။
“အင်း.. တခြားမိသားစုခွဲတွေ သားရဲကို မရသွားခင် ငါတို့ ဦးအောင်ရမှ ဖြစ်မယ်..”
သွေးဆူလွယ်သော ခေါင်းပြောင် ဦးလေးတစ်ယောက်သည် လက်သီးတင်းတင်းဆုပ်ကာ ကန့်လန့်ကာ နောက်ကွယ်ရှိ ထူးခြားဆန်းကြယ်သော ဦးလေးဒိုဘာအား ကြည့်လိုက်သည်။
ဦးလေးဒိုဘာသည် သူ၏ လူများရှေ့၌ ကန့်လန့်ကာနောက်တွင် ပုန်းကွယ်ပြီး လျှို့ဝှက်ဆန်းကြယ်ကာ အထက်စီးဆန်ဟန် ပြုနေခြင်းဖြစ်သည်။
ခေါင်းပြောင်လူ၏ဘေးရှိ လူသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင် သူ၏ ညီအစ်ကိုအား ထောက်ခံအားပေးလိုက်သည်။
“သဘောတူပါတယ်.. တရားဝင်နည်းလမ်းတွေနဲ့ အဲဒီ အဖိုးကြီးကို လှည့်စားကြည့်တာပေါ့.. မရရင်တော့ ဖိအားပေးကြမယ်..”
“ဟီးဟီးဟီး ကောင်းတယ်.. ပင်မမိသားစုက အခု အရမ်းကို အားနည်းနေပြီလေ.. ကျုပ်တို့ ဒိုဘာမိသားစုက ပင်မမိသားစုနေရာကို ယူနိုင်မယ်လို့ ယုံကြည်တယ်..”
ခေါင်းပြောင် ခပ်ထေ့ထေ့ပြောသည်။
အခန်းအတွင်းရှိ အငယ်ဆုံးဖြစ်သော လူငယ်လေးသည် ခေါင်းပြောင်၏ စကားကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြီး ပြောလိုက်သည်။
“ရှူး.. ခင်ဗျား အသံတိုးဦး.. ပင်မ မိသားစုက ကျုပ်တို့ရဲ့ သစ္စာဖောက်မှုကို သိသွားလို့ မဖြစ်ဘူး..”
“အိုခေ.. အိုခေ.. ပင်မမိသားစုရဲ့ ငတုံးမက ငါတို့တွေကို အုပ်ချုပ်နေတယ် ဆိုပေမဲ့လည်း အရင်ခေါင်းဆောင်ရဲ့ နောက်ဆုံးဆန္ဒက..”
ခေါင်းပြောင်သည် အထင်သေးဟန်ဖြင့် တံတွေးထွေးလိုက်သေးသည်။
“စိတ်ပျက်စရာပဲ.. အမှိုက်လိုပဲ..”
အဆက်မပြတ် အတွန့်တက်နေသည်။
မိသားစုခေါင်းဆောင်သည် သူတို့၏ မိသားစုထဲမှ ဖြစ်လျှင် မိသားစုခွဲများသည် ပင်မမိသားစုဖြစ်လာကြပေမည်။
စလိုအန်မိသားစု၏ ပထမခေါင်းဆောင်သည် ယောကျ်ားလေးနှင့် မိန်းကလေး ကလေးများစွာ ရှိခဲ့သည်။ မိန်းကလေးများသည် လက်ထပ်ထိမ်းမြားကာ မိသားစုမှ ထွက်ခွာသွားကြပြီး ယောကျ်ားလေးများမှာမူ အမွေဆက်ခံသူမှလွဲ၍ အငြင်းအခုန် ဖြစ်မည်ကို ရှောင်ရှားရန်အတွက် ကျန်သူများအား မိသားစုခွဲများအဖြစ် ခွဲခြားသတ်မှတ်ခဲ့သည်။
ပထမခေါင်းဆောင်ထံ၌ သွေးရင်းမောင်နှမ များစွာ ရှိသောကြောင့် ထိုသူများသည်လည်း မိသားစုခွဲများ တည်ဆောင်ကြသဖြင့် ယခုအချိန်တွင် စလိုအန်မိသားစု၌ မိသားစုခွဲ ၆ ခု ရှိနေခြင်း ဖြစ်သည်။
ထို့အပြင် ‘ပင်မမိသားစု’ ၏ လင်းပိုင်ကွေးသင်္ကေတမှာ လက်တွေ့တွင် ပန်းအိုးလွတ်တစ်လုံးသာ ဖြစ်သည်။ မိသားစုခွဲများသည် ထိုပန်းအိုးလွတ်အား နေ့ချင်းညချင်း အစားထိုးနိုင်ပြီး ‘လင်းပိုင်ကွေး’ သင်္ကေတအား ဖြုတ်ချပစ်နိုင်သည်။ မိသားစုခေါင်းဆောင် နေရာအား မိသားစုခွဲများမှ တက်လှမ်းလာမည်ဆိုလျှင် ထိုသို့ပြုလုပ်ရန် အခွင့်အရေးရှိသည်။
ကံမကောင်းစွာဖြင့် မိသားစုခေါင်းဆောင် နေရာအား ဆက်ခံကြသူများမှာ အဆက်ဆက်သော အမွေဆက်ခံသူများ၏ သွေးသားရင်းများ ဖြစ်သောကြောင့် ပင်မမိသားစု၏ အာဏာအား ဖြုတ်ချနိုင်မည့်နည်းလမ်း မရှိခဲ့ပေ။ သူတို့သည် ကျန်မိသားစုခွဲများထက် အမြဲလိုလို သာလွန်နေတတ်သည်။
စလိုအန်မိသားစုသည် အပေါ်ယံတွင် ငြိမ်းချမ်းသည်ဟု ထင်ရသော်ငြား အတွင်း၌ လှိုက်စားကာ ပဋိပက္ခများစွာ ရှိလေသည်။ မိသားစုခွဲများသည် ပင်မမိသားစုအား ကာကွယ်စောင့်ရှောက်ရန် ကျိန်ဆိုထားရသဖြင့် သစ္စာဖောက်ခြင်းကဲ့သို့သော အဖြစ်အပျက်များမူ မရှိချေ။
မိသားစုခွဲသည် ပင်မမိသားစုထက် သန်မာအားကောင်း လာချိန်တွင်မူ မတူညီတော့ချေ။ သူတို့သည် ပင်မမိသားစု၏ အာဏာကို လွှဲပြောင်းရယူနိုင်မည် ဖြစ်သည်။
ယခုအခါတွင် သူတို့ရှေ့ရှိ အခွင့်အရေးမှာ ကောင်းကင်မှ ပြုတ်ကျလာသော ပိုင်မုန့်အလားပင်။
ပင်မမိသားစုသည် မြင့်မြတ် အစောင့်အရှောက်အား သိမ်းသွင်းနိုင်ခဲ့သော်ငြား သွေးပဋိညာဉ် မပြုရသေးချေ။ ထိုသို့ဆိုလျှင် အစောင့်အရှောက်နှင့် သွေးပဋိညာဉ် ပြုနိုင်သူမှာ မိသားစုခေါင်းဆောင်အသစ် ဖြစ်လာလိမ့်မည်။
မည်သို့ပင်ဖြစ်စေ တောတွင်းဥပဒေအရ သန်မာအားကောင်းသူသာ အုပ်ချုပ်သူဖြစ်သည်။
သူတို့သည် ခုခံနိုင်စွမ်း ကင်းမဲ့သည့် ကလေးအား အစားထိုးကာ ရုပ်သေးခေါင်းဆောင်အဖြစ် ပြောင်းလဲပစ်နိုင်တော့မည်။