← Chapters

ကြောင်ကို ပြန်ပေးဆွဲစို့

Vol. 6 Ch. 82

ကြောင်ကို ပြန်ပေးဆွဲစို့

Vol. 6 Ch. 82

ဒီကြောင်.. ငါပြောတာ ဒီ မြင့်မြတ် အစောင့်အရှောက်က.. ဘာတွေလုပ်နေတာတုန်း..

အင်စလေ နဖူးကြောများရှုံ့ကာ စိတ်ဆိုးလွန်းသောကြောင့် သွေးကြောများ ထောင်ထလာသည်။ ဖြူစင်အပြစ်ကင်း‌သော မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုတို့ အတိုင်းသားပင်။

ဒီကြောင်.. ဒီကြောင်က..

ကြောင်သည် သူ၏ ပါးလေးများ၊ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ဖြင့် စက္ကူအိတ်အား ပွတ်သပ်နေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။

မှန်သည်။ ကြောင်သည် အင်စလေအား လျစ်လျူရှုကာ စက္ကူအိတ်ဖြင့် ဆော့ကစားနေခြင်း ဖြစ်သည်။ စိတ်ကျေနပ်အောင် ပွတ်သပ်ပြီးနောက်၌ မျက်လုံးများ မှေးစင်းကာဖြင့် အလွန်အမင်း ကျေနပ်ပျော်ရွှင်ဟန်ဖြင့် စက္ကူအိတ်ပေါ်တွင် ထိုင်နေသည်။

ကြောင်သည် အင်စလေနှင့် နှိုင်းယှဉ်မည်ဆိုပါက ငြိမ်းချမ်းပျော်ရွှင်သော ဘဝတစ်ခု၌ အောင်မြင်စွာ နေထိုင်နေခြင်း ဖြစ်သည်။

သို့သော် ထို့ကြောင့်ပင် အင်စလေသည် စက္ကူအိတ်အား စုတ်ဖြဲပြီး ကြောင်အား လည်ပင်းညှစ်ချင်စိတ် ပေါ်လာရခြင်း ဖြစ်သည်။

သူမ၏ အတွေးအတိုင်း မလုပ်ဆောင်နိုင်ရသည့် အကြောင်းအရင်းမှာ အဆိုပါကြောင်သည် အလွန်ချစ်စဖွယ် ကောင်းလွန်းသောကြောင့်ပင်။

နင်က မြင့်မြတ် အစောင့်အရှောက်လား.. ဒါဆိုလည်း ကျေးဇူးပြုပြီး သိက္ခာရှိရှိ ပြုမူပေးပါ.. ဂါးး

အင်စလေ မြေပြင်ပေါ်သို့ ပစ်လှဲလိုက်ပြီး မျက်လုံးများ ပြူးထွက်အောင် အော်ဟစ်လိုက်ချင်မိသည်။ ကောင်မလေးသည် သူမ၏ စွမ်းရည်အား ပြန်ရုပ်သိမ်းပြီးနောက် နီရဲနေသော မျက်လုံးများဖြင့် အညိုဖျော့ရောင်ကြောင်အား စိုက်ကြည့်နေတော့သည်။

ငါ့ရဲ့ အကောင်းဆုံး စွမ်းရည်ပေါင်းစပ်မှုကို သုံးတာတောင် ရလဒ်က ဒါတဲ့လား.. ဒီသောက်ကြောင်က စက္ကူအိတ်နဲ့ ကစားနေတာပေါ့လေ.. ဒီကြောင်ကို ဘယ်လိုသိမ်းသွင်းပြီး သွေးမျိုးဆက် နိုးထအောင် လုပ်ရတော့မှာတုန်း..

အင်စလေသည် ထို အစောင့်အရှောက်များအား သူမတို့ မိသားစုအတွက် ဝန်ပိုတစ်ခု ဖြစ်လာအောင် ခွင့်ပြုပေးခဲ့သူအား တရားစွဲဆိုရန် လိုအပ်သည်ဟု ခံစားလာရသည်။

‘ငါက အာဏာမရှိလို့လား.. ငါ့ရဲ့ ညှို့ဓာတ်စွမ်းရည်က ကြောင်တစ်ကောင်ကိုတောင် မသိမ်းသွင်နိုင်လောက်အောင် အားနည်းနေလို့လား.. ဒီကြောင်က ငါ့အစား စက္ကူအိတ်ကို ရွေးသွားတယ်တဲ့လေ..’

အင်စလေသည် အဝေးရှိ အညိုရောင်ကတ်ထူပုံးအား ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို ဤအစောင့်အရှောက်သည် စက္ကူအိတ်များ ကတ်ထူပုံးများအား အကြိုက်နှစ်သက်ဆုံး ဖြစ်ရမည်ဟု နားလည်သွားသည်။

ဤသားရဲအား ကြောင်စာခြောက်နှင့် မဖြားယောင်နိုင်သော်ငြား ထိုအရာများနှင့်မူ အောင်မြင်နိုင်သည်။

ဘယ်လိုတောင် ထူးခြားတဲ့ အစောင့်အရှောက်လဲ..

အင်စလေသည် မျက်လုံးထောင့်ရှိ မျက်ရည်စများအား သုတ်ဖယ်လိုက်ပြီးနောက် ဗိုက်ပက်လက်လှန်ကာ ရှိနေသည့် ကြောင်အား ကြည့်နေလိုက်သည်။

ကြောင်သည် ခေါင်းအား ဘယ်ဘက်သို့စောင်းကာ ခြေနှစ်ချောင်းအား မိုးပေါ်ထောင်ပြီး ထူးဆန်းသော ပုံစံဖြင့် အိပ်နေသည့်ပုံမှာ ကောင်းကင်အား ဆဲရေးနေသလိုပင်။

မည်သို့ပင်ဆိုစေ ချောမွေ့ပြီး အစက်အပြောက်များ ကင်းမဲ့သည့် ဝမ်းဗိုက်ကလေးမှာ အင်စလေအား ပွတ်သပ်ချင်စိတ် ပေါ်လာအောင် ဖြားယောင်းနေတော့သည်။

ကလေးသည် ထိုကြောင်ထူးဆန်းအား စိတ်ဆိုးဒေါသထွက်အောင် လုပ်မိပါက လက်ဝါးစာမိပြီး သေသွားနိုင်ကြောင်း သိထားသောကြောင့် ထိုသို့ မလုပ်ဝံ့ချေ။

အင်စလေသည် ကြောင်အနီးသို့ ချဉ်းကပ်သွားပြီးနောက် စက္ကူအိတ်ဘေး၌ ထိုင်ချကာ မြက်ခင်းပြင်ပေါ် လှဲလျောင်းကာဖြင့် ၁၅ မိနစ် ကုန်လွန်သွားရန် စောင့်ဆိုင်းနေလိုက်သည်။

သူမသည် အချိန်စေ့သည်နှင့် ထိုကြောင်အား စက္ကူအိတ်ထဲသို့ထည့်ကာ ပြေးထွက်သွားရန် စဉ်းစားလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက ပြန်ပေးဆွဲတာတော့ မဟုတ်ဘူးမလား..

အင်စလေ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေသည်။ ကြောင်သည် သူမအနီးသို့ ရောက်မလာဘဲ စက္ကူအိတ်နှင့်သာ ကစားနေသောကြောင့် မစ်ရှစ်ကျရှုံးသည်ဟု တွေးနေမိသည်။

အင်စလေ မသိသည့်အရာမှာ သူမနှင့် တွေ့ဆုံနေသည့် ကြောင်မှာ *အင်ထရိုဗာ့ တစ်ဦးဖြစ်ပြီး သူ့အနီးသို့ အခြားသူများ ချဉ်းကပ်လာသည်ကို ခွင့်ပြုခြင်း ရှားလေသည်။ သူ၏ ဝမ်းဗိုက်အား လှန်လျက် ရှိနေခြင်းကပင် အင်စလေ၏ အနီး၌ သက်သောင့်သက်သာ ရှိသည်ကို ဖော်ပြခြင်းဖြစ်သည်။ ကောင်းပြီ.. ထိုအခြေအနေအတွက် စက္ကူအိတ်အား အဓိက ကျေးဇူးတင်ရမည်ပင်။

(*လူတောမတိုးသူ၊ တသီးတသန့် နေတတ်သူ၊ အိမ်တွင်းပုန်းသူ)

ထို့အပြင် ကြောင်သည် ကတ်ထူပုံးနှင့် စက္ကူအိတ်များ ပိုမိုရရှိစေရန် ဤသတ္တဝါလေးနောက်သို့ လိုက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

မဟုတ်သေးဘူး။ ကြောင်သည် ကလေးထံမှ ထုတ်လွှင့်နေသည့် သက်သောင့်သက်သာ ဖြစ်စေသော အငွေ့အသက်ကြောင့် လိုက်ပါရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မှန်သည်။ ယင်းမှာ အဓိကအကြောင်းအရင်း ဖြစ်သည်။ ဤကြောင်သည် အစောင့်အရှောက်များထဲ၌ စွန့်စားရခြင်းကို အကြိုက်နှစ်သက်ဆုံးသူဖြစ်ပြီး ချေးများသော အကျင့်စရိုက်နှင့် ပြင်းထန်သော ယုံကြည်မှုပြဿနာလည်း ရှိသည်။

မည်သို့ပင်ဖြစ်စေ ပလက်စတစ်အိတ်များ၊ စက္ကူအိတ်များနှင့် ကတ်ထူပုံးများအတွက်.. အာ.. မဟုတ်ပေါင်။ ကမ္ဘာကြီးအား သိမ်းပိုက်ရန်အတွက်..။

ကြောင်သည် မျက်လုံးလေးများစင်းကာ ခပ်တိုးတိုးလေး ညည်းနေပြီး ရရှိလာသည့် သခင်အသစ်အား ကျေနပ်နေမိသည်။

နောက်ဆုံးအကြိမ် မြက်ခင်းပြင်သို့ ထွက်လာသည်မှာ ကြာမြင့်လှပေပြီ.. အာ.. မဟုတ်သေးဘူး။ ကြောင်သည် မွေးလာချိန်မှစကာ မြက်ခင်းပြင်ပေါ်သို့ မထွက်ဖူးခဲ့ချေ။ အသန်မာဆုံးနှင့် ဒုတိယအသန်မာဆုံး အစောင့်အရှောက်သည် ရံဖန်ရံခါ၌ ကမ္ဘာကြီးအား ကြည့်ရှုရန်အတွက် မြက်ခင်းပြင်သို့ ခိုးထွက်တတ်ကြသည်။

ယင်း၏ အားနည်းသော ခန္ဓာကိုယ်နှင့် အစောင့်အရှောက်များထဲ၌ အဆင့်အနိမ့်ဆုံး ဖြစ်သလို ကတ်ထူပုံး ချစ်သူတစ်ကောင်လည်း ဖြစ်သောကြောင့် အဆောက်အဦသို့ ကတ်ထူပုံးများ ယူလာမည့် လူသားများကို စောင့်နေရုံမှအပါး မတတ်နိုင်ချေ။

ယခုအခါတွင် ယင်း၏ စိတ်အာရုံအား ဆွဲဆောင်နိုင်သူတစ်ဦး ရှိလာခဲ့ပြီး သူမသည် သူ့၏ သွေးမျိုးဆက်ကိုပင် နိုးထစေနိုင်လောက်သည်။

နောက်ဆုံးတော့ အပြင်ကိုထွက်ပြီး ကမ္ဘာကြီးကို မြင်နိုင်တော့မယ်..

စွန့်စားလိုစိတ် ပြင်းထန်သောငြား အဖွဲ့ထဲ၌ အားအနည်းဆုံး အစောင့်အရှောက် ဖြစ်သလို အင်စထိုဗာ့တစ်ဦးလည်းဖြစ်သည့် ကြောင်ထီးသည် ပျော်ရွှင်စွာဖြင့် ခန္ဓာကိုယ်လေးအား လှုပ်ယမ်းလိုက်သည်။ ၎င်းသည် ကတ်ထူပုံးများနှင့် စွန့်စားခန်းများအတွက် ဤသတ္တဝါလေးနှင့် လိုက်ပါသွားရန် ဆုံးဖြတ်ထားလိုက်သည်။

ကြောင်တစ်ကောင်နှင့် ကလေးသည် မြက်ခင်းပြင်ပေါ်၌ လဲလျောင်းကာ အိပ်နေကြစဉ် မြေပြင်ပေါ်၌ စွန့်ပစ်ခံထားရသည့် ကြောင်စာခြောက်မှာ အစားခံရရန် စောင့်ဆိုင်းလျက် ရှိလေသည်။

အခြားသူများ၏ မျက်ကွယ်ရာ မြူခိုးများနောက်၌ အပြာရောင်မျက်လုံးတစ်စုံသည် မြေပြင်ပေါ်ရှိ အစာခြောက်အား တောက်ပသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လျက်ရှိသည်။

ရုတ်တရက်ဆိုသလို မြူခိုးဖြူထဲမှ အနက်ရောင်မီးခိုးငွေ့များ တရွေ့ရွေ့ ထွက်လာပြီး အစာခြောက်များအား ဝန်းရံလိုက်သည်။ မီးခိုးသည် တဖြည်းဖြည်းချင်း ကြောင်ဖဝါးလေး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တောင်ကုန်းလေး တစ်ခုသဖွယ် ဖြစ်နေသည့် အစာခြောက်များထံသို့ ချဉ်းကပ်သွားလေသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် အသံတစ်စက်မျှ ထွက်ပေါ်ခြင်း မရှိဘဲနှင့် အနက်ရောင်မီးခိုးငွေ့ ဖဝါးလေးသည် အစာခြောက်များအား မြူခိုးဖြူများ အတွင်းသို့ တဖြည်းဖြည်းချင်း ယူဆောင်သွားလေသည်။

အနက်ရောင်မီးခိုးငွေ့သည် မြူခိုးဖြူများနှင့် ထိမိပြီးနောက် အစအနပင်မကျန် ပျောက်ကွယ်သွားပြီး တကျွတ်ကျွတ်ဝါးနေသည့် ဆူညံသံကိုသာ ကြားနေရသည်။

ဝမ်းနည်းဖွယ်ရာမှာ အင်စလေသည် သူမ၏ ‘ကျရှုံးမှု’ တွင်သာ ခံစားနစ်မြုပ်နေသဖြင့် ထိုအဖြစ်အပျက်အား မမြင်တွေ့လိုက်ရချေ။ ထိုမျှမကဘဲ သူမ၏ ကျောပိုးအိတ်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်နေပါသော အဆောက်အဦ အမိုးပေါ်ရှိ အနီရောင်မျက်လုံးတစ်စုံကိုလည်း မမြင်တွေ့လိုက်ချေ။

၁၅ မိနစ် ကုန်လွန်သွားပြီးနောက် ရွှေရောင်တံခါး ပွင့်လာသည်။ တံခါးဝမှ အဖိုးယိုဖန်၏အသံ ထွက်ပေါ်လာသည်။

“အင်.. ပြန်ထွက်ဖို့ အချိန်တန်ပြီ.. မြန်မြန်လေး.. မဟုတ်ရင် အထဲကနေ အတင်းအကြပ် ကန်ထုတ်ခံရလိမ့်မယ်..”

အဖိုးအို၏ တုန်တုန်ယင်ယင် အသံသည် တံခါးဝဆီမှ အင်စလေထံသို့ ပျံ့နှံ့ရောက်ရှိ လာသည်။

ကလေးသည် ချက်ချင်းပင် ခုန်ကာ မတ်တတ်ရပ်လိုက်သည်။ သူမ၏ ခရမ်းရောင်ဆံပင်တွင် ကပ်ညိနေသော မြက်ပင်အချို့နှင့် နှုတ်ခမ်းထောင့်ရှိ သွားရည်များကိုပင် မြင်နေရသည်။

အင်စလေ အနည်းငယ် ထိတ်လန့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။

ငါ.. ငါ တကယ်ကြီး အိပ်ပျော်သွားတော့မလို့.. ဂါးးး အစောင့်အရှောက်တွေကော.. အီးးး

ငါ့ စက္ကူအိတ်ပေါ်မှာ အိတ်နေတဲ့ ကြောင်ကို ပြန်ပေးဆွဲသွား၇မယ်.. ဒီနည်းလမ်းပဲ ရှိတော့တာ..

လုပ်လိုက်မယ်..

All Chapters