← Chapters

လူသားဖြစ်လာခြင်း

Vol. 6 Ch. 87

လူသားဖြစ်လာခြင်း

Vol. 6 Ch. 87

အင်စလေသည် ဖင်းလီအား စိတ်ဆိုးချင်သော်ငြား ငြင်းခုန်ရန် ပင်ပန်းနေပြီ ဖြစ်သည်။ အင်စလေ ကောင်လေးအား ဆန္ဒရှိသလောက် ပွေ့ဖက်ခွင့်ပြုထားလိုက်ရင်း ဖင်း၏ နူးညံ့သော ဝမ်းဗိုက်လေးအား အသားယူကာ ပွတ်နေရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ နှစ်ဦးသား သစ်ပင်ပေါ်ရှိ လျှို့ဝှက်အခြေစိုက်စခန်းသို့ မသွားမီ တိတ်တဆိတ် သဘောတူညီမှု ရယူလိုက်ကြသည်။ ဖင်းလီသည် သူတို့၏ နေရာဖြစ်သော သစ်ပင်၏ အမြင့်ဆုံး သစ်ကိုင်းပေါ်တွင် အင်စလေအား ထိုင်စေသည်။

ကလေးများသည် ပတ်ဝန်းကျင်အား ချိန်ညှိပြီးသည်နှင့် ဖင်းလီ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

“ဒီတော့ ဘယ်လိုလဲ.. အောင်မြင်ခဲ့လား..”

အင်စလေ သွားအဖြီးသားဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေါ့..”

သူမသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ဘတ်အား လက်ဖြင့်ပုတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဖင်း၏ရှေ့၌ ကြွားဝါနိုင်သည်။

ဖင်းလီ၏ မျက်လုံးများ အရောင်တောက်လာသည်။ စိတ်လှုပ်ရှားစွာဖြင့် အင်စလေ၏ လက်တစ်ဖက်အား ဆွဲယူ ခါယမ်းလိုက်သည်။

“တကယ်လား.. ဘယ်တစ်ကောင်ကို ခေါ်လာနိုင်ခဲ့တာလဲ.. အဲဒီမှာ ၃ ကောင်ရှိတာလို့ ကြားဖူးတယ်..”

ဖင်းလီသည် အခြားမိသားစုများနှင့် ပတ်သက်၍ အပေါ်ယံမျှသာ သိထားသော်ငြား စလိုအန်မိသားစုရှိ မြင့်မြတ် အစောင့်အရှောက်များနှင့် ပတ်သက်၍ ‌အတော်များများ သိထားသည်။ ဝေါ်လ်တာမိသားစု၏ အမွေဆက်ခံသူ ဖြစ်သောကြောင့် အစောင့်အရှောက်များ ကဲ့သို့ မိသားစုအား ခြိမ်းခြောက်လာနိုင်သော အရာများနှင့် ပတ်သက်၍ များစွာသိထားရန် လိုအပ်သည်။

အစောင့်အရှောက်များသည် စလိုအန်မိသားစု၏ ပထမ မိသားစုခေါင်းဆောင်၏ ကြင်နာမှုအား ပြန်လည် ပေးဆပ်လိုသောကြောင့် စလိုအန်မိသားစုကို စောင့်ရှောက်ကာကွယ်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်ဟု ပြောကြသည်။

သို့သော် နှစ်ပေါင်း ၃၀ ကျော်ကြာအောင် အစောင့်အရှောက်များအား သိမ်းသွင်းနိုင်ခဲ့သူ မရှိချေ။ ပထမ မိသားစုခေါင်းဆောင်၏ တိုက်ရိုက်မျိုးဆက်များပင် မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် အင်စလေ၏ အောင်မြင်မှုသည် ထိတ်လန့်ဖွယ်ကောင်းသော သတင်းတစ်ခုလည်း ဖြစ်သည်။

“အင်.. မင်းလုပ်နိုင်မယ်ဆိုတာ ငါသိသားပဲ.. အခု ပြောပါဦး.. ၃ ကောင်လုံးကို ရခဲ့တာလား ၁ ကောင်ပဲလား.. ဘယ်သူ့ကို ခေါ်လာနိုင်တာလဲ..”

ဖင်းလီသည် ကလေးတစ်ဦးကဲ့သို့ အလွန်အမင်း စိတ်အားထက်သန်နေတော့သည်။

ဖင်းလီ၏ ပုံစံမှာ မက်ခါများအကြောင်း ပြောနေသည့် မူလတန်းအရွယ် ကောင်လေးများနှင့် တူလေသည်။

“အွင်း.. တစ်ကောင်ပဲ.. ခုတ် - ချီ (ကုတ် - စီ)”

အင်စလေ ပါးရဲရဲလေးများဖြင့် ပြန်ဖြေလိုက်သည်။ သူမသည်လည်း လျှို့ဝှက်ဆန်းကြယ်သော မြက်ခင်းပြင်မှ ကြောင်တစ်ကောင် ခေါ်ထုတ်လာနိုင်ခြင်းအတွက် အလွန်စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

ယခုထိတိုင်အောင် စံအိမ်အတွင်းရှိ အခြားဒိုင်မေးရှင်း တစ်ခုနှင့်တူသော မြက်ခင်းပြင်၏ အစစ်အမှန် တည်ရှိမှုအား မည်သူမှ မသိကြသေးချေ။ နေရာလွတ်စွမ်းရည် ပိုင်ဆိုင်ထားသူ တစ်ဦးသည် အ‌စောင့်အရှောက်များအတွက် သီးသန့်နေရာတစ်ခု ဖန်တီးပေးထားခြင်း ဖြစ်နိုင်လောက်သည်။ မည်သူ သိမည်နည်း။

“ကုတ် - စီ .. အားအနည်းဆုံး တစ်ကောင်ပဲ.. ဖန်ရစ် သွေးမျိုးဆက်ရှိတဲ့သူ..”

ဖင်းလီ မျက်မှောင်ကြုတ်လိုက်သည်။ ယင်းမှာ အားအနည်းဆုံးဖြစ်သည့် အစောင့်အရှောက်အား အထင်သေးသည့်သဘော မဟုတ်ပေ။ ဆိုလိုသည်မှာ..

ဖန်ရစ် သွေးမျိူးဆက်ရှိသည့် မြင့်မြတ် အစောင့်အရှောက်သည် ၃ ကောင်ထဲတွင် ဉာဏ်အများဆုံးဖြစ်သလို ကိုင်တွယ်ရ ခက်လေသည်။ ၎င်းအား ဆွဲဆောင်ရန် အတော်လေး လွယ်ကူသည်ဟု ဆိုနိုင်သော်ငြား စလိုအန်မိသားစုသည် ယင်းအား မခေါ်ထုတ်နိုင်ဘဲ မြက်ခင်းပြင်တွင်သာ ထားခဲ့ကြရသည်။

ဘာကြောင့်လဲ။ အကြောင်းမှာ ဖန်ရစ်သွေးမျိုးဆက်သည် ရက်စက်ကြမ်းတမ်းသောကြောင့် ဖြစ်သည်။ ဖန်ရစ်အဖြစ် ပြောင်းလဲသွားချိန်တွ၍် ပြင်းထန်သော ယုံကြည်မှု ပြဿနာရှိလေသည်။

အတိတ်၌ စလိုအန်မိသားစု၏ ကံကောင်းသော မိသားစုဝင် အချို့သည် ယင်း၏ သွေးမျိုးဆက်အား နိုးထစေနိုင်ခဲ့သည်။ သို့သော် အပြည့်အဝ နိုးထစေနိုင်ခြင်း မရှိသည့်တိုင်အောင် ဖန်ရစ်မှာ ထိန်းချုပ်မှု လွတ်သွားသဖြင့် သူတို့၏ အသက်များ ဆုံးရှုံးလုနီးနီး ဖြစ်ခဲ့ရသည်။

နောက်တစ်နည်း ဆိုရသော် ဖန်ရစ်သည် ဒေါသပေါက်ကွဲသွားခြင်း ဖြစ်သည်။

အင်စလေသည် ဖင်းလီ၏ သတိပေးချက်အား နားထောင်ရင်း ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ ကြောင်အစွာဖြင့် ကြက်သေသေနေသော ခိုအီငါးကဲ့သို့ ပါးစပ်အစောင်းသား ဖြစ်နေတော့သည်။

“ရမ်.. အန်ရယ်များတာ (အန္တရာယ်များတာ)”

အင်စလေသည် ယင်း၏ သွေးမျိုးဆက်အား ချက်ချင်း နိုးထလာအောင် မကြိုးစားမိသည့်အတွက် စိတ်သက်သာရာ ရသွားမိသည်။ သိူ့မဟုတ်လျှင် အကြိမ်တစ်ထောင်လောက် သေဆုံးသွားလောက်ပြီ ဖြစ်သည်။

“အဲဒီ ဖန်ရစ်က အန္တရာယ်များတာတော့ တကယ်ပဲ.. ဘာကြောင့်လဲဆိုတော့ စလိုအန်မိသားစုဝင်တွေက သူ့ရဲ့ သွေးမျိုးဆက်ကို အပြည့်အဝ နိုးထလာအောင် မလုပ်နိုင်ခဲ့လို့လေ.. သူတို့က ဖန်ရစ်ကို သွေးပဋိညာဉ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြဘူး..”

အင်စလေ ခေါင်းယမ်းကာ အတိတ်ဘဝ၌ နာမည်ကျော် အဖြစ်အပျက်အား ပြန်တွေးမိသည်။

“ဒါပေမဲ့ စိုးရိမ်ဖို့ မလိုပါဘူး.. မင်းရဲ့ ညှို့ဓာတ်စွမ်းရည်နဲ့ ကံကောင်းခြင်းစွမ်းရည်က လုံလောက်အောင် သန်မာလာပြီဆိုရင် ဖန်ရစ်ရဲ့ သွေးမျိုးဆက်ကို အောင်မြင်အောင် နိုးထလာစေမယ်လို့ ယုံကြည်တယ်.. ပြီးတာနဲ့ သွေးပဋိညာဉ် ပြုနိုင်လိမ့်မယ်..”

ဖင်းလီသည် သူမအား စိတ်သက်သာရာ ရစေရန် ချစ်ခင်မှုအပြည့်ဖြင့် ခေါင်းလေးအား အသာပွတ်လိုက်သည်။

“ဖန်ရစ်နဲ့ သွေးပဋိညာဉ် ပြုနိုင်ပြီဆိုရင် သူက ဒေါသပုန်ထတာ ပုန်ကန်တာမျိုး လုပ်မှာမဟုတ်ဘဲ နောက်များကျ လူပုံစံပါ ပြောင်းလာနိုင်လိမ့်မယ်..”

သူမ ခေါ်ဆောင်လာသည့် ကြောင်အား ကြောက်ရွံ့နေခဲ့သည့် အင်စလေမှာ ချက်ချင်းဆိုသလို ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ဖင်းလီအား နွားတစ်ကောင်လုံး မျိုချလိုက်သည့်အတိုင်း ကြည့်နေခြင်းဖြစ်သည်။

“ဂယ်ရား.. လူ ဖြစ်လာမှာ..”

အင်စလေ မျက်လုံးပြူးကာ ဖင်းလီ၏ စကားလုံးများအား လိုက်ပါရေရွတ်လိုက်သည်။

“တကယ်ပြောတာလား..”

ကောင်မလေးသည် မယုံကြည်နိုင်မှုတို့ ပြည့်နေသော မျက်နှာဖြင့် မျက်တောင်တဖျက်ဖျက် ခတ်လိုက်သည်။

ဒီကမ္ဘာက စိတ်ကူးယဉ် ခေတ်သစ်ကမ္ဘာ ဖြစ်နေရင်တောင် ကြောင်က လူသားဖြစ်လာမယ်ဆိုတာ ဖြစ်နိုင်လို့လား..

“တကယ်ပြောတာ.. မင်းရဲ့ စွမ်းအင်ပင်ရင်းက တင်းနစ်ဘောလုံးလောက် ကြီးလာမယ်ဆိုရင် ဖန်ရစ်က မင်းရဲ့ စွမ်းအားကို အသုံးပြုပြီး လူသားအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်..”

ဖင်းလီသည် သွားစွယ်လေးများပေါ်အောင် ပြုံးရယ်နေတော့သည်။

“ငါ့ကိုယုံ.. ဒီအကြောင်းကို သမိုင်းစာအုပ်ထဲမှာ ဖတ်ခဲ့ရတာ.. အစောင့်အရှောက်တွေက လူသားအဖြစ် ပြောင်းလဲပြီး စလိုအန်မိသားစုရဲ့ ပထမခေါင်းဆောင်နဲ့အတူ စစ်ပွဲထဲ ဝင်ပြီး တိုက်ခိုက်ခဲ့ကြတယ်တဲ့..”

ဖင်းလီ အနည်းငယ် ဂနာမငြိမ် ဖြစ်လာသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး ရဲလာပြီး တံတွေးများ ထွက်ကျမတတ်ပင်။

“အစောင့်အရှောက်တွေက လူသားအဖြစ် ပြောင်းလဲနိုင်တာနဲ့ သူတို့က အထူးစွမ်းရည်တွေကို အသုံးပြုလာနိုင်လိမ့်မယ်.. တခြားလူတွေဆီက အတုခိုးပြီးပါ အသုံးပြုနိုင်ကြသေးတယ်..”

ဖင်းလီ လက်သီးဆုပ်လိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် အဲဒါတွေက သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအားအပေါ် မူတည်နေပြီး ဘယ်လောက် သန်မာတယ်ဆိုတာကို စောင့်ကြည့်ရမှာ..”

ဖင်းလီ ထိုအကြောင်းများ ရှင်းပြနေစဉ် အင်စလေ တိတ်ဆိတ်နေသည်။ ဖင်းလီအား ထပ်ကာထပ်ကာ မေးခွန်းထုတ်နေပြီး ကောင်လေးမှာ စိတ်ကူးယဉ်နေခြင်း ဖြစ်မည်ဟုပင် တွေးနေမိတော့သည်။ သို့သော် အကြိမ်ပေါင်းများစွာ မေးမြန်းပြီးနောက်၌ ဖင်းလီပြောသည့် စကားများမှာ အမှန်ဖြစ်သည်ဟု အင်စလေ ယုံကြည်သွားတော့သည်။

‘ဒီတော့ သူတို့က လူသားတွေ ဖြစ်လာနိုင်တယ်ပေါ့.. ဒါဆို ငါ့ကိုယ်ပိုင် အထူးတပ်ဖွဲ့ ရှိလာဖို့ ဒီအစောင့်အရှောက်တွေကနေ စနိုင်တာပေါ့..’

အင်စလေ နှုတ်ခမ်းအား ကိုက်လိုက်သည်။ သူမ၏ မျက်လုံးများမှာ အလွန်တောက်ပလျက်ရှိပြီး စကြဝဠာတစ်ခုလုံးကိုပင် မြင်နိုင်သယောင် ရှိလေသည်။

ထိုအစောင့်အရှောက်များအား သိမ်းသွင်းမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ထိုအချိန်မှာပင် ဖင်းလီသည် အင်စလေအား ရေအေးတစ်ပုံး လောင်းချလိုက်လေသည်။

“သူတို့က လူသားတွေ ဖြစ်လာနိုင်တယ်ဆိုတာ အမှန်ပဲ.. ဒါပေမဲ့ သိထားရမှာက ပြီးပြည့်စုံတဲ့ သွေးမျိုးဆက်ကို နိုးထစေဖို့ဆိုတာ အတော်လေး ခက်ခဲတယ်.. အထူးသဖြစ် ဖန်ရစ် ကိုပေါ့..”

ဖင်းလီ မျက်လုံးများ မှေးကျဉ်းလိုက်သည်။

“စွမ်းအားတစ်ခုတည်းနဲ့ မလုံလောက်ဘူး..”

ဖင်းလီသည် ဗုံးတစ်လုံး ကြဲချပြီး အင်စလေအား မျှော်လင့်ချက် မဲ့သွားစေသည်။

စွမ်းအားနဲ့တင် မလုံလောက်ဘူးလား.. ဒါဆို ဘာဆက်လုပ်ရမလဲ..

All Chapters