အခန်း (၈၄၁)
Vol. 61 Ch. 841
လောထျန်းရှေ့မှ အဆောင်ကျောက်ပြားအလွတ် အထပ်လိုက်ကြီးမှာ ဆယ်ပေကျော်ပင် မြင့်နေပြီး..
တောင်ငယ်လေးတစ်လုံးလို ဖြစ်နေပါသည်။
ပုံမှန်အခြေအနေမျိုးဆိုပါက.. ၎င်းမှာ ပြဿနာမဟုတ်ပါချေ။
သို့သော်.. ယခုတွင် သူ့ ဟင်းလင်းပြင်လက်စွပ်က လျှို့ဝှက်ဒေသကြောင့် ဖိနှိပ်ခံထားရပြီး လုံးဝ ဖွင့်မရသည်ကို လောထျန်း သိလိုက်ရပါ၏။
တစ်နည်းဆိုရသော်... ထို အဆောင်ကျောက်ပြားအလွတ်များအား သူ့ကျောတွင်သာ သယ်ရပါမည်။
ထိုအဆောင်ကျောက်ပြား အပုံလိုက်ကြီးက သယ်၍မလွယ်သည်မှာ မှန်သည့်တိုင်..
လွင့်ပစ်ရန်လည်း နှမျောစရာ ကောင်းလှပါသည်။
" ထားပါလေ... အရင်ဆုံး အစီအမံပုံကြမ်းတွေ ရေးလိုက်မယ် "
လောထျန်း ခေါင်းယမ်းကာ သူ့ စိတ်ဝိဥာဥ်အစွမ်းကို ထုတ်လွှတ်လိုက်သည်။
" အချိန်ကလဲ သိပ်မရှိဘူးဆိုတော့ အဆင့်မတူတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကို ရေးနေရင် အချိန်ဖြုန်းသလို ဖြစ်သွားလိမ့်မယ်။ အဲ့တော့ အဆင့်တူတဲ့ အစီအမံပုံကြမ်းတွေကိုပဲ ရေးလိုက်မယ်ကွာ ။ အဲ့လိုဆို ပိုမြန်မှာ "
လောထျန်း စိတ်ထဲမှ တွက်ချက်ကာ ဆုံးဖြတ်ချက် မြန်မြန်ချလိုက်သည်။
" အင်း... အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း ဖြစ်တဲ့ ၊ ကောင်းကင်နဲ့မြေကြီး မိုးကြိုးအစီအမံကို အရင်ရေးလိုက်မယ်။ အဲ့ဟာက ရေးရတာလဲ ရိုးရှင်းသလို အစွမ်းလဲ လုံလောက်တယ် "
လောထျန်း တွေးကာ အစွမ်းကုန်သုံး၍ ထွင်းစာများအား စရေးလိုက်သည်။
သူ ထိုသို့ ရေးနေသည့်နှုန်းမှာလည်း အလွန်မြန်ပြီး.. မသေမျိုးအစီအမံပုံကြမ်း တစ်မျိုးတည်းကို ရေးနေသည့်အတွက် ပိုအဆင်ပြေနေကာ အမြန်နှုန်းလည်း ပိုတိုးလာသည်။
စစချင်းတွင် သူ တစ်စက္ကန့်အတွင်း အစီအမံပုံကြမ်း သုံးခုကိုသာ ရေးနိုင်ခဲ့သော်လည်း..
အခုရာချီ ရေးပြီးသွားချိန်တွင်မူ တစ်စက္ကန့်အတွင်း အစီအမံပုံကြမ်း အခုသုံးဆယ်လောက် ရေးလာနိုင်ပါ၏။
နောက်ထပ် ရာဂဏန်းခန့် ထပ်ရေးပြီးသွားချိန်တွင်မူ သူ တစ်စက္ကန့်အတွင်း အစီအမံပုံကြမ်း သုံးရာကျော်ကို ရေးနိုင်သွားလေပြီ ။
ထိုအမြန်နှုန်းမှာ အမှန်တကယ် ကြောက်စရာပါပင်..
ဤသို့ဖြင့် မကြာမီမှာပင် သူ တော်တော်များများကို ရေးပြီးသွားကာ သူ့ရှေ့၌ အဆောင်ကျောက်ပြားအလွတ် ဆယ်ခုသာ ကျန်ပါတော့သည်။
ထိုစဥ် လောထျန်း သက်ပြင်းချ၍ နဖူးမှချွေးကို သုတ်ရင်း တစ်ကိုယ်တည်း ရေရွတ်သည်။
" ထင်ထားတဲ့အတိုင်းပါလား... အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်းကို ရေးရတာ စိတ်ဝိဥာဥ်အစွမ်း တော်တော်ကုန်တယ် ။ ငါ အခုရေ ရှစ်သောင်းကျော်ပဲ ရေးတာနဲ့တောင် ငါ့ စိတ်ဝိဥာဥ်အစွမ်းက ကုန်ခါနီးဖြစ်သွားရပြီ "
သူ့စကားကို အခြားသူများ မကြားကြ၍ တော်ပါသေး၏။ အကယ်၍သာ ကြားသွားပါက မရေမတွက်နိုင်သော အစွမ်းထက်ကျင့်ကြံသူ များစွာပင် သူ့အား သူသေကိုယ်သေ တိုက်ခိုက်ကြမည် မလွဲပါ ။ မတိုက်ခိုက်နိုင်သည့်သူများမှာ လောထျန်းအား ပက်ပက်စက်စက်ဝိုင်းဆဲပြီးနောက် တံတွေးများနှင့်ထွေးမှာ ကျိန်းသေပါ၏။
အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း ရှစ်သောင်းကျော် ဆိုသော ပမာဏကို ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှ ထိပ်တန်း အစီအမံပညာရှင်များသည်ပင် ဘဝလျှောက် လုပ်နိုင်ကြမည်မဟုတ်ပါချေ။
" အခုက အဆောင်ကျောက်ပြားအလွတ် ဆယ်ခုကျန်သေးတာ ဆိုတော့... သေချာရေးရမယ် "
လောထျန်း၏အကြည့်က ထိုအဆောင်ကျောက်ပြား အလွတ်များဆီ ရောက်သွားသည်။
ထို့နောက် သူ လှုပ်ရှားသွား၏။
ဝီ ...
သူ့ စိတ်ဝိဥာဥ်အစွမ်း အသက်ဝင်လာသည်နှင့် အဆောင်ကျောက်ပြားပေါ်၌ ရှုပ်ထွေးသော ထွင်းစာများ ပေါ်လာပါသည်။
၎င်းထွင်းစာများက တစ်ခုနှင့်တစ်ခု ရောယှက်နေကာ မဟာတာအို ထွင်းစာများအဖြစ် ပေါင်းစည်းသွားကြ၏။
သူ ထိုသို့ ရေးနေစဥ်မှာပင် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ တစ်ခုလုံးရှိ လမ်းစဥ်များမှာ ထွင်းစာများ၏ ဆွဲခေါ်ခြင်းကို ခံရပြီး အပြောင်းအလဲ ဖြစ်လာကြသည်။
သို့သော် ထိုအချိန်တွင် ၎င်းကို သတိထားမိသူ မရှိပါချေ။
" နောက်ဆုံးတော့ ပြီးသွားပြီ "
နောက်ဆုံးထွင်းစာအား ရေးပြီးချိန်တွင် လောထျန်း သက်ပြင်းချလိုက်သည်။
ဝီ ..
ထို့နောက်.. လက်ထဲမှ အဆောင်ကျောက်ပြားဆယ်ခုကို ကြည့်ကာ သူ မျက်မှောင်အနည်းငယ်ကြုံ့သွား၏။
" ဟင်... ဒီဟာက နည်းနည်း ထူးဆန်းနေသလိုပဲ "
သူ ထိုအစီအမံပုံကြမ်းများကို ခါကြည့်ကာ အနည်းငယ် အံ့သြနေပါ၏။
" ငါက မူလအဆင့် မသေမျိုးအစီအမံပုံကြမ်းကို ရေးခဲ့တာလေ.. အခု ဒီဟာတွေက သိပ်လဲမတူသလိုပဲ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သို့သော် တခဏအကြာတွင် သူ ခေါင်းယမ်း၍ ပြန်ပြောလိုက်ပါသည်။
" ထားပါလေ... မူလအဆင့် မသေမျိုးအစီအမံ
မဟုတ်ရင်တောင် သာမာန် အဆင့်ကိုး အစီအမံပုံကြမ်းထက်တော့ အများကြီးသာပါတယ်။ ဒါနဲ့ဆို လုံလောက်မှာပါ "
လောထျန်း ထိုသို့တွေးကာ ထို အစီအမံပုံကြမ်း ဆယ်ခုအား အကျ်ီလက်ထဲသို့ သေချာထည့်လိုက်သည်။
ဟင်းလင်းပြင်လက်စွပ် သုံးမရခြင်းက အဆင်အတော်မပြေပါ ...
" မဖြစ်ဘူး.. ငါ့ရဲ့ စိတ်ဝိဥာဥ်အစွမ်း တော်တော်ကုန်သွားပြီ ၊ မြန်မြန်ပြန်ဖြည့်မှ ရမယ် ။ ကောင်းကင်ဘုံ ပုံရိပ်ဖော်ကျင့်စဥ် ... .... ပြန်ပြည့်သွားပြီ "
လောထျန်း ပြောနေရင်းပင် ကောင်းကင်ဘုံပုံရိပ်ဖော်ကျင့်စဥ်ကို ကျင့်ကြံ၍ စိတ်ဝိဥာဥ်အစွမ်းအား ပြန်ဖြည့်တင်းလိုက်သည်။
အခြားသူများသာ သူလုပ်သွားသည့် အမြန်နှုန်းကို မြင်ပါက တုန်လှုပ်သွားကြမည် မလွဲပေ ။
သို့သော် လောထျန်းမှာကား လက်ရှိတွင် ထိုကိစ္စများ
ကို တွေးနေရန် အချိန်မရှိပါ ။
" မသေမျိုးအစီအမံပုံကြမ်းတွေ များလွန်းတယ်... ဒီတိုင်း အကုန်စုချည်ပြီးတော့ပဲ ကျောပိုးပြီး သယ်ရုံပေါ့ "
လောထျန်း စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည် ။ ထို့နောက် အနားရှိ တောအုပ်ထဲဝင်၍ သစ်ကိုင်းများချိုးပြီး ကြိုးအဖြစ် လိမ်ကျစ်လိုက်၏။ ပြီးနောက်မှ ထိုကြိုးဖြင့် အစီအမံပုံကြမ်းများကို တောင်ငယ်သခုသဖွယ် စုချည်ကာ ကျောတွင်ပိုးလိုက်သည်။
သူ့အရပ်ထက်ပင် အဆများစွာပိုမြင့်နေသော ထိုအစီအမံပုံကြမ်း အထပ်လိုက်ကြီးကို ကြည့်ရင်း လောထျန်းအနည်းငယ်လည်း နောင်တရသွား၏။
ယခုလိုဖြစ်မည်ကိုသာ သူ ကြိုတွေးမိခဲ့ပါက အဆောင်ကျောက်ပြားအလွတ်များကို ယခုလောက်များများ လဲခဲ့မည်မဟုတ်ပါ ။
" ကဲ... အခု ရတနာတွေရှာရမယ် "
လောထျန်း တွေးကာ လေထဲပျံတက်ရန် ပြင်လိုက်သည်။
သို့သော်.. သူ အစွမ်းကို ထုတ်လိုက်သည်နှင့် သူ့ကိုယ်ထဲမှ စိတ်စွမ်းအင်များက ဖိနှိပ်ခံလိုက်ရပါ၏။
" ဟင်... ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ကျင့်ကြံခြင်းကို တကယ်ကြီးဖိနှိပ်ထားနိုင်တာပဲ ။ ဒါပေမယ့်... ငါ စိတ်စွမ်းအင်ကို အတင်းကြီး ထုတ်သုံးရင်ရော... "
လောထျန်း အတွေးဝင်ကာ မျက်မှောင်ကြုံ့လိုက်သည်။
သူ့ အသိစိတ်ပင်လယ်ထဲတွင် စိတ်စွမ်းအင်များ ထိုးတက်လာ၏။
ချက်ချင်းမှာပင် သူ့ စိတ်စွမ်းအင်များ စတင်လှုပ်ရှားလာတော့သည်။
" အင်... အချုပ်အနှောင်ကို အတင်းအားသုံးပြီး ဖွင့်လို့ရတာပဲ "
၎င်းကို မြင်သည်နှင့် လောထျန်းတစ်ယောက် ပျော်သွား၏။
သို့သော်.. ထိုစဥ်တွင်..
ဝုန်း ....
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသတစ်ခုလုံး ရုတ်ချည်း တုန်ခါလာပါသည်။
လေထဲတွင်ရှိနေသော ထွင်းစာများလည်း ပြိုကွဲသွားပြီး ... လေထုတစ်ခုလုံး အချိန်မရွေး ပြိုကွဲပျက်စီးသွားတော့မလို ဖြစ်လာ၏။
လောထျန်းတစ်ယောက် ၎င်းကိုမြင်ပြီး လန့်သွားကာ အစွမ်းများ ကျင့်ကြံနေခြင်းကို ရုတ်ချည်း ရပ်လိုက်သည်။
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသတစ်ခုလုံးလည်း ပြန်လည်ငြိမ်သက်သွား၏။
" ဒါ... အချုပ်အနှောင်ကို အားသုံးပြီးဖွင့်ဖို့က မခက်
ပေမယ့် အဲ့လိုလုပ်လိုက်ရင် လျှို့ဝှက်ဒေသက ငါ့ကြောင့် ပေါက်ကွဲသွားလိမ့်မယ် ။ ငါက ဒီကို ပြိုင်ပွဲဝင်ဖို့ ရောက်လာတာလေ ။ အစောပိုင်းကလဲ စာမေးပွဲစစ်တဲ့သူတစ်ယောက်ကို သတ်ပြီးတော့ သူတို့ရဲ့ စမ်းသပ်ပွဲခန်းမကိုပါ သန့်စင်ပြီးသွားပြီ ။ အခု သူတို့ရဲ့ လျှို့ဝှက်ဒေသကို မဖျက်ဆီးတာ ကောင်းပါတယ် "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
သို့သော်.. သူ အစောပိုင်းက လုပ်လိုက်သော အကွက်ကပင် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသအား ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်နိုင်သည်ကို လောထျန်း မသိရှာပါ ။
ထိုစဥ် လျှို့ဝှက်ဒေသဝင်ပေါက်တွင် ရှိနေသော သခင်ကြီးလုံ မျက်နှာပျက်နေပါ၏။
" သခင်ကြီးလုံ... ဘာတွေဖြစ်သွားတာလဲ "
ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ ပထမအကြီးအကဲက လူတစ်စုနှင့်အတူ အပြေးရောက်လာသည်။
သခင်ကြီးလုံ သူ့ကို လှမ်းကြည့်ပြီး ကြောက်ရွံ့နေ
ဟန်ဖြင့် ပြော၏။
" ကျုပ်လဲ မသိဘူးဗျ ။ ဒါပေမယ့်.. ခုနက ကြောက်စရာကောင်းတဲ့ အစွမ်းတစ်ခု ရုတ်တရက်ကြီး ပေါ်လာပြီးတော့ လျှို့ဝှက်ဒေသ တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလို ဖြစ်သွားခဲ့တာ "
" ဘယ်လို... ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသကို ဖျက်ဆီးတော့မလိုဖြစ်တာ.. "
ထိုစကားကို ကြားလိုက်ရသူများအားလုံး မျက်နှာများ ဖြူရော်သွားကြသည်။
" မဟုတ်မှလွဲရော... လျှို့ဝှက်ဒေသရဲ့ အချုပ်အနှောင် ပြေသွားတာလား "
ပထမအကြီးအကဲ မျက်မှောင်ကြုံ့သွား၏။
သခင်ကြီးလုံက အံကြိတ်ကာ ပြန်ပြောသည်။
" ဖြစ်ကောင်းဖြစ်နိုင်တယ်ဗျ... "
ထိုစဥ် အကြီးအကဲတစ်ယောက်က သံသယမျက်လုံးများဖြင့် မေးလာသည်။
" အချုပ်အနှောင် ... ဘယ်လိုအချုပ်အနှောင်လဲ "
အနားတွင် ရှိနေသူများလည်း နားမလည်နိုင် ဖြစ်ကုန်ကြသည်။
ပထမအကြီးအကဲက ဘေးသို့ တစ်ချက်လှည့်ကြည့်၍ ပြော၏။
" ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသ အောက်မှာ အင်မတန် အန္တရာယ်များတဲ့ အရာတစ်ခုကို ချုပ်နှောင်ထားတယ် ။ တကယ်လို့ အဲ့အရာကြီးသာ ကမ္ဘာကြီးမှာ ပေါ်လာခဲ့ရင်... ဒေသကိုးခုလုံး မဟုတ်ရင်တောင် ချင်းယွမ်ဒေသတစ်ခုလုံး ဒုက္ခရောက်ကုန်ကြမှာ "
" ဘယ်လို... ဒါဆိုရင်... ဟို ဒဏ္ဍာရီက မှန်နေတာလား "
" အဲ့ဒါ ဘယ်လိုအရာလဲ "
အားလုံး တုန်လှုပ်သွားကုန်ကြသည်။
ထိုစဥ် သခင်ကြီးဟောင်က ရုတ်တရက် ဝင်ပြော၏။
" ပထမအကြီးအကဲ .. အဲ့အရာက အန္တရာယ်များ
လွန်းတာဆိုတော့ ကျေးဇူးပြုပြီး စမ်းသပ်ပွဲကို ရပ်လိုက်ပါလားဗျာ ။ ပြီးရင် အားလုံးကို ပြန်ထွက်လာခိုင်းလိုက်ပါ "
သူ နှစ်ပေါင်းများစွာ ကြာပြီးမှ လောထျန်းနှင့် ယွဲ့လီလို ပါရမီရှင်များအား တွေ့ခဲ့ရခြင်း ဖြစ်ပါသည်။ အကယ်၍သာ မျှော်လင့်မထားသော ကိစ္စများကြောင့် သူတို့နှစ်ယောက်ကို ဆုံးရှုံးလိုက်ရလျှင် နှမျောစရာ ကောင်းလှပါ၏။
သို့သော်.. သခင်ကြီးလုံက အောင့်သက်သက်အပြုံးဖြင့်သာ ပြန်ပြောသည်။
" ရပ်ဖို့က... မဖြစ်နိုင်တော့ဘူး "
" ဟင်... အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ "
သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွား၏။
သခင်ကြီးလုံက လျှို့ဝှက်ဒေသ ဝင်ပေါက်သို့ လှမ်းကြည့်ရင်း ပြောသည်။
" ခုနက အားလုံး တုန်ခါသွားပြီးတဲ့အချိန်မှာ ငါ လူနည်းနည်းလောက်ကို အပြင်ပြန်ထုတ်ဖို့ ကြိုးစားကြည့်ခဲ့သေးတယ်ကွ ။ ဒါပေမယ့်... လျှို့ဝှက်ဒေသ
ဝင်ပေါက်က လုံးဝကြီး အပိတ်ခံထားရတဲ့ပုံပဲ "
" ဘယ်လို... အဲ့လိုဆို သူတို့အတွက် အန္တရာယ်ကြီးသွားမှာပေါ့ ။ ပြန်ဖွင့်လို့ရော မရဘူးလား "
သခင်ကြီးဟောင် တုန်လှုပ်စွာ ပြောလိုက်သည်။
သခင်ကြီးလုံ ပြန်ပြောပါ၏။
" လျှို့ဝှက်ဒေသရဲ့ဝင်ပေါက် ပိတ်သွားပြီဆိုတာနဲ့ ငါလဲ ပြန်ဖွင့်လို့မရတော့ဘူး ။ ပြန်ဖွင့်နည်းက နှစ်ခုပဲရှိတာ "