← Chapters

အခန်း (၈၄၂)

Vol. 61 Ch. 842

အခန်း (၈၄၂)

Vol. 61 Ch. 842

" အဲ့နည်းလမ်းက ဘာတွေလဲ "

သခင်ကြီးဟောင် မေးလိုက်သည်။

သခင်ကြီးလုံ မျက်မှောင်ကြုံ့ရင်း ပြန်ပြော၏။

" ပထမတစ်ခုက... ငါ အစောပိုင်းတည်းက လျှို့ဝှက်ဒေသထဲမှာ ကန့်သတ်ချက်တစ်ခု ထားထားတာမို့ နောက်ဆယ်ရက်နေရင် သူတို့အားလုံး အပြင်ကို တည်နေရာပြန်ရွှေ့ပြောင်းလာကြမှာ ။ အဲ့ကျရင် လျှို့ဝှက်ဒေသဝင်ပေါက်ကလဲ ပြန်ပွင့်လာလိမ့်မယ် "

သခင်ကြီးဟောင် ပြောလိုက်သည်။

" ဒါပေမယ့်.. အဲ့ဒါက အကြာကြီးလိုသေးတာလေ ။ ဒီကြားထဲမှာ မမျှော်လင့်တာ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် .... "

သခင်ကြီးလုံ ခေါင်းညိတ်ပြပါသည်။

" ဟုတ်တယ် ။ အဲ့တော့ ရွေးရမယ့် ဒုတိယနည်းက မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ကို ခေါ်ပြီး ဝင်ပေါက်ကို အပြင်ကနေ အားသုံးဖွင့်ဖို့

ပဲ "

သူ့စကားဆုံးချိန်တွင် အားလုံး တိတ်သွားကြ၏။

မူလအဆင့် မသေမျိုးအစီအမံပညာရှင် တဲ့လား...

ဤကမ္ဘာကြီးတွင် ထိုသို့သော လူမျိုး ဘယ်နှယောက် ရှိပါသနည်း ။

အကယ်၍ ရှိခဲ့လျှင်ပင် ... ထိုသို့သော လူမျိုးကို ရှာရန် ခက်လှပါသည်။

ထိုစဥ် ပထမအကြီးအကဲ ပြော၏။

" ဒီမှာရှိကြတဲ့ အစီအမံမြင့်မြတ်နယ်မြေ အဖွဲ့တွေအားလုံးကို သတင်းပို့လိုက်မယ် ။ တကယ်လို့ ဖြစ်နိုင်ရင် သူတို့ရဲ့ ဘိုးဘေးတွေကိုရှာပြီး ငါတို့ကို လာကူညီပေးဖို့ ပြောလိုက်မယ်ကွာ ။ ပြီးတော့... အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တွေကိုရော လိုက်ရှာပြီးတော့ သူတို့ကို အဖြေစဥ်းစားခိုင်းလိုက်ဦး "

သခင်ကြီးလုံ ခေါင်းထပ်ညိတ်လိုက်သည်။

" အဲ့တစ်နည်းပဲ ရှိတော့တာ "

ထို့နောက် .. သူ ခေတ္တမျှ တွန့်ဆုတ်သွားပြီး ပြော၏။

" အကြီးအကဲ... အားလုံး ၊ လောလောဆယ် လျှို့ဝှက်ဒေသထဲမှာ အန္တရာယ်အများဆုံးက ဟို ချုပ်နှောင်ထားတဲ့အရာကြီး မဟုတ်ဘူးလို့ ကျုပ် ထင်တယ် "

" ဟင်... "

အားလုံးက သူ့ဘက် လှည့်ကြည့်လိုက်ကြသည်။

သခင်ကြီးလုံ ပြော၏။

" အဲ့အရာက ချုပ်နှောင်ဖိနှိပ်ခံထားရတာ နှစ်တွေအများကြီး ကြာခဲ့ပြီဆိုတော့ သူ အချုပ်အနှောင်ကနေ ထွက်ချင်ရင်တောင် ချက်ချင်းကြီးတော့ လုပ်နိုင်မှာမဟုတ်ဘူး "

" အဲ့ လျှို့ဝှက်ဒေသထဲမှာ ရှိနေကြတဲ့ နတ်ဆိုးသားရဲတွေကမှ တကယ့်အန္တရာယ်တွေ ။ အဲ့ကောင်တွေက လျှို့ဝှက်ဒေသရဲ့ ချုပ်နှောင်ကန့်သတ်တာကိုလဲ မခံထားရဘူး ။ အခု လျှို့ဝှက်ဒေသဝင်ပေါက်က ချုပ်နှောင်ခံထားရတယ်ဆိုတာကို ထိပ်တန်းအဆင့်

နတ်ဆိုးသားရဲတွေ သတိထားမိကြမှာပဲ ။ တကယ်လို့ သူတို့သာ အဲ့အခြေအနေကို အခွင့်ကောင်းယူလာကြရင် ကျုပ်တို့ဘက်က အထဲဝင်ပြီး သူတို့ကို သတ်လို့လဲမရဘူး "

" ပြီးရင်.. အဲ့ကောင်တွေက လျှို့ဝှက်ဒေသထဲမှာ ပိတ်လှောင်ခံထားရလို့ ဒေါသထွက်နေကြတာလေ "

ထိုစကားကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပြန်သည်။

" အဲ့လိုဆိုရင်တော့... ဒုက္ခများပြီ "

ပထမအကြီးအကဲက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ဆိုသည်။

အခြားတဖက် ၊ လျှို့ဝှက်ဒေသအတွင်း၌...

ဝုန်း...

အသံကျယ် တစ်သံနှင့်အတူ တောင်ကြားတစ်ခုထဲမှ လူရိပ်နှစ်ခု လွင့်ထွက်လာသည်။

ဘုတ်... ဘုတ်..

ထိုလူနှစ်ယောက် မြေကြီးပေါ်ရောက်သည်နှင့် သွေးများ အန်သွားကြ၏။

" ချီး... ငါတို့တွေ ဘာဖြစ်လို့ အဲ့လောက်တောင် ကံဆိုးရတာလဲကွာ ။ အခုမှ ဝင်လာတာကို သားရဲအုပ်နဲ့မှ တိုးရတယ်လို့ "

ထိုနှစ်ယောက်ထဲမှ တစ်ယောက်က ခက်ခက်ခဲခဲထရပ်ရင်း ဆိုသည်။ သူ့ပုံမှာလည်း အလွန်ကြောက်ရွံ့ထိတ်လန့်နေကြောင်း သိသာပါ၏။

" ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သိမှာလဲကွ ။ မင်းဆီမှာ မသေမျိုးအစီအမံပုံကြမ်းတွေ ဘယ်လောက်ရှိသေးလဲ "

အခြားတစ်ယောက်က လေသံတိုးတိုးဖြင့် ပြန်မေးသည်။

" သုံးခု ရှိသေးတယ် ။ အဆင့်ခြောက်က နှစ်ခုနဲ့ အဆင့်လေးက တစ်ခု ၊ မင်းရော... "

" ငါက အဆင့် ၇ တစ်ခုနဲ့ အဆင့်လေး ၂ခုကွ "

" အဲ့လောက်နဲ့ဆို လုံလောက်မှာပါ ။ ဒီတစ်ခါ အဲ့သားရဲတွေ အနားရောက်လာရင် ငါ့ရဲ့ အဆင့်ခြောက်အစီအမံပုံကြမ်းကို သုံးပြီးတော့ အားလုံးကို သတ်ပစ်လိုက်မယ် ။ တကယ်လို့ အလုပ်မဖြစ်ရင်တော့ မင်းရဲ့ အဆင့်၇ ကို ထုတ်မှရမယ် "

ပထမလူ ပြောလိုက်သည်။

ဒုတိယလူ၏ မျက်နှာထား ပြောင်းသွား၏။

" အခုမှ အထဲဝင်စလေးကို အစီအမံပုံကြမ်းတွေ ထုတ်သုံးရတော့မှာလား "

ပထမလူ ဒေါသတကြီး ပြန်ပြောလိုက်သည်။

" အခုမှ ဝင်တာတွေ မဝင်တာတွေ အရေးကြီးသေးလို့လားကွ ။ အခု အစီအမံပုံကြမ်းကိုမှ ထုတ်မသုံးရင် ငါတို့နှစ်ယောက်လုံး သေရတော့မှာလေ ။ အဲ့လိုမှမဟုတ်ရင် ... အဲ့သားရဲတွေ ရောက်မလာခင်မှာ မင်း အစီအမံတစ်ခု လုပ်နိုင်မယ် ထင်လား "

ဒုတိယလူ ခဏတာမျှ မှိုင်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

" အေးကွာ.. မင်းပြောသလိုပဲ လုပ်ကြတာပေါ့ "

ထိုအချိန်မှာပင် မြေပြင်တစ်ခုလုံး တုန်ခါသွားကာ ရာပေါင်းများစွာသော သားရဲများ တောင်ကြားထဲမှ ဝုန်းဒိုင်းကြဲပြေးထွက်လာကြ၏။

လူနှစ်ယောက်မှာ ထိုသားရဲများကို ကြည့်ရင်း ဆံပင်များပင် ထောင်သွားကြသည်။

" ဒီလောက် အကွာအဝေးဆို ရပြီ.. အစီအမံကို လုပ်လိုက်တော့ "

နောက်ဆုံး.. သားရဲများ အနားရောက်လာချိန်တွင် ဒုတိယလူက အော်ပြောလိုက်သည်။

ပထမလူက ဘာမှပြန်မပြောဘဲ အစီအမံပုံကြမ်းကို ပစ်ထုတ်လိုက်၏။

" သားရဲကောင်တွေ... မင်းတို့က တိုက်ခိုက်ချင်တယ်ပေါ့လေ ။ ထွက်သွားစမ်းကွာ "

ပထမလူ ဒေါသတကြီး အော်သည်။

ထိုသားရဲများ၏ ကျင့်ကြံခြင်းအဆင့်မှာ မမြင့်လှပေရာ အဆင့်ခြောက် မသေမျိုးအစီအမံပုံကြမ်းဖြင့်ဆိုလျှင် ၎င်းတို့ကို သတ်ရန် လုံလောက်ပါသည်။

ဝုန်း...

အစီအမံပုံကြမ်းက လေထဲတွင်ပင် အသက်ဝင်လာကာ မရေမတွက်နိုင်သော ထွင်းစာများ တမဟုတ်ချင်း ထုတ်လွှတ်လာသည်။ ၎င်းထွင်းစာများက ကြောက်မက်ဖွယ် အစီအမံတစ်ခုအဖြစ် ချက်ချင်းပြောင်းပြီး သားရဲများအား လွှမ်းခြုံသွား၏။

" ရသွားပြီ... "

လူနှစ်ယောက် ပျော်ရွှင်စွာ အော်လိုက်ကြသည်။

သို့သော်.. ထိုစဥ်တွင်..

ဝုန်း ...

ခပ်လှမ်းလှမ်းမှ စွမ်းအင်တစ်ခု ပေါက်ထွက်လာကာ မသေမျိုးအစီအမံဆီ ရောက်လာ၏။

အစွမ်းထက်လှသော အဆင့်ခြောက် မသေမျိုးအစီအမံကြီးမှာ တခဏလေးအတွင်း ပျက်စီးပျောက်ကွယ်သွားတော့သည်။

" ဘယ်လိုဖြစ်ပြီးတော့... "

၎င်းကို မြင်လိုက်ရသော လူနှစ်ယောက်၏ မျက်နှာထားများ ရုတ်ချည်း ပြောင်းကုန်ကြ၏။

အဆင့်ခြောက် မသေမျိုးအစီအမံသည်ပင် ဤမျှအလွယ်တကူ ပျက်စီးသွားခဲ့သည်ဆိုပါက... ရောက်လာသော သားရဲမှာ မည်မျှအစွမ်းထက်ပါသနည်း ။

ထိုစဥ်မှာပင် အသံတစ်သံ ထွက်လာပါသည်။

" ဟား ဟား... လူသားလေးနှစ်ယောက်.. မင်းတို့က အဲ့လောက် မောက်မာရဲကြတယ်ပေါ့လေ "

စကားသံနှင့် မရှေးမနှောင်းမှာပင် ကောင်းကင်ယံမှ အရိပ်တစ်ခု ဆင်းသက်လာပါ၏။

လူနှစ်ယောက် ခေါင်းမော့ကြည့်လိုက်ကြပြီး ချက်ချင်း မျက်လုံးပြူးကုန်ကြသည်။

" အဲ့ဒါ မသေမျိုးသခင်ကြီးအဆင့်ကို ရောက်ထားတဲ့ နတ်ဆိုးကြီးလား "

ပထမလူက အသံတုန်တုန်ဖြင့် ဆိုသည်။

ထိုအဆင့်မျိုးရှိသည့် သားရဲကို အဆင့် ၇ မသေမျိုးအစီအမံပုံကြမ်းသည်ပင် ဘာမှလုပ်နိုင်မည် မဟုတ်ပါ ။

" ဟေ့... ပိုင်ရှောက် ၊ မင်းတစ်ယောက်တည်း စားဖို့ စဥ်းစားနေတာလား "

ထိုစဥ်မှာပင် သူတို့နှစ်ယောက် နောက်မှ အခြားအသံတစ်သံ ထွက်လာပြန်၏။

လူနှစ်ယောက်လုံး အသံလာရာဘက် ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။

တဖက်တွင်ကား .... မသေမျိုးသခင်ကြီးအဆင့် ရောက်ထားသည့် အခြား နတ်ဆိုးကြီးတစ်ကောင်က သူတို့ရှိရာဘက်သို့ လှောင်ပြုံးဖြင့် လျှောက်လာနေသည်။

" ဒီနေရာကို ဘယ်လူသားမှ မရောက်တာ နှစ်ထောင်ချီပြီးတောင် ကြာသွားခဲ့ပြီဆိုတော့.. လူသားက ဘယ်လိုအရသာလဲဆိုတာ မေ့တေ့တေ့ ဖြစ်နေပြီ "

ထိုစဥ်မှာပင် တတိယမြောက်အသံ ထပ်ထွက်လာပြန်သည်။

လူနှစ်ယောက် ချက်ချင်းလှည့်ကြည့်လိုက်ရာ ထင်ထားသလိုပင်... မသေမျိုးသခင်ကြီးအဆင့်ရှိ အခြားနတ်ဆိုးတစ်ယောက်အား တွေ့လိုက်ရ၏။

" ဘာတွေဖြစ်နေတာလဲ... ဒါကြီးက ကံဆိုးလွန်းပါတယ်ကွာ "

လူနှစ်ယောက်လုံး မျက်နှာဆိုးရွားစွာ ပျက်နေပါတော့သည်။

နတ်ဆိုးကြီး တစ်ယောက်တည်းဆိုလျှင်ပင် သူတို့နှစ်ယောက်လုံးကို သတ်ပစ်နိုင်နေလေပြီ ။

ယခု တစ်ပြိုင်နက်တည်း သုံးယောက် ပေါ်လာသည်ဖြစ်ရာ... တိုက်ခိုက်စရာပင် လိုပါဦးမည်လား ။

ထိုစဥ် ပထမလူက သူ့လက်ထဲမှ အဆင့်လေး အစီအမံပုံကြမ်းကို ကြည့်ရင်း ရုတ်တရက် မျက်လုံးများလက်သွား၏။

" ငါ့ကို ကိုင်ထား "

သူ အော်ပြောလိုက်သည်။

ဒုတိယလူမှာ နားမလည်နိုင် ဖြစ်သွားသော်လည်း သူပြောသည့်အတိုင်း လိုက်လုပ်ရှာပါ၏။

ထို့နောက်တွင် ပထမလူက လက်ထဲမှ အစီအမံပုံကြမ်းအား ပစ်လွှတ်လိုက်သည်။

" ဟင်.. အဲ့ဒါက.... "

အချင်းချင်း စကားပြောနေခဲ့ကြသည့် နတ်ဆိုးကြီးသုံးယောက်မှာလည်း ၎င်းကိုမြင်ပြီး မှင်သက်သွားကြ၏။

တခဏကြာသွားမှ.. အဖြူရောင်ဇီးကွက် ပထမဆုံး အသိဝင်လာသည်။

" မဖြစ်ဘူး.. အဲ့ဒါ တည်နေရာရွှေ့ပြောင်း အစီအမံပဲကွ ။ သူတို့ကို မြန်မြန်တားလိုက် "

ကျန်နတ်ဆိုးသားရဲကြီး နှစ်ယောက်လည်း ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

ဝုန်း.... ဝုန်း ...

အသံကျယ်နှစ်သံ ထွက်လာသော်လည်း... နောက်ကျသွားခဲ့ပါသည်။

" ချီး... အဲ့ဒါ မင်းတို့မှားတာ ။ မင်းတို့ကြောင့် ဟိုနှစ်ကောင် ထွက်ပြေးသွားနိုင်တာ "

အဖြူရောင်ဇီးကွက်က မကျေမနပ် ပြောလာသည်။

" ဟမ့်.. ငါတို့ကို အပြစ်တင်လို့မရဘူး ။ မင်း လှုပ်ရှားတာ နောက်ကျသွားလို့ ဖြစ်တာလေ "

အခြား နတ်ဆိုးတစ်ယောက်က ပြန်ရန်တွေ့၏။

" ဟိုင်လောင် ၊ ဘာအဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာလဲ "

အဖြူရောင်ဇီးကွက်ကြီး ၊ ပိုင်ရှောက်က ဒေါသတကြီး အော်လိုက်သည်။

ဝုန...

ချက်ချင်းမှာပင် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း ထွက်လာသဖြင့် အနီးတဝိုက်တွင် ရှိနေကြ

သော အဆင့်နိမ့်သားရဲများအားလုံး ကြောက်ရွံ့ကာ တစ်ကိုယ်လုံး တုန်သွားကုန်ကြသည်။

အမည်းရောင်ဝတ်စုံနှင့် ဟိုင်လောင်ဆိုသောသူက လှောင်ပြုံးဖြင့် ပြန်ပြော၏။

" ပိုင်ရှောက်.. ငါ မင်းကို ကြောက်မယ်လို့ ထင်နေလား "

ဝုန်း ...

သူ့ထံမှလည်း ပိုင်ရှောက်ထက် အစွမ်းမနိမ့်သည့် ကြောက်မက်ဖွယ်ဖိအားကြီး ထွက်လာသည်။

နတ်ဆိုးသားရဲကြီးနှစ်ယောက် ထိုသို့ တိုက်ခိုက်ခါနီး ဖြစ်နေစဥ်မှာပင်...

တတိယမြောက် နတ်ဆိုးက သူတို့ကြားထဲ ဝင်ရပ်လိုက်၏။

" ဟေ့... ငါတို့အားလုံးက နတ်ဆိုးမျိုးနွယ်စု တစ်ခုတည်းကကွ ။ အဲ့တော့ ငါတို့အချင်းချင်း ဘာလို့တိုက်ခိုက်နေမှာလဲ ။ နောက်ဆုံးတော့ ကောင်းကင်ဘုံ

ကိုးဆင့် လျှို့ဝှက်ဒေသက ငါတို့ဆီ လတ်လတ်ဆတ်ဆတ် လူသားလေးတွေ ပို့လိုက်ပြီလေ ။ လောလောဆယ် အဲ့လူသားတွေကို အမဲလိုက်ဖို့ပဲ ဦးစားပေးစမ်းပါကွာ ။ အဲ့လိုမဟုတ်ဘဲ ကိုယ့်အချင်းချင်း တိုက်ခိုက်နေရင် အဲ့ကောင်တွေပဲ အကျိုးရှိပြီးတော့ ငါတို့ဘက်က ဆုံးရှုံးသွားရမယ်လေ..။ ဟုတ်တယ်မလား "

ပိုင်ရှောက် အံကြိတ်လိုက်သည်။

" လျှို့ဝှက်ဒေသ ဖွင့်တိုင်းမှာ လူသားတွေ နည်းနည်းလေးပဲ ဝင်လာတာလေ ။ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက အဲ့လောက်ကျယ်တာကို ဘယ်လိုလုပ်ပြီး လူသားနဲ့တွေ့ဖို့ လွယ်မှာလဲကွ "

ပိုင်ရှောက် ထိုသို့ ဒေါသထွက်နေစဥ်မှာပင်... သူ့နောက်သို့ သားရဲတစ်ကောင် ရောက်လာသည်ကို မြင်လိုက်ရသည်။

" သခင်ကြီး ပိုင်ရှောက်... "

ထိုသားရဲက အသံတုန်တုန်ဖြင့် စကားစ၏။

" မင်းက ဘာလုပ်မလို့လဲ "

ပိုင်ရှောက် ထိုသားရဲဘက်လှည့်ပြီး ဒေါသတကြီး အော်လိုက်သည်။ သားရဲမှာ သူ့အော်သံကြောင့် သေမတတ်ပင် ကြောက်ရွံ့သွားရှာ၏။

ထို့နောက် ၎င်းက ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်ပြောရှာသည်။

" ဟို.... ဟိုနားလေးကို ကြည့်လိုက်ပါဦးဗျ "

ပိုင်ရှောက် အံ့အားသင့်သွားကာ သားရဲ ညွှန်ပြသည့်ဘက် ချက်ချင်းလှည့်ကြည့်လိုက်သည်။

တောင်ကြားတဖက်တွင်ကား... ပေသုံးဆယ်ခန့် အမြင့်ရှိသည့် တောင်ငယ်လေးတစ်လုံးကို ကျောပေါ်ပိုးလာသော လူငယ်တစ်ယောက်က သူတို့ရှိရာဘက်သို့ လျှောက်လာနေပါသည်။

All Chapters