← Chapters

အခန်း (၈၄၄)

Vol. 61 Ch. 844

အခန်း (၈၄၄)

Vol. 61 Ch. 844

ခပ်လှမ်းလှမ်းသို့ ပြေးနေသော ဟိုင်လောင် အံကြိတ်၍ ပြော၏။

" ဒီမှာ လူသားတွေရဲ့ ကျင့်ကြံခြင်းက ဖိနှိပ်ခံထားရတာလေ ။ သူ့ရဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက အစွမ်းထက်တယ်ဆိုရင်တောင် သူ့ရဲ့ အမြန်နှုန်းက ငါတို့ထက် အများကြီးပိုအားနည်းတယ် ။ အဲ့တော့ သူ ဘယ်လောက်ပဲ အစွမ်းထက်ထက်... သူ့ရဲ့ အစီအမံပုံကြမ်းတွေသာ ငါတို့ကို လိုက်မမှီရင် အသုံးမဝင်ဘူး "

ပိုင်ရှောက် ခေါင်းညိတ်လိုက်သည်။

" မင်းပြောတာ မှန်တယ် ။ ငါတို့ အဲ့အချက်ကိုသုံးပြီးတော့ သူ့ကို ပြန်တိုက်ခိုက်လို့ ရနိုင်တယ် "

နတ်ဆိုးသားရဲနှစ်ယောက်မှာ ထိုတခဏ၌ လောထျန်းအား ကိုင်တွယ်နိုင်မည့် နည်းလမ်းဆယ်ခုကျော်ကိုပင် စဥ်းစားပြီးသွားကြပြီဖြစ်သည်။

ထိုစဥ် တဖက်မှ လောထျန်းမှာ ပြေးထွက်သွားသော သားရဲများကိုကြည့်ရင်း ဒေါသထွက်သွားပါ၏။

" ထွက်ပြေးမယ်ပေါ့လေ.. ဘယ်ကို ပြေးမှာလဲ "

သူ ပြောပြောဆိုဆိုပင် ညာလက်ထဲမှ အစီအမံပုံကြမ်းများအား သားရဲနှစ်ကောင် ပြေးနေသည့်ဘက်သို့ ပစ်လိုက်သည်။

" ဟား ဟား.. ဒီကောင် ရူးသွားပြီလား မသိဘူး "

ဟိုင်လောင်က လောထျန်းဘက် လှည့်ကြည့်ကာ လှောင်ရယ်၏။

သို့သော်.. သူ ထိုသို့ လှည့်ကြည့်လိုက်ချိန်မှာပင် လေကိုခွင်း၍ လာနေသော အသံများကို ရုတ်တရက် ကြားလိုက်ရသည်။

ထို့နောက်...

ဝုန်း ...

သူ့အနောက်ဘက် လေထုထဲတွင် ပေါက်ကွဲသံများစွာ ထွက်လာသည်။

" ဟင်... ဒါက... "

ဟိုင်လောင် နောက်လှည့်ကြည့်လိုက်ရာ.. အနောက်ဘက် မိုင်ဆယ်ဂဏန်းသာ ဝေးသောနေရာ၌ ဖုန်မှုန့်လုံးများစွာ လိမ့်တက်လာသည်ကို မြင်လိုက်ရသည်။

" ဒါ.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။ သူ့ရဲ့ ကျင့်ကြံခြင်းက ဖိနှိပ်မခံထားရဘူးလား "

ဟိုင်လောင် တုန်လှုပ်သွားတော့သည်။

ပိုင်ရှောက်က တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း ပြော၏။

" မဟုတ်ဘူး.. သူ့ရဲ့ ကျင့်ကြံခြင်းက ဖိနှိပ်ခံထားရတယ် "

" ဒါဆို... ခုနက ဖြစ်သွားတာက.. "

ဟိုင်လောင် သူ့ဘက် လှည့်ကြည့်လိုက်သည်။

ပိုင်ရှောက်က အသံတုန်တုန်ဖြင့် ပြော၏။

" သူက.. အဲ့ အစီအမံပုံကြမ်းတွေကို ခန္ဓာကိုယ်အစွမ်းချည်းသက်သက်နဲ့ ပစ်ခဲ့တာ "

" ဘယ်လို... "

ဟိုင်လောင်တစ်ယောက် ပိုပို၍ တုန်လှုပ်သွားသည်။

" သူက ဒီတိုင်းကြီး ပစ်လိုက်တာတောင် အမြန်နှုန်းက အဲ့လောက် ကြောက်စရာကောင်းနေတာလား ။ ဒီကောင်ရဲ့ ခန္ဓာကိုယ်က လူသားရော ဟုတ်သေးရဲ့လား "

သူ ပြောကာ လောထျန်းအား ကြောက်ရွံ့မှုအပြည့်ဖြင့် ကြည့်လိုက်၏။

အစောပိုင်းက သူ လောထျန်းအား လျှို့ဝှက်တိုက်ခိုက်ရန် စဥ်းစားခဲ့သေးပါသည်။

သို့သော်... ယခုတွင်ကား လောထျန်း၏ ကျင့်ကြံခြင်းက ဖိနှိပ်ခံထားရသည့်တိုင် သူ၏ ခန္ဓာကိုယ်အစွမ်း သက်သက်ကိုပင် သူတို့ မယှဥ်နိုင်ကြောင်း သိလိုက်ရလေပြီ ။

ထိုလူမှာ အမှန်တကယ် ကြောက်စရာပါပင်..

ထိုစဥ်တွင် တဖက်မှ လောထျန်းမှာ သူ့လက်ဖြင့်ပစ်လိုက်သော အစွမ်းကိုမြင်ပြီး ကမ္ဘာသစ်တစ်ခုအား တွေ့လိုက်သလို ဖြစ်သွားပါ၏။

" အိုး.. အဲ့လိုလဲ ရတယ်လား.. အဲ့လိုဆိုရင်တော့... "

လောထျန်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားကာ လက်နှစ်ဖက်လုံး ဆန့်ထုတ်လိုက်သည်။

ဝှစ်... ဝှစ်... ဝှစ် ...

ထို့နောက်... သူ လက်နှစ်ဖက်လုံးအပြည့် အစီအမံပုံကြမ်းများကို ယူ၍ သားရဲနှစ်ကောင် ရှိသည့်ဘက် ပစ်လိုက်တော့သည်။

၎င်းကိုမြင်သော ဟိုင်လောင်နှင့် ပိုင်ရှောက်တို့မှာ ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူရော်သွားပြီး လေထဲတွင် အမြန်ရှောင်လိုက်ကြ၏။

မသေမျိုးအစီအမံပုံကြမ်းများက သူတို့ဘေးမှ တစ်ခုပြီးတစ်ခု ဖြတ်သွားသည်ကိုကြည့်ရင်း နတ်ဆိုးသားရဲကြီးနှစ်ယောက် သေမတတ်ပင် ကြောက်ရွံ့သွားကြသည်။

အကယ်၍ ထို အစီအမံပုံကြမ်းသာ သူတို့ပေါ်တွင် ပေါက်ကွဲသွားပါက သူတို့နှစ်ယောက်လုံး သေရမည်မလွဲပါ ။

" ခဏနေဦး... ပိုင်ရှောက် ၊ ငါ သူ့ရဲ့အားနည်းချက်ကို သိသွားပြီ "

ထိုစဥ် ပိုင်လောင်က ရုတ်တရက် ပြောလာသည်။

" ဟင်.. ဘာအားနည်းချက်လဲ "

ပိုင်ရှောက်က အစီအမံပုံကြမ်းကို ရှောင်နေရင်း မေး၏။

" ကြည့်လိုက်ဦး ... သူ့ရဲ့ အစီအမံပုံကြမ်းတွေက ငါတို့နောက်ဘက်မှာ ပေါက်ကွဲနေတာ "

ဟိုင်လောင် ပြောလိုက်သည်။

" အဲ့ဒါ ဘာအဓိပ္ပါယ်လဲ ၊ ပြောမှာသာ ပြောစမ်းပါ "

ပိုင်ရှောက် စိတ်မရှည်တော့ပါ ။

ဟိုင်လောင်က လှောင်ပြုံးဖြင့် ပြန်ပြောသည်။

" ငါပြောချင်တာက.. သူ့ရဲ့ မသေမျိုးအစီအမံပုံကြမ်းတွေက အသက်ဝင်ဖို့ အချိန်ယူရတယ်ကွ ။ အဲ့လို အသက်ဝင်မလာခင်မှာတော့ ဒီတိုင်း အဆောင်

ကျောက်ပြားတွေပဲလေ ။ အဲ့တော့.. ဒီလောက်အကွာအဝေးနဲ့ဆို သူ့ရဲ့ အစီအမံပုံကြမ်းတွေက ငါတို့ကို ထိမိရင်တောင် ငါတို့က အဲ့ဒါကို မြန်မြန်လွင့်ပစ်လိုက်နိုင်ရင်.. ဘာပြဿနာမှ မဖြစ်နိုင်ဘူး ။ အဲ့တော့.. ဒီလောက်အကွာအဝေးနဲ့ဆို ငါတို့ ဘေးကင်းတယ်ကွ "

ပိုင်ရှောက် အံ့အားသင့်သွားကာ သူ့ဘက် လှည့်ကြည့်လိုက်သည်။

ဟိုင်လောင်က အပြုံးဖြင့် ဆက်ပြော၏။

" မင်း မယုံရင် ငါ လက်တွေ့စမ်းသပ်ပြမယ် "

သူ ပြောပြောဆိုဆိုပင် သူ့ထံသို့ ဝင်လာနေသည့် အစီအမံပုံကြမ်းတစ်ခုကို ကြည့်လိုက်သည်။ ထို့နောက်.. ၎င်းကို မရှောင်တော့ဘဲ ဖမ်းဆုပ်ရန် လက်လှမ်းလိုက်ပါ၏။

" သေချာကြည့်ထား "

ဟိုင်လောင် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက်တွင်မူ.. သူ့လက်က အစီအမံပုံကြမ်းနှင့်

ထိသွား၏။

" အစီအမံပုံကြမ်းက အသက်မဝင်လာသေးဘူး "

၎င်းကို မြင်လိုက်ရသော ပိုင်ရှောက်၏ မျက်လုံးများထဲ ဝမ်းသာမှု အရိပ်အယောင်တို့ ပေါ်လာသည်။

ဟိုင်လောင်၏ မှန်းဆချက်များက မှန်ကန်သည့်ပုံပါပင် ။

သို့သော်... ထိုစဥ်..

ဝုန်း..

ဟိုင်လောင်၏ လက်က သွေးမှုန်များအဖြစ် ရုတ်ချည်းပြောင်းသွား၏။

ဝှစ်...

အစီအမံပုံကြမ်းက ရှေ့ဆက်တိုးသွားကာ ခပ်လှမ်းလှမ်း၌ ပေါက်ကွဲထွက်သွားသည်။

" အား..... "

ဟိုင်လောင်ထံမှ စူးစူးဝါးဝါး အော်သံကြီးထွက်လာပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ယင်လာ၏။

" ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ ။ သူ့ရဲ့ မသေမျိုးအစီအမံပုံကြမ်းက အဲ့လောက်အစွမ်းထက်တာလား "

သူ တုန်လှုပ်စွာ ဆိုသည်။

၎င်းကိုမြင်သော ပိုင်ရှောက်တစ်ယောက် မျက်နှာဆိုးရွားစွာ ပျက်သွားပါ၏။

" ခုနက... အစီအမံပုံကြမ်းရဲ့အစွမ်း မဟုတ်ဘူးကွ "

ရုတ်တရက်.. ပိုင်ရှောက် တုန်တုန်ယင်ယင် ပြောလာသည်။

" မင်း ဘာကိုဆိုလိုတာလဲ "

ဟိုင်လောင် နားမလည်နိုင် ဖြစ်သွား၏။

ပိုင်ရှောက်က တံတွေးကို ခက်ခက်ခဲခဲမြိုချရင်း ပြောသည်။

" အဲ့ဒါ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းပဲ ။ တကယ်လို့ မသေမျိုးအစီအမံပုံကြမ်း မဟုတ်ဘဲနဲ့ ကျောက်တုံးတစ်

တုံး ၊ ဒါနှမဟုတ် သစ်ကိုင်းတစ်ခု ဆိုရင်တောင် ရလဒ်က အတူတူပဲဖြစ်မှာ ။ မင်းလက်က သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းကြောင့် ပျက်စီးသွားခဲ့တာ "

" ဒါ ... "

ထိုစကားကြောင့် ဟိုင်လောင် ပို၍ပင် တုန်လှုပ်သွားရတော့သည် ။

သူ အသက်ရှင်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည့်တိုင် ထိုသို့သော လူသားတစ်ယောက်ကို ယခုမှ ပထမဆုံး တွေ့ဖူးခြင်းပင် ။

ထိုလူသားက ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသည့်တိုင် ခန္ဓာကိုယ်အစွမ်းသက်သက်ကို သုံး၍ သူ့အား စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်ပါသည်။

ထို မသေမျိုးအစီအမံပုံကြမ်းများကိုပင် သုံးစရာမလိုပါ ။

" ပြေးတော့.. ပြေးနိုင်သလောက်သာ ပြေး ။ အဲ့ကောင်နဲ့ မပတ်သက်မိစေနဲ့ "

ပိုင်ရှောက် အံကြိတ်ကာ ပြောလိုက်သည်။

ပိုင်လောင် ခေါင်းညိတ်လိုက်ပြီး ဒဏ်ရာများအား အံကြိတ်ခံ၍ နောက်လှည့်ပြေးသွားတော့သည်။

တဖက်မှ လောထျန်းမှာကား သားရဲနှစ်ကောင်ကို အစီအမံပုံကြမ်းများဖြင့် ပစ်၍ မမှီနိုင်ဖြစ်နေသဖြင့် ဒေါသ ပိုထွက်လာပါ၏။

" ဒီကောင်တွေကို အစီအမံပုံကြမ်းတွေ လက်အပြည့်ကြီးယူပြီး ပစ်တော့ မထိဘူးဖြစ်နေတယ် ။ တစ်ခုချင်းစီ ပစ်ရင်ရော... "

လောထျန်း ထိုသို့တွေးပြီး အစီအမံပုံကြမ်းတစ်ခုကို ယူ၍ သားရဲနှစ်ကောင် ပြေးသွားသည့်ဘက် သေချာချိန်လိုက်သည်။

" ရော့ကွာ "

ဝှစ် ....

မသေမျိုးအစီအမံပုံကြမ်း လွင့်သွားသည်။

တဖက်မှ အသည်းအသန် ပြေးနေသော ဟိုင်လောင်တစ်ယောက် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားမိလိုက်၏။

အစောပိုင်းက အဆက်မပြတ် ရှိနေခဲ့သော တိုက်ခိုက်မှုများ ဘယ်ရောက်သွားပါသနည်း ။

သူ မနေနိုင်တော့ဘဲ နောက်လှည့်ကြည့်လိုက်ရာ.... မသေမျိုးအစီအမံပုံကြမ်း တစ်ခုက ယခင် အစီအမံပုံကြမ်းများထက် ပိုမြန်သောအရှိန်ဖြင့် သူ့မျက်နှာတည့်တည့် တိုးဝင်လာသည်ကို မြင်လိုက်ရသည်။

သူ ရှောင်တိမ်းလိုက်ချင်သော်လည်း.. နောက်ကျသွားခဲ့လေပြီ ။

ဝုန်း ...

အစီအမံပုံကြမ်းက သူ့မျက်နှာဖြင့် ထိစဥ်မှာပင် ပေါက်ကွဲထွက်သွားကာ သူ့ခေါင်းအား ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက်..

ဝီ ...

အစီအမံပုံကြမ်း အသက်ဝင်လာပြီး သူ့ခန္ဓာကိုယ်အား ဖျက်ဆီးလိုက်ပါတော့၏။

" ဒါ.... "

၎င်းကို အစအဆုံး မြင်လိုက်ရသော ပိုင်ရှောက်တစ်ယောက် ဒေါသူပုန်ထသွားသည်။

ဟိုင်လောင်မှာ အစီအမံပုံကြမ်းကြောင့် အသတ်မခံရဘဲ ထိုလူသား၏ အစွမ်းသက်သက်ကြောင့် သေဆုံးသွားခဲ့ရသည်ကို သူ သေချာပင် မြင်လိုက်ပါ၏။

လူသားမျိုးနွယ်စုမှာ ကြောက်စရာကောင်းလှပါတကား ...

သူ လောထျန်းဘက် ချက်ချင်းလှည့်ကြည့်လိုက်ရာ လောထျန်းက အစီအမံပုံကြမ်း နောက်တစ်ခုကို ယူ၍ သူ့ဘက်သို့ပစ်ရန် ချိန်နေသည်ကို တွေ့လိုက်ရသည်။

ထိုတခဏ၌ ပိုင်ရှောက် အလွန်ထိတ်လန့်ကြောက်ရွံ့သွား၏။

" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့ အသက်ချမ်းသာပေးပါဗျာ ။ ကျုပ်ကို မသတ်ပါနဲ့. .. ကျုပ် ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေအားလုံးကို သခင်ကြီးလက်ထဲ ထည့်ပေးပါ့မယ် "

ပိုင်ရှောက် ငိုကြွေးရင်း အော်ပြောလိုက်သည်။

" ဟင်... "

လောထျန်း ရုတ်တရက် ရပ်သွား၏။

" ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေတဲ့... ။ ဟုတ်သားပဲ.. ငါ မေ့တော့မလို့ ၊ ဒီပြိုင်ပွဲမှာ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေကို စုရမှာ "

လောထျန်း အတွေးရကာ အစီအမံပုံကြမ်းအား ပစ်ရန် ပြင်နေရာမှ ပြန်သိမ်းလိုက်သည်။

" ဒီကိုလာခဲ့ .. "

သူ အော်ပြောလိုက်၏။

ပိုင်ရှောက်မှာ ထိုစကားကိုကြားပြီး အလွန်ကြောက်ရွံ့တုန်လှုပ်သွားသော်လည်း... အံကြိတ်၍သာ လောထျန်းရှေ့ သွားလိုက်သည်။

" တွေ့ရတာ ဝမ်းသာပါတယ် သခင်ကြီး "

သူ လူသားတစ်ယောက်ရှေ့တွင် ယခုကဲ့သို့ ဒူးထောက်ရလိမ့်မည်ဟု ပိုင်ရှောက် လုံးဝ ထင်မထားခဲ့ပါချေ။

သို့သော်.. မည်သို့မှလည်း မတတ်နိုင်ပါ ။ လောထျန်းမှာ သေမင်းထက်ပင် ပိုကြောက်စရာ ကောင်းနေသည် မဟုတ်ပါလား..

" ခုနက.. မင်း ရှားပါးရတနာတွေလို့ ပြောလိုက်တာလား "

လောထျန်း မေးလိုက်သည်။

ပိုင်ရှောက်က ချက်ချင်းပြန်ဖြေ၏။

" ဟုတ်ပါတယ် ။ ဒီ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ ထိပ်တန်းအဆင့် ကောင်းကင်နဲ့မြေကြီး ရတနာတွေ လေးခုရှိပါတယ် ။ ဒုတိယတန်းစား ရတနာကတော့ ဆယ့်သုံးခုနဲ့ တတိယတန်းစား

ရတနာက ၃၆ ခုပါ ။ ကျုပ်ကတော့ ဒုတိယတန်းစား ကောင်းကင်နဲ့မြေကြီး ရတနာတွေကို စောင့်ကြပ်ရတဲ့သူပါ "

All Chapters