← Chapters

အခန်း (၈၄၇)

Vol. 61 Ch. 847

အခန်း (၈၄၇)

Vol. 61 Ch. 847

ယွဲ့လီသည် ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲသို့ တည်နေရာရွှေ့ပြောင်းလာပြီး မကြာခင်မှာပင် ကံကောင်းထောက်မစွာဖြင့် သူမ ရောက်လာသည့်နေရာနှင့် မနီးမဝေး၌ ဂူတစ်လုံးကို ရှာတွေ့ခဲ့ပါ၏။

ထိုဂူထဲတွင်လည်း မသေမျိုးသစ်သီးတစ်လုံး ရှိနေခဲ့သည်။

ထို့ကြောင့် သူမ ပျော်သွားပြီး ၎င်းသစ်သီးကို ခူးယူရန် ကြိုးစားခဲ့၏။

သို့သော် ထိုစဥ်မှာပင် သားရဲကြီးတစ်ကောင် ရုတ်တရက်ပေါ်လာကာ သူမကို တိုက်ခိုက်ခဲ့သည်။

ပုံမှန် အပြင်ကမ္ဘာတွင်ဆိုပါက သူမ ထိုသားရဲကို ကြောက်မည်မဟုတ်ပါချေ။

သို့သော် လျှို့ဝှက်ဒေသထဲ၌ သူမ၏ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသည့်အပြင် အဆင့်ကိုး မသေမျိုး

အစီအမံပုံကြမ်းကိုလည်း လွယ်လွယ်ထုတ်မသုံးချင်ခဲ့သဖြင့် ..

သူမ စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ထွင်းစာများ ရေးပြီးတော့သာ သားရဲအား တိုက်ခိုက်ခဲ့ရသည်။

သို့သော်လည်း ထိုထွင်းစာများမှာ အစီအမံအစစ်များ မဟုတ်ရာ .. ရန်သူနှင့် ရင်ဆိုင်ရာ၌ ထင်ထားသည်ထက် ပိုခက်ခဲပါ၏။

မည်သို့ပင်ဆိုစေ ကံကောင်းစွာပင်.. သူမ နောက်ဆုံး၌ အနိုင်ရခဲ့ပါသည်။

သူမ အသက်ပြင်းပြင်းရှိုက်ကာ အနောက်ဘက်ရှိ မသေမျိုးသစ်သီးအား လှည့်ကြည့်လိုက်သည်။

" လင်းလုံမီးတောက်သစ်သီးပဲ... ၊ ဒီဟာကို ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲမှာ အဆင့်ငါး ရတနာလို့ သတ်မှတ်ထားမယ်နဲ့တူတယ် "

သူမ ပြောပြောဆိုဆိုပင် လင်းလုံမီးတောက်သစ်သီးအား ခူးလိုက်သည်။

ထို့နောက် မြေပြင်တွင် လဲကျသေဆုံးနေသော သားရဲအလောင်းဆီသို့ အကြည့်ရောက်သွား၏။

" ဒီသားရဲရဲ့ အတွင်းအမြုတေကလဲ အဆင့်ငါး ရတနာ ဖြစ်လောက်မှာ ။ ဟင်းလင်းပြင်လက်စွပ်ကို သုံးမရတော့ သားရဲအလောင်းကို ပြန်ယူသွားလို့လဲ မရဘူး ။ မဟုတ်ရင် ငါ့ဆီမှာ နောက်ထပ် အဆင့်ငါးရတနာ ရနေမှာ "

ယွဲ့လီ ပြောပြီး သားရဲ၏ အတွင်းအမြုတေကို ထုတ်ကာ အကျ်ီလက်ထဲ ထည့်လိုက်သည်။

" အခုက လောထျန်းကိုရှာတာ အကောင်းဆုံးပဲ ။ သူနဲ့သာ အတူတူပေါင်းလိုက်ရင် တာအိုကျောင်းတော်ကို ဝင်ရှာလို့ရမှာ ။ ကံကောင်းရင် မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေရဲ့ အမွေအနှစ်ကိုတောင် ရနိုင်သေးတယ် "

ယွဲ့လီ တွေးကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော်.. ထိုစဥ် မလှမ်းမကမ်းမှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

" ဟင်.. ဒီမှာ တစ်ယောက်ယောက် ရှိနေတာလား "

ယွဲ့လီ အံ့အားသင့်သွားကာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ဤကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသထဲတွင် မည်သူမဆို ရန်သူတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ပါလား ။

ထို့ကြောင့် သူမ ဂူထဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး အသံလာရာဘက်သို့ ပုန်းလျှိုးကွယ်လျှိုး သွားကြည့်လိုက်သည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ လန့်သွားပါ၏။

" ဟင်.. ဘာဖြစ်လို့ သူတို့လဲ "

မလှမ်းမကမ်းရှိ တောင်တက်လမ်းတစ်ခုတွင်ကား ဖန်ကွေ့ နှင့် ယဲ့ဖူရှောက်တို့ မျက်နှာချင်းဆိုင် ရှိနေကြပါသည်။

" နတ်ဘုရားသားတော် ယဲ့ ၊ ခင်ဗျားနဲ့ ကျုပ်ကြားမှာ ဘာရန်ငြိုးမှ မရှိထားဘူး မဟုတ်လား ။ အခု ကျုပ်ကို ဘာလို့အခက်တွေ့အောင် လုပ်နေရတာလဲ ။ ကျုပ်တို့သာခုချိန် ပူးပေါင်းလိုက်ရင် အပြင်ကကောင်တွေအားလုံးကို ရင်ဆိုင်လို့ရတယ် ။ ခင်ဗျားဆီမှာရှိတဲ့ မသေမျိုးအစီအမံပုံကြမ်းတွေနဲ့ ကျုပ်မှာရှိတာတွေနဲ့ ပေါင်းပြီးတော့ ဟို လောထျန်းဆိုတဲ့ကောင်ကို သတ်ပစ်ရအောင်ဗျာ "

ဖန်ကွေ့က ပြော၏။

ထိုစကားများကို ကြားသွားသော ယွဲ့လီတစ်ယောက် တစ်ကိုယ်လုံး တုန်သွားသည်။

ထိုနှစ်ယောက်က အတူတူပူးပေါင်းကြရန် ပြင်နေပါသလား...

သို့ဆိုလျှင် လောထျန်း ..

သူမ အလွန်စိတ်ပူမိသွားသည်။

သို့သော် ထိုစဥ် ယဲ့ဖူရှောက်က အေးစက်စက် ပြောလာ၏။

" လောထျန်းကို ငါကိုယ်တိုင် သတ်လို့ရတယ် ။ မင်း စိတ်ပူနေစရာ မလိုဘူး ။ အခု ငါ့ရဲ့ပစ်မှတ်က မင်းပဲ "

ဖန်ကွေ့၏ မျက်နှာထား အနည်းငယ်ပြောင်းသွားသည်။

" သခင်လေးယဲ့ ၊ ကျုပ် ခင်ဗျားကို အဆင့်ရှစ် မသေမျိုးအစီအမံပုံကြမ်း တစ်ခု ပေးပါ့မယ် ။ ကျေးဇူးပြုပြီးတော့ ကျုပ်ကို သွားခွင့်ပေးပါဗျာ "

သို့သော်.. ယဲ့ဖူရှောက်က ခေါင်းသာ ယမ်းပြပါ၏။

၎င်းကိုမြင်သော ဖန်ကွေ့ ဒါသတကြီး အော်လိုက်တော့သည်။

" သခင်လေး ယဲ့ ၊ ကိုယ့်ကိုကိုယ် တကယ်ကြီးပြိုင်ဘက်ကင်းတယ်လို့ ထင်နေတာလား ။ ကျုပ်ကရော ခင်ဗျားကိုကြောက်မယ်လို့ ထင်နေတာလား "

ဝီ...

ဖန်ကွေ့ ပြောပြီး စိတ်ဝိဥာဥ်အစွမ်းကို အသက်သွင်းလိုက်ရာ သူ့ဘေးတွင် ထွင်းစာများ စုစည်းလာကြသည်။

" ယဲ့ဖူရှောက် .. အားလုံးက မင်းကို ဘီလူးကြီးလို့ တင်စားထားကြတာ ။ ဒီနေ့တော့ ငါ မင်းဆီကနေ သင်ယူရတော့မှာပေါ့ "

ဝုန်း...

စကားဆုံးသည်နှင့် သူ့ဘေးမှ ထွင်းစာများက ဓားသွားများအဖြစ် အသွင်ပြောင်းကာ ယဲ့ဖူရှောက်ဆီ တိုးဝင်သွားကြသည်။

၎င်းကို ကြည့်နေသော ယွဲ့လီတစ်ယောက် ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။

ဖန်ကွေ့၏ ထွင်းစာများအပေါ် နားလည်မှုမှာ သူမထက် များစွာပိုသာပါသည်။

ထိုသို့သော အစွမ်းထက်ထွင်းစာမျိုးကို ရေးရန်ဆိုလျှင် သူမအတွက် အချိန်နှစ်ဆလောက် ပိုကုန်နိုင်ပါ၏။

သို့သော်...

ဝီ...

ထိုစဥ်တွင် ယဲ့ဖူရှောက်က ဘာလှုပ်ရှားမှုမျိုးကိုမှ မလုပ်ရပါဘဲ သူ့ကိုယ်ပေါ်၌ အလင်းတန်းလွှာတစ်ခု ရုတ်ချည်းပေါ်လာသည်။

ချွှင်.... ချွှင်.... ချွှင်...

ဖန်ကွေ့၏ တိုက်ခိုက်မှုများက ထိုအလင်းတန်းလိုက်ကာပေါ်သို့သာ ကျပြီး တမဟုတ်ချင်း ပျောက်ကွယ်သွားတော့၏။

" ဒီလို အကာအကွယ်ထွင်းစာတွေ အများကြီးကို ချက်ချင်းရေးလိုက်နိုင်တာလား.. အဲ့ထွင်းစာတွေကလဲ အစွမ်းထက်လိုက်တာ "

ထိုမြင်ကွင်းကို မြင်လိုက်ရသော ယွဲ့လီမှာ ကိုယ်လုံးလေးပင် တုန်သွားပါသည်။

ယဲ့ဖူရှောက်က အစွမ်းထက်သည်ကို သူမ ကြားထားသည့်တိုင်...

ယခုမြင်ကွင်းကို မြင်ပြီးနောက်မှသာ အားလုံးက သူ့အား ဘီလူးကြီးဟု အဘယ့်ကြောင့် ခေါ်ကြသည်ကို နားလည်လိုက်ရခြင်းပင် ။

ထိုလူ၏ အစွမ်းမှာ အံ့မခန်းပါတကား...

" မင်းလုပ်နိုင်တာ ဒါအကုန်ပဲလား "

ယဲ့ဖူရှောက်က ဖန်ကွေ့ကို ကြည့်ကာ အပြုံးဖြင့် ပြောလာ၏။

" အဲ့လောက်ထိ မောက်မာမနေနဲ့ကွ။ စိတ်ဝိဥာဥ် ရှစ်သွယ် ကောင်းကင်မီးတောက်ထွင်းစာ "

ဖန်ကွေ့ အံကြိတ်၍ ပြန်ပြောကာ ထွင်းစာများ ရေးလိုက်သည်။

ယဲ့ဖူရှောက်ကမူ သူ့ကို အေးစက်စက်ကြည့်၍သာ အပြုံးဖြင့် ပြော၏။

" အေးဆေးသာရေးပါကွာ .. ငါ မင်းကို အချိန်ပေးမှာပါ "

ဖန်ကွေ့မှာ ယဲ့ဖူရှောက်က ထိုမျှ မောက်မာလွန်းမည်ဟု ထင်မထားဟန်ဖြင့် မျက်နှာထားအနည်းငယ်

ပြောင်းသွားသည်။

သို့သော်.. အခွင့်အရေးကိုလည်း လက်မလွတ်နိုင်သဖြင့် သူ အစွမ်းကုန်သုံးကာ ထွင်းစာများကို ဆက်ရေးလိုက်ပါ၏။

ဝုန်း ...

သူ့ စိတ်ဝိဥာဥ်အစွမ်း အသက်ဝင်လာသည်နှင့် ထွင်းစာများ ရုပ်လုံးပေါ်လာပြီး ကြောက်မက်ဖွယ် မီးတောက်အစွမ်းတစ်ခု စတင်စုစည်းလာသည်။

၎င်းကို ခပ်လှမ်းလှမ်းမှ ကြည့်နေသော ယွဲ့လီတစ်ယောက် မျက်မှောင်အနည်းငယ် ကြုံ့သွား၏။

" အဲ့ဒါ.. အဆင့်ရှစ် အစီအမံ ထွင်းစာလား... "

သူမ အနည်းငယ်လည်း တုန်လှုပ်သွားပါသည်။

ထိုအဆင့်မျိုးနှင့် ထွင်းစာကို သူမ ကျွမ်းကျင်စွာ မတတ်မြောက်သေးပါချေ။ ဖန်ကွေ့က သူမထက် အမှန်ကတယ်ပင် အစွမ်းသာပါ၏။

သို့သော်.. ယဲ့ဖူရှောက်မှာကား တည်တည်ငြိမ်ငြိမ်သာ ရှိနေပြီး...

တဖက်တွင် ထွင်းစာများ အသွင်ပေါ်လာသည်အထိ ဘာတုန့်ပြန်မှုမျိုးမှ မရှိနေပါ ။

ထိုစဥ်မှာပင်...

ဝေါင်း. ..

သားရဲအော်သံတစ်သံ ရုတ်တရက် ထွက်လာသည်။

" ဟင်... မဖြစ်ဘူး "

ထိုအသံကိုကြားသည်နှင့် ယွဲ့လီ တစ်ကိုယ်လုံး တုန်သွား၏။

ယဲ့ဖူရှောက်နှင့် ကွေ့ဖန်တို့၏ လှုပ်ရှားမှုများက သားရဲကြီးတစ်ကောင်ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့လေပြီ ...

သို့သော်... ၎င်းသားရဲကြီးမှာ ရောက်ရောက်ချင်းမှာပင် ထွင်းစာများရေးနေသော ကွေ့ဖန်ကိုကြည့်ပြီး မျက်လုံးထဲ၌ ကြောက်ရွံ့မှု အရိပ်ယောင်များ

ပေါ်လာ၏။

ထို့နောက်... ၎င်းက ယဲ့ဖူရှောက်ဘက် အကြည့်လွှဲသွားကာ ပါးစပ်ဟ၍ ပြေးဝင်သွားသည်။

" နတ်ဘုရားက ငါ့ကို ကယ်တင်လိုက်ပြီ "

တဖက်မှ ကွေ့ဖန်၏ မျက်လုံးများ အရောင်လက်သွား၏။

တစ်ချိန်တည်းမှာပင် သူရေးနေသော ထွင်းစာကလည်း ပြီးသွားသည်။

" သတ်စေ "

ထို့နောက်.. သူ ထွင်းစာအား အသက်သွင်းလိုက်ရာ ကြောက်မက်ဖွယ် မီးတောက်ကြီးတစ်ခု ယဲ့ဖူရှောက်ဆီ တိုးဝင်သွား၏။

ယဲ့ဖူရှောက်မှာ သားရဲကြီးကတစ်ဖက် ၊ အဆင့်ရှစ်အစီအမံ ထွင်းစာကတဖက် ... နှစ်ဖက်ညှပ် တိုက်ခိုက်ခံလိုက်ရတော့သည်။

ခပ်လှမ်းလှမ်းမှ ယွဲ့လီမှာလည်း ၎င်းကိုကြည့်ပြီး တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားသလိုပါပင်...

လက်ရှိတွင် ယဲ့ဖူရှောက်၏ ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသည်ဖြစ်ရာ ... ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် လမ်းမရှိပါချေ။

အားလုံးက ဘီလူးကြီးဟု တင်စားခံထားရသော ထိုလူက သေရပါတော့မည်လား..

သို့သော်...

" ဟမ့်... အမှိုက်တွေ "

ထိုစဥ် ယဲ့ဖူရှောက်က မျက်လုံးမှိတ်လိုက်သည်။

ဝီ ...

သူ့ဘယ်ဘက်လက်တွင် ထွင်းစာများ ရုတ်တရက် စုစည်းလာကာ ဓားစိတ်ဆန္ဒတစ်ခုအဖြစ် ပြောင်းသွား၏။

ထို့နောက် ချွှင်ခနဲ အသံတစ်သံနှင့်အတူ ထိုဓားက

သားရဲကြီး၏ ခေါင်းအား ထိုးဖောက်ထွက်သွားတော့သည်။

အွတ် ...

သွေးများ လေထဲပြန့်ကျဲသွားပြီး... သားရဲကြီး နေရာတွင်ပင် သေဆုံးသွားတော့၏။

ယဲ့ဖူရှောက်က ခေါင်းပင်မလှည့်ဘဲ ကျန်လက်တစ်ဖက်ကို လေထဲမြှောက်လိုက်သည်။

ဝီ ...

ထွင်းစာတစ်ခု စုစည်းလာပြန်၏။

" ဟင်... ဒါ... "

၎င်းထွင်းစာကို မြင်လိုက်ရသော ကွေ့ဖန်နှင့် ခပ်လှမ်းလှမ်းမှ ယွဲ့လီတို့ မှင်သက်မိသွားကြသည်။

ယဲ့ဖူရှောက်က လှောင်ပြုံးဖြင့် ပြော၏။

" စိတ်ဝိဥာဥ်ရှစ်သွယ် ကောင်းကင်မီးတောက်ထွင်းစာ "

ဝုန်း....

အစောပိုင်းက ကွေ့ဖန် ထုတ်လွှတ်ခဲ့သလို မီးတောက်မျိုး ထပ်ထွက်လာသည်။

ထိုမီးတောက် နှစ်ခုက လေထဲတွင်ပင် ထိပ်တိုက်တွေ့သွားကာ ကြောက်မက်ဖွယ် မီးတောက်လှိုင်းလုံးကြီး ဖြစ်သွား၏။

အချိန်အတန်ကြာသွားပြီးမှ ဘေးပတ်ဝန်းကျင်လေထု ပြန်တည်ငြိမ်သွားကာ မီးတောက်များလည်း ပြန်ပျောက်ကွယ်သွားသည်။

ထိုစဥ်တွင်.. ကွေ့ဖန်မှာ ယဲ့ဖူရှောက်အား အူကြောင်ကြောင် မျက်လုံးများဖြင့် ကြည့်နေရှာပါ၏။

ထို အဆင့်ရှစ်ထွင်းစာမှာ သူ အချိန်အကြာကြီး ပြင်ဆင်ထားခဲ့ရသည့် အကွက်ပင်...

ယဲ့ဖူရှောက်ကမူ ၎င်းကို ချက်ချင်းနီးပါး ရေးနိုင်

သတဲ့လား ...

သူနှင့် တဖက်လူကြားမှ ကွာဟချက်က ဤမျှ ကြီးပါသလား...

ထိုစဥ်မှာပင် ယဲ့ဖူရှောက်က သူ့ထံသို့ တစ်လှမ်းချင်း လျှောက်လာသည်။

" မင်း... ဘာ.. ဘာလုပ်မလို့လဲ "

၎င်းကိုမြင်သော ဖန်ကွေ့တစ်ယောက် ကြောက်ရွံ့တုန်လှုပ်သွားကာ နောက်သို့ ဒယိမ်းဒယိုင် ဆုတ်လိုက်သည်။ ထိုသို့ ဆုတ်နေရင်း သူ ခြေချော်ပြီး လဲကျသွား၏။

ထိုအချိန်တွင် ယဲ့ဖူရှောက်က သူ့ရှေ့ ရောက်လာသည်။

" နှမျောစရာကြီးကွာ... အစကတော့ ငါက ဒီဟာကို လောထျန်းအတွက် ချန်ထားမလို့ ။ ဒါပေမယ့် သူ့ကို စောင့်နေဖို့လဲ အချိန်မရှိတော့ဘူး ။ ကံဆိုးလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်ပေါ့ကွာ "

ယဲ့ဖူရှောက် ပြောပြီး ထွင်းစာအနည်းငယ်ဖြင့် ကွေ့ဖန်အား ချုပ်နှောင်လိုက်သည်။

ထို့နောက်.. ကွေ့ဖန်၏ ရင်ဘတ်ပေါ်သို့ သူ လက်တစ်ဖက်တင်လိုက်၏။

ဝီ ...

ယဲ့ဖူရှောက်၏ လက်ပေါ်မှ တက်တူးတစ်ခုက အရည်များသဖွယ် စီးဆင်းသွားကာ ဖန်ကွေ့၏ ရင်ဘတ်ထဲ စီးဝင်သွားတော့သည်။

All Chapters