အခန်း (၈၅၂)
Vol. 61 Ch. 852
" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ထျန်းယွမ်သခင်ကြီး တုန်လှုပ်စွာ ဆိုသည်။
" ဘာဖြစ်လို့လဲ သခင်ကြီး "
သခင်ကြီးလုံက စိတ်ဝင်တစား မေး၏။
ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသရဲ့ အချုပ်အနှောင် ကန့်သတ်ချက်တွေက ဘယ်လိုကြောင့် ဒီလိုကြီး ထိခိုက်သွားရတာလဲ "
သခင်ကြီးလုံ မျက်မှောင်ကြုံ့သွား၏။
" ဘယ်လို... အချုပ်အနှောင်တွေ ထိခိုက်သွားတယ်.. ဟုတ်လားဗျ ။ ဒါ... ပြီးခဲ့တဲ့တစ်ခေါက်က မိစ္ဆာကောင်ကြီးကြောင့် ဖြစ်သွားရတာလား.. "
ထျန်းယွမ်သခင်ကြီး ခေါင်းယမ်းပြသည်။
" မဟုတ်ဘူးကွ.. အမှတ်အသားတွေကို ကြည့်ရတာ
တော့ သိပ်မကြာခင်လေးကမှ ပျက်စီးသွားတာနဲ့တူတယ် "
ထို့နောက် သူ သခက်ကြီးလုံကို ရုတ်တရက်လှမ်းကြည့်ကာ မေး၏။
" ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "
သခင်ကြီးလုံမှာလည်း ဘာကိုမှ ထိန်ချန်မထားရဲဘဲ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။
သူ့စကားဆုံးချိန်တွင်မူ ထျန်းယွမ်သခင်ကြီး၏ မျက်နှာက သုန်မှုန်နေခဲ့လေပြီ ။
" သခင်ကြီး... ကိစ္စကြီးတစ်ခုခု တကယ်ဖြစ်သွားခဲ့တာများလား.. "
သခင်ကြီးလုံ သတိထား၍မေးလိုက်၏။
ထျန်းယွမ်သခင်ကြီး ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်ကွ ၊ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပြီ "
" ဟင်.. အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ "
သခင်ကြီးလုံ အံ့အားသင့်သွား၏။
ထျန်းယွမ်သခင်ကြီးက မျက်နှာတည်ဖြင့် ပြောပြသည်။
" အချုပ်အနှောင် ပျက်စီးသွားတဲ့ ပမာဏကို ကြည့်ရတာတော့ မသေမျိုးဧကရာဇ်ကြီး တစ်ယောက်ရဲ့ အစွမ်းပြည့်တိုက်ခိုက်မှုကြောင့်ပဲ ဖြစ်ရမယ် "
သူ ထိုစကားကို ပြောလိုက်ချိန်တွင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။
" မသေမျိုးဧကရာဇ်ကြီး... ဟုတ်လားဗျ ၊ နောက်နေတာတော့ မဟုတ်ဘူးမလား သခင်ကြီး.. ။ ခုခေတ်မှာ မသေမျိုးဧကရာဇ် တစ်ယောက်တောင် မရှိတာ "
သခင်ကြီးဟောင် တအံ့တသြ ပြောလိုက်သည်။
ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြ၏။
ထျန်းယွမ်သခင်ကြီးက အေးစက်စက် ပြောသည်။
" ဒေသကြီးကိုးခုမှာ မရှိရုံနဲ့ တခြားနေရာတွေမှာ မရှိဘူးလို့ ပြောလို့မရဘူးလေကွာ ။ ပြီးတော့.. အဲ့ဒါက လူသားတစ်ယောက်ရဲ့လက်ချက်လို့လဲ ငါ မပြောခဲ့ဘူး "
အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။
သခင်ကြီးလုံ တစ်ယောက်တည်းကသာ အသိဝင်သွားဟန်ဖြင့် ပြောလာသည်။
" ဒါဆို... ဟို မိစ္ဆာအရာကြီး.... "
ထျန်းယွမ်သခင်ကြီး မျက်မှောင်ကြုံ့နေရင်း ခေါင်းညိတ်ပြ၏။
" ကြည့်ရတာ အဲ့မိစ္ဆာအရာကြီးရဲ့ အချုပ်အနှောင်တွေက ငါ ထင်ထားတာထက် ပိုလွတ်နေတဲ့ပုံပဲကွ ။ ဒီကောင်က ခုလိုတိုက်ခိုက်မှုမျိုးတောင် လုပ်နေနိုင်ပြီဆိုတော့... "
အားလုံး တုန်လှုပ်သွားကုန်ကြတော့သည်။
" အဲ့ မိစ္ဆာအရာကြီးက သူ့ဘက်ကတောင် စပြီးတိုက်ခိုက်နိုင်ပြီလား "
တစ်ယောက်က အံ့သြတကြီး မေးသည်။
ထျန်းယွမ်သခင်ကြီးက ထိုလူကိုတစ်ချက်လှမ်းကြည့်ကာ ပြန်ပြော၏။
" အဲ့လောက်က ဘာဟုတ်သေးလို့လဲကွ ။ အရင်ကဆို ငါတို့အပေါ်ကမ္ဘာမှာ ဒေသကြီး ဆယ့်သုံးခုတောင် ရှိခဲ့တာ ။ အဲ့မိစ္ဆာအရာကြီးက ဒေသနှစ်ခုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့ပြီးတော့ ဒေသကိုးခုလုံးကိုလဲ သီးသန့်စီ ခွဲထားခဲ့တာ ။ အဲ့တုန်းကဆို တည်နေရာရွှေ့ပြောင်း အစီအမံနဲ့ပဲ ဒေသအချင်းချင်း ဆက်သွယ်လို့ရတာ "
" အဲ့လိုကြီး ရှိခဲ့ဖူးတာလား "
တစ်ယောက်က တအံ့တသြ ရေရွတ်သည်။
ထျန်းယွမ်သခင်ကြီးက စိတ်ပျက်လက်ပျက် ခေါင်းယမ်း၏။
" မင်းတို့လူငယ်တွေ ဘာမှ မလေ့လာထားကြဘူးလားကွာ "
သခင်ကြီးလုံက ရှက်နေသည့် မျက်နှာဖြင့် ဝင်ပြောသည်။
" သခင်ကြီး... အဲ့ဒါတွေက အပြင်ကို လွယ်လွယ်နဲ့ သတင်းမပေါက်ကြားအောင် ထိန်းထားတဲ့ လျှို့ဝှက်ချက်တွေလေ ။ အဲ့စည်းမျဥ်းကို သခင်ကြီးပဲ ချမှတ်ခဲ့တာ မဟုတ်လား.. "
ထျန်းယွမ်သခင်ကြီးက ထိုစဥ်မှ ပြန်သတိရသွားဟန်ဖြင့် မျက်နှာရဲသွားသည်။
" ဟုတ်သားပဲ... အဲ့အရာကြီးရဲ့ နောက်လိုက်တွေက လာကယ်ဖို့ ကြိုးစားကြမှာကို စိုးရိမ်လို့ ငါ အဲ့သတင်းကို သေချာလျှို့ဝှက်ထားခဲ့တာ ။ ဒါ့ကြောင့်မို့လဲ မင်းတို့လူငယ်မျိုးဆက်တွေ မသိကြတာပဲ "
အားလုံး တီးတိုးတီးတိုး ဖြစ်ကုန်ကြ၏။
ထိုစဥ် လူတစ်ယောက်က ရုတ်တရက် ပြောသည်။
" သခင်ကြီး .. အရင်တုန်းက အပေါ်ကမ္ဘာမှာ ဒေသကြီး ဆယ့်သုံးခုရှိတယ်လို့ ပြောခဲ့တာမလားဗျ ။ နှစ်ခုက အဲ့အရာကြီးရဲ့ လက်ချက်နဲ့ ဖျက်ဆီးခံလိုက်ရပြီဆိုရင် ဒေသကြီး ဆယ့်တစ်ခု ကျန်သင့်တာလေ ။ ကျန်တဲ့နှစ်ခုက ဘယ်ရောက်သွားတာလဲဗျ "
ထိုစကားကို ကြားသောအခါ ထျန်းယွမ်သခင်ကြီး မျက်နှာရှုံ့မဲ့သွားပြီးမှ ဒေါသတကြီး ပြော၏။
" အဲ့ကောင်တွေက သစ္စာဖောက်တွေ ။ သူတို့တွေက အပေါ်ကမ္ဘာ ဒုက္ခရောက်နေတဲ့အချိန်မှာ ထွက်ပြေးခဲ့ရုံတင်မကဘူး... သူတို့ကြောင့်မို့လဲ အခုကမ္ဘာကြီးက ချို့ယွင်းချက်တွေ ရှိနေတာ ။ ပြီးခဲ့တဲ့နှစ်တွေ
အတွင်း ဒေသကြီးကိုးခုမှာ မသေမျိုးဧကရာဇ်တွေ နည်းနည်းလေးပဲ ရှိတော့တဲ့ အဓိကအကြောင်းရင်းကလဲ သူတို့ကြောင့်ပဲ "
" ဟင်... "
လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။
ထျန်းယွမ်သခင်ကြီးက ထိုလူများကို ကြည့်ရင်း တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင်...
ဝီ...
သူတို့ရှေ့မှ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ရုတ်တရက် ပြောင်းလဲလာပါ၏။
" ဟင်... "
ထျန်းယွမ်သခင်ကြီးက ၎င်းအား စူးစူးရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
" သခင်ကြီး.. ဘာဖြစ်လို့လဲဗျ "
တစ်ယောက်က မေး၏။
ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။
" တစ်ယောက်ယောက်က အချုပ်အနှောင်ကို ဖျက်ဆီးပြီးတော့ မိစ္ဆာအရာကြီးကို လွတ်ပေးဖို့ ကြိုးစားနေတယ် "
အားလုံး ပါးစပ်အဟောင်းသား...
သခင်ကြီးလုံက စိုးရိမ်တကြီး မေးလာ၏။
" သခင်ကြီး.. အဲ့ မိစ္ဆာအရာကြီးက ဘယ်လိုဟာကြီးလဲ "
ထျန်းယွမ်သခင်ကြီး အံကြိတ်ကာ ပြန်ပြောလိုက်သည်။
" ထူးခြားတဲ့ မသေမျိုးလက်နက် တစ်ခုပဲကွ ။ မဟုတ်သေးဘူး... အတိအကျပြောရရင်တော့ မသေမျိုးလက်နက်လို့ ခေါ်လို့မရဘူး ။ အဲ့အရာက မူလမသေမျိုးလက်နက်ထက်တောင် အများကြီး ပိုအစွမ်းထက်တယ် ။ အဲ့ဒါ ဒေသကြီးကိုးခုကို ပြိုကွဲသွားအောင် လုပ်ခဲ့တဲ့သူရဲ့ လက်နက်ပေါ့ကွာ.. ။ အဲ့တုန်းကဆို ငါတို့တွေ အသက်ပေါင်း မရေမတွက်နိုင်
အောင်ကို အဆုံးရှုံးခံပြီးသွားမှ အဲ့မိစ္ဆာကောင်ကြီးနဲ့ မသေမျိုးလက်နက်ကို သတ်သတ်စီခွဲပြီး ချုပ်နှောင်ထားနိုင်ခဲ့တာ ။ အခု... အဲ့လက်နက်ကို ယူဖို့ကြိုးစားနေတဲ့ကောင်က ကိုယ့်ကိိုကိုယ် သေကြောင်းကြံနေတာပဲ "
သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝင်ပေါက်အချုပ်အနှောင်ကို လက်ဖြင့်ဖိလိုက်သည်။
ဝီ ...
ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသဝင်ပေါက်၏ အချုပ်အနှောင်က ချက်ချင်းပျောက်သွား၏။
ထို့နောက်တွင် ထျန်းယွမ်သခင်ကြီးက လက်ကိုဆန့်ထုတ်၍ လေထဲမှ ထောင်ပေါင်းများစွာသော မသေမျိုးအစီအမံပုံကြမ်းများကို ယူကာ အားလုံးဆီသို့ ပစ်ပေးလိုက်သည်။
" မင်းတို့ထဲက သတ္တိရှိတဲ့သူတွေ ငါနဲ့အတူ လျှို့ဝှက်ဒေသထဲကို လိုက်ခဲ့ကြ "
သူ အသံနက်ကြီးဖြင့် ပြော၏။
" ဟုတ်ကဲ့ပါ သခင်ကြီး "
အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည်။
နောက်ဆုတ်သွားသူ တစ်ယောက်မှ မရှိပါ ။
ထျန်းယွမ်သခင်ကြီးက အေးစက်စက် မျက်နှာထားဖြင့် လျှို့ဝှက်ဒေသထဲ ခြေလှမ်းလိုက်တော့၏။
" အချိန်မီနိုင်သေးတယ်နဲ့တူတယ် ။ တကယ်လို့ ဟိုမိစ္ဆာအရာကြီးက အချုပ်အနှောင်ကနေ လွတ်သွားပြီဆိုရင်တောင် အဲ့ဒါကို မသန့်စင်သေးဘဲ သုံးလို့ရမှာ မဟုတ်ဘူး ။ အဲ့တော့ အချုပ်အနှောင်ကို ဖျက်ဆီးခဲ့တဲ့သူကို သတ်ပြီး.. အဲ့မိစ္ဆာအရာကိုသာ ပြန်ချုပ်နှောင်လိုက်ရင် အဆင်ပြေနိုင်တယ် "
ထျန်းယွမ်သခင်ကြီး စိတ်ထဲမှ တွေးလိုက်သည်။
သို့သော်... သူ လျှို့ဝှက်ဒေသထဲသို့ ခြေချလိုက်ချိန်မှာပင်..
ဝုန်း...
လျှို့ဝှက်ဒေသကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပါ၏။
" ပထမ အချုပ်အနှောင်က ပွင့်သွားပြီလား.. မြန်လွန်းတယ်.. "
ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားကာ အားလုံးဘက်လှည့်၍ အော်လိုက်သည်။
" ငါ့နောက် လိုက်ခဲ့ကြဟေ့ "
အခြားတဖက် ၊ လျှို့ဝှက်ဒေသထဲ၌ ....
" သခင်ကြီး.. အချုပ်အနှောင် ပွင့်သွားပြီလား.. "
ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက်က သူ့ရှေ့မှ အချုပ်အနှောင် ပွင့်သွားသည်ကို ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။
သို့သော် သူ့သခင်ကြီးကမူ ထူးမခြားနား မျက်နှာထားသာ ရှိနေပါ၏။
" ဟမ့်.. ဟိုအဘိုးကြီးတွေက သတိကောင်းကြတာပဲ ။ ဒီကောင်တွေက အချုပ်အနှောင် ကိုးခုတောင် လုပ်ထားခဲ့ကြတာ "
သူ ပြောသည်။
" ဘယ်လို.. အချုပ်အနှောင် ကိုးခုတောင်... "
ယဲ့ဖူရှောက် အံ့သြတုန်လှုပ်သွားသည်။
အစောပိုင်းက အချုပ်အနှောင်ကိုပင် ချိုးဖျက်ရန် ခက်လွန်းလှနေပြီ ။ ယခု အချုပ်အနှောင်က ကိုးခု ရှိသည်ဆိုလျှင်...
သခင်ကြီးဆိုသူက ခေါင်းယမ်း၍ ပြောလာသည်။
" ကိစ္စမရှိဘူး... ဒီကိစ္စက မရိုးရှင်းနိုင်ဘူးဆိုတာ ငါ သိထားပြီးသား ။ အချုပ်အနှောင် ကိုးခု ရှိထားလဲ အချိန်ပိုပေးရတာပဲ ရှိမှာ ။ ဘာမှ မထူးဘူး.. "
သူ ပြောပြောဆိုဆိုပင် ဒုတိယမြောက် အစီအမံအား တိုက်ခိုက်လိုက်ပြန်၏။
ချွှင်....
သို့သော် ဤတစ်ကြိမ်တွင်မူ ဓားစွမ်းအင်တစ်ခု ဖျတ်ခနဲလက်သွားကာ လူရိပ်တစ်ခုက သူ့ရှေ့မှ ပိတ်လာပါသည်။
" ရပ်လိုက်စမ်း "
ထိုလူရိပ်က မျက်နှာသေဖြင့် ပြော၏။
သခင်ကြီးက ထိုအရိပ်အား ခေါင်းအနည်းငယ်စောင်း၍ ကြည့်လိုက်ပြီးနောက် အပြုံးဖြင့်ဆိုသည်။
" စိတ်ဝင်စားစရာပါလား... ဒုတိယ အချုပ်အနှောင်က တကယ်ကြီး အသွင်ပြောင်းနိုင်တာပဲ "
သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ချွှင် ...
အသွင်ပြောင်းထားသော အချုပ်အနှောင်က ဓားဖြင့် ထပ်တိုက်ခိုက်လာပြန်၏။
" ရပ်စမ်း "
၎င်းက အေးစက်စက် အော်သည်။
သခင်ကြီးက အပြုံးဖြင့်သာ ပြန်ပြော၏။
" အပြင်လူတွေရဲ့ ကျင့်ကြံခြင်းကို အချုပ်အနှောင်တွေနဲ့ ဖိနှိပ်ထားပြီးတော့ .. တစ်ချိန်တည်းမှာ ရန်သူ
တွေကို တားဖို့ မသေမျိုးဘုရင်ရဲ့အစွမ်းမျိုးနဲ့ အချုပ်အနှောင်တစ်ခုကိုလဲ ထားထားတယ် ။ တကယ်ကောင်းတဲ့ နည်းလမ်းပဲ ။ ဒါပေမယ့်.. ငါနဲ့တွေ့တာ မင်းတို့ ကံဆိုးတာပေါ့ကွာ "
ဝုန်း...
သူ ပြောကာ လှုပ်ရှားလိုက်သည်။
အသွင်ပြောင်းအချုပ်အနှောင်ကလည်း မျက်နှာသေဖြင့် ဓားကိုယမ်း၍ တိုက်ခိုက်လာပြန်၏။
နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ...
ဝုန်း...
အသွင်ပြောင်းထားသော အချုပ်အနှောင်က ရုတ်ချည်း ပြိုကွဲသွားတော့သည်။
သို့သော်.. သခင်ကြီးဆိုသူမှာ ဘာထိခိုက်ဒဏ်ရာမှ ရမသွားခဲ့ပါ ။
" ဟမ့်.. ဒီခန္ဓာကိုယ်က တကယ်အားပျော့တာပဲ ။ ဒီလိုအမှိုက်မျိုးကို ရှင်းဖို့တောင် အချိန်တွေအကြာကြီး ယူခဲ့ရတယ်... "
သူ ခေါင်းယမ်း၍ ပြောပြီး အချုပ်အနှောင်ထဲ ဆက်တိုးဝင်သွားလိုက်၏။
" သခင်ကြီးက တကယ်ကို အစွမ်းထက်တာပဲ "
၎င်းကို နောက်မှကြည့်နေသော ယဲ့ဖူရှောက် စိတ်ထဲမှ ပြောကာ နောက်မှအမီလိုက်သွားသည်။
အခြားတဖက်တွင်...
" ဟင်... "
ထွင်းစာတစ်လုံးနှင့် လေထဲပျံနေသော ထျန်းယွမ်သခင်ကြီး ရုတ်တရက် တစ်ကိုယ်လုံး တုန်သွား၏။
" ဘာဖြစ်လို့လဲ ဘိုးဘေး "
သခင်ကြီးလုံ မေးလိုက်သည်။
ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားကာ ပြန်ပြော၏။
" ဒုတိယအချုပ်အနှောင် ပျက်စီးသွားပြီ .. ။ ဒါ
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
ထိုစဥ်တွင် သူ အနည်းငယ်လည်း ကြောက်စိတ်ဝင်နေလေပြီ ။