← Chapters

အခန်း (၈၅၂)

Vol. 61 Ch. 852

အခန်း (၈၅၂)

Vol. 61 Ch. 852

" ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထျန်းယွမ်သခင်ကြီး တုန်လှုပ်စွာ ဆိုသည်။

" ဘာဖြစ်လို့လဲ သခင်ကြီး "

သခင်ကြီးလုံက စိတ်ဝင်တစား မေး၏။

ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသရဲ့ အချုပ်အနှောင် ကန့်သတ်ချက်တွေက ဘယ်လိုကြောင့် ဒီလိုကြီး ထိခိုက်သွားရတာလဲ "

သခင်ကြီးလုံ မျက်မှောင်ကြုံ့သွား၏။

" ဘယ်လို... အချုပ်အနှောင်တွေ ထိခိုက်သွားတယ်.. ဟုတ်လားဗျ ။ ဒါ... ပြီးခဲ့တဲ့တစ်ခေါက်က မိစ္ဆာကောင်ကြီးကြောင့် ဖြစ်သွားရတာလား.. "

ထျန်းယွမ်သခင်ကြီး ခေါင်းယမ်းပြသည်။

" မဟုတ်ဘူးကွ.. အမှတ်အသားတွေကို ကြည့်ရတာ

တော့ သိပ်မကြာခင်လေးကမှ ပျက်စီးသွားတာနဲ့တူတယ် "

ထို့နောက် သူ သခက်ကြီးလုံကို ရုတ်တရက်လှမ်းကြည့်ကာ မေး၏။

" ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "

သခင်ကြီးလုံမှာလည်း ဘာကိုမှ ထိန်ချန်မထားရဲဘဲ ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်သည်။

သူ့စကားဆုံးချိန်တွင်မူ ထျန်းယွမ်သခင်ကြီး၏ မျက်နှာက သုန်မှုန်နေခဲ့လေပြီ ။

" သခင်ကြီး... ကိစ္စကြီးတစ်ခုခု တကယ်ဖြစ်သွားခဲ့တာများလား.. "

သခင်ကြီးလုံ သတိထား၍မေးလိုက်၏။

ထျန်းယွမ်သခင်ကြီး ခေါင်းညိတ်ပြသည်။

" ဟုတ်တယ်ကွ ၊ ကိစ္စကြီးတစ်ခု ဖြစ်သွားခဲ့ပြီ "

" ဟင်.. အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ "

သခင်ကြီးလုံ အံ့အားသင့်သွား၏။

ထျန်းယွမ်သခင်ကြီးက မျက်နှာတည်ဖြင့် ပြောပြသည်။

" အချုပ်အနှောင် ပျက်စီးသွားတဲ့ ပမာဏကို ကြည့်ရတာတော့ မသေမျိုးဧကရာဇ်ကြီး တစ်ယောက်ရဲ့ အစွမ်းပြည့်တိုက်ခိုက်မှုကြောင့်ပဲ ဖြစ်ရမယ် "

သူ ထိုစကားကို ပြောလိုက်ချိန်တွင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

" မသေမျိုးဧကရာဇ်ကြီး... ဟုတ်လားဗျ ၊ နောက်နေတာတော့ မဟုတ်ဘူးမလား သခင်ကြီး.. ။ ခုခေတ်မှာ မသေမျိုးဧကရာဇ် တစ်ယောက်တောင် မရှိတာ "

သခင်ကြီးဟောင် တအံ့တသြ ပြောလိုက်သည်။

ကျန်လူများလည်း ခေါင်းညိတ်လိုက်ကြ၏။

ထျန်းယွမ်သခင်ကြီးက အေးစက်စက် ပြောသည်။

" ဒေသကြီးကိုးခုမှာ မရှိရုံနဲ့ တခြားနေရာတွေမှာ မရှိဘူးလို့ ပြောလို့မရဘူးလေကွာ ။ ပြီးတော့.. အဲ့ဒါက လူသားတစ်ယောက်ရဲ့လက်ချက်လို့လဲ ငါ မပြောခဲ့ဘူး "

အားလုံး နားမလည်နိုင် ဖြစ်သွားကြ၏။

သခင်ကြီးလုံ တစ်ယောက်တည်းကသာ အသိဝင်သွားဟန်ဖြင့် ပြောလာသည်။

" ဒါဆို... ဟို မိစ္ဆာအရာကြီး.... "

ထျန်းယွမ်သခင်ကြီး မျက်မှောင်ကြုံ့နေရင်း ခေါင်းညိတ်ပြ၏။

" ကြည့်ရတာ အဲ့မိစ္ဆာအရာကြီးရဲ့ အချုပ်အနှောင်တွေက ငါ ထင်ထားတာထက် ပိုလွတ်နေတဲ့ပုံပဲကွ ။ ဒီကောင်က ခုလိုတိုက်ခိုက်မှုမျိုးတောင် လုပ်နေနိုင်ပြီဆိုတော့... "

အားလုံး တုန်လှုပ်သွားကုန်ကြတော့သည်။

" အဲ့ မိစ္ဆာအရာကြီးက သူ့ဘက်ကတောင် စပြီးတိုက်ခိုက်နိုင်ပြီလား "

တစ်ယောက်က အံ့သြတကြီး မေးသည်။

ထျန်းယွမ်သခင်ကြီးက ထိုလူကိုတစ်ချက်လှမ်းကြည့်ကာ ပြန်ပြော၏။

" အဲ့လောက်က ဘာဟုတ်သေးလို့လဲကွ ။ အရင်ကဆို ငါတို့အပေါ်ကမ္ဘာမှာ ဒေသကြီး ဆယ့်သုံးခုတောင် ရှိခဲ့တာ ။ အဲ့မိစ္ဆာအရာကြီးက ဒေသနှစ်ခုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့ပြီးတော့ ဒေသကိုးခုလုံးကိုလဲ သီးသန့်စီ ခွဲထားခဲ့တာ ။ အဲ့တုန်းကဆို တည်နေရာရွှေ့ပြောင်း အစီအမံနဲ့ပဲ ဒေသအချင်းချင်း ဆက်သွယ်လို့ရတာ "

" အဲ့လိုကြီး ရှိခဲ့ဖူးတာလား "

တစ်ယောက်က တအံ့တသြ ရေရွတ်သည်။

ထျန်းယွမ်သခင်ကြီးက စိတ်ပျက်လက်ပျက် ခေါင်းယမ်း၏။

" မင်းတို့လူငယ်တွေ ဘာမှ မလေ့လာထားကြဘူးလားကွာ "

သခင်ကြီးလုံက ရှက်နေသည့် မျက်နှာဖြင့် ဝင်ပြောသည်။

" သခင်ကြီး... အဲ့ဒါတွေက အပြင်ကို လွယ်လွယ်နဲ့ သတင်းမပေါက်ကြားအောင် ထိန်းထားတဲ့ လျှို့ဝှက်ချက်တွေလေ ။ အဲ့စည်းမျဥ်းကို သခင်ကြီးပဲ ချမှတ်ခဲ့တာ မဟုတ်လား.. "

ထျန်းယွမ်သခင်ကြီးက ထိုစဥ်မှ ပြန်သတိရသွားဟန်ဖြင့် မျက်နှာရဲသွားသည်။

" ဟုတ်သားပဲ... အဲ့အရာကြီးရဲ့ နောက်လိုက်တွေက လာကယ်ဖို့ ကြိုးစားကြမှာကို စိုးရိမ်လို့ ငါ အဲ့သတင်းကို သေချာလျှို့ဝှက်ထားခဲ့တာ ။ ဒါ့ကြောင့်မို့လဲ မင်းတို့လူငယ်မျိုးဆက်တွေ မသိကြတာပဲ "

အားလုံး တီးတိုးတီးတိုး ဖြစ်ကုန်ကြ၏။

ထိုစဥ် လူတစ်ယောက်က ရုတ်တရက် ပြောသည်။

" သခင်ကြီး .. အရင်တုန်းက အပေါ်ကမ္ဘာမှာ ဒေသကြီး ဆယ့်သုံးခုရှိတယ်လို့ ပြောခဲ့တာမလားဗျ ။ နှစ်ခုက အဲ့အရာကြီးရဲ့ လက်ချက်နဲ့ ဖျက်ဆီးခံလိုက်ရပြီဆိုရင် ဒေသကြီး ဆယ့်တစ်ခု ကျန်သင့်တာလေ ။ ကျန်တဲ့နှစ်ခုက ဘယ်ရောက်သွားတာလဲဗျ "

ထိုစကားကို ကြားသောအခါ ထျန်းယွမ်သခင်ကြီး မျက်နှာရှုံ့မဲ့သွားပြီးမှ ဒေါသတကြီး ပြော၏။

" အဲ့ကောင်တွေက သစ္စာဖောက်တွေ ။ သူတို့တွေက အပေါ်ကမ္ဘာ ဒုက္ခရောက်နေတဲ့အချိန်မှာ ထွက်ပြေးခဲ့ရုံတင်မကဘူး... သူတို့ကြောင့်မို့လဲ အခုကမ္ဘာကြီးက ချို့ယွင်းချက်တွေ ရှိနေတာ ။ ပြီးခဲ့တဲ့နှစ်တွေ

အတွင်း ဒေသကြီးကိုးခုမှာ မသေမျိုးဧကရာဇ်တွေ နည်းနည်းလေးပဲ ရှိတော့တဲ့ အဓိကအကြောင်းရင်းကလဲ သူတို့ကြောင့်ပဲ "

" ဟင်... "

လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

ထျန်းယွမ်သခင်ကြီးက ထိုလူများကို ကြည့်ရင်း တစ်ခုခုပြောရန် ပြင်လိုက်စဥ်မှာပင်...

ဝီ...

သူတို့ရှေ့မှ ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသက ရုတ်တရက် ပြောင်းလဲလာပါ၏။

" ဟင်... "

ထျန်းယွမ်သခင်ကြီးက ၎င်းအား စူးစူးရဲရဲ မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

" သခင်ကြီး.. ဘာဖြစ်လို့လဲဗျ "

တစ်ယောက်က မေး၏။

ထျန်းယွမ်သခင်ကြီး အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

" တစ်ယောက်ယောက်က အချုပ်အနှောင်ကို ဖျက်ဆီးပြီးတော့ မိစ္ဆာအရာကြီးကို လွတ်ပေးဖို့ ကြိုးစားနေတယ် "

အားလုံး ပါးစပ်အဟောင်းသား...

သခင်ကြီးလုံက စိုးရိမ်တကြီး မေးလာ၏။

" သခင်ကြီး.. အဲ့ မိစ္ဆာအရာကြီးက ဘယ်လိုဟာကြီးလဲ "

ထျန်းယွမ်သခင်ကြီး အံကြိတ်ကာ ပြန်ပြောလိုက်သည်။

" ထူးခြားတဲ့ မသေမျိုးလက်နက် တစ်ခုပဲကွ ။ မဟုတ်သေးဘူး... အတိအကျပြောရရင်တော့ မသေမျိုးလက်နက်လို့ ခေါ်လို့မရဘူး ။ အဲ့အရာက မူလမသေမျိုးလက်နက်ထက်တောင် အများကြီး ပိုအစွမ်းထက်တယ် ။ အဲ့ဒါ ဒေသကြီးကိုးခုကို ပြိုကွဲသွားအောင် လုပ်ခဲ့တဲ့သူရဲ့ လက်နက်ပေါ့ကွာ.. ။ အဲ့တုန်းကဆို ငါတို့တွေ အသက်ပေါင်း မရေမတွက်နိုင်

အောင်ကို အဆုံးရှုံးခံပြီးသွားမှ အဲ့မိစ္ဆာကောင်ကြီးနဲ့ မသေမျိုးလက်နက်ကို သတ်သတ်စီခွဲပြီး ချုပ်နှောင်ထားနိုင်ခဲ့တာ ။ အခု... အဲ့လက်နက်ကို ယူဖို့ကြိုးစားနေတဲ့ကောင်က ကိုယ့်ကိိုကိုယ် သေကြောင်းကြံနေတာပဲ "

သူ ပြောပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝင်ပေါက်အချုပ်အနှောင်ကို လက်ဖြင့်ဖိလိုက်သည်။

ဝီ ...

ကောင်းကင်ဘုံကိုးဆင့် လျှို့ဝှက်ဒေသဝင်ပေါက်၏ အချုပ်အနှောင်က ချက်ချင်းပျောက်သွား၏။

ထို့နောက်တွင် ထျန်းယွမ်သခင်ကြီးက လက်ကိုဆန့်ထုတ်၍ လေထဲမှ ထောင်ပေါင်းများစွာသော မသေမျိုးအစီအမံပုံကြမ်းများကို ယူကာ အားလုံးဆီသို့ ပစ်ပေးလိုက်သည်။

" မင်းတို့ထဲက သတ္တိရှိတဲ့သူတွေ ငါနဲ့အတူ လျှို့ဝှက်ဒေသထဲကို လိုက်ခဲ့ကြ "

သူ အသံနက်ကြီးဖြင့် ပြော၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

အားလုံး သံပြိုင်ပြန်ဖြေလိုက်ကြသည်။

နောက်ဆုတ်သွားသူ တစ်ယောက်မှ မရှိပါ ။

ထျန်းယွမ်သခင်ကြီးက အေးစက်စက် မျက်နှာထားဖြင့် လျှို့ဝှက်ဒေသထဲ ခြေလှမ်းလိုက်တော့၏။

" အချိန်မီနိုင်သေးတယ်နဲ့တူတယ် ။ တကယ်လို့ ဟိုမိစ္ဆာအရာကြီးက အချုပ်အနှောင်ကနေ လွတ်သွားပြီဆိုရင်တောင် အဲ့ဒါကို မသန့်စင်သေးဘဲ သုံးလို့ရမှာ မဟုတ်ဘူး ။ အဲ့တော့ အချုပ်အနှောင်ကို ဖျက်ဆီးခဲ့တဲ့သူကို သတ်ပြီး.. အဲ့မိစ္ဆာအရာကိုသာ ပြန်ချုပ်နှောင်လိုက်ရင် အဆင်ပြေနိုင်တယ် "

ထျန်းယွမ်သခင်ကြီး စိတ်ထဲမှ တွေးလိုက်သည်။

သို့သော်... သူ လျှို့ဝှက်ဒေသထဲသို့ ခြေချလိုက်ချိန်မှာပင်..

ဝုန်း...

လျှို့ဝှက်ဒေသကြီး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပါ၏။

" ပထမ အချုပ်အနှောင်က ပွင့်သွားပြီလား.. မြန်လွန်းတယ်.. "

ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားကာ အားလုံးဘက်လှည့်၍ အော်လိုက်သည်။

" ငါ့နောက် လိုက်ခဲ့ကြဟေ့ "

အခြားတဖက် ၊ လျှို့ဝှက်ဒေသထဲ၌ ....

" သခင်ကြီး.. အချုပ်အနှောင် ပွင့်သွားပြီလား.. "

ဟွမ်ရှင်းဂိုဏ်း၏ နတ်ဘုရားသားတော် ၊ ယဲ့ဖူရှောက်က သူ့ရှေ့မှ အချုပ်အနှောင် ပွင့်သွားသည်ကို ကြည့်ရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။

သို့သော် သူ့သခင်ကြီးကမူ ထူးမခြားနား မျက်နှာထားသာ ရှိနေပါ၏။

" ဟမ့်.. ဟိုအဘိုးကြီးတွေက သတိကောင်းကြတာပဲ ။ ဒီကောင်တွေက အချုပ်အနှောင် ကိုးခုတောင် လုပ်ထားခဲ့ကြတာ "

သူ ပြောသည်။

" ဘယ်လို.. အချုပ်အနှောင် ကိုးခုတောင်... "

ယဲ့ဖူရှောက် အံ့သြတုန်လှုပ်သွားသည်။

အစောပိုင်းက အချုပ်အနှောင်ကိုပင် ချိုးဖျက်ရန် ခက်လွန်းလှနေပြီ ။ ယခု အချုပ်အနှောင်က ကိုးခု ရှိသည်ဆိုလျှင်...

သခင်ကြီးဆိုသူက ခေါင်းယမ်း၍ ပြောလာသည်။

" ကိစ္စမရှိဘူး... ဒီကိစ္စက မရိုးရှင်းနိုင်ဘူးဆိုတာ ငါ သိထားပြီးသား ။ အချုပ်အနှောင် ကိုးခု ရှိထားလဲ အချိန်ပိုပေးရတာပဲ ရှိမှာ ။ ဘာမှ မထူးဘူး.. "

သူ ပြောပြောဆိုဆိုပင် ဒုတိယမြောက် အစီအမံအား တိုက်ခိုက်လိုက်ပြန်၏။

ချွှင်....

သို့သော် ဤတစ်ကြိမ်တွင်မူ ဓားစွမ်းအင်တစ်ခု ဖျတ်ခနဲလက်သွားကာ လူရိပ်တစ်ခုက သူ့ရှေ့မှ ပိတ်လာပါသည်။

" ရပ်လိုက်စမ်း "

ထိုလူရိပ်က မျက်နှာသေဖြင့် ပြော၏။

သခင်ကြီးက ထိုအရိပ်အား ခေါင်းအနည်းငယ်စောင်း၍ ကြည့်လိုက်ပြီးနောက် အပြုံးဖြင့်ဆိုသည်။

" စိတ်ဝင်စားစရာပါလား... ဒုတိယ အချုပ်အနှောင်က တကယ်ကြီး အသွင်ပြောင်းနိုင်တာပဲ "

သူ ပြောကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ချွှင် ...

အသွင်ပြောင်းထားသော အချုပ်အနှောင်က ဓားဖြင့် ထပ်တိုက်ခိုက်လာပြန်၏။

" ရပ်စမ်း "

၎င်းက အေးစက်စက် အော်သည်။

သခင်ကြီးက အပြုံးဖြင့်သာ ပြန်ပြော၏။

" အပြင်လူတွေရဲ့ ကျင့်ကြံခြင်းကို အချုပ်အနှောင်တွေနဲ့ ဖိနှိပ်ထားပြီးတော့ .. တစ်ချိန်တည်းမှာ ရန်သူ

တွေကို တားဖို့ မသေမျိုးဘုရင်ရဲ့အစွမ်းမျိုးနဲ့ အချုပ်အနှောင်တစ်ခုကိုလဲ ထားထားတယ် ။ တကယ်ကောင်းတဲ့ နည်းလမ်းပဲ ။ ဒါပေမယ့်.. ငါနဲ့တွေ့တာ မင်းတို့ ကံဆိုးတာပေါ့ကွာ "

ဝုန်း...

သူ ပြောကာ လှုပ်ရှားလိုက်သည်။

အသွင်ပြောင်းအချုပ်အနှောင်ကလည်း မျက်နှာသေဖြင့် ဓားကိုယမ်း၍ တိုက်ခိုက်လာပြန်၏။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ...

ဝုန်း...

အသွင်ပြောင်းထားသော အချုပ်အနှောင်က ရုတ်ချည်း ပြိုကွဲသွားတော့သည်။

သို့သော်.. သခင်ကြီးဆိုသူမှာ ဘာထိခိုက်ဒဏ်ရာမှ ရမသွားခဲ့ပါ ။

" ဟမ့်.. ဒီခန္ဓာကိုယ်က တကယ်အားပျော့တာပဲ ။ ဒီလိုအမှိုက်မျိုးကို ရှင်းဖို့တောင် အချိန်တွေအကြာကြီး ယူခဲ့ရတယ်... "

သူ ခေါင်းယမ်း၍ ပြောပြီး အချုပ်အနှောင်ထဲ ဆက်တိုးဝင်သွားလိုက်၏။

" သခင်ကြီးက တကယ်ကို အစွမ်းထက်တာပဲ "

၎င်းကို နောက်မှကြည့်နေသော ယဲ့ဖူရှောက် စိတ်ထဲမှ ပြောကာ နောက်မှအမီလိုက်သွားသည်။

အခြားတဖက်တွင်...

" ဟင်... "

ထွင်းစာတစ်လုံးနှင့် လေထဲပျံနေသော ထျန်းယွမ်သခင်ကြီး ရုတ်တရက် တစ်ကိုယ်လုံး တုန်သွား၏။

" ဘာဖြစ်လို့လဲ ဘိုးဘေး "

သခင်ကြီးလုံ မေးလိုက်သည်။

ထျန်းယွမ်သခင်ကြီး မျက်နှာဖြူရော်သွားကာ ပြန်ပြော၏။

" ဒုတိယအချုပ်အနှောင် ပျက်စီးသွားပြီ .. ။ ဒါ

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "

ထိုစဥ်တွင် သူ အနည်းငယ်လည်း ကြောက်စိတ်ဝင်နေလေပြီ ။

All Chapters