← Chapters

အခန်း (၈၅၃)

Vol. 61 Ch. 853

အခန်း (၈၅၃)

Vol. 61 Ch. 853

သူ သခင်ကြီးလုံဘက် လှည့်ကြည့်ကာ ပြောလိုက်၏။

" အခုက စပြီးတော့ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ ထွင်းစာတွေကို ထိန်းချုပ်ပြီး လမ်းပြကွာ "

" ဟင် ... သခင်ကြီးက... "

သခင်ကြီးလုံ အံ့အားသင့်သွားသည်။

ထျန်းယွမ်သခင်ကြီးက သုန်မှုန်နေသော မျက်နှာကြီးဖြင့် ပြော၏။

" ငါ မူလအဆင့် မသေမျိုးအစီအမံတစ်ခု လုပ်ချင်လို့ "

ထိုစကားကို ကြားသောအခါ အားလုံး၏ မျက်နှာထားများ ပြောင်းကုန်ကြသည်။

" သခင်ကြီး.. အဲ့လိုလုပ်ဖို့ လိုလို့လားဗျာ "

ထျန်းယွမ်သခင်ကြီးက အံကြိတ်ကာ ပြန်ပြော၏။

" အဲ့ဒါထက်တောင် ဆိုးနေဦးမယ်ကွ ။ အဲ့ မိစ္ဆာအရာကြီးကိုသာ ဒီနေ့ မတားနိုင်ခဲ့ရင် မကြာခင်မှာ ဒေသကြီးကိုးခုလုံး ပျက်ကပ်နဲ့ ကြုံရနိုင်တယ် ။ အဲ့ကျရင်.. အားလုံး သေကြမှာကွ "

" ဟင်.... "

သူ့စကားကြောင့် အားလုံး မျက်လုံးပြူးသွားကြတော့သည်။

" ဘိုးဘေး.. ကျုပ်တို့အကူအညီ လိုသေးလားဗျ "

အဘိုးအိုတစ်ယောက်က မေးလာသည်။

" ဟုတ်တယ်သခင်ကြီး ၊ ကျုပ်တို့လဲ ဒီတိုင်းကြီးတော့ ထိုင်ကြည့်မနေနိုင်ဘူးဗျာ ။ ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကိုပါ အတူတူတိုက်ခိုက်ခွင့်ပေးပါ "

အကြီးအကဲတစ်ယောက်ကလည်း ဆိုသည်။

အားလုံးကလည်း တစ်ယောက်တစ်ပေါက် ပြောလာကြ၏။

ထျန်းယွမ်သခင်ကြီးက အားလုံးကို ကျေနပ်သည့်အရိပ်အယောင်ဖြင့် တစ်ချက်လှမ်းကြည့်ကာ

ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီ.. ဒီကိုယ်ပွားပုံရိပ်က စိတ်ဝိဥာဥ်အစွမ်း အားနည်းတာဆိုတော့ မူလအဆင့် မသေမျိုးအစီအမံ လုပ်တဲ့နေရာမှာ မင်းတို့က ကူညီကြကွာ "

" ဟုတ်ကဲ့ "

အားလုံး သံပြိုင်ပြန်ပြောလိုက်ကြ၏။

သူတို့၏ မျက်နှာတွင်လည်း ပျော်ရွှင်မှု အငွေ့အသက်များ အထင်းသား...

မူလအဆင့် မသေမျိုးအစီအမံကို ပြုလုပ်ရာ၌ ပါဝင်ရသည်ကပင် အခွင့်ကောင်းကြီးတစ်ခုဟု ဆို၍ရပါသည်။

" ငါ ပြောတဲ့အတိုင်း လုပ်ကြနော်.. "

ထျန်းယွမ်သခင်ကြီးက ပြောပြောဆိုဆိုပင် အားလုံးအား မည်သို့လုပ်ရမည်ကို ညွှန်ကြားလိုက်သည်။

အခြားတဖက် ၊ အချုပ်အနှောင်နေရာ၌ ...

အပေါ်ဘက်တွင် လေပြင်းတစ်ချက် တိုက်ခတ်နေကာ အောက်ဘက်ကြမ်းပြင်တွင်လည်း ကြောက်မက်ဖွယ် ငရဲမီးတောက်ကြီးတစ်ခု တောက်လောင်နေပါ၏။

ယဲ့ဖူရှောက်တစ်ယောက် စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ စစ်ဆေးကြည့်ရန် ကြိုးစားလိုက်သော်လည်း ချက်ချင်းဆိုသလိုပင် သူ့ စိတ်ဝိဥာဥ်အစွမ်း လောင်ကျွမ်းလာသည်ကို ခံစားလိုက်ရကာ နာကျင်မှုကြောင့် မေ့လဲကျမလို ဖြစ်သွားသည်။

" သခင်ကြီး... "

သူ ခက်ခက်ခဲခဲ စကားစလိုက်၏။

သူ့ သခင်ကြီးက စူပုတ်နေသော မျက်နှာဖြင့် ပြန်ပြောသည်။

" စိတ်ဝင်စားစရာတော့ ကောင်းသားပဲကွ.. ။ လျှို့ဝှက်ဒေသထဲမှာ နောက်ထပ် လျှို့ဝှက်ဒေသတစ်ခု ရှိနေပြီးတော့.. ဒီအရာကို အချုပ်အနှောင်အဖြစ် ထားထားတယ် ။ ဒီ ကောင်းကင်ဘုံကိုးဆင့် လျှိို့ဝှက်ဒေသကို ဖန်တီးခဲ့တဲ့ကောင်တွေက အကြံတော့ ကောင်းကြသားပဲ "

" ကောင်းပြီလေ.. အဲ့လိုဆိုတော့ ငါနဲ့တွေ့ပြီပေါ့ "

သူ ပြောကာ လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။

ဝုန်း ....

လေထုတစ်ခုလုံး ရုတ်ချည်းတုန်ခါလာ၏။

ဤသို့ဖြင့် နာရီအနည်းငယ် ကြာသွားပြီးနောက်တွင်..

ဝီ...

လေထုတစ်ခုလုံး ရုတ်တရက် ပြိုကွဲသွားတော့သည်။

" ဟင်... တတိယအချုပ်အနှောင်ကို ချိုးဖျက်လိုက်နိုင်ပြီလား သခင်ကြီး "

ယဲ့ဖူရှောက် တအံ့တသြ မေးလိုက်သည်။

သခင်ကြီးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေ၏။

" မဟုတ်ဘူးကွ .. အချုပ်အနှောင်က မကျိုးပျက်

သေးဘူး "

" အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ... "

ယဲ့ဖူရှောက် နားမလည်နိုင် ဖြစ်သွားပါသည်။

သခင်ကြီးဆိုသူက အေးစက်စက် ပြန်ပြော၏။

" အဲ့ကောင်တွေက လျှို့ဝှက်ဒေသထဲမှာမှ နောက်ထပ် လျှို့ဝှက်ဒေသတစ်ခု လုပ်ထားခဲ့တာ ။ အဲ့ဒါကို အားသုံးပြီး ချိုးဖျက်ဖို့က မခက်ပေမယ့် ဒီဟာက ငါ့ခန္ဓာကိုယ်အစစ် ဟုတ်မနေဘူးလေ ။ ပြီးတော့.. အဲ့လိုလုပ်ရင် ဆုံးရှုံးမှုကလဲ ကြီးလိမ့်မယ်။ ဒီတော့.. ငါက အခြေအနေကိုလိုက်ပြီး အဲ့ လျှို့ဝှက်ဒေသကို ပိုကြီးလာအောင်လုပ်ဖို့ပဲ ရွေးခဲ့တာ "

" နောက်ဆုံး အဲ့လျှို့ဝှက်ဒေသက အကန့်အသတ်ပမာဏအထိ ကြီးလာတဲ့အချိန်မှာတော့ အလိုလို ပြိုကွဲသွားတာပေါ့ကွာ "

စကားဆုံးအောင် နားထောင်ပြီးချိန်တွင်မူ ယဲ့ဖူရှောက်၏ ရင်ထဲ လေးစားမှုတို့ဖြင့် ပြည့်သွားပါတော့သည်။

" သခင်ကြီးက တကယ်ကို အမြင်ကျယ်တာပဲဗျာ ။ ခုလိုနည်းလမ်းမျိုးကိုတောင် တွေးမိတယ်.. "

သခင်ကြီးဆိုသူက သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်ပါသည်။

" ငါ့ကို ဖားမနေနဲ့ကွ ။ ဒီ အချုပ်အနှောင်လေး သုံးခုနဲ့တင် ငါ့ရဲ့အချိန် ဆယ်နာရီလောက် အလကားဖြစ်သွားခဲ့ပြီ ။ နောက်လာမယ့် အချုပ်အနှောင်တွေက ပိုတောင်ခက်ဦးမယ် ။ အဲ့တော့ အလကား အချိန်ဖြုန်းနေလို့ မဖြစ်ဘူး "

" ဟုတ်ကဲ့ "

ယဲ့ဖူရှောက် ဦးညွှတ်ကာ သခင်ကြီးနောက်မှ ဆက်လိုက်သွားပါ၏။

အခြားတဖက်တွင်...

အစီအမံကို ပြုလုပ်နေသော ထျန်းယွမ်သခင်ကြီး မျက်နှာမသာမယာ ဖြစ်သွားပြန်သည်။

" ဘိုးဘေး ၊ မဟုတ်မှလွဲရော.. နောက်ထပ် အချုပ်အနှောင်တစ်ခု ပျက်စီးသွားပြန်တာလား "

သခင်ကြီးလုံက သတိထားမိကာ မေးလာ၏။.

ထျန်းယွမ်သခင်ကြီး ခေါင်းအသာညိတ်ပြလိုက်သည်။

" ကျုပ်ကိုက ညံ့တာပါဗျာ ။ အခုမှ လမ်းတစ်ဝက်လောက်ပဲ ရောက်သေးတယ် "

သခင်ကြီးလုံ အနည်းငယ် ဒေါသထွက်သွားသလို ကူကယ်ရာမဲ့ခံစားချက်လည်း ဝင်လာ၏။

ကောင်းကင်ဘုံကိုးဆင့် လျှိို့ဝှက်ဒေသထဲတွင် ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသဖြင့် သူ အရှိန်တင်ရန် မဖြစ်နိုင်သလောက်နီးပါး ဖြစ်နေပါသည်။

ထျန်းယွမ်သခင်ကြီးက ခေါင်းယမ်းရင်း ပြောလာ၏။

" စိတ်မပူပါနဲ့ကွာ... အခုထက်တောင် ပိုနှေးနှေးသွားလို့ရပါသေးတယ် "

" ဟင်... "

သခင်ကြီးလုံ အံ့အားသင့်သွားရသည်။

ထျန်းယွမ်သခင်ကြီးက အဝေးသို့ တစ်ချက်လှမ်းကြည့်ရင်း ပြော၏။

" ငါ့ရဲ့ အစီအမံ ပြီးဖို့ဆိုရင် အနည်းဆုံး နှစ်ရက်လောက် အချိန်ယူရမှာကွ ။ အခု အချုပ်အနှောင်ကလဲ ခြောက်ခု ကျန်နေသေးတာဆိုတော့ အဲ့ကောင်ကို နောက် သုံးရက်ကနေ ငါးရက်အထိ အချိန်ဆွဲထားလို့ ရနိုင်သေးတယ် ။ အဲ့တော့ ငါတို့အတွက် အချိန်ရှိနေသေးတယ် ။ အခု မင်းတို့က ထွင်းစာတွေကို ထိန်းချုပ်တဲ့နေရာမှာပဲ အာရုံစိုက်ပြီး မြန်မြန်လုပ်ကြပါ ။ ငါတို့ နောက်ထပ်နှစ်ရက်နေလို့ အချုပ်အနှောင်ဆီကို ရောက်ရင်ရပြီ "

သခင်ကြီးလုံ ချက်ချင်း ဦးညွှတ်လိုက်သည်။

" ဟုတ်ကဲ့ပါ သခင်ကြီး "

ထျန်းယွမ်သခင်ကြီးက သူ့ကို လျစ်လျူရှု၍ အစီအမံကိုသာ ဆက်လုပ်နေလိုက်၏။

သို့သော်.. သူ့ရင်ထဲတွင်ကား ပိုပို၍ လေးလံလာခဲ့ပါသည်။

ထိုစဥ် အချုပ်အနှောင် ရှိသည့်ဘက်၌...

" သခင်ကြီး ၊ ကျုပ်တို့.. ဒီလမ်းကို လျှောက်လာတာ

သုံးကြိမ်တောင် ရှိသွားပြီထင်တယ်ဗျ "

ယဲ့ဖူရှောက်က တလေးတစား ပြောရှာသည်။

ဘေးပတ်လည် မြင်ကွင်းကို ကြည့်ရင်းနှင့်မှ ၎င်းကို ရင်းနှီးနေသလို သူ ခံစားရကာ ပြဿနာကို သတိထားမိသွားခြင်းပင် ။

ထိုစဥ် သခင်ကြီးကလည်း ရပ်သွား၏။

" ဟုတ်တယ်ကွ.. မင်းက အမြင်စူးရှသားပဲ "

" ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ။ အမှန်တိုင်းပြောရရင်တော့.. ဒါတွေအားလုံး သခင်ကြီးရဲ့ ကျေးဇူးကြောင့်ပါ ။ သခင်ကြီးကြောင့်သာ မဟုတ်ရင် ကျုပ် အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်တစ်ယောက် ဖြစ်ဖို့ နှစ်ထောင်ပေါင်းများစွာ အချိန်ယူရမှာဗျ "

ယဲ့ဖူရှောက်က လေသံတိုးတိုးဖြင့် ပြန်ပြောရှာသည်။

သခင်ကြီးက ခေါင်းသာညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါ ။

ထိုစဥ် ယဲ့ဖူရှောက်က စူးစမ်းစိတ်ဖြင့် ထပ်မေးလာ၏။

" သခင်ကြီး.. ဒီဟာက ဘယ်လိုအချုပ်အနှောင်လဲဗျ "

သခင်ကြီး : " ပြန်အသက်သွင်းခြင်း လျှို့ဝှက်သိုင်းပညာ ၊ အဆုံးမဲ့စက်ဝန်း "

ယဲ့ဖူရှောက် လန့်သွားဟန်တူသည်။

" မဟုတ်မှလွဲရော.. ဒါ မူလအဆင့် စိတ်ဝိဥာဥ်သိုင်းပညာနဲ့ ဖန်တီးထားတဲ့ အချုပ်အနှောင်များလား.. ။ အဲ့လိုဆိုရင် ချိုးဖျက်ဖို့ ဖြစ်နိုင်ပါ့မလားဗျ "

သူ တုန်လှုပ်စွာ ဆိုပါ၏။.

သခင်ကြီးက အေးစက်စက် ပြန်ပြောသည်။

" အခြားသူတွေအတွက်တော့ အဲ့စကားက မှန်လိမ့်မယ်။ ဒါပေမယ့်.. ငါကိုယ်တိုင် ဒီနေရာကို ရောက်လာမယ်ဆိုတာ အဲ့ကောင်တွေ စဥ်းစားမိခဲ့ကြမှာ မဟုတ်ဘူးလေ ။ ဒီကောင်တွေက အခြေခံ လှည့်ကွက်လေးနဲ့ ငါ့ကိုတားဖို့ ကြိုးစားခဲ့ကြတာ "

သူ ပြောပြောဆိုဆိုပင် လက်တစ်ဖက်ဆန့်ထုတ်၍

တစ်စုံတစ်ခုကို ဆွဲသည့်ဟန် လုပ်လိုက်၏။

ထို့နောက်တွင်ကား... သူ့ရှေ့မှ ကမ္ဘာကြီးမှာ စာရွက်တစ်ရွက်ပေါ်မှ ပန်းချီကားတစ်ခုပမာ အပိုင်းပိုင်း စုတ်ပြဲသွားတော့သည်။

ချက်ချင်းမှာပင်.. အခြားလေထုတစ်ခု ပေါ်လာ၏။

" လေးခုမြောက် အချုပ်အနှောင်ကလဲ ပျက်စီးသွားပြီ "

၎င်းကိုမြင်သည်နှင့် ယဲ့ဖူရှောက် မျက်နှာကြီးဝင်းသွားသည်။

" ဂုဏ်ယူပါတယ် သခင်ကြီး.. တကယ်ကို ဂုဏ်ယူပါတယ်ဗျာ "

သူ အပြုံးဖြင့် ပြောလိုက်၏။

သို့သော်.. သူ့စကားမဆုံးခင်မှာပင်..

ဝုန်း...

ကြောက်မက်ဖွယ် အားကြီးတစ်ခု ကောင်းကင်ယံမှ

ကျလာသည်။

" ငါးခုမြောက် အချုပ်အနှောင်လား.. ၊ မြန်လိုက်တာ "

ယဲ့ဖူရှောက် အံ့သြသွားပါ၏။

အခြားတဖက်ရှိ ထျန်းယွမ်သခင်ကြီးမှာ...

" ဒါ.. မြန်လိုက်တာ.. "

လေးခုမြောက် အချုပ်အနှောင် ပျက်စီးသွားသည်ကို သူ အာရုံခံမိကာ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်သွားသည်။

ထို ကျူးကျော်သူ၏ အစွမ်းမှာ သူ ထင်ထားသည်ထက် များစွာပိုသာပါသည်။

အစပိုင်းတွင် လေးခုမြောက် အချုပ်အနှောင်က တဖက်လူအား အနည်းဆုံးတစ်ရက်ခန့် ပိတ်လှောင်ထားနိုင်မည်ဟု သူ တွေးထင်ခဲ့ပါ၏။

သို့သော်... မျှော်လင့်မထားစွာပင် ထိုအချုပ်အနှောင်က အမြန်ဆုံး ကျိုးပျက်သွားခဲ့ပါသည်။

" အရမ်းကြီး စိတ်ပူနေလို့မဖြစ်ဘူး ။ အခုလို ဖြစ်လာလေလေ ၊ ပိုတည်ငြိမ်လေပဲ ဖြစ်ရမှာ "

သူ စိတ်ထဲမှ ရေရွတ်ပြီး အသက်ပြင်းပြင်းရှိုက်ကာ တဖက်တွင် ဘာဖြစ်နေသည်ကို အာရုံမထားတော့ဘဲ အစီအမံပြုလုပ်ရာ၌သာ အစွမ်းကုန်ထည့်သုံးလိုက်ပါ၏။

အခြားတဖက် အချုပ်အနှောင်နေရာ၌...

သခင်ကြီးဆိုသူ၏ မျက်နှာက ပထမဆုံးအကြိမ် တည်သွားသည်။

" ငါးခုမြောက် အချုပ်အနှောင်က မိုးကြိုးအချုပ်အနှောင်ပါလား.. "

သူ ရှေ့တွင်ရှိနေသော မိုးကြိုးတိမ်တိုက်ကို ခေါင်းမော့ကြည့်ရင်း တခဏကြာမျှ ရှေ့မတိုးရဲ ဖြစ်သွားပါ၏။

" သခင်ကြီး... မိုးကြိုးအချုပ်အနှောင်က အရင် အချုပ်အနှောင်တွေထက်ကို ပိုရိုးရှင်းတယ် မဟုတ်ဘူးလားဗျ "

ယဲ့ဖူရှောက်က မေးလာသည်။

သူ့ ကျင့်ကြံခြင်းခရီးတလျှောက်တွင် ကောင်းကင်ဘုံပျက်စီးခြင်း မိုးကြိုးများစွာနှင့် ကြုံတွေ့ခဲ့ရပြီး အားလုံးကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့သည် မဟုတ်ပါလား..

သို့ဖြစ်ရာ ထိုအရာလောက်လေးက သူ့သခင်ကြီးအား မတားနိုင်သင့်ပါချေ။

သို့သော် သခင်ကြီးက သူ့အား အေးစက်စက်ကြည့်ကာ ပြောလာပါ၏။

" သာမာန်လူတွေအတွက်တော့ ဟုတ်မှာပေါ့ကွ ။ ဒါပေမယ့် ငါ့လို ကျင့်ကြံခြင်းအဆင့်မျိုးနဲ့ လူတွေအတွက်ကတေ့ အဲ့လိုရိုးရှင်းဖို့ဆိုတာ အဝေးကြီးပဲ "

" ဟင်... ကျုပ် သိပ်နားမရှင်းဘူးဗျ "

ယဲ့ဖူရှောက် အူကြောင်ကြောင်မျက်နှာထား ဖြစ်သွားသည်။

သခင်ကြီးက မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။

" ငါ ထုတ်ပြောလို့မရဘူးကွ ။ ပြောလိုက်ရင် အာရုံခံ

မိသွားလိမ့်မယ်.... "

သူ ပြောနေရင်း ရုတ်တရက် စကားစရပ်လိုက်ပြီးမှ ဆက်ပြောသည်။

" သိပြီ... ဒီတစ်ခေါက် အချုပ်နှောင်ကို မင်းက ငါ့ကိုယ်စား ချိုးဖျက်လိုက်ကွာ "

All Chapters