← Chapters

အခန်း (၈၅၄)

Vol. 61 Ch. 854

အခန်း (၈၅၄)

Vol. 61 Ch. 854

" ကျုပ်က ချိုးဖျက်ရမှာလား.. "

သူ့စကားကြောင့် ယဲ့ဖူရှောက် အံ့သြမှင်သက်သွား၏။

သူ့သခင်ကြီးပင် မချိုးဖျက်နိုင်သော အချုပ်အနှောင်တစ်ခုကို သူက မည်သို့ ချိုးဖျက်နိုင်ပါမည်နည်း ။

ထိုစဥ် သခင်ကြီးက နှုတ်ခမ်းတွန့်ရုံ ပြုံး၍ ပြောလာပါသည်။

"ဘာမှ စိတ်မပူနဲ့.. ငါပြောတဲ့အတိုင်းပဲ လုပ်လိုက် "

သူ ပြောကာ ယဲ့ဖူရှောက်၏ မျက်ခုံးဆီသို့ လက်ညိုးညွှန်လိုက်၏။

ဝီ ....

ယဲ့ဖူရှောက်၏ နဖူးပေါ်တွင် ထွင်းစာတစ်ခု ချက်ချင်းပေါ်လာသည်။

" ဟင် ... သခင်ကြီး ... "

ယဲ့ဖူရှောက် မျက်လုံးပြူးသွား၏။.

ထိုစဥ်မှာပင် သခင်ကြီးက ယဲ့ဖူရှောက်အား လည်ပင်းမှဆုပ်ကိုင်ကာ ရှေ့မှ အစီအမံထဲသို့ ပစ်ထည့်လိုက်သည်။

အား...

ယဲ့ဖူရှောက်ဆီမှ အော်သံထွက်လာ၏။

ထိုစဥ်မှာပင်..

ဝုန်း...

ဘေးပတ်လည်မှ မိုးကြိုးလျှပ်စီးများ လျှင်မြန်စွာ ကျလာကြသည်။

ကျင့်ကြံခြင်းအဆင့် ဖိနှိပ်ခံထားရသော ယဲ့ဖူရှောက်မှာလည်း ထိုမိုးကြိုးလျှပ်စီးများ၏ ဝါးမြိုခြင်းကို ခံရကာ ပြာမှုန့်အဖြစ် ရုတ်ချည်းပြောင်းသွားတော့သည်။

သို့သော် သခင်ကြီးဆိုသူကမူ ယဲ့ဖူရှောက်၏အဖြစ်ကို တွေ့သည့်တိုင် ဘာမှခံစားရပုံမပေါ်ဘဲ မျက်နှာသေဖြင့်သာ ရှိနေပါ၏။

ထိုစဥ် ရုတ်တရက်..

ဝီ ..

မိုးကြိုးများ ပြန်ငြိမ်သက်သွားသည်နှင့် ယဲ့ဖူရှောက် သေသွားခဲ့သည့်နေရာ၌ အမည်းရောင်အစွမ်းတစ်ခုက အရပ်မျက်နှာစုံသို့ လွင့်ပျံ့သွားသည်။

ထိုအမည်းရောင် စွမ်းအင်များမှာ ရေစီးကြောင်းများလို ဖြစ်နေကာ ဘေးပတ်လည်မှ အချုပ်အနှောင်များ ၊ ထွင်းစာများနှင့် တစ်သားတည်း ပေါင်းစပ်သွားပါ၏။

အချုပ်အနှောင် ထွင်းစာများ တမဟုတ်ချင်း တိုက်စားခံရကာ အရည်ပျော်ကျသွားကုန်တော့သည်။

ထို့နောက်မူ ၎င်းတို့အားလုံး ပျောက်ကွယ်သွား

တော့၏။

ထိုအချိန်မှ သခင်ကြီးက ယဲ့ဖူရှောက် သေသွားခဲ့သည့်နေရာသို့ လှည့်ကြည့်၍ လက်တစ်ချက်ယမ်းလိုက်သည်။

ဝီ...

ပြာမှုန့်အဖြစ် ရောက်သွားခဲ့သော ယဲ့ဖူရှောက်တစ်ယောက် မူလအခြေအနေသို့ ချက်ချင်းပြန်ရောက်သွားပါတော့သည်။

" ဟင် ... ကျုပ် ဘာတွေဖြစ်သွားတာလဲ "

ယဲ့ဖူရှောက် တုန်လှုပ်သွား၏။

သူ အစောပိုင်းလေးကတင် ပြာမှုန့်အဖြစ် ရောက်သွားခဲ့ရပါသည်။

ယခု မည်သို့ကြောင့် အသက်ပြန်ရှင်လာရပါသနည်း ။

သခင်ကြီးဆိုသူက သူ့ကိုကြည့်ကာ အေးဆေးပင်

ပြောပါ၏။.

" အံ့သြမနေပါနဲ့ကွာ.. အဲ့ဒါ အချိန်ကိုနောက်ပြန်ရွှေ့လိုက်တာ "

" ဘယ်လို.. အချိန်နောက်ပြန်ရွှေ့တယ်.. "

သူ့စကားကိုကြားပြီး ယဲ့ဖူရှောက် တစ်ကိုယ်လုံး တုန်သွားသည်။

ဒဏ္ဍာရီကျော် မသေမျိုးဧကရာဇ်များသည်ပင် ထိုအစွမ်းမျိုး မရှိကြပါချေ...

သို့သော် သူ့သခင်ကြီးက မျက်စိတစ်မှိတ်ခန့် အချိန်လေးအတွင်း ထိုအစွမ်းမျိုးကို သုံးနိုင်ခဲ့သတဲ့လား..

" သခင်ကြီးက တကယ်ကို အစွမ်းအထက်ဆုံး ကျင့်ကြံသူပါပဲဗျာ "

ယဲ့ဖူရှောက် စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

သူ့သခင်ကြီးကမူ ခံစားချက်မဲ့သည့် မျက်နှာဖြင့်သာ ရှေ့ဆက်တိုးနေရင်း ပြော၏။

" ခြောက်ခုမြောက် အချုပ်အနှောင်ကို ကြည့်ရမယ် ... "

သူ ပြောကာ ရှေ့ဆက်လျှောက်သွားသည်။

အခြားတဖက်မှ ထျန်းယွမ်သခင်ကြီးမှာ...

" ငါးခုမြောက် အချုပ်အနှောင်ကလဲ အဲ့လောက်လွယ်လွယ်နဲ့ ကျိုးပျက်သွားခဲ့တာလား ။ သူ အချုပ်အနှောင်တွေကို ချိုးဖျက်တဲ့နှုန်းက ပိုတောင်မြန်လာသလိုပဲ ။ အဲ့ကောင်က ဘယ်သူပါလိမ့်... "

သူ အနည်းငယ်လည်း ကြောက်စိတ်ဝင်လာပါတော့သည်။

သို့သော်.. လက်ရှိတွင် သူ့ကိုယ်ပိုင် မူလအဆင့် မသေမျိုးအစီအမံကို အားကိုးရန်မှတပါး အခြားရွေးချယ်စရာ မရှိပါ ။

ထိုစဥ် အခြားတဖက်၌... ယဲ့ဖူရှောက် နှင့် သူ့သခင်ကြီးတို့မှာ ခြောက်ခုမြောက် အချုပ်အနှောင်ရှေ့သို့ ရောက်နေကြလေပြီ ။

သူတို့ အချုပ်အနှောင်နှင့် အတန်ငယ် လှမ်းသေးသည့်တိုင် ကြောက်မက်ဖွယ် အအေးဓာတ်တစ်ခုက သူ့

ထံ တိုးဝင်လာသည်ကို ယဲ့ဖူရှောက် ခံစားမိလိုက်ပါ၏။

" သခင်ကြီး... "

သူ ပြောကာ လှည့်ကြည့်လိုက်သည်။

သူ့သခင်ကြီးအတွက် စိတ်ပူစရာမရှိသော်လည်း.. သူကိုယ်တိုင်အတွက်မူ ထိုအအေးဓာတ်က အနည်းငယ် ခံရခက်လာလေပြီ ။

သို့သော်.. သူ့သခင်ကြီးက ထူးမခြားနား မျက်နှာပေးသာ ရှိနေပါ၏။

" မှော်ရေခဲ အချုပ်အနှောင်ပါလား .. အဲ့လောက်ကတော့ ဘာမှလဲ မထူးခြားပါဘူး "

သူ အေးစက်စက် နှာခေါင်းရှုံ့ကာ ရှေ့သို့ဆက်တိုးလိုက်သည်။

ဝုန်း ...

သူ့ခန္ဓာကိုယ် တစ်ခုလုံးက နေတစ်စင်းကဲ့သို့ တမဟုတ်ချင်း တောက်လောင်လာကာ တဖက်မှ

အအေးဓာတ်အား စတင်တိုက်စားလာတော့သည်။

အအေးဓာတ်မှာလည်း အန္တရာယ်ကို အာရုံခံမိသွားပုံဖြင့် ရုတ်တရက်ပေါက်ထွက်လာကာ သူ့အား တိုက်ခိုက်လာ၏။

သို့သော်.. သူတို့နှစ်ယောက်ကြားမှ အစွမ်းကွာဟမှုက သိသာလှသည့်အတွက်..

တခဏကြာ သူမသာ ကိုယ်မသာ ဖြစ်နေပြီးနောက်.. အအေးဓာတ်က နောက်သို့ စဆုတ်သွားရသည်။

သခင်ကြီးက ရှေ့သို့ တစ်လှမ်းချင်း တိုးလာ၏။

သူ ခြေလှမ်းတိုင်းကို ကြောက်စရာ ဖိအားများအောက်၌ လှမ်းနေရသည့်တိုင် ထိုခြေလှမ်းတိုင်းက အနီးနားမှ အအေးဓာတ်အား ပြိုကွဲပျောက်ကွယ်သွားအောင် လုပ်နိုင်နေပါသည်။

နောက်ဆုံး.. နာရီဝက်ကြာပြီးချိန်တွင်ကား အအေးဓာတ်က လုံးဝ ပြိုကွဲသွားတော့သည်။

" နောက်ဆုံး အချုပ်အနှောင် သုံးခုပဲ ကျန်တော့တယ် ။ အဲ့ဒါပြီးရင်တော့ အားလုံးပြီးပြီ "

ထိုစဥ်တွင် သခင်ကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာပါတော့သည်။

သူ ပြောနေရင်းမှာပင် ခုနစ်ခုမြောက် အချုပ်အနှောင်ဆီ ရောက်သွား၏။

ဝီ...

သူ့ဘေးပတ်လည်မှ လေထုက ရုတ်တရက် အပိုင်းပိုင်းပြိုကွဲသွားသည်ကို ခံစားလိုက်ရသည်။

မရေမတွက်နိုင်သော အော်ဟစ်ငြီးတွားသံများလည်း ကောင်းကင်ယံထိ ပဲ့တင်ထပ်နေ၏။

ထို့နောက်တွင်မူ ... သူ့ခန္ဓာကိုယ်အား သွေးနီခေါင်းတလားကြီးထဲ ပိတ်လှောင်ပြီး အဆုံးမဲ့သော ပင်လယ်အောက်ခြေတွင် မြှုပ်နှပ်ထားသလို ခံစားလိုက်ရသည်။ သူ ၎င်းမှ ထွက်ပြေးလိုက်ချင်သော်လည်း နည်းလမ်းမရှိသလိုပါပင် ...

သူ အချိန်၏ အဆုံးသတ်အထိ ပိတ်လှောင်ခံထားရသလို ဖြစ်နေကာ... ကူကယ်ရာမဲ့ ခံစားချက်တစ်မျိုးတည်းသာ ရှိပါတော့၏။

သူ အမှောင်ထုထဲ၌ အမြဲ ချုပ်နှောင်ခံထားရတော့မလို....

သို့သော် ထိုစဥ်မှာပင်..

ခွမ်း....

သူ့ရှေ့မှ ပန်းချီကားက အပိုင်းပိုင်းအက်လာပါသည်။

ပင်လယ်အောက်ကြမ်းပြင်နှင့် ခေါင်းတလားကြီးလည်း ပျောက်ကွယ်သွားပါ၏။

ဝုန်း...

ထို့နောက်တွင် ပန်းချီကားက လုံးဝပြိုကွဲသွားကာ သူ ခုနစ်ခုမြောက် အချုပ်အနှောင်ရှေ့ ပြန်ရောက်လာသည်။

" သခင်ကြီး... အဆင်ပြေရဲ့လားဗျ "

ယဲ့ဖူရှောက်က စိုးရိမ်တကြီး မေး၏။

သခင်ကြီးက မျက်မှောင်ကြုံ့၍ ပြန်ဖြေသည်။

" ပြေတယ်.. ခုနက ဘယ်လောက်ကြာသွားလဲ "

ယဲ့ဖူရှောက် မြန်မြန်ပင် ပြန်ပြောသည်။

" အနည်းဆုံး ဆယ်နာရီလောက်တော့ ရှိတယ်ဗျ ။ ကျုပ် သခင်ကြီးကို အသည်းအသန် ခေါ်ပေမယ့် သခင်ကြီးက မျက်နှာသေနဲ့ ဖြစ်နေခဲ့တာ "

သခင်ကြီး၏ မျက်နှာထား အနည်းငယ်ပြောင်းသွားကာ ပြော၏။

" ဆယ်နာရီပဲ ရှိသေးတာလား ။ ငါက နှစ်ပေါင်းသိန်းချီပြီးတော့တောင် ကြာသွားခဲ့သလို ခံစားလိုက်ရတာ "

ယဲ့ဖူရှောက် အံ့အားသင့်သွားကာ မေးလိုက်သည်။

" သခင်ကြီး... ဘယ်လိုဖြစ်လို့လဲဗျ "

သခင်ကြီးက အေးစက်စက် ပြန်ပြော၏။

" ငါ ခုနစ်ခုမြောက် အချုပ်အနှောင်ကို လျှော့တွက်မိ

ခဲ့တာ ။ ဒီဟာက ပုံရိပ်ယောင် အချုပ်အနှောင်တစ်ခုပဲကွ... ဒီကောင်က ငါကြောက်တဲ့အရာကို ပြန်တွေးမိအောင် လုပ်နိုင်တယ် "

" ဟင် .. သခင်ကြီး ကြောက်ရတဲ့အရာလဲ ရှိသေးတာလား "

ယဲ့ဖူရှောက် အံ့သြသွားရပြန်ပါသည်။

သခင်ကြီးက သူ့အမေးကို မဖြေဘဲ စကားလွှဲ၍သာ ပြော၏။

" ဒီအချုပ်နှောင်က စိတ်ဝင်စားစရာတော့ ကောင်းသားပဲ ။ ဒါပေမယ့်.. အဲ့ထက်ဘာမှမပိုဘူး "

သူ ပြောပြီး ခေါင်းမော့လိုက်ရာ သူ့ကိုယ်မှ ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်ချည်းထွက်လာသည်။

" ပုံရိပ်ယောင်ဆိုတာ စိတ်ဝိဥာဥ်အစွမ်းနဲ့ပဲ လုပ်ထားတာ ။ ငါ အဓိကကျင့်ကြံတဲ့အရာက စိတ်ဝိဥာဥ်အစွမ်း မဟုတ်ပေမယ့်.. မင်းတို့လို ဘာမဟုတ်တဲ့ မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေထက်တော့ အများကြီးသာတယ်ကွ "

စကားဆုံးချိန်မှာပင် သူ့ခေါင်းထက်၌ ဧရာမ စိတ်ဝိဥာဥ်အရိပ်ကြီးတစ်ခု ရုတ်တရက် စုစည်းလာပါသည်။

" ကျိုးပျက်စေ .... "

သူ အော်လိုက်၏။

စိတ်ဝိဥာဥ်အရိပ်က လေထဲသို့ ချက်ချင်းထိုးတက်သွားပြီးနောက်.... ခုနစ်ခုမြောက် အချုပ်အနှောင်မှာ ခဏလေးတာ တောင့်ခံလိုက်နိုင်ကာ ပြိုကွဲပျောက်ကွယ်သွားတော့သည်။

" သခင်ကြီးရဲ့ စိတ်ဝိဥာဥ်သိုင်းပညာက ကြောက်စရာကောင်းလိုက်တာ "

၎င်းကို ဘေးမှကြည့်နေသော ယဲ့ဖူရှောက်၏ ရင်ထဲ ကြောက်စိတ်ဖြင့် ပြည့်သွား၏။

အစောက သိုင်းကွက်မှာ သူ့အား လုံးဝတုန်လှုပ်သွားအောင် လုပ်လိုက်နိုင်ပါသည်။

" ကြည့်ရတာ စိတ်ဝိဥာဥ်အစွမ်းမှာတော့ သခင်ကြီးက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးပဲနဲ့တူတယ် "

ယဲ့ဖူရှောက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

" သွားကြစို့.. နောက်ထပ် အချုပ်အနှောင် နှစ်ခုတောင် ကျန်နေသေးတယ် "

သခင်ကြီး ပြောလိုက်သည့် အသံထဲတွင် စိတ်လှုပ်ရှားမှု အငွေ့အသက်အချို့ ပါနေလေပြီ ။

ယဲ့ဖူရှောက် ဘာမှပြန်မပြောဘဲ နောက်မှသာ မြန်မြန်လိုက်သွား၏။

သို့သော်.. ထိုစဥ်မှာပင် မျက်နှာမပေါ်သော ကြေးနီရုပ်ထုကြီးတစ်ခုက သူတို့လမ်းကို ပိတ်တားလာသည်။

ယဲ့ဖူရှောက်က ၎င်းကိုတစ်ချက်ကြည့်ပြီး အပြုံးဖြင့် ပြောလိုက်၏။

" ဒီ ရှစ်ခုမြောက် အချုပ်အနှောင်က တကယ်ကို ရိုးရှင်းတာပဲ ။ သခင်ကြီး ဒါကို လွယ်လွယ်လေးနဲ့

ချိုးဖျက်နိုင်မှာ.. "

သူ ပြောကာ သခင်ကြီးအား လှည့်ကြည့်လိုက်သည်။

သို့သော်.. မျှော်လင့်မထားစွာပင် သူ့သခင်ကြီး၏ မျက်နှာထက်၌ ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စွန်းတစ ပေါ်လာပါ၏။

" ဟင်... ဘာဖြစ်လို့လဲ သခင်ကြီး "

ယဲ့ဖူရှောက် အံ့သြတုန်လှုပ်သွားရပါသည်။

သူ့သခင်ကြီး၏ မျက်နှာပေါ်တွင် ထိုသို့သော အမူအရာမျိုး တွေ့ရသည်မှာ ယခုက ပထမဆုံးပါပင်...

ထိုစဥ်မှာပင် သခင်ကြီးက သူ့စကားကိုကြားပြီး အသိပြန်ဝင်လာဟန် တူပါ၏။

" ဟမ့်.. ဒီအမှိုက်ကောင်တွေက အဲ့လိုအရာလောက်နဲ့ ငါ့ကို ခြောက်ဖို့ ကြိုးစားတယ်ပေါ့လေ ။ တကယ်လို့သာ အဲ့ဟာကြီးက အစစ်ဖြစ်နေခဲ့ရင်

တော့ ငါ နောက်လှည့်ပြီး ထွက်သွားမိမှာပဲ ။ ဒါပေမယ့်.. ဒီလို ကိုယ်ပွားပုံရိပ်လောက်နဲ့တော့ ငါ့ကို တားနိုင်မယ်မထင်နဲ့ ".

သူ ပြောကာ ကြေးနီရုပ်ထုဆီ လျှောက်သွားလိုက်သည်။

သို့သော်.. ထိုသို့ သွားနေစဥ်တွင် သူ ကြောက်မက်ဖွယ် ဖိအားဒဏ်ကို ခံနေရပုံတူကာ သူ့တစ်ကိုယ်လုံးလည်း ပြိုကွဲတော့မလို ဖြစ်နေပါ၏။

သို့သော်.. သူ့ခြေလှမ်းများက လုံးဝ ရပ်မသွားခဲ့ပါချေ။ သူ ဖိအားဒဏ်ကို အံကြိတ်ခံကာ လက်တစ်ဖက်ကို ဖြည်းဖြည်းချင်းဆန့်ထုတ်၍ လေထုအား ဆွဲဖြဲလိုက်ပါ၏။ ထို့နောက်.. ကြေးနီရုပ်ထုကြီးအား အမှောင်ထုထဲ ဆွဲထည့်လိုက်တော့သည်။

All Chapters