← Chapters

မူလဓားခန္ဓာ

Vol. 7 Ch. 92

မူလဓားခန္ဓာ

Vol. 7 Ch. 92

~တာအိုရှာဖွေ ကျောင်းတော်၌...

ဝမ်မျိုးနွယ် တပည့်တွေ၏ စုတ်ပြတ်သတ်နေသော အခြေအနေကို ကျွမ်းချန်က မြိန်ရေရှက်ရေ လာပြောပြနေတာကို နားထောင်ရင်း နင်ချီတောင် မနေနိုင်ဘဲ ပြုံးမိသွားသည်။

ကျွမ်းချန်က တဟားဟား ရယ်သည်။

"နင်ချီ... ခင်ဗျား အဲ့ဒီမြင်ကွင်းကို မမြင်လိုက်ရတာ နာတယ်ကွာ။ ခွီး... ဝမ်မျိုးနွယ်က ကောင်တွေ အကုန်လုံး ဖူးယောင်နေတာပဲ။ နောက်ဆုံး ဘယ်သူမှ ပြန်မချရဲတော့ဘူး။ လိပ်လိုပဲ ပုန်းနေကြတော့တာ... တကယ်ရယ်ရတယ်..."

ကျွမ်းချန်က ဗိုက်ကို ဖိပြီး၊ သူများဒုက္ခကို ဝမ်းသာအားရဖြင့် ရယ်မောနေသည်။

တကယ်လို့သာ သူ့စီနီယာအစ်ကို 'တုံးဟဲ'က သူ့ကို ဆွဲမထားခဲ့လျှင်၊ သူကိုယ်တိုင်လည်း သူ့နယ်ပယ်တူ ဝမ်မျိုးနွယ် တပည့်တစ်ယောက်ကို စိန်ခေါ်ပြီး သူ့ဆရာအတွက် ဒေါသ ဖြေဖို့ သွားလုပ်မိမှာ သေချာသည်။

"ငါသာ တက်သွားလို့ကတော့... အဲ့ကောင်ကို မျက်နှာမမှတ်မိအောင်ကို ထိုးပစ်မှာ။"

နင်ချီကတော့ ခေါင်းကို ဖြည်းဖြည်းချင်းသာ ခါလိုက်သည်။

ဒါက လူတိုင်း လုပ်နိုင်သမျှ၏ အဆုံးစွန်ပဲ။

အခုအခြေအနေက ဘိုးဘေးဝမ်တောင်မှ နောက်ပိုင်းမှာ လိုက်ပြီး အပြစ်ရှာလို့ မရပေ။ သို့သော် ဝမ်မျိုးနွယ် တပည့်တစ်ယောက်ယောက်သာ သေသွားခဲ့လျှင်... ဒါက လုံးဝ ပုံစံတစ်မျိုး ပြောင်းသွားလိမ့်မည်။

အရင်တစ်ခေါက် တာအိုဆရာလုံရှန်း ကိစ္စတုန်းကလိုပင်။ တစ်ယောက်ယောက်က အစစ်အမှန်သိုင်းတောင်ကို တိုက်ခိုက်ပြီး အမွေအနှစ်တွေကို လုယူဖို့ ကြံရွယ်ခဲ့လို့သာ သူ (နင်ချီ) က သတ်ပစ်ဖို့ တရားဝင် အကြောင်းပြချက် ရှိခဲ့ခြင်းသာ။

ဒီလိုမှမဟုတ်ဘဲ၊ အကြောင်းပြချက်မရှိဘဲ အင်အားသုံးပြီး နိုင်ကျင့်သတ်ဖြတ်ခဲ့ပါက

မဟာယန် ဧကရာဇ်နန်းတော်က ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပေ။ 'စည်းမျဉ်း' ဆိုတာ ရှိနေတုန်း မဟုတ်ပါလော။ ထို့ပြင် ထိုစည်းမျဉ်းကို လိုက်နာနေကြရတုန်းပင်။

"ဒီနေ့ ကောင်းကောင်း အနားယူလိုက်။ ငါတို့ ဆက်လုပ်ကြတာပေါ့။" ဟု နင်ချီက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မူလက သူသည် 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ပြီးသွားလျှင်၊ ကျွမ်းချန်ကို နောက်ထပ် ရက်အနည်းငယ်လောက် နေခိုင်းဖို့ အကြောင်းပြချက်တစ်ခုခု ရှာပြီး၊ ကျွမ်းချန်၏ 'မူလ ဓားအရိုး' ၏ လျှို့ဝှက်ချက်တွေကို လေ့လာကြည့်ဖို့ပင်။ သို့ရာတွင် ာခုလို အပြောင်းအလဲတွေ ဖြစ်လာတော့၊ အကြောင်းပြချက် ရှာနေစရာတောင် မလိုတော့ပါ။

ကျွမ်းချန် မျက်နှာကြီး ရှုံ့မဲ့သွားသည်။

"နင်ချီ... နောက်ထပ် ဘယ်နှစ်ခါလောက် လုပ်ရဦးမှာလဲကွာ။"

"သုံးခါထက်တော့ မပိုစေရပါဘူး။"

နင်ချီက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသည်။

"လာထား"

ကျွမ်းချန်က သေမင်းကို မကြောက်မရွံ့ ရင်ဆိုင်သည့် ပုံစံဖြင့် အံကြိတ်လိုက်သည်။

နင်ချီလည်း အားမနာတော့ပါ။ သူ့လက်ဖဝါးကို ကျွမ်းချန် ပခုံးပေါ် တင်လိုက်ပြီး ဧရာမ ချီစွမ်းအင်တွေ အရှိန်ဖြင့် တိုးဝင်သွားစေသည်။

ချက်ချင်းဆိုသလိုပင်...

တာအိုရှာဖွေရေးကျောင်းတော်ထဲမှာ ကျွမ်းချန်၏ အသက်ကို အားဖြင့် ရှူသွင်းနေရသည့် အသံတွေ ညံသွားတော့သည်။

...

နှစ်ရက်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။

အစစ်အမှန်သိုင်းမြို့တော်ထဲမှာတော့ သံသယဖြစ်စရာ တီးတိုးစကားတွေ တဖြည်းဖြည်း ပေါ်ပေါက်လာသည်။

ကျိုးကြောင်းဆီလျော်မှုအရ ဆိုလျှင်၊ 'ကောင်းကင်ဘုံလူသား မဟာအခမ်းအနား' ပြီးသည်နှင့် ကျွမ်းကျင်သူအများစုက လူစုခွဲကြပြီး၊ အခမ်းအနားနှင့် ပတ်သက်သည့် သတင်းတွေကလည်း ပျံ့နှံ့သွားရမည်ပင်။ ယခု မြို့ထဲမှာ စောင့်နေသူ အများစုက ယခုလို ပထမဆုံးထွက်လာမယ့် သတင်းတွေကို လိုချင်နေကြသည်ပင်။

သို့သော် ယခု..တာအိုဆရာ လုံရှန်း၏ အခမ်းအနား ပြီးဆုံးသွားတာ နှစ်ရက်တောင် ရှိနေလေပြီ ...လူ တစ်ဦးတစ်ယောက်မျှ တောင်ပေါ်ကနေ ဆင်းမလာသေးပါ။

တချို့က သတ္တိရှိရှိနှင့် အစစ်အမှန်သိုင်းတောင်၏ အစွန်အဖျားနားထိ သွားကြည့်ကြသည်။ ကြားရသည့် သတင်းအရတော့ ကျွမ်းကျင်သူအများစုက သိုင်းပညာ ဖလှယ်ပွဲတွေ လုပ်ဖို့ တောင်ပေါ်မှာ ဆက်နေကြဦးမှာ ဖြစ်ပြီး၊ လောလောဆယ်တော့ ဆင်းလာဦးမှာ မဟုတ်ဘူး... ဟူ၍။

"ဒါပေမဲ့... သိုင်းပညာ ဖလှယ်ကြဦးမယ် ဆိုရင်တောင်မှ၊ အနည်းဆုံးတော့ လူတချို့လောက်တော့ ဆင်းလာသင့်တာ မဟုတ်ဘူးလား။"

"ဒါ့အပြင်... အဲ့ဒီ ဖလှယ်ပွဲက ဘယ်လောက်ကြာမယ်ဆိုတာကိုလည်း ဘာမှ ပြောသံမကြားမိဘူး။"

"အစစ်အမှန်သိုင်းတောင်က အခု ပိတ်ထားတဲ့ အခြေအနေမှာ ရှိနေတာ။ အရင်က သတင်းပို့ဖို့ ဆင်းလာတဲ့ တပည့်တွေတောင် တစ်ယောက်မှ ပြန်ဆင်းမလာတော့ဘူး"

သည်မြင်ကွင်းက တော်တော်လေး ထူးဆန်းနေသည်။

တစ်ခဏအတွင်းမှာပဲ၊ အမျိုးမျိုးသော ထင်ကြေးပေးမှုတွေ ဆက်တိုက် ပေါ်ထွက်လာသည်။

သိုင်းသမား အများစုက ဘာတွေဖြစ်နေလဲ ဆိုတာကို စပ်စုချင်ကြပေမဲ့၊ တချို့ ပင်ကိုယ်

သဘာဝအရ သတိကြီးသည့်သူတွေကတော့ တစ်ခုခု မူမမှန်တာကို အာရုံခံမိပြီး အဝေးကြီးကို ထွက်ပြေးတိမ်းရှောင်သွားဖို့ ရွေးချယ်လိုက်ကြသည်။

-------

တည်းခိုခန်း တစ်ခု၏ သီးသန့်အခန်းထဲမှာ...

ဆံပင်ဖြူ လူငယ်လေးက အစစ်အမှန်သိုင်းတောင် ရှိရာဘက်ကို မနေနိုင်ဘဲ လှမ်းကြည့်ရင်း သူ့ဘာသာသူ ရေရွတ်နေမိသည်။

"မ..မဟုတ်မှလွဲရော... အစစ်အမှန်သိုင်းတောင်ပေါ်မှာ မတော်တဆ တစ်ခုခု ဖြစ်သွားတာများလား..."

သူ့နှလုံးသားက ဘာကြောင့်မှန်းမသိဘဲ တင်းကျပ်သွားသည်။ မူလက သူက ထွက်သွားဖို့ အစီအစဉ်ဆွဲထားပေမဲ့၊ အခု ဒီအချိန်မှာတော့ နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေဖို့ ရွေးချယ်လိုက်သည်။

ထိုအချိန်၌.. အစစ်အမှန်သိုင်းတောင်ပေါ်မှာကား...

လော့ဝမ်ထျန်း တို့လည်း တောင်အောက်က ထင်ကြေးပေးမှုတွေ၊ ဆွေးနွေးမှုတွေကို သတိထားမိနေသည်။

တစ်ခါတစ်ရံမှာ တစ်စုံတစ်ယောက်က အဝေးကနေ လှမ်းလှမ်းကြည့်တာကိုလည်း သူတို့ တွေ့နေရသည်။ ဒီသတင်းကို ကြာရှည် ဖုံးကွယ်ထားလို့ မရဘူးဆိုတာ သူတို့ သိသည်။ သို့သော်ငြား သူတို့ တစ်ရက်လောက် အချိန်ဆွဲထားနိုင်လျှင်၊ မိစ္ဆာဂိုဏ်းဘက်က တုံ့ပြန်ဖို့ အချိန်ကို အများကြီး လျှော့ချပစ်နိုင်မှာ ဖြစ်သည်။

"နှစ်ရက်တောင် ကျော်သွားပြီပဲ။ ပြဿနာ အကြီးအကျယ်တော့ မရှိလောက်တော့ပါဘူး။"

အစစ်အမှန်သိုင်းတောင်ပေါ်မှာ ကျန်နေသော လူတွေ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

'မူလ အမြုတေ နယ်ပယ်' နဲ့ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကျွမ်းကျင်သူတွေရဲ့ အမြန်နှုန်းနဲ့ဆိုရင်၊ သူတို့သာ အစွမ်းကုန် သွားခဲ့ကြမယ်ဆိုရင်၊ အခုအချိန်လောက်ဆို ရောက်တောင် ရောက်နေလောက်ပြီ။ ဒါမှမဟုတ် တိုက်ပွဲတောင် စနေလောက်ပြီလေ..။

...

...

တာအိုရှာဖွေ ကျောင်းတော်၌ ...

နင်ချီက ကျွမ်းချန်၏ ပခုံးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ ကျွမ်းချန်၏ ပင်ပန်းမှုကြောင့် အသက်ရှူသံပြင်းပြင်းတွေက ပဲ့တင်ထပ်နေတုန်းပင်..။ သူက အားနည်းသည့် အသံနှင့် မေးလိုက်သည်:

"နင်ချီ... မနက်ဖြန်ကျရင် ပိုကောင်းလာမှာလား။ ခင်ဗျား... သုံးရက်ထက် မပိုဘူးလို့ ပြောထားတယ်လေ..."

သူ့စကားတောင် မဆုံးသေးဘဲ

ကျွမ်းချန် သူ့ပါးစပ်ကို လိမ္မာပါးနပ်စွာဖြင့် အမြန် ပိတ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဒီနေ့ လေ့လာမှု ပြီးသွားသောအခါ နင်ချီက ဘာစကားမှ မပြောဘဲ မျက်လုံးတွေကို မှိတ်ထားတာကို သူ သတိထားမိလိုက်၍ပင်။ ယခင်နေ့တွေနှင့် လုံးဝမတူဘဲ၊ တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်နေသည့် အခြေအနေထဲကို ရောက်သွားမှန်း သိသာနေသည်။

"ဒါ... အောင်မြင်တော့မလို့လား။"

ကျွမ်းချန်၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တွေ တလက်လက် တောက်ပလာသည်။ ပြီးခဲ့သော ရက်တွေအတွင်း ခံစားခဲ့ရသော ဝေဒနာတွေက အလဟဿ မဖြစ်ခဲ့ပေ။ နောက်ဆုံးတော့ သူသည်... နင်ချီ ကတိပေးထားသည့် 'ဓားလမ်းစဉ် လျှို့ဝှက်နည်းစနစ်' ကို သင်ယူခွင့် ရပါတော့မည်။

တစ်ခဏအတွင်းမှာပဲ..ကျွမ်းချန် စကားဆက်မပြောရဲတော့ပေ။

နင်ချီက တကယ်ပဲ ထို ဉာဏ်အလင်းပွင့်သွားသည့် အခြေအနေထဲကို ရောက်နေခဲ့သည်။

ယခု အခိုက်အတန့့်မှာ...

နင်ချီ့စိတ်ကူးထဲမှာ အတွေးအခေါ်တွေက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာနေသည်။

ရက်ပေါင်းများစွာ စမ်းသပ်လေ့လာခဲ့ပြီးတဲ့နောက်မှာ၊ ကျွမ်းချန်၏ ခန္ဓာကိုယ်ထဲက အထူး တုန်ခါမှုလှိုင်းတွေ၊ ပုံစံတွေကို သူ အကျွမ်းတဝင် သိရှိနေခဲ့ပြီ။ အနည်းဆုံးတော့... အနှစ်သာရကို မထိတွေ့သေးဘဲ၊ မျက်နှာပြင်ပေါ်မှာ ရှိနေသော အရာတွေကိုပေါ့။

"'မူလ ဓားအရိုး' လို့ ခေါ်တဲ့အရာက တကယ်တော့ ခန္ဓာကိုယ်ထဲက အရိုးတွေကနေ ထုတ်ပေးနေတဲ့ အထူးတုန်ခါမှုလှိုင်းတစ်ခုပဲ။ အဲ့ဒါက ကြွက်သားတွေ၊ သွေးတွေ၊ ကလီစာတွေနဲ့ ပဲ့တင်ထပ်... ဒါမှမဟုတ် တစ်ကိုယ်လုံးနဲ့ ပဲ့တင်ထပ်ပြီး၊ ဓားသိုင်းပညာရပ်တွေကို ချဲ့ထွင်ပေးတဲ့ အစွမ်းကို ရရှိစေတာ။"

"ဓားသိုင်းပညာကို ဉာဏ်အလင်းပွင့်တာပဲ ဖြစ်ဖြစ်၊ ဓားသိုင်း လေ့ကျင့်တာပဲ ဖြစ်ဖြစ်၊ အားလုံးက အတူတူပဲ။ ဓားတစ်ချောင်းနဲ့ အသုံးပြုလိုက်တဲ့ စွမ်းအားကတောင် သာမန်လူတွေထက် ပိုပြင်းထန်တယ်။"

"ငါ သိုင်းကျမ်းတွေကို ဖတ်ဖူးတယ်။ ပုံမှန်အားဖြင့် 'မူလ ဓားအရိုး' ရှိတဲ့သူတွေက 'ကောင်းကင်ဘုံလူသားနယ်ပယ်' ကို ရောက်သွားတဲ့အခါ အရည်အချင်းတွေ ခုန်တက်သွားလေ့ရှိတယ်တဲ့။ တကယ်တော့၊ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ရောက်မှ ဓားအရိုးက 'အသက်ဝင်' လာလို့ပဲ။ ဖြစ်နိုင်တာက... ဒီဓားအရိုးကို အချိန်

မတိုင်ခင် ကြိုပြီး အသက်သွင်းကြည့်လို့ ရနိုင်တယ်။ 'ကောင်းကင်ဘုံလူသားနယ်ပယ်' က အခြေအနေကို မရောက်ရင်တောင်မှ၊ အခုလက်ရှိ အခြေအနေထက်တော့ ပိုကောင်းလာမှာ သေချာတယ်။"

...

"ဒါကို ဘယ်လို အသက်သွင်းမလဲ။ သာမန်လူတစ်ယောက်ကို 'မူလဓားအရိုး' ရဲ့ အာနိသင်မျိုး ဘယ်လို ရစေမလဲ။ သော့ချက်က အဲ့ဒီ အထူးတုန်ခါမှုလှိုင်းပဲ။"

"တုန်ခါမှုလှိုင်းတွေ... ငါက အဲ့ဒီ ရှုပ်ထွေးတဲ့ တုန်ခါမှုလှိုင်းတွေကို အတုခိုးပြီး ဖန်တီးရမယ်...။ ဒီလှိုင်းတွေရဲ့ အတွင်းပိုင်းက တသမတ်တည်း ဖြစ်နေတဲ့ ပုံစံကို ရှာပြီး၊ အဲ့ဒါကို ပေါင်းစည်းပစ်ရမယ်..."

...

နင်ချီ၏ စိတ်ထဲမှာ အတွေးတွေက ဆက်တိုက် ပေါ်ထွက်နေသည်။

အရင်တုန်းက 'မျောက်ဘုရင်ပုံစံအစစ်' ကို ဖန်တီးခဲ့ဖူးသော အတွေ့အကြုံ ရှိခဲ့သည့်အတွက်၊ ယခု ဒီနယ်ပယ်က သူ့အတွက် မခက်ခဲတော့ပါ။

တကယ်တော့၊ ထိုနှစ်ခုက တူညီသော အချက်တွေ ရှိနေသည်ပဲ။ တစ်ခုက ကောင်းကင်ဘုံသားရဲ၏ သွေးကြောကို အသက်သွင်းသည်၊ နောက်တစ်ခုက 'မူလ ဓားအရိုး' ကို အသက်သွင်းသည်... နှစ်ခုလုံးက ခန္ဓာကိုယ်၏ ပင်ကိုယ် ပါရမီနှင့် ပတ်သက်နေတာချည်းပါပဲ။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။

ညဘက် ကောင်းကင်မှာ ကြယ်တွေရော လမင်းပါ ထိန်လင်းနေသော အချိန်မှာ၊ ကျွမ်းချန်က သူ့စီနီယာ အစ်ကိုတွေဆီ ပြန်သွားပြီး အကျိုးအကြောင်း ရှင်းပြသည်။ စိတ်မပူဖို့ ပြောပြီးနောက်၊ တာအိုရှာဖွေကျောင်းတော်ဆီကို ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာသည်။

ကျွမ်းချန်က စိတ်လှုပ်ရှားနေပေမဲ့၊ နင်ချီက မျက်လုံးမှိတ်ပြီး အတွေးနက်နေတုန်းဆိုတာ တွေ့လိုက်ရတော့၊ သူ အနှောင့်အယှက်မပေးရဲပေ။

နောက်ဆုံးမှာတော့..ကျွမ်းချန်တောင် ငိုက်မျဉ်းလာခါနီး အချိန်ကျမှ၊ နင်ချီက သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

အောင်မြင်သွားပြီ။

"'မူလ ဓားအရိုး' ရဲ့ အထူးတုန်ခါမှုလှိုင်းတွေကို အတုခိုးပြီး၊ ဓားလမ်းစဉ် လျှို့ဝှက်နည်းစနစ်အမျိုးမျိုးနဲ့ ပေါင်းစပ်ထားတာ... အနာဂတ်မှာ အဲ့ဒီအမြင့်ကို ရောက်နိုင်ဖို့ မျှော်လင့်ပြီး... ဒီနည်းစနစ်ကို 'မူလဓားခန္ဓာ' လို့ပဲ နာမည်ပေးလိုက်တော့မယ်။"

နင်ချီ့ နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာသည်။

အရင်က 'မျောက်ဘုရင်ပုံစံအစစ်' ကို ဖန်တီးခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့သည့်အတွက်၊ ဒီတစ်ခါ 'မူလ ဓားခန္ဓာ' လျှို့ဝှက်နည်းစနစ်ကို ဖန်တီးရတာက တော်တော်လေး လွယ်ကူခဲ့သည်။

ဒီလျှို့ဝှက်နည်းစနစ်က အရမ်း အစွမ်းထက်သည်။ 'မျောက်ဘုရင်ပုံစံအစစ်' ထက် မနိမ့်ကျသည့်အပြင်၊ တချို့နေရာတွေမှာဆိုရင် ၎င်းကိုတောင် ကျော်လွန်သွားသေးသည်။

"ဒါက ဓားသိုင်းပညာကို ဉာဏ်အလင်းပွင့်နိုင်စွမ်းကို ချဲ့ထွင်မပေးနိုင်ပေမဲ့၊ ဓားသိုင်းပညာနဲ့ သတ်ဖြတ်နိုင်စွမ်းကိုတော့ ချဲ့ထွင်ပေးနိုင်တယ်။ ငါသာ 'မူလ ဓားခန္ဓာ' အခြေအနေရော၊ 'ကောင်းကင်နဲ့လူသား တစ်သားတည်းကျခြင်း' အခြေအနေပါ ရောက်နေမယ်ဆိုရင်... အဲ့ဒီအချိန်မှာ 'ကောင်းကင်ဘုံဓားသိုင်း'ကို အသုံးပြုလိုက်တာက... အခုအချိန်မှာ ငါ့ရဲ့ အပြင်းထန်ဆုံး ဓားချက် ဖြစ်သွားလိမ့်မယ်"

သို့သော် နင်ချီ့စိတ်ထဲမှာ နောင်တ နည်းနည်းတော့ ရှိနေသေးသည်။

ဘာလို့လဲဆိုတော့ ဒီလျှို့ဝှက်နည်းစနစ်က သူ စိတ်ကူးထားသော အထွတ်အထိပ် အခြေအနေကို အပြည့်အဝ မရောက်သေး၍ပင်။

'မူလ ဓားခန္ဓာ' ဟု နာမည်ပေးလိုက်ခြင်းက နင်ချီ၏ မျှော်လင့်ချက် အများကြီး ပါဝင်သည်ဟူ၍ ကိုယ်စားပြုသည်။

အကယ်၍ တစ်နေ့နေ့မှာ၊ ဒီလျှို့ဝှက်နည်းစနစ်က ဓားသိုင်းပညာကို နားလည်နိုင်စွမ်းကိုပါ ချဲ့ထွင်ပေးနိုင်ခဲ့မယ်ဆိုလျှင်... 'မူလ ဓားအရိုး' အတုတွေ အများကြီး ဖန်တီးနိုင်သွားနိုင်သည်။ သို့သော်၊ ဒီနယ်ပယ်က 'မူလဓားအရိုး'၏ အနှစ်သာရကို ဝင်ပြီး ထိတွေ့ရမည့် ကိစ္စ ဖြစ်လိမ့်မည်ဟု နင်ချီ ခန့်မှန်းမိသည်။

"နင်ချီ... ဘယ်လိုလဲကွာ။"

ကျွမ်းချန်က အငမ်းမရ စောင့်မျှော်နေသည်။ သူ့မျက်စိရှေ့မှာ ယမ်းခါနေသော ကြက်ပေါင်လုံးကြီး၏ သွေးဆောင်မှုက သူ့ကို ရူးသွပ်သွားစေတော့မလိုပင်။ ယခု နောက်ဆုံးတော့ ဒါကို ရတော့မှာဆိုတော့၊ သူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။

နင်ချီက သူ့ကတိကို မဖျက်ခဲ့ပါ။

"လာ... ငါ မင်းကို သင်ပေးမယ်။"

တစ်ခဏအကြာမှာတော့..ကြောင်တောင်တောင် ဖြစ်သွားသော ကျွမ်းချန်ကို ကြည့်ပြီး နင်ချီ ပြုံးလိုက်မိသည်။ တခြားလူတွေအတွက်တော့၊ ဒီနည်းစနစ်ကို သဘောပေါက်ဖို့က လုံးဝ မဖြစ်နိုင်သလောက်ပင်။

မူလ ဓားအရိုးဖြင့် မွေးလာသူ ကျွမ်းချန် တစ်ယောက်တည်းသာ၊ သူ့ခန္ဓာကိုယ်ထဲမှာ ထိုသို့ အထူးတုန်ခါမှုလှိုင်းတွေ ရှိနေသည့်အတွက်၊ လျှို့ဝှက်နည်းစနစ်အား နားလည်နိုင်စွမ်း အခက်အခဲကို အများကြီး လျှော့ချပေးလိုက်တာ ဖြစ်သည်။

မျက်မှောင်ကြုတ်ပြီး နက်နက်နဲနဲ ဆင်ခြင်နားလည်နေသည့် ကျွမ်းချန်ကို ကြည့်ရင်း၊ နင်ချီက ညဘက် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။

သူ့အတွေးတွေက အဝေးတစ်နေရာကို မလွှဲမရှောင်သာ ရောက်ရှိသွားသည်။

‘နှစ်ရက်... သုံးရက်လောက်တောင် ရှိသွားပြီပဲ။ ဆရာ့ဘက်မှာ အရာအားလုံး အဆင်ပြေ ချောမွေ့နေရဲ့လား မသိဘူး’

All Chapters