← Chapters

စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်

Vol. 7 Ch. 100

စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်

Vol. 7 Ch. 100

~တာအိုဆရာလုံရှန်း..စစ်သူကြီးချုပ်နှင့် ဓားသခင်ကို တွေ့လိုက်သည်။

ထိုနှစ်ဦး မြေပြင်ပေါ်သို့ ဆင်းသက်ကာစတင်၍ မေးခွန်းများ မမေးရသေးမီ..တာအိုဆရာလုံရှန်း ရောက်ရှိလာခဲ့သည်။

မျက်လုံးအားလုံး သူ့ထံ လှည့်ကြည့်လာ၏။

လော့ဝမ်ထျန်းတို့ ဝမ်းမြောက်သွားကြသည်။

သူတို့၏ တင်းမာနေသော နှလုံးသားများ..ချက်ချင်းပင် လုံးဝ အနားရသွားသည်။

"ဆရာ။"

တာအိုဆရာလုံရှန်း အသာ ခေါင်းညိတ်သည်။

သူ ထိုနှစ်ဦးပေါ်မှ သွေးစွန်းမှုများကို ကြည့်သည်။

မကြာသေးမီက သွေးရောင်အလင်းကို ပြန်တွေးမိသည်။

သူ နားလည်မှု လွဲသွားကြောင်း သိလိုက်၏။

'ဒါ... ဒါ မိစ္ဆာအိုကြီး လင်...အစစ်အမှန်သိုင်းတောင်ကို တိုက်ခိုက်တာ မဟုတ်ဘူး။'

'သူ မသေခင်... နောက်ဆုံး ကခုန်သွားတာပဲ။'

'စစ်သူကြီးချုပ်နဲ့ ဓားသခင်က...မိစ္ဆာအိုကြီး လင်ကို ကြိုတင် ဖြတ်တားလိုက်တာပဲ...။'

'အစစ်အမှန်သိုင်းဂိုဏ်းကို...။ ဒီကပ်ဘေးကနေ ကယ်တင်လိုက်တာပဲ ဖြစ်ရမယ်။'

ထိုသို့ တွေးမိသောအခါ...

ကျေးဇူးတင်စိတ်များ မျက်နှာတွင် ပေါ်လာသည်။

သို့သော် ဓားသခင်၏ တဟားဟား ရယ်သံက..သူ့ကို ခေတ္တ ကြောင်သွားစေသည်။

"ညီအစ်ကို လုံရှန်း... ခင်ဗျားက တော်တော် ဖုံးကွယ်ထားတာပဲ။ ခင်ဗျားရဲ့ အစစ်အမှန်သိုင်းတောင်မှာ... ဒီလောက် နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ် ရှိနေလိမ့်မယ်လို့... ဘယ်သူက ထင်မှာလဲဗျာ။"

လူတိုင်းက တာအိုဆရာလုံရှန်းကို ပြုံးကြည့်နေကြသည်။

သူ၏ ကျင့်ကြံမှု နယ်ပယ် အဆင့်အတန်းအရ...

အဖြစ်အပျက်များ သူ ထင်သလို မဟုတ်မှန်း...

တာအိုဆရာလုံရှန်း ချက်ချင်း သိလိုက်သည်။

သူ အနည်းငယ် ခန့်မှန်းမိသွား၏။

လော့ဝမ်ထျန်းကို သိနေသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

လော့ဝမ်ထျန်းက နားလည်စွာ..အဖြစ်အပျက်ကို ပြန်ပြောပြလိုက်သည်။

တာအိုဆရာလုံရှန်း၏ မျက်နှာက...

တည်ငြိမ်နေဆဲ ဖြစ်သည်။

သို့သော် သူ၏ နှလုံးသားထဲမှာမူ

တုန်လှုပ်မှု လှိုင်းလုံးများ လှိုက်တက်နေ၏။

'မိစ္ဆာအိုကြီး လင်က အရင်ရောက်လာတယ်။'

'ဒါပေမဲ့ ကောင်းကင်ဘုံဓားကြောင့် ဒဏ်ရာ အကြီးကြီး ရသွားတယ်။'

'ဒါကြောင့် စစ်သူကြီးချုပ်တို့...

'ဝိုင်းသတ်ဖို့ အခွင့်အရေး ရသွားတာလား။'

တစ်ခဏအတွင်း...

လုံရှန်း သိလိုက်သည်။

ဝင်ရောက် စွက်ဖက်သူမှာ...

မည်သူ ဖြစ်သည်ကို သူ သိလိုက်သည်။

'ဘာ 'အစစ်အမှန်သိုင်း အခြေခံအုတ်မြစ်' လဲ။

'ဒါ... ဒါ ငါ့တပည့်လေး... နင်ချီ... ပဲ မဟုတ်လား။'

သို့တိုင် တာအိုဆရာလုံရှန်း..

လည်ချောင်းများ ဆို့နင့်သွားသည်။

'ကောင်းကင်ဘုံဓားက မိစ္ဆာအိုကြီး လင်ကို...။ ဒဏ်ရာ အကြီးကြီး ရစေတယ်…’

'ဒါ... ဒါဆို... ငါတောင်...

ငါ့တပည့်လေးကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူးလား။'

ထိုအဖြစ်က သူ့ကို ကြောင်အမ်းသွားစေသည်။

'ငါ့တပည့်လေးက 'ချီစွမ်းအင်နယ်ပယ်' ပဲ...။ ရှိသေးတာလေ။'

'ဒီလောက်တောင် သဘာဝလွန်နေစရာလား။'

သို့သော် ထိုတုန်လှုပ်မှုများအပေါ်..သူ အကြာကြီး အာရုံမစိုက်နိုင်ခဲ့။

အကြောင်းမှာ ပို၍ အရေးကြီးသော..ကိစ္စတစ်ခု ရှိနေသေးသောကြောင့် ဖြစ်သည်။

'လူတွေရဲ့ မေးခွန်းကို... ဘယ်လို ဖြေမလဲ။'

'ငါ့တပည့်လေး အကြောင်း... ဖော်ထုတ်လို့ မဖြစ်ဘူး။'

လူတိုင်းက အလွန် စူးစမ်းနေကြသည်။

အထူးသဖြင့် စစ်သူကြီးချုပ်..သူ၏ မျက်နှာထားက..သိလိုစိတ်ကို ပေါ်လွင်စေ၏။

တာအိုဆရာလုံရှန်း ဟစ်ရယ်လိုက်သည်။

ဓားသခင်ကို တုံ့ပြန်လိုက်၏။

"အစ်ကို စိမ်းပြာနွား... ခင်ဗျားက မြှောက်ပြောလွန်းတယ်။"

"ခင်ဗျားတို့နဲ့ စစ်သူကြီးချုပ်နဲ့ ယှဉ်ရင်...

"ကျွန်တော်က အများကြီး လိုပါသေးတယ်။"

ထိုအခါ စစ်သူကြီးချုပ်က လက်ကို အသာ ယမ်းသည်။

သူ အမှန်တရားကို ရှင်းရှင်းလင်းလင်း မြင်၏။

'ရုတ်တရက် ထွက်လာတဲ့ ကောင်းကင်ဘုံဓား...။'

''ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' အောက်ဆုံးတန်းနဲ့...။'

'စွမ်းအားချင်း တူတယ်။'

'မိစ္ဆာအိုကြီး လင်ကို ဒဏ်ရာရစေတာ...။'

'အဓိက က အငိုက်မိသွားလို့ပဲ။'

သို့တိုင် ထိုအချက်က...

သူ့အာရုံစိုက်မှုနှင့် ထိုက်တန်သည်။

'ဒါက 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' မှာ မပါတဲ့...။'

'အမည်မသိ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ။'

'သူ့ရဲ့ ဓားသိုင်းက...ငါသိတဲ့ ဘယ် ကျင့်ကြွသူနဲ့မှ မတူဘူး။'

နတ်ဘုရား ငှက်မွှေးစစ်သူကြီးချုပ်က ပြုံးလိုက်ပြီး ပြောလိုက်သည်။

"စစ်မှန်သူ လုံရှန်း... ခင်ဗျားက ကျိုးနွံလွန်းတယ်။"

"ဒီ စစ်မှန်သူသာ ဝင်မပါရင်...မိစ္ဆာအိုကြီး လင်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး၊ ဒီ စစ်မှန်သူကို ထွက်လာဖို့ ဖိတ်ခေါ်ပေးပါလား။"

"ဒီလို အစွမ်းထက် ပုဂ္ဂိုလ်မျိုးနဲ့...

ကျွန်တော် တွေ့ဆုံ ဆွေးနွေးချင်လို့ပါ။"

ထိုသို့ ကြားလိုက်ရသောအခါ..လူတိုင်း၏ မျက်လုံးများ လင်းလက်သွားသည်။

သူတို့အားလုံး ထိုစိတ်ကူး ရှိကြ၏။

သို့သော် အကြံပြုရန် မဝံ့ရဲခဲ့ကြ။

စစ်သူကြီးချုပ်သာလျှင်...

ထိုစကားကို ပြောရန် အရည်အချင်း ရှိသည်။

တာအိုဆရာလုံရှန်း မျက်နှာ ပျက်သွား၏။

ဓားသခင်က ချက်ချင်း မေးလိုက်သည်။

"ညီလေး လုံရှန်း...။"

"ဘာအခက်အခဲ ရှိလို့လဲ။"

တာအိုဆရာလုံရှန်း ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

"ခင်ဗျားတို့နှစ်ယောက်ကို မဖုံးကွယ်ပါဘူး၊ ဝင်ပါတဲ့သူက ရှေးပုဂ္ဂိုလ်ကြီး တစ်ပါးပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက...ကျွန်တော် ဂိုဏ်းတည်ထောင်တော့...သူက နှစ်ငါးဆယ် စောင့်ရှောက်ပေးမယ်လို့… ကတိပေးခဲ့တယ်။"

"ဒါပေမဲ့ သူက အသက်ကြီးနေပြီ

"သေဆုံးခါနီးပါပြီ၊ လူစိမ်းတွေနဲ့ တွေ့ရတာ မကြိုက်ဘူး

"ကျွန်တော်တောင် သူ့ကို တွေ့ရတာ ရှားတယ်၊ ခုနက သူ ဝင်မပါရင်..သူ တောင်ပေါ်က ထွက်သွားပြီတောင် ထင်နေတာ..ဒါကြောင့်..."

သူက ရိုးသားစွာ အသံကျယ်ကြီး ပြောလိုက်သည်။

လူတိုင်း ရှင်းရှင်းလင်းလင်း ကြားစေရန်ပင်..

သို့သော် တာအိုဆရာလုံရှန်း၏...

အဓိက ရည်ရွယ်ချက်မှာ...

နင်ချီ ကြားစေရန် ဖြစ်သည်။

'နင်ချီ ဒါကို ကြားမှာ သေချာတယ်။'

သူ သိနေခဲ့သည်။

စိမ်းပြာနွား ဓားသခင် နားလည်သွားသည်။

'အံ့ဩစရာတော့ မဟုတ်ဘူး၊ လုံရှန်းရဲ့ ပထမဆုံး တုံ့ပြန်မှုက...

အံ့ဩသွားတာကိုး

၊ ဒါက အားလုံးကို ရှင်းပြနိုင်သွားပြီ။'

စစ်သူကြီးချုပ် အသာ ခေါင်းညိတ်သည်။

သံသယ ရှိနေသေးသော်လည်း...

လုံရှန်း၏ ရှင်းပြချက်တွင်...

ဟာကွက်များ မရှိခဲ့ပေ။

ဲ

"ဒီလိုဆိုမှတော့. အဲ့ဒီ အကြီးအကဲရဲ့ ငြိမ်းချမ်းမှုကို...

"ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး။"

တာအိုဆရာလုံရှန်း စိတ်သက်သာရာ ရသွားသည်။

သူ ကျေးဇူးတင်စကား ဆိုလိုက်၏။

"စစ်သူကြီးချုပ် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်။"

စစ်သူကြီးချုပ်က လက်ကို ဝှေ့ယမ်းလိုက်သည်။

ထိုအခိုက်အတန့်တွင်...

ကောင်းကင်ယံမှ နောက်ထပ် လှုပ်ရှားမှုများ...

ထွက်ပေါ်လာပြန်သည်။

လူတိုင်း မော့ကြည့်လိုက်ကြ၏။

'ကောင်းကင်ဘုံလူသား' အချို့…

လေထဲမှ လှမ်းလာသည်ကို တွေ့ရသည်

။

လွတ်လပ်ခြင်းဘုရင်နှင့် အခြားသူများသည်...

အစစ်အမှန်သိုင်းတောင်...

ဘာမှမဖြစ်သည်ကို မြင်သောအခါ..သက်ပြင်းချနိုင်သွားကြသည်။

သူတို့ မျက်နှာများ ပြုံးရွှင်သွား၏။

နန်းတော်မှ 'ကောင်းကင်ဘုံလူသား' တစ်ဦးက...မေးလာသည်။

"စစ်သူကြီးချုပ်...။"

"မိစ္ဆာအိုကြီး လင်ကို နှိမ်နင်းပြီးပြီလား။"

စစ်သူကြီးချုပ်က ပြုံးလျက် ခေါင်းညိတ်သည်။

လူတိုင်း ချီးကျူးစကား ဆိုကြသည်။

"စစ်သူကြီးချုပ်က တကယ် အစွမ်းထက်တာပဲ။"

နောက်မှ လိုက်လာသော ဘိုးဘေးဝမ်..ထိုသတင်းကို ကြားသောအခါ..ကျေနပ်မှုများ လှိုက်တက်လာသည်။

'ဒါပေမဲ့... အဲ့ဒီလူ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး...

'သေသွားတဲ့ မြင်ကွင်းကို...

'ကိုယ်တိုင် မမြင်လိုက်ရတာတော့ နာလိုက်တာ။'

သို့သော် နောက်ဆက်တွဲအဖြစ်...

သူ အစစ်အမှန်သိုင်းတောင်ကို မြင်လိုက်သည်။

လုံးဝ ထိခိုက်မှု မရှိ။

သူ၏ နှလုံးသား မကျေနပ်မှုများ ပြည့်သွားသည်။

သူ၏ မျက်ဝန်းများ အမှောင်ဖုံးသွား၏။

'ဘာလို့...။ ဘာလို့ ငါ့ရဲ့ ဝမ်မျိုးနွယ်က...။'

'အမြစ်ပြတ် ရှင်းခံရပြီးတော့...။'

'အစစ်အမှန်သိုင်းဂိုဏ်းက...။'

'ဘာမှမဖြစ်ဘဲ ကျန်နေရတာလဲ။'

ဘိုးဘေးဝမ် ဒေါသထွက်သွားသည်။

အလွန် မမျှတဟု ခံစားရသည်။

'လာတုန်းက တွေးလာခဲ့တာ...

အဲ့ဒီ ငရဲပို့ရမယ့် မိစ္ဆာအိုကြီး လင်က..အစစ်အမှန်သိုင်းတောင်ကိုပါ...။'

'ဝင်ရှင်းသွားရင် အကောင်းဆုံးပဲလို့၊

ဒါပေမဲ့... ဒီလို ရလဒ်မျိုး...

'ငါ လုံးဝ မမျှော်လင့်ထားဘူး…’

နှိုင်းယှဉ်မှု မရှိလျှင်…

နာကျင်မှု မရှိပေ။

အစစ်အမှန်သိုင်းဂိုဏ်း၏...

သက်ဝင်လှုပ်ရှားနေပုံကို မြင်ပြီးနောက်...

ဝမ်မျိုးနွယ်၏ အပျက်အစီးပုံများကို...

သူ ပြန်လည် မြင်ယောင်လာသည်။

သူ၏ ဘယ်ဘက်လက်သီးကို...

တင်းတင်း ဆုပ်ထားမိသည်။

နန်းတော်မှ 'ကောင်းကင်ဘုံလူသား' တစ်ဦးက

အသေးစိတ်ကို မေးမြန်းနေခဲ့သည်။

ထိူသူတို့က သူတို့၏ စစ်သူကြီးချုပ်ကို ချီးကျူးရန် ကြံရွယ်နေကြ၏။

သို့သော် အမှန်တရား ပေါ်လာသောအခါ..လူတိုင်း တုန်လှုပ်သွားကြသည်။

'အစစ်အမှန်သိုင်းဂိုဏ်းမှာ...။'

''ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင်...ပညာရှင် တစ်ယောက် ရှိနေတယ် ဟုတ်လား။'

ဘိုးဘေးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူ မယုံကြည်နိုင် ဖြစ်နေ၏။

သွေးများပင် အန်ချင်လာသည်။

'ဒါ... ဒါက ငါ့အတွက် ပိုဆိုးတာပေါ့။'

စစ်မှန်သူ ပိုင်ဟဲ့၏ မျက်နှာ...

တုန်ခါသွားသည်။

'ငါတို့ 'အစစ်အမှန် နက်ရှိုင်းခြင်း ဂိုဏ်း' မှာ...ကောင်းကင်ဘုံလူသား' သုံးယောက်ပဲ ရှိတာ။'

'ဒါဆို... အစစ်အမှန်သိုင်းဂိုဏ်းက...

'ငါတို့နဲ့ တန်းတူ ဖြစ်နေပြီပေါ့။'

နောက်မှ ရောက်လာသော...

'ကောင်းကင်ဘုံလူသား' များ

အားလုံး အံ့ဩနေကြသည်။

'ကောင်းကင်ဘုံလူသား' များ စုဝေးနေသဖြင့်..အခြားသူများ ဝင်ပြောစရာ နေရာ မရှိ။

မျက်လုံးတိုင်းတွင် လေးစားမှုများ ပြည့်နေ၏။

ထိုစဉ် နတ်ဘုရားငှက်မွှေးစစ်သူကြီးချုပ်က

ဖြည်းညင်းစွာ စကားဆိုလာသည်။

"ဒီနေ့ ကိစ္စ ပြီးပြီဆိုတော့...ဒီစစ်သူကြီးချုပ် အရင် သွားတော့မယ်။"

"အားလုံး ကူညီခဲ့တာ ကျေးဇူးတင်ပါတယ်။"

"ခင်ဗျားတို့အားလုံးအတွက် ဆုလာဘ်တွေ ရှိမှာပါ။"

ထိုအခါ အားလုံးက သူ့အား ကျေးဇူးတင်စကား ဆိုကြသည်။

တာအိုဆရာလုံရှန်းက...

ယဉ်ကျေးမှုအရ ဆက်နေရန် တားသည်။

သို့သော် စစ်သူကြီးချုပ်က...

နန်းတော်မှ 'ကောင်းကင်ဘုံလူသား' များနှင့်...ထွက်ခွာသွားလေပြီ။

'မရဏမီးလျှံတောင်ကြား' ဌာနခွဲမှ...

နောက်ဆက်တွဲများကို...

သူ ကိုင်တွယ်ရဦးမည် ဖြစ်သည်။

ဘိုးဘေးဝမ်က မလှမ်းမကမ်းမှာ လိုက်ပါသွားသည်။

ကျန်ရှိသော ဝမ်မျိုးနွယ် မျိုးဆက်များ...

လည်း အနောက်မှ ဝမ်းနည်းစွာ လိုက်ပါသွားကြလေသည်။

သူတို့ ဘိုးဘေး၏...

လက်ပြတ်နေပုံကို မြင်ကြရသည်။

ဝမ်မျိုးနွယ် စံအိမ်ကြီး...

ပျက်စီးသွားကြောင်း သိလိုက်ရသည်။

သူတို့၏ နှလုံးသားများ ကြေကွဲသွား၏။

'ဒီ ဝမ်မျိုးနွယ် အဖွဲ့ဝင်လေးတွေ...။'

'သူတို့ မျိုးရိုးရဲ့...။'

'နောက်ဆုံးလက်ကျန် ဖြစ်လာလိမ့်မယ်လို့...။'

'ဘယ်သူက ထင်မှာလဲ။'

သို့သော် တောင်ပေါ်မှ အခြားသူများမှာ...

ဝမ်မျိုးနွယ်၏ ကျောပြင်များကို..အေးစက်စွာ ကြည့်နေကြသည်။

အနည်းငယ် ကျေနပ်သလိုပင်...ခံစားနေကြ၏။

ဝမ်မျိုးနွယ်ဝင်များ ထွက်သွားမှ..တစ်စုံတစ်ယောက်က စိုးရိမ်စွာ မေးသည်။

"စစ်မှန်သူ...ကျွန်တော်တို့ရဲ့ အကြီးအကဲတွေ...ဘေးကင်းရဲ့လား။"

'ကောင်းကင်ဘုံလူသား' များ

အခြေအနေ မကောင်းသော်လည်း..

ပြန်ရောက်လာခဲ့ကြသည်။

'မူလအမြုတေနယ်ပယ်' ပုဂ္ဂိုလ်များကော..

ထိုသို့ ကြားလိုက်ရသောအခါ..တာအိုဆရာလုံရှန်း တိတ်ဆိတ်သွားသည်။

...

နင်ချီက သိုင်း

ကျမ်းတိုက် ပြတင်းပေါက် ဖွင့်လိုက်သည်။

အဝေးမှ ငိုညည်းသံ သဲ့သဲ့အား

သူ ကြားလိုက်ရသည်။

သက်ပြင်းချလိုက်မိသည်။

'စစ်မြေပြင်မှာ...'ကောင်းကင်ဘုံလူသား' တွေက အဓိကပဲ။'

'ဒါပေမဲ့ 'မူလအမြုတေ' နယ်ပယ်တွေက...တခါတလေ ကံတရား လိုအပ်တယ်။ အင်အား အပြတ်အသတ် သာပေမဲ့...

'လူမဆုံးရှုံးဘဲ နေဖို့က မဖြစ်နိုင်ဘူး။'

'မူလအမြုတေနယ်ပယ်' လူ အနည်းငယ်မှာ...

ကံ မကောင်းခဲ့ကြပေ။

'ကံကောင်းတာက... ဆရာ ဘေးကင်းကင်း ပြန်လာတာပဲ။'

သို့သော်...

နင်ချီ ရှင်းလင်းစွာ ခံစားမိသည်။

သူ့ဆရာ၏ အသက်ရှုသံက

အားနည်းနေခဲ့သည်။

ဒဏ်ရာ တော်တော် ပြင်းထန်ခဲ့ပုံရသည်။

'ဝမ်... မျိုး... နွယ်...'

နင်ချီ၏ အကြည့်များ အဝေးသို့ ရောက်သွားသည်။

ထိုစကားလုံးများကို ဖြည်းညင်းစွာ..စိတ်ထဲတွင် ရေရွတ်လိုက်သည်။

ထို့နောက် သိုင်းကွင်းပြင်ဆီ...

တဖြည်းဖြည်း လျှောက်သွားလိုက်သည်။

သူ စောစောက ထွက်မလာခဲ့ပါ။

အကြောင်းမှာ စစ်သူကြီးချုပ်က...

'ကောင်းကင်ဘုံဓား ပိုင်ရှင်' ကို

တွေ့ဆုံရန် ခေါ်မည်ကို စိုးရိမ်၍ ဖြစ်သည်။

နင်ချီက ထိုစဉ်က အသွင်ပြောင်းရန် အသင့်ပြင်ထား၏။

သို့သော် တာအိုဆရာလုံရှန်းက...

လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

အချိန် သိပ်မကျန်တော့သည့်.

'အကျင့်ဆန်း ပုဂ္ဂိုလ်ကြီး' ပုံစံ...

ဖန်တီးပေးခဲ့သည်။

ယခု သူ စိုးရိမ်စရာ မလိုတော့ပေ။

"ဆရာ။"

နင်ချီ ထွက်လာခဲ့သည်။

ဆရာ့ထံမှ အားနည်းမှုအား

သူ ရှင်းလင်းစွာ ခံစားမိသည်။

နင်ချီ၏ အကြည့်များ နက်ရှိုင်းနေ၏။

ဘိုးဘေးဝမ် အပေါ်...

ဒေါသများ သိုဝှက်ထားသည်။

တာအိုဆရာလုံရှန်းက

သူ့တပည့်လေးကို ကြည့်လိုက်သည်။

အလွန် ကျေနပ်သွားမိသည်။

ပြောစရာ စကားများစွာ ရှိသော်လည်း...

ထိုအခိုက်တွင် စကားလုံးများ ရှာမတွေ့။

နောက်ဆုံး သူ ပြုံးလိုက်ပြီး ဆိုသည်။

"စိတ်မပူပါနဲ့။ ဆရာ ဘာမှမဖြစ်ဘူး၊ ဒဏ်ရာ အသေးစားပါ။ ခြောက်လလောက် နားလိုက်ရင် ပျောက်သွားမှာပါ။"

နင်ချီက တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

''ကောင်းကင်ဘုံလူသား' တစ်ယောက်..ခြောက်လလောက် ကုရမယ့် ဒဏ်ရာ။ ၎င်းက... အသေးစား မဟုတ်ပါ။ အနာဂတ် သိုင်းလမ်းစဉ်ကိုတောင်...

'ထိခိုက်သွားနိုင်ပါသည်။

သို့သော်... ကံကောင်းတာက...

ဘေးကင်းကင်း ပြန်လာဖို့

အရေးကြီးဆုံးပင်။

...

နောက်တစ်ရက် ကုန်ဆုံးသွားသည်။

'မူလအမြုတေနယ်ပယ်' ပုဂ္ဂိုလ်များ.. အသီးသီး ပြန်ရောက်လာကြသည်။

လူ အနည်းငယ်က ပျောက်ဆုံးနေခဲ့၏။

ထိုအင်အားစုများမှာ

အလွန်ပင် ဝမ်းနည်း ပူ‌ဆွေးနေကြသည်။

တာအိုဆရာလုံရှန်းမှာ သက်ပြင်းသာ ချနိုင်သည်။

သူတို့ကို အစွမ်းကုန် လျော်ကြေးပေးခဲ့၏။

သူ့ အခမ်းအနားကို တက်ရင်း...

ဒီကပ်ဘေးနှင့် ကြုံရသဖြင့်..သူ အနည်းငယ် အားနာနေသည်။

သို့သော် ထိုအဖွဲ့များက..

တာအိုဆရာလုံရှန်းကို အပြစ်မတင်။

တရားခံ ဘိုးဘေးဝမ်ကိုသာ...

အလွန် နာကျည်းသွားကြသည်။

ဝမ်မျိုးနွယ်တွင် ရန်သူများ...

ထပ်မံ တိုးပွားလာဦးမည် ဖြစ်သည်။

အမှန်တော့...

အပြင်းအထန် ဒဏ်ရာရသွားသော...

ဝမ်မျိုးနွယ်...

ပြန်လည် နာလန်ထူနိုင်မည်မှာ မသေချာတော့။

အဖွဲ့အသီးသီး တောင်အောက် ဆင်းသွားကြလေသည်။

အခမ်းအနားမှ အဖြစ်အပျက်များက

ပြည်နယ် အများအပြားသို့ သတင်းပျံ့သွား၏။

တစ်ခဏအတွင်း...

ပတ်ဝန်းကျင် ပြည်နယ်များ၏...

သိုင်းလောက တစ်ခုလုံး...

တုန်လှုပ်သွားခဲ့သည်။

'မရဏမီးလျှံတောင်ကြား' တွင်...

မိစ္ဆာဂိုဏ်း ဌာနခွဲ ရှိနေခဲ့သည်။

စစ်သူကြီးချုပ်က ၎င်းကို ရှင်းလင်းခဲ့၏။

သူသည် နန်းတော်နှင့် သိုင်းလောကတွင်...

ပြောစမှတ်တွင်သွားသည်။

မိစ္ဆာဂိုဏ်း၏ ရန်ငြိုးကိုလည်း...

ရရှိသွားခဲ့သည်။

စစ်သူကြီးချုပ် အပြင်...

အစစ်အမှန်သိုင်းဂိုဏ်းလည်း...

အလွန် နာမည်ကြီးသွားသည်။

မိစ္ဆာဂိုဏ်း ဌာနခွဲကို ရှင်းလင်းနိုင်မှု…

လုံရှန်း၏ အခမ်းအနားမှ..ပုဂ္ဂိုလ်ကြီးများကြောင့် ဖြစ်သည်။

ထို့အပြင်...

အသက်ရှုမှားဖွယ် ကောင်းကင်ဘုံဓား...

မိစ္ဆာအိုကြီး လင်ကို ပိုင်းခုတ်ပုံက...

လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ထို 'ရှေးပုဂ္ဂိုလ်ကြီး' နင်ချီမှာ...

ဘွဲ့အမည်သစ်တစ်ခု ရရှိသွားသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဟူ‌၍တည်း။

All Chapters