အမြုတေတု နည်းစနစ်
Vol. 7 Ch. 101
~'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏...ဂုဏ်သတင်းမှာလည်း အလွန် မြင့်မားလှသည်။
အချို့က ဆိုကြသည်။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည်...
'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင်...သခင်ကြီး တစ်ပါး အမှန် ဖြစ်သည်။
ဓားသခင်နှင့် စစ်သူကြီးချုပ်ထက်ပင်..ပို၍ အစွမ်းထက်နိုင်သေးသည်။
ကောင်းကင်ဘုံဓား တစ်ချက်တည်းက..ထို မိစ္ဆာအိုကြီးကို ဒဏ်ရာ သေလုမျောပါး ရစေခဲ့သည်။
ဓားသခင်နှင့် စစ်သူကြီးချုပ်...
နှစ်ယောက်ပေါင်း တိုက်ခိုက်သည်ကိုပင်..
မိစ္ဆာအိုကြီးက အချိန်အတန်ကြာ...
ခုခံနိုင်ခဲ့သေးသည် မဟုတ်ပါလား။
ဤ နှိုင်းယှဉ်ချက်မှာ...
အတော်လေး ထင်ရှားနေသည်။
လူအများအပြားက ယုံကြည်နေကြ၏။
နောက်တစ်ကြိမ်
'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း'
အသစ်တက်လာလျှင်..'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က
စာရင်းဝင်လာနိုင်ဖွယ် ရှိသည်။
တစ်ခုတည်းသော အားနည်းချက်မှာ...
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏...
တိုက်ခိုက်ခဲ့သော မှတ်တမ်း...
အလွန် နည်းပါးလွန်းနေခြင်း ဖြစ်သည်။
သို့သော် ဤအရာများမှာ...
အမှန်တကယ် အခြေအနေကို...
မသိသူများထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
နင်ချီ၏ ဓားချက်သည်...မိစ္ဆာအိုကြီး၏ ပေါ့ဆမှုကို...
အခွင့်ကောင်း ယူခဲ့မှန်း...
သူတို့ မသိကြပေ။
နင်ချီသည် ထိုဓားတစ်ချက်တည်းသာ...ထုတ် ဖော်နိုင်ခဲ့မှန်း..သူတို့ မသိကြပေ။
နောက်ထပ် ကြိုးစားလျှင်...
'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့...
အသစ် ဝင်ရောက်လာသူ၏...
နယ်ပယ်အတန်းမျှသာ ရောက်မည်ကို...သူတို့ မသိကြပေ။
သို့သော် ဓားသခင်နှင့် စစ်သူကြီးချုပ်က...
ထွက်၍ ငြင်းခုန်နေမည် မဟုတ်ပေ။
...
တောက်ပ အလင်း သိုင်းခန်းမဆောင်၌...
နင်ချီနှင့် တာအိုဆရာလုံရှန်း...
နှစ်ဦးတည်းသာ မျက်နှာချင်းဆိုင်...
ထိုင်လျက် ရှိကြသည်။
တာအိုဆရာလုံရှန်း၏ အရှိန်အဝါက အနည်းငယ် တည်ငြိမ်နေခဲ့ပြီ။
လွတ်လပ်ခြင်းဘုရင် ပေးခဲ့သော..'ထောင်စုနှစ် မီးလျှံနေ ကျောက်စိမ်း' ကြောင့်..ပြန်လည် နာလန်ထူမှု..ပိုမို မြန်ဆန်ခဲ့သည်။
သို့သော် အတွင်းကျကျ ပြုစုကြည့်မှ..သူ၏ ဒဏ်ရာများ..ထင်ထားသည်ထက် ပိုမို ပြင်းထန်နေသည်။
မိစ္ဆာအိုကြီး လင်၏ ဓားချီစွမ်းအင်များ..အတွင်းထဲ၌ သောင်းကျန်းနေဆဲ ဖြစ်၏။
'ထောင်စုနှစ် မီးလျှံနေ ကျောက်စိမ်း' နှင့်ပင်..ခြောက်လခန့် အချိန်ယူရဖွယ် ရှိသည်။
ထို မိစ္ဆာအိုကြီး လင်၏..အစွမ်းကို သူ ပိုမို နားလည်လာခဲ့သည်။
သူ့တပည့်၏ အစွမ်းကို..ပို၍ပင် အံ့ဩမိသည်။
'ဒီလို မိစ္ဆာအိုကြီးမျိုးကို...။'
'ဓားတစ်ချက်တည်းနဲ့ ဒဏ်ရာ အကြီးကြီး ရစေတယ်။'
'ငါ... ငါ သူ့လောက်တောင် မစွမ်းဆောင်နိုင်ဘူး။'
လက်ရှိ အချိန်တွင်..အစစ်အမှန်သိုင်းဂိုဏ်း၌..
နင်ချီသည် အသန်မာဆုံး..ဖြစ်နေပြီမှာ သံသယ မရှိပေ။
အထူးခြားဆုံး အချက်မှာ..သူ၏ တပည့်သည်..'ချီစွမ်းအင်နယ်ပယ်' မျှသာ ရှိသေးသည်ကို..တာအိုဆရာ လုံရှန်း တစ်ဦးတည်းသာ..သိရှိခြင်း ဖြစ်သည်။
သို့သော် 'ကောင်းကင်ဘုံလူသား' တစ်ဦးကို..ယှဉ်ပြိုင်နိုင်ခဲ့သည်။
ရှေး သမိုင်းတစ်လျှောက်တွင်..ဤသို့ စွမ်းဆောင်နိုင်သူ..အလွန် ရှားပါးလှသည်။
'ကောင်းကင်ဘုံလူသား' အောက်..အားလုံးမှာ ပုရွက်ဆိတ်များသာ ဖြစ်သည်။
ပြိုင်ဘက်ကင်း ပါရမီရှင်များသာ..ထို စည်းမျဉ်းကို ချိုးဖောက်နိုင်သည်။
ဤသည်မှာလည်း..တာအိုဆရာလုံရှန်းက..'ရှေး ပုဂ္ဂိုလ်ကြီး' တစ်ဦးဟု..ဖန်တီး ပြောဆိုခဲ့သည့်..အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်သည်။
နင်ချီ၏ အထောက်အထား အမှန်ကို..ဖုံးကွယ်ရန် ဖြစ်၏။
တာအိုဆရာလုံရှန်းက..ပြုံးရယ်ရင်း ဆိုသည်။
"ကိုးလေး...မင်းရဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဘွဲ့က...
မင်းဆရာထက်တောင်...
ပို ကျော်ကြားနေပြီ။"
နင်ချီက ကူကယ်ရာမဲ့စွာ တုံ့ပြန်သည်။
"ဆရာ... ကျွန်တော့်ကို မနောက်ပါနဲ့။ ဒီဘွဲ့နာမည်တွေက...အနှစ်မရှိတဲ့ နာမည် အလွတ်တွေပါ။ ပြီးတော့... သိပ် ထင်ပေါ်လွန်းတာက...
"မကောင်းဘူး ထင်တယ်။"
သူ၏ အကြည့်များတွင်..စိုးရိမ်မှုများ ရှိနေခဲ့သည်။
အစစ်အမှန်သိုင်းဂိုဏ်း..မိစ္ဆာဂိုဏ်းကို ရှင်းလင်းရာ၌..နာမည်ကြီးသွားခဲ့သည်။
သို့သော် မိစ္ဆာဂိုဏ်း၏..ရန်ငြိုးကိုလည်း မလွဲမသွေ..ဆွဲဆောင်မိခဲ့သည်။
ထိုအဖွဲ့အစည်းကြီးသည်..မဟာယန်မင်းဆက်နှင့်..ပြိုင်ဘက် ဖြစ်သည်။
အမြဲတမ်း ရှုံးနိမ့်နေသော်လည်း.
.အစစ်အမှန်သိုင်းဂိုဏ်းမျိုးက..ခုခံနိုင်
စွမ်း မရှိပေ။
'အခုချိန်မှာ..'စစ်သူကြီးချုပ်က...
ရန်ငြိုး အများစုကို ဆွဲဆောင်ထားပေမဲ့...
မိစ္ဆာဂိုဏ်းက..ဒေါသဖြေဖို့ ရုတ်တရက်..
ဝင်တိုက်မလာဘူးလို့...
ဘယ်သူက အာမခံနိုင်မှာလဲ။'
အနည်းငယ်မျှသော ဖြစ်နိုင်ခြေသည်ပင်..နင်ချီကို သတိကြီးစွာ ထားစေသည်။
နင်ချီက သူ့အခြေအနေ သူ သိသည်။
လက်ရှိတွင် ထိုဓားတစ်ချက်တည်းသာ..
'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင်..အစွမ်း ရှိသည်။
ကျန်အချိန်များတွင် သူသည်..သူ့ဆရာ၏ နယ်ပယ်မျှသာ ရှိ၏။
တာအိုဆရာလုံရှန်း၏ မျက်နှာ..တည်ကြည်သွားသည်။
သူက ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
"မင်းရဲ့ စိုးရိမ်မှုတွေကို ငါ နားလည်တယ်၊ဒါပေမဲ့... အလွန်အကျွံ ပူပန်ဖို့ မလိုဘူး။"
နင်ချီ အံ့ဩသွားသည်။
"ဆရာ... သတင်းတွေ ကြားထားတာလား။"
တာအိုဆရာလုံရှန်းက ဆက်ပြောလာသည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က...
စစ်သူကြီးချုပ်က မိစ္ဆာဂိုဏ်းရဲ့ အငိုက်တိုက်ခိုက်မှုကြောင့်...
ဒဏ်ရာ နည်းနည်းပါးပါး ရသွားတယ်
ဒီ မိစ္ဆာဂိုဏ်းကောင်တွေက...
တကယ်ကို ကလဲ့စားချေတတ်တာပဲ။"
ဒါပေမဲ့... ဒါက နန်းတော်ကိုလည်း...
ဒေါသထွက်စေခဲ့တယ်
၊နန်းတော်က ပုဂ္ဂိုလ်ကြီးတွေကို...
ဒီ ရှင်းလင်းပွဲမှာ ပါဝင်တဲ့...သိုင်းဂိုဏ်းတွေနားမှာ...
ပုန်းခိုဖို့ လွှတ်ထားပြီးပြီ။"
"အထူးသဖြင့် ငါတို့ ဂိုဏ်းနဲ့...
ပြန်လည် တည်ဆောက်ထားတဲ့...ဝမ်မျိုးနွယ် ပတ်ဝန်းကျင်မှာ...
ကောင်းကင်ဘုံလူသား' တွေ ပုန်းနေတယ်
မိစ္ဆာဂိုဏ်းသာ လာခဲ့ရင်...
ဒါက ထောင်ချောက် ဖြစ်သွားလိမ့်မယ်။"
"ဝမ်မျိုးနွယ် ဧရိယာကနေ...
သတင်း ရောက်လာပြီးပြီ
၊ မိစ္ဆာ ခြေရာတွေ ပေါ်လာပေမဲ့...မိစ္ဆာဂိုဏ်းက မလှုပ်ရှားသေးဘူး၊ တစ်ခုခုကို သတိထားမိသွားလို့...
တားဆီးခံလိုက်ရပုံပဲ။ ဒါကြောင့်... ငါတို့ ဂိုဏ်း...လောလောဆယ် ဘေးကင်းတယ်။"
"ဘာပဲဖြစ်ဖြစ်..ငါတို့က ဖိအားပေး..
ပါဝင်ခဲ့ရတာဆိုတော့..
မိစ္ဆာဂိုဏ်းက ငါတို့အပေါ်...
အများကြီး အာရုံစိုက်မှာ မဟုတ်ပါဘူး၊ သူတို့ရဲ့ အဓိက လက်တုံ့ပြန်မှုက...
"နန်းတော်ကိုပဲ ဦးတည်မှာပါ။"
ထိုအခါမှ နင်ချီ သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ချလိုက်သည်။
သို့သော် သူ လုံးဝ စိတ်မအေးနိုင်သေး။
'တခြားသူကို အားကိုးတာ...
'ငါ့စရိုက် မဟုတ်ဘူး၊ အဲ့ဒီ ပုန်းနေတဲ့ 'ကောင်းကင်ဘုံလူသား' တွေ...
တာဝန် ပေါ့ဆသွားရင်...
ဒါမှမဟုတ် ရုတ်တရက် ပြန်ဆုတ်သွားရင်...
'ဘယ်လိုလုပ်မလဲ။'
အခြေခံ လိုအပ်ချက်မှာ..သူ့စွမ်းအား လုံလောက်ရန် ဖြစ်သည်။
သူ့မှာ စိတ်ကူးများ ရှိနေခဲ့ပြီးပြီ။
တာအိုဆရာလုံရှန်းကို ရှာခြင်းမှာ..ဤကိစ္စအတွက်ပင် ဖြစ်သည်။
"ဆရာ...ဆရာ ရထားတဲ့ လက်ဆောင်တချို့...
ကျွန်တော် လိုချင်ပါတယ်။"
နင်ချီက ပြောရင်း သွားဖြဲကာ ရယ်ပြသည်။
တာအိုဆရာလုံရှန်းက ပြုံးလျက်..နင်ချီကို လက်ညှိုးထိုးပြသည်။
"မင်း လိုချင်တာ မှန်သမျှ...
ရတနာတိုက်ထဲမှာ...
ကိုယ့်ဘာသာ သွားယူချေ..
ဒါပေမဲ့... 'ထောင်စုနှစ် မီးလျှံနေ ကျောက်စိမ်း' တော့...မင်းကို ပေးလို့ မရသေးဘူး၊ မင်းဆရာ ဒဏ်ရာ ကုဖို့ လိုနေတယ်။"
စကားပြောရင်း..သူ နင်ချီကို အားနာဟန်ဖြင့် ကြည့်သည်။
"ကိုးလေး...
အရင်တုန်းက ဆရာ မင်းကို...
ကတိပေးထားခဲ့တယ်
၊အခမ်းအနား ပြီးရင်...သွေးမိုးမျှော်စင်' ကို ရှင်းလင်းဖို့...
ကူညီမယ်လို့..ဒါပေမဲ့ အခုတော့...
ရွှေ့ဆိုင်းထားရမယ် ထင်တယ်။"
လက်ရှိတွင် လုံရှန်း ဒဏ်ရာရနေရုံမက..အစစ်အမှန်
သိုင်းဂိုဏ်းလည်း..အာရုံစိုက် ခံနေရသည်။
အကယ်၍ သူတို့နှစ်ဦး အပြင်ထွက်စဉ်..မိစ္ဆာဂိုဏ်းက ဝင်တိုက်ခဲ့လျှင်..နောင်တရ၍ မလုံလောက် ဖြစ်သွားမည်။
နင်ချီ ခေါင်းညိတ်လိုက်သည်။
သူက အလျင်မလိုပေ။
ကလဲ့စားချေခြင်းမှာ..တစ်နှစ် သို့မဟုတ် နှစ်နှစ်..နောက်ကျ၍ မနစ်နာပေ။
သူ၏ စွမ်းအားကို မြှင့်တင်ရန်..အချိန်ကောင်းပင် ဖြစ်သည်။
"ဆရာ... အနာကျက်အောင်ပဲ..
အာရုံစိုက်ပါ၊ တခြား ဘာမှ စိတ်မပူပါနဲ့ဗျာ၊ ဆရာ နေကောင်းမှ...
"'သွေးမိုးမျှော်စင်' ကို ရှင်းကြတာပေါ့။"
ဆရာ့ ဒဏ်ရာကို တွေးမိရင်း..နင်ချီ၏ အကြည့်များ..အနည်းငယ် ပြောင်းလဲသွားသည်။
'ဝမ်မျိုးနွယ်က အခု ပြန်တည်ဆောက်နေပြီ။'
'ဒါပေမဲ့ သူတို့ အခြေအနေက...။'
'ငါတို့နဲ့ အတူတူပဲ။'
'မိစ္ဆာဂိုဏ်းက မျက်စိကျနေတယ်။'
'နန်းတော်က လူတွေ ပုန်းနေတယ်။'
'လှုပ်ရှားဖို့ အချိန် မကောင်းသေးဘူး။'
'ငါ့အစွမ်းကလည်း အာမ မခံနိုင်သေးဘူး။'
'ငါ... ခဏ စောင့်ဦးမှပဲ။'
နင်ချီက အရိုအသေပြုပြီး ထွက်ခွာသွားသည်။
တာအိုဆရာလုံရှန်း..နင်ချီ၏ ကျောပြင်ကို ကြည့်ရင်း..ကျေနပ်စွာ ပြုံးနေခဲ့သည်။
...
ခဏအကြာတွင်..နင်ချီ..အစစ်အမှန်သိုင်း ရတနာတိုက်မှ..ပစ္စည်း အပြည့်အစုံဖြင့် ပြန်ရောက်လာသည်။
အဖိုးတန် လက်ဆောင် မျိုးစုံကို..အကုန်လုံး ယူလာခဲ့သည်။
'ပင်လယ်ဖုံးဂိူဏ်း' မှ 'ညထွန်း ရတနာ ပုလဲ' ..'ခန္ဓာခြောက် ဂိုဏ်း' မှ 'ဓာတ်လုံး' ..'ညအရိပ် ဓားဂိုဏ်း' မှ 'အလင်း သစ်သီး' ..ဘိုးဘေးဝမ်၏ 'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့..ပြီးတော့... အရေးကြီးဆုံး..နင်ချီ အလိုချင်ဆုံး အရာ..'မိုးကြိုးကျား
သားရဲဘုရင်' ၏ 'အတွင်းအမြုတေ' ..။
သာမန် အခြေအနေဆိုလျှင်..နင်ချီ အချို့ကို ချန်ထားခဲ့မည် ဖြစ်သည်။
ဂိုဏ်းတပည့်များအတွက်..
ဆုလာဘ်အဖြစ် သုံးရန် ဖြစ်သည်။
သို့သော် ယခု..မိစ္ဆာဂိုဏ်းက တိတ်တဆိတ်..စောင့်ကြည့်နေသည်။
သူ၏ စွမ်းအားကို..အမြန် မြှင့်တင်ရန် လိုအပ်သည်။
သူ့အတွက် အကျိုးအရှိဆုံးသည်.
.ဂိုဏ်းအတွက်လည်း အကျိုးအရှိဆုံး ဖြစ်ပါသည်။
တာအိုရှာဖွေ ကျောင်းတော်တွင်..နင်ချီ..သူ့ရှေ့မှ ရတနာများကို စစ်ဆေးနေသည်။
အသုံးပြုပုံကိုလည်း စဉ်းစားနေ၏။
"'အလင်း သစ်သီး' ...။"
"အစစ်အမှန်သိုင်း မက်မွန်ပင်ရဲ့...။"
"ဆေးစွမ်းကို မြှင့်တင်ဖို့ သုံးနိုင်တယ်။"
"ဒါပေမဲ့... အဲ့ဒီအသီးကနေ...။"
"သက်ဆိုင်ရာ စိုက်ပျိုးနည်းကို...။"
"ပြန် သုတေသန လုပ်ရမယ်။"
"ငါ့အတွက် ခက်တယ်။"
"အချိန်လည်း လိုတယ်။"
"ပြီးတော့... မက်မွန်ပင် ဆေးစွမ်း တက်လာလည်း...။"
"ငါ့အစွမ်းကို တိုးစေမှာ မဟုတ်ဘူး။"
နင်ချီ ထိုအစီအစဉ်ကို ပယ်ချလိုက်သည်။
ဂိုဏ်း၏ အနာဂတ်အတွက် ကောင်းသော်လည်း..နောက်မှ လုပ်၍ ရသည်။
"'ဉာဏ်အလင်း လက်ဖက်ပင်' မျိုးစေ့လည်း...။"
"ဒီအတိုင်းပဲ။"
သူ မျိုးစေ့ကို စစ်ဆေးလိုက်သည်။
အသက်ဓာတ်များစွာ ဆုံးရှုံးနေ၏။
သူ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
'ဘိုးဘေးဝမ်က ဒီလောက်...
သဘောကောင်းမှာ မဟုတ်ဘူး
'သူကိုယ်တိုင် အကြိမ်ပေါင်းများစွာ...။'
'ကြိုးစားခဲ့ပြီးမှ...။'
'လက်ဆောင်အဖြစ် ပေးလိုက်တာပဲ ဖြစ်မယ်။'
"ငါ နောက်မှ ကြိုးစားကြည့်မယ်။"
"ညထွန်းရတနာ ပုလဲ' နဲ့ 'ဓာတ်လုံး' ...။"
"ဒီနှစ်ခုက တွဲလို့ ရနိုင်တယ်။"
"ပုလဲကို အမှုန့် ကြိတ်ပြီး...။"
"'ဓာတ်လုံး' နဲ့ ပေါင်းစပ်ကြည့်ရမယ်။"
"ကျင့်ကြံမှု တိုးတက်စေတဲ့ ဆေးလုံး...။"
"ဖော်စပ်လို့ ရမလား ကြည့်ရမယ်။"
"ဒါပေမဲ့... ဒါကလည်း...။"
"ငါ့အစွမ်းကို ချက်ချင်း တိုးစေမှာ မဟုတ်ဘူး။"
နင်ချီ ထိုအရာများကို..ဒုတိယ ဦးစားပေး အဖြစ် ထားလိုက်သည်။
ဆေးလုံး ဖော်စပ်နိုင်ခဲ့လျှင်..သူ၏ စွမ်းအား ဖွံ့ဖြိုးမှုကို..အရှိန်မြှင့်ပေးလိမ့်မည်။
သို့သော် ယခု သူ လိုအပ်သည်မှာ..အစွမ်းထက် ပြင်ပစွမ်းအား ဖြစ်သည်။
သူ၏ အကြည့်များ..နောက်ဆုံး အရာပေါ် ကျရောက်သွားသည်။
'သားရဲဘုရင်' ၏ 'အတွင်းအမြုတေ' ..
ကျောက်စိမ်းဘူးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
'မိုးကြိုး ကျား' သားရဲ
ဘုရင်၏..'အတွင်းအမြုတေ' သည်..လျှပ်စီးများဖြင့် တောက်ပနေသည်။
ချက်ချင်း အပေါ်သို့ ပျံတက်သွား၏။
ကျားဟိန်းသံ သဲ့သဲ့နှင့်..ပြင်းထန်သော အရှိန်အဝါများ..ပတ်ဝန်းကျင်မှ..ကောင်းကင်နှင့်မြေကြီး စွမ်းအားများ..။
နင်ချီ၏ မျက်လုံးများ မျှော်လင့်ချက် ပြည့်လာသည်။
အခမ်းအနားတုန်းက..ဓားသခင် ဤအမြုတေကို ထုတ်လာစဉ်..ပတ်ဝန်းကျင်မှ စွမ်းအားများကို..သူ အာရုံခံမိကတည်းက..အသုံးပြုပုံ တစ်ခုကို တွေးမိခဲ့သည်။
ယခု အနီးကပ် လေ့လာကြည့်သောအခါ..အမြုတေထဲမှ စွမ်းအင်ကို..ရှင်းလင်းစွာ ခံစားမိနေသည်။
သူ၏ စိတ်ကူးသည်..ပို၍ သေချာလာသည်။
"ဖြစ်နိုင်တယ်...။"
"ငါ... 'သားရဲဘုရင် အတွင်းအမြုတေ' ကို...။"
"အခြေခံပြီး 'အမြုတေတု' တစ်ခု...။"
"ဖော်စပ်လို့ ရနိုင်တယ်။"
"အဲ့ဒီ 'အမြုတေတု' နဲ့...။"
"ငါ့ကိုယ်ထဲက 'မူလအမြုတေ' ကို...။"
"အစားထိုးလိုက်မယ်။"
"ကောင်းကင်နဲ့မြေကြီးကို ဆက်သွယ်ဖို့...။"
"'ကောင်းကင်ဘုံလူသားနယ်ပယ်' က...။"
"'ကောင်းကင်သို့ ရောက်ရှိခြင်း' နဲ့...။"
"'ကောင်းကင်နဲ့လူသား တစ်သားတည်းကျခြင်း' လို...။"
"အာနိသင်မျိုး ရအောင် လုပ်မယ်။"
လက်ရှိတွင် နင်ချီ၏ အားနည်းချက်မှာ..'ကောင်းကင်ဘုံ
ဓားသိုင်း' ကို..တစ်ကြိမ် သုံးပြီးနောက်..ဆက်လက် မသုံးစွဲနိုင်ခြင်း ဖြစ်သည်။
အဓိက အကြောင်းရင်းမှာ..'ကောင်းကင်ဘုံ
ဓားသိုင်း' ကြောင့် မဟုတ်။
သူ၏ ချီစွမ်းအင်..ရှစ်ဆယ် ရာခိုင်နှုန်းကျော်..သုံးစွဲရခြင်းကြောင့် ဖြစ်သည်။
ထိုဓားသိုင်း၏ အစွမ်းကို..ဆက်တိုက် ထုတ်လွှတ်နိုင်ရန်..သူ၏ ချီစွမ်းအင်ကို..ထပ်မံ မြှင့်တင်ရမည် ဖြစ်သည်။
သို့သော် ၎င်းမှာ..ဗြုန်းစားကြီးနှင့် မဖြစ်နိုင်ပေ။
ထို့ကြောင့် နင်ချီ..အခြား လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ပါသည်။
ကောင်းကင်နှင့်မြေကြီး စွမ်းအားတို့၏..ပဲ့တင်ထပ်မှု ပြင်းအားကို..မြှင့်တင်ရန် ဖြစ်သည်။
'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' ..လျှို့ဝှက်နည်းစနစ် တစ်ခုတည်းဖြင့်..ဤနယ်ပယ်သာ ရရှိနိုင်သည်။
သို့သော် သူ စီစဉ်ထားသည့်..'အမြုတေတု' သာ အောင်မြင်ခဲ့လျှင်..သူ ထိန်းချုပ်နိုင်မည့်..ကောင်းကင်နှင့်
မြေကြီး စွမ်းအားသည်..အလွန် ကြီးမားလာမည် ဖြစ်သည်။
ထိုအခါ 'ကောင်းကင်ဘုံဓားသိုင်း' ၏..ရေရှည် တိုက်ခိုက်နိုင်စွမ်း..
တိုးတက်လာရုံသာမက..၎င်း၏ အစွမ်းသည်လည်း..ပိုမို မြင့်တက်လာပေလိမ့်မည်။
သူသည် 'ကောင်းကင်ဘုံ လူသားနယ်ပယ်စာရင်း' ဝင်..တိုက်ခိုက်ရေးစွမ်းရည်ကို..အမှန်တကယ် ပိုင်ဆိုင်သွားမည် ဖြစ်သည်။
၎င်းမှာ ယာယီသာ ဖြစ်သော်လည်း..လက်ရှိ စိန်ခေါ်မှုများကို..ကျော်လွှားရန် လုံလောက်ပေသည်။
"ဖြစ်နိုင်တယ်။"
နင်ချီ၏ စိတ်ထဲတွင်..စိတ်ကူးများ ပွက်ပွက်ဆူလာသည်။
'အမြုတေတု' နည်းစနစ် သုတေသနကို..ပထမ ဦးစားပေးအဖြစ် ထားလိုက်သည်။