ရင်းနှီးမြှုပ်နှံမှု သခင်
Vol. 7 Ch. 102
~နင်ချီ၏ စိတ်ကူးထဲတွင်..ဤ 'အမြုတေတု' သည်..'ချဲ့ထွင်ကိရိယာ' တစ်မျိုးနှင့် ဆင်တူ၏။
ကောင်းကင်နှင့်မြေကြီး စွမ်းအားကို..ထိန်းချုပ်နိုင်စွမ်းအား..များစွာ မြှင့်တင်ပေးနိုင်လေသည်။
'ဒါက လျှို့ဝှက်နည်းစနစ် တစ်မျိုးလို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ဒီလိုနယ်ပယ်ရှိတဲ့ ထူးခြား သားရဲဘုရင် အတွင်းအမြုတေ ရှိမှ အလုပ်လုပ်နိုင်မှာ။ ပြီးတော့ ကောင်းကင်နဲ့မြေကြီး စွမ်းအားကို ဆက်သွယ်နိုင်စွမ်းလည်း ရှိရမယ်။'
"'သားရဲဘုရင် အတွင်းအမြုတေ' ထဲက...
ဝှက်ထားတဲ့ စွမ်းအားကို...
"ဘယ်လို ထုတ်ဖော်မလဲ။"
"အရင်ဆုံး… အညစ်အကြေးတွေ ရှင်းထုတ်ရမယ်။"
နင်ချီ အာရုံခံမိသည်။
အတွင်းအမြုတေထဲတွင်..ကောင်းကင်
နှင့်မြေကြီး စွမ်းအား..ရှိနေရုံသာမက
..မကျေနပ်မှု အငွေ့အသက်များလည်း.
.ရှိနေသေး၏။
‘ မိုးကြိုး ကျား' သည်..သေဆုံးသွားပြီမှာ သေချာသည်။
သို့သော် 'ကောင်းကင်ဘုံလူသားနယ်ပယ်' နှင့်..တန်းတူသော သားရဲဘုရင် တစ်ကောင်အဖြစ်..၎င်းတွင် မွေးရာပါ လျှို့ဝှက်ချက်များ ရှိနေသည်။
လူသား သိုင်းပညာရှင်များ..လွယ်ကူစွာ နားမလည်နိုင်ပေ။
နင်ချီ သူ၏ လက်ကို ဖြေလျှော့လိုက်သည်။
အတွင်းအမြုတေသည်..သူ၏ ရင်ဘတ်ရှေ့တွင်..မြင့်လိုက် နိမ့်လိုက်ဖြင့် ပျံဝဲနေ၏။
သူ 'ကောင်းကင်ဘုံလူသား တစ်သားတည်းကျခြင်း' ..လျှို့ဝှက်နည်းစနစ်ကို အသုံးပြုသည်။
ကောင်းကင်နှင့်မြေကြီး စွမ်းအားဖြင့်..၎င်းကို ထိတွေ့လိုက်သည်။
တစ်ခဏအတွင်း မိုးကြိုးအလင်းများ..ပေါက်ကွဲ ထွက်ပေါ်လာသည်။
လေဟာနယ်ကို ထိုးဖောက်သွား၏။
သူ၏ ရင်ဘတ်မှ အတွင်းအမြုတေသည်..လျှပ်စီး ဆူးချွန်များ ထိုးထွက်နေသော.မိုးကြိုးလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
ထိုမျှသာမက..နင်ချီ ပြင်းထန်သော ကျားဟိန်းသံကို..သူ၏ စိတ်ထဲတွင် ခံစားလိုက်ရသည်။
တွေဝေမှုတစ်ခုထဲတွင်..အတောင်ပံများ ပါသော မိုးကြိုး ကျားကြီး..ရေညွှန်တောကြီး တစ်ခုပေါ် ရပ်နေသည်ကို..သူ မြင်ယောင်သွားသကဲ့သို့ ဖြစ်၏။
ကျားကြီးက ကောင်းကင်သို့ မာန်ဖီနေသည်။
သတ်ဖြတ်လိုသော စွမ်းအင်များ..လိပ်တက်လာသည်။
မကျေနပ်မှုများ သိုဝှက်ထားသည့်အလား..။
နင်ချီ၏ မျက်နှာထားက တည်ငြိမ်နေသည်။
"သေဆုံးသွားပြီးမှတော့...
ငါ့အတွက် အသုံးချလိုက်တာ...
ပိုကောင်းတာပေါ့၊ လုံးဝ အေးချမ်းစွာ အနားယူလိုက်တော့။"
နင်ချီက ကောင်းကင်နှင့်မြေကြီး စွမ်းအားကို..ထိန်းချုပ်လိုက်သည်။
အတွင်းအမြုတေကို သတိကြီးစွာ..အကြိမ်ကြိမ် ဆေးကြောလိုက်သည်
ဤအတောအတွင်း သူသည်..'ကောင်းကင်နဲ့ မြေကြီး ကြိတ်စက်ဝန်း' ..'ချီစွမ်းအင် သန့်စင်ခြင်း' နည်းစနစ်မှ..နည်းလမ်း အချို့ကို အသုံးချသည်။
အံ့ဖွယ် အကျိုးသက်ရောက်မှုများ..
တွေ့ရှိလိုက်ရ၏။
ထို့ကြောင့်..နှစ်နာရီ ကြာမြင့်ပြီးနောက်..သူ နောက်တစ်ကြိမ် လေ့လာကြည့်သည်။
အတောင်ပံပါသော မိုးကြိုး ကျားကြီးက..ရေညွှန်တောပေါ်တွင် ရှိနေဆဲ ဖြစ်သည်။
အစွမ်းမှာ တုနှိုင်းမရအောင် ကြီးမား၏။
သို့သော် ယခင်က သတ်ဖြတ်လိုသော..အရှိန်အဝါနှင့် မကျေနပ်မှုများ..ပျောက်ကွယ်သွားခဲ့ပြီ။
သို့တိုင် နင်ချီ အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
သားရဲဘုရင် အတွင်းအမြုတေ..သန့်စင်သွားသော
လည်း..မိုးကြိုး ကျား၏ စိတ်ဝိညာဉ်ကို..ဆုံးရှုံးသွားကြောင်း သူ တွေ့ရှိလိုက်သည်။
သို့သော် ဤအချက်က..သူ့ကို အကြံအိုက် မသွားစေခဲ့။
ဖြစ်နိုင်တယ်...
စိုးမိုး ကျား အစစ်အမှန် စိတ်ဆန္ဒ..ပန်းချီကား' ကနေ...စိတ်ကူး ထုတ်ကြည့်လို့ ရနိုင်တယ်..
နင်ချီ ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။
သူ၏ စိတ်ထဲတွင် အဆက်မပြတ်..ဉာဏ်အလင်းများ လင်းလက်လာသည်။
အခက်အခဲ တစ်ခုပြီးတစ်ခု ပေါ်လာသည်။
သူ တစ်ခုချင်းစီ ဖြေရှင်းသွားခဲ့၏။
စိတ်ကူးထားသည့် 'အမြုတေတု' နည်းလမ်း..သဘာဝကျကျ ကောင်းမွန်လှသည်။
သို့သော် လျင်မြန်စွာ ဖန်တီးလိုခြင်းမှာ..လွယ်ကူသည် မဟုတ်ပေ။
ဤသည်မှာ လုံးဝ အသစ်သော..ကြိုးပမ်းမှု တစ်ခု ဖြစ်သည်။
အခက်အခဲ များစွာ ရှိနေ၏။
ကောင်းကင်နှင့်မြေကြီး စွမ်းအား၏..ရှုပ်ထွေးမှုများ ပါဝင်ရုံသာမက..လူ့ခန္ဓာကိုယ်၏ ရတနာများလည်း ပါဝင်သည်။
'မူလအမြုတေ' ကို 'အမြုတေတု' ဖြင့်..အစားထိုးခြင်းမှာ လွယ်ကူသော..အလုပ် မဟုတ်ပေ။
သို့တိုင် နင်ချီ ယုံကြည်မှု ရှိသည်။
ဖြေရှင်းနည်းကို ရှာတွေ့မည်ဟု..အချိန်လည်း အကြာကြီး ယူမည် မဟုတ်။
ဤသည်မှာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို..မြှင့်တင်ရန် သူ တွေးမိသမျှထဲ..အမြန်ဆုံး နည်းလမ်း ဖြစ်နေခဲ့ပြီ။
နောက်ဆက်တွဲအဖြစ်..သူ၏ စွမ်းအင် အများစုကို..'အမြုတေတု' နည်းလမ်း ဖန်တီးရန်..မြှုပ်နှံလိုက်သည်။
တိုးတက်မှုမှာ အတော်လေး ကောင်းမွန်၏။
တစ်လခန့် အချိန်အတွင်း..အောင်မြင်သင့်သည်ဟု သူ ခန့်မှန်းသည်။
ဟုတ်ပါသည်။
နင်ချီ သူ၏ ကျင့်ကြံမှုကိုလည်း..မမေ့လျော့ခဲ့ပေ။
နေ့စဉ် သူသည်..'ကောင်းကင်နဲ့မြေကြီး ကြိတ်စက်ဝန်း' ..'ချီစွမ်းအင် သန့်စင်ခြင်း' နည်းစနစ်၏..ကန့်သတ်ချက်များကို တွန်းပို့နေသည်။
သူ၏ကျင့်ကြံမှုသည်လည်း
အရှိန်အဟုန်ဖြင့် တိုးတက်နေခဲ့သည်။
...
အစစ်အမှန်သိုင်းတောင်..တည်ငြိမ် အေးချမ်းနေခဲ့သည်။
နွေဦး နေရောင်ခြည်..တဖြည်းဖြည်း ထွက်ပေါ်လာသည်။
ဤကာလအတွင်း..အစစ်အမှန်း။း
သိုင်းဂိုဏ်း တပည့်များ..အလွန် အနေအေးခဲ့ကြသည်။
တောင်အောက်သို့ ရှားရှားပါးပါးသာ ဆင်း၏။
လော့ဝမ်ထျန်းကမူ ကောင်းစွာ နားလည်သည်။
'မြင့်သော သစ်ပင်သည်...
'လေပြင်းကို ဖိတ်ခေါ်သည်' ဟူသော..သဘောတရားကို သူ သိသည်။
သူ၏ တပည့်များကို တင်းကြပ်စွာ..ထိန်းချုပ်ထား၏။
ဤကာလအတွင်း ဂိုဏ်း၏ ကျော်ကြားမှု..အလွန် ထင်ပေါ်လွန်းနေခဲ့သည်။
ခဏတာ တိတ်ဆိတ်နေခြင်းက..အကောင်းဆုံး ဖြစ်လိမ့်မည်။
မလိုအပ်သော အာရုံစိုက်မှုများ..ရှောင်ရှားရန် ဖြစ်၏။
သိုင်းလောကတွင်..မုန်တိုင်းများ တက်လိုက် ကျလိုက် ဖြစ်သည်။
အချိန်အနည်းငယ် ကြာလျှင်..သိုင်းသမားများ အခြား ကိစ္စများသို့..အာရုံ ရောက်သွားကြလိမ့်မည်။
သို့သော် အစစ်အမှန်သိုင်း တပည့်များ..တောင်အောက် မဆင်းခဲ့ကြပေ။
သို့တိုင် အခြား လာရောက် လည်ပတ်သူများ..ရှိနေဆဲ ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်းကို..မိစ္ဆာဂိုဏ်းက ပစ်မှတ်ထားမှန်း..အများအပြား သိကြသော်လည်း..လာရောက်ခြင်းတွင် အန္တရာယ် အချို့ ရှိ၏။
သို့သော် အခြားတစ်ဖက်တွင်..ယခုအချိန်သည် အကောင်းဆုံး အချိန် ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်းနှင့်..ဆက်ဆံရေး ထူထောင်ရန်..လာရောက်သူ နည်းပါးချိန် ဖြစ်၏။
မဟုတ်လျှင် ဧည့်သည်များ ပြည့်နှက်ချိန်..သူတို့ အလှည့် ရောက်ချင်မှ ရောက်မည်။
သို့သော် ယနေ့..အထူး ဧည့်သည် အုပ်စုတစ်စု..ရောက်ရှိလာခဲ့သည်။
'အစစ်အမှန် နက်နဲခြင်းဂိုဏ်း' မှ အဖွဲ့ဝင်များက သူတို့၏ 'တာအိုကျမ်းစာ' ကို ယူဆောင်လာကြခြင်းပါ။
လော့ဝမ်ထျန်း ကိုယ်တိုင်..တပည့်ရင်း အချို့ကို ဦးဆောင်..ကြိုဆိုလိုက်သည်။
နင်ချီလည်း အတူ လိုက်ပါလာ၏။
သူ အလွန် မျှော်လင့်နေခဲ့သည်။
'အစစ်အမှန် နက်နဲခြင်းဂိုဏ်း’ မှ..လက်ဆောင် ကျမ်းစာများကို ဖြစ်သည်။
အစစ်အမှန်သိုင်းဂိုဏ်း၏..ကျမ်းစာတိုက်ကို ဖတ်ရှုပြီး ဖြစ်၏။
နက်ရှိုင်းစွာ နားလည်ရန် လိုအပ်သော..ကျမ်း အနည်းငယ်သာ ကျန်တော့သည်။
အရင်းအမြစ် အသစ်များကို ရှာဖွေရမည်။
လော့ဝမ်ထျန်းက ဖော်ရွေစွာ ရယ်လိုက်သည်။
"တာအိုမိတ်ဆွေတို့...
ခရီးဝေးက လာရတာ...ပင်ပန်းသွားကြပါပြီ။"
'အစစ်အမှန် နက်နဲခြင်းဂိုဏ်း’ မှ လူတိုင်း..အဖြူရောင် တာအိုဝတ်ရုံများ ဝတ်ဆင်ထား၏။
လက်ကောက်ဝတ်များတွင်..စီးဆင်းနေသော တိမ်တိုက် ရွှေရောင် ပုံစံများ..ရှိနေသည်။
ပထမ အကြည့်တွင် ရှုပ်ထွေးနေဟန် ရှိ၏။
သို့သော် အနီးကပ် ကြည့်လျှင်..လျှို့ဝှက်သော ဆွဲဆောင်မှု ပါဝင်သည်။
၎င်းသည် ဂိုဏ်း၏ အမှတ်တံဆိပ် ဖြစ်၏။
ဦးဆောင်လာသော သတ်လတ်ပိုင်း တာအိုဆရာက..ဂါရဝပြုလိုက်သည်။
"တာအိုမိတ်ဆွေ လော့...
ခင်ဗျားက အားနာတတ်လွန်းတယ်၊
ကျွန်တော်တို့ စောစောကတည်းက...
ရောက်သင့်တာပါ။ ဒါပေမဲ့ အမှားအယွင်း တချို့ကြောင့်...နောက်ကျသွားခဲ့တယ်၊ နားလည်ပေးဖို့ တောင်းပန်ပါတယ်။"
လော့ဝမ်ထျန်းက လက်ကို ထပ်ခါထပ်ခါ ယမ်းသည်။
"တာအိုမိတ်ဆွေ ယဲ့...ခင်ဗျား ချဲ့ကားပြောနေပြီ၊ ကျွန်တော်တို့ ဆရာက...စစ်မှန်သူ ပိုင်ဟဲ့ရဲ့ စေတနာကို...
"အမြဲ တန်ဖိုးထားပါတယ်။"
ယဲ့ အမည်ရှိ တာအိုသမားက ပြုံးလိုက်သည်။
"ဒီတစ်ကြိမ်...ကျွန်တော်တို့ ဂိုဏ်းက...
စုစုပေါင်း တာအိုကျမ်းပေါင်း...
တစ်ထောင့်ရှစ်ရာ ယူဆောင်လာခဲ့ပါတယ်၊ တာအိုမိတ်ဆွေ လော့… စစ်ဆေးပေးပါဦး။"
လော့ဝမ်ထျန်း အံ့အားသင့်သွားသည်။
'တစ်ထောင့်နှစ်ရာ မဟုတ်ဘူးလား။'
'ဘယ်လိုလုပ် တစ်ထောင့်ရှစ်ရာ ဖြစ်သွားတာလဲ။'
သူ ယဲ့ အမည်ရှိ တာအိုသမားကို..လှမ်းကြည့်လိုက်သည်။
ထိုသူက တိတ်ဆိတ်စွာ ပြုံးနေ၏။
သူ့နှလုံးသားထဲ တဖြည်းဖြည်း နားလည်လာသည်။
အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် အဖွဲ့ကို ပင်မခန်းမဆောင်သို့..ဦးဆောင် ခေါ်သွားသည်။
နင်ချီလည်း ဘေးမှ နားထောင်ရင်း..အနည်းငယ် ဝမ်းသာ အံ့ဩသွားသည်။
သို့သော် သူလည်း နားလည်လိုက်သည်။
'ဒီ ထပ်တိုးလာတဲ့ ကျမ်း ခြောက်ရာ...
'အလကား ရောက်လာတာ မဟုတ်ဘူး
'စစ်မှန်သူ ပိုင်ဟဲ့က...
'ငါနဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့...'အစွမ်းကို မြင်ပြီး...
'ခင်မင်မှု တည်ဆောက်ချင်လို့ပဲ ဖြစ်မယ်။'
"အံ့ဩစရာတော့ မဟုတ်ဘူး...
ဒီကျမ်းတွေ နောက်ကျနေတာ...
နောက်ဆုံး ခြောက်ရာကို...
"စောင့်နေခဲ့တာပဲ ဖြစ်ရမယ်။"
'ဂုဏ်ပြုလက်ဆောင်ကို...
နှစ်သုတ်ခွဲပြီး ပို့တာက...
သိပ် မကောင်းဘူးလေ.. ရည်ရွယ်ချက် ရှိလွန်းသလို ဖြစ်သွားမှာပေါ့။'
နင်ချီ ခေါင်းခါရင်း ပြုံးလိုက်သည်။
"မထင်ထားဘူး...ဒီ စစ်မှန်သူ ပိုင်ဟဲ့က...
"ရင်းနှီးမြှုပ်နှံမှု ဆရာကြီးပဲ။"
ထိုအဖြစ်က သူ့ကို..ယခင်ဘဝမှ angel investor များကို..သတိရသွားစေသည်။
[ တရုတ်က 'Angel Investor' (အိန်ဂျယ် ရင်းနှီးမြှုပ်နှံသူ) ဆိုတာက ဒီလို.. ယေဘုယျအားဖြင့် ပြောရရင်၊ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အစောဆုံးအဆင့်မှာ ဝင်လာတဲ့သူတွေပေါ့။ အထူးသဖြင့် တရုတ်မှာဆို နည်းပညာတို့၊ အင်တာနက် startup လို့ခေါ်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေရဲ့ ကနဦးအဆင့်ပေါ့။ အဲ့ဒီအချိန်မှာ ဝင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ပိုက်ဆံတွေကို ရင်းနှီးမြှုပ်နှံတဲ့ ချမ်းသာတဲ့ လူတစ်ဦးချင်းတွေကို ရည်ညွှန်းတာပါ။
တရုတ်လိုကျတော့ သူတို့ကို "天使投资者" (tiānshǐ tóuzīzhě) လို့ တိုက်ရိုက်ပဲ ခေါ်သုံးကြပါတယ်။]
နင်ချီ မသိခဲ့သည်မှာ..စစ်မှန်သူ ပိုင်ဟဲ့သည်..တိတ်တဆိတ် ရင်းနှီးမြှုပ်နှံမှုကို..နှစ်ကြိမ်တောင် ထပ်တိုးခဲ့ခြင်း ဖြစ်သည်။
မူလက လက်ဆောင်သည်..ကျမ်း ရှစ်ရာသာ ဖြစ်သည်။
သို့သော် အစစ်အမှန်သိုင်းဂိုဏ်း၏..
အလားအလာနှင့် အခြေခံအုတ်မြစ်ကို..ဆက်တိုက် သတိထားမိပြီးနောက်..သူ စိတ်ပြောင်းသွားခဲ့ခြင်း ဖြစ်၏။