← Chapters

ဝမ်ရှင်းခြံဝန်း

Vol. 3 Ch. 33

ဝမ်ရှင်းခြံဝန်း

Vol. 3 Ch. 33

မြို့အရှင်သည် သူ့အား တိုက်ရိုက်မေးမြန်းမည်ဟု သူ မျှော်လင့်မထားမိချေ။ကျန်းရွှမ်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားပြီးနောက် ခေါင်းညိတ်ပြပြီး အမှန်အတိုင်း အဖြေပေးလိုက်၏။

"ငါ အဲ့ဒါကို အာရုံခံမိတယ်....ဒါပေမဲ့ အဲ့ဒီစွမ်းအင်တွေက အများကြီးမဟုတ်တဲ့အပြင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့တယ်"

မြို့အရှင်သည် အံ့အားသင့်သွားပေ၏။

"မင်း အဲဒ့ါကို အာရုံခံနိုင်တာလား"

သူ၏သမီးနှင့်မိုယန်ရွှယ်တို့သည် တစ်စုံတစ်ခုကိုမျှ သတိမပြုမိသော်လည်း ရင်းမြစ်ရေအိုင်ကိုပင် မဖွင့်ရသေးသော ဤကောင်လေးကမူ အာရုံခံနိုင်ခဲ့သည်။အစောပိုင်းက သူ ထုတ်လွှတ်ခဲ့သော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို ကျန်းရွှမ်မှစုပ်ယူသွားခြင်း ဖြစ်သလော...။

သူသည် ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။

"ဖြစ်နိုင်တာတော့ မင်းရဲ့ရင်းမြစ်ရေအိုင်ကို ရှာတွေ့သွားတာလား"

"ခုထိ ရှာမတွေ့သေးဘူး"

ကျန်းရွှမ်က စိတ်ပျက်လက်ပျက်အမူအယာဖြင့် ပြောဆိုသည်။

"ဒါက ငါ့ရဲ့ပါရမီအရည်အချင်း ညံ့ဖျင်းတာကြောင့် ဖြစ်မှာပါ"

"ဘာမှစိတ်ဓာတ်မကျနဲ့... မင်းက အသက်နည်းနည်းကြီးနေပြီးတော့ အတွေးတွေများတာကြောင့် မင်း အာရုံစုစည်းနိုင်ဖို့က တခြားလူတွေထက် ပိုခက်လိမ့်မယ်...ရင်းမြစ်ရေအိုင်ကို ရှာဖွေတာက ခက်ခဲတဲ့ကိစ္စပဲ....မင်း တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားသွားရင် အောင်မြင်လာမှာပါ"

ကျန်းရွှမ်၏မျက်နှာအမူအယာသည် အပြစ်ကင်းစင်ပြီး လိမ်လည်နေပုံမရသည်ကိုကြည့်ပြီး ယုလုံချင်းက နှစ်သိမ့်အားပေးလိုက်သည်။သူသည် အတွင်းစိတ်မှကြိတ်၍ သူ့ကိုယ်သူ လှောင်ရယ်လိုက်၏။

သူ အမှန်တကယ်ကို သံသယလွန်ကဲခဲ့မိသည်။ရင်းမြစ်ရေအိုင်ပင် မဖွင့်ရသေးသောတစ်စုံတစ်ယောက်အနေဖြင့် အကယ်၍ ကျန်းရွှမ် အလိုရှိလျှင်ပင် ကောင်းကင်ကံကြမ္မာစွမ်းအင်ကို စုပ်ယူနိုင်မည်မဟုတ်ချေ။

ထို့ပြင် ကျန်းရွှမ်သည် အသက်အနည်းငယ်ရှုချိန်အတွင်း၌ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းနှစ်ထောင်ကျော်ကို စုပ်ယူရန်မှာ မဖြစ်နိုင်ပေ။

ဤသည်မှာ လူတစ်ယောက်၏လက်ချက်ကြောင့် မဖြစ်နိုင်တော့ချေ။

"ဖြစ်နိုင်တာတော့ စာကြည့်တိုက်ရဲ့ဝင်္ကပါမှာ ပြဿနာတစ်ခု ရှိနေတာကြောင့်...ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို မထိန်းသိမ်းနိုင်ဘဲ ပျက်ပြယ်သွားတာများလား"

အချိန်တခဏကြာခန့် စဉ်းစားတွေးတောပြီးနောက် ယုလုံချင်းက ခန့်မှန်းလိုက်သည်။

စာကြည့်တိုက်၏ဝင်္ကပါသည် အဖြူရောင်ကျောက်တုံးကျောင်းတော်မှ နဂါးကိုးကောင်တိုင်လုံးများနှင့်တူညီပြီး ရင်းမြစ်စွမ်းအင်များကိုချိတ်ပိတ်ကာ ပြင်ပနှင့်ပိုင်းခြားနိုင်သည့် အကျိုးအာနိသင်မျိုးရှိသည်။ထိုကြောင့် သူသည် သမီးဖြစ်သူကို ဤနေရာ၌ စောင့်ခိုင်းဝံ့ခြင်းပင်။ယခုအချိန်၌ ပြဿနာတစ်ရပ်ရှိလာလေရာ ဝင်္ကပါကြောင့် ဖြစ်နေသလော။

သူသည် ဝင်္ကပါကိုစစ်ဆေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ခုကိုအမှတ်ရသွားသဖြင့် သူနှင့်မလှမ်းမကမ်းအကွာတွင်ရှိသော လူငယ်လေးကို ကြည့်လိုက်၏။

"မင်းသဘောကျတဲ့ ကျင့်ကြံနည်းစနစ်ကို ရွေးချယ်ပြီးပြီလား"

"မြို့အရှင်ကို ကျေးဇူးတင်ပါတယ်....ဒီ'လားရာငါးသွယ် မူလနည်းစနစ်'ကိုကြည့်ရတာ ငါနဲ့သင့်တော်သလိုပဲ...ငါက ဒါကို မှတ်သားနိုင်လုနီးပါး ဖြစ်နေပါပြီ"

ဤသည်မှာ နှင်ထုတ်ခြင်းသဘောမျိုး သက်ရောက်ကြောင်း နားလည်သဖြင့် ကျန်းရွှမ်သည် စာအုပ်ကို စာအုပ်စင်ပေါ်သို့ပြန်တင်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"မြို့အရှင်ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်...ငါ့ကို ပြန်ခွင့်ပြုပါအုံး"

"မင်းက အားနာနေပြန်ပြီ...ကျန်းရွှမ် မြို့အရှင်အိမ်တော်က မင်းကို အမြဲတမ်း ကြိုဆိုနေမှာပါ"

ယုလုံချင်းက အပြုံးနှင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဧည့်သည်ကို ပြန်ပို့လိုက်ကြတော့"

မကြာမီမှာပင် အစောင့်တစ်ယောက်လျှောက်လှမ်းလာကာ ကျန်းရွှမ်ကို ပြင်ပသို့ခေါ်ထုတ်သွားခဲ့သည်။

သူ ထွက်ခွာသွားသည်ကိုကြည့်ပြီးနောက် ယူလုံချင်းသည် စာကြည့်တိုက်၏ထောင့်တစ်နေရာထံသို့ လျှောက်လှမ်းလာခဲ့သည်။စာအုပ်စင်တစ်စင်ပေါ်သို့ သူ၏လက်ကို ညင်သာစွာပွတ်သပ်လိုက်ရာ သုံးမြှောင်ပုံဝင်္ကပါအလံတခု ထွက်ပေါ်လာသည်။ဤသည်မှာ စာကြည့်တိုက်မှဝင်္ကပါ၏ အခြေခံအုတ်မြစ်ပင်။

ဤဖြစ်စဉ်အတိုင်း သူသည် နေရာငါးနေရာသို့သွားပြီး ဝင်္ကပါအလံငါးခုကို ရှာဖွေခဲ့သည်။ထို့နောက် ယုလုံချင်းသည် သူ၏လက်ကို ညင်သာစွာညွှန်ပြလိုက်ရာ အားလှိုင်းတစ်ရပ် လျင်မြန်စွာပျံ့နှံ့သွားပြီး ဝင်္ကပါအလံများတုန်ခါသွားကာ မမြင်နိုင်သောလှိုင်းဂယက်များ ထွက်ပေါ်လာသည်။

"ဒါက မပျက်စီးပါဘူး...."

ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။

အစောပိုင်းက သူ၏လှုပ်ရှားမှုများသည် ဝင်္ကပါတွင် ပြဿနာတစ်ရပ်ရှိမရှိ စစ်ဆေးခြင်းပင်။ဤဝင်္ကပါသည် ပြီးပြည့်စုံသည့်အခြေအနေ၌ရှိနေသည်ဟု ရလဒ်ထွက်ပေါ်လာပေ၏။ အကယ်၍ ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများ အမှန်တကယ်ရှိနေပါက ဤဝင်္ကပါမှထိန်းသိမ်းထားပြီး ပျက်ပြယ်သွားမည်မဟုတ်ချေ။

"ငါ ထပ်ပြီးကြိုးစားကြည့်သင့်လား"

သူသည် အကြောင်းအရင်းကိုမသိရမချင်း အနားမယူနိုင်မည်ကို သိရှိသဖြင့် ယုလုံချင်းက လျှို့ဝှက်ခန်းအတွင်းသို့ပြန်ကာ နောက်ထပ်ရတနာတစ်ခုကိုထုတ်ယူပြီး ဝင်္ကပါကို ဆက်လက်၍အသက်သွင်းလိုက်၏။

ဤတကြိမ်တွင် သူသည် ယခင်ထက်ပို၍ သတိကြီးစွာထားခဲ့သည်။သူသည် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးတန်းကို သန့်စင်ပြီးနောက် ရပ်တန့်ပြီး စာကြည့်တိုက်အတွင်းသို့ အပြေးပြန်လာခဲ့၏။

သူ ဂရုတစိုက်ကြည့်လိုက်ရာ သူ၏သမီးနှင့်မိုယန်ရွှယ်တို့သည် သူမတို့၏မျက်လုံးများကို စုံမှိတ်ပြီး တိတ်တဆိတ်ကျင့်ကြံနေသည်ကို မြင်တွေ့မိသည်။

စာကြည့်တိုက်အတွင်းရှိ အခြေအနေကို အာရုံခံမိချိန်၌ ယုလုံချင်း ကြက်သေသေသွားသည်။

ဤတစ်ကြိမ်တွင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးတန်းသည် စည်ပိုင်းတစ်ခုအတွင်း၌ ပိတ်လှောင်ခံရသော ရွှေငါးများအလားစာကြည့်တိုက်အတွင်း၌ မျောလွင့်နေကာ လွတ်မြောက်နိုင်ခြင်းမရှိချေ။

"ဝင်္ကပါကလည်း မပျက်စီးဘူးဆိုရင် အစောပိုင်းက ငါ ထုတ်လွှတ်လိုက်တဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေက ပျောက်ဆုံးသွားတာမဟုတ်ဘဲ စုပ်ယူခံရတာပဲ...အရင်နဲ့အခု ဘာကွဲပြားခြားနားချက် ရှိနေတာလဲ"

ယခုလက်ရှိအခြေအနေကို ယခင်နှင့်နှိုင်းယှဉ်ပြီးနောက် ယုလုံချင်း၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

"ကွဲပြားခြားနားချက်ကတော့ တစ်ခုပဲရှိတယ်...ဒါက ကျန်းရွှမ် ထွက်သွားတာပဲ...ဖြစ်နိုင်တာတော့ ဒီကိစ္စက တကယ့်ကို သူနဲ့ဆက်စပ်နေတာလား"

'သိုသိုသိပ်သိပ်နေတယ်...ငယ်ရွယ်တယ်...အဖြူရောင်ကျောက်တုံးကျောင်းတော်ကို ပထမဆုံးအကြိမ် ရောက်လာပြီးတော့ စင်မြင့်ရဲ့အောက် မြောက်ဘက်အစွန်မှာ မတ်တတ်ရပ်နေတယ်"

သူသည် မတ်တတ်ရပ်နေရင်း လက်ထောက်ကျောင်းအုပ်ဝူယွင်ကျိုးနှင့်သူ့သမီးအကြားမှ စကားပြောဆိုနေမှုများကို အမှတ်ရချိန်တွင် မြို့အရှင်လု၏ခန္ဓာကိုယ် တုန်ရီသွားသည်။ အခြေအနေများသည် အလွန်ကိုက်ညီနေကာ ချွင်းချက်အနေဖြင့် ကျန်းရွှမ်၏ရင်းမြစ်ရေအိုင်မဖွင့်ရသေးသည့်အချက်သာ ရှိနေပေ၏။

သို့ရာတွင် အကယ်၍ ရင်းမြစ်ရေအိုင်မဖွင့်ရသေးသည့်တိုင် သူသည် ထောင်နှင့်ချီသောကောင်းကင်ကံကြမ္မာစွမ်းအင်တန်းများကို စုပ်ယူနိုင်သည်ဆိုပါက မည်ကဲ့သို့သဘောသို့ သက်ရောက်မည်နည်း။

ယုလုံချင်းသည် မျက်မှောင်ကြုတ်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

"ဟူဟိုင်မင်ကို သွားခေါ်ခဲ့စမ်း"

မကြာမီမှာပင် သံချပ်ကာဝတ်စစ်သားတစ်ယောက် အခန်းအတွင်းသို့ ဝင်လာသည်။ဤသည်မှာ ကျန်းရွှမ်သည် မြို့အရှင်အိမ်တော်သို့ ရောက်ရှိလာချိန်၌ သူ၏အထောက်အထားကိုစစ်ဆေးရန် ဟန့်တားခဲ့သော ခေါင်းဆောင်ဟူပင်။

ဟူဟိုင်မင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်သည်။

"မြို့အရှင်..."

"ကျန်းရွှမ်မှာ အခု အထောက်အထားတစ်ခုရသွားပြီဆိုမှတော့ သူက မိုအိမ်တော်ကို ပြန်တော့မှာမဟုတ်ဘူး....သူ့ရဲ့နောက်ကိုလိုက်ပြီးတော့ သူ ဘယ်နေရာကိုသွားတယ်...သူ ဘာလုပ်တယ်ဆိုတာ ငါ့ကို အသေးစိတ်ကျကျပြန်သတင်းပို့ပါ...ဒါ့ပြင် သူ မင်းကို သတိမထားမိတာ သေချာအောင် လုပ်ရမယ်"

ယုလုံချင်းက ညွှန်ကြားလိုက်သည်။

"အဲ့ဒီကိစ္စကို တခြားဘယ်သူ့ကိုမှ မပြောနဲ့....ငါ့ရဲ့သမီးကိုတောင် မသိစေနဲ့"

"ဟုတ်ကဲ့"

ဟူဟုန်မင်သည် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ အရိုအသေပြုပြီး နောက်သို့ချာခနဲလှည့်ကာ အလျင်အမြန်ထွက်ခွာသွားတော့သည်။

'ရင်းမြစ်သားရဲတွေကို သဘာဝအလျောက် ယဥ်ပါးစေနိုင်တဲ့ လူတစ်ယောက်...အဲ့ဒီသားရဲတွေကရိုက်နှက်ခံရတာတောင် လိုလိုလားလားအညံ့ခံအောင် လုပ်နိုင်တယ်...ကျန်းရွှမ် မင်း ဘာတွေဖုံးကွယ်ထားလဲဆိုတာ ငါ တကယ်သိချင်မိတယ်"

မြို့အရှင်ယုထံတွင် သိချင်စိတ်ပြင်းပြမှုများဖြင့်ပြည့်နှက်နေသည်။အဖြူရောင်ကျောက်တုံးမြို့တွင် သူ နေထိုင်ခဲ့သည်မှာ အချိန်ကြာမြင့်နေလေပြီ။ဤသည်မှာ ကျင့်ကြံဆင့်စွမ်းအားမရှိသော တစ်စုံတစ်ယောက်အပေါ် သူ စိတ်ဝင်စားမိသည့် ပထမဆုံးအကြိမ်ပင်။

ခေါင်းဆောင်ဟူ၏အရည်အချင်းကို ယုံကြည်သဖြင့် ယုလုံချင်းသည် သူ၏သမီးနှင့်မိုယန်ရွှယ်သို့ထံသို့ တဖန်ပြန်၍အာရုံစိုက်လိုက်သည်။

သူမတို့နှစ်ယောက်သည် အာရုံစူးစိုက်ကာ ပြန့်ကျဲနေသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို စုပ်ယူနိုင်ရန် ကြိုးစားနေကြ၏။သို့ရာတွင် သူမတို့၏ပါရမီအရည်အချင်းကြောင့်ဖြစ်စေ တခြားကိစ္စတစ်ခုကြောင့်ဖြစ်စေ သူမတို့၏တိုးတက်မှု အလွန်နှေးကွေးသည်။အခန်းအတွင်း၌ မျောလွင့်နေသော ကောင်းကင်ကံကြမ္မာစွမ်းအင်တန်းငါးတန်းသည် အချိန်ဆယ့်ငါးမိနစ်ခန့်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။

"ဒါက အရမ်းနှေးလွန်းတယ်"

သူတို့အား တွန်းအားပေးနိုင်သည့် အကြောင်းအရင်းမရှိသည်ကို သိရှိသဖြင့် ယုလုံချင်းက လျှို့ဝှက်ခန်းထံသို့ ပြန်လိုက်သည်။ထိုအချိန်မှာပင် သူသည် သုန်မှုန်နေသောမျက်နှာဖြင့် အပြေးပြန်လာသော ခေါင်းဆောင်ဟူကို မြင်တွေ့မိလေ၏။

"ငါ မင်းကို ကျန်းရွှမ်နောက်လိုက်ဖို့ ပြောခဲ့တယ်လေ....ဘာလို့ မင်းက ခဏလေးနဲ့ ပြန်ရောက်လာတာလဲ"

ယုလုံချင်း၏စိတ်နှလုံးသားအတွင်း၌ နိမိတ်တစ်ခုကို အာရုံခံမိသဖြင့် မေးမြန်းလိုက်၏။

ဟူဟုန်မင်သည် ဒူးတစ်ဖက်ထောက်ပြီး ရှက်ကိုးရှက်ကန်းအမူအရာဖြင့် ပြောဆိုသည်။

"ငါရဲ့အရည်အချင်းမပြည့်မှုကြောင့် သူ့ကို မျက်ခြေပြတ်သွားခဲ့တယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို အပြစ်ပေးပါ"

"မင်း သူ့ကို မျက်ခြေပြတ်သွားတာလား...မတ်တတ်ထရပ်ပြီးတော့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ရှင်းပြစမ်း"

ယုလုံချင်းက မျက်မှောင်ကြုတ်လိုက်သည်။ခေါင်းဆောင်ဟူသည် အစောင့်များ၏ခေါင်းဆောင်ဖြစ်ကာ ရင်းမြစ်ရေအိုင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေလေပြီ။ရင်းမြစ်ရေအိုင်ပင် မဖွင့်ရသေးသော လူတစ်ယောက်ကို သူ ခြေရာခံရာ၌ မျက်ခြေပြတ်သွားကာ အထူးသဖြင့် အချိန်တိုအတွင်း၌ ဖြစ်သွားခြင်းသည် မသင်္ကာဖွယ်ရာပင်။

ဟူဟုန်မင်က မတ်တတ်ထရပ်ပြီး ရှင်းပြသည်။

"ငါက အမိန့်ကိုရပြီးတဲ့နောက်မှာ ကျန်းရွှမ်ရဲ့နောက်ကို လိုက်ခဲ့တယ်...သူက လှည့်ပတ်သွားလာနေပြီးတော့ ကျန်းယွမ်ရဲ့မုန့်ဆိုင်ကနေ ဘန်းကိတ်နှစ်လုံးဝယ်သွားတယ်...အဲ့ဒီနောက် သူက လျှူမေရဲ့အဝတ်အစားဆိုင်ကနေ ပိတ်စတစ်စကို ဝယ်ခဲ့တယ်...အကွာအဝေးလှမ်းနေတာကြောင့် သူ ငါ့ကို သတိမထားမိဘူး...ဒါပေမဲ့ ဝမ်ရှင်းခြံဝန်းနားကို ရောက်တဲ့အချိန်မှာ သူကမိန်းကလေးတစ်ယောက်နဲ့ ဝန်တိုက်မိသွားတယ်...အဲ့ဒီနောက်မှာ ငါရဲ့မြင်ကွင်းထဲကနေ သူပျောက်သွားတာပဲ"

"ဝမ်ရှင်းခြံဝန်းလား..."

ယုလုံချင်း အံ့အားသင့်သွားသည်။

"ဒါ...ဒါက...မြို့ထဲက ဆောင်ကြာမြိုင်ပါ"

ဟူဟုန်မင်က အလျင်အမြန်ရှင်းပြသည်။

ယုလုံချင်းသည် ကြက်သေသေသွားလေ၏။

"ဒါက ဆောင်ကြာမြိုင်တစ်ခုဆိုတာ ငါ သိတယ်...ငါ ဝေခွဲရခက်နေတာက ကျန်းရွှမ်က ဘာလို့ ဆောင်ကြာမြိုင်တစ်ခုဆီကို တန်းတန်းမတ်မတ်သွားတယ် ဆိုတာပဲ"

ကျန်းရွှမ်သည် အစောပိုင်းကမှ သူ၏အထောက်အထားကိုရရှိကာ အစေခံအဖြစ်မှ လွတ်မြောက်ခဲ့သည်။ယခုအချိန်၌ သူသည် ဆောင်ကြာမြိုင်ကိုသွားလေ၏။

ဤကောင်လေးသည် အရူးအမူးဖြစ်နေသလော....

All Chapters