← Chapters

ငါ့ရှေ့မှာ ဝံပုလွေကြီးလို ဟန်ဆောင်နေတာရပ်လိုက်

Vol. 88 Ch. 1318

ငါ့ရှေ့မှာ ဝံပုလွေကြီးလို ဟန်ဆောင်နေတာရပ်လိုက်

Vol. 88 Ch. 1318

ချူးယောင်ဝေ့သည် ချူးယွင်ဖန်းနှင့် ကွဲပြားသည်။ ချူးယွင်ဖန်းသည် ချူးမျိုးနွယ်နှင့်အလှမ်းဝေးသော မျိုးဆက်ဖြစ်သည်။ တကယ်တမ်းတွင် သူသည် မဟာဝေ့နိုင်ငံမှလုံးဝမဟုတ်သည့်အပြင် ဝိဉာဥ်နယ်မြေမှလည်း မဟုတ်ပေ။ ထို့ကြောင့် သူသည် ဤသွေးဘုရင်နှင့်ပတ်သက်၍ မည်သို့မျှ ခံစားချက်မရှိပေ။

ထို့အပြင် ချူးယွင်ဖန်းသည် ဤနေရာတွင် တလမ်းလုံး ကျင့်ကြံခဲ့သည်။ သူ့လမ်းတွင် ရပ်နေသူတိုင်းကို သတ်ပစ်မည်ဟု ပြောနိုင်သည်။ သူ့ရှေ့တွင် အာဏာပိုင်အားလုံးသည် အသုံးမဝင်ပေ။

ချူးယောင်ဝေ့က မတူပေ။ သူသည် ဝေ့နိုင်ငံ၌ မွေးဖွားကြီးပြင်းခဲ့ကာ သွေးဘုရင်အကြောင်း နားထော်၍ ကြီးပြင်းလာသည်ဟု ဆိုနိုင်သည်။ တကယ်တမ်းတွင် သူသည် မဟာဝေ့နိုင်ငံ၏ ဂုဏ်သရေရှိသူတစ်ဦးဖြစ်သောကြောင့် သာမန်လူထက် များစွာပိုသိသည်။ အဘယ်ကြောင့်ဆိုသော် သူပို၍ကြောက်ရကြောင်း သူပိုသိသောကြောင့်ဖြစ်သည်။ သွေးဘုရင် မည်မျှ ကြောက်စဖွယ်ကောင်းသည်ကို သူနားလည်သည်။ ရွှေအမတေများကြားတွင်ပင် သွေးဘုရင်သည် ကြောက်မက်ဖွယ် ဖြစ်တည်မှုတစ်ခုဖြစ်သည်။ သူ့ဂုဏ်သတင်းက ချူးယွင်ဖန်းကဲ့သို့ ရွှေအမတေများကို သတ်ခဲ့ခြင်းကြောင့် ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်။

ချူးယောင်ဝေ့ခံစားရသော ပထမဆုံးအရာမှာ အသက်ရှူကြပ်ခြင်းပင်ဖြစ်သည်။ ၎င်းက သွေးဘုရင် ထုတ်လွှတ်လိုက်သည့် ရောင်ဝါကြောင့်မဟုတ်ပေ။ သူ့အတိတ်က ကျော်ကြားမှုက သူ့ကို အသက်ရှုကြပ်စေသည့်နှယ် ခံစားစေနိုင်သည်။

ချူးယောင်ဝေ့သည် ချူးယွင်ဖန်းထံ စိတ်ထဲမှ စာတစ်စောင် ချက်ချင်းပေးပို့ကာ ပညာရှင်ငါးဦးအကြောင်းပြောပြသည်။ ထို့နောက် ဒဏ္ဍာရီလာသွေးဘုရင်ဖြစ်သော ဒုဥက္ကဠအကြောင်းကို အလေးပေးခဲ့သည်။ ထိုမှသာ ချူးယွင်ဖန်းက အမတေကောင်စီ၏ ဒုတိယဥက္ကဌက မည်ကဲ့သို့လူအမျိုးအစားဖြစ်သည်ကို သိရှိနားလည်လာခဲ့သည်။

ဤမျှ နာမည်ကြီးသည်ကို သူမသိပေ။ သို့သော် သိသွားရသောအခိုက်၌လည်း မအံ့သြမိပေ။ အမတေကောင်စီ၏ သာမန်အဖွဲ့ဝင်များအားလုံးသည် ရွှေအမတေအဆင့်တွင်ရှိကြသည်။ ဒုဥက္ကဌက မကျော်ကြားခြင်းကသာ အံ့သြဖွယ်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

သို့သော် ဤ “သွေးဘုရင်” ဂုဏ်ပုဒ်အတွက် သူ့တွင် မည်သည့်ခံစားချက်မျှ မရှိသေးပေ။ အခြား တစ်ဖက်က လင်းရှန်ကို မည်ကဲ့သို့ ဝိဉာဥ်သိမ်းပိုက်နိုင်သည်ကိုသာ သိချင်ခဲ့သည်။

သွေးဘုရင်ကို ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင် ကျောက်စိမ်းဆွဲသီးကို မြင်လိုက်ရသည်။ ချူးယွင်ဖန်းသည် ၎င်းက ပြဿနာဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။ သွေးဘုရင်၏ ရှေးဦးဝိဉာဉ်တစ်စိတ်တစ်ပိုင်းကို ကျောက်စိမ်းဆွဲသီးတွင် ချိတ်ထားရမည်ဖြစ်ပြီး၊ ထို့နောက် ၎င်းအား လင်းရှန်ကို သိမ်းပိုက်ရန် အသုံးပြုခဲ့သည်။

လင်းရှန်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေတစ်ဦးဖြစ်ကာ သာမန်လူအတွက်မူ နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်နေပြီဖြစ်သည်။ သို့သော် သွေးဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးအတွက် ၎င်းသည် ၎င်းတို့၏ မူလဝိဉာဉ်၏ အစိတ်အပိုင်းတစ်ခုမျှပင် ဖြစ်သော်ငြား သတိမထားမိပါက တစ်စုံတစ်ဦးကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။

"မင်းက သွေးဘုရင်လား" ချူးယွင်ဖန်းက မေးသည်။

"မင်းငါ့ကို သိရဲ့သားနဲ့ ငါ့ရှေ့မှာ မောက်မာရဲသေးတာလား” သွေးဘုရင်က လှောင်ရယ်ကာ ချူးယွင်ဖန်းကိုက ကြည့်လိုက်သည်။

သို့သော် သူအနည်းငယ် အံ့သြနေသေးသည်။ သူ့ကိုယ်သူ ဖော်ပြရန် မရည်ရွယ်ထားသော်လည်း

ချူးယွင်ဖန်းက ပြတ်ပြတ်သားသား မပြောသည့်တိုင် သူ့အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူမသိကျိုးကျွံပြုကာ ဆက်လက်၍ ဟန်ဆောင်နေမည်ဆိုပါက အလွန် ရှက်စဖွယ်ကောင်းလွန်းလှသည်။ ချူးယွင်ဖန်းသည် သူ၏ ရုပ်ဖျက်မှုကို လွယ်ကူစွာ မြင်နိုင်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

"မင်းရဲ့ကိုယ်ခန္ဓာအစစ်အမှန်က ငါ့ရှေ့မှာရှိနေရင်တောင် ငါမကြောက်ဘူး၊ မင်းရဲ့ရှေးဦးဝိဉာဉ်တစ်ခြမ်းကို ကြောက်စရာလား။ ငါ့ရှေ့မှာ ဝံပုလွေကြီးလိုဟန်ဆောင်နေတာကို ရပ်လိုက်ပါ" ချူးယွင်ဖန်းသည် သွေးဘုရင်ကို လှောင်ရယ်လိုက်သည်။

ချူးယောင်ဝေ့က သွေးဘုရင်ကို မြင်သောအခါ သူ့မျက်နှာသည် ဖျော့တော့သွားသည်။ သို့သော် ချူးယောင်ဝေ့သာဖြစ်သည်။ ချူးယွင်ဖန်းအတွက် ယင်းက အရေးမကြီးလှပေ။

သွေးဘုရင်က ချူးယွင်ဖန်းကို အနည်းငယ် စိတ်ပျက်နေသော အမူအရာဖြင့်ကြည့်လိုက်သည်။ ချူးယွင်ဖန်းရှေ့တွင် သူ့ဂုဏ်သိက္ခာက အသုံးမဝင်ပေ။ အမှန်ပင်၊ သူသည် ရှေးဦးဝိဉာဉ်တစ်ဉီးမျှသာဖြစ်ကြောင်းကိုလည်း သူသိသည်။ သူသည် သာမန် ရွှေအမတေအဆင့်ရှိသူများကို တိုက်ထုတ်နိုင်ဆဲဖြစ်သော်လည်း သူ့ရှေ့မှလူမှာ ဒဏ္ဍာရီဆန်ဆန် ချူးယွင်ဖန်းဖြစ်သည်။

ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချူးယွင်ဖန်း၏ နတ်စွမ်းအင်က သမုဒ္ဒရာတစ်ခုကဲ့သို့ ခံစားလိုက်သဖြင့် နားမလည်နိုင်အောင်ပင်ဖြစ်ခဲ့ရသည်။ သူ့ကို တစ်ချက်ကြည့်၍ မြင်နိုင်သော သာမန်လူများကဲ့သို့မဟုတ်ပေ။

ဤနှစ်အနည်းငယ်အတွင်း သူသည် လှုပ်ရှားမှုကို မလုပ်ခဲ့ပါက ဤအငယ်တန်းများကို ဟန့်တားခြင်းမျိုး ရှိမည်မဟုတ်ပေ။ သို့သော် ချူးယောင်ဝေ့၏ ဖျော့တော့၍ အသက်ရှုကြပ်နေသော မျက်နှာကိုမြင်လိုက်ရသောအခါ ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူ့ကို မကြောက်ကြခြင်းမဟုတ်ဘဲ ချူးယွင်ဖန်းကသာ မကြောက်ခြင်းဖြစ်သည်။

"တခြားသူတွေက မင်းကို ကြောက်နေပေမယ့် ငါတော့မဟုတ်ဘူး" ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ "ပုံစံမဲ့ဂိုဏ်းက မင်းကို ဂတိပေးခဲ့တဲ့ အကျိုးကျေးဇူးတွေအကြောင်း ငါမသိဘူး။ ဒါပေမယ့် ငါ သူတို့ကို လာသေစေချင်တယ်။ ဒါ့ကြောင့် သူတို့ လာပြီး သေကို သေပေးရမယ်။ ဒီလိုမှမဟုတ်ရင် ငါ ပုံစံမဲ့ဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြုတ်ပစ်မယ်”

“ မင်း အရမ်းမာလွန်းရင် ကျိုးလွယ်တယ်ဆိုတဲ့ နိယာမကို မကြားဖူးဘူးလား” သွေးဘုရင်က မျက်လုံးများကို မှိတ်လိုက်သောအခါ အေးစက်သော အလင်းရောင်တစ်ခု ထွက်လာသည်။

“ဒါက မင်းမှာ အရည်အချင်းရှိမရှိပေါ် မူတည်တယ်” ချူးယွင်ဖန်းက သွေးဘုရင်ကို ကြည့်၍ ပြောလိုက်သည်။

“ဘယ်လို‌တောင် မာန်တက်နေတဲ့ကောင်လဲ” သွေးဘုရင်၏ မျက်နှာသည် ဒေါသအရိပ်အယောင် ပေါ်လာသည်။ အကယ်၍ သူ့အဓိကကိုယ်ခန္ဓာက သီးသန့်လေ့ကျင့်နေသေးသည့် အချက်ကြောင့်သာမဟုတ်ပါက ချူးယွင်ဖန်းကို တစ်ချက်ရိုက်ရုံဖြင့် ကျိန်းသေပေါက်သတ်ပစ်နိုင်မည်ဖြစ်သည်။

ဤကဲ့သို့ လူငယ်မဆိုနှင့် သူ့ရှေ့တွင် မည်သူမျှ မိုက်မဲစွာ မပြုမူရဲသည်မှာ ကြာခဲ့ပြီဖြစ်သည်။

“ငါဒီနေ့မလာရင် ကောင်းတယ်။ ဒါပေမယ့် ငါ ဒီကို ‌ရောက်နေပြီဆိုတော့ မင်း လမ်းဖယ်ပေးရမယ်” သွေးဘုရင်က ချူးယွင်ဖန်းကို အေးစက်စွာကြည့်နေသည်။

“နောက်ပြီး ပုံစံမဲ့ဂိုဏ်းရဲ့ အတားအဆီးနဲ့ အခင်းအကျင်းတွေကို ငါတွေ့နိုင်တယ်။ ဒါတောင် မင်းက ပုံစံမဲ့ဂိုဏ်းကို တစ်ယောက်တည်း ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတာလား”

"ငါလုပ်နေတာ မင်းနဲ့ ဘာမှမဆိုင်ဘူး ငါမင်းကို လက်လျှော့စေချင်ပေမယ့် ငါလက်မလျှော့ဘူး။ မင်း ငါ့ကို ဘယ်လို အတင်းအကျပ်ခိုင်းနိုင်မလဲဆိုတာ ကြည့်ချင်သေးတယ်” ချူးယွင်ဖန်းက သူ့ထိုင်ခုံမှထကာ သွေးဘုရင်ကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။

ဤသို့ နာမည်ဆိုးနှင့် ကျော်ကြားသူကို သူမကြောက်မိပေ။ နာမည်ဂုဏ်သတင်းအရ သူသည် ပြည်ထောင်စုတွင် သွေးဘုရင်ထက် အနည်းငယ်မျှ မယုတ်လျော့ခဲ့ပေ။

"မုန်လာဥနီကို ငြင်းပြီး တုတ်ကို ရွေးလိုက်တယ်။ ဒါသာ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်အမှန်မဟုတ်ရင် မင်းငါ့ရှေ့မှာ မိုက်မဲနေနိုင်မလား” သွေးဘုရင်က အေးစက်စွာပြောသည်။

သူ့စကားမဆုံးခင်တွင် သူ၏ သွေးအနှစ်သာရအားလုံး မီးလောင်ကျွမ်းသွားသောကြောင့် ကြောက်မက်ဖွယ် ရောင်ဝါများလည်း ထွက်ပေါ်လာသည်။ လင်းရှန်၏ သွေးအနှစ်သာရကို သွေးဘုရင်က လောင်မြိုက်စေခဲ့ခြင်းဖြစ်ကာ သူ၏ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၏ ကန့်သတ်ချက်ကို ကျော်သွားသည်ဟု ဆိုရပေမည်။

ချက်ခြင်းတွင်၊ သူသည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်၏ ကန့်သတ်ချက်ကို ကျော်ဖြတ်၍ ရွှေအမတေအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ထို့အပြင် သူသည် အဆက်မပြတ်ဖြတ်ကျော်ကာ အလွန်လေးနက်သော နယ်ပယ်သို့ တိုက်ရိုက်ရောက်ရှိခဲ့သည်။

သူသည် ချက်ခြင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

"ငရဲကိုသွား”

သွေးဘုရင်က ချက်ချင်းတိုက်ခိုက်သည်။ သူသည် ကြီးမားသော လက်ဝါးကြီးကို ဖြန့်ကာ ချူးယွင်ဖန်းကို ရိုက်ချလိုက်သည်။

ဤပြောင်းလဲမှုများအားလုံးကို ဖော်ပြရန် အချိန်အတော်ကြာခဲ့သော်လည်း လက်တွေ့တွင်မူ ၎င်းတို့သည် တခဏအတွင်း ဖြစ်သွားခဲ့သည်။ သွေးဘုရင်ကို အပြင်းအထန်တိုက်ခိုက်ကာ ဘေးတွင်ရှိနေသည့် ချူးယောင်ဝေ့သည်မူ လုံးလုံးလျားလျား ကြောင်အစွာ ကြည့်နေမိသည်။

သွေးဘုရင်၏ သွေးနီရောင်လက်သည် ချူးယွင်ဖန်း၏ခန္ဓာကိုယ်ကို ရုတ်တရက် ရိုက်ခတ်သွားသည်ကို အားလုံးမြင်နိုင်သည်။

ဘမ်း

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် စွမ်းအင်များ ထွက်ပေါ်လာသည်။

All Chapters