← Chapters

ပြာမှုန်များအဖြစ်သို့

Vol. 88 Ch. 1319

ပြာမှုန်များအဖြစ်သို့

Vol. 88 Ch. 1319

ဘမ်း

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လက်ဖဝါးသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

သွေးဘုရင်၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်သော အမူအရာ ပေါ်လွင်နေသည်။ သူက လူကောင်းတစ်ယောက်မဟုတ်သဖြင့် စည်းကမ်းများကို သယ်သာအခါကမျှ ဂရုမစိုက်ခဲ့ပေ။ ထိုသို့မှမဟုတ် သွေးဘုရင်ဘွဲ့ကို ရနိုင်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ့ကို ကြိမ်ဖန်များစွာ ငြင်းခုန်ရန် သတ္တိရှိသဖြင့် ချက်ချင်းပင် ဒေါသများပေါက်ထွက်လာခဲ့သည်။ သူသည် ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ပစ်ရန် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။

သူမျှော်လင့်ထားသည့်အတိုင်း ချူးယွင်ဖန်းသည် ရုတ်တရက် တိုက်ခိုက်လာမည်ဟုမမျှော်လင့်ထားသဖြင့် လက်ဝါးနှင့် တိုက်ရိုက် ထိမှန်ခဲ့သည်။ သို့သော် နောက်ဆက်တွဲမြင်ကွင်းက သူ့မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။ ချူးယွင်ဖန်းကို သူ့လက်ဝါးနှင့်ထိမိရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ချူးယွင်ဖန်းကို မျှော်လင့်ထားသကဲ့သို့ မထိသွားခဲ့ပေ။

ဆန့်ကျင်ဘက်အနေနှင့် ချူးယွင်ဖန်းကို လုံးဝထိခိုက်ခြင်းမရှိပေ။ သူသည် အနည်းငယ်မျှ မလှုပ်ရှားခဲ့ပေ။ သို့သော် လက်ဝါးက သူ့ကိုယ်ပေါ်သို့ ရောက်သွားသည့်တိုင် သူ့အဝတ်များ စုတ်ပြဲသွားခြင်းမရှိပေ။

ချူးယွင်ဖန်း၏ ကိုယ်ကို အကာအကွယ် ခရမ်းရောင်အလင်းတန်းများက ဝိုင်းရံထားသည်။ သွေးဘုရင်က ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ တုံ့ပြန်မှုဖြစ်သည့် သူ့လက်မောင်းတွင် ထုံကျင်မှုအချို့ကိုပင် ခံစားခဲ့ရသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" သွေးဘုရင်က မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ပြောလိုက်သည်။

ထိုအခိုက်တွင် သူ့အနားရှိ ချူးယောင်ဝေ့က ရုတ်တရက် တုံ့ပြန်လိုက်သည်။ ဤတိုက်ခိုက်မှုကြောင့် လှုံ့ဆော်ခံရသော စွမ်းအင်လှိုင်းကြောင့် သူ အသက်ရှူကျပ်လုနီးပါး ဖြစ်ခဲ့ရသည်။‌ သွေးဘုရင်သည် သတိပေးချက်မရှိဘဲ ထောင်နှင့်ချီသော နတ်ဆိုးများ လည်ပတ်နေသကဲ့သို့ သူခံစားခဲ့ရသည်။

စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မင်းသာ ငါ့ကို ကိုယ်တိုင်တိုက်ခိုက်ရင် ငါနည်းနည်းကြောက်မိမှာ ဒါမယ့် ဒီကောင်က ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ပဲရှိသေးတာကွ။ မင်း သူ့ သွေးအနှစ်သာရအားလုံးကို လောင်မြိုက်ပစ်ရင်‌တောင် မင်းထုတ်လိုက်တဲ့ ခွန်အားက ငါ့ကို ဘာမှဖြစ်စေမှာမဟုတ်ဘူး”

ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ အကယ်၍ ၎င်းသည် အခြားသော ရွှေအမတေအဆင့်သာဖြစ်ခဲ့ပါက သွေးဘုရင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းပင်ဖြစ်ပေလိမ့်မည်။ နောက်ဆုံးတွင်မူ သွေးဘုရင်က မည်သည့် သတိပေးချက်မျှ မရှိဘဲ တိုက်ခိုက်ခဲ့သည်။

သို့သော် သွေးဘုရင်က သူ့ကိုတွေ့ဖူးသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုသည် မြေကြီးပြိုကျသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ခုခံကာကွယ်ရန် အစပြုခြင်းမရှိလျှင်ပင် ဧကရာဇ်ခန္ဓာကိုယ် နှင့် မိုးကြိုးခန္ဓာကိုယ်တို့က သူ့ကို အလိုအလျောက်ကာကွယ်ပေးမည်ဖြစ်သည်။ ထို့ကြောင့် သာမန်တိုက်ခိုက်မှုများက သူ့ကို လုံးဝ မထိခိုက်စေနိုင်ပေ။

"မင်းသေထိုက်တယ်" သွေးဘုရင်က အံကြိတ်ကာ ပြောလိုက်သည်။

ချူးယွင်ဖန်းကို ထပ်မံတိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်ရှိ နတ်စွမ်းအင်ကို စုစည်းရန် ကြိုးစားခဲ့သော်လည်း ရုတ်တရက် မရေမတွက်နိုင်သော အရေးအကြောင်းများ သူ့မျက်နှာကို ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည် သွေးအနှစ်သာရကို စုပ်ယူလိုက်သဖြင့် လျင်မြန်စွာ ညှိုးနွမ်းလာသည်။

တကယ်တမ်းတွင် ယင်းက မမှားပေ။ လင်းရှန်ကိုယ်တိုင်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သာရှိသော်လည်း ဤတိုက်ခိုက်မှုသည်မူ ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်ကို ရှင်းရှင်းလင်းလင်းကျော်သွားခဲ့ပြီး အလယ်အလတ် အမတေမဲ့အဆင့်သို့ တိုက်ရိုက်ချီတကတ်သွားခဲ့သည်။

ယင်းက လင်းရှန်လုပ်နိုင်သောအရာမဟုတ်သော်လည်း သူ့ခန္ဓာကိုယ်ကို အတင်းအဓမ္မသိမ်းပိုက်၍ သူ့ခန္ဓာကိုယ်ထဲက သွေးအနှစ်သာရအားလုံးကို လောင်မြိုက်စေခဲ့သည့် သွေးဘုရင်ကမူ လုပ်နိုင်သည်။ ဤအရာများအားလုံးသည် ချူးယွင်ဖန်းကို အပြင်းအထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ပစ်ရန်ဖြစ်သည်။

ချူးယွင်ဖန်းအား အနည်းအကျဥ်းမျှ သက်ရောက်မှုမရှိဘဲ နေလိမ့်မည်ဟု မည်သူသိမည်နည်း။

လင်းရှန်အတွက်မူ…

သွေးဘုရင်သည် ခြေလှမ်းတစ်ဝက် ရွှေအမတေအဆင့်သည် ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်ကြောင်း မေ့သွားခဲ့သည်။

ချူးယောင်ဝေ့ကမူ သူ့ရှေ့က မြင်ကွင်းကို ကြည့်နေမိသည်။

ချူယွင်ဖန်းက လေတစ်ချက်မှုတ်လိုက်သောအခါ သွေးဘုရင်သည် ပြာမှုန်များအဖြစ် လွင့်ထွက်သွားသည်။

သို့သော် သူသည် ဗဟုသုတရှိသူဖြစ်၍ ဖြစ်ပျက်နေသည့်အရာကို ချက်ချင်းနားလည်သည်။

သွေးဘုရင်က ချူးယွင်ဖန်း၏လက်၌ ကွယ်လွန်သွားသည်ဟု ဆိုရပေမည်။ ထိုတိုက်ခိုက်မှုကို စတင်ရန် သူသည် လင်းရှန်း၏ သွေးအနှစ်သာရကို တွန်းထုတ်ခဲ့သည်။ ယခု သွေးအနှစ်သာရများ လုံးဝ ခမ်းခြောက်သွားသဖြင့် သူသေဆုံးသွားခဲ့ပြီဖြစ်သည်။

သို့သော် အမှန်တကယ်တွင် သေဆုံးသွားသူမှာ သွေးဘုရင်မဟုတ်ဘဲ လင်းရှန်သာဖြစ်သည်။

ဤသည်ကိုတွေး၍ ချူးယောင်ဝေ့က ပင့်သက်ရှိုက်လိုက်မိသည်။ သွေးဘုရင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းကာ တစ်ချိန်တည်းမှာပင် ချူးယောင်ဝေ့သည် သူ၏ သွေးအေးမှုကြောင့် ထိတ်လန့်သွားသည်။ သွေးဘုရင်သည် လင်းရှန်း၏ဘဝကို လုံးဝဂရုမစိုက်ဘဲ သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့သာ ဆက်ဆံသည်။

ဤအမှန်တကယ်အရေးကြီးသော ပုဂ္ဂိုလ်ကြီးများ၏ အမြင်တွင် ၎င်းတို့သည် ပုရွက်ဆိတ်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။

တစ်ဖက်တွင်မူ ချူးယွင်ဖန်းသည် သွေးဘုရင်ကပြာများအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကြည့်လျက် မည်သည့်ခံစားချက်မျှမပြပေ။ လင်းရှန် သေဆုံးသွားသည်နှင့်ပတ်သက်၍ သူအနည်းငယ်မျှ မတုန်လှုပ်မိပေ။ တကယ်တမ်းတွင် လင်းရှန်က သူ့လက်တွင် သေခဲ့ခြင်းမဟုတ်ပေ။

သို့သော်လည်း ဤဖြစ်ရပ်ပြီးနောက်တွင် သူနှင့် အမတေကောင်စီအကြား ကြားခံတစ်စုံတစ်ရာ ရှိလာမည်မဟုတ်ပေ။

အထူးသဖြင့် သွေးဘုရင်ဖြစ်သည်။

သွေးဘုရင်သည် မကြာမီ သူ့တံခါးကို လာခေါက်နေပေလိမ့်မည်။

သို့သော် ချူးယွင်ဖန်းသည် တစ်စုံတစ်ယောက်ကြောင့် ကြောက်လန့်ပြီး နောက်ဆုတ်မည့်သူမဟုတ်ပေ။

"ယွင်ဖန်း ငါတို့ ဘာလုပ်သင့်လဲ၊ သွေးဘုရင်က ဒါကို လုံးဝ လက်လွှတ်မှာမဟုတ်ဘူး”

အမတေကောင်စီကဲ့သို့ ကြီးမားသော အဖွဲ့အစည်းကို ရင်ဆိုင်ရန် စိတ်ကူးဖြင့် ရင်ထဲ လေးလံလာသည်။ ၎င်းတို့ထဲမှ တစ်ယောက်ကမျှ ထိုသူတို့နှင့် မယှဥ်နိုင်ပေ။ ၎င်းတို့သည် အရံများသာဖြစ်သော်လည်း ကိုင်တွယ်ဖြေရှင်း၍မရသော ကြောက်မက်ဖွယ်ဖြစ်တည်မှုများဖြစ်နေကြဆဲဖြစ်သည်။

ထိုအချိန်တွင်၊ သူသည် ခြေလှမ်းတစ်ဝက်ရွှေအမတေအဆင့်ရှိ ဘိုးဘေး ဝူရှန်နှင့်သာ ရင်ဆိုင်ခဲ့ကာ သူ့အိမ်ရာရှိ မျိုးနွယ်စုကို အမြစ်ဖြုတ်စေလုနီးနီးဖြစ်ခဲ့သည်။ ယခု အမတေကောင်စီဖြစ်လျှင် မည်သို့ဖြစ်မည်ကို တွေးကြည့်နိုင်သည်။

“အမတေကောင်စီက ဒီကိစ္စကို လွယ်လွယ်နဲ့ အလွတ်မပေးမှာစိုးတယ်”

"စိတ်မပူပါနဲ့။ ကျွန်တော်က အမတေကောင်စီအကြောင်းကို လေ့လာဖူးတယ်။ မမှားရင် ဒါက လျော့ရဲတဲ့ အဖွဲ့အစည်း ဖြစ်လောက်တယ်။ နိုင်ငံခြားရန်သူတွေကို တိုက်ခိုက်တာ ဒါမှမဟုတ် တော်ဝင်တရားရုံးကို ပေါင်းစည်းတာကလွဲရင် သူတို့ကို ပေါင်းစည်းနိုင်တဲ့ အရာမျိုး မရှိလာနိုင်ဘူး”

ချူးယောင်ဝေ့သည် ချူးယွင်ဖန်း၏စကားကိုကြားသောအခါ ခေါင်းညိတ်လိုက်သည်။ ချူးယွင်ဖန်းပြောခဲ့သည့်အတိုင်း အမှန်ပင်ဖြစ်သည်။ သာမာန်ကိစ္စများသည် အမတေကောင်စီကို ပေါင်းစည်းရန် မလုံလောက်ပေ။ အများအားဖြင့် ဤအဖွဲ့အစည်းသည် မည်သူ့ကိုမျှ ဂရုမစိုက်သော လျော့ရဲနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဤအဖွဲ့အစည်း၏ အမှန်တကယ် ကြောက်စရာကောင်းသည့်အချက်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်လာရန် အနည်းဆုံး ရွှေအမတေအဆင့်တွင် ရှိနေရမည်ဖြစ်သည်။ အမတေ ကောင်စီအဖွဲ့ဝင်များပင် အချင်းချင်း ပဋိပက္ခဖြစ်ကြသဖြင့် ယင်းက အရေးမကြီးပေ။

“ဒီလိုဆိုရင်တောင် သွေးဘုရင်ရဲ့ စွမ်းအားကို လျှော့တွက်လို့ မရပါဘူး။ သူက ကောင်စီအပေါ် သြဇာကြီးမားတယ်။ အခု သူနဲ့ ကျုပ်တို့ ရန်စရှိလာပြီဆိုတော့ ကောင်စီမှာရှိတဲ့ သူ့အဆက်အသွယ်အားလုံးကို သေချာပေါက် စည်းရုံးလောက်တယ်” ချူးယောင်ဝေ့က ပြောသည်။

ဤအရာအားလုံးကို သူတွေးလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားသည်။

All Chapters