← Chapters

‌ခေါင်းမာစွာ ကန့်ကွက်သော ပုံစံမဲ့ဂိုဏ်း

Vol. 88 Ch. 1320

‌ခေါင်းမာစွာ ကန့်ကွက်သော ပုံစံမဲ့ဂိုဏ်း

Vol. 88 Ch. 1320

အမတေကောင်စီတစ်ခုလုံးမဆိုနှင့် သွေးဘုရင် တစ်ဦးတည်းကိုပင် သူ မတွန်းလှန်နိုင်ပေ။

"ဒါဆို သူမတုံ့ပြန်ခင် သူ့ကို သတ်လိုက်ကြရအောင်" ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

"သူသေသွားရင် တခြားအဖွဲ့ဝင်တွေက သူ့ကြောင့် ပြဿနာရှာဖို့ လိုက်ရှာလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး"

ချူးယောင်ဝေ့သည် ချူးယွင်ဖန်း၏ ကြီးမားသော ပန်းတိုင်ကြောင့် ထိတ်လန့်သွားသည်။ အမှန်တကယ်ပင် ချူးယွင်ဖန်းသည် သွေးဘုရင်ကို ဦးစွာသတ်ခဲ့ပါက ကောင်စီရှိလူတိုင်း ချူးယွင်ဖန်းကို ထိတ်လန့်ကုန်ကြမည်ဖြစ်သည်။

ယွင်ဟွမ်မှတပါး သွေးဘုရင်သည် ကောင်စီတွင် ဒုတိယအပြင်းထန်ဆုံး ကျွမ်းကျင်သူဖြစ်သည်။ သွေးဘုရင် မသေသေးသရွေ့ မည်သူကမျှ တိုက်ခိုက်ဝံ့မည်မဟုတ်ပေ။ မဟုတ်ပါက ၎င်းတို့သည် သွေးဘုရင်ကဲ့သို့ အဆုံးသတ်ကြရပေလိမ့်မည်။

သို့သော် ကောင်စီဝင်များကို စိုးရိမ်ကြောက်လန့်စေရန် ချူးယွင်ဖန်းက သွေးဘုရင်ကို ဦးစွာ အနိုင်ယူရန် လိုအပ်သည်။

"ဒါပေမယ့် သွေးဘုရင်က ကျင့်ကြံရေးအဆင့်က နားမလည်နိုင်အောင်ပါပဲ။ သူက အမတေမဲ့အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလို့ ပြောလို့ရတယ်" ချူးယောင်ဝေ့က ချူးယွင်ဖန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။

ချူးယွင်ဖန်း၏ အင်အားကို ရှင်းရှင်းလင်းလင်း မမြင်ဖူးပေ။ ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ရှင်းရှင်းလင်းလင်း မြင်ပြီးတိုင်း သူ့မျက်နှာသူ ပါးရိုက်မိပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် အထင်သေးရန် မဝံ့ရဲပေ။

ချူးယွင်ဖန်းက မည်မျှထိ ခွန်အားရှိသည်ကို မည်သူသိသနည်း။

"ဒါဟာ ကောလဟာလတစ်ခုပဲ၊ သူအမတေမဲ့အဆင့်မှာ ရှိနေတယ်လို့ ကျွန်တော် ကောက်ချက်ချရဲတယ်”

ချူးယွင်ဖန်းက ထူးမခြားနားပြောလိုက်သည်။

ယခု သေးငယ်သော တိုက်ခိုက်မှုလေးတွင် သွေးဘုရင်၏ အစွမ်းသတ္တိကို ထုတ်ဖော်ပြသခဲ့သည်။ လင်းရှန်၏ သွေးအနှစ်သာရကို လောင်ကျွမ်းစေခဲ့သည့် ခွန်အားသာဖြစ်သော်လည်း ချူးယွင်ဖန်းသည် သွေးဘုရင်၏ အစွမ်းကို အလွယ်တကူ ဆုံးဖြတ်နိုင်ခဲ့သည်။

သူသည် မီစစ်ယွမ်ထက် များစွာ ပိုသန်မာသည်။ မီစစ်ယွမ်သည် အလယ်အလတ် အမတေမဲ့အဆင့် အထွတ်အထိပ်၌သာရှိနေသေးကာ နှောင်းပိုင်းအဆင့်ထိ မတက်လှမ်းရသေးပေ။ သို့သော် အမတေမဲ့ နှောင်းပိုင်းအဆင့်၌ သေချာပေါက် ရှိနေသည်။

သို့သော် သူသည် အထွတ်အထိပ်သို့ မရောက်သင့်သေးပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူ့ကို မကြောက်ပေ။

သို့သော်လည်း သွေးဘုရင်က အထွတ်အထိပ်သို့ မရောက်ရှိသေးလျှင်ပင် မဝေးလှတော့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းအတွက် အချိန်မကျန်လှတော့ပေ။ အဆင့်မတက်ခင်တွင် သူ့ကို သတ်ပစ်ရပေမည်။ မဟုတ်ပါက ကိစ္စများအားလုံး အမှန်ပင် ဆိုးရွားလာမည်ဖြစ်သည်။

ချူးယွင်ဖန်း၏ ခွန်အားဖြင့်၊ အမတေမဲ့အဆင့် အထွတ်အထိပ်အဆင့်ရှိနေသူကို ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

အများဆုံးအနေဖြင့် သူ့ကိုယ်သူသာ ကာကွယ်နိုင်ပေလိမ့်မည်။ အမတေမဲ့အဆင့်အထွတ်အထိပ်ရှိသူကို သတ်ရန် မဖြစ်နိုင်ပေ။

သို့သော် ၎င်းသည် နှောင်းပိုင်း အမတေမဲ့အဆင့် သာဖြစ်လျှင် ချူးယွင်ဖန်းသည် ၎င်းတို့ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ထားသည်။

သူသည် နတ်အဆင့် အဋ္ဌမအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ တိုက်ခိုက်ရေးအင်အားအရဆိုလျှင် အလယ်အလတ်အမတေမဲ့အဆင့် အထွတ်အထိပ်တွင်ရှိနေသည့် မီစစ်ယွမ်သည်ပင် သူ့ကို မယှဥ်နိုင်ပေ။ သို့သော် လက်ရှိ သွေးဘုရင်ကို သတ်ချင်ပါက ချူးယွင်ဖန်းသည် နောက်ထပ် ခြေတစ်လှမ်းလှမ်းရမည်ဖြစ်သည်။

အခြားသူသာဆိုလျှင်၊ ၎င်းတို့၏ ကျင့်ကြံရေးက အချိန်တိုအတွင်း တိုးတက်ရန် မဖြစ်နိုင်ပေ။ သို့သော် ချူးယွင်ဖန်းတွင် ဗြဟ္မာအသီးရှိသည်။ ထိုသစ်သီးကို စားနေသမျှ ကာလပတ်လုံး နတ်အဆင့် နဝမအဆင့်သို့ရောက်ရန် သေချာသည်။ ထိုအချိန်တွင် သွေးဘုရင်သည် ကောင်းကင်ဘုံကို မှောက်လှန်နိုင်ခဲ့လျှင်ပင် သူသည် သူ၏ ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ကြောင်း သူယုံကြည်သည်။

ချူးယောင်ဝေ့သည် ချူးယွင်ဖန်း၏စကားကိုကြားသောအခါ မူးလဲလုနီးပါးဖြစ်ခဲ့သည်။ သူသည် အမတေမဲ့အဆင့် နှောင်းပိုင်းအဆင့်၌သာရှိသော်လည်း သူ့အတွက် သွေးဘုရင်သည် သူမတွေးနိုင်သည့် ကြောက်မက်ဖွယ် ရန်သူဖြစ်သည်။ ဤကြောက်မက်ဖွယ်တည်ရှိမှုသည် သူ့ကို လက်ချောင်းလေးတစ်ချောင်းနှင့်သုတ်သင်ပစ်နိုင်သည်။

သို့သော် ချူးယွင်ဖန်း၏ယုံကြည်ချက်ရှိသောအကြည့်ကိုမြင်ရသောအခါ ချူးယောင်ဝေ့သည် သူ့ကိုယုံကြည်ရန်သာရွေးချယ်နိုင်ခဲ့သည်။

တကယ်တမ်းတွင် သူ့တွင် အခြား ရွေးချယ်စရာမရှိပေ။ ယခု သူ၏ မျှော်လင့်ချက်အားလုံးကို ချူးယွင်ဖန်းအပေါ်သို့ ပုံအပ်ထားရန်သာ တတ်နိုင်သည်။ နှစ်လုံး အတူတူ တက်လျှင်တက် မတက်လျှင် ပြုတ်ကျမည့်အခြေအနေ၌ ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် ယုံကြည်မှုအပြည့်ရှိပုံရကာ ချူးယောင်ဝေ့့တွင် အခြားရွေးချယ်စရာမရှိပေ။

"ဒါပေမယ့်၊ ငါတို့က လှုပ်ရှားမယ်ဆို ပုံစံမဲ့ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်ကြရအောင်။"

ထိုအချိန်တွင် ချူးယောင်ဝေ့သည် ရက်စက်ယုတ်မာလာသည်။

"ငါတို့မျိုးနွယ်က မဟာဝေ့နိုင်ငံရဲ့ မြင့်မြတ်တဲ့မျိုးနွယ်စုပဲ ငါတို့မှာ ဗိုလ်ချုပ်တွေကြားထဲမှာ ကျယ်ပြန့်တဲ့ မိတ်ဆွေ ကွန်ရက်ရှိတယ်။ ငါတို့ဘက်က တစ်ဖက်မသေမချင်း မငြိမ်မသက်ဖြစ်နေတဲ့အတွက် ပုံစံမဲ့ဂိုဏ်းကို အမြစ်ဖြုတ်ဖို့ ငါ့ရဲ့စွမ်းအားအားလုံးကို ငါသုံးမယ်"

သူ့အမူအရာက အနည်းငယ် ရက်စက်သည်။ ရက်စက်ကြမ်းကြုတ်သူဖြစ်ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။ ပုံစံမဲ့ဂိုဏ်းကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုဖြစ်သည်။

အများအားဖြင့်၊ သူသည် ပုံစံမဲ့ဂိုဏ်းကို ဆန့်ကျင်ရန် စိတ်ကူးပင်မရှိပေ။ သို့သော် ယခုအချိန်တွင် သူသက်ညှာပေးရန် မလိုတော့ပေ။ ထို့အပြင် ချူးယွင်ဖန်းက ဦးဆောင်နေသဖြင့် ၎င်းတို့၏ အောင်မြင်မှုနှုန်းမှာ အလွန်တိုးတက်လာခဲ့သည်။ ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုကို ကျိန်းသေ ခံစားရမည်ဖြစ်သော်လည်း ယခုအချိန်တွင် ဆုံးရှုံးမှုကို စဉ်းစားရမည့်အချိန်မဟုတ်တော့ပေ။

"ခင်ဗျား ဝင်ရောက်စွက်ဖက်စရာ မလိုဘူး" ချူးယွင်ဖန်းခေါင်းယမ်းလိုက်သည်။

“ပုံစံမဲ့ဂိုဏ်းကြီးက အမတေမဲ့ကောင်စီကို ချဥ်းကပ်လာပြီဆိုတော့ သူတို့ လွယ်လွယ်နဲ့ အသေခံမှာမဟုတ်တာ သေချာတယ်။ သူတို့က ခိုင်မာတဲ့ အကာအကွယ်တစ်ခု သေချာပေါက် ချထားလောက်တယ်”

"သူတို့သေချင်နေတယ်ဆိုမှတော့ သူတို့လမ်းကို ကိုယ်တိုင်ပို့ပေးရမယ်”

ချူးယောင်ဝေ့သည် ချူးယွင်ဖန်းကိုကြည့်ကာ ပြောလိုက်သည်။

"ပုံစံမဲ့ဂိုဏ်းက မျိုးဆက်ပေါင်းများစွာ တည်ဆောက်ထားပြီးပြီ။ အခု အခြေစိုက်စခန်းက ယခုအခါ ခုခံဖိုလွယ်ပြီးတိုက်ခိုက်ရခက်တယ်။ ယွင်ဖန်း မင်းတစ်ယောက်တည်းဆို အချိန်ကြာနေမှာစိုးတယ်”

ချူးယောင်ဝေ့သည် ဤအမဲစက်များ၏ နောက်ခံအကြောင်းကို အလွန်ရင်းနှီးသူဖြစ်သည်။ ၎င်းတို့တစ်ဦးစီသည် နားမလည်နိုင်လောက်အောင် နည်းမျိုးစုံရှိကြသည်။ ၎င်းတို့ကို ချေမှုန်းပစ်ရန် အလွန်ခက်ခဲသည်။ မဟာဝေ့နိုင်ငံ၏ ဧကရာဇ်တရားရုံးဖြစ်လျှင်ပင် ထိုသို့ပြုလုပ်ရန် အလွန်ကြီးမားသော တန်ကြေးကို ပေးဆောင်ရမည်ဖြစ်သည်။ ဤသို့မျှမဟုတ်ပါက မဟာဝေ့နိုင်ငံ၏ ဧကရာဇ်တရားရုံးက ဤအင်စားစုများကို ဖွံ့ဖြိုးတိုးတက်လာစေရန် ခွင့်ပြုမည်မဟုတ်သကဲ့သို့ ၎င်းတို့ကို ဖျက်ဆီးပစ်နှင့်ပြီးမည်မှာ ကြာပြီဖြစ်သည်။

မူလက သူသည် ပုံစံမဲ့ဂိုဏ်းဆီမှ အကျိုးကျေးဇူးများကို အမျိုးမျိုးသော ဂိုဏ်းကြီးများနှင့် မျှဝေလို၍ ကြီးမားသောအဖွဲ့ခွဲအသီးသီးကို တပ်များစေလွှတ်ကာ ပုံစံမဲ့ဂိုဏ်းကို ဖျက်ဆီး၍ အင်အားစုများကို ပူးပေါင်းရန် တိုက်တွန်းရန် စီစဥ်ထားသည်။ မဟုတ်ပါက အချိန်အတော်ကြာပြီးနောက်၊ အမတေကောင်စီမှ တုံ့ပြန်သောအခါ ၎င်းတို့၏ စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် ခဲယဥ်းသည်။

ယခုမူ ချူးယွင်ဖန်းက သူ့တွင် နည်းလမ်းရှိနေပြီဟု ဆိုသည်။ ချူးယွင်ဖန်းဟာ ဤကဲ့သို့ နည်းလမ်း တကယ်ရှိမရှိ သို့မဟုတ် ယုံကြည်မှု လွန်ကဲနေသည်လောကို မသိနိုင်ပေ။ သို့သော် ဤကိစ္စသည် သူဖြေရှင်းနိုင်သော အရာမဟုတ်ဟု သူနားလည်ခဲ့သည်။

ဤအခိုက်အတန့်တွင်၊ နေအိမ်၌ ဤကဲ့သို့ စိတ်နှိုးဆော်သည့် မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်ကို ပြင်ပကမ္ဘာမှ မည်သူမျှ မသိခဲ့ကြပေ။

အားလုံးက ဤကိစ္စ၏ နောက်ဆုံးရလဒ်ကို စောင့်မျှော်နေကြသည်။ မြို့ဝန်ကျုံးရှင်၏ နေအိမ်မှ

အခြားသတင်းများမရှိသော်လည်း ပုံစံမဲ့ဂိုဏ်းကြီးသည် သေခြင်းတရားကို စောင့်ဆိုင်းနေပုံမပေါ်ပေ။ ၎င်းတို့၏ အဆက်အသွယ်များနှင့် သတင်းအချက်အလက် အမျိုးမျိုးတို့သည် နေရာတိုင်းတွင် ပျံ့လွင့်နေသည်။

ပုံစံမဲ့ဂိုဏ်း၏ အမတ်များသည် အဖွဲ့ခွဲတိုင်းသို့ ခရီးထွက်ခဲ့ကြသည်။ ၎င်းတို့သည် ချူးမျိုးနွယ်စုကို ဆန့်ကျင်ရန် ကြိုးပမ်း၍ ပုံစံမဲ့ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားခဲ့သည်။ ၎င်းတို့က ငွေအမြောက်အမြားစတေး၍ အကျိုးကျေးဇူးများစွာကို စွန့်လွှတ်ရန်ပင် ဆန္ဒရှိခဲ့ကြသည်။

လူများစွာ၏အမြင်တွင်၊ ပုံစံမဲ့ဂိုဏ်းကြီးသည် အရူးနှင့်တူနေသည်။ အပေါ်မှအောက်ခြေအထိလူတိုင်း ရူးသွပ်သွားကြသည်။ အချည်းနှီးသော ကတိများနှင့်ပတ်သက်၍ အားလုံးကို အခမဲ့ပေးနေသည့်နှယ် စတေးလိုက်ကြသည်။ ပုံစံမဲ့ဂိုဏ်းကြီးက ဤဘေးဆိုးကြီးမှ လွတ်မြောက်နိုင်လျှင်ပင်၊ ၎င်းတို့ ကတိပေးထားသည့် အကျိုးကျေးဇူးများသည် ပုံစံမဲ့ဂိုဏ်းကို ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ရာပေါင်းများစွာ ညတွင်းချင်းပင် ပြန်လည်ဆုတ်ယုတ်သွားစေရန် လုံလောက်သည်ဟု အချို့လူများက တွက်ချက်ခဲ့ကြသည်။

All Chapters