← Chapters

တစ်ချို့က ရိုးရှင်းတယ် ၊ တစ်ချို့က မရိုးရှင်းဘူး

Vol. 5 Ch. 47

တစ်ချို့က ရိုးရှင်းတယ် ၊ တစ်ချို့က မရိုးရှင်းဘူး

Vol. 5 Ch. 47

ထောင်ဟွားကြယ်မှ ဩဇာကြယ်သို့ ပြောင်းလဲသွားသည်နှင့် သူမ၏ နောက် ၁၂ နှစ်တာ ကံကြမ္မာသည် တစ်ကိုယ်တည်း အထီးကျန်ဆန်ဖို့ရာ ကြမ္မာဖန်လာလိမ့်မည်။

ကောင်လေးတစ်ယောက်က သူမအပေါ် ခံစားချက်တို့ ပေါက်ဖွားလာသည်နှင့် သူသည် သူ၏ ချစ်သူနှင့် ကြီးစွာ အလှမ်းဝေးလွန်း၍ လက်လှမ်းမမီဟူသော ခံစားချက်မျိုးကို ချက်ချင်း ခံစားရလိမ့်မည်။

ထိုသို့ ဖြစ်လာပါက သူမကို ပလိပ်ရောဂါကဲ့သို့ ရှောင်ကြဉ်ခြင်း … သို့မဟုတ် သူမ၏ ကမ္ဘာထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခြင်းမျိုး ပြုလုပ်လိမ့်မည်။

သူမ၏ အသက် ၃၆ နှစ်တွင် ပျက်စီးကြယ်၏ စိုးမိုးမှုက ရောက်ရှိလာခဲ့ပြီး အခက်အခဲများ၊ ကျရှုံးမှုများနှင့် စိန်ခေါ်မှုများကို ဆက်တိုက် ရင်ဆိုင်ရမည်။

ပျက်စီးခြင်းကြယ်က နာမည်အတိုင်းပဲ ပျက်စီးခြင်းကို ကိုယ်စားပြုပြီး လုလု၏ ဆိုးရွားသည့် ကံကြမ္မာကို ပို၍ တိုးပွားစေရုံသာ ရှိလိမ့်မည်။

တစ်နည်းဆိုရသော် လုလုက တစ်ဘဝလုံး တစ်ဦးတည်း ဖြစ်ဖို့ ကံကြမ္မာဖန်လာခဲ့တာဖြစ်၏။

သို့ပါသော်လည်း … ကြမ္မာကြယ်သုံးစင်းက သူမနှင့် ချည်နှောင်နေသည် ဖြစ်ရာ အရမ်းကြီး ဆိုးရွားသည်ဟုလည်း ပြော၍ မရပေ။

လုလု၏ အလုပ်အကိုင် လမ်းကြောင်းတွင် ချောမွေ့အောင်မြင်ပြီး သူမ၏ ဖခင်ကိုပင် ကျော်တက်သွားနိုင်သည် အထိ အောင်မြင်မှုတို့ ရရှိလိမ့်မည်။

တစ်စုံတစ်ယောက်က သူမကို အောက်မေ့တမ်းတစွာ ကဗ္ဗည်းကျောက်တိုက် စိုက်ထူပေးရလောက်သည်အထိ ထူးခြားသည့် ပုဂ္ဂိုလ်ထူးတစ်ယောက် ဖြစ်လာပေမည်။

“ ဒေါက်တာချန် … နင် ဘာလို့ ဘာမှ မပြောတော့တာလဲ …”

အခြားသူများ၏ ပယောဂမပါဘဲ သူမ၏ သူငယ်ချင်းများက လေးစားသမှုနှင့် ခပ်ခွာခွာ နေကြသည်ဟူသော ချန်ယွီ့၏ စကားကို နားထောင်ပြီးကတည်းက လုလုမှာ သူမ၏ အခြေအနေကို စတင် စိုးရိမ်လာနေပြီး ဖြစ်သည်။

လူလည်း ငြိမ်ကျသွားခဲ့၏။ တက်တက်ကြွကြွရှိသည့် သူမ၏ အကျင့်စရိုက်သည်ပင် စိုးရိမ်ပူပန်ခြင်းကို မတားဆီးပေးနိုင်ခဲ့ချေ။

ချန်ယွီ့ သက်ပြင်းချလိုက်သည်ကို မြင်ပြီးသည့်နောက် လုလုမှာ အလွန်အမင်း စိုးရိမ်သောက ရောက်မိသွား၏။

“ တကယ်လို့ မင်း သူငယ်ချင်းတွေ မင်းဘေးနား ပြန်ရောက်လာစေချင်တယ်ဆို နည်းလမ်း တစ်ချို့တော့ ရှိတယ် …”

“ ဒါပေမယ့် ဒါက မင်းရဲ့ ရောဂါလက္ခဏာကိုပဲ ကုသပေးနိုင်မှာ … ရောဂါရဲ့ အရင်းမြစ်ကိုတော့ မရဘူး…”

“ တစ်နည်းပြောရရင် မင်း သူတို့နဲ့ ယာယီလောက်တော့ ပြန်ပြီး အဆင်ပြေပြေနေနိုင်မယ် …”

“ အချိန်ခဏကြာပြီးသွားရင် သူတို့တွေ ငါ့အနားကနေ ထွက်သွားကြဦးမှာပဲမလား …”

ချန်ယွီ့ သွယ်ဝိုက်ပြီး ပြောပြနေသည့် စကားအဓိပ္ပာယ်ကို လုလု နားလည်သည်။

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ လုလုက သူ့စကားကို နားလည်နိုင်သည်အထိ ထက်မြက်သည့်အတွက် ဝမ်းသာသွားခဲ့၏။

ဤသည်ကလည်း သူမ၏ ကြယ်သုံးစင်း သူမအပေါ် ကောင်းချီးပေးထားသည့် အရာပင်။

အလုပ်အကိုင် ၊ ဉာဏ်ထက်မြက်မှု ၊ ရဲစွမ်းသတ္တိ။

ဤသုံးခုနှင့်တင် လုလုက အခြားသူများကို ဖိနှိပ်နိုင်နေပြီး အချစ်တစ်ခုတည်းကသာ သူမအတွက် ဇိမ်ခံပစ္စည်း အရာကဲ့သို့ ဖြစ်နေခဲ့သည်။

“ ဘာကြောင့် အဲ့လို ဖြစ်ရတာလဲ …”

လုလု သူမ၏ သူငယ်ချင်းများ ထိခိုက်နစ်နာစေမည့် အမှုမျိုးကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးချေ။

အခြား မည်သူကမျှလည်း သူမကို အနှောင့်အယှက် ပေးမနေလေရာ အဘယ်ကြောင့် သူမ၏ သူငယ်ချင်းများက သူမနှင့် ဝေးရာကို ထွက်သွားကြသနည်း။

လုလု၏ မေးခွန်းအတိုင်း လိုက်ရင်း ကြည့်ရှုသူများလည် ချန်ယွီ့ကို ကြည့်လိုက်ကြကာ သူ၏ အဖြေကို စောင့်ဆိုင်းနေခဲ့ကြသည်။

“ မင်းက သိပ်ထူးချွန်လွန်းတယ် … မင်းရဲ့ အပေါင်းအသင်းတွေထဲမှာ မင်းက တလက်လက် တောက်ပနေတဲ့ နေမင်းကြီးနဲ့ တူတယ် …”

“ မင်းအပေါ် ချစ်မိတဲ့ ဘယ်သူမဆို … အဲ့လို ခံစားချက်မျိုး ဖြစ်လာပြီဆိုတာနဲ့ သိပ်ထူးချွန်လွန်းတဲ့ မင်းနဲ့ သူတို့ကိုယ်သူတို့ မထိုက်တန်ပါလား ဆိုတဲ့ ခံစားချက်မျိုး ခံစားရလိမ့်မယ် …”

“ သူတို့က မင်းကို ပျော်ရွှင်မှုတွေ မပေးစွမ်းနိုင်တဲ့အပြင် သူတို့ကြောင့်နဲ့ မင်းရဲ့ တက်လမ်းအပြည့်ဖြစ်နေတဲ့ အနာဂတ်ကို ဆွဲထားမိမှာ စိုးရိမ်တယ် …”

“ မင်းက ဘွဲ့ရခါနီးပြီ … သဘောက မင်းဘဝရဲ့ ဒုတိယ အချိုးအကွေ့ကို ရောက်နေပြီလို့ ပြောလို့ရတယ် …”

“ ဒါကြောင့်မို့ ကောင်လေး တော်တော်များမျာက မင်းဘေးနားကနေ ထွက်ခွာသွားဖို့ ရွေးချယ်ခဲ့ကြတာပဲ …”

“ အဲ့ဒီ သူငယ်ချင်းတွေနဲ့ မင်းရဲ့ ဆက်ဆံရေးကို မဆုံးရှုံးချင်ဘူးဆိုရင် ငါ မင်းဖို့ ဆေးတစ်မျိုး ညွှန်းပေးလို့ရတယ် ….”

“ အဲ့တာသောက်ပြီးသွားရင် မင်းရဲ့ တလက်လက်တောက်ပနေတဲ့ အရှိန်အဝါတွေ ၊ တခြားလူတွေကို အလှမ်းဝေးတယ်လို့ ခံစားရစေတဲ့ မင်းရဲ့ အရှိန်အဝါတွေကို ယာယီ ပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်တယ် …”

“ ဒါပေမယ့် ဒီဆေးရဲ့ အစွမ်းသက်ရောက်မှုကလည်း တစ်နှစ်တည်းပဲ ….”

တစ်ချို့သော အရာများက ကိုင်တွယ်ရ ရိုးရှင်းပြီး တစ်ချို့သော အရာများကတော့ မရိုးရှင်းချေ။

ခရမ်းကြယ် နက္ခတ်ဗေဒတွင် အဓိက စိုးမိုးကြယ်တို့က ထောင်ဟွားကြယ်၊ ဩဇာကြယ်နှင့် ပျက်စီးခြင်းကြယ်တို့ ဖြစ်ကြပြီး သူ၏ လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် ချန်ယွီ့ ဤ ကြယ်သုံးစင်း၏ လွှမ်းမိုးမှုကို တစ်နှစ်မျှသာ ယာယီ ဖိနှိပ်ထားပေးနိုင်သည်။

“ တစ်ခါတည်းနဲ့ အကုန်လုံး ပျောက်အောင် ကုသပေးနိုင်တဲ့ နည်းလမ်းရော မရှိဘူးလားဟင် ….”

အချစ်ကဲ့သို့သော အရာမျိုးကို လုလု ထွေထူးဂရုစိုက်ခြင်းမရှိ။ ဖြစ်ပျက်သည့် အရာရာတိုင်းကို သဘာဝအတိုင်းသာ ရှိစေချင်သည်။

သို့သော် သူမ မမြင်တွေ့ချင်ဆုံးက သူမနှင့် နှစ်လကြာရှည်စွာ အတူရင်းနှီးလာခဲ့သည့် မိတ်ဆွေအပေါင်းအသင်းတို့ သူမ၏ နံဘေးမှ ထွက်ခွာသွား ဘယ်တော့မှ ပြန်မလာခြင်းပင်။

“ ရှိတယ် ….” ချန်ယွီ့ ပြောလိုက်သည်။

“ ဒါဆို ကျွန်မ တစ်ခါတည်းနဲ့ အကုန်ပျောက်အောင် ကုသဖို့ ရွေးချယ်ချင်တယ် …”

ဤအဖြေကို ကြားပြီးသည့်နောက် လုလု၏ စိတ်ခံစားချက်သည်လည်း တစ်ဖန်ပြန်ပြီး ကောင်းမွန်လာသည်။

“ ဒေါက်တာချန် … မင်း … မင်းကွာ … အလှလေးက ဒီလောက်ထိ စိုးရိမ်ကြောင့်ကြနေတာကို မင်းဘာလို့ ဒွိဟဖြစ်အောင် လုပ်နေရတာလဲ ….”

“ အလှလေး … ဘာမှ မစိုးရိမ်နဲ့နော်… ဒေါက်တာချန်က သိပ်စွမ်း … အဲလေ သိပ်ကျွမ်းကျင်တာ ….”

“ ထူးချွန်လွန်းတာကလည်း ရောဂါပဲလား ….”

“ ယောက်ျားတွေက သိပ်ထူးချွန်လွန်းတဲ့ မိန်းကလေးတွေကို မပိုးပန်းရဲကြဘူး ….”

“ ယောက်ျားတွေက ဝက်တွေလေ ….”

“ ငါ စစ်တမ်းတစ်ခုကို မှတ်မိသေးတယ် … အဲ့မှာ ယောက်ျားလေးတွေကို မေးထားတာ ချင်းပေ တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ရထားတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ဝံ့လား မေးထားတာ … အဲ့ကောင်တွေ အများစုက လက်မထပ်ဝံ့ကြဘူးတဲ့လေ …”

“ သူတို့တွေက နတ်သမီးတွေဟ … ငါတို့လို သာမန်လူသားတွေက နတ်သမီးနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ ….”

စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရင်း လုလုမှာ တစ်ဖန်ပြန်ပြီး စိတ်ဓာတ်ကျသွားခဲ့ရသည်။

အရမ်းနဲ့ ထူးချွန်နေမိတာ သူမရဲ့ အမှားလား ..

“ လူနာ … ကျေးဇူးပြုပြီး လျှောက်မတွေးပါနဲ့ …”

“ ကိုယ် တော်တာက ဘာမှမှားယွင်းမနေဘူး … ကိုယ်က ကိုယ်ဖြစ်နေဖို့ပဲလိုတယ် … ဘယ်သူ့ကြောင့်နဲ့မှ ရည်ရွယ်ချက်ရှိရှိ ပြင်စရာ မလိုဘူး ….”

ချန်ယွီ့ ‘ လူနာ ‘ကို နှစ်သိမ့်ပေးသည့်အရာက ခပ်ရှားရှားပင်။

“ မင်းရဲ့ သူငယ်ချင်းတွေ မင်းနား မချဉ်းကပ်ဝံ့တဲ့ ပြဿနာကို တစ်ကြိမ်တည်းနဲ့ ပျောက်ကွယ်စေမယ့် ဖြေရှင်းနည်းလမ်းတစ်ခု ရှိတယ် …”

“ ဒါပေမယ့် ဈေးနှုန်းကတော့ နည်းနည်းများမယ် ….”

“ အဲ့ဒီရဲ့ ကျသင့်ငွေကို ပေးဖို့ လောလောဆယ် မင်းမှာ အဲ့လို ငွေကြေးအင်အားမျိုး မရှိမှာကိုတော့ ငါ စိုးရွံ့မိသား ….”

ဤသည်ကို ကြားတော့ လုလု လွှတ်ခနဲ မေးလိုက်မိသည်။ “ ဘယ်လောက်လဲ …”

ချန်ယွီ့ လက်ငါးချောင်း ထောင်ပြလိုက်သည်။

“ ယွမ် ငါးသိန်း …”

“ ယွမ် ငါးသိန်း ဟုတ်လား ….”

ပမာဏကို ကြားတော့ လုလု ကြက်သေသေသွားခဲ့သည်။

သူမက ဘွဲ့ရခါနီး ကျောင်းသူလေး တစ်ဦးမျှသာ ဖြစ်၏။

သူမ မိသားစု၏ စုငွေများအားလုံး ထုတ်သုံးလိုက်လျှင်ပင် ယွမ် သုံးသိန်းခန့်သာ စုနိုင်သည်။

ချန်ယွီ့ နောက်ဆက်တွဲ ပြောလာသည့် စကားလုံးက လုလုကို ပို၍ပင် အံ့အားသင့်သွားစေခဲ့သည်။

“ ယွမ် ငါးသိန်းက မင်းရဲ့ အစွမ်းအစနဲ့ ရှာဖွေထားတဲ့ ငွေပဲ ဖြစ်ရမယ် ….”

“ သူငယ်ချင်းနဲ့ မိသားစုတွေဆီက ပိုက်ဆံကို မင်းလက်ခံလို့ မရသလို သူတို့ဆီက ငွေချေးလို့လည်း မရဘူး ….”

တစ်ပြားတစ်ချပ်ချင်းစီတိုင်းက သူမလက် ၊ သူမခြေဖြင့် ရှာဖွေရမည်ဟု ချန်ယွီ့ သတိပေးလိုက်သည်။

“ ဒေါက်တာချန် …. မင်း အလှလေးကို လျှော့ဈေးပေးလိုက်ပါလား …”

“ သာမန်လူတစ်ယောက် ငွေ ငါးသိန်း စုဖို့ဆိုတာ ဆယ်နှစ်လောက် အချိန်ပေးရမှာ ….”

“ ငါ အလုပ်လုပ်လာတာ ငါးနှစ်ရှိပြီ … လက်ထဲ စုမိတာ ယွမ် လေးထောင်တောင် မပြည့်ဘူး … ငါက သာမန်လူဖြစ်ဖို့တောင် မတန်ဘူးပဲ ….”

“ အပေါ်က လူက တကယ့်ကို သနားစရာပဲ… ငါဆို ရှေ့သုံးလကမှ ဘွဲ့ရပြီး အလုပ်ဝင်တာ အခု ငါ့ အကောင့်ထဲမှာ ယွမ် နှစ်သိန်း စုငွေ ရှိနေပြီ …”

“ ဘော့စ် ကျေးဇူးပြုပြီး သင်ကြားပေးပါဦး ….”

“ လိုး …. ပေါက်ရတွေ ပြောတဲ့ကောင်ကပြော … ယုံတဲ့ကောင်ကလည်း ယုံနဲ့ …. မင်းတို့ဟာမင်းတို့တော့ ဟုတ်နေကြတာပဲ ….”

“ အလှလေး … မဟုတ်လည်း မင်း စထွင်မာ လုပ်ပါလား … ငါ မင်းဆီ နေ့တိုင်းနေ့ လာအားပေးမယ်လို့ ကတိပေးတယ်….”

“ ဘရို … မင်းက တကယ့်ကို နောက်မျိုးဆက် ကျူးကော်လျန်ပဲ … နည်းလမ်းက တကယ်ပြောင်မြောက်လွန်းတယ် ….”

ကြည့်ရှုသူ အများစုကလည်း လိုက်စထွင်း လွှင့်သည်က ပြောင်မြောက်သည့် ငွေရှာနည်းလမ်းဟု ခံစားနေကြရသည်။

လုလု၏ လှပသည့် ရုပ်ရည်၊ ဆွဲဆောင်မှုရှိသည့် ကိုယ်နေဟန်ပန်၊ ရွှင်လန်းတက်ကြွသည့် အကျင့်စရိုက်ဖြင့်ဆိုပါက ထိပ်တန်းစထွင်မာ တစ်ဦး ဖြစ်လာဖို့ မခဲယဉ်းပေ။

ရေလျှံသည့် ဖန်တစ်ချို့ကို ဆွဲဆောင်လိုက်နိုင်သည်နှင့် စထွင်မာ တစ်ချို့အတွက် ယွမ်ငါးသိန်းဆိုသည်မှာ ၎င်းတို့ လူအနည်းငယ် မုန့်ဖိုးပေးသည့် ကာနီဗယ် လက်ဆောင် အနည်းငယ်မျှသာဖြစ်၏။

“ အလှလေး .. ငါက မိန်းမငယ်လေးတွေကို မနှစ်သက်ဘူးဆိုပေမယ့် မင်းသာ လိုက်စထွင်းလွှင့်မယ်ဆိုရင် နံပါတ်ဝမ်းဖန် နေရာကို ငါကြိုပြီး စာရင်းပေးထားပါရစေ …”

ချယ်ရီ သစ်ပင်ကို ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့် ပို့လာခဲ့သည်။

သူသည်လည်း လုလုကို စထွင်မာလုပ်ရန် ဖြားယောင်းနေသည့် အုပ်စုကြီးထဲ ပါဝင်သွားခဲ့၏။

ချန်ယွီ့၏ အစွမ်းအစကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက …

‘အမျိုးသားများအား ငြင်းပယ်နေသည့် ‘ ရောဂါကို ကုသဖို့ ယွမ် ငါးသိန်းက အမှန်တကယ်ကို ဈေးမကြီးပေ။

သူမက ဆွဲဆောင်မှုရှိသဖြင့် မည်သည့် ကြည့်ရှုသူများကို မဆို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လိုက်စထွင်း စတင်မည်ဆိုသည်နှင့် တစ်ညအတွင်း ပရိသတ် အယောက်တစ်သိန်းလောက်ကို အသာလေး ဆွဲဆောင်နိုင်သည်။

“ ကြင်ကြင်နာနာနဲ့ အကြံပေးကြတဲ့ လူတိုင်းကို ကျေးဇူးတင်ပါတယ် … ဒါပေမယ့် ငါက မှုခင်း ဆရာဝန်ပဲ ဖြစ်ချင်တာ …”

လုလုက လူတိုင်း၏ အကြံပြုချက်ကို စကားအလှလေးသုံးပြီး ငြင်းလိုက်သည်။

သူမအဖေ၏ လမ်းကြောင်းကို အမွေဆက်ခံ၍ မတရားမှုဖြင့် သေသွားခဲ့ရသည့် လူတိုင်းအတွက် တရားမျှတမှုကို ယူဆောင်လာပေးချင်သည်။

ဤသည်က သူမ၏ ယုံကြည်ချက်။ သူမ အမြဲတမ်း ယုံကြည်နေခဲ့သည့် အရာဖြစ်သည်။

လိုက်စထွင်းလုပ်၍ ဝင်ငွေရှာဖို့ကို ဘယ်တုန်းကမှ မတွေးတောခဲ့ဖူးချေ။

“ လူနာ … ငါမင်းကို ခဏနေကျရင် cb ကတစ်ဆင့် ငါ့ရဲ့ နံပါတ် ပို့ပေးလိုက်မယ် …”

“ မင်း ကိုယ့်အစွမ်းအစနဲ့ ယွမ်ငါးသိန်း ရှာနိုင်ပြီ ဆိုတဲ့ အချိန်ကျရင် ငါ့ဆီ အချိန်မရွေး ဖုန်းဆက်ခဲ့လိုက် ….”

ချန်ယွီ့က ဤနေရာသို့ အခြားသူများ၏ ပြဿနာကို ဖြေရှင်းပေးရန် ရောက်လာခြင်း ဖြစ်ပြီး သူ့ဘက်ကလည်း အပြန်အလှန် လိုက်လျောသဘောတူညီမှုဟူသော စည်းမျဉ်းတစ်ခုကို အမြဲတစေ လက်ခံကျင့်သုံးသည်။

အကယ်၍ သူတို့က ချန်ယွီ့ကို ယုံကြည်ပါက သူ့ဘက်ကလည်း ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားမည်။

အကယ်၍ မယုံကြည်ဘူးဆိုလျှင်တော့ ချန်ယွီ့လည်း ၎င်းတို့အား ယုံကြည်ဖို့ ဖြောင်းဖျနေမှာ မဟုတ်ချေ။

ကြမ္မာကြယ်သုံးစင်း၏ ကာကွယ်ပေးမှုဖြင့် လုလုအတွက် သူမ အခြေအနေ၏ သော့ချက်ကို နားလည်ဖို့က မခက်ခဲချေ။

“ ကဲ အခု နောက်ဆုံး တစ်ယောက်ကို ဖိတ်ခေါ်လိုက်ရအောင်လား …”

လုလု စကားပြောဆိုခြင်းကို ရပ်တန့်လိုက်သည်နှင့် စခရင်ကလည်း အနက်ရောင်ဖြစ်သွားခဲ့သည်။ ထို့နောက် တစ်ဖန် ပြန်လက်လာခဲ့ပြီး တတိယ ကြည့်ရှုသူက စခရင်ထက်တွင် ပေါ်လာသည်။

ချက်ချင်းဆိုသလို ချယ်ရီသစ်ပင်မှာ မျက်လုံးအရောင် ဘလင်းဘလင်း ဖြစ်လာခဲ့၏။

All Chapters