← Chapters

ထင်မှတ်မထားသည့် အပိုင်းပို

Vol. 5 Ch. 45

ထင်မှတ်မထားသည့် အပိုင်းပို

Vol. 5 Ch. 45

“ ဟင် နင်ဘယ်လိုလုပ်ပြီး သိလဲ …”

ထိုမေးခွန်း မေးလိုက်သည်နှင့် လုလု ကိုယ့်ကိုယ်ကို အသုံးမဝင်သည့် အရာ မေးလိုက်မိပြီ ဖြစ်ကြောင်း တပ်အပ်သိလိုက်သည်။

ချန်ယွီ့၏ လိုက်စထွင်းများကို ကြည့်ရှုပြီးသည့်နောက် … ချန်ယွီ့၏ ဝန်းကျင်တွင် ဖောက်ထွင်းမမြင်နိုင်သည့် မြူလွှာတစ်ထပ်က ကာရံနေကြောင်းကို သူမ သိသည်။

အကယ်၍ သူ၏ နည်းလမ်းများကိုသာ ရှင်းပြချင်မည်ဆိုပါက ဟိုးတုန်းကတည်းက ရှင်းပြခဲ့ပြီး ဖြစ်၏။

အကယ်၍ သူသာ မရှင်းပြချင်ဘူးဆိုပါက ကိုယ့်ဘက်က ဘယ်လောက်ပဲ အာပေါက်အောင် မေးနေပါစေ၊ အဓိပ္ပာယ် မပေါ်လွင်သည့် အဖြေများကိုသာ ရရှိလိမ့်မည်။

“ လူနာ … မင်းရဲ့ အခြေအနေကို ကိုယ့်ဘာကိုယ် ပြောမလား … ဒါမှမဟုတ် ငါကပဲ ပြောပြပေးရမလား ….”

“ ကိုယ့်ဘာကိုယ်ပဲ ပြောမယ် …”

လုလု သူ့ကြမ္မာသူ လက်ခံလိုက်သည်။

ချန်ယွီ့က သူမတွင် ရောဂါ ရှိနေသည်ဟု ဆိုလာလျှင်လည်း ဆိုလာပါစေတော့…. မတတ်နိုင်ပေ။

အကယ်၍ သူမကသာ ချန်ယွီ့ကို ပြောပြခွင့် ပြုလိုက်မည်ဆိုပါက သူမ ငယ်ငယ်လေးတုန်းက ပြုခဲ့ဖူးသည့် ရူးကြောင်ကြောင် ကိစ္စများကို ထုတ်မပြောလာနိုင်ဘူးဟု မည်သူက အာမခံနိုင်လိမ့်မည်နည်း။

ထိုအကြောင်း တွေးမိသည်နှင့် သူမ ချွေးအေးတို့ ထွက်လာရသည်။

“ ဒေါက်တာချန် … နင်ပြောတာ မှန်တယ် … အခုတလော ယောက်ျားလေး သူငယ်ချင်းတွေများများ တစ်ချို့ အကြောင်းအရင်းတွေကြောင့် ငါ့ကို ခပ်ခွာခွာ နေနေကြတယ် …”

“ အထက်တန်းကျောင်းတုန်းက အတူ ရင်းနှီးခဲ့တဲ့ အတန်းဖော်ဟောင်းတွေပဲ ဖြစ်ဖြစ် … ကျင်းချန် ဆေးတက္ကသိုလ်က စာသင်ဖော် စာသင်ဘက်တွေပဲ ဖြစ်ဖြစ် … သူတို့နဲ့ ငါနဲ့ ကြားမှာ အလွှာ တစ်လွှာ ခြားနေသလိုပဲ ….”

“ ဒါပေမယ့် ငါလည်း သူတို့ ထိခိုက်စေမယ့် တစ်ခုကိုမှလည်း မလုပ်ခဲ့မိပါဘူး ….”

အမြဲတစေ တက်ကြွဖျတ်လတ်မှု အပြည့်ဖြစ်နေသည့် လုလုမှာ ထိုအကြောင်း ပြောသည့် အချိန်၌ အနည်းငယ် ဝမ်းနည်းနေခဲ့သည်။

သူမ အလယ်တန်းသို့ ရောက်ပြီးကတည်းက သူရဲကောင်းဆန်သည့် အမူအကျင့်တို့ကြောင့် နာမည်ကျော်ကြားလာခဲ့သည်။

သူမကျောင်းရှိ အတန်းဖော်သူငယ်ချင်းများကို လူမိုက်များ အနိုင်ကျင့်သည့် အခါ၌ပင် ခေါင်းမငုံ့ခဲ့ချေ။ တရားမျှတမှုအတွက် တိုက်ခိုက်ပေးခဲ့သည့် အပြင် သူမ၏ အတန်းဖော်သူငယ်ချင်းများကိုလည်း လူမှုဖူလှုံရေး လှုပ်ရှားမှုများ၌ ပါဝင်တက်ကြွလှုပ်ရှားရန်လည်း ကူညီပေးခဲ့၏။

ထိုအကြောင်းကြောင့် လူတိုင်းလူတိုင်း မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ၊ သူမနှင့် သူငယ်ချင်း ဖြစ်လိုကြသည်။

အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းတွင်လည်း ထို့အတူပင်။

တက္ကသိုလ်သို့ ဝင်ရောက်ပြီးသည့် အချိန်၌ပင် သူမမှာ ထိုအတိုင်းပဲ ဖြစ်ကာ ကျား၊မ လိင်နှစ်မျိုးလုံး၏ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့သလို ပေါ်ပြူလာလည်း ဖြစ်ခဲ့သည်။

သို့သော် … ထူးဆန်းသည့် အရာတစ်ခုက …..

ဤနှစ်နှောင်းပိုင်းမှစ၍ လုလုသည် သူမကိုယ်သူမ ပြောင်းလဲမှုတစ်ခုကို ခံစားလာရသည်။

သူမနှင့် ပုံမှန် ရင်းရင်းနှီးနှီး နေတတ်ကြသည့် မိန်းကလေး သူငယ်ချင်းများကတော့ သူမနှင့် ပုံမှန်အတိုင်း ရင်းနှီးနေဆဲဖြစ်ပါသော်လည်း သူမ၏ ယောက်ျားလေး သူငယ်ချင်းများကတော့ သူမနှင့် အကွာအဝေးစည်းတစ်ခု ခြားလာသည်။

သူမနှင့် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့သည့် သူငယ်ချင်းတစ်ချို့ဆိုလျှင် သူမ၏ ဖုန်းနံပါတ်ကို ဘလော့သွားခဲ့ကြသည်။

ဆိုရှယ်မီဒီယာ အကောင့်များကိုလည်း ဘလော့သွားခဲ့ကြ၏။

“ ငါ့ရဲ့ ချစ်သူကောင်လေးတောင် ရုတ်ချည်း ငါနဲ့ လမ်းခွဲပြီး ကျောင်းကနေ ထွက်သွားခဲ့တယ်….”

ထိုအချိန်၌ လုလု၏ အမူအရာမှာ ဝမ်းနည်းကြေကွဲနေခဲ့တော့၏။

“ ဒီကျားတွေက ရူးနေကြတာပဲ … ဒီလောက်ကောင်းတဲ့ သူငယ်ချင်းကိုတောင် ဘာလို့ မလိုချင်ရတာလဲတဲ့ ….”

“ သူ့လို မိန်းကလေးမျိုးနဲ့ သူငယ်ချင်း ဖြစ်နိုင်မယ်ဆိုရင် ငါ ငါးနှစ် သားသတ်လွတ်စားရလည်း ဖြစ်တယ် ….”

“ ဆယ်နှစ် ….”

“ နှစ်ဆ လုပ်လိုက် … နှစ် ၂၀ ….”

“ မိန်းကလေး … မင်းသူတို့ကို ဘာကြောင့်လဲရော မေးကြည့်ဖူးလား …..”

ထိုကွန်းမန့်ကို မြင်တော့ လုလု ပိုပြီး စိတ်ဓာတ်ကျသွားခဲ့သည်။

“ မေးဖူးတယ်… သူတို့ပြောတာ သူတို့က ငါနဲ့ သူငယ်ချင်းဖို့ မတန်ဘူး … သူတို့ကြောင့်နဲ့ ငါ့အနာဂတ်ကို ထိခိုက်မှာ စိုးတယ်တဲ့လေ ….”

လုလု ခွန်းတုံ့ပြန်လာခဲ့သည်။

“ လခွမ်း ဘယ်လိုတောင် စောက်အဓိပ္ပာယ် မရှိလိုက်တဲ့ အဖြေကြီးလဲ အဲ့တာ ….”

“ သူကဖြင့် အခုက တက္ကသိုလ် တက်နေတုန်း ရှိသေးတယ်လေ … ဘွဲ့တောင် ရသေးတာ မဟုတ်ဘူး … ဒါကိုတောင် သူတို့က သူ့ရဲ့ အနာဂတ် ထိခိုက်မှာစိုးတယ်လို့ ပြောနေတယ် …. ငါ့အထင်တော့ အဲ့တာတွေ အကုန်လုံးက ဆင်ခြေတွေ သပ်သပ်ပဲ …”

“ ငါလည်း သဘောမတူဘူး ….”

“ အလှလေးက သူတို့ သူငယ်ချင်း အသိုင်းအဝိုင်းထဲ အကောင်ကြီးကြီး တစ်ယောက်ကို အပြစ်ပြုခဲ့မိလို့များလား … အဲ့လူက လှည့်ကွက်တွေ ကစားပြီး သူများတွေကို ရည်ရွယ်ချက် ရှိရှိ boycott ခိုင်းနေတာဆိုရင်ကော ….”

“ အပျက်မ တစ်ယောက်ယောက် လုပ်ခိုင်းတာပဲ ဖြစ်ရမယ် ….”

“ အဲ့အပျက်မတွေက တကယ့် ရွံစရာတွေ … သူတို့ထက် နာမည်ကြီးတဲ့ မိန်းကလေးတွေဆို အဲ့လိုပဲ boycott ခိုင်းနေကြ ….”

“ သူတို့လိုဟာမမျိုးတွေက တခြား ယောက်ျားလေးတွေ သူတို့ထက် သာတဲ့ မိန်းကလေးနား ဝိုင်းဝိုင်းလည်နေတာကို မခံစားနိုင်ကြဘူးလေ… လုလုလို မိန်းကလေးမျိုး ပေါ်လာတာနဲ့ နာမည်ပိုကြီးဖို့ဆို ဘာမဆို လုပ်ရဲကြတယ် ….”

ကြည့်ရှုသူများ ပေးလာသည့် အမျိုးမျိုးသော ဖြစ်နိုင်ချေများကို ဖတ်ရှုပြီးနောက် လုလုလည်း သူမအခြေအနေကို သံသယ ဝင်လာမိသည်။

“ တကယ်ပဲ အဲ့လိုမျိုး ဖြစ်နေမလား ….”

လုလု မရေရာသည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။

“ အလှလေး … မင်း အချစ် ဝတ္ထုတွေ မဖတ်ဖူးဘူးလား … ဒီနေ့ခေတ် အပျက်မတွေက မင်းစိတ်ကူးနိုင်တာထက်ကို ပိုပြီး ကောက်ကျစ်နေကြပြီ …”

“ ဟုတ်တယ် ဟုတ်တယ် … သူတို့က ကြာပန်းဖြူလေးတွေလို ဟန်ဆောင်ပြီး ကြည့်လိုက်ရင် ပုရွက်ဆိတ်လေးတစ်ကောင်ကိုတောင် ထိခိုက်အောင် မလုပ်ရက်တဲ့ ပုံစံလေးတွေ ….”

“ အချစ်ရူး မိန်းကလေးလို ရက်စက်တဲ့ မိန်းကလေးတွေကမှ အဲ့လို အပျက်မတွေကို နှိမ်နင်းတဲ့နေရာမှာ အထူးကျွမ်းကျင်တဲ့လူတွေလေ ….”

“ ငါ့ကောင်လေးကို စနှိုက်ကြော်ရင် ငါ့ကိုယ်ငါ သတ်သေမယ် … ငါကောင်လေးနဲ့ အီစီကလီ လာလုပ်ရင်လည် ငါ့ကိုယ်ငါ သတ်သေမယ် … တစ်ခုနဲ့မှ အလုပ်မဖြစ်ရင် မင်းတစ်ချိန်လုံး ကြောက်လန့်အောင် ခြောက်လှန့်ပစ်မယ် …..”

“ လိုး …. ငါတို့ ကြည့်ရှုသူတွေထဲမှာ အတွေ့အကြုံများတဲ့လူတွေ ဘယ်တုန်းကတည်းက ဒီလောက် ရှိသွားခဲ့တာပါလိမ့် ….”

လုလုလည်း ကြည့်ရှုသူများက လွမ်းဆွေးနှင်းစက်ကို စော်ကား လှောင်ပြောင်နေကြသည်ဟု ခံစားမိသဖြင့် သူမဘက်ကလိုက်ပြီး စကားအကောင်း ပြောပေးဖို့ရာ ကြိုးစားလိုက်သည်။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး အဲ့လို မပြောကြပါနဲ့ …. လွမ်းဆွေးနှင်းစက် ကိုယ့်ကိုယ်ကို အကြိမ်တွေ အများကြီး အဲ့လိုလုပ်တယ်ဆိုတာ သူက ပြီးပြည့်စုံတဲ့ အချစ်တစ်ခုကို ရှာတွေ့ချင်ခဲ့လို့ပါပဲ …”

လွမ်းဆွေးနှင်းစက်က သူမ၏ ရောဂါ အခြေအနေကနေ နာလန်ထူမလာသေးဘူးဆိုတာကို လုလု သိသည်။ ထိုကွန်းမန့်များအား လွမ်းဆွေးနှင်းစက် မြင်တွေ့ပြီး စိတ်အခြေအနေ ပိုဆိုးရွားသွားမှာကို သူမ စိုးရိမ်နေမိသည်။

“ ကောင်လေးက လွမ်းဆွေးနှင်းစက်ကို သဘောကျတယ်လို့ ဒေါက်တာချန် ပြောခဲ့တယ် မဟုတ်ဘူးလား ….”

“ သူတို့ ရောဂါတွေ သက်သာသွားတာနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းကလည်း အသီးတွေ ပွင့်လာမယ် ….”

“ အဲ့လိုနဲ့ လွမ်းဆွေး နှင်းစက်လည်း ပုံမှန်လူ ပြန်ဖြစ်လာလိမ့်မယ် …”

“ အနာဂတ်ကျရင် သူတို့နှစ်ယောက်က ပုလဲပနံသင့်ပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုတောင် ပိုင်ဆိုင်နိုင်ဦးမယ် ….”

“ ငါပြောတာ မှန်တယ်မလား ဒေါက်တာချန် ….”

လုလုပြောရင်း အကူရှာသည့် အနေဖြင့် ချန်ယွီ့ထံသို့ ကြည့်လိုက်သည်။

“ ဟင့်အင်း …”

လုလု … သူမကိုယ်သူမ နားကြားမှားသည်ဟု ထင်သွားခဲ့ပြီး ချန်ယွီ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။

“ မင်းပြောတဲ့ ပထမ တစ်ခွန်းကလွဲရင် …..” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ကျန်တာတွေ အကုန် မှားတယ် ….”

“ သူတို့ရဲ့ အချစ်ဇာတ်လမ်းက နှစ်ယောက် ပေါင်းထုပ်ပြီး အဆုံးသတ်သွားမှာ မဟုတ်ဘူးပေါ့ ….”

လုလု မျက်လုံးအပြူးသားလေးဖြင့် မေးလိုက်၏။

“ မဟုတ်ဘူး ….”

“ သူတို့ လက်မထပ်ဖြစ်ကြဘူးပေါ့ ….”

“ အဲ့တာကတော့ မင်းဘယ်သူ့ကို မေးလဲ အပေါ် မူတည်တယ် …”

“ မင်းက သူတို့နှစ်ယောက် အချင်းချင်း လက်ထပ်ဖြစ်တာကို မေးတာလား … ဒါမှမဟုတ် သူတို့ထဲ ဘယ်သူက လက်ထပ်ဖြစ်လဲ ဆိုတာလား …” ချန်ယွီ့ ညင်သာသည့် အပြုံးဖြင့် မေးခွန်းထုတ်လိုက်သည်။

လုလု သူမကိုယ်သူမ ပန်ဒိုရာ သေတ္တာကို ဖွင့်မိခဲ့ပြီဟု ရုတ်ချည်း ခံစားလိုက်ရသည်။ သူမက စီရင်စု စာမေးပွဲတွင် ဗိုလ်စွဲခဲ့ပြီး ဆေးမှုခင်း သိပ္ပံ တက္ကသိုလ် ကျောင်းသူတစ်ဦးလည်း ဖြစ်သည်။ အိုင်ကျူ ၂၀၀ ရှိသည့် သူမ၏ ဉာဏ်ရည်နှင့် ချန်ယွီ့က စောင်းပါးရိပ်ခြည် ပြောဆိုနေသည်ကို သိရှိလိုက်ပြီ ဖြစ်သည်။

လက်ထပ်ဖြစ်တာက လက်ထပ်ဖြစ်သည်။ သို့သော် သတို့သားက (သူ) မဟုတ်သလို ၊ သတို့သမီးကလည်း (သူမ) မဟုတ်ခဲ့ချေ။

လွမ်းဆွေးနှင်းစက်က အဆုံးစွန်ထိ စတေးခဲ့ပါသော်လည်း ရလဒ်က အရာမထင်ခဲ့ဘူးလော။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ငါတို့ကို ပြောပြလိုက်ပါတော့ …”

“ စကားပြောခန်းထဲက ငါတို့ မိန်းမသားတွေ သူတို့ အဆုံးသတ်ကို သိချင်လွန်းလို့ သေတော့မယ် …”

“ ငါတို့ တက္ကသိုလ် ကျောင်းသူတွေက အတင်းပြောစရာ ခေါင်းစဉ်တွေ အများကြီး လိုတယ်လေ …”

“ ငါတို့လို လုပ်သားတွေကလည်း ငါတို့ရဲ့ ခွန်အားတွေကို ပြန်ဖြည့်တင်းဖို့လိုတယ် ….”

“ လိုက်စထွင်းထဲမှာ မူလတန်း ကလေးတွေ ရှိလား ….”

“ ရှိတယ်ဆို စောက်ကလေးတွေ … မင်းတို့ ဒါတွေ နားထောင်ပြီးရင် စိတ်ဓာတ်ကျသွားလိမ့်မယ် … ရှူး ရှူး ရှူး … အိမ်စာသွားလုပ်ကြ သွား …”

“ ငါ့အပေါ်ကကောင် … မင်း ဆယ်တန်း အခန်း ၂ ကကောင် မဟုတ်လား … အခုက အတန်းချိန်ရောက်နေပြီ … “

ကြည့်ရှုသူများမှာ အပိုင်းပို နားထောင်ရတော့မည် ဆိုသည့်အတွက် ဝမ်းသာအားရ ဖြစ်နေခဲ့ကြသည်။

“ ဒေါက်တာချန် … သူတို့ရဲ့ ဇာတ်လမ်း အဆုံးသတ်က ဘယ်လိုဖြစ်မလဲ ကျေးဇူးပြုပြီး ပြောပါတော့ … ဒီမှာ လက်ဆောင်တွေလည်း ယူလိုက် … “

ချယ်ရီသစ်ပင်က ဘယ်နားကမှန်းမသိ ခုန်ပေါက်ထွက်လာခဲ့ကာ ကာနီဗယ် လက်ဆောင် ဆယ်ခုကို ဆက်တိုက် လက်ဆောင်ပေးလာသည်။

“ ကောင်းပြီလေ … အဲ့တာဆိုလည်း ပြောလိုက်ကြတာပေါ့ ..”

ချန်ယွီ့ သူ၏ ထိုင်နေသည့် ပုံစံကို တစ်ချက် ချိန်ညှိလိုက်သည်။

လိုက်စထွင်းပြီးသည့် အချိန်၌ ဘယ်လိုပဲ ဖြစ်နေပါစေ ဇိမ်ကျသည့် ထိုင်ခုံတစ်လုံးလောက်တော့ ဝယ်မည်ဟု သူ တေးထားလိုက်၏။

သူ့နယ်ပယ်တွင် ကျွမ်းကျင်သူ တစ်ယောက်ဟူသော ကိုယ်ဟန် အမူအရာကို ထိန်းသိမ်းထားဖို့ လိုအပ်သော်လည်း တစ်ချိန်လုံး ကျောဖြောင့်ပြီး နေရတာက သေလောက်အောင် ပင်ပန်းလှသည်။

“တကယ်တော့ … အဲ့ကောင်လေးကလည်း ဒီခု လိုက်စထွင်းကို ကြည့်နေခဲ့တာ…၊ လွမ်းဆွေးနှင်းစက် သူ့အပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာတွေကြောင့် သူ့ရင်ထဲ ခံစားသွားခဲ့ရတယ် …”

“ သူတို့နှစ်ယောက်လုံးက ဆေးတွေသောက်ပြီး အမြန်ပဲ သက်သာလာကြတယ် … အဲ့နောက်မှာ အောင်အောင်မြင်မြင်နဲ့ ချစ်သူစုံတွဲတွေ ဖြစ်သွားခဲ့ကြတယ် ….”

“ ဒါပေမယ့် တစ်ချို့လူတွေ အတွက်ကျတော့ ရယူပိုင်ဆိုင်လို့ မရနိုင်တဲ့ အရာကိုမှ အချစ်စစ်လို့ သတ်မှတ်ကြတယ် ….”

“ ပြင်းပြင်းပြပြနဲ့ လိုချင်နေတဲ့ အရာကို လက်ထဲ ရရှိပြီးမှ သိလိုက်ရတာက … လက်စသတ်တော့လည်း ဒါလေးပါပဲလား ဆိုပြီး ဖြစ်သွားကြတဲ့လူတွေ ရှိတယ် …”

“ ဖြစ်ချင်တော့ လွမ်းဆွေးနှင်းစက်က အဲ့လိုလူစားမျိုးပဲ …”

“ သူက ဂန္တဝင် အချစ်ဇာတ်လမ်းတွေကို စွဲလမ်းရူးသွပ်တယ် … ဒါပေမယ့် အဲ့ဒီ ဝတ္ထုဇာတ်လမ်းတွေက ဝတ္ထုဇာတ်လမ်းတွေပဲ ဆိုတာကို သူ မသိဘူး …”

“ ကြွယ်ဝတဲ့ လူကုံထံ သူဌေးသမီးလေးက ဆင်းရဲတဲ့ ကဗျာစာပေသမားလေးနဲ့ ချစ်ကျွမ်းဝင်တာတွေ …. ၊ ဆင်းရဲပြီး သနားဖို့ကောင်းတဲ့ ကောင်လေးက နောက်ခံအင်အား တောင့်တင်းတဲ့ သူဌေးသမီးနဲ့ ညားသွားတာတွေ ….”

“ ရှေးတုန်းက ကျောင်းတော်သားတွေ ဒါတွေ ရေးခဲ့တယ်ဆိုတာ သူတို့ကိုယ်သူတို့ နှစ်သိမ့်ဖို့ပဲ …”

“ ရှေးတုန်းက မျိုးရိုးကြီးတဲ့ သူဌေးသမီးတွေ အပြင်ထွက်တာ ရှားတယ် ဆိုတာနဲ့ပဲ သူတို့က ဦးနှောက် မရှိဘူးလို့ မဆိုလိုဘူး …”

“ အဲ့သလို စာပေသမားတွေ လုပ်ဇာတ်ခင်းပြီး ဖန်တီးထားတဲ့ အချစ်ရဲ့ သဘောထားအယူအဆ အမြင်တွေကို လက်ခံကျင့်သုံးချင်တဲ့ လူတွေက တကယ့် လက်တွေ့ အချစ်ရေးတွေမှာ ကြာရှည်ခံလိမ့်မယ်လို့ မင်းတို့ ထင်လား …”

All Chapters