စကားလုံးတွေက သူ့ရဲ့ အလှကို ဖော်ပြဖို့ မစွမ်းသာဘူး
Vol. 5 Ch. 43
အဆိုပါ ပစ္စည်းနှစ်မျိုးက ရွှင်မြူးနေသည့် အမျိုးသမီးကြီး၏ စိတ်ကို ရေခဲရေ အေးအေးနှင့် လောင်းချလိုက်သည့်နှယ်ပင်။
အစောပိုင်းတုန်းက ချန်ယွီ့ သူမ သမီးလေးနှင့် ကောင်လေး၏ ရောဂါကို ကုသပေးနိုင်သည် ဆိုတုန်းက အမျိုးသမီးကြီးမှာ ဒေဝါလီ ခံရဖို့ အထိပင် ပြင်ဆင်ထားခဲ့သည်။
ဘယ်လောက်ပဲ ကုန်ကျနေပါစေ၊ ထိုဆေးကို သူမ ဝယ်မည်။
သို့သော် စပရိုက် တစ်ပုလင်းနှင့် အစပ်ချောင်း တစ်ထုပ်က ရောဂါကို ကုသပေးနိုင်မှာတဲ့လား …
ယုံကြည်လိုက်ဖို့ကို သူမ လုံးဝ လုံးဝ ငြင်းဆန်သည်။
“ အစ်မကြီး … ဒီရဲ့ စိတ်ပျော်ရွှင်စေတဲ့ ပုလင်းက ခင်များ သမီးရဲ့ အချစ်နာကျတဲ့ ရောဂါကို ကုသပေးနိုင်တယ် …”
“ ဒီရဲ့ ဆေးထုပ်ကကျတော့ ကောင်လေးအတွက် အသက်ရှည်ချောင်းပဲ …”
ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ ဒေါက်တာချန် … မင်းအရင်က MLM အရောင်းသမားများ လုပ်ခဲ့သေးလား … မင်းစကားတွေက သိပ် ယုံကြည်ချင်စရာ ကောင်းလွန်းလို့ ….”
“ ငါ ဒီစပရိုက် အချိုရည်တွေ သောက်လာခဲ့တာ ဆယ်နှစ်ကျော်တော့မယ် … စိတ်ပျော်ရွှင်စေမှန်း လခွမ်းမို့လို့ မသိခဲ့ရတာလား ….”
“ ဟေ့ကောင်တွေ … တော်ကြတော့ … ဟိုမှာ အန်တီကြီး မျက်နှာ ဖြူလျော်နေပြီ … “
“ အစပ်ချောင်း … မှားလို့ … အသက်ရှည်ချောင်း … ၊ ဒီစထွင်မာက တကယ့်ကို မားကတ်တင်း ဉာဏ်ကြီးရှင်ပဲ ….”
နောက်တစ်ကြိမ် ထပ်ပြီးတော့မှ ချန်ယွီ့၏ ကြည့်ရှုသူများမှာ သူ၏ လေးနက်သည့် အလိမ်အညာ စကားလုံးများအောက်တွင် ရှော့ခ်ရသွားခဲ့ရပြန်လေသည်။
ချန်ယွီ့က ဆေးလုံး အတု နှစ်ခုကို ထုတ်လာပြလျှင်ပင် အနှီ စပရိုက် အချိုရည်ပုလင်းနှင့် အစပ်ချောင်း တစ်ထုပ်ထက် ပိုပြီး ယုံကြည်ချင်စရာ ကောင်းပေလိမ့်ဦးမည်။
“ ဒေါက်တာချန် … ငါ နင့်ကို မယုံတာတော့ မဟုတ်ဘူးနော်… ဒါပေမယ့် … ဒီနှစ်ခုက စိတ်ရောဂါ ကုသပေးတဲ့ ဆေးဝါးတွေနဲ့ ဘာမှ မသက်ဆိုင်ဘူးမလား ….”
အမျိုးသမီး၏ မျက်နှာအမူအရာမှာ ကြက်ဟင်းခါးသီး စားလိုက်ရသည်ထက်ပင် ပို၍ ခါးသီးနေခဲ့သည်။
ဤကိစ္စကြောင့် သူမ အတော်လေး ဒေါသထွက်မိသွားခဲ့၏။ သို့သော် ရှေ့ယခင်က ချန်ယွီ့၏ နတ်ဘုရားသဖွယ် မှန်းဆချက်များကို ပြန်တွေးမိတော့ သူမ ချက်ချင်းလက်ငင်းကြီး ဟုန်းခနဲ မထကြွဝံ့ခဲ့ချေ။
“ ဒါတွေက ရောဂါ ကုသရေး ဆေးဝါးတွေနဲ့ မသက်ဆိုင်ဘူးလို့ ဘယ်သူပြောလဲ …”
ချန်ယွီ့က စပရိုက် ပုလင်းကို ကင်မရာအနားသို့ တိုး၍ အရောင်ထင်းထင်းနှင့် ရေးသားထားသည့် ကြော်ငြာဆောင်ပုဒ်ကို လက်ဖြင့် ညွှန်ပြလိုက်သည်။
“ ဒီမှာ ရေးထားတယ် မြင်လား … လန်းဆန်းပြီး အေးမြစေတယ် … ခင်များ သမီးရဲ့ စိတ်ရောဂါကို ကုသဖို့ အကောင်းဆုံး သော့ချက်ပဲ …”
“ လန်းဆန်းပြီး အေးမြမှပဲ ပျော်ရွှင်တဲ့ ခံစားချက်ကို ရနိုင်မယ်လေ …”
“ နက်နက်ရှိုင်းရှိုင်း ရှင်းပြရမယ်ဆိုရင် လိပ်ထားတဲ့ တောင်ပံတွေကို ဖြန့်ပြီး စိတ်ရောဂါဖြစ်နေတဲ့ အခြေအနေကနေ လွတ်လွတ်လပ်လပ် ပျံသန်းတာနဲ့ ညီမျှတယ် ….”
ချန်ယွီ့ ကြက်သေသေနေပြီး ဆွံ့နေသည့် လွမ်းဆွေးနှင်းစက်၏ မိခင်ကို ကြည့်ပြီး စကားဆက်သည်။
“ ခင်များသမီးက အချစ်နာကျနေတာ … ဒီတော့ ဒီရဲ့ ဆေးပုလင်းက ခင်များသမီးရဲ့ ရောဂါကို ကုသဖို့ အထူးဆေးဝါးပဲ … သူ့ကို စိတ်ပျော်ရွှင်စေတဲ့ဆေးလို့ ခေါ်တာ မမှားဘူး …”
ဤရှင်းပြချက်ကို ကြားတော့ ကြည့်ရှုသူများနှင့် လွမ်းဆွေးနှင်းစက်၏ မိခင်မှာ မည်သို့ တုံ့ပြန်လို့ တုံ့ပြန်ရမှန်း မသိ ဖြစ်သွားခဲ့ကြသည်။
ချန်ယွီ့က ပေါက်တတ်ကရများ လျှောက်ပြောနေသည်ကို သူမ ကောင်းကောင်း သိသည်။ သို့သော် တစ်မျိုးတစ်ဖုံ ယုတ္တိကျနေပြန်သည်။
“ အသက်ရှည်ချောင်းကတော့ … နာမည်အတိုင်းပဲ …”
ချန်ယွီ့က အစပ်ချောင်းထုပ်ကို ပုတ်ပြလိုက်၏။
ထန်ဆန်း ကိုယ်တော် အသား။
“ ပုံပြင်ဇာတ်လမ်းထဲမှာ ထန်ဆန်း ကိုယ်တော်ရဲ့ အသားကို စားရင် ဘာဖြစ်မယ်ဆိုတာ လူတိုင်း သိကြမှာပါ …”
“ ဒီရဲ့ တစ်ချောင်း စားတာက ရောဂါအားလုံးကို ကုသနိုင်တယ် … ပိုပြီး များများလေး စားလိုက်ရင် အသက်ကိုရှည်စေနိုင်မယ် … ဒါကို အသက်ရှည်ချောင်းလို့ ခေါ်တာ မှားသလား ….”
ချန်ယွီ့ ဤမေးခွန်းကို မေးမြန်း၍ လူတိုင်း၏ စိတ်ဝိဉာဏ်များကို တုန်ခါသွားစေခဲ့သည်။
“ ဒါ မမှားနေသလိုပဲ …..”
သူ့ကွန်ပျူတာရှေ့တွင် ထိုင်နေရင်း ချယ်ရီသစ်ပင်သည် ခေါင်းရမ်းလိုက်သည်။
ငယ်စဉ်ကတည်းက အနောက်အရပ်သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲ ကြည့်ရတာကို နှစ်သက်ခဲ့ပြီး ထိုအထဲ နတ်ဆိုးများ အပြောများခဲ့သည်မှာ ထန်ဆန်းကိုယ်တော် အသား စားသုံးခြင်း၏ ကောင်းကျိုးများပင်။
“ မေမေ … သမီး ဒေါက်တာချန်ကို ယုံတယ် ….”
လွမ်းဆွေးနှင်းစက်က သူ့မိခင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
သူမ ချစ်မြတ်နိုးသည့် ကောင်လေး အတွက် … သူမ လောင်းကြေးထပ်ဖို့ရာ ဆန္ဒရှိသည်။
“ အဲ့တာဆိုလည်း ကောင်းပြီလေ ….”
သူမ သမီးလေး ပြောလာသည်နှင့် … သူမကိုယ်တိုင်က မည်မျှပင် သံသယ များနေစေကာမူ သူမ ဝယ်ကို ဝယ်ရမည်။
၎င်းနောက် ချန်ယွီ့ သူမထံသို့ တိုက်ရိုက် သီးသန့် မက်ဆေ့ချ် ပို့လိုက်၏။
ယင်းက သူ၏ ဝီချက် နံပါတ်ဖြစ်ပြီး ငွေပေးချေရမည့် နည်းလမ်းနှင့် အမြန်ချောပို့ လုပ်ပေးမည့် အသေးစိတ် အချက်အလက်တို့ ပါဝင်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် လွမ်းဆွေးနှင်းစက်၏ စခရင်သည်လည်း ပျောက်ကွယ်သွားခဲ့တော့သည်။
“ ဒေါက်တာချန် … အဲ့ဒီဥစ္စာ နှစ်ခုက တကယ်ပဲ သူတို့ ရောဂါတွေကို ကုပေနိုင်တာလား ….”
“ အင်း … ဒေါက်တာချန်က အပျောက်ကုပေးမှာစိတ်ချ (အသက်) …. “
“ ဒေါက်တာချန်က ပေါက်ကရတွေ လျှောက်ပြောနေတယ်ဆိုတာ ငါ အခုမှပဲ သတိထားမိတော့တယ် ….”
“ သူငယ်ချင်းလေး … မင်း မေးခွန်းတွေ တအား များနေတယ်လို့ မထင်ဘူးလား ….”
“ ဒေါက်တာချန် … ငါမေးချင်တာ တစ်ခု ရှိတယ် … လူတိုင်းလူတိုင်း တစ်စုံတစ်ယောက်အပေါ် အတိုင်းအတာတစ်ခုတော့ တိတ်တိတ်လေး သဘောကျဖူးကြတာပဲလေ … အဲ့ ကောင်မလေးအလှည့်ကျမှ ဘာလို့ ဒီလောက်ထိ ဆိုးဆိုးရွားရွား ပြင်းထန်နေရတာလဲ….”
ထိုကွန်းမန့် ပေါ်လာသည်နှင့် ယင်းက လူတော်တော်များ၏ စိတ်ထဲ လွှမ်းမိုးသွားခဲ့သည်။
အမျိုးသားဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ လူတိုင်း မိမိတို့၏ ငယ်ဘဝတွင်တော့ တစ်စုံတစ်ယောက်ကို အဝေးကနေ ငေးရင်း တိတ်တိတ်လေး သဘောကျခဲ့ဖူးကြမှာ အမှန်ပင်။
ကိုးဆယ်ရာခိုင်နှုန်းသော လူများက တစ်စုံတစ်ယောက်ကို တိတ်တိတ်လေး သဘောကျခဲ့ဖူးကြောင်း စစ်တမ်းများတွင် ဖော်ပြခဲ့ဖူးသည်။ ကျန်ဆယ်ရာခိုင်နှုန်းကလည်း အတူတူပင်။ ထိုလူများကတော့ ဖွင့်ပြောပြီး အောင်မြင်သွားခဲ့ကြသည့် လူများ ဖြစ်၏။
“ အဲ့တာက သူ့ ကလေးဘဝနဲ့လည်း နည်းနည်းဆိုင်တယ် …. “
“ သူ့အဖေက အစောကြီး ကွယ်လွန်သွားခဲ့ရတယ် … အမေဖြစ်သူကလည်း သူ့စီးပွားရေး လုပ်ငန်းတွေနဲ့ပဲ တစ်ချိန်လုံး အလုပ်ရှုပ်နေတယ် …” ချန်ယွီ့ စကားကို ဖြည်းညင်းစွာ ပြောလိုက်သည်။ “ လွမ်းဆွေးနှင်းစက်မှာ အချိန်ဖြုန်းဖို့က စာအုပ်တွေ ဖတ်ဖို့ကလွဲပြီး သူ့မှာ တခြားနည်းလမ်း မရှိဘူး ..”
“ သူ့အဖေက ဂန္တဝင်စာပေ အယ်ဒီတာ ဖြစ်ခဲ့ဖူးတော့ သူ့အိမ်မှာ ဂန္တဝင် ဝတ္ထုတွေ အများကြီး ချန်ထားပေးခဲ့တယ် …”
“ လွမ်းဆွေးနှင်းစက်က နူးညံ့သိမ်မွေ့တဲ့ ခံစားချက်နဲ့ မိန်းကလေး ….”
“ ဝတ္ထုတွေ အဖတ်များပြီးတဲ့နောက်မှာ သူ့ကိုယ်သူ အချစ်စစ်ကို တောင့်တတဲ့ အဲ့ဒီ လှပတဲ့ ဂန္တဝင် အချစ်ဝတ္ထုတွေထဲက မိန်းမငယ်လေး တစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ပုံဖော်လာတယ် …. ပြောရရင် မသိလိုက်ဘဲ ဦးနှောက်ဆေးမိသွားတာပေါ့ …. ဒါမျိုးက လူတော်တော်များများ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အရာတစ်ခုပဲ … ဥပမာ ဘယ်လို အချစ်ဇာတ်ကားကို ကြည့်ပြီး အချစ်အပေါ် ရှုမြင်ပုံတွေ ဘယ်လို ပြောင်းလဲသွားခဲ့တာတို့ …. ဒီလို အချစ်မျိုးမှ မဟုတ်ရင် ဘယ်သူ့ကိုမှ မချစ်တော့ဘူးဆိုပြီးပေါ့ …. တကယ်တော့ တစ်ချို့အရာတွေက ဇာတ်လမ်းတွေထဲမှာပဲ ရှိနိုင်တဲ့ လက်တွေ့မဆန်တဲ့ အချစ်ပုံပြင်တွေပဲ… ”
“ လင်သိုက်ယွီ ၊ ရွှယ်ပေါင်ချိုက် ၊ ကျော့ဝန်ကျွင်း … သူတို့တွေအကုန်လုံးက သူ့ရဲ့ စံပြအိုင်ဒေါတွေ ….”
ချန်ယွီ့ လည်ချောင်းရှင်းပြီး လွမ်းဆွေးနှင်းစက်က မည်သို့မည်ပုံ အသည်းကွဲ ရောဂါ ဝေဒနာကို ခံစားလာရလဲဆိုတာကို စပြီး ရှင်းပြသည်။
ယေဘုယျအားဖြင့် ထိုသို့သော ရောဂါ ဝေဒနာရှင်တို့မှာ ပုံမှန်အားဖြင့် အသက် သုံးဆယ်ကျော်အရွယ် သက်လတ်ပိုင်း လူကြီးများထံတွင်သာ ဖြစ်လေ့ဖြစ်ထရှိသည်။
လွမ်းဆွေးနှင်းစက်က ထူးခြားသည့် ကေ့စ်များအနက် အထူးစပယ်ရှယ် ကေ့စ်တစ်ခု ဖြစ်နေခဲ့သည်။
သူမ အိုင်ဒေါတင်ထားသည့် အမျိုးသမီး သုံးယောက်လုံးက ချမ်းသာသည့် မိသားစုတွင် ပေါ်ဖွားလာခဲ့ကြသူများပင်။ ယခု သူမ အတိုင်းဖြစ်၏။
သူမတို့ အားလုံးက အရည်အချင်း ရှိသည့် ပညာသင်ကျောင်းတော်သားများ ဖြစ်ကြပြီး လွမ်းဆွေးနှင်းစက်သည်လည်း ထူးချွန်သည့် ထိပ်တန်း ကျောင်းသူ တစ်ဦး ဖြစ်သည်။
အမျိုးသမီး သုံးဦးလုံးက ပြိုင်ဘက်ကင်း အလှတရား ပိုင်ရှင်များ ဖြစ်ကြပြီး လွမ်းဆွေးနှင်းစက်ကလည်း သူမကိုယ်သူမ ရုပ်ဆိုးသည့်ထဲ မပါကြောင်း သိသည်။
ထိုသို့ဖြင့် သူမကိုယ်သူမ အသည်းကွဲရောဂါ ဝေဒနာကို မွေးမြူခဲ့လေသည်။
“ ဪ …. ကိုယ့်ကိုယ်ကို ဖန်တီးလိုက်တဲ့ ရောဂါကိုး ….”
“ မင်းပြောတော့မှ သူ့မှာ အဲ့ဒီ အမျိုးသမီး သုံးယောက်နဲ့ တူညီတဲ့ အချက်တွေ တော်တော်များများ ရှိနေတာပဲ …..”
“ ငါလည်း ဟန်ပြည်ထောင်ရဲ့ အင်ပါယာဝူနဲ့ ယှဉ်လို့ရတယ် … ငါ့မျိုးရိုးနာမည်က လျို … ငါ့မွေးရပ်မြေကလည်း မြောက်ပိုင်းကပဲ ….”
"ငါ့သား လျိုချဲ့က ကျင်းအင်ပါယာ လျိုချီရဲ့ သားတော်ပဲ ... သူအခု အန္တရာယ် ကျရောက်နေပြီ .... ကျေးဇူးပြုပြီး ငါ့ဆီ ပိုက်ဆံလွှဲလိုက်ပါ..."
“ ငါ ကိုယ်တော် အင်ပါယာဝိန် … မောင်မင်းဆီ ငွေလွှဲလိုက်မယ် ….”
“ ကောင်းကင်ဘုံ … မင်းတို့ကောင်တွေ ရူးကုန်ကြပြီပဲ …. ”
“ သူ ရွေးချယ်ထားတဲ့ အိုင်ဒေါသုံးယောက်လုံးကလည်းကွာ … တစ်ယောက်က စိတ်အစွဲလန်းကြီးတဲ့လူ ၊ တစ်ယောက်က အချစ်ရူး ၊ အင်း နောက်ဆုံးတစ်ယောက်ကျတော့လည်း အပေါ်က နှစ်ယောက်လုံး ပေါင်းထားတဲ့လူ ဖြစ်နေတယ် ….”
“ အချစ်ရူးမှုရဲ့ ကိုယ်စားပြုသူ ….”
“ အချစ်ရူး အချစ်ရူး ဆိုပြီး မပြောကြနဲ့ … ဒါ အချစ်အပေါ် အသက်ပေးပြီး သစ္စာရှိတယ် ခေါ်တယ်ကွ ….”
“ လိုး …. ရယ်သေပြီ ……”
ကြည့်ရှုသူများက လွမ်းဆွေးနှင်းစက်၏ ရောဂါမှာ မိမိဖန်တီးမှု၏ အကျိုးဆက်သာလျှင် ဖြစ်ကြောင်း ကောက်ချက်ချလိုက်ကြသည်။
ရိုမန့်တစ်ဆန်သည့် အချစ်ဝတ္ထုဇာတ်လမ်းတို့မှာ စိတ်အပန်းဖြေရုံ သပ်သပ်မျှသာ ဖြစ်ပြီး လေးလေးနက်နက် အတည်ပေါက် ယူဆနေသူတို့က စောက်ရူးများပင်။
“ ကဲ တော်ကြတော့ … လူတိုင်းပဲ … လူနာကို လှောင်ရယ်မနေကြနဲ့ … ငါတို့ နောက်လူနာ တစ်ယောက်ကို ဖိတ်ခေါ်ကြမယ်….”
ချန်ယွီ့ ဆက်ရှင်တစ်ခုကို အဆုံးသတ်လိုက်သည်။
“ နောက်ရောက်လာမယ့် ကြည့်ရှုသူကလည်း ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားနေရတဲ့ စိတ်ရောဂါသည် ဖြစ်မယ်လို့ ငါ ခန့်မှန်းတယ် ….”
“ ငါလည်း ပြောမယ် … သူက စိတ်ရောဂါဝေဒနာသည်ပဲ ….”
“ ငါတို့ စကားပြောခန်းရဲ့ စိတ်ကျန်းမာရေးကို စောင့်ရှောက်ဖို့က လူတိုင်းမှာ တာဝန်ရှိတယ် … ဒီနေ့က ကြာသပတေးနေ့ … ဆိုတော့ လူတိုင်းပဲ … ငါ့ကို တစ်ယောက် ယွမ် ၅၀ဆီ ထည့်၀င်ပေးကြပါ…”
ချန်ယွီ့ သူ့နောက်လူနာ အသစ်ကို ဖိတ်ခေါ်သည့် အချိန်တိုင်း လိုက်စထွင်း စကားပြောခန်းထဲတွင် ပျော်ရွှင်ဖွယ်ရာ လေထု အငွေ့အသက်တို့ ပြည့်နှက်နေပေလိမ့်မည်။
“ ကောင်းကင်ဘုံ … ဒီနေ့က ဘာနေ့လဲ … အပြည်ပြည်ဆိုင်ရာ အလှလေးများနေ့လား … ဘာလို့ ဝင်လာတဲ့ နှစ်ယောက်လုံးက အလှလေးတွေ ဖြစ်နေရတာလဲ …”
“ နှစ်ယောက်လုံးက type လည်း မတူကြဘူး … တစ်ယောက်က အားနည်း နူးညံ့ပြီး ကာကွယ်ပေးချင်စရာ ကောင်းတဲ့ ပုံစံလေး … ဒီတစ်ယောက်ကကျတော့ တက်ကြွပြီး အန်နာဂျီလည်း အပြည့်နဲ့ …”
“ ဒီမိန်းကလေးက နေမင်းကြီးလို တောက်ပနွေးထွေးပြီး ပြုံးရွှင်နေတဲ့ မိန်းကလေးပုံစံမျိုးပဲ … ငါ သဘောကျတယ် …”
“ ဗုဒ္ဓေါ … သူ့ရဲ့ အလှက စာတွေစီပြီး ဖွဲ့နွဲ့ပြလို့ လိုက်မမီနိုင်အောင်ပါလား …”
“ ငါ သူ့ရဲ့ အလှကို ဖွဲ့နွှဲ့ပြဖို့ မဆုံးနိုင်မယ့် စာပိုဒ်ကြီး တစ်ပိုဒ် ရေးပြနိုင်တယ် … ဒါပေမယ့် အဲ့လို လုပ်ရင် spam ဖြစ်သွားမလား ….”
ဒုတိယ ဝင်ရောက်လာသူက လူတိုင်းပြောနေကြသည့် အတိုင်း အမှန်ကို ရွှင်ပြတက်ကြွပြီး အန်နာဂျီအပြည့်နှင့် မိန်းကလေး တစ်ဦးပင်။
သူမက လွမ်းဆွေးနှင်းစက်ကဲ့သို့ နှစ်ဆယ်ကျော် အရွယ်ပင်။ သို့သော် နှစ်ဦး၏ ပုံစံတွေကတော့ လုံးလုံးလျားလျား ကွဲပြားနေခဲ့သည်။
အသစ် ဝင်ရောက်လာသည့် မိန်းကလေးက ဆံပင်ကို ရိုးရှင်းသည့် မြင်းမြီးပုံစံ စုချည်ထားသည်။
သူမ၏ မျက်နှာလှလှလေးက နွေးထွေးတောက်ပမှုကို ပေးနိုင်သည့် နေမင်းကြီးနှင့် တူပြီး လူကို ပျော်ရွှင်စေသည်။ သူမ၏ အသားအရေကလည်း ဂျုံစပါးခင်းနှယ် ကျန်းမာပြီး ရွှေရောင်ဝင်းပါနေခဲ့သည်။
ခြုံငုံသုံးသပ်ကြည့်လိုက်မည်ဆိုပါက သူမ၏ အလှတရားတို့မှာ စကားလုံးများနှင့် ဖွဲ့နွှဲ့ပြရန်ပင် အင်မတန် ခက်ခဲလှ၏။
လွမ်းဆွေးနှင်းစက်၏ ခန့်မှန်းမရနိုင်သည့် အချစ်ဇာတ်လမ်းကို တွေ့ကြုံခံစားကြပြီးသည့်နောက် ကြည့်ရှုသူများမှာ ဤသို့သော တက်တက်ကြွကြွနှင့် မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသည့်အတွက် ပျော်ရွှင်နေခဲ့ကြသည်။