← Chapters

သူက ထပ်ပြီးယုံလို့မရတော့ပြန်ဘူး

Vol. 4 Ch. 55

သူက ထပ်ပြီးယုံလို့မရတော့ပြန်ဘူး

Vol. 4 Ch. 55

နောက်တစ်နေ့၌.....

နေရောင်ခြည်သည် စိမ်းစိုနေသော သစ်ရွက်များကြားမှ ဖြတ်သန်းလာကာ မြေပြင်ပေါ်တွင် ပါးလွှာသောငွေရောင်နှင်းလွှာတစ်လွှာ လွှမ်းခြုံနေသည်။ကျွီခနဲမြည်သံနှင့်အတူ အခန်းတံခါး ဖြည်းညှင်းစွာပွင့်သွားပြီး ကျန်းရွှမ် ထွက်လာသည်။

သောက်လီသည် အကြောက်လွန်ပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိသဖြင့် မြင်း၏ရင်းမြစ်ရေအိုင်ကို သူ ရှာဖွေရာ၌ အချိန်အတော်ကြာမြင့်သွားခဲ့သည်။ကောင်းကင်ကံကြမ္မာစွမ်းအင်မရှိ အကဲဖြတ်စစ်ဆေးမှုကို ပြုလုပ်ရခြင်းလည်းမရှိသော်လည်း မိုင်ထောင်ချီမြင်း၏မွေးရာပါရုပ်ခန္ဓာကိုယ်သည် ရင်းမြစ်စွမ်းအင်များကို စုပ်ယူနိုင်သော်ငြားလည်း အလွန်နှေးကွေးသည်။

နောက်တစ်ဆင့်သည် မီးပြင်းဖိုကိုထွန်းညှိခြင်းပင်။

သောက်လီသည် ကမ္ဘာတစ်ခု၏အရှင်သခင် မဟုတ်သဖြင့် မူလဘူတမြေဝါရောင်စွမ်းအင် မရှိသော်လည်း မြင်း၏မီးပြင်းဖိုကို ထွန်းညှိရန်အတွက် သူသည် ချီအာရုံခံစားမှုအနည်းငယ်ကို ငှားရမ်းပေးခဲ့သဖြင့် လွယ်ကူသွားခဲ့သည်။ဤသည်မှာ ကျောက်ယတို့လူစုကို သူ သိုင်းပညာရပ်များ သင်ကြားပေးစဥ်အချိန်ကနှင့် တူညီသည်။သူတို့သည် ကောင်းကင်လမ်း၏တားမြစ်ကန့်သတ်ချက်များကြောင့် သာမာန်လမ်းကြောင်းအရ ကျင့်ကြံနိုင်ခြင်းမရှိသော်လည်း အားနည်းချက်များကိုရှာဖွေပြင်ဆင်သည့်လမ်းကြောင်းသည် ကောင်းစွာအလုပ်ဖြစ်ပေ၏။

မီးပြင်းဖိုကို ထွန်းညှိပြီးနောက် သောက်လီသည် အဆင့်နိမ့်ဆုံးအဆင့် ဖြစ်သော်ငြားလည်း ရင်းမြစ်သားရဲတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။သူ၏အတင်းအကျပ်ခိုင်းစေမှုအောက်တွင် မြင်းသည် ရှုပ်ထွေးသောမရီဒါန်းများမှတဆင့် ရင်းမြစ်စွမ်းအင်ကို အောင်မြင်စွာသန့်စင်နိုင်ခဲ့သည်။သို့ရာတွင် သူ တစ်ညလုံးအင်အားစိုက်ထုတ်ခဲ့သည့်တိုင် ရာနှင့်ချီသောမရီဒါန်းများအနက်မှ တစ်ခုကိုသာ ဖွင့်နိုင်ခဲ့သည်မှာ သိသာထင်ရှားသည်။

ပွင့်နေသောမရီဒါန်းများ ရှားပါးမှုကြောင့် မြင်း၏စုပ်ယူမှုအရှိန်နှုန်းသည် တစ်ရက်လျှင်စွမ်းအင်တန်းဆယ်တန်းသာ ရှိသည်။ဤသည်မှာ မီးစာအဖြစ် သစ်ပင်ပန်းမန်များကိုအသုံးပြုသော အဆင့်နိမ့်မီးပြင်းဖိုတစ်လုံးနှင့် တူညီနေပေ၏။

"မြင်းတကောင်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံက လူသားတွေနဲ့ မတူဘဲနဲ့ ပိုပြီးကြီးမားတယ်....သဘောတရားအရဆိုရင် မြင်းက စွမ်းအင်တွေကို ပိုပြီးမြန်မြန်စုပ်ယူနိုင်သင့်တယ်....ဒီအရှိန်နှုန်းနှေးကွေးမှုက မမှန်ကန်တဲ့နည်းလမ်းတွေကြောင့်ပဲ ဖြစ်မယ်"

ကျန်းရွှမ် အနည်းငယ်ဒေါသထွက်သွားသည်။

ဤအရှိန်နှုန်းသည် အလွန်နှေးကွေးပေ၏။

သို့ရာတွင် သူ့ထံ၌ ရွေးချယ်စရာမရှိချေ။ရင်းမြစ်သားရဲများ၏ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံသည် လူသားများနှင့် အလွန်အမင်းကွဲပြားခြားနားသည်။သောက်လီ၏စွမ်းအင်စုပ်ယူမှုအရှိန်နှုန်းကို မြှင့်တင်နိုင်ရန် မရီးဒါန်းများကို အပြည့်အဝဖွင့်ပေးရန် လိုအပ်သည်။နောက်ပိုင်းကျမှ သူသည် ဤကိစ္စနှင့်သက်ဆိုင်သော စာအုပ်များကို ရှာဖွေရပေမည်။

အမှန်အားဖြင့် ပွင့်နေသောမရီဒါန်းတစ်ခုတည်းကပင် တစ်ညတည်းဖြင့် စွမ်းအင်တန်းဆယ်တန်းကို စုပ်ယူနိုင်စေခဲ့သည်။အကယ်၍ မြင်း၏ရာနှင့်ချီသောမရီဒါန်းများ အပြည့်အဝပွင့်သွားပါက ရလဒ်အနေဖြင့် မယုံနိုင်ဖွယ်ကောင်းအောင်လျှင်မြန်သော ကျင့်ကြံမှုအရှိန်နှုန်းကို ရရှိပေမည်။ဤကိစ္စကို သူ တွေးကြည့်မိရုံဖြင့် အလွန်စိတ်လှုပ်ရှားသွားသည်။

သောက်လီ၏ကိစ္စ ပြီးသွားချိန်၌ ကျန်းရွှမ်သည် အနားမယူချေ။သူသည် သူ၏ဒဏ်ရာများကိုကုသရင်း အဆက်မပြတ်ကျင့်ကြံနေခဲ့သည်။

ကုသရာ၌ အာရုံစိုက်ထားသဖြင့် သူ၏စွမ်းအင်စုပ်ယူမှုနှုန်းသည် မမြန်သော်လည်း တစ်ညကုန်ဆုံးသွားပြီးနောက် သူ၏ရွှမ်ကမ္ဘာအတွင်း၌ သန့်စင်ပြီးသော ရင်းမြစ်စွမ်းအင်များဖြင့် ပြည့်နှက်သွားကာ စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။သူ၏ခွန်အား များစွာမြင့်တက်လာခြင်း မရှိသော်လည်း နောင်အနာဂတ်ကျင့်ကြံရာ၌ ကျစ်လစ်သောအခြေခံအုတ်မြစ်ချရန် လုံလောက်သည့် ရင်းမြစ်စွမ်းအင်များကို သိမ်းဆည်းထားနိုင်ခဲ့သည်။

"မင်း ဒီနေရာမှာ နေခဲ့ပြီးတော့ မင်းရဲ့မရီးဒါန်းတွေကို ဘယ်လိုပွင့်အောင်ဖွင့်မလဲဆိုတာ စဥ်းစားထားစမ်း....ငါက အခု အတန်းထဲကိုသွားဖို့လိုတယ်"

သောက်လီအား မရီဒါန်းများဖွင့်သည့်အပေါ် စဥ်းစားထားရန် ညွှန်ကြားပြီးနောက် ကျန်းရွှမ်သည် ခြံဝန်းငယ်လေး၏တံခါးဝထံသို့ ဦးတည်၍လျှောက်လှမ်းလိုက်၏။သူ ခြေလှမ်းအနည်းငယ်သာ လျှောက်လှမ်းပြီးသော အချိန်မှာပင် သောက်လီ၏ဗိုက်မှ ခပ်အုပ်အုပ်မြည်ဟီးသံများနှင့်အတူ မြင်းထံမှ နာကျင်စွာငိုကြွေးလိုက်သံတစ်သံကို သူ ကြားမိသည်။

"ဒါက....."

ကျန်းရွှမ်က ရှက်ကိုးရှက်ကန်းဖြင့်ခေါင်းကုတ်ကာ ဤခြံဝန်းငယ်လေးအတွင်းတွင် မြင်းများအတွက် မည်သည့်ကောက်ရိုးနှင့်မြင်းစာမျှ မရှိသဖြင့် သောက်လီ ဆာလောင်နေခြင်းဖြစ်ကြောင်း နားလည်သွားသည်။

"ငါ အတန်းပြီးရင် မင်းအတွက် အစာတချို့ဝယ်ပေးမယ်..."

သူသည် သောက်လီကို နှစ်သိမ့်ပြီးနောက် ကျောင်းအုပ်ကြီးလု စီစဥ်ပေးထားသော စာသင်ခန်းထံသို့ ဆက်လက်၍ လျှောက်လှမ်းသွားလိုက်သည်။မကြာမီမှာပင် သူသည် ထိုနေရာသို့ ရောက်ရှိသွားပေ၏။

"ဘာလို့ ဒီနေရာမှာ လူတွေအများကြီး ရှိနေတာလဲ..."

စာသင်ခန်းထံသို့ မရောက်သေးမီမှာပင် လူအုပ်ကြီးစုဝေးနေသည်ကို ကျန်းရွှမ် မြင်တွေ့မိသည်။ဤနေရာတွင် ဆရာများနှင့်ကျောင်းသားများ ထောင်နှင့်ချီ၍ ရှိနေသည်။

ကျောင်းသားသစ်နှစ်ယောက်အား သင်ကြားပေးမည့် သူ၏အတန်းရှေ့တွင် မည်သည်ကြောင့် လူအမြောက်အများရှိနေသနည်း။ကြည့်ရသည်မှာ သူတို့သည် ဖျော်ဖြေပွဲတစ်ခုသို့ တက်ရောက်လာသည့်အလားပင်။

"ဆရာသစ်တစ်ယောက်ရဲ့ ပထမဆုံးအတန်းက အမြဲတမ်း တံခါးဖွင့်သင်ခန်းစာလေ...ဆရာက အဲ့ဒီကိစ္စကို မသိဘူးလား...."

သူ၏ဇဝေဇဝါအမူအယာကို မြင်တွေ့သဖြင့် ကျောင်းသားတစ်ယောက်က ရှင်းပြသည်။

"တံခါးဖွင့်သင်ခန်းစာလား...."

ကျန်းရွှမ်၏မျက်လုံး ပေကလတ်ပေကလတ်ဖြစ်သွားသည်။တံခါးဖွင့်သင်ခန်းစာဆိုသည်မှာ နာမည်အတိုင်း ကျောင်းတစ်ကျောင်းလုံးမှ ကြည့်ရှုလေ့လာရန်အတွက် အခန်းတံခါးကိုဖွင့်၍ သင်ခန်းစာများ သင်ကြားပေးရခြင်းဖြစ်သည်။သူသည် တံခါးဖွင့်သင်ခန်းစာကို ပို့ချပေးရမည်ဟု ဆိုသလော။သူသည် ဤကိစ္စအတွက် အနည်းငယ်မျှ ပြင်ဆင်ထားခြင်းမရှိချေ။

'စိတ်ထဲမထားတော့ဘူး...ငါက အခန်းထဲကိုဝင်သွားပြီး သင်ကြားပေးရုံပဲ'

ကျန်းရွှမ်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။ခေတ်ကာလအဆက်ဆက်၏ အနှိုင်းမဲ့ဆရာသခင်ဖြစ်ခဲ့သော သူ၏အတိတ်တွင် သူ၏တံခါးဖွင့်သင်ခန်းစာကို သောင်းနှင့်သိန်းနှင့်ချီသောလူများ စောင့်ကြည့်ခဲ့ကြသည်။ဤလူတစ်ထောင်ခန့်သည် သူ့အတွက် နည်းပါးသောပရိသတ်ပင်။

လူအုပ်ကြီးနှင့်မလှမ်းမကမ်းအကွာရှိ သေးငယ်သောအဆောက်အအုံတစ်လုံးအတွင်းတွင် ကျောင်းအုပ်ကြီးလုတို့လူစု တည်ကြည်လေးနက်စွာ ထိုင်နေကြသည်။သူတို့တစ်ယောက်ချင်းစီထံတွင် အကျပ်ရိုက်နေသောအမူအယာရှိသဖြင့် ပတ်ဝန်းကျင်အခြေအနေ မှုန်မှိုင်းနေသည်။

"ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဆုံးဖြတ်ချက်က နည်းနည်းတော့ အဆင်အခြင်မဲ့ရာကျတယ်"

အကြီးအကဲယန်ချင်ရှုက ကူကယ်ရာမဲ့စွာဖြင့် မှတ်ချက်စကားပြောဆိုသည်။

"ဒါက ငါ သူ့ကို မယုံလို့မဟုတ်ဘူး...ဒါပေမဲ့ လူတစ်ယောက်မှာ မြင့်မားတဲ့ပါရမီအရည်အချင်းရှိတိုင်း သင်ပြမှုမှာကောင်းမယ်လို့ မဆိုလိုဘူး....ဒါကို ငါတို့ အရင်က အကြိမ်ပေါင်းများစွာ သက်သေသာဓကတွေ တွေ့ခဲ့ပြီးပြီ"

"သေချာတာပေါ့...သူက ဒီတံခါးဖွင့်သင်ခန်းစာနဲ့ ပတ်သက်ပြီးတော့ ငါတို့ကို ကြိုပြီးအကြောင်းကြားသင့်တယ်...ဒါဆိုရင် ငါတို့ရဲ့သင်ကြားရေးအတွေ့အကြုံတွေ သူ့ကို မျှဝေပေးလို့ရတယ်....ဒါမှမဟုတ်ရင် အနည်းဆုံးတော့ သူ သင်ပြနိုင်ဖို့အတွက် ငါတို့ဆီကနေ သင်ယူထားသင့်တယ်...ပိုဆိုးတာက မီးပြင်းဖိုထွန်းညှိခြင်းလို အရေးကြီးတဲ့ သင်ခန်းစာမျိုးဖြစ်နေတာပဲ....တကယ်လို့ သူ ကျရှုံးသွားရင် သူ့ကိုအပြစ်တင်ခံရရုံတင် မကဘူး အဖြူရောင်ကျောက်တုံးကျောင်းတော်ကလည်း သံသယတွေအများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်"

ဒုတိယအကြီးအကဲဝူလျှူယွင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ပြပြီး သူ့ကိုကြည့်ရသည်မှာ ထပ်တူထပ်မျှ အကျပ်ရိုက်နေပုံပင်။သူတို့သည် စာသင်ကြားရာ၌ ကောင်းမွန်ခြင်းမရှိသော ထိပ်သီးပါရမီရှင်အမြောက်အများကိုကြုံတွေ့ခဲ့ဖူးသည်။ဤထိပ်သီးပါရမီရှင်များ ရိုးရှင်းစွာရှာတွေ့သောအရာသည် သာမန်ကျင့်ကြံသူများအတွက် မယုံနိုင်ဖွယ်ကောင်းလောက်အောင် ခက်ခဲနေနိုင်သည်။သူတို့အကြားရှိအတွေးအခေါ်များသည် တူညီသောအဆင့်၌ ရှိမနေချေ။

ဤအကြောင်းပြချက်ကြောင့် ကျန်းရွှမ်သည်ယနေ့၌ ကျင့်ကြံနည်းစနစ်တစ်ခုကို သင်ကြားပေးကာ သူ့တပည့်များ၏မီးပြင်းဖိုကို ထွန်းညှိနိုင်ရန် ကူညီပေးမည်ဟု သူတို့ကြားသိခဲ့ရသည့်အပြင် ဤသည်မှာ တံခါးဖွင့်သင်ခန်းစာတစ်ခုဖြစ်နေသဖြင့် သူတို့၏အသိစိတ်များ လွတ်ကင်းသွားလုမတတ်ပင်။

ဤသည်မှာ အလွန်အဆင်အခြင်မဲ့ပေ၏။

ကျန်းရွှမ်သည် ရင်းမြစ်စွမ်းအင်များကို အရူးအမူးစုပ်ယူကာ လေဟာနယ်တစ်ခုကိုပင် ဖန်တီးနိုင်လုနီးပါးဖြစ်ခဲ့ခြင်းကပင် အလွန်အမင်းမိုက်မဲရာကျသည်ဟု သူတို့ တွေးထင်ခဲ့ကြသည်။သူသည် ပို၍ရူးသွပ်မိုက်မဲသော ကိစ္စတစ်ခုကိုလုပ်ဆောင်မည်ဟု သူတို့ တစ်ကြိမ်တခါမျှ တွေးထင်မထားမိချေ။

"ငါက အဲ့ဒီနေရာကိုသွားပြီး ဒီတံခါးဖွင့်သင်ခန်းစာကို ပယ်ဖျက်ဖို့ အကြံပြုသင့်လား...တကယ်လို့ သူက ယုရှောင်ယွီနဲ့လျှူမင်ယွဲ့တို့ရဲ့မီးပြင်းဖိုတွေကို ထွန်းညှိနိုင်အောင် ကူညီမပေးနိုင်ဘူးဆိုရင် အရမ်းအရှက်ကွဲသွားလိမ့်မယ်"

တတိယအကြီးအကဲဟဲချင်သည် ချီတုံချတုံဖြစ်နေပြီးနောက် ပြောဆိုလိုက်၏။

"အလျင်မလိုနဲ့....ဒီသတင်းက ပြန့်သွားပြီဖြစ်မှတော့ အခုချိန်မှာပယ်ဖျက်ရင် အငြင်းပွားစရာတွေ ပိုဖြစ်လာလိမ့်မယ်"

ကျောင်းအုပ်ကြီးလုက ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။

ယမန်နေ့က ကျန်းရွှမ်ကြောင့် သူတို့အားလုံး၏စွမ်းအားများ ခမ်းခြောက်သွားသဖြင့် ညဥ့်နက်ချိန်မှ ပြန်ထွက်လာနိုင်ခဲ့သည်။ စာကြည့်တိုက်မှာထွက်လာပြီးနောက် ဤတံခါးဖွင့်သင်ခန်းစာအကြောင်းကို သူတို့ကြားလိုက်ရသဖြင့် မိုးပြိုကျလာသည့်အလား ခံစားလိုက်ရသည်။

'ငါတို့တွေ ရက်နည်းနည်းလောက် တိတ်တိတ်လေးကျင့်ကြံနေလို့ မရဘူးလား

ကျောင်းတော်၌ တစ်ရက်မပြည့်သေးမီမှာပင် ကျန်းရွှမ်သည် ကြီးမားသောပြဿနာသုံးခုကို ဖြစ်ပွားသွားစေခဲ့သည်။အကယ်၍ ဤအတိုင်း ဆက်ဖြစ်နေပါက သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်တော့မည် မဟုတ်ချေ။

ဝူယွင်ကျိုးက ပြောဆိုသည်။

"ဒါဆိုရင် ငါတို့ အခုဘာလုပ်သင့်လဲ...ဒီသတင်းကို တမင်သက်သက်ဖြန့်တဲ့ တစ်ယောက်ယောက် ရှိနေလိမ့်မယ်...ဒီကိစ္စကို ကျောင်းတော်တစ်ခုလုံးတင် မကဘူး...အဖြူရောင်ကျောက်တုံးမြို့တစ်မြို့လုံးတောင် သတိထားမိနေပြီ...တကယ်လို့ သူ ကျရှုံးသွားရင် သူ့ကို ဆရာအဖြစ်ခန့်ခဲ့တဲ့ မင်းရဲ့နာမည်ဂုဏ်သတင်းလည်း အကြီးအကျယ်ထိခိုက်သွားလိမ့်မယ်...."

လုမင်ရုန်က တုံ့ပြန်သည်။

"ငါ ဒါတွေကို စဥ်းစားပြီးသားပါ...အရင်ဆုံး စောင့်ကြည့်ကြတာပေါ့...တကယ်လို့ သူက လျှူမင်ယွဲ့နဲ့ယုရှောင်ယွီတို့ရဲ့ မီးပြင်းဖိုတွေထွန်းညှိဖို့ ကူညီမပေးနိုင်ဘူးဆိုရင် ငါတို့ ချက်ချင်းကြားဝင်စွက်ဖက်ပြီးတော့ သူတို့မီးထွန်းညှိတဲ့ မီးစာတွေမှာ စွမ်းအားတွေရှိမနေဘူးလို့ ပြောရလိမ့်မယ်"

"ဒါက ငါတို့အကောင်းဆုံးလုပ်နိုင်တဲ့ အရာပဲ..."

လူများအားလုံး ခါးသည်းစွာပြုံးလိုက်ကြသည်။

မီးစာများသည် အဆင့်အမျိုးမျိုးရှိကာ အဆင့်မြင့်ဆုံးမီးစာပင်လျှင် အကြိမ်တိုင်း မီးထွန်းညှိနိုင်မည်ဟု အာမမခံနိုင်ချေ။ဤအကြောင်းပြချက်သည် အနည်းငယ်မခိုင်လုံပုံရသော်လည်း အလွန်အကျွံ့မျက်နှာပျက်ရသည်ထက် ပို၍ကောင်းမွန်ကာ အနည်းဆုံးအနေဖြင့် ဂုဏ်သိက္ခာတချို့ကို ထိန်းသိမ်းထားနိုင်ပေမည်။

"ကြည့်လိုက်အုံး...ကျန်းရွှမ် ဒီနေရာကို ရောက်လာပြီ....တံခါးဖွင့်သင်ခန်းစာ စတော့မယ်"

သူတို့စိုးရိမ်ပူပန်နေစဥ်မှာပင် ကျန်းရွှမ်သည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ စောင့်ဆိုင်းနေသည့် အခန်းတံခါးဝသို့ ရောက်ရှိလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

လျှူမင်ယွဲ့၏မျက်နှာပေါ်မှ ဒဏ်ရာအများစုကို ကုသပြီးဖြစ်သော်လည်း အနည်းငယ်နီမြန်းနေဆဲပင်။သူမ ရိုက်နှက်ခံထားရသည်မှာ သိသာထင်ရှားသော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို တိုက်ရိုက်မမေးမြန်းဝံ့ချေ။သူတို့သည် တိတ်တဆိတ်သာ တွေးတောနိုင်ပေ၏။

"ဆရာကျန်း..."

မိန်းကလေးနှစ်ယောက်က သူမတို့၏လက်များကိုပူးဆုပ်၍ တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်သည်။

"အင်း...ငါတောင်းဆိုထားတဲ့ မီးစာတွေ မင်းတို့ ပြင်ဆင်ပြီးပြီလား"

ကျန်းရွှမ်က မေးမြန်းသည်။

ကျန်းရွှမ်သည် မည်သည့်အပိုစကားမျှမပြောဘဲ ခေါင်းညိတ်ပြပြီးနောက် တိုက်ရိုက်မေးမြန်းလိုက်သည်။

"ငါက ချင်ကွမ်းသားရဲသွေးကို ပြင်ဆင်ထားတယ်"

ယုရှောင်ယွီက ပြောဆိုပြီးနောက် အကြံပေးလျောင်မှ သူမအားပေးအပ်ထားသော လော့ကျစ်ငှက်သွေးပုလင်းကို လက်ကမ်းပေးလိုက်သည်။

"ငါက လင်းယွမ်သားရဲသွေးကို ပြင်ဆင်ထားတယ်"

လျှူမင်ယွဲ့က ပြောဆိုကာ ဟန်ပေလိပ်သွေးပုလင်းကို လက်ကမ်းပေးလေ၏။

"ချင်ကွမ်းသားရဲသွေး..."

"လင်းယွမ်သားရဲသွေးလား..."

"ဒါက ကောင်းကင်ကံကြမ္မာ ရင်းမြစ်သားရဲတွေပဲ...မြို့အရှင်အိမ်တော်နဲ့လျှူအိမ်တော်တို့က တကယ့်ကို အကောင်းဆုံးတွေ ထုတ်သုံးထားတာပါလား"

"မိန်းကလေးယုနဲ့မိန်းကလေးလျှူတို့ နှစ်ယောက်စလုံးက ထိပ်သီးပါရမီရှင်တွေပဲ...ဒါကြောင့် သူတို့အတွက် အစွမ်းထက်တဲ့ မီးစာတွေ လိုအပ်တယ်...ဒါက သူတို့ ကောင်းဖို့အတွက်ပဲလေ"

"တကယ်လို့ သူတို့အောင်မြင်သွားရင်တောင် ဒါက အဲ့ဒီကောင်ရဲ့အရည်အချင်းကြောင့် မဖြစ်နိုင်ဘူး"

သူမလို့နှစ်ယောက်၏စကားများကိုကြားချိန်တွင် ပတ်ဝန်းကျင်ရှိဆရာများနှင့်ကျောင်းသားများအားလုံး အံ့အားသင့်သွားသည်။

လင်းယွမ်သားရဲသွေးနှင့်ချင်ကွမ်းသားရဲသွေးတို့ကို အဖြူရောင်ကျောက်တုံးမြို့အတွင်းရှိ မီးစာများအနက် အထွတ်အထိပ်ဟု ယူဆနိုင်ပေ၏။ဤနေရာတွင် မည်သည့်မတော်တဆကိစ္စမျှ မဖြစ်ပွားသ၍ တစ်စုံတစ်ယောက်သည် မျက်လုံးမှိတ်ထားလျှင်ပင် သူတို့၏မီးပြင်းဖိုများကို ထွန်းညှိနိုင်ရန် လွယ်ကူပေမည်။

"တကယ်လို့ အဖေက ရှောင်ယွီအတွက် ခုလိုရတနာမျိုးကို ပြင်ဆင်ပေးမထားဘူးဆိုရင် သူက အထွတ်အထိပ်အဆင့် မီးပြင်းဖိုကို ထွန်းညှိနိုင်မှာ မဟုတ်ဘူး...ငါက အဲ့ဒီကောင် ပြန်ပေးဆပ်ရအောင် လုပ်ရမယ်"

လူအုပ်အကြားတွင်ရှိနေသော ယုဖုန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။

ဤသည်မှာ ချင်ကွမ်းသားရဲတစ်ကောင်၏သွေးပင်။

သူ၏ဖခင်သည် သူ့ကိုပင်လျှင် ဤကဲ့သို့အရင်းအမြစ်မျိုး ပေးခဲ့ခြင်းမရှိချေ။

မည်သည့်မတော်တဆကိစ္စမျှ မဖြစ်ပွားသရွေ့ အထွတ်အထိပ်အဆင့်မီးပြင်းဖိုကို ထွန်းညှိနိုင်မည်မှာ သေချာပေါက်ပင်။

အကယ်၍ ဤသို့ဖြစ်ပွားလာခြင်းမရှိပါက အရံဆရာ၏အရည်အချင်းမပြည့်ဝမှုကို သက်သေပြရာရောက်ပေမည်။

All Chapters