← Chapters

စွမ်းအင်စမ်းချောင်း စီးဆင်းခြင်း

Vol. 4 Ch. 59

စွမ်းအင်စမ်းချောင်း စီးဆင်းခြင်း

Vol. 4 Ch. 59

မီးပြင်းဖိုကိုထွန်းညှိကာ ရင်းမြစ်စွမ်းအင်အမြောက်အများကို အထိန်းအကွပ်မဲ့စုပ်ယူနေသဖြင့် လျှူမင်ယွဲ့၏ရှေ့ရှိ လေထုအတွင်းတွင် အစွမ်းထက်သောအားလှိုင်းများ ထူထပ်သိပ်သည်းနေသည်။

"သူက မီးပြင်းဖိုကို ထွန်းညှိတဲ့နေရာမှာ မအောင်မြင်ဘူးလို့ ပြောခဲ့တယ် မဟုတ်လား"

"ဒါက သူ တရားဝင်စွပ်စွဲပြစ်တင်တာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် မဟုတ်လား"

"သူက ဆရာကျန်းကို စွပ်စွဲပြင်တင်နေတဲ့အချိန်မှာ ဘာလို့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှု လွတ်ကင်းသွားတာလဲ"

လူများအားလုံး၏မျက်လုံးအကြည့်များ လျှူမင်ယွဲ့ထံသို့ ကျရောက်နေသည်။

"ဘာတွေ...ဘာတွေ ဖြစ်နေတာလဲ"

မိုယန်ရွှယ်က မေးမြန်းသည်။

"ငါ...."

လျှူမင်ယွဲ့ကိုကြည့်ရသည်မှာ လုံးလုံးလျားလျား ကြက်သေသေနေပုံပင်။

'ငါလည်း ဒီကိစ္စကို သိချင်နေတာပဲ'

မြင်းထိန်းတစ်ယောက်ကြောင့် အရှက်ရခဲ့သဖြင့်သူမသည် သွေးအနှစ်သာရ အားအနည်းဆုံးသွေးကို ရှာဖွေအသုံးပြုခဲ့ကာ သူ ကျရှုံးသွားစေရန် စဉ်းစားတွေးတောခဲ့သည်။သို့ရာတွင် ဤကဲ့သို့ကိစ္စမျိုး ဖြစ်ပွားလာမည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။

လူများအားလုံးသည် မီးဖိုတစ်လုံးကို မီးမွှေးရန် လောင်စာများနှင့်ထင်းများကို အသုံးပြုစဉ်၌ သူမသည် အုတ်တစ်လုံးကို ကောက်ကိုင်ခဲ့သည့်အလားပင်။သူမ ကျရှုံးမည်ဟု ယုံကြည်ချက်ရှိသော်လည်း ထိုမီးသည် တောက်လောင်လာခဲ့ပေ၏။

မည်သို့ ဖြစ်ပျက်သွားသနည်း....

သူမသည် မလှမ်းမကမ်းအကွာရှိ ကျန်းရွှမ်ကိုကြည့်ကာ သူမ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျတော့လုမတတ်ပင်။

သူမ၏မိသားစုသည် သူမအတွက် လင်းယွမ်သားရဲသွေးကို ပြင်ဆင်ပေးခဲ့သော်လည်း ထိုအစား သူမသည် ဟန်ပေလိပ်သွေးကို ရွေးချယ်ခဲ့သည်။ယခုအချိန်၌ သူမသည် မီးပြင်းဖိုကိုထွန်းညှိနိုင်ခဲ့သည့်တိုင် သစ်ပင်ပန်းမန်များအသုံးပြုသည်ထက်သာ ကောင်းမွန်သည့် အားအနည်းဆုံးအရာဖြစ်ပေမည်။

"ဒါကို ထွန်းညှိပြီးမှတော့ ဘယ်အဆင့်မှာ ရှိနေလဲဆိုတာ ကြည့်ကြစို့"

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"အင်း..."

လျှူမင်ယွဲ့သည် စိတ်ပျက်လက်ပျက်ဖြစ်နေသော်လည်း ခေါင်းညိတ်လိုက်၏။

'နင်က ငါ့ကိုကူညီပြီးတော့ မီးပြင်းဖိုကို ထွန်းညှိပေးနိုင်ရင်တောင် ဘာဖြစ်လာမှာမလို့လဲ..နင်အရှက်ကွဲအောင် ငါ ဆက်လုပ်မယ်'

သူမသည် လင်းယွမ်သားရဲသွေးကို အသုံးပြုခဲ့သည်ဟု လူအများအား ပြောဆိုခဲ့သည်။အကယ်၍ သူမ၏မီးပြင်းဖိုသည် အဆင့်နိမ့်ဆုံးဖြစ်နေပါက ဤအရံဆရာသည် လူအများ၏ရယ်စရာပြက်လုံးကြီးတစ်ခု ဖြစ်သွားပေမည်။

အေးစက်စက်နှာတစ်ချက်မှုတ်ပြီးနောက် သူမသည် ပလ္လင်ခွေထိုင်ကာ သူမ၏မျက်လုံးကိုစုံမှိတ်ပြီး ပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များကိုအာရုံခံ၍ သူမ၏ရင်းမြစ်ရေအိုင်အတွင်းသို့ ဆွဲသွင်းလိုက်သည်။

ဝှစ်....

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူမ၏နံဘေးပတ်ဝန်းကျင်ရှိ ရင်းမြစ်စွမ်းအင်များသည် ရေများအလား စီးဆင်းလာက လျှင်မြန်သောစုပ်ယူမှုအရှိန်နှုန်းကြောင့် ရေစီးသံများ ထွက်ပေါ်နေသည်။

"ဒါ... ဒါက စွမ်းအင်စမ်းချောင်း စီးဆင်းခြင်းမဟုတ်လား...တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့ငါးဆယ်ကျော် သန့်စင်နိုင်တဲ့အထွတ်အထိပ်မီးပြင်းဖိုတစ်လုံးကသာ ဒီလိုဖြစ်စဥ်မျိုးကို ထွက်ပေါ်စေနိုင်တယ်"

"စွမ်းအင်စမ်းချောင်း စီးဆင်းခြင်းဆိုတာက ရင်းမြစ်စွမ်းအင်တွေကို အလျင်အမြန်သန့်စင်နိုင်တာကြောင့် ထွက်ပေါ်လာတဲ့အသံကို ရည်ညွှန်းတာပဲ...ဒါကိုရရှိတာက အဆင့်မြင့်ဆုံးအထွတ်အထိပ် မီးပြင်းဖိုရဲ့အမှတ်အသားပဲ"

"လင်းယွမ်သားရဲသွေးက အဖိုးတန်ရှားပါးတယ်ဆိုပေမယ့် သာမန်အရဆိုရင် တစ်ရက်ကို ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့နှစ်ဆယ်ထိ သန့်စင်နိုင်တဲ့ မီးပြင်းဖိုတစ်ခုကိုပဲ ထွန်းညှိပေးနိုင်တယ်....ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့ငါးဆယ်ကျော်ကို သန့်စင်နိုင်တာကတော့....မှတ်သားလောက်စရာပဲ...."

"ဒီနည်းလမ်းက တကယ့်ကို အကျိုးသက်ရောက်မှုရှိတာလား"

လူအုပ်အကြားမှနေ၍ အံ့အားတသင့်ရေရွတ်သံများ ပွင့်အံ့ထွက်လာသည်။

ကျင့်ကြံသူတိုင်းသည် ရင်းမြစ်စွမ်းအင်များ ပို၍သန့်စင်နိုင်သော မီးပြင်းဖိုတစ်လုံးရရှိရန် အိမ်မက်မက်နေကြသည်။သို့ရာတွင် မီးပြင်းဖိုတစ်လုံးကိုထွန်းညှိရန် အခြေအနေများစွာလိုအပ်ကာ ဆရာတစ်ယောက်၏လမ်းညွှန်မှုသည် အရေးအကြီးဆုံးပင်။ယခင်က မြင်းထိန်းတစ်ယောက်ဖြစ်ခဲ့သော ကျန်းရွှမ်မှ မီးပြင်းဖိုများကို ထွန်းညှိပေးခြင်းမှာ အရင်းအမြစ်များဖြုန်းတီးခြင်းဟု သူတို့အားလုံး တွေးထင်ခဲ့ကြသည်။သူသည်အောင်မြင်သွားရုံသာမက လျှူမင်ယွဲ့ကို အဆင့်မြင့်ဆုံး အထွတ်အထိပ်မီးပြင်းဖိုအား ထွန်းညှိပေးနိုင်အောင် ကူညီပေးနိုင်ခဲ့မည်ဟု သူတို့ မျှော်လင့်မထားမိကြချေ။

ဤသည်မှာ အကြွင်းမဲ့အရည်အချင်းရှိမှုပင်။

"ငါ့ရဲ့မီးပြင်းဖိုထက်တောင် ပိုကောင်းတာလား....ငါ့ရဲ့မီးပြင်းဖိုကို ကျောင်းအုပ်ကြီးကိုယ်တိုင် ထွန်းညှိပေးထားတာလေ"

မိုယန်ရွှယ်၏မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသည်။

သူမနှင့်လျှုမင်ယွဲ့တို့နှစ်ယောက်လုံး လင်းယွမ်သားရဲသွေးကို အသုံးပြုခဲ့ကြသည်။သူမသည် အားကုန်စိုက်ထုတ်ခဲ့သည့်တိုင် တစ်ရက်လျှင် ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့လေးဆယ်ကိုသာ သန့်စင်နိုင်သည်။သို့ရာတွင် လျှူမင်ယွဲ့သည်အစပထမမှာပင် ရင်းမြစ်စွမ်းအင်တန်းတစ်ရာ့ငါးဆယ်ကျော်ကို သန့်စင်နိုင်ကာ စွမ်းအင်စမ်းချောင်း စီးဆင်းခြင်းဖြစ်စဉ်ကိုပင် အစပြုနိုင်ခဲ့သည်။

ဖြစ်နိုင်သည်မှာ ကျောင်းအုပ်ကြီး၏မီးထွန်းညှိခြင်းနည်းစနစ်သည် သူမမြင်းထိန်းဟောင်း၏နည်းစနစ်လောက် အကျိုးသက်ရောက်မှု မရှိသလော။

အကယ်၍ ဤကဲ့သို့ ကိစ္စမျိုးရှိနေပါက သူမ၏သူငယ်ချင်းကောင်းသည် မည်သည့်ကြောင့် ကျရှုံးသွားသနည်း။

ယုရှောင်ယွီသည် လင်းယွမ်သားရဲသွေးထက် ပို၍သာလွန်သော ချင်ကွမ်းသားရဲသွေးကို အသုံးပြုခဲ့သည်။

"အထွတ်အထိပ် မီးပြင်းဖိုလား...."

ထိတ်လန့်တုန်လှုပ်နေဆုံးလူကို ပြပါဆိုလျှင် လျှူမင်ယွဲ့ပင်။

သူမသည် လင်းယွမ်သားရဲသွေးကို အသုံးပြုခဲ့သည်ဟု လူများအားလုံး တွေးတောနေကြသော်လည်း သူမသည် ဟန်ပေလိပ်သွေးကိုအသုံးပြုခဲ့ကြောင်း သူမသာ သိရှိထားသည်။

ထိုအရာဖြင့် မီးပြင်းဖိုတစ်လုံးကို ထွန်းညှိနိုင်သည်ကပင် အံ့အားသင့်ဖွယ် ကောင်းနေပြီဖြစ်ရာ မည်သည့်ကြောင့် အထွတ်အထိပ်အဆင့်မီးပြင်းဖိုကို ထွန်းညှိနိုင်ခဲ့သနည်း။သူမ အိပ်မက်မက်နေသလော။

"မဟုတ်ဘူး...."

ဤသုံးစားမရသောသားရဲသွေးသည် အထွတ်အထိပ်မီးပြင်းဖိုကို ထွန်းညှိနိုင်ပါက အကယ်၍ သူမသည် အစစ်အမှန်လင်းယွမ်သားရဲသွေးကို အသုံးပြုလျှင် မည်သို့ဖြစ်လာမည်နည်း။သူမ၏မီးပြင်းဖိုသည် တော်ဝင်အဆင့် သို့မဟုတ် ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားမည်လော။

လျှူမင်ယွဲ့သည် သူမ၏အမြင်အာရုံ မှောင်မည်းသွားကာ သူမ၏နှလုံးသား စူးရှနာကျင်လာသည်ကို ခံစားလိုက်ရသည်။သူမ အထက်သို့တက်လှမ်းနိုင်မည့် ရွှေရောင်အခွင့်အရေးကြီးကို လက်လွှတ်လိုက်ရလေပြီ။

'ငါ စိတ်ထဲ မထားတော့ဘူး...ဖြစ်နိုင်တာတော့ သူက ဟန်ပေလိပ်သွေးကိုသုံးပြီး မီးထွန်းညှိတဲ့နေရာမှာ ကျွမ်းကျင်တာပဲဖြစ်မယ်...လင်းယွမ်သားရဲသွေးဆိုရင် ထိရောက်မှုရှိမှာမဟုတ်ဘူး'

လျူမင်ယွဲ့က သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။

သူမ စကားပြောဆိုရန် ဟန်ပြင်လိုက်ချိန်မှာပင် နံဘေးတစ်ဖက်တွင်ရှိနေသော ဝူလျှူယွင်က သူမအား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့မိသည်။

"လျှူမင်ယွဲ့.. မင်း ခုဏက စွပ်စွဲပြစ်တင်မှုကို ဆက်လုပ်ချင်သေးလား"

"ငါ...."

သူမသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

သူမ မည်သည့်အရာအား ပြောနိုင်အုံးမည်နည်း...

သူမထံ၌ ပြောစရာစကား မရှိတော့ချေ။

"မဟုတ်ဘူး....ငါက မီးပြင်းဖိုကို ထွန်းညှိနိုင်ပေမယ့် ယုရှောင်ယွီက ခုထိမအောင်မြင်သေးဘူး....မီးပြင်းဖိုကို ထွန်းညှိပေးတာက ဆရာတိုင်းအတွက် အခြေခံသင်ခန်းစာပဲ....ကျောင်းသားနှစ်ယောက်မှာ အခုထိ တစ်ယောက်က မအောင်မြင်သေးဘူး...ဆရာကျန်းရဲ့သင်ကြားမှုအရည်အချင်းက မေးခွန်းထုတ်ဖို့လိုတယ်လို့ ငါ ယုံကြည်နေတုန်းပဲ...သူက ဆရာတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး"

လျှူမင်ယွဲ့က သူမ၏ခေါင်းကိုမော့ပြီး ပြောဆိုသည်။

"ဒါက...."

ဝူလျှူယွင်က ကူကယ်ရာမဲ့စွာဖြင့် ယုရှောင်ယွီထံသို့ ကြည့်လိုက်သည်။ထိုနေရာ၌ ကျောင်းအုပ်ကြီးလုမင်ရုန်သည် ယုရှောင်ယွီနှင့် စကားပြောနေဆဲဖြစ်သည်ကို သူ မြင်တွေ့မိသည်။

လုမင်ရုန်သည် သူ၏စိတ်ပိုင်းဖြတ်ထားမှုကို လက်မလွှတ်ဘဲ ပြောဆိုလိုက်၏။

"ရှောင်ယွီ....မင်း ခုဏက ရင်းမြစ်စွမ်းအင်တွေ စုပ်ယူတာကို ငါ ရှင်းရှင်းလင်းလင်းမြင်မိတယ်...မင်းက မီးပြင်းဖိုကို မထွန်းညှိနိုင်သေးဘူးလို့ မင်း ဘာလို့ပြောတာလဲ"

ယုရှောင်ယွီက သူမ၏ခေါင်းကို အောက်သို့ငုံထားကာ သူမ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

"ငါ....ငါက ဆရာကျန်းရဲ့နည်းစနစ်တွေ အလုပ်မဖြစ်တာကြောင့် လူပုံလယ်မှာ သူ အရှက်ရတာကိုစိုးရိမ်တာကြောင့် ဟန်ဆောင်ခဲ့တာပါ"

သူမ ဤကိစ္စကို ဝန်ခံရပေမည်။လျှူမင်ယွဲ့သည် သူမအား အလွတ်ပေးမည် မဟုတ်သည့်အပြင် မီးပြင်းဖိုတစ်လုံးကို ထွန်းညှိနိုင်ခြင်းရှိမရှိဟူသည်မှာ လွယ်လင့်တကူစစ်ဆေးနိုင်သော ကိစ္စပင်။

"မင်း....မင်း ဘာလို့ ဒီလိုလုပ်တာလဲ"

လုမင်ရုန်၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်။

"လူတွေရဲ့ရုပ်ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက ကွဲပြားတယ်....ဒါကြောင့် မီးပြင်းဖိုတွေကို ထွန်းညှိနိုင်တဲ့အရှိန်နှုန်းကလည်း အပြောင်းအလဲရှိတယ်....လျှူမင်ယွဲ့က မီးပြင်းဖိုကို မြန်မြန်ဆန်ဆန်ထွန်းညှိနိုင်ပေမယ့် မင်းက သူ့ထက် နာရီဝက်လောက် ဒါမှမဟုတ် အဲ့ဒီထက် ပိုကြာနိုင်တယ်.....ဆရာကျန်းရဲ့အရှက်ကို ကယ်တင်ဖို့အတွက် မင်း လိမ်ဖို့မလိုဘူး...မင်းရဲ့အမှားက မင်းရဲ့ဆရာအပေါ် လေးစားမှုလွန်ကဲနေတာပဲ"

လုမင်ရုန်က သူ၏အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီး ဆက်လက်၍ပြောဆိုသည်။

"မင်းက ကျောင်းသားတစ်ယောက် ဖြစ်နေတာကြောင့်...မင်းရဲ့ရည်ရွယ်ချက်တွေက ကောင်းပေမယ့် မင်းရဲ့လုပ်ရပ်က ရိုးသားမှုနဲ့ဖြောင့်မတ်မှန်ကန်မှုတို့ကို ဆန့်ကျင်နေတယ်....တခြားလူတွေကို ဥပမာပြတဲ့အနေနဲ့ မင်းကို တစ်ရက်တိတိ အပြင်ထွက်ခွင့်ပိတ်ရလိမ့်မယ်...မင်း အခုသွားတော့"

"ဟုတ်ကဲ့...."

ယုရှောင်ယွီက စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သူမသည် သူမ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ထွက်ခွာသွားရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းရွှမ်ကမျက်မှောင်ကြုတ်ပြီး သူမ၏လမ်းကြောင်းကို ထပ်မံ၍ပိတ်ဆို့ဟန့်တားထားလေ၏။

"မင်း ခုဏကဝါးမြိုလိုက်တဲ့ သွေးအနှစ်သာရကို မသန့်စင်ရသေးဘူး မဟုတ်လား"

"ငါ...."

ယုရှောင်ယွီ၏မျက်နှာ ကိုးယိုးကားယားဖြစ်သွားကာ မည်ကဲ့သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။

လော့ကျစ်ငှက်၏သွေးအနှစ်သာရကို သန့်စင်လျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။ထို့ကြောင့် သူမ သန့်စင်ခြင်း သို့မဟုတ် မသန့်စင်ခြင်းတွင် မည်သည့်ကွဲပြားခြားနားချက် ရှိနိုင်မည်နည်း။သို့ရာတွင် သူမသည် ချင်ကွမ်းသားရဲသွေးကို အသုံးပြုသည်ဟု ပြောဆိုပြီးဖြစ်သဖြင့် ထိုကိစ္စကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ချေ။

"မင်း ထွက်မသွားခင် သန့်စင်လိုက်အုံး...တကယ်လို့ မင်းက မီးပြင်းဖိုကို မထွန်းညှိနိုင်ဘူးဆိုရင် ငါ တခြားနည်းလမ်းတစ်ခုကိုစဉ်းစားရလိမ့်မယ်"

ကျန်းရွှမ်က ကျင့်ကြံခြင်းမြက်ဖျာကို လက်ညှိုးညွှန်ပြပြီး ထိုင်ခိုင်းလိုက်သည်။

"ဒါက....ဟုတ်ကဲ့..."

ယုရှောင်ယွီ ငိုချင်စိတ်ပေါက်သွားသည်။

လော့ကျစ်ငှက်သွေးသည် အလွန်အမင်းညံ့ဖျင်းသော အရည်အသွေး ရှိပေ၏။ အကယ်၍ သူမသည် ထိုသွေးစက်ကိုသန့်စင်လျှင်ပင် အလုပ်ဖြစ်မည်မဟုတ်ချေ။သို့သော် ယခုအချိန်၌ သူမထံတွင် ရွေးချယ်စရာမရှိတော့ချေ။အကယ်၍ သူမသည် နောက်ထပ်သွေးအနှစ်သာရတစ်ပုလင်းကို ထုတ်ယူလိုက်ပါက သင့်တော့မည်မဟုတ်ပေ။

"စိတ်ထဲမထားတော့ဘူး....ငါ ဒါကို စုပ်ယူလိုက်ရုံပဲ...ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်ဖို့ရာခိုင်နှုန်းက အရမ်းနိမ့်ပါးတယ်....တကယ်လို့ ဒါက အလုပ်မဖြစ်ဘူးဆိုရင် တခြားနည်းလမ်းတွေ ရှိလာလိမ့်မယ်"

သူမသည် ပလ္လင်ခွေထိုင်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူမ၏စိတ်အာရုံကို စူးစိုက်လိုက်သည်။နောက်ထပ်အချိန်အခိုက်အတန့်တွင် သူမ၏ဝမ်းဗိုက်အတွင်းရှိ လော့ကျစ်ငှက်သွေး အရည်ပျော်စပြုလာကာ စွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြောင်းလဲပြီး သူမ၏ရင်းမြစ်ရေအိုင်ထံသို့ စီးဆင်းလာသည်။

မကြာမီမှာပင် သူမ၏မျက်လုံးများကို ဖွင့်လိုက်၏။

"ဆရာကျန်း...ဒါက ငါ ဒီနေရာမှာ မီးပြင်းဖိုကို မထွန်းညှိချင်လို့ မဟုတ်ဘူး....ဒါပေမယ့် ငါ တကယ်ကို မလုပ်နိုင်ဘူး"

သူမ၏စကား အဆုံးမသတ်သေးမီမှာပင် ယုရှောင်ယွီ၏ခန္ဓာကိုယ် တုန်ရီသွားသည်။အစောပိုင်းက လျှူမင်ယွဲ့ကဲ့သို့ပင် သူမ၏ခန္ဓာကိုယ်မှ အစွမ်းထက်သောအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာကာ ပတ်ဝန်းကျင်၌ သိပ်သည်းသော ရင်းမြစ်စွမ်းအင်များ အလျင်အမြန်စုဝေးလာသည်။

All Chapters